← Chapters

ဓားထုတ်ဖို့လား... မင်းနဲ့မထိုက်တန်ဘူး...

Vol. 5 Ch. 66

ဓားထုတ်ဖို့လား... မင်းနဲ့မထိုက်တန်ဘူး...

Vol. 5 Ch. 66

လော့ချန် စကားတစ်ခွန်း ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။

လော့ချန်ကို ရှိရင်းစွဲအလုပ်သင်တပည့်များအားလုံးက မယုံကြည်နိုင်စွာဖြင့် စူးစိုက်ကြည့်နေကြသည်။

မနေ့က လော့ချန်သည် လီဟွေ့ကို စိန်ခေါ်မည်ဟုဆိုခဲ့ရာ လူအများက ထိုအရာကို လော့ချန်က ဒေါသအလျှောက် မျက်နှာမပျက်ရန်အတွက်သာ ပြောကြားလိုက်သည်ဟု ထင်မှတ်ထားကြသည်။

လော့ချန်က တကယ်လုပ်ရဲလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်မှ ထင်မထားခဲ့ပေ။

“ဒီလော့ချန်က အရူးဖြစ်သွားပြီ... သေချာပေါက် အရူးဖြစ်သွားပြီ...”

“အသုံးမကျသိုင်းဝိညာဉ်လေးနဲ့ ကောင်းကင်နဲ့မြေကြီးကို မသိတာ တကယ်ပဲ...”

လူအများက ထိတ်လန့်မှုကြားမှ လော့ချန်က အလွန်မာဏကြီးလွန်းသည်ဟု ခံစားရသည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့် ၃ တွင်ပင်လျှင် စွမ်းအားအတွင်း၌ အဆင့်အတန်း ကွဲပြားမှု ရှိသည်။

လီဟွေ့က ရွှမ်ယွမ်ဂိုဏ်းသို့ ဝင်ရောက်လာပြီး တစ်နှစ်ကျော်ကြာ သိုင်းပညာကျင့်စဉ်များ လေ့ကျင့်ခဲ့ပြီး သူ၏စွမ်းအားက ရိုးရှင်းနေခြင်း မဟုတ်ချေ။ အသုံးမကျသိုင်းဝိညာဉ်နိုးကြားလာသူ အဆိုးရွားဆုံးသောသူတစ်ဦးက လီဟွေ့နှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

အကြီးအကဲဟယ်လည်း ခဏမျှ အံ့အားသင့်သွားပြီးနောက် အေးဆေးစွာဖြင့် ပြောလိုက်သည်။

“မင်းက လီဟွေ့ကို စိန်ခေါ်ချင်တာလား... မင်းက လီဟွေ့ကို အနိုင်ယူနိုင်ရင် သူရရှိထားတဲ့ အခွင့်အရေးတွေကို မင်းလည်း ရရှိခံစားနိုင်မှာပဲ... ဒါပေမဲ့ လူတစ်ယောက်က ကိုယ်ကိုယ်ကိုယ် သိရှိထားဖို့တော့လိုတယ်... ကောင်းတဲ့အခွင့်အရေးတွေ လိုချင်ရင်လည်း အဲဒါနဲ့လျော်ညီတဲ့ စွမ်းအားရှိမှရမယ်... မဟုတ်ရင် သူတစ်ပါးရဲ့ ရယ်မောစရာပဲ ဖြစ်လာလိမ့်မယ်... ဒါကို မင်းသေချာစဉ်းစားရမယ်...”

“ကျွန်တော် သေချာစဉ်းစားပြီးသားပါ...”

လော့ချန်က ကွင်းပြင်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာပြီး လီဟွေ့ကို စူးစိုက်ကြည့်ကာ တိုက်ခိုက်လိုစိတ်အဟုန် ထွက်ပေါ်လာသည်။

“ဟား... ဟား... ဟား... မာနကြီးလွန်းတာက ကောင်းတဲ့အရာ မဟုတ်ဘူးနော်...”

အကြီးအကဲဟယ်၏ မျက်ဝန်းနှစ်ဖက်မှာ အနည်းငယ် မှေးမှိန်သွားပြီး လီဟွေ့အား ပြောလိုက်သည်။

“လီဟွေ့ သူက မင်းကိုစိန်ခေါ်ချင်တယ်ဆိုတော့ မင်းလည်း ဧည့်သည်လိုမလုပ်နဲ့တော့...”

အကြီးအကဲဟယ်က လော့ချန်အား အခက်အခဲသိပြီး ဆုတ်ခွာသွားစေရန် ရည်ရွယ်ခဲ့သော်လည်း လော့ချန်က သူ့မျက်နှာကို လုံးဝ မထောက်သဖြင့် သူ၏လေသံမှာ အနည်းငယ် ဒေါသထွက်လာသည်။

“ဟုတ်ကဲ့...”

လီဟွေ့က ဖျတ်လတ်စွာ ပြုံးလိုက်ပြီး လှမ်းလျှောက်လာသည်။

လူအုပ်ကြီးက သူ့အလိုလို ပွင့်ထွက်သွားကာ လော့ချန်နှင့် လီဟွေ့တို့ကို ဝိုင်းပတ်ကြည့်ရှုလာကြသည်။

အနီးအနားမှ ဖြတ်သွားဖြတ်လာလုပ်နေသော ရှေးရိုးအလုပ်သင်တပည့်များလည်း စိတ်ဝင်စားသွားကြပြီး တဖြည်းဖြည်း ဝိုင်းအုံလာကြသည်။

“ရွှမ်ယွမ်ဂိုဏ်းကို ရောက်ရောက်ချင်းမှာ လီဟွေ့ကို စိန်ခေါ်တာ ဒီကောင်လေး တော်တော်ရဲတင်းတာပဲ... သူဘယ်နှစ်ချက်ထိ ခံနိုင်မယ်ထင်လဲ..."

