အပိုင်း ၉၅၇-၉၆၀
Vol. 48 Ch. 957-960
အပိုင်း ( ၉၅၇ )
စနိုက်ပါနတ်ဘုရားသခင်ကို ရှုံးရင်တောင် ဘယ်သူမှ မင်းကို ရယ်မှာ မဟုတ်ဘူး။
သေနတ်ပစ်ကွင်း ဝန်ထမ်းမှ မှန်ပြောင်းယူလာပြီး လူတိုင်းကို ဝေပေးနေသည်။
လူတိုင်းသည် မှန်ပြောင်းဖြင့် ကြည့်လိုက်သောအခါ အာသာသည် ဂျစ်ကားကို အစွန်းဘက်အထိ မောင်းနှင်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ဂျစ်ကားပေါ်မှ ခုန်ဆင်းကာ နံရံတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။
သူသည် နောက်ပြန်လှည့်ပြီး အခွံကို ခေါင်းပေါ်မတင်ခင် လက်မထောင်ပြလိုက်သည်။
လူတိုင်းသည် အခွံကို မှန်ပြောင်းဖြင့် ကြည့်လိုက်သည့်အခါ အစက်လေးတစ်စက်မျှသာ မြင်နိုင်သည်။
အကွာအဝေးအရ ကျည်ကို တိကျစွာ ထိရန် ခက်ခဲလေသည်။
အာသာ၏ ဘေးတွင် မြန်နှုန်းမြင့် ကင်မရာများဖြင့် ရိုက်ကူးသည့် ဝန်ထမ်းများ ရှိနေသည်။
ထိုဗီဒီယိုကို လျုံဖုန်းဟိုင်၏ တက်ဘလက်သို့ ပို့မည်ဖြစ်သည်။
" မင်းသာဆို ထိနိုင်လား "
လျုံဖုန်းဟိုင်သည် အဝေးကို လှမ်းကြည့်ကာ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ အဖွဲ့ဝင်တစ်ဦးကို လှည့်ကြည့်လိုက်သည်။
ထိုအဖွဲ့ဝင်သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီတွင် အကောင်းဆုံး စနိုက်ပါသမားဖြစ်သည်။
သို့သော် သူ့မေးခွန်းကိုကြားပြီးနောက် ချက်ချင်း ခေါင်းယမ်းလိုက်သည်။
" ကျွန်တော် ၃၀%ပဲ သေချာတယ် "
လူတိုင်း စကားမပြောနိုင် ဖြစ်ခဲ့ကြရသည်။
အောင်မြင်ရန် အခွင့်အလမ်းသည် ၃၀% ရှိသော်လည်း ရှုံးရန်မှာ တစ်ဝက်မကသော ၇၀% ရှိနေသည်။
လက်ချော်သွားခြင်း၏ အကျိုးဆက်များမျာ ..... တွေးကြည့်ပင် မရချေ။
အားလုံးက လီချန်းကို ကြည့်နေကြသည်။
သူသည် စနိုက်ပါရိုင်ဖယ် အရှေ့တွင် လဲလျောင်းနေပြီး မအုပ်ထားသော ကျန်သည့်ညာဘက်မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ခဏ စိုက်ကြည့်နေလိုက်သည်။
ထို့နောက် မြေပြင်မှ ဖုန်မှုန့်အချို့ကို ကောက်ယူပြီး လေထဲသို့ ပစ်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် လေညင်းသည် ဖုန်မှုန့်များကို ချက်ချင်း လွင့်ထွက်သွားစေသည်။
လီချန်းသည် အခြေအနေကို ယေဘူယျအားဖြင့် သိသွားပြီး မှန်ပြောင်းကို ဆက်လက် စိုက်ကြည့်နေသည်။
ရှိနေသူအားလုံးသည် သူ့အစား ကြောက်ရွံ့စပြုလာကာ သူတို့၏ လက်ဖဝါးများသည် ချွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ဤကဲ့သို့ လီချန်းသည်လည်း စိတ်ပိုင်းဆိုင်ရာ ဖိအား မည်မျှရှိသည်ကို တွေးကြည့်နိုင်သည်။
ယဲ့ဖန်သည် သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
သူသည် အသက်ရှုနှုန်းကို ချိန်ညှိထားပုံရပြီး သူ့လက်ချောင်းသည် မောင်းပေါ်၌ တင်းကြပ်သွာ ကိုင်ထားပြီး စိတ်လှုပ်ရှားနေပုံ မရချေ။
သို့သော် သူ့နဖူးမှ ချွေးများက သူ့ကို သစ္စာဖောက်နေသည်။
လောလောဆယ်၌ သူ အလွန်စိတ်လှုပ်ရှားနေသည်မှာ သိသာလေသည်။
ဒိုင်း
လူတိုင်း အသက်မရှူနိုင်လောက်အောင် ထိတ်လန့်နေကြချိန် လီချန်းသည် ရုတ်တရက် ခလုတ်ကို ဆွဲထုတ်လိုက်ရာ အားလုံးက မှန်ပြောင်းဖြင့် ကြည့်နေကြသည်။
အာသာသည် ထိုနေရာတွင် မထိမခိုက်ဘဲ ရပ်နေကာ သူ့ခေါင်းပေါ်ရှိ ကျည်ခွံမှာ ပျောက်ကွယ်သွားခဲ့သည်။
သူ့နောက်ရှိ နံရံ၌ ကြီးမားသည့် အပေါက်ကြီးတစ်ခု ရှိနေပြီး ဖုန်မှုန့်များ ရစ်သိုင်းနေတော့သည်။
လျုံဖုန်းဟိုင်သည် စောင့်ကြည့်ဗီဒီယိုကို အမြန်ဖွင့်ပြီး အနှေးပြကွက်ဖြင့် ဖွင့်လိုက်သည်။
အားလုံးကလည်း ဝိုင်းလာကြသည်။
ထို့နောက် ကျည်ဆန်တစ်ဆန်သည် အာသာ၏ ဦးခေါင်းပေါ်မှ ဖြတ်ကာ ကျည်ခွံကို ဖြတ်၍ သူအနောက်ဘက်နံရံတွင် ကြီးမားသောအပေါက်တစ်ခု ဖန်တီးခဲ့သည်။
ထိုသို့သော စွမ်းအားဖြင့် လွဲသွားခဲ့ပါက အာသာ၏ ဦးခေါင်းတစ်ခုလုံး လွင့်ထွက်သွားမည် ဖြစ်သည်။
လူတိုင်း၏ မျက်နှာများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
အံ့သြစရာကောင်းသည်မှာ လီချန်း၏ လက်ဖြောင့်မှု ဖြစ်သည်။
သူသည် မီတာ ၁၀၀၀ ကျော် အကွာအဝေးမှ ကျည်ဆန်ကို တိကျစွာ ထိမှန်အောင် ပစ်နိုင်ခဲ့သည်။
သူသည် 'စနိုက်ပါနတ်ဘုရားသခင်' ဟူသော ခေါင်းစဉ်ဖြင့် အမှန်တကယ် ထိုက်တန်နေခဲ့သည်။
အာသာ၏ သတ္တိသည် သူတို့ကို ကြောက်လန့်စေသည်။
ကျည်ဆံခွံကို ပျံထွက်သည်အထိ သူ မျက်တောင် မခတ်ပေ။
စီးရီးယပ်လုံခြုံရေးအင်အားစုသည် သူတို့၏ နာမည်ဂုဏ်သတင်းအတိုင်း ရပ်တည်နေခဲ့သည်။
လက်ရှိနေရာမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
ရုတ်တရက် နွေးထွေးသော လက်ခုပ်သံများ ကျယ်လောင်စွာ ကွင်းတစ်ခုလုံး ပေါ်ထွက်လာသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ အစောင့်များသည် ယခင်က စီးရီးယပ်လုံခြုံရေးအင်အားစုအပေါ်မှ ယုံကြည်ခြင်း မရှိခဲ့သော်လည်း ယခုအခါ သူတို့အား တစ်ဖက်မှ ခွန်အားဖြင့် လုံးဝ အနိုင်ယူသွားခဲ့ပြီ ဖြစ်သည်။
