အပိုင်း ၉၅၃-၉၅၆
Vol. 48 Ch. 953-956
အပိုင်း ( ၉၅၃ )
ဒီကောင်က ထပ်ပြီး ဟန်ဆောင်ပြန်ဦးမယ်။
လေထုသည် ရေခဲအမှတ်သို့ ကျဆင်းသွားသည်နှင့်အမျှ တိုက်ပွဲချိန်မှတ်သည် အချိန်မရွေး ပေါက်ကွဲသွားနိုင်နေသည်ဖြစ်ကာ ယဲ့ဖန်မှ ရုတ်တရက် စကားပြောလာသည်။
" လျုံလူကြီးမင်း၊ ခင်ဗျား ဘာလုပ်နေတာလဲ။ သူက ကျွန်တော်ကို အထင်သေးနေတာလေ။ ခင်ဗျားကပါ ဘာလို့ မျက်စိစုံမှိတ်ပြီး အပျော်လိုက်ကစားနေတာလဲ "
လျုံဖုန်းဟိုင်သည် ယဲ့ဖန်၏ ပြစ်တင်သံကို ကြားသောအခါ ချက်ချင်း စိတ်ရှုပ်သွားသည်။
သူ၏ သူဌေးအသစ်မှ ဘာကိုဆိုလိုသည်ကို သူ မသိချေ။
ယဲ့ဖန်ကတော့ သူတွေးသည်ကို ဂရုမစိုက်ချေ။
သူသည် အာသာကို လှည့်ကြည့်လိုက်ပြီး ကျန်လူများကို စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
" လျုံလူအိုကြီးနဲ့ ကျန်တဲ့သူတွေဆီက စီးရီးယပ်လုံခြုံရေးအင်အားစုက ဘယ်လောက် အားကောင်းလဲဆိုတာကို ကြားလိုက်ရတယ်။ ဒါပေမဲ့ အခု ကိုယ့်မျက်စိနဲ့ မြင်လိုက်တာတော့ သိပ်ပြီး ဘာမှမဟုတ်ပါဘူး "
သူ၏စကားများသည် စီးရီးယပ်လုံခြုံရေးအင်အားစု၏ အဖွဲ့ဝင်များကို ချက်ချင်း ဒေါသထွက်စေခဲ့သည်။
ထိုလူအုပ်စုသည် လူသေကောင်များကြားမှ အမှန်တကယ် ရုန်းထွက်နိုင်ခဲ့သူများ ဖြစ်သည်။
သူတို့အားလုံးသည် အထက်တန်းအဆင့်များ၏ အထက်တန်းမှ အဆင့်ရှိသူများဖြစ်ကြသည်။
ဒီလို အရှက်ခွဲတာမျိုးတွေ ဘယ်တုန်းက ကြုံဖူးကြလို့လဲ။
လျုံဖုန်းဟိုင်ကဲ့သို့ ကျွမ်းကျင်ပညာရှင်၏ မထီမဲ့မြင်ပြုခြင်းကို ခံရလျှင် ကောင်းပေလိမ့်မည်။
သို့သော် သူတို့သည် အသက်နှစ်ဆယ်ကျော်ကလေးငယ်တစ်ဦး၏ မထီမဲ့မြင်ပြုခြင်းကို အမှန်တကယ် ခံနေရသည်။
မည်မျှ ဒေါသဖြစ်နေမည်ကို တွေးကြည့်နိုင်သည်။
ကျန်ခုနစ်ဦးသည် သူတို့၏ သတ်ချင်သည့် အငွေ့အသက်ကို ထုတ်ပြခဲ့ကြသည်။
သူတို့သည် အာသာ၏ အမိန့်ကို စောင့်နေကာ အမိန့်ရသည်နှင့် ထိုကလေးကို အသက်ရှင်လျက် အရေခွံခွာရန် စောင့်နေကြသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ အစောင့်များသည်လည်း အချိန်မရွေး ဖြစ်တော့မည့် သွေးထွက်သံယို တိုက်ပွဲတစ်ခုအတွက် အဆင်သင့်ဖြစ်နေလေသည်။
ယဲ့ဖန်သည် သူတို့၏ ဒေါသကို သတိထားမိပုံ မရချေ။
ထို့ကြောင့် သူသည် သူတို့ကို ဆက်လက် လှောင်ပြောင်ခဲ့သည်။
" ခင်ဗျားတို့ ဘိုးဘေးတွေကြောင့်သာ ဒီနေ့အထိ အသက်ရှင်နေထိုင်နိုင်တဲ့ ငကြောက်တွေပဲ "
" ခင်ဗျားတို့ ကျွန်တော့်ကိုသာ စောစောတွေ့ခဲ့ရင် ဘယ်လိုသေသွားမှန်းတောင် သိမှာ မဟုတ်ဘူး "
အာသာ မခံနိုင်တော့ချေ။
ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ကောင်လေး၊ မင်း ပါးစပ်ကို မသရမ်းနဲ့။ ဘယ်သူအရင်သေမလဲ ကြည့်ရအောင် "
လျုံဖုန်းဟိုင်သည် ယဲ့ဖန်၏လက်မောင်းကို အမြန်ဆွဲလိုက်သည်။
" ယဲ့လူကြီးမင်း၊ စိတ်လိုလက်ရ မလုပ်ပါနဲ့ "
စီးရီးယပ်လုံခြုံရေးအင်အားစု၏ အဖွဲ့ဝင်များသည် သူတို့၏ ရက်စက်ကြမ်းကြုတ်မှု ကြောင့် အမြဲတမ်း နာမည်ကြီးခဲ့လေသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ လူများသည်ပင် သူတို့နှင့် ကြုံရလျှင် သတိလက်လွတ် မလုပ်ရဲကြပေ။
သူတို့၏ သူဌေးအသစ်သည် နူးညံ့တဲ့အသားအရည်ရှိပြီး အလွန်သိမ်မွေ့လေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် ဇိမ်ကျကျဖြင့် ဘဝကို ဖြတ်သန်းလာသော သခင်ငယ်တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်လေသည်။
သူသည် ထိုလူအုပ်စုထဲ ပြေးဝင်သွားပါက အသက်ရှင်နိုင်မည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်က သူ့အကြံကို လျစ်လျူရှုခဲ့သည်။
သူသည် အာသာကို တည့်တည့် စိုက်ကြည့်နေသည်။
" ဘယ်လိုတိုက်ချင်လဲ "
ထိုသည်ကို မြင်ပြီး ချန်းဖေးအယ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ဒီကောင်က ထပ်ပြီး သရုပ်ဆောင်ပြန်ဦးမယ်။
အာသာ၏ မျက်လုံးများသည် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။
" သုံးပွဲကစားရအောင်။ အဲ့ထဲက တစ်ပွဲနိုင်တာနဲ့ မင်း နိုင်မယ် "
ယဲ့ဖန် အရေးမစိုက်စွာ ပြုံးလိုက်သည်။
" ပြော၊ ဘာပြိုင်ချင်တာလဲ "
အာသာမှ ယုတ်မာစွာ ပြုံးလိုက်သည်။
" အရင်ဆုံး လက်တည့်စမ်းပစ်တာ ကြည့်ရအောင်။ စိတ်မပူပါနဲ့၊ ငါတို့ထဲက အဆိုးဆုံး လက်စွမ်းရှိတဲ့သူကို မင်းနဲ့ပြိုင်ဖို့ စေလွှတ်ပေးလိုက်ပါ့မယ် "
" ငါတို့လူတွေက မီတာ ၅၀ အကွာမှာ ရပ်မယ်။ မင်းက ၁၀မီတာ အကွာမှာ ရပ်နေနိုင်တယ်။ ဒါက မင်းကို အနိုင်ကျင့်တယ်လို့ မယူဆဘူး ဟုတ်တယ်မလား "
ယဲ့ဖန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
" ဒါဆို ငါအနိုင်ရရင် ဘာဖြစ်မှာလဲ "
စီးရီးယပ်လုံခြုံရေးအင်အားစုမှ အဖွဲ့ဝင်များသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကြသည်။
ယဲ့ဖန်၏ စကားများကို ပြက်လုံးဟု ယူဆလိုက်သည်မှာ သိသာသည်။
သူက ငါတို့အဖွဲ့ဝင်တွေကို နိုင်နိုင်တဲ့ အခွင့်အရေးရှိတယ် ထင်နေတာလား။
သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။
ရွှေစွပ်ပြုတ်လုံခြုံရေးမှ အစောင့်များကပင် ရှက်၍ ခေါင်းငုံ့သွားကြသည်။
သူတို့ရဲ့ သူဌေးအသစ်က တကယ်ကို အကြောက်အလန့် မရှိဘူးဘဲ။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ ထိပ်တန်းအဖွဲ့ဝင်များပင်လျှင် စီးရီးယပ်လုံခြုံရေးအင်အားစုမှ လူများကို အနိုင်ယူနိုင်သည်ဟု မပြောရဲကြပေ။
ဒီသူဌေးက သူ့ယုံကြည်မှုကို ဘယ်က ရခဲ့တာလဲ။
လျုံဖုန်းဟိုင်နှင့် အခြားအဆင့်မြင့်အရာရှိများသည် ငိုချင်သော်လည်း မျက်ရည်မကျပေ။
သူတို့ သူဌေးအသစ်၏ ဦးနှောက်မှာ တစ်ခုခု မှားယွင်းနေပုံပေါ်သည်။
ဒီလိုလူရဲ့ ဦးဆောင်မှုအောက်ကနေ ရွှေစွပ်ပြုတ်လုံခြုံရေးအဖွဲ့ကြီးက မြောင်းထဲ ရောက်သွားမှညလား။
ကံကောင်းထောက်မစွာဖြင့် အာသာသည် စိတ်ဓာတ်ကြံ့ခိုင်လေသည်။
သူက ချက်ချင်း နှာမှုတ်လိုက်ပြီး ပြန်ဖြေသည်။
" မင်းအနိုင်ရရင် ငါတို့ညီအစ်ကိုတွေ ရွှေစွပ်ပြုတ်လုံခြုံရေးကို ခြွင်းချက်မရှိ ပူးပေါင်းပြီး ဆယ်နှစ်စာချုပ် ချုပ်မယ် "
လျုံဖုန်းဟိုင်နှင့် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကုမ္ပဏီ၏ အခြားအဆင့်မြင့်အရာရှိများသည် အမှန်တကယ် သွေးဆောင်ခံလိုက်ရသည်။
စီးရီးယပ်လုံခြုံရေးအင်အားစုမှ လူများသည် သူတို့နှင့် ဆယ်နှစ်စာချုပ်ကို အမှန်တကယ် ချုပ်ဆိုနိုင်ခဲ့ပါက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အင်အားသည် အလွန်ပင် တိုးတက်လာမည် ဖြစ်သည်။
သို့သော် ယဲ့သူဌေး၏ အနိုင်ရနိုင်ခြေကို တွေးကြည့်သောအခါ သူတို့သည် ခိုကိုးရာမဲ့စွာ သက်ပြင်းချခဲ့ကြရသည်။
ဤသည်မှာ မှားယွင်းသော မျှော်လင့်ချက်တစ်ခု ဖြစ်လာရန် ရည်မှန်းထားပုံရသည်။
လျုံဖုန်းဟိုင်သည် အရှုံးမပေးဘဲ ချက်ချင်း ထရပ်လိုက်သည်။
" ငါတို့ရဲ့ သူဌေးအတွက် ငါတိုက်မယ်။ ဘယ်လိုလဲ "
" မရဘူး "
အာသာ မဖြေခင် ယဲ့ဖန်က ခေါင်းခါလိုက်သည်။
" သူက ကျွန်တော့်ကို စိန်ခေါ်နေလေ။ ဘာလို့ အပျော်ကို လိုက်ပါနေတာလဲ။ ဘေးနားကို ဖယ်နေလိုက် "
ရှိနေသော သူတိုင်းသည် ယဲ့ဖန်မှာ သူ့အတွက် ဘာကောင်းလဲဆိုသည်ကို မသိဘူးဟု ခံစားလိုက်ရသည်။
လျုံဖုန်းဟိုင်သာ အစားဝင်ခဲ့မည်ဆိုလျှင် မျှော်လင့်ချက်အချို့ ရှိလာနိုင်သည်။
သူတို့၏ သူဌေးအတွက်မှာတော့ အရိုက်မခံရလျှင်ပင် အကောင်းဆုံး ဖြစ်နေပြီ ဖြစ်သည်။
" ခင်ဗျား အနိုင်ရရင် ဘာလိုချင်လဲ "
ယဲ့ဖန်မှ ထပ်မေးလိုက်သည်။
" မင်းကို အနိုင်ယူလိုက်လို့ ဂုဏ်ယူစရာ မရှိဘူး။ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကုမ္ပဏီကို မျက်နှာသာ ပေးလိုက်တယ်ပဲ ထားလိုက်ကြရအောင် "
အာသာ ပြုံးပြပြီး လျုံဖုန်းဟိုင်ကို လှည့်ကြည့်လိုက်သည်။
" လျုံလူကြီးမင်း၊ ခင်ဗျားရဲ့ သေနတ်ပစ်ကွင်းကို ငှားလို့ရမလား "
လျုံဖုန်းဟိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" ငါနဲ့ လိုက်ခဲ့ပါ "
ထိုအဖွဲ့သည် ချက်ချင်း သေနတ်ပစ်ကွင်းဆီသို့ သွားကြသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီသည် ကြီးမားသော ဧရိယာကို နေရာယူထားပြီး ပင်မအဆောက်အဦးနောက်တွင် ကွင်းပြင်ကျယ်ကြီးတစ်ခု ရှိနေသည်။
သေနတ်ပစ်ကွင်းအပြင် သစ်တောကြီးများနှင့် အခြား လေ့ကျင့်ရေး ပစ္စည်းများလည်း ရှိသည်။
အရာအားလုံး ရှိသည်ဟု ဆိုနိုင်လေသည်။
မကြာမီတွင် လူအုပ်စုကြီးသည် သေနတ်ပစ်ကွင်းဆီသို့ ရောက်လာကြသည်။
ရွေးချယ်ရန် ပစ္စတိုနှင့် ရိုင်ဖယ်အမျိုးအစား အမျိုးမျိုးရှိလေသည်။
အာသာသည် သူ့အသင်းဖော်တစ်ဦးကို တန်းခေါ်ထုတ်လိုက်သည်။
" ဖူကူဒ၊ သူနဲ့ ကစားလိုက် "
ဖူကူဒသည် ဂျပန်နိုင်ငံမှ ဖြစ်သည်။
သူသည် အရပ်သိပ်မမြင့်ချေ။
၁.၆ မီတာလောက်သာ မြင့်ပြီး သူ့မျက်လုံးများက အေးစက်မှုများနှင့် ပြည့်နေသည်။
အာသာ၏ အမိန့်ကို ကြားသည်နှင့် စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားသည်။
သေနတ်ပစ်ကွင်းမှ သေနတ်ကို အသုံးပြုမည့်အစား သူ၏ ခါးမှ Colt M2000 ပစ္စတိုတစ်လက်ကို ထုတ်လိုက်သည်။
ဘာမှ ပြောဆိုခြင်းမရှိဘဲ သူ့လက်ကို မြှောက်ပြီး မီတာငါးဆယ်အကွာရှိ ပစ်မှတ် ဒရုန်းကို ၃ ချက် ပစ်လိုက်သည်။
အားလုံးသည် ရလဒ်ကို အလျင်စလို ကြည့်လိုက်ပြီးနောက် အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ကြသည်။
ဖူကူဒ ပစ်လိုက်သည့် သုံးချက်တွင် တစ်ချက်သာ ကိုးကွင်းကို ထိမှန်ခဲ့ပြီး ကျန်နှစ်ချက်မှာ အလယ်ပစ်မှတ်ကို ထိမှန်ခဲ့သည်။
ရွှေစွပ်ပြုတ်လုံခြုံရေးအစောင့်တွေပင် မတတ်နိုင်ဘဲ ချီးကျူးမိကြသည်။
ဖူကူဒသည် အခုနက ချိန်ပင် မချိန်လိုက်ပေ။
သူသည် သူ၏ ကြွက်သားမှတ်ဉာဏ်ကိုအခြေခံ၍ ပစ်ခတ်ခဲ့သော်လည်း ဆယ်ကွင်းနှစ်ကွင်းနှင့် ကိုးကွင်းတစ်ကွင်းကို ထိမှန်နိုင်ခဲ့သည်။
ဤကဲ့သို့ သေနတ်ပစ် နည်းပညာမျိုး ရှိသူသည် အလွန်ပြင်းထန်သော လေ့ကျင့်မှုကို ဖြတ်သန်းခဲ့ပြီး မရေမတွက်နိုင်သော တကယ့်တိုက်ပွဲများတွင် ဂုဏ်ပြုခံခဲ့ရသည်မှာ ထင်ရှားသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ လုံခြုံရေးအစောင့်များသည် မီတာ ၅၀ အကွာမှ ပစ်မှတ်အဝိုင်းကို ထိနိုင်သော်လည်း ထက်ဝက်ခန့်မှာ သူကဲ့သို့ ပေါ့ပါးစွာ မလုပ်နိုင်ကြပေ။
တစ်နည်းဆိုရသော် သူ၏ လက်ဖြောင့်မှုမှာ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ အဖွဲ့ဝင်များ၏ တစ်ဝက်ထက် သာလွန်လေသည်။
ထို့အပြင် သူ၏ လက်ဖြောင့်မှုမှာ အဆိုးဆုံးဖြစ်သည်ဟု အာသာက ပြောခဲ့သည်။
ဒါဆို အသန်မာဆုံးလူက ဘယ်လောက်တော်တာလဲ။