သူတို့သည် မာနကြီးရန် အရင်းအနှီး ရှိလေသည်။
ထိုအချိန်တွင် အာသာသည် ကွင်းဆီသို့ ပြန်မောင်းလာနေပြီဖြစ်သည်။
သူသည် ပြန်ရောက်လာသည့်အခါ လီချန်းအား လက်သီးနှင့် ပုခုံးချင်း တိုက်လိုက်သည်။
" ဘယ်လိုလဲ၊ စနိုက်ပါဘုရားသခင်ဆိုတာ လက်ခံပြီလား "
သူသည် ယဲ့ဖန်ကို မေးနေသည်မှာ ထင်ရှားလေသည်။
လူတိုင်း စကားမပြောနိုင် ဖြစ်ခဲ့ကြသည်။
ယဲ့ဖန်ကို မပြောနှင့် သူတို့ပါ လက်ခံသွားကြသည်။
ဓားပေါ်မှ သွေးများကို လျက်ရသည့် သူတို့လို လူများအတွက် အရာရာကို ခွန်အားဖြင့်သာ ပြောကြရသည်။
မာနကြီးရန် ခွန်အားက အရင်းအနှီးသာ ဖြစ်သည်။
သူ၏ လက်ဖြောင့်မှုမှာ အံ့မခန်းပင် ဖြစ်သည်။
လက်ခံရန်က လွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိတော့ချေ။
ယဲ့ဖန်လည်း ခေါင်းညိတ်လိုက်သည်။
" ခင်ဗျားရဲ့ လက်စွမ်းက အရမ်းကောင်းတယ်။ "စနိုက်ပါနတ်ဘုရားသခင်' ဆိုတဲ့ နာမည်နဲ့ လိုက်ပါပေတယ် "
အာသာမှ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
" အခုရှုံးတာကို ဝန်ခံနိုင်တယ်။ စနိုက်ပါနတ်ဘုရားသခင်ကို ရှုံးရင် မင်းကို ဘယ်သူမှ ရယ်မှာမဟုတ်ဘူး "
လူတိုင်းက သူပြောတာကို သဘောတူကြသည်။
စနိုက်ပါနတ်ဘုရားသခင်ကို ရှုံးရသည်မှာ ရယ်စရာ မဟုတ်ချေ။
ဂုဏ်ယူစရာပင် ဖြစ်သည်။
အနာဂတ်တွင် စနိုက်ပါနတ်ဘုရားသခင်ကို ရှုံးနိမ့်ခဲ့သည်ဟုပင် ကြွားလုံးထုတ်မည် ဆိုပါက လူအများသည် အလွန်အမင်း အားကျကျမည် ဖြစ်သည်။
" သူက တကယ် သန်မာတာကို ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော် ကြိုးစားကြည့်ချင်သေးတယ် "
ယဲ့ဖန်၏ စကားများသည် မြေကြီးကိုပင် လှုပ်ခတ်စေနိုင်သည်။
ရှိနေသူအားလုံးသည် သူ့ကို ကြောင်အစွာဖြင့် ကြည့်နေပြီး ထိုတစ်ယောက် ရူးသွားပြီလားဟုပင် တွေးနေမိကြသည်။
လီချန်းသည် ဤမျှ အစွမ်းထက်သော ခွန်အားကို ပြသထားပြီးသားဖြစ်သော်လည်း သူသည် အမှန်တကယ် ကြိုးစားရန် သတ္တိရှိနေသေးသည်ကို မြင်လိုက်ရသည်။
လျုံဖုန်းဟိုင် မတ်တပ်ရပ်ပြီး သူ့ကို တားသင့်သည့်ဟု ခံစားရသည်။
" လူကြီးမင်း၊ ကျွန်တော် တွေးတာ .... "
" ခင်ဗျား မတွေးစေချင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ တွေးချင်တယ် ..... "
ယဲ့ဖန် ချက်ချင်း သူ့ကို တားလိုက်သည်။
" စမ်းကြည့်လို့ရမယ် ထင်တယ် "
လျုံဖုန်းဟိုင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
သူ၏ သူဌေးအသစ်မှာ တကယ်ပင် ခေါင်းမာလှသည်။
အာသာ ချက်ချင်း ပြုံးလိုက်သည်။
" ကောင်းပြီ၊ ဒါဆို မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်မျှော်နေမှာပါ "
ယဲ့ဖန် တခြားဘာမှ မပြောချေ။
သူသည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ကြည့်လိုက်သည်။
" ဘယ်သူ ငါ့ရဲ့ပစ်မှတ်ဖြစ်ချင်လဲ "
သူ့စကားကြားပြီး ဝန်ထမ်းများသည် ကောင်းကင်ကို မျှော်ကြည့်ပြီး မကြားချင်ယောင်ဆောင်နေကြသည်။
ဒါက ဘယ်လိုဟာသမျိုးလဲ။
သူ့ပစ်မှတ် ဖြစ်ရမှာလား။
အဲ့တာနဲ့ သေတွင်းတူးတာက ဘာကွာလို့လဲ။
ယဲ့ဖန် အကြိမ်အနည်းငယ် မေးသော်လည်း ဘယ်သူမှ ရှေ့မတိုးရဲကြပေ။
ထိုသည်က အနည်းငယ် ကြောင်အလေသည်။
အနည်းငယ် ရှက်ရွံ့နေချိန်တွင် ချန်းဖေးအယ်၏ စကား ရုတ်တရတ် ထွက်လာသည်။
" နင် တကယ် ယုံကြည်ချက် ရှိတာလား "
ယဲ့ဖန်သည် ချက်ချင်း ချောင်းခြောက်ဆိုးသွားသည်။
" ဖြစ်နိုင်ပါတယ် ..... ရှိနိုင်ပါ့မလား "
သူ၏ စကားကို ချန်းဖေးအယ် ပြန်ကြားသောအခါ သူမ အမြန်နောက်ဆုတ်သွားခဲ့သည်။
" ကောင်းပြီ၊ ငါက မေးရုံတင်ပါ "
ယဲ့ဖန်သည် အကူအညီမဲ့နေခဲ့သည်။
သူသည် လျုံဖုန်းဟိုင်ကို လှည့်ကြည့်ရုံသာတတ်နိုင်တော့သည်။
" လျုံ လူအိုကြီး ...... "
လျုံဖုန်းဟိုင် ရုတ်တရက် တုန်လှုပ်သွားသည်။
" လူကြီးမင်း၊ ငါ့ .... ငါ့နှလုံးက သိပ်မကောင်းဘူး။ တခြား တစ်ယောက်ယောက်ကို ရှာသင့်တယ် "
ယဲ့ဖန်သည် မကောင်းသော ရည်ရွယ်ချက်များဖြင့် သူ့ကို ပြန်ဆွဲထုတ်လာခဲ့သည်။
" စိတ်မပူပါနဲ့၊ မျက်စိမှိတ်ပြီးတာနဲ့ ပြီးသွားမှာပါ "
လျုံဖုန်းဟိုင်သည် ဆက်လက် ရုန်းကန်နေခဲ့သည်။
" လူကြီးမင်း၊ ငါ နှုတ်ထွက်ချင်တယ် ..... "
" ပြီးရင် ငါတို့ ဒီအကြောင်းကို ပြောကြမယ် "
ယဲ့ဖန်သည် သူ့ကို ဂျစ်ကားထဲ ထည့်လွှတ်လိုက်ပြီး ကျည်ဆန်ခွံကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
" လျုံလူကြီး၊ ခင်ဗျား လုပ်နိုင်တယ် "
ဂျစ်ကားက စတင်လိုက်ပြီး လျုံလူအိုကြီးသည် သူ၏ ရဲဘော်များကို နောက်ဆုံးအကြိမ် ကြည့်နေသကဲ့သို့ လူတိုင်းကို ပြန်ကြည့်သည်။
ရွှေစွပ်ပြုတ်မှ ဝန်ထမ်းများသည် မျက်ရည်များဝဲကာ သူ့ကို နှုတ်ဆက်ကြရင်း ရုတ်တရက် ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသည်။
" လျုံလူကြီး၊ ခင်ဗျား အရင်သွားပါ။ မင်းမိသားစုကို ငါတို့ ကောင်းကောင်း ဂရုစိုက်ပါ့မယ် "
" လျုံလူကြီး၊ စိတ်မပူနဲ့။ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ပိုကြီးပြီး အားကောင်းအောင်လုပ်မယ် "