အာသာသည် သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခုရှိနေသည်။
သူက ယဲ့ဖန်ဘက် လှည့်ပြီး မေးစေ့ကို မော့လိုက်သည်။
" မင်းအလှည့်ပဲ "
အပိုင်း ( ၉၅၄ )
ဘာလို့ ဒီလောက်တောင် ယုံကြည်မှုရှိနေတာလဲ။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်များသည် ယဲ့ဖန်ဆီသို့ ရောက်လာကြသည်။
ဖူကူဒသည် ဆယ်မှတ် နှစ်ချက်နှင့် ကိုးမှတ်တစ်ချက်ကို ပစ်နိုင်ခဲ့သည်။
ထိုရလဒ်သည် ကောင်းကင်ဘုံကိုပင် အံတုနိုင်နေပြီ ဖြစ်သည်။
ယဲ့ဖန်၏ ပစ်ချက် ၃ ချက်စလုံးသည် ဆယ်မှတ်ဝိုင်းကို ထိမိမှသာ အနိုင်ရမည်ဟု ယူဆနိုင်သည်။
ယဲ့ဖန်၏ အကြည့်သည် သူ့ရှေ့ရှိ ပစ္စတိုတန်းတစ်လျှောက်ကို ကြည့်လိုက်ပြီးနောက် လျုံဖုန်းဟိုင်ဘက်ကို လှည့်မေးလိုက်သည်။
" ဘယ်သေနတ်က ပိုကောင်းလဲ "
လျုံဖုန်းဟိုင်သည် လဲကျမတတ် ဖြစ်နေပြီး သူ့ကို ကြောင်အစွာ ကြည့်နေသည်။
" မင်း ..... အရင်က သေနတ် မပစ်ဖူးဘူးလား "
ယဲ့ဖန်မှ ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။
" ပြည်မကြီးရဲ့ အခြေအနေကို ခင်ဗျား သိသင့်တယ်။ ဟိုမှာက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတော့ ဒီမှာလို သေနတ်တွေကို ပေါ့ပေါ့ဆဆ ဆွဲထုတ်နိုင်တဲ့ အနေအထား မဟုတ်ဘူး "
လျုံဖုန်းဟိုင်နှင့် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ အစောင့်များအားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
ယဲ့ဖန်သည် ယုံကြည်မှု ရှိနေသည်ကို မြင်သောအခါတွင် သူသည် သေနတ်ကျွမ်းကျင်သူဟု ထင်ခဲ့မိကြသည်။
သို့သော် ထိုကောင်လေးသည် အရင်က သေနတ်ပင် မထိဖူးဘူးဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
စီးရီးယပ်လုံခြုံရေးအင်အားစုကို သူ ဘယ်လိုလုပ် စိန်ခေါ်ရဲတာလဲ။
ဒီယုံကြည်မှုကို သူ ဘယ်ကရလာတာလဲ။
သာမာန်လောက်လေးနဲ့ ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေတာလဲ။
သူတို့သည် ပြိုင်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ချေ။
အိမ်ရှေ့စံကို စာသင်ကြားရန် လိုက်ပို့သည်ဟုသာ သဘောထားလိုက်ကြတော့သည်။
လျုံဖုန်းဟိုင်သည် ရှေ့သို့ လျှောက်လာပြီး သေနတ်စင်မှ သေနတ်တစ်လက်ကို ယူပေးလိုက်သည်။
သူသည် လှည့်ပြီး ယဲ့ဖန်ကို ပေးလိုက်သည်။
" ဒီ Beretta M92Fက သုံးရတာ ပိုလွယ်ပါတယ် "
ထို့နောက် ဘေးကင်းရေးဖွင့်နည်း၊ ခလုတ်ဆွဲနည်းနှင့် သေနတ်ကိုင်နည်းစသည့် အခြေခံဗဟုသုတအချို့ကို သင်ကြားပေးခဲ့သည်။
အာသာနှင့် အခြားသူများသည် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို စော်ကားခံရသည်ဟု ခံစားရသည်။
သေနတ်တောင် မကိုင်ဖူးတဲ့ ကောင်လေးနဲ့ ဘယ်လိုပြိုင်ကြမှာလဲ။
နောက်ဆုံး၌ သူတို့ အနိုင်ရခဲ့လျှင်ပင် စီးရီးယပ်လုံခြုံရေးအင်အားစုမှ ကြုံတွေ့ခဲ့ရဖူးသော အကြီးမားဆုံး အရှက်ရမှုပင် ဖြစ်လိမ့်မည်။
ဖူကူဒသည် အာသာအား အဘယ်ကြောင့် ဤအရှက်ကွဲမှုကို ခံနေရသနည်းဟု မေးနေသကဲ့သို့ မကျေမနပ်အမူအရာဖြင့် ကြည့်နေသည်။
အာသာသည် သူ့အကြည့်ကို အမြန်ရှောင်လိုက်သည်။
ဒီကောင်လေးက သေနတ်မကိုင်တတ်ဘူးလို့ သူ မထင်ထားဘူးလေ။
သူတကယ် ငိုချင်လာတော့သည်။
ချန်းဖေးအယ်သည် ချက်ချင်း သူမပါးစပ်ကို ဖုံးကာ ရယ်လိုက်သည်။
ယဲ့ဖန်သည် ဘယ်လို အရူးလုပ်မည်လဲဆိုသည်ကို သူမ တွေးမိရင်း စောင့်မျှော်နေတော့သည်။
ယဲ့ဖန်သည် ငါးမိနစ်ခန့် လေ့လာခဲ့ပြီးနောက် စိတ်ချလက်ချ ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီ၊ ကျွန်တော် သင်ပြီးပြီ "
လျုံဖုန်းဟိုင်၏ မျက်နှာသည် အကြိမ်အနည်းငယ် တုန်လှုပ်သွားသည်။
လအနည်းငယ်ကြာအောင် လေ့ကျင့်ပြီးတာတောင် သိပြီ တတ်ပြီလို့ တခြားသူတွေက မပြောရဲကြဘူး။
ငါးမိနစ်လောက်ပဲ သင်ပြီး ဒီလောက်ကြီးကျယ်တဲ့ စကားတွေ ပြောရဲတာတဲ့လား။
သူ ရူးတော့မလို ခံစားလိုက်ရသည်။
သူ့ကို အပြစ်ပေးဖို့ ဒီကောင်လေးကို ကောင်းကင်က လွှတ်လိုက်တာလား။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ ဂုဏ်သတင်းသည် သူ့လက်ထဲတွင် ပျက်ပြားသွားတော့မည့်ပုံ ပေါ်နေသည်။
ယဲ့ဖန်သည် ပစ်မှတ်ကို ချိန်လိုက်ပြီး ခလုတ်ကို ဆွဲထုတ်တော့မည် ဖြစ်သည်။
" ခဏစောင့်ပါဦး "
လျုံဖုန်းဟိုင် ရုတ်တရက် သူ့ကို တားလိုက်ပြီး ပြောသည်။
" အာသာက ၁၀ မီတာအကွာကနေ ပစ်လို့ရတယ်လို့ ပြောတယ် "
ယဲ့ဖန် သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
" ခင်ဗျား ကျွန်တော့်ကို လျှော့တွက်နေတာလား။ သူတောင် မီတာ ၅၀ကနေ ပစ်တာ။ ကျွန်တော်က ဘာလို့ ၁၀မီတာကနေ ပစ်ရမှာလဲ။ တရားမျှတမှုကို နားလည်လား "
လျုံဖုန်းဟိုင်သည် မျက်လုံးတွေကို ဝေ့လိုက်ချင်စိတ်များ ပေါ်လာသည်။
ဒီလိုအချိန်မျိုးမှာ မင်းက တရားမျှတချင်သေးတာလား။
ပထမအကြိမ် ပစ်တာ ၁၀မီတာအကွာကနေ ပစ်မှတ်ကို ထိနိုင်ရင်တောင် လုံလောက်နေပြီ။
မီတာ၅၀ကနေဆို မျှော်လင့်ချက် လုံးဝ မရှိဘူး။
သို့သော် ရလဒ်များသည် အတူတူပင်ဖြစ်သောကြောင့် သူသည် မိုက်မဲစွာ ပြောပြနေရန် ပျင်းလွန်းလှတော့သည်။
ယဲ့ဖန်သည် သူသင်ပေးခဲ့သည့်အတိုင်း သေနတ်ကို လက်နှစ်ဘက်ဖြင့် မကိုင်ချေ။
သူသည် ဖူကူဒ၏ ကိုယ်ဟန်အနေအထားကို ကူးယူပြီး လက်တစ်ဖက်တည်းဖြင့် သေနတ်ကို ကိုင်ထားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အားလုံးက ခေါင်းယမ်းကြတော့သည်။