" လျုံလူကြီး၊ သေချာ ရပ်။ ငါတို့ရဲ့ ကုမ္ပဏီကို အရှက်မကွဲစေနဲ့ "
" လျုံလူကြီး၊ မင်းမျက်လုံးတွေကို သေချာမှိတ်ထား။ မင်း ငြိမ်ငြိမ်လေး သေလိမ့်မယ် .... "
လျုံဖုန်းဟိုင်ကို လွှတ်လိုက်ပြီးနောက် ယဲ့ဖန် လှည့်၍ လီချန်းဆီသို့ လျှောက်သွားသည်။
" ခင်ဗျားရဲ့ သေနတ်ကို ငှားလို့ရမလား "
လီချန်း သူ့ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
" ဘယ်လိုသုံးရမလဲ သိလား "
ယဲ့ဖန် ပြုံးလိုက်သည်။
" ငါ့ကို သင်ပေးပါ "
ရှိနေသူတိုင်း စကားမပြောနိုင် ဖြစ်ကုန်ကြသည်။
ကံကောင်းထောက်မစွာဖြင့် လျုံဖုန်းဟိုင်ကို ပစ်မှတ်အဖြစ် စေလွှတ်ထားပြီး ဖြစ်သည်။
သူ ဒီမှာရှိနေပါက သူငိုပြီး "ညီလေး၊ မင်းငါ့နဲ့ကစားနေတာလား" လို့ မေးလိမ့်မည်။
စစ်မြေပြင်ကို သွားပြီး သေနတ်ဘယ်လိုသုံးရမှန်းတောင် မသိဘူးလား။
အားလုံးသည် လျုံဖုန်းဟိုင်ကို သနားစိတ်ဖြင့် ကြည့်နေကြသည်။
ဤအချိန်တွင် လျုံလူအိုကြီးသည် အမှန်တကယ် ပြန်မလာနိုင်တော့ပုံရသည်။
လီချန်းသည် သူ့အား အခြေခံ လုပ်ဆောင်ချက်အချို့ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးခဲ့သည်။
အပိုင်း ( ၉၅၈ )
သူက နတ်ဘုရားသခင်လား။
ငါးမိနစ်ခန့်အကြာတွင် ယဲ့ဖန်မှ 'အိုကေ'ဟူသည့် အမူအရာလုပ်ပြသည်။
" ကောင်းပြီ၊ သင်ပြီးပြီ "
လီချန်း၏ အေးစက်သော မျက်နှာသည် တုန်လှုပ်သွားပြီး သူသည် နေရာမှထကာ ထွက်ခွာသွားခဲ့သည်။
လျုံလူအိုကြီး၏ ခေါင်းပေါ်တွင် ကျည်ဆန်ခွံတစ်ခု ရှိနေသည်ကို ယဲ့ဖန်က မြင်လိုက်သည်။
သူသည် အာသာရပ်နေသည့် နေရာမှာ ရပ်နေသည်။
သူ့မျက်နှာ ညှိုးငယ်နေသည်ကို ကြည့်ပြီး မသိသည့်သူများက သူ့ကို သေဒဏ်ပေးထားသည်ဟု ထင်ကြပေလိမ့်မည်။
သို့သော်လည်း လူတိုင်းမှာ ထိုအဖြစ်သည် ကွပ်မျက်ခံရခြင်းနှင့် များစွာ ကွာခြားခြင်းမရှိဟု ခံစားခဲ့ရသည်။
အရည်အချင်းပြည့်မီသော စနိုက်ပါတစ်ဦးသည် အချက်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
လေတိုက်နှုန်း၊ လေထု စိုထိုင်းဆ စသည်တို့ကို ရှင်းလင်းစွာ ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး ထိုအရာသည် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားရန်လည်း လိုအပ်ပေသည်။
သို့သော်လည်း ယဲ့ဖန်သည် ထိုအကြောင်းအရာများကို မသိခဲ့ပေ။
ရလဒ်မှာ ဆုံးဖြတ်ပြီးသား ဖြစ်သည်။
လူတိုင်း၏ နှလုံးသားများသည် လည်ချောင်းထဲတွင် ရှိနေကြသည်။
အလျင်အမြန် အဆုံးသတ်နိုင်မည်ဟုသာ မျှော်လင့်ခဲ့ကြသည်။
ယဲ့ဖန်သည် လူတိုင်းကို ထိတ်လန့်သွားစေသည့် လုပ်ရပ်တစ်ခု မပြုလုပ်မီ မှန်ပြောင်းကို ခဏ စိုက်ကြည့်နေခဲ့သည်။
ရုတ်တရက် သူ့အိတ်ကပ်ထဲမှ အနက်ရောင်အ၀တ်စကို ထုတ်ပြီး မျက်လုံးကို အုပ်လိုက်သည်။
အာသာသည် ယဲ့ဖန်အား ကြောင်အစွာဖြင့် ကြည့်လျက် သူ့ကိုယ်သူ ရေရွတ်ကာ လိုက်သည်။
" သူ ..... သူ ဘာလုပ်နေတာလဲ "
လီချန်းသည်လည်း သူ့တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး မသေချာမရေရာသော အဖြေကို ပြောလာသည်။
" သူ.....သူက မျက်ကန်းပစ်ချင်တာလား "
သူတို့သည် ကြေးစားစစ်သားများဖြစ်ပြီး ညဘက်တွင် မကြာခဏ လှုပ်ရှားသွားလာကြရ၍ အမြင်အာရုံကို များစွာထိခိုက်စေသည်။
ထို့ကြောင့် မျက်မမြင်သေနတ်ပစ်လေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။
သူသည် အခြေအနေမပေးသည့်အခါ အသုံးချရန်သာ အပြင်းအထန် လေ့ကျင့်ထားခြင်းဖြစ်သည်။
လွယ်ကူလှသည် မဟုတ်ပေ။
ထိုပစ်နည်းဖြင့် ဆယ်ကြိမ်မှာ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ ထိနိုင်သည်။
တကယ့်တိုက်ပွဲ၌ မသုံးနိုင်သေးချေ။
ယဲ့ဖန်က သူ့မျက်လုံးတွေကို အုပ်ပြီး မီတာတစ်ထောင်အကွာက ကျည်ခွံကို ပစ်ဖို့ သတ္တိရှိတာလား။
ရှိနေသူအားလုံးသည် ပါးစပ်အဟောင်းသားဖြင့် သူ့ကို ကြည့်နေကြသည်။
ဒီဟာသက သိပ်ကြီးလွန်းတာ မဟုတ်ဘူးလား။
ကံကောင်းထောက်မစွာဖြင့် လျုံဖုန်းဟိုင်သည် ဝေးလွန်းနေသဖြင့် အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။
မဟုတ်ပါက ကြောက်၍ ဆီးပါသွားနိုင်သည်။
ယဲ့ဖန်မှာတော့ တခြားသူများ တွေးသည်ကို ဂရုမစိုက်ချေ။
အရာအားလုံးကို မေ့သွားသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
သူ့မျက်လုံးများကို ဖုံးထားရတဲ့ အကြောင်းရင်းမှာ ကြွားဝါရန် မဟုတ်ဘဲ အနှောင့်အယှက်တွေကို တားဆီးရန်သာ ဖြစ်သည်။
အခု အစောမှ လေ့လာချက်အရ သူသည် ကျည်ဆံခွံ၏ အနေအထားကို သော့ခတ်ထားပြီး သူ့စိတ်ထဲ၌ အကျယ်ချဲ့ထွင်နေသည်။
ထိုအခိုက်တွင် သူ၏ လက်ချောင်းသည် မောင်းပေါ်တွင် ရှိနေပြီး သူ၏သွေးဖြင့် စနိုက်ပါတို့မှာ ချိတ်ဆက်နေသကဲ့သို့ ခံစားလာရသည်။
သူ့ပတ်ဝန်းကျင်မှ အသံများနှင့် ရုပ်ပုံများမှာ သူ့စိတ်ထဲမှ ကွာဝေးလာတော့သည်။
သူဖန်တီးထားသည့် နယ်ပယ်ထဲသို့ ဝင်သွားသလို ဖြစ်သည်။
ထိုအချိန်၌ .......