လမ်းလျှောက်နည်းတောင် မသင်ရသေးဘဲ ပျံချင်နေပြီလား။
Beretta M92F၏ နောက်ပြန်ကန်မှုသည် အလွန်အားကောင်းခြင်း မရှိသော်လည်း ပထမအကြိမ် သေနတ်သမားအတွက် အနည်းငယ် ခက်ခဲနေနိုင်သေးသည်။
တင်းတင်းကြပ်ကြပ် မကိုင်ထားပါက ပစ်မှတ်ကို လွဲချော်နိုင်ပြီး အခန့်မသင့်ပါက သေနတ်ပင် လွင့်ထွက်သွားနိုင်သည်။
လျုံဖုန်းဟိုင်သည် သူ့ကို ထပ်ပြီး သတိပေးချင်သော်လည်း ယဲ့ဖန်မှ ခလုတ်ကို ဆွဲပြီးသွားပြီ ဖြစ်သည်။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း။
သေနတ်သံ သုံးချက် ထွက်ပေါ်လာသည်။
ရလဒ်မှာ ဆုံးဖြတ်ပြီးသားဖြစ်၍ ဒရုန်းကို လူတိုင်း မကြည့်ကြချေ။
အာသာသည် ပုခုံးတွန့်ပြီး ကူကယ်ရာမဲ့စွာ လျုံလူကြီးမင်းကို လှည့်ကြည့်လိုက်သည်။
" လျုံလူကြီးမင်း၊ ကျုပ်တို့က သူနဲ့ပြိုင်ပြီး ရွှေစွပ်ပြုတ်လုံခြုံရေးကို မျက်နှာသာ ပေးခဲ့ပြီးပြီ။ တခြားကုမ္ပဏီတွေဆီ သွားကြည့်ဖို့ ကျန်နေသေးတဲ့အတွက် အရင်ထွက်သွားပါတော့မယ် "
လျုံဖုန်းဟိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" ဒါဆို မင်းရဲ့ အကြိုက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီကို ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပါတယ် "
အမှန်တွင် သူ့စကားများက မိုက်မဲလွန်းလှသည်။
သတင်းပြန့်သွားသည်နှင့် စီးရီးယပ်လုံခြုံရေးအင်အားစု၏ အင်အားဖြင့် မရေမတွက်နိုင်သော လုံခြုံရေးကုမ္ပဏီများသည် သူတို့အား ခေါ်ယူရနိ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
ဤလူတွေ၏ ထောက်ခံချက်ကိုရသော ဘယ်ကုမ္ပဏီမဆို အင်အားတိုးလာမည်မှာ အသေအချာပင်ဖြစ်သည်။
ထိုကဲ့သို့ အရည်အချင်းရှိသူများ ဆုံးရှုံးလိုက်ရခြင်းသည် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်မှာ သေချာလှသည်။
သို့သော် ရလဒ်မှ ထိုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
သူတို့ကို ဆက်ပြီး နှောင့်ယှက်ရန် ဘာအကြောင်းမှ မရှိတော့ချေ။
" မင်းတို့ကို လိုက်ပို့ပါရစေ "
သူသည် ခါးသက်စွာ ပြုံးပြီး အာသာနှင့် တခြားအဖွဲ့များကို လိုက်ပို့တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ချန်းဖေးအယ်မှ ရုတ်တရက် ပြောလေသည်။
" သူ .... ထိသွားပုံပဲ "
ထိုသို့ ပြောလိုက်သော်လည်း သူမ အနည်းငယ် မသေချာချေ။
လူတိုင်း လှည့်ကြည့်ကြသည်။
ယဲ့ဖန် ပစ်သော ဒရုန်း၏ အလယ်ဗဟိုတွင် ပန်းရောင်အရွယ် အစက်လေးတစ်စက် ရှိနေသည်ကို တွေ့လိုက်ရသည်။
လူတိုင်း၏ မျက်နှာတွင် သံသယစိတ်များ ပေါ်လာတော့သည်။
ဘာတွေဖြစ်နေတာလဲ။
ယဲ့ဖန်နှင့် ဖူကူဒတို့သည် တူညီသောပစ်မှတ်ကို ပစ်သောကြောင့် ရှုပ်ထွေးမှုများ မရှိခဲ့ပေ။
" အရင်က ပစ်ထားတဲ့ ပစ်မှတ်ကြီးလား "
လျုံဖုန်းဟိုင်သည် မသိစိတ်မှ တွေးပြီး ချက်ချင်း သေနတ်ပစ်ကွင်းတာဝန်ခံ ဝန်ထမ်းများကို လှည့်ကြည့်လိုက်သည်။
ဝန်ထမ်းမှ အမြန် ခေါင်းယမ်းလိုက်သည်။
" မဟုတ်ပါဘူး၊ ပစ်မှတ်ဘုတ်က အသစ်ပါ။ အဲ့တာကို မပစ်ရသေးပါဘူး "
လျုံဖုန်းဟိုင်၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
ပစ်မှတ်ဘုတ်က အသစ်ဆို ဘာလို့ အပေါက်ဖြစ်နေတာလဲ။
ယဲ့သူဌေးက တကယ်ကြီး အလယ်ဗဟိုကို ပစ်နိုင်သွားတာလား။
ထိုအတွေးပေါ်လာသည်နှင့် ချက်ချင်း ဖယ်ထုတ်လိုက်သည်။
ပထမအကြိမ်ပစ်တာ မီတာ၅၀အကွာကနေ ရပ်နေတဲ့ ဗဟိုမှတ်ကို ထိနိုင်မှာတဲ့လား။
ဒါက ဘယ်လိုဟာသမျိုးလဲ။
သူသည် နှစ်ပေါင်းများစွာ စစ်သားဖြစ်ခဲ့ပြီး လုံခြုံရေးကုမ္ပဏီတစ်ခုတွင် နှစ်ပေါင်းများစွာ လည်ပတ်ခဲ့သော်လည်း ထိုသို့သော ဉာဏ်ကြီးရှင်မျိုးကို မကြားဖူးပေ။
သူ ယဲ့ဖန်ကို အရင်ကြည့်လိုက်သည်။
တစ်ဖက်သူ၏ အမူအရာသည် အလွန်ငြိမ်သက်နေသည်ကို သူ မြင်လိုက်ရသည်။
ဗဟိုမှတ်ကို ထိမိထားပုံ မပေါ်ချေ။
ပထမအကြိမ်တွင် ဆယ်မှတ်တန်ကို ထိခဲ့မည်ဆိုပါက ပျော်ရွှင်စွာ ခုန်ပေါက်နေပေလိမ့်မည်။
" စောင့်ကြည့်ကင်မရာတွေကို သွားပြနိကြည့် "
သေနတ်ပစ်ကွင်းတာဝန်ခံကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ပစ်မှတ် ဒရုန်းများအနီးတွင် စွမ်းအားမြင့် ကင်မရာများ တပ်ဆင်ထားသည်။
စောင့်ကြည့်မှု ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီးနောက် အရာအားလုံး ရှင်းလင်းသွားမည် ဖြစ်သည်။
ဝန်ထမ်းများက ယဲ့ဖန်၏ ဒရုန်းကို စောင့်ကြည့်စစ်ဆေးရန် အမြန်သွားကြသည်။
လျုံဖုန်းဟိုင်သည် တက်ဘလက်ကို ယူကာ ဖွင့်ရန် နှိပ်လိုက်သည်။
ချန်းဖေးအယ်၊ အာသာနှင့် အခြားသူများလည်း ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် ဝိုင်းဖွဲ့လာကြသည်။
ထို့နောက် ရှိနေသူများအားလုံး ချက်ချင်းပင် တုန်လှုပ်သွားကြရသည်။
စခရင်ပေါ်တွင် ကျည်ဆန်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။
အနှေးပြကွက်နှင့် ဖွင့်နေစဉ် ကျည်ဆန်၏ အမြန်နှုန်းသည် အလွန်နှေးကွေးနေသည်။
ထို့နောက် ကျည်ဆန်သည် လှပသော လမ်းကြောင်းတစ်ခုဖြင့် ပစ်မှတ်ကို ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
သေနတ်ပစ်ကွင်းတစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေပြီး အပ်ကျသံကိုပင် ကြားရနိုင်သည်။
ကျည်ဆန်သည် ဗဟိုကို တိကျစွာ ထိုးဖောက်သွားကြောင်း မြင်လိုက်ရသောအခါ လူတိုင်း၏ ဆံပင်များသည် အဆုံးထိ ထောင်မတ်သွားခဲ့သည်။
ဤနေရာရှိ လူများအား ပစ်ခွင့်ပေးလိုက်ရင် လက်ရှိလူ အများစုသည် ပစ်မှတ်အလယ်ကို ထိမှန်အောင် ပစ်နိုင်ကြသည်။
သို့သော် ဤကိစ္စမှာ ယဲ့ဖန် ဖြစ်နေ၍ မယုံနိုင်စရာ ဖြစ်နေသည်။
ဒီကောင်လေးက အခုမှ ပထမဆုံးအကြိမ် သေနတ်နဲ့ ကစားဖူးတာ မဟုတ်လား။
သူ အလယ်ဗဟိုကို ချက်ချင်း ဘယ်လိုလုပ် ထိအောင် ပစ်နိုင်မှာလဲ။
ဒါက ထူးဆန်းလွန်းတယ် မဟုတ်ဘူးလား။
သို့သော် လူတိုင်းသည် အဓိပ္ပါယ်မရှိသော အကြောင်းပြချက်တစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဖြစ်နိုင်တာက .… ကံကောင်းတာလား။
ကံကောင်းသည်ဆိုတာက လွဲ၍ ပိုကောင်းသော ရှင်းပြချက် မရှိတော့ပေ။
ပစ်မှတ်ဘုတ် ကျည်ဆံအပေါက်တစ်ပေါက်သာရှိနေသည်။
ဆိုလိုသည်မှာ ယဲ့ဖန်သည် ဒရုန်းကို တစ်ကြိမ်သာ ထိအောင် ပစ်နိုင်ခဲ့သည်။
နောက်ထပ် ပစ်ချက်နှစ်ချက်က လွဲချော်သွားတာ ဖြစ်နိုင်တယ်မလား။
အပိုင်း ( ၉၅၅ )
ဒါကို ဘယ်လိုရှင်းပြရမလဲ။
လျုံဖုန်းဟိုင်သည် ဗီဒီယိုကို ပိတ်ခါနီး၌ နောက်ထပ်ကျည်ဆန်တစ်ခု ပေါ်လာသည်။
ထိုကျည်ဆန်သည် ယခင်ကျည်ဆန်ကဲ့သို့ လမ်းကြောင်း တစ်ထပ်တည်းနီးပါး ရောက်လာခြင်းဖြစ်ပြီး ဒရုန်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည်။
ရှိနေသူအားလုံး မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
ဒါဆို သူက ပစ်မှတ်ကို မလွတ်ခဲ့တာလား။
ကျည်ဆန်သည် ဒရုန်းအနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်သည့်အခါ လူတိုင်းမှာ အသက်ရှုကြပ်လာကြပြီး ကျည်ဆန်သည် လမ်းကြောင်းပေါ်မှ သွေဖယ်သွာူမည်ကို စိုးရိမ်နေကြသည်။
ထို့နောက် မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ဒုတိယကျည်ဆန်သည် ပထမကျည်ဆန်အပေါက်ကိုသာ တိကျစွာ ထိမှန်သွားပြီး တစ်မီလီမီတာပင် မကွာလိုက်ချေ။
လူတိုင်းသည် သူတို့၏ ဦးရေပြား တစ်ခုလုံး ထုံကျင်သွားသည်ကို ခံစားခဲ့ရပြီး သူတို့၏ ဦးနှောက်များ ပေါက်ကွဲတော့မည်ဟု ထင်မိကြသည်။
ထိုမြင်ကွင်းမှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
အကယ်၍ သူသည် ကျည်ဆံနှစ်တောင့်ကို အပေါက် တစ်ပေါက်ထဲသို့ ဝင်စေလိုလျှင် ပစ္စတိုသည် လုံးဝ မလှုပ်ကြောင်း သေချာရမည်။
လက်ရှိ လူအများစုသည်ပင် ထိုပုံစံကို လုပ်ရန် ခက်ခဲလှသည်။
သို့သော် သေနတ်ကိုင်ဆောင်သည့် အတွေ့အကြုံမရှိသေးဘဲ ပထမဆုံးအကြိမ် သေနတ်ကိုင်သည့်သူမှ ထိုသို့ ပစ်ခဲ့သည်။
လူတိုင်း၏ ဦးနှောက်သည် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ ဖြစ်ပျက်ခဲ့သမျှကို နားမလည်နိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ပို၍ပင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာလေသည်။
တတိယကျည်ဆံသည် ကင်မရာတွင် ပေါ်လာပြီး ထိုကျည်သည်လည်း ယခင်ကျည်ဆံနှစ်တောင့်နှင့် တူညီသော လမ်းကြောင်းအတိုင်း ရောက်လာကာ နဂိုမူလ ကျည်ဆန်အပေါက်ထဲသို့ ဖြည်းညှင်းစွာ ဝင်သွားခဲ့သည်။
သွေဖယ်မှု လုံးဝ မရှိချေ။
ထိုဗီဒီယိုသည် ကျည်သုံးချက်ပစ်ပြီး အဘယ်ကြောင့် ကျည်ဆန်အပေါက်တစ်ခုတည်း ရှိနေသည်ကို ရှင်းပြနိုင်ခဲ့သည်။
လွဲချော်သွားခြင်း မဟုတ်ဘဲ ကျည်ဆံသုံးတောင့်စလုံးမှာ တူညီသည့် ကျည်ပေါက်ထဲသို့ ဝင်သွားသောကြောင့် ဖြစ်သည်။
အားလုံးမှာ ထိုလူငယ်လေးကို တစ္ဆေတစ်ကောင် မြင်နေရသလို ကြောင်အစွာဖြင့် ကြည့်နေကြသည်။
ခဏလောက်ကြာသည်အထိ သေနတ်ပစ်ကွင်းမှာ တိတ်ဆိတ်နေခဲ့သည်။
လူတိုင်း၏ အကြည့်အောက်တွင် ယဲ့ဖန်မှ မသိမသာ ပုခုံးတွန့်လိုက်သည်။
" အဲ့လောက်လည်း မခက်ပါဘူး "
ထိုမှသာ အားလုံး အသိပြန်ဝင်လာပြီး မျက်နှာများ တွန့်သွားကြသည်။
အရမ်းခက်ခဲတာ မဟုတ်ဘူးတဲ့လား။
'အလွန်ခက်ခဲတယ်'ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတာလား။
ထိုကဲ့သို့ ပစ်ချက်မျိုးကို အများစုမှာ မလုပ်နိုင်ကြချေ။
ဒါကိုတောင် မခက်ဘူးတဲ့လား။
" ယဲ့ဖန်၊ နင် ဘယ်လိုလုပ်လိုက်တာလဲ "
ချန်းဖေးအယ်သည် ပထမဆုံး မေးလိုက်ပြီး သူမ၏ မျက်နှာတွင် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် လုံခြုံရေးအဖွဲ့တွင် ပြင်းထန်သော လေ့ကျင့်မှုကိုလည်း ခံယူခဲ့ရပြီး သူမ၏ လက်ဖြောင့်မှုမှာ မဆိုးဟု ထင်ခဲ့သည်။
သို့သော် သူမသည် သုံးချက်ဆက်တိုက် ပစ်ခတ်ပါက ကျည်ဆံသုံးလုံးစလုံးသည် တူညီသောပစ်မှတ်ပေါက်ထဲသို့ ဝင်ရန်မှာ ခက်ခဲမည် ဖြစ်သည်။
မဟုတ်ဘူး။
လုပ်ရတာ ခက်တာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ ဖြစ်ကို မဖြစ်နိုင်တာ။
သူမ၏ လက်သည် မည်မျှပင် တည်ငြိမ်နေပါစေ အသွေးအသားနှင့် တည်ဆောက်ထားသော ခန္ဓာဖြစ်နေဆဲ ဖြစ်သည်။
သူမ လုံးဝ မလှုပ်မိရန်မှာ မဖြစ်နိုင်ပေ။
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" တကယ်က ရိုးရှင်းပါတယ်။ အဓိက အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်က သေနတ်ကို မြှင့်လိုက်။ ဒုတိယအဆင့်ကျ ချိန်ပြီး တတိယအဆင့်ကျ ခလုတ်ကို ဆွဲလိုက်။ ပြီးရင် .... ရပြီလေ "
သူ၏ ရှင်းပြချက်ကို လူတိုင်းမှ ကြားသောအခါ ပါးစပ်မှ သွေးများ ထွက်လာလုမတတ် ဖြစ်သွားကြသည်။