ဒိုင်း
သူသည် မဆိုင်းမတွဘဲ မောင်းကို ဆွဲထုတ်လိုက်ရာ ကျည်ဆန်က ထွက်လာသည်။
လျုံဖုန်းဟိုင်သည် ထိုအခိုက်အတန့်တွင် အလွန်စိတ်လှုပ်ရှားနေသည်။
မိနစ်တိုင်းနှင့် စက္ကန့်တိုင်း ညှဉ်းပန်းနှိပ်စက်ခံနေရသည်ဟု ဆိုနိုင်သည်။
သူ အမှန်တကယ် ငြင်းလိုက်နိုင်သည်။
အကယ်၍ သူသည် မရမက ပြောပါက ယဲ့ဖန်သည် သူ့ကို အတင်းအကျပ် ခိုင်းစေမည် မဟုတ်ပေ။
သို့သော် သူသည် ရွှေစွပ်ပြုတ်လုံခြုံရေးကို အားကောင်းစေရန် ယဲ့ဖန် အနိုင်ရပြီး စီးရီးယပ်လုံခြုံရေးအင်အားစုမှ လူများကို နောက်ကွယ်မှ ထိန်းထားနိုင်မည်ဟု အမှန်တကယ်မျှော်လင့်ထားခဲ့သည်။
ထို့အပြင် ယဲ့ဖန်သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ဝယ်ယူပြီးနောက် သူတို့ကဲ့သို့ ရာထူးကြီးသူများကို ယုံကြည်ပေးခဲ့သည်။
သူသည် ရင်ထဲ အလွန်ထိမိပြီး သူ့ကို ငြင်းပယ်ရန် မလုပ်နိုင်ခဲ့ပေ။
ပိုအရေးကြီးသည်မှာ အကြောင်းတစ်ခုခုကြောင့် သူသည် နှစ်နာရီတည်းသာ သိကျွမ်းခဲ့ရသည့် ထိုလူငယ်အပေါ် နားမလည်နိုင်သည့် ယုံကြည်မှုတစ်ခု ရှိနေခဲ့သည်။
သို့သော် သူသည် ထိုနေရာတွင် ရပ်နေချိန်၌ သူ မတတ်နိုင်ဘဲ ထိတ်လန့်နေခဲ့ရသည်။
သူ အာသာကို မချီးကျူးဘဲ မနေနိုင်ပေ။
အာသာသည် သူ့အမူအရာပင် မပြောင်းလဲဘဲ ထိန်းထားနိုင်ခဲ့သည်။
သူသည် တကယ်ပင် ရက်စက်သည့်လူ ဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူ့စိတ်ထဲ၌ အတွေးပေါင်းစုံ ဝင်နေပြီး မရပ်တန့်နိုင်ပေ။
ထိုသည်က အကျိုးကျေးဇူး ရှိပုံရသည်။ သူ၏ တုန်လှုပ်ချောက်ချားမှုမှာ အနည်းငယ် သက်သာသွားပုံရသည်။
ထိုအချိန် လေပြင်းတစ်ချက်က သူ့ခေါင်းပေါ်ကို ဖြတ်တိုက်သွားသည်။
သူ့ဦးခေါင်းထက်မှ ပြတ်သားသည့် တိုက်မိသောအသံကို ကြားလိုက်ရပြီး အနောက်မှ ပေါက်ကွဲသံကြီး ထွက်လာသည်။
လေတိုက်ခြင်း၊ တိုက်မိခြင်းနှင့် ပေါက်ကွဲသံများ တစ်ချိန်တည်းနီးပါး ဖြစ်ပွားခဲ့သည်။
သူ၏ တုံ့ပြန်မှုသည် စက္ကန့်အနည်းငယ်မျှ နှောင့်နှေးသွားကာ တဖြည်းဖြည်း သတိပြန်မဝင်မီတွင် သူ၏ နားများ တုန်ခါသွားခဲ့သည်။
သူ အနောက်သို့ ပြန်ကြည့်လိုက်သည့်အခါ လီချန်း လုပ်ထားသည့် အပေါက်က အနည်းငယ် ပိုနက်နေသည်ကို တွေ့လိုက်ရသည်။
" သူ ထိသွားတာလား ... သူက တကယ် ထိသွားတာလား "
လျုံဖုန်းဟိုင် အာရုံပြန်ရလာပြီးနောက် သူ့မျက်လုံးပင် မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
ဒီကောင်လေးက သေချာပေါက် နတ်ဘုရားပဲ။
အာမေဋိတ်စကား ပြောအပြီးတွင် ကပ်ဘေးတစ်ခုမှ လွတ်မြောက်ရသည့် ရွှင်လန်းမှုတစ်ခု သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။
သူသည် ချက်ချင်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
" သူထိတယ်၊ သူထိသွားတယ် "
တစ်ချိန်တည်းမှာပင် ရလဒ်များကို မှန်ပြောင်းဖြင့် ကြည့်ရှုနေသူများလည်း အံ့အားသင့်ခဲ့ကြသည်။
လျုံလူအိုကြီးထက် ယဲ့ဖန်မှ ထိုကျည်ဆန်ကို မည်ကဲ့သို့ ပစ်ခတ်ခဲ့သည်ကို ကောင်းစွာသိသောကြောင့် အချိန်အကြာကြီး အံ့အားသင့်နေကြသည်။
သူက မျက်လုံးတွေကို ဖုံးပြီး ပစ်တာတောင် တကယ်ထိသွားတာလား။
ဒါက တကယ် စိတ်ကူးယဉ်ဇာတ်ကား မဟုတ်ဘူးလား။
အထူးသဖြင့် စီးရီးယပ်လုံခြုံရေးအင်အားစုမှ လူများသည် သူတို့၏ ဦးရေပြား ထုံကျင်သွားသည်ကို ခံစားခဲ့ရသည်။
သူတို့သည် ယဲ့ဖန်ကို လူမဟုတ်သလို ကြည့်ကြသည်။
နတ်တစ်ပါးကို ကြည့်နေသလို ကြည့်နေကြသည်။
ကီလိုမီတာတစ်ထောင်အကွာကနေ မျက်မမြင်တစ်ဦးက ကျည်ဆန်သေးသေးလေးကို ထိမှန်သွားနိုင်တာလား။
လီချန်း သူ့ကိုယ်သူ မေးလိုက်မိသည်။
သူသည် နောက်ထပ် အနှစ်တစ်ရာလောက် လေ့ကျင့်ခဲ့မည်ဆိုလျှင်ပင် ထိုအဆင့်ကို ရောက်နိုင်မည် မဟုတ်ချေ။
တစ်ဖက်လူ၏ စွမ်းဆောင်ချက်က သူ့နားလည်မှုကို လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် သူ့မျက်လုံးများကို ဖုံးထားသော အနက်ရောင်အ၀တ်စကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။
သူတို့၏ အံ့ဩနေသော အမူအရာများကို မြင်ပြီး သူ အံ့ဩသွားကာ ချက်ချင်း မေးလိုက်သည်။
" ဘာမှားလို့လဲ၊ လွဲသွားတာတော့ မဖြစ်သင့်ဘူး ...... "