သူသည် အရာအားလုံးကို ပြောနေပုံရသော်လည်း တစ်ချိန်တည်းမှာပင် သူ ဘာမှမပြောခဲ့ပေ။
လူတိုင်းသည် သေနတ်ကို မြှောက်၊ ချိန်ပြီး ခလုတ်ဆွဲနည်းကို သိကြသဘ်။
ပြဿနာမှာ တစ်ပေါက်တည်းအား သုံးကြိမ်ဆက်တိုက် မည်သို့ ပစ်ရမည်ဆိုတာ ဖြစ်သည်။
လျုံဖုန်းဟိုင်သည် သူ့ရင်ထဲမှ ထိတ်လန့်မှုကို ထိန်းလိုက်သည်။
" လူကြီးမင်း၊ ကျွန်တော်တို့ကို နောက်နေတာလား။ ကျွန်တော် မမှားရင် မင်း ငယ်ငယ်ကတည်းက ပြင်းထန်တဲ့ သေနတ်လေ့ကျင့်မှုကို ရထားတာ ဖြစ်ရမယ် "
" ဒါက ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတစ်ခုတင် မဟုတ်ဘူး "
အာသာက သုံးသပ်လေသည်။
" ဒါက အရမ်းကြမ်းတမ်းတဲ့ လေ့ကျင့်မှုပဲ။ သေနတ်ပစ်ဖူးတဲ့ ကျည်အရေအတွက်က အနည်းဆုံး ၁၀၀,၀၀၀ လောက် ရှိမှာကိုတောင် စိုးရိမ်ရတယ်။ ဒါက လေ့ကျင့်မှု စံနှုန်းပဲ "
ဖူကူဒကလည်း လေ့လာဆန်းစစ်ခဲ့သည်။
" သေနတ်ပစ်လေ့ကျင့်တာတင် မဟုတ်ဘူး။ အလွန်အမင်း ဖောက်ပြန်တဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုလည်း လိုအပ်တယ်။ မဟုတ်ရင် မင်းလက်က အဲ့လောက် တည်ငြိမ်နေမှာ မဟုတ်ဘူး "
စီးရီးယပ်လုံခြုံရေးအင်အားစု၏ အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
" ဒါက ကိုယ်ကာယလေ့ကျင့်ရုံတင် မဟုတ်ဘူး။ လုံးဝ ပုံမှန်မဟုတ်တဲ့ အရည်အချင်းလည်း လိုအပ်တယ်။ ပစ်ခတ်တဲ့ နည်းလမ်းကို နားလည်ပြီး သေနတ်နဲ့ အမှန်တကယ် ပေါင်းစပ်ဖို့လည်း လိုအပ်သေးတယ် .... "
ယဲ့ဖန်သည် သူတို့၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီး မျက်လုံးကို မှိတ်ထားသည်။
" ဒါကို ခင်ဗျားတို့ကို ဘယ်လိုရှင်းပြရမလဲ။ ဒါ ကျွန်တော်ရဲ့ ပထမဆုံးအကြိမ် "
သူ့စကားများကို လူအနည်းငယ်က ချက်ချင်း ငြင်းဆိုခဲ့ကြသည်။
" မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ ပထမဆုံးအကြိမ် သေနတ်နဲ့ ကစားတာတောင် ဒီလောက်အဆင့် ရောက်နေပြီလား။ ငါတို့အားလုံး အရူးတွေလို့ ထင်နေတာလား "
" မင်း သေနတ်နဲ့ အခုမှ ကစားဖူးပြီး ဒီအဆင့်ကို ရောက်နိုင်ရင် ငါတို့ တိုဟူးဖတ်ရှာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သင့်တယ် "
" မှန်တယ်။ ငါတို့ရဲ့ အရည်အချင်းက မဆိုးပါဘူး။ ဒီလို ပြင်းထန်တဲ့ လေ့ကျင့်မှုတွေလည်း လုပ်ဖူးတယ်။ ဒါပေမဲ့ ဒီအဆင့်ကို ရောက်နိုင်တယ်လို့ မပြောရဲဘူး။ မင်းရဲ့ ပထမဆုံး ကြိုးစားမှုမှာ ဒီလောက်အဆင့်နဲ့ ငါတို့ကို ကျော်သွားနိုင်ရင် ငါတို့ သေလိုက်တာမှ ဖြစ်သင့်ဦးမယ် "
" ဟမ်၊ ကျားစားဖို့ ဝက် ဟန်ဆောင်ရဲတဲ့ သတ္တိရှိတာလား။ မင်းရဲ့ လက်စွမ်းက အရမ်းကောင်းတယ်။ ဒါပေမယ့် မင်းက ပထမဆုံးအကြိမ် သေနတ်နဲ့ကစားတာလို့ ပြောရဲသေးတာလား။ မင်းရဲ့ အသိစိတ်က တော်တော် ပျက်စီးနေတာပဲ "
" မင်း ငါတို့ကို ဒီလိုအချိန်မျိုးမှာတောင် လိမ်ချင်နေသေးတာလား။ ငါတို့က အရူးတွေလို့ မင်း တကယ် ထင်နေတာလား "
သူ၏ 'မရိုးသားသော' သဘောထားကြောင့် လူအုပ်ကြီးသည် သိသာစွာ အထင်သေးခဲ့ကြသည်။
သူ၏ လက်ဖြောင့်မှုမှာ အလွန်ကောင်းသော်လည်း လူညံ့တစ်ယောက်လို ဟန်ဆောင်ခဲ့သည်။
သူသည် သူတို့ကို လူသိမ်လူဖျင်းအဖြစ် ဆက်ဆံသည်မှာ သိသာလေသည်။
ယဲ့ဖန်သည် လုံးဝ စကားမပြောနိုင် ဖြစ်သွားရသည်။
သူသည် ချန်းဖေးအယ်ကို အကူအညီတောင်းရုံသာ တတ်နိုင်တော့သည်။
" ကိုယ့်ကို ကူရှင်းပြပေးပါဦး။ ဒါက သေနတ်နဲ့ကစားတာ ကိုယ့်ရဲ့ ပထမဆုံးအကြိမ်ပဲ"
ကျန်လူများအားလုံးသည် သူမ ပြောသည်ကို ကြားလို၍ ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်ကြသည်။
ချန်းဖေးအယ်မှ အမြန် ခေါင်းယမ်းလိုက်သည်။
" ကျွန်မလည်း မသိဘူး "
ယဲ့ဖန် စိုးရိမ်သွားခဲ့သည်။
" မင်း ဘယ်လိုလုပ် မသိရမှာလဲ။ ကိုယ့်ရဲ့ အချက်အလက်တွေအကုန် မင်းမှာ မရှိဘူးလား "
ချန်းဖေးအယ်သည် သူမခေါင်းကို လျင်မြန်စွာ ခါလိုက်သည်။
" ငါတို့မှာ နင်နဲ့ပတ်သက်ပြီး သိထားတဲ့ အချက်အလက်တွေ အရမ်းနည်းနေပြီဆိုတာ ပဲ ငါသိတယ်။ နင့်ကို ငါ လုံးဝမသိဘူး "
သူမ စိတ်ထဲမှ စကားတွေ ပြောနေမိသည်။
မူလက လုံခြုံရေးအဖွဲ့သည် ထိုကောင်လေး၏ နောက်ခံအကြောင်း ရှာဖွေပြီးပြီဟု သူမ ထင်ခဲ့သည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူနှင့် ဆက်ဆံပြီးသည့်နောက်တွင် သူမသည် သူ့ကို လုံးဝ နားမလည်ကြောင်း သိလိုက်ရသည်။
လုံခြုံရေးအဖွဲ့၏ အချက်အလက်များအရ ယဲ့ဖန်သည် ဆင်းရဲသည့် မိသားစုမှ လာသည်ဟု ဆိုလေသည်။
တက္ကသိုလ်မတက်ခင်အထိ သာမန်လူတစ်ယောက်သာ ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများ မရရှိခဲ့ဖူးချေ။
သို့သော် သူသည် ထိုသေနတ်ပစ် နည်းပညာကို ကျွမ်းကျင်ရန် ပြင်းထန်သော လေ့ကျင့်မှုကို ခံခဲ့ရသည်မှာ ထင်ရှားလှသည်။
ထို့ကြောင့် သူမသည် လုံခြုံရေးအဖွဲ့မှ ပေးထားသည့် အချက်အလက်များကို အယုံအကြည်မရှိတော့ပေ။
သူမသည် သူမ၏ မျက်လုံးများနှင့် ကြုံနေရသည့် ဉာဏ်ကိုသာ ပို၍ ယုံကြည်တော့သည်။
အပိုင်း ( ၉၅၆ )
သူနဲ့ စနိုက်ပါပြိုင်ဖို့ သတ္တိရှိလား။
ယဲ့ဖန်သည် ပါးစပ်တစ်ရာရှိလျှင်ပင် သူ့အတွက်သူ ရှင်းပြ မရနိုင်ချေ။
ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေ ရှိဖို့ ဘယ်သူကရော တောင်းဆိုခဲ့လို့လဲ။
သူ့ရဲ့ စွမ်းဆောင်ရည်က အစကတည်းက ဒီလို အရမ်းထိတ်လန့်စရာကောင်းနေတာပဲကို။
ကံကောင်းစွာဖြင့် လျုံဖုန်းဟိုင်မှ သူ့ ကို ကယ်တင်နိုင်ခဲ့သည်။
" အာသာ၊ အရင်သဘောတူညီချက်အရ ယဲ့လူကြီးမင်းကို ရှုံးရင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှာ အခမဲ့ ပါဝင်ရမှာမလား။ အခု လောင်းကြေးကို တာဝန်ယူရမယ့်အချိန်မဟုတ်ဘူးလား "
သူ၏ စကားများသည် စီးရီးယပ်လုံခြုံရေးအင်အားစုမှ လူတိုင်း၏ အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။
ယဲ့ဖန်သည် တစ်ချီ အနိုင်ရလိုက်သည်နှင့် သူတို့သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီတွင် အလကားပူးပေါင်းပြီး ဆယ်နှစ်စာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု အာသာက အမှန်ပင် ပြောခဲ့သည်။
ယခုမူ ယဲ့ဖန်သည် ပထမအချီကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သည်။
ပစ်ချက် ၃ ချက်စလုံးသည် ၁၀မှတ် စက်ဝိုင်းကို ထိရုံသာမက ကျည်ဆံ ၃ ချက်စလုံးသည် တူညီသော အပေါက်ထဲသို့ ဝင်သွားခဲ့သည်။
နောက်ဆုံးရလဒ်ပင်ဖြစ်စေ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုပင် ဖြစ်စေ ဖူကူဒ၏ ပစ်ချက်သုံးချက်ထက် အများကြီး ပိုကောင်းလေသည်။
ယဲ့ဖန် အနိုင်ရခဲ့သည်မှာ သံသယဖြစ်စရာ မရှိချေ။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ ထိပ်တန်းအရာရှိများမှာ စိတ်လှုပ်ရှားနေကြသည်။
စီးရီးယပ်လုံခြုံရေးအင်အားစုမှ ထိုလူများသည် သူတို့နှင့် အမှန်တကယ် ပူးပေါင်းခဲ့ပါက သူတို့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အင်အားသည် အလွန်တိုးတက်လာမည် ဖြစ်သည်။
အာသာနှင့် အခြားလူများသည် အကျည်းတန်သော အမူအရာများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
" ဒီပွဲကို ထည့်မတွက်ဘူး "
အာသာ ရုတ်တရက် မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
" ထည့်မတွက်ဘူးဆိုတဲ့ အဓိပ္ပါယ်က ဘာကိုပြောတာလဲ။ စကားပြန်ပြောင်းချင်တာလား "
လျုံဖုန်းဟိုင်သည် ချက်ချင်းပင် ဒေါသထွက်လာသည်။
အာသာ၏ မျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာသည်။
" သူအနိုင်ရခဲ့ရင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီနဲ့ပူးပေါင်းမယ်လို့ အရင်ပြောခဲ့တာ မှန်တယ်။ ဒါပေမယ့် သူက သူ့ရဲ့အရည်အချင်းကို တမင်ဖျောက်ထားတာကြောင့် သူ့ကိုလျှော့တွက်ပြီး အညံ့ဆုံးလက်စွမ်းရှိတဲ့ ဖူကူဒကို လွှတ်လိုက်တာ။ အဲ့တာကြောင့် ဒီပြိုင်ပွဲကို ထည့်တွက်လို့ မရဘူး "
လူတိုင်းသည် သူ ရှောင်ထွက်ဖို့ ကြိုးစားနေသည်ဟု ခံစားလိုက်ရသည်၊
ယဲ့ဖန်သည် သူ၏ ခွန်အားကို အမှန်တကယ် ဖုံးကွယ်ထားသော်လည်း ရှုံးခြင်းသည် အရှုံးတစ်ခု ဖြစ်သည်။
အကယ်၍ ရန်သူအား လျှော့တွက်ပါက စစ်မြေပြင်၌ အမှန်တကယ် တွေ့ဆုံရမည်ဆိုလျှင် ရှုံးပါက သေရမှာ ဖြစ်သည်။
လျုံဖုန်းဟိုင်သည် ငြင်းခုန်ချင်သေးသော်လည်း ထိုအချိန် ယဲ့ဖန်မှ ရုတ်တရက် ဝင်ပြောသည်။
" ကောင်းပြီ၊ ဒါက ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က သူတို့ကို ရအောင်တိုက်ရမယ် "
ထို့နောက် အာသာဘက်သို့ လှည့်လိုက်သည်။
" အကောင်းဆုံး လက်စွမ်းရှိတဲ့သူကို လွှတ်လိုက်။ ငါတို့ ထပ်ပြိုင်မယ် "
ယဲ့ဖန်၏ အလွန်ရက်ရောနေပုံက အာသာကို သိမ်ငယ်ပုံပေါက်စေသည်။
သူ့မျက်နှာမှာ နီရဲနေသော်လည်း သူ့နောက်မှ လူတစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
" လီချန်း၊ သူနဲ့ ပြန်ကစားလိုက် "
သူပြောပြီးသည်နှင့် အရှေ့တိုင်းမျက်နှာထားနှင့် လူတစ်ယောက် ထွက်လာသည်။
သူ၏ ဖမ်းစားနိုင်ဆုံးအရာမှာ သူ့မျက်လုံးများဖြစ်သည်။
သူသည် ဘယ်ဘက်မျက်လုံးတွင် အနက်ရောင်မျက်အိတ်ကို ၀တ်ဆင်ထားပြီး ညာဘက်မျက်လုံးသည် သိမ်းငှက်ကဲ့သို့ တောက်ပနေသည်။
သူ့နောက်ကျောတွင် တစ်မီတာခန့်ရှည်သော အနက်ရောင်သေတ္တာတစ်လုံး ရှိသည်။
အာသာသည် သူ့လက်ကို ထိုလူ၏ ပုခုံးပေါ်တင်ကာ ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
" ဒီက ညီအစ်ကိုရဲ့ နာမည်ပြောင်က ဆာလောင်နေတဲ့ဝံပုလွေပဲ။ သူက စနိုက်ပါလုပ်တာ အကောင်းဆုံးပဲ။ မင်း သူနဲ့ ပြိုင်ရဲလား "
လျုံဖုန်းဟိုင်သည် 'ဆာလောင်နေတဲ့ဝံပုလွေ' ဟူသော အမည်ကို ကြားသောအခါ သူ၏ အမူအရာ ပြောင်းသွားသည်။
" မင်းတို့ ပြိုင်ချင်ရင် ပစ္စတိုသေနတ်နဲ့ ပြိုင်ကြ။ ငါတို့မှာ ဒီလောက်ကြီးတဲ့ နေရာမရှိဘူး "
အမှန်တွင် ထိုသည်က ဆင်ခြေသက်သက်သာ ဖြစ်သည်။
ထို 'ဆာလောင်နေတဲ့ဝံပုလွေ' အကြောင်းကို သူ ကြားဖူးပြီး မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သိထားသည်။
ကောလဟာလများအရ ထိုလူသည် ဓားရေးလည်း ကျွမ်းကျင်သည်။
သူသည် မီတာ ၂၀၀၀ အကွာအဝေးမှ ရန်သူကို တစ်ကြိမ် ပစ်ခတ်ခဲ့ဖူးသည်။
ထို့ကြောင့် သူ့ကို 'စနိုက်ပါနတ်ဘုရား'ဟုလည်း နာမည်ပြောင်ပေးထားကြသည်။
ယဲ့ဖန်သည် သေနတ်ဖြင့် ယှဉ်ပြိုင်မည်ဆိုပါက အနိုင်ရရန် အခွင့်အလမ်းရှိနိုင်သော်လည်း စနိုက်ပါပွဲဖြစ်လျှင် ကျိန်းသေ ပေါက် ရှုံးမည် ဖြစ်သည်။
အာသာသည် အကြောင်းပြချက်ရှာရန် ကြိုးစားနေသည်ကို မြင်ပြီး ချက်ချင်း လှောင်ပြောင်လိုက်သည်။
" မပြိုင်ရဲရင် မေ့လိုက်တော့။ ငါတို့ အချိန်ဖြုန်းနေစရာ မလိုဘူး "