အားလုံးသည် သူ့စကားကြားမှ အသိပြန်ကပ်လာသည်။
" လူကြီးမင်း၊ မင်းက လူလား သရဲလား "
အာသာက အရင်မေးသည်။
" လူကြီးမင်း၊ တပည့်လက်ခံသေးလား "
လီချန်းသည် ဘုရားကို ကိုးကွယ်နေသကဲ့သို့ သူ့မျက်နှာပေါ်တွင် ရိုသေသော အကြည့်ဖြင့် ကြည့်နေသည်။
စနိုက်ပါဘုရားသခင်ဟု လူသိများသော သူသည် အခြားသူအား အရိုအသေ ပြုနေသည်။
" ယဲ့ဖန်၊ နင် လှည့်စားနေတာလား "
ချန်းဖေးအယ်၏ မျက်နှာမှာလည်း မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်သည် ယခင်က သူမကို အံ့အားသင့်စရာများစွာ ပေးခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာတော့ သူမ နားမလည်နိုင်ပေ။
ပြောစရာမလိုအောင်ပင် အခြားသူများအားလုံးက ယဲ့ဖန်ကို ဘီလူးတစ်ကောင်လို ကြည့်နေကြသည်။
ဒီလူက နတ်ဘုရားလား။
အပိုင်း ( ၉၅၉ )
စစ်မှန်တဲ့ ခွန်အားကို စမ်းသပ်နိုင်တယ်ဆိုတာ သေချာလား
လျုံဖုန်းဟိုင်သည် ဂျစ်ကားကို အမြန်ပြန်မောင်းလာလိုက်သည်။
ကားပေါ်မှ ဆင်းလိုက်သည်နှင့် စိတ်လှုပ်ရှားစွာ ပြေးပြီး ယဲ့ဖန်ကို ပွေ့ဖက်လိုက်သည်။
" ယဲ့လူကြီးမင်း၊ မင်းက သိပ်အံ့သြစရာကောင်းတာပဲ မဟုတ်လား။ မင်း ကျည်ခွံကို တကယ်ထိသွားတာပဲ။ ငါက လျုံလူအိုကြီးက မင်းကို တကယ် လေးစားပါတယ် ..... "
သူ့စကားသည် စိတ်နှလုံးသားထဲမှ ထွက်လာသည်ကို မြင်နေရသည်။
လူတိုင်းသည် သူ၏ ခံစားချက်များကို နားလည်နိုင်ပြီး သူတို့လည်း သူလို စိတ်လှုပ်ရှားနေကြသည်။
ယဲ့ဖန်သည် သူတို့၏ စိတ်ကို လုံးလုံး သိမ်းပိုက်လိုက်နိုင်သည်။
အားနည်းပုံရသော ထိုလူငယ်လေးသည် သူ၏ သေနတ်ပညာကို ပြီးပြည့်စုံသောအဆင့်အထိ အသုံးချနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
" လျုံအစ်ကိုကြီး၊ အခုနက သူ ဘယ်လိုပစ်လိုက်လဲဆိုတာ သိလား "
သူမသည် ချက်ချင်း မေးလိုက်ရင်းဖြင့် ချန်းဖေးအယ်၏ မျက်နှာသည် လိမ္မာပါးနပ်စွာဖြင့် တောက်ပလာသည်။
" သူ ဘယ်လို ပစ်လိုက်တာလဲ "
လျုံဖုန်းဟိုင် စိတ်ရှုပ်သွားသည်။
" သူက ဘယ်လို ပစ်ရမှာလဲ။ အဲ့တာက ချိန်ရွယ်ပြီး ခလုတ်ဆွဲလိုက်တာပဲ မဟုတ်ဘူးလား "
ချန်းဖေးအယ် ပါးစပ်ကို အုပ်ပြီး ရယ်သည်။
" သူ မျက်လုံးတွေကို မှိတ်ထားပြီး ပစ်လိုက်တာ "
လျုံဖုန်းဟိုင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။
ထို့နောက် ခြေထောက်များ အားနည်းသွားသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးထောက်လုနီးပါး ဖြစ်သွားသည်။
" သူက မျက်စိကို ပိတ်ပြီး ပစ်လိုက်တာ .... "
သူ့ကို မြင်ပြီး အားလုံးက ရယ်မောလိုက်ကြသည်။
လျုံဖုန်းဟိုင်သည် ယဲ့ဖန်အား ကြောင်အစွာဖြင့် ကြည့်နေသည်။
" လူကြီးမင်းက ငါ့ဘဝနဲ့ ကစားနေတာလား "
ကံကောင်းထောက်မစွာဖြင့် သူသည် အဝေးကြီးတွင် ရှိနေခဲ့ပြီး ရှင်းလင်းစွာ မမြင်ခဲ့ရပေ။
ယဲ့ဖန်သည် သူ့မျက်လုံးများကို အုပ်ပြီး သေနတ်ဖြင့် ပစ်နေသည်ကို သူသိပါက ဆီးထွက်ကျသွားနိုင်သည်။
ယဲ့ဖန် ပြုံးပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" အခုက အဆင်မပြေဘူးလား။ ဆံပင်တစ်ပင်တောင်မပျောက်ဘူးလေ "
လျုံဖုန်းဟိုင်သည် အကြာကြီး အာရုံပြန်မကပ်နိုင်ဘဲ ကြောင်အစွာဖြင့် သူ့ကိုကြည့်နေသည်။
ထိုလူငယ်သည် မီတာ ၁၀၀၀ အကွာမှ ကျည်ဆန်ကို ထိမှန်သွားသည်မှာ ထိတ်လန့်စရာဖြစ်နေသည်။
ထိုသို့ လက်ဖြောင့်မှုမျိုးကို စနိုက်ပါနတ်ဘုရားသခင် လီချန်း နှင့် နှိုင်းယှဉ်နိုင်သည်။
တစ်ဖက်လူမှ သူ့မျက်လုံးများကို မှိတ်ထားကြောင်း ကြားလိုက်ရသည်က သူ၏ နားလည်မှုကို လုံးဝ ပြောင်းသွားစေသည်။
သူက လူသားရော ဟုတ်ရဲ့လား။
ထိုအချိန်တွင် အာသာသည် ယဲ့ဖန်ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
" ယဲ့လူကြီးမင်း၊ မင်းရဲ့ သေနတ်ကျွမ်းကျင်မှုကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ငါ့ရဲ့ မလေးစားတဲ့ စကားတွေကို ပြန်သိမ်းပါတယ်။ မင်း စိတ်မရှိဘူးဆိုရင် ငါတို့ စီးရီးယပ်လုံခြုံရေးအင်အားစုက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှာ ပါဝင်ပြီး လူကြီးမင်းကို အစေခံဖို့ ဆန္ဒရှိပါတယ် "
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အဆင့်မြင့်အရာရှိများသည် ထိတ်လန့်မှုမှ ပြန်လည်သတိလည်လာခဲ့ကြသည်။
အာသာ၏ စကားကြောင့် အလွန်ဝမ်းသာနေကြသည်။
စီးရီးယပ်လုံခြုံရေးအင်အားစု၏ ပူးပေါင်းမှုနှင့်အတူ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Company ၏ အင်အားသည် ကျိန်းသေ တိုးလာမည်ဖြစ်သည်။
ယဲ့ဖန်သည်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
သူ့လက်ကို ဆန့်ထုတ်ရန် အစပြုခဲ့သည်။
" ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ ကိုယ်စား စီးရီးယပ်လုံခြုံရေးအင်အားစုကို ကြိုဆိုပါတယ် "
အာသာသည် စီးရီးယပ်လုံခြုံရေးအင်အားစု ကိုယ်စား သူနှင့် လက်ဆွဲနှုတ်ဆက်သည်။
"ကျွန်တော်တို့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားပေမယ့် ဒီလောင်းကြေးကို အပြီးသတ်ချင်ပါသေးတယ်"
တက်ရောက်သူတိုင်း စိတ်ရှုပ်သွားသည်။
သူတို့ပူးပေါင်းပြီးတာကို ဒီလောင်းကြေးကို ဆက်လုပ်ဖို့ လိုအပ်သေးလို့လား။
အာသာသည် လူတိုင်း၏ စိတ်ရှုပ်ထွေးမှုကို သတိပြုမိပုံရပြီး ပြောသည်။
" ယဲ့လူကြီးမင်းရဲ့ ခွန်အားကို ဒီနေ့ အားလုံး သေချာ နားလည်သွားပါပြီ။ အဲ့တာကြောင့် နောက်ထပ် အံ့အားသင့်စရာတွေ ဘယ်လို ယူဆောင်လာပေးမလဲဆိုတာကို မြင်ချင်လို့ပါ "
ရွှေစွပ်ပြုတ်မှ အစောင့်များလည်း အပါအဝင် ယဲ့ဖန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
သူတို့၏ သူဌေးအသစ်မှ မည်မျှအထိ စွမ်းဆောင်နိုင်သည်လဲ ဆိုတာကို သိချင်နေကြသည်။
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" ကျွန်တော့်ရဲ့ ခွန်အားအစစ်အမှန်ကို စစ်ဆေးနိုင်မှာတဲ့လား "
သူ့စကားမှာ အနည်းငယ် မာနကြီးဟန်ပေါ်သည်။
တစ်ဖက်လူသည် ကြေးစားလောကတွင် အပြင်းထန်ဆုံးလူ ဖြစ်သည်။
သာမန်လူတစ်ယောက်မှ ထိုစကားမျိုး ပြောရဲပါက သူတို့သည် ဘယ်လိုသေသွားမှန်းပင် မသိဘဲ သေသွားနိုင်သည်။
သို့သော် ယဲ့ဖန်မှ ထိုစကားများ ပြောသည့်အခါ သူတို့ လက်မခံနိုင်စရာ မရှိပေ။
အမှန်ပင် ယဲ့ဖန်မှ ပြသခဲ့သော လက်ဖြောင့်မှုမှာ ရှိနေသူအားလုံးကို သတ်ပစ်လိုက်နိုင်သည်။
အာသာ၏ အမူအရာသည် မူလမှ မာနကြီးသောအသွင်သို့ ပြန်ဖြစ်သွားခဲ့သည်။
" ယဲ့လူကြီးမင်း၊ မင်းရဲ့လက်စွမ်းက ငါတို့ထဲက အားလုံးထက်တောင် ပိုကောင်းတယ်ဆိုတာကို ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ တခြားစွမ်းရည်တွေနဲ့ ယှဉ်ရင် မင်း ယှဉ်နိုင်မှာ မဟုတ်ဘူး "
ယဲ့ဖန် မကျေမနပ် ပြုံးလိုက်သည်။
" ဒါဆို ဘာတွေပြိုင်ချင်သေးတာလဲ "
အာသာက သူ့နောက်မှ ပုံစံတူ သစ်တောဧရိယာကို ပြန်ကြည့်လိုက်သည်။
သစ်တောဧရိယာသည် အပူပိုင်းမိုးသစ်တော၏ ပုံစံအတိုင်းဖြစ်ပြီး အနည်းဆုံး ဟက်တာအနည်းငယ်ခန့် လွှမ်းခြုံထားသည်။
မြေလက်မတိုင်း ရွှေသို့ တန်ဖိုးရှိသည့် လောင်းကစားနယ်မြေလို နေရာမျိုး၌ ဤသို့နေရာမျိုးရှိခြင်းဖြင့် ရွှေစွပ်ပြုတ်ကုမ္ပဏီ၏ စွမ်းရည်ကို သိနိုင်သည်။
" ဒုတိယအကျော့ကို ကင်းထောက်စွမ်းရည်နဲ့ တန်ပြန်ထောက်လှမ်းမှုစွမ်းရည် ပြိုင်ပွဲပါ "
အာသာသည် ပစ္စတိုနှစ်လက်ကို ထုတ်ပြီး ပြောခဲ့သည်။
" ကျွန်တော်တို့ တောထဲမှာ ပစ္စတိုတစ်လက်ကို ဝှက်ထားမယ်။ တစ်ဖက်သားကို စိတ်ရှုပ်ထွေးစေမည့် ထောင်ချောက်တွေကို လုပ်ဖို့ ခွင့်ပြုထားတယ်။ တစ်ဖက်လူရဲ့ ပစ္စတိုကို ပထမဆုံး ရှာနိုင်တဲ့ဖက်က အနိုင်ရမယ် "
ထိုစကားကို ယဲ့ဖန်ကြားပြီးနောက် သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
" စိတ်ဝင်စားဖို့ကောင်းတယ်။ လောင်းကြေးကရော "
အာသာ သူ့ကို ပစ္စတိုသေနတ် ပစ်ပေးလိုက်သည်။
" ကျွန်တော်သာ အနိုင်ရရင် နှစ် ၂၀စာချုပ်ကို တစ်နှစ် ပြောင်းရလိမ့်မယ်။ တစ်နှစ်ပြီးမှ စာချုပ်တိုးချင်ရင် ပြန်စဉ်းစားပါ့မယ် "
ယဲ့ဖန် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
" ဒါဆို ကျွန်တော် အနိုင်ရရင် မင်းရဲ့ စာချုပ်ကို အနှစ်သုံးဆယ် တိုးရလိမ့်မယ် "
သူ့လောင်းကြေးကို ကြားပြီး လူတိုင်း အံသြသွားကြသည်။
နှစ် 30 စာချုပ်လား။
ဒါက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား?