ထိုသို့ပြောပြီးနောက် လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားရန် ပြင်သည်။
ထိုအချိန်၌ ယဲ့ဖန်မှ ရုတ်တရက် မေးသည်။
" သူ့ကို နိုင်ရင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီထဲဝင်မှာလား "
လူတိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။
စနိုက်ပါနတ်ဘုရားကို အနိုင်ယူမှာတဲ့လား။
ဒီကောင်က တကယ်ကို ငကြွားပဲ။
ပစ္စတိုတစ်လက်နှင့် စနိုက်ပါတစ်လက်သည် လုံးဝ ကွဲပြားခြားနားသော အယူအဆနှစ်ခုဖြစ်သည်။
မင်း ပစ္စတိုနဲ့ ကောင်းကောင်း ပစ်တတ်ရုံနဲ့ စနိုက်ပါကို သုံးတတ်မယ်လို့ မဆိုလိုဘူး။
အာသာ ရယ်မောပြီး သူ့ကို လှမ်းကြည့်သည်။
" ဟုတ်တယ်။ မင်း သူ့ကို အနိုင်ယူနိုင်ရင် ငါတို့က ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီဆီကို ခြွင်းချက်မရှိ ပါဝင်ပူးပေါင်းသွားမယ် "
ယဲ့ဖန် ခဏ စဉ်းစားလိုက်သည်။
" နောက်ထပ် သတ်မှတ်ချက်တစ်ခု ထပ်ထည့်ချင်သေးတယ်။ ကျွန်တော် အနိုင်ရရင် ခင်ဗျား အနည်းဆုံး အနှစ်နှစ်ဆယ် စာချုပ်ချုပ်ရလိမ့်မယ် "
လျုံဖုန်းဟိုင်နှင့် တခြားသူများက ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။
ဒီကောင် တကယ်ပြောရဲတာပဲ။
အနှစ် ၂၀ စာချုပ်ဆိုတာ သူ့ကိုယ်သူ ရောင်းစားတာနဲ့ ဘာကွာတော့မှာလဲ။
အာသာက မဆိုင်းမတွ ခေါင်းညိတ်လေသည်။
" ကောင်းပြီ၊ မင်း အနိုင်ရတာနဲ့ ငါတို့ မင်းတို့ကုမ္ပဏီနဲ့ နှစ် ၂၀ စာချုပ်ချုပ်မယ် "
လျုံဖုန်းဟိုင်နှင့် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အခြားအဆင့်မြင့်အရာရှိများကို သွေးဆောင်နိုင်ခြင်းမရှိဟု ပြောပါက လိမ်လည်ခြင်းသာ ဖြစ်လိမ့်မည်။
အကယ်၍ အာသာနှင့် သူ၏ လူများသည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီအတွက် အနှစ် 20ကြာ အမှန်တကယ် အလုပ်လုပ်နိုင်ခဲ့လျှင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီသည် အာရှတွင် အခိုင်မာဆုံး လုံခြုံရေးကုမ္ပဏီ ဖြစ်လာနိုင်မည်ဟု ယုံကြည်လေသည်။
သို့သော် ထိုမျှော်လင့်ချက်သည် အနည်းငယ်မျှသာ ထင်ရှားနေသည်။
ယဲ့ဖန်သည် စနိုက်ပါနတ်ဘုရားလီချန်းကိုအနိုင်ယူနိုင်မည်လား။
သူတို့သည် အံ့ဖွယ်အဖြစ်ကိုသာ မျှော်လင့်နိုင်ကြတော့သည်။
" ဒါဆို ကန့်ကွက်စရာ မရှိဘူး။ စလိုက်ရအောင် "
ယဲ့ဖန် တခြားဘာမှ မပြောတော့ချေ။
သူသည် လီချန်းကို ဘာမှမဖြစ်ခဲ့သလို ကြည့်လိုက်သည်။
လီချန်းသည် စကားတစ်ခွန်းမှ မပြောဘဲ လျှောက်သွားသည်။
သူအနောက်မှ အနက်ရောင်သေတ္တာကို ဖွင့်လိုက်ပြီး အလွန်လက်ရာမြောက်သည့် စနိုက်ပါရိုင်ဖယ်တစ်လက်ကို ဖော်ထုတ်လိုက်သည်။
ထို့နောက် လျင်မြန်စွာ မေးလေတော့သည်။
လျုံဖုန်းဟိုင်မှ ယဲ့ဖန်ကို ချက်ချင်း ရှင်းပြသည်။
" ဒါက Barrett M82A1 စနိုက်ပါရိုင်ဖယ်ပါ။ အရွယ်အစားကြီးမားတဲ့ စနိုက်ပါရိုင်ဖယ်ဖြစ်ပြီး သူ့ရဲ့အမြင့်ဆုံး အကွာအဝေးက မီတာ ၁၈၀၀ ရောက်နိုင်ပါတယ် "
ယဲ့ဖန်သည် သူ၏ ဖြေသံကို နားထောင်ရင်း သူ့အတွေးများက တိမ်တွေဆီ လွင့်ပျံသွားခဲ့လေသည်။
သူက စနိုက်ပါတစ်ယောက်ဖြစ်ရန် မစီစဉ်ထား၍ ထိုအသိပညာများက သူ့အတွက် အသုံးမဝင်ချေ။
လီချန်းသည် စနိုက်ပါရိုင်ဖယ်ကို အမြန်တပ်ဆင်ပြီး အာသာကို လှည့်ကြည့်လိုက်သည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ လေ့ကျင့်ရေးကွင်းသည် မီတာ ၁၀၀၀ ခန့်သာ ဝေးသည်။
စနိုက်ပါရိုင်ဖယ်၏ အမြင့်ဆုံးအကွာအဝေးကို သူရောက်ရှိရန် မဖြစ်နိုင်ပေ။
သူ၏ အကောင်းဆုံး အရည်အချင်းများကို မပြသနိုင်သည်မှာ ထင်ရှားလေသည်။
အာသာ ခဏ စဉ်းစားပြီးနောက် မြေပေါ်၌ ကျနေသည့် အခွံကို ကောက်ယူလိုက်သည်။
လျုံဖုန်းဟိုင်နှင့် အခြားသူများသည် သူ ဘာဆက်လုပ်ရမည်ကို မသိဘဲ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကို ကြည့်နေကြသည်။
ထို့နောက် အာသာက ပြောသည်။
" ဒီအခွံကို ငါ့ခေါင်းပေါ်မှာ ထားမယ်။ လီချန်းက တစ်ကီလိုမီတာအကွာကနေ ပစ်လိမ့်မယ်။ အခွံကို မထိနိုင်ရင် ဒီဂိမ်းကို ရှုံးလိမ့်မယ် "
သူ့စကားကို ကြားပြီး လူတိုင်း အံ့ဩသွားကြသည်။
ထိုသည်မှာ သူ၏ အသက်ကိုပင် အန္တရာယ်ဖြစ်စေနိုင်သည်။
အထူးသဖြင့် လီချန်းကဲ့သို့သော စနိုက်ပါနတ်ဘုရားသခင်အတွက် မီတာ ၁၀၀၀ ဝေးသော်လည်း ပြဿနာမဟုတ်ပေ။
သို့သော် ကျည်ဆံသည် အလွန်သေးငယ်သည်။
အနည်းငယ် သွေဖယ်သွားပါက ဦးခေါင်းကို ပစ်သတ်ခံရဖွယ်ရှိသည်။
" အာသာ၊ မင်း ဘာလို့ ပြန်မစဉ်းစားတာလဲ။ အန္တရာယ်များလွန်းတယ် ထင်တယ် ..... "
လျုံဖုန်းဟိုင်သည် အကြံပေးစကား အနည်းငယ်ပြောချင်သည်။
ပြိုင်ပွဲတစ်ခုသည် ပြိုင်ပွဲတစ်ခုသာဖြစ်သည်။
အသက်ကို စွန့်စရာ မလိုချေ။
" ဆုံးဖြတ်ပြီးပြီ "
သူ့စကား မပြီးခင်မှာ အာသာက သူ့ကို အနှောင့်အယှက်ပေးရန် သူ့လက်ကို မြှောက်လိုက်သည်။
ထို့နောက် သူသည် လီချန်းကို လက်သီးဖြင့်ထိုးကာ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ခွာသွားခဲ့သည်။
လီချန်းသည် စကားတစ်ခွန်းမှ မပြောဘဲ အာသာ ရောက်မည့်နေရာကို တိတ်တဆိတ် စောင့်ဆိုင်းရင်း အိပ်ရန် အမြင့်တစ်နေရာကို ရှာလိုက်သည်။
လူတိုင်း၏ နှလုံးခုန်နှုန်းမှာ မြန်လာရသည်။
ဒါက စိတ်လှုပ်ရှားစရာကောင်းလွန်းတယ် ဟုတ်တယ်မလား။