အာသာသည် အသက်သုံးဆယ်ကျော်နေပြီ ဖြစ်သည်။
အနှစ်သုံးဆယ်စာချုပ် ချုပ်ဆိုပါက အသက်ခြောက်ဆယ်ကျော်ရှိမည် ဖြစ်သည်။
သူ့ကိုယ်သူ ရောင်းစားတာနဲ့ မတူဘူးလား။
အာသာက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
" ပြဿနာမရှိပါဘူး "
အပိုင်း ( ၉၆၀ )
မဟုတ်တာ မပြောနဲ့၊ ဘာကို သူဌေးကတော်လဲ
အာသာသည် အရှင်းဆုံး ပြောရလျှင် သူရှုံးမည်ဟု မထင်ထားချေ။
ယဲ့ဖန်သည် ထူးချွန်ပြောင်မြောက်သော သေနတ်နည်းပညာများကို ပြသခဲ့၍ အလွန်အထင်ကြီးခဲ့သော်လည်း ကင်းထောက်မှုနှင့် တန်ပြန်ထောက်လှမ်းမှုတွင် သူ့လောက် ကောင်းကောင်းမလုပ်နိုင်လောက်ပေ။
စီးရီးယပ်လုံခြုံရေးအင်အားစုသည် ထိုသည်တို့ကို မရေမတွက်နိုင်စွာ သေခြင်းရှင်ခြင်းဆိုင်ရာ စမ်းသပ်မှုများမှတဆင့် အတွေ့အကြုံများ စုဆောင်းရခဲ့သည်။
တကယ့်စစ်မြေပြင်မှာ တစ်ခါမှ မဖြစ်ဖူးတဲ့ သခင်လေးလို လူငယ်လေးက သူတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ထို့နောက် သူတို့နှစ်ဦးသည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ ဂိုဒေါင်သို့ သွားရောက်၍ လိုအပ်သော ပစ္စည်းများကို ရှာဖွေခဲ့ကြသည်။
သူတို့ မထွက်ခွာမီတွင် လျုံဖုန်းဟိုင်သည် တောထဲမှ သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အားကစားကင်မရာနှစ်လုံးကို ပုခုံးပေါ်တွင် ချိတ်ပေးထားသည်။
ဤအရာသည် အခြားသူများ ကြည့်ရှုရန် ပိုမိုလွယ်ကူစေဖို့ ဖြစ်သည်။
အားလုံး အဆင်သင့်ဖြစ်ပြီးနောက် သူတို့နှစ်ဦးသည် လက်သီးများကို တင်းတင်းဆုပ်လျက် အသွင်တူသစ်တောဆီသို့ လျှောက်သွားကြသည်။
လျုံဖုန်းဟိုင်၊ ချန်းဖေးအယ်နှင့် အခြားသူများသည် တဖြည်းဖြည်း ဝေးရာသို့ ထွက်ခွာသွားသော လူနှစ်ယောက်၏ နောက်ကျောကို ကြည့်ပြီး စောင့်မျှော်နေကြသည်။
" ဒီပွဲမှာ ဘယ်သူအနိုင်ရမယ် ထင်လဲ "
" မေးစရာရှိလို့လား၊ သေချာပေါက် အာသာပေါ့ "
" သူက လုပ်ကြံသတ်ဖြတ်သူလေ။ တောထဲမှာပဲ နေလေ့ရှိတယ် "
" ငါလည်း အဲ့လိုထင်တယ်။ ယဲ့လူကြီးမင်းရဲ့ လက်စွမ်းက ကောင်းပေမယ့် သူက ဘုရင်လို ပဲ နေထိုင်ခဲ့ရတာ။ အာသာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "
" ဒါဆိုရင် ယဲ့လူကြီးမင်း ဝှက်ထားတဲ့အရာကို ရှာတွေ့ဖို့ အာသာ ဘယ်လောက်ကြာမယ်ထင်လဲ "
" နာရီဝက်လောက်ရှိမယ် ထင်တယ် "
" မိနစ်နှစ်ဆယ်လောက် ရှိမယ် "
" ဆယ်မိနစ်လောက်ပဲ၊ မပိုဘူး ........... "
လျုံဖုန်းဟိုင်သည် ချန်းဖေးအယ်၊ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီနှင့် စီးရီးယပ်လုံခြုံရေးအင်အားစု အဖွဲ့ဝင်များကို ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုဧည့်ခန်းသည် အလွန်ကျယ်သည်။
လူ ၂၀၀ကျော် ထိုင်ရန်လုံလောက်သည်။
ဧည့်ခန်းနံရံတွင် ကြီးမားသော မျက်နှာပြင်ကြီးတစ်ခု ရှိသည်။
ယဲ့ဖန်နှင့် အာသာတို့သည် သူတို့၏ ကင်မရာများနှင့်အတူ ရိုက်ထားသောပုံများကို ဖန်သားပြင်ပေါ်တွင် အချိန်နှင့်တပြေးညီ ပြသနိုင်သည်။
" ချန်းမမလေး၊ ကျေးဇူးပြုပြီး ဒီမှာထိုင်ပါ "
လျုံဖုန်းဟိုင်သည် ချန်းဖေးအယ်ကို ပထမတန်းသို့ ခေါ်ဆောင်ကာ အလယ်ဗဟိုသို့ ညွှန်ပြသည်။
ချန်းဖေးအယ်သည် ထိုထိုင်ခုံမှာ ရာထူးအမြင့်ဆုံးရှိသူအတွက် ဖြစ်မှန်း သေချာပေါက်သိသည်။
သူမ လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ရှင် အဲ့ဒီမှာ ထိုင်လို့ရပါတယ်။ ကျွန်မ အဆင်ပြေတဲ့ခုံလေး ရှာလိုက်မယ် "
သို့သော် လျုံဖုန်းဟိုင်သည် အလွန်ပင် ငြင်းဆန်နေခဲ့သည်။
" ဘယ်လိုလုပ် ရမှာလဲ။ ယဲ့လူကြီးမင်းက အခု ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ သူဌေးဖြစ်နေတော့ မင်းက ငါတို့ရဲ့ သူဌေးကတော်ပဲ။ အဲ့ဒီထိုင်ခုံက မင်းအတွက် အသင့်တော်ဆုံးပဲ "
ချန်းဖေးအယ်၏ လှပသော မျက်နှာသည် ချက်ချင်းပင် သူမ၏ နားရွက်ဆီသို့ အနီရောင်ပြောင်းသွားသည်။
" ရှင် ... မဟုတ်တဲ့စကား မပြောနဲ့။ ဘယ်သူက သူဌေးကတော်လဲ။ ကျွန်မက သူ့ရည်းစားမဟုတ်ဘူး "
လျုံဖုန်းဟိုင်သည် သူမအား နားလည်မှုလွဲနေခဲ့သည်။
သူမသည် ယဲ့ဖန်၏ ချစ်သူဖြစ်သည်ဟု သူ ထင်ခဲ့သည်။
သို့သော် လျုံဖုန်းဟိုင်မှ 'နားလည်သည်'ဟူသော ပြုံးပြသည်။
" အဆင်ပြေပါတယ်။ လောင်းကစားနယ်မြေက ပြည်မကြီးနဲ့ မတူပါဘူး။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုက ပိုပွင့်လင်းပါတယ်။ လောင်းကစားဘုရင်မှာ မောင်းမမိဿံတွေ အများကြီးရှိပြီး သူတို့အားလုံးက အတူတူပါပဲ "
ချန်းဖေးအယ်သည် အတော်လေးကို ရူးချင်နေပြီ ဖြစ်သည်။
ဘာလို့ ကိုယ်လုပ်တော်တွေအကြောင်း ထပ်ပြောနေတာလဲ။
သူက သူမကို ယဲ့ဖန်ရဲ့ ကိုယ်လုပ်တော်ဖြစ်စေချင်နေတာလား။
သတ်သာ သတ်သွားလိုက်ပါလား။
သူမသည် အကြိမ်အနည်းငယ် ထပ်မံငြင်းဆိုခဲ့သော်လည်း လျုံဖုန်းဟိုင် နှင့် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ အမှုဆောင်အဖွဲ့တစ်ဖွဲ့က အခိုင်အမာပြောဆိုတေသောကြောင့် ထိုထိုင်ခုံတွင် ထိုင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
လျုံဖုန်းဟိုင်နှင့် အထက်အရာရှိများအဖွဲ့သည် သူမအား လေးစားလွန်းနေသဖြင့် သူမသည် အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရသည်။
ထိုလူများ သူမကို အလွန်လေးစားနေရသည့် အကြောင်းရင်းမှာ ယဲ့ဖန်ကြောင့်ပဲ ဆိုသည်ကို သူမသိသည်။
သူမသည် သူ့ထံမှ အကျိုးခံစားနေရသည်။
သို့သော် အမှန်တိုင်း ပြောရလျှင် သူမသည် ထိုကဲ့သို့ ဂုဏ်သရေကို လုံးဝ မလိုချင်ပေ။
သူမ ထိုင်ပြီးနောက် အခြားသူများလည်း ထိုင်ကာ တောထဲမှ လူနှစ်ဦး၏ မြင်ကွင်းကို စတင် ကြည့်ရှုကြသည်။
စီးရီးယပ်လုံခြုံရေးအင်အားစု၏ လက်ထောက်တပ်မှူးမှ မျှော်လင့်ထားသည့်အတိုင်း အာသာသည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ တောထဲသို့ ဝင်သွားကာ ခြေရာပင် မကျန်ရစ်ခဲ့ပေ။
ဆန့်ကျင်ဘက်တွင် ယဲ့ဖန်သည် ဤနေရာ၌ အားလပ်ရက်အပန်းဖြေရန် ရောက်လာပုံရသည်။
သူသည် အေးဆေးစွာသာ လမ်းလျှောက်နေခဲ့သည်။
သူသည် မြက်ပင်အနည်းငယ်ကို ရံဖန်ရံခါ ဆွဲနှုတ်ပြီး အချိန်အကြာကြီး လေ့လာနေခဲ့သည်။
သူသည် ထိုနေရာတွင် ယှဉ်ပြိုင်ရန် ရှိနေပုံမပေါ်ဘဲ အသီးအနှံများကို ရွေးရန် ရောက်လာသကဲ့သို့ ဖြစ်နေသည်။
လျုံဖုန်းဟိုင်သည် ရုတ်တရက် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။
ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။
" မမလေးချန်း၊ ယဲ့လူကြီးမင်းက စုံစမ်းစစ်ဆေးရေးနဲ့ တန်ပြန်စုံစမ်းစစ်ဆေးရေးမှာ အရင်က အတွေ့အကြုံရှိဖူးလား "
ချန်းဖေးအယ် မျက်လုံးပြူးသွားသည်။
" ကျွန်မ ဘယ်လိုလုပ် သိမှာလဲ။ ကျွန်မ သူနဲ့မရင်းနှီးဘူး "
လျုံဖုန်းဟိုင်သည် နောက်ထပ်မေးခွန်းများကို ထပ်မမေးရဲတော့ပေ။
သို့သော် သူ့ထင်မြင်ချက်အရ ယဲ့ဖန်သည် လမ်းတစ်လျှောက်၌ ခြေရာတွေ အများကြီးကျန်နေခဲ့သည်။
ထိုသည်က သူ့ကို ခြေရာခံရရန် အလွန်လွယ်ကူစေသည်။
ဤသည်မှာ ကင်းထောက်ရာ၌ ဆန့်ကျင်ရေး သည့် ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သည်။
သို့သော် ယဲ့ဖန်ကတော့ ထိုအရာကို သတိမပြုမိသေးပေ။
'ဆေး'အချို့ကို အချိန်အတော်ကြာ ကောက်ယူပြီးနောက် သစ်ပင်တစ်ပင်ကို တွေ့ရှိပြီး ထွက်မသွားမီ သေးပန်းခဲ့သေးသည်။
ချန်းဖေးအယ်သည် သူမ၏ စိတ်ထဲမှ ကျိန်ဆဲပြီး အကြည့်ကို အမြန်လွှဲလိုက်သည်။
ဒီခွေးကောင်က မိန်းကလေးတစ်ယောက် ကြည့်နေတယ်ဆိုတာ မသိဘူးလား။
သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။
စီးရီးယပ်လုံခြုံရေးအင်အားစုမှ အဖွဲ့ဝင်များသည် အထင်သေးစွာ ရယ်မောနေကြသည်။
သူတို့မျက်လုံးထဲ၌ ယဲ့ဖန်၏ လက်ရှိဖျော်ဖြေမှုမှာ အပျော်တမ်းသာဖြစ်သည်။
သဲလွန်စများစွာ ကျန်ရစ်ခဲ့သဖြင့် အာသာသည် သူ့ကို အလွယ်တကူ ခြေရာခံနိုင်ပေမည်။
ဒီပွဲတွင် သူတို့ အနိုင်ရနိုင်မည့်ပုံရသည်။
တစ်ဖက်တွင်လည်း ရွှေစွပ်ပြုတ်မှ ဝန်ထမ်းများအားလုံးမှာ စိတ်ပျက်သွားကြရသည်။
" ငါတို့သူဌေးက နည်းနည်း ပေါ့ပါးလွန်းနေတာ မဟုတ်ဘူးလား "
" ဟုတ်တယ်၊ အာသာလို ထိပ်တန်းလူသတ်သမား ရင်ဆိုင်နေရတာ ပိုသတိမထားသင့်ဘူးလား "
" ပြီးပြီ။ ငါတို့ ဒီပွဲကို ရှုံးမှာ သေချာတယ်။ သူက ဟာကွက်တွေ အများကြီး ချန်ထားခဲ့တာ။ စုံစမ်းစစ်ဆေးမှုအတွေ့အကြုံရှိတဲ့သူတိုင်း သူ့ကို အလွယ်တကူ ခြေရာခံနိုင်တယ် "
" အင်း ..… ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး ..... "
ထိုလူများသည် ချုပ်တည်းမှုရှိကြသည်။
ယဲ့ဖန်သည် သူတို့၏ သူဌေးဖြစ်နေခြင်းကြောင့် မဟုတ်ပါက သူတို့ စတင်ကျိန်ဆဲနေပေလိမ့်မည်။
အာသာသည် ပို၍ အတွေ့အကြုံရှိသည်။
သူသည် သူ့ပြိုင်ဘက်ကို ရှုပ်ထွေးစေရန် လမ်းတစ်လျှောက်တွင် အတုအယောင်များစွာ ပြုလုပ်ခဲ့သည်။
အဆုံးတွင် အလွန်လျှို့ဝှက်သောနေရာကို ရှာတွေ့ပြီး ပေါက်တူးဖြင့် အပေါက်တစ်ခုကို တူးခဲ့သည်။
ပစ္စတိုသေနတ်ကို မြှုပ်နှံပြီး သဲလွန်စမကျန်အောင် ဂရုတစိုက် ဖုံးအုပ်ထားခဲ့သည်။
တစ်ချိန်လုံး သေချာ မကြည့်ထားပါက ထိုနေရာတွင် မြှုပ်နှံထားသည်ကို တွေ့ရှိလိမ့်မည် မဟုတ်ချေ။
အာသာသည် အမြန်ပြန်မထွက်သွားချေ။
ထိုအစား သူသည် ထောင်ချောက်များကို စတင်ဖန်တီးခဲ့သည်။
သူသည် ထောင်ချောက်များကို တပ်ဆင်ရာတွင် အလွန်ကျွမ်းကျင်ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။