"ငါကတော့ အများဆုံး ဆယ်ချက်လောက်ပဲထင်တယ်..."

“ဆယ်ချက်လား... မင်းကသူ့ကို အထင်ကြီးလွန်းနေပြီ... ငါကြည့်ရတာ သုံးချက်လောက်ပဲ...”

လူအုပ်ကြီးက လော့ချန်ကို ရယ်စရာတစ်ခုအဖြစ်သာ ရှုမြင်ကြပြီး မည်သူ တစ်ဦးတစ်ယောက်မှ သူ့အား အားပေးထောက်ခံသူ မရှိပေ။

လီဟွေ့က လော့ချန်ရှေ့တွင် ရပ်တန့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“မင်းတကယ်ပဲ ငါ့ကို စိန်ခေါရဲမယ်လို့ မထင်ထားဘူး... အခုတော့ နောင်တရဖို့ နောက်ကျသွားပြီ...”

လော့ချန်က အေးဆေးစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။

“ငါက ဘာလို့ နောင်တရရမှာလဲ...”

လီဟွေ့က အေးစက်စွာ ရယ်လိုက်သည်။

“အပြောကတော့ တော်တော်မာတယ်ပဲ... ဓားဆွဲလိုက် မင်းမှာ ဘယ်လောက်အစွမ်းရှိလဲ ငါကြည့်ချင်တယ်...”

လော့ချန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

“မင်းလိုလူမျိုးလောက်နဲ့ဆို ငါ ဓားဆွဲဖို့တောင် မထိုက်တန်ဘူး...”

ဤစကားထွက်လာသည်နှင့် တစ်ကွင်းလုံး မျက်လုံးပြူးမျက်စံပြာကာ အံ့အားသင့်သွားကြသည်။ လူတစ်ယောက်က မာနကြီးလွန်းရုံတင်မကဘဲ အကန့်အသတ်လည်းရှိရမည် မဟုတ်ပေလော။

အနီးအနားရှိ အကြီးအကဲဟယ်ပင်လျှင် မျက်ခုံးများကို တွန့်လိမ်လိုက်မိသည်။

လီဟွေ့က သူ၏အားပေးထောက်ခံမှုကို အမြဲရရှိထားသူဖြစ်ပြီး ပုံမှန်ရက်များတွင် သူ့အား လမ်းညွှန်မှုများ ပေးလေ့ရှိသဖြင့် သူ၏တပည့်တစ်ဝက်ဟုပင် ဆိုနိုင်သည်။ ယခုကဲ့သို့ လျစ်လျူရှုခံရခြင်းက သူ့အတွက် မျက်နှာပျက်ရာရောက်သည်။

“လီဟွေ့ လော့ချန်က ဒီလောက်ယုံကြည်ချက်ရှိနေတာဆိုတော့ မင်း အရာအားလုံးကို ဖုံးကွယ်မထားနဲ့တော့... မင်းရဲ့ လင်ဖုန်းဓားစွမ်းရည်ကို သူ့ကို သေချာလေ့လာခွင့်ပေးလိုက်...”

အကြီးအကဲဟယ်၏ လေသံက အနည်းငယ် ပိုမိုပြင်းထန်လာသည်။

“ဟုတ်ကဲ့...”

လီဟွေ့လည်း ဒေါသထွက်လာပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။

“ကောင်စုတ်လေး ဒါ မင်းကိုယ်တိုင် ပြဿနာရှာတာနော်... လဲကျလိုက်စမ်း...”

“ချွမ်...”

ထိုအသံတစ်ခုနှင့်အတူ လီဟွေ့၏ဓားက လွှတ်ထွက်လာသည်။ သူ၏ဓားက အလွန်လျင်မြန်ပြီး တဖျတ်ဖျတ် တောက်ပနေသော ဓားအလင်းတန်းတစ်ခုက လော့ချန်ဆီသို့ လှိုင်းထန်စွာ ဝင်ရောက်လာသည်။ ထိုအလင်းတန်းက မျက်စိဖြင့် မမီအောင် လျင်မြန်လှသည်။

“တော်လိုက်တာ...”

ထိုနေရာရှိ အသစ်ဝင်ရောက်လာသော အလုပ်သင်တပည့်များက အနည်းငယ် အသက်ရှူသံများ ထွက်ပေါ်လာသည်။

ဤဓားတစ်ချက်က အကွက်များ ကျွမ်းကျင်ပြီး မိုးကြိုးလျှပ်စီးတစ်ခုလို လျင်မြန်လှသဖြင့် ရှောင်တိမ်းရန်ပင် မဖြစ်နိုင်ပေ။

အကြီးအကဲဟယ်ပင်လျှင် အနည်းငယ် ခေါင်းငြိမ့်လိုက်မိသည်။

လင်ဖုန်းဓားစွမ်းရည်က ကြယ်သုံးပွင့်ဓားစွမ်းရည်ဖြစ်ပြီး လီဟွေ့က ၎င်းကို ကြီးကျယ်သောအောင်မြင်မှုအဆင့်သို့ လေ့ကျင့်ပြီး ဖြစ်သည်။ ၎င်းသည် လေးလံသော အကွက်များကို ပေါ့ပါးစွာ အသုံးပြုနိုင်ပြီး လျင်မြန်မှုအတွင်း၌ ပြောင်းလဲမှုများကိုလည်း ထည့်သွင်းထားသည်။ သာမန်လူသာမန်ဘဝဖြတ်ကျော်အဆင့် ၃ ရှိသူများက ဤဓားတစ်ချက်ကို လုံးဝခံနိုင်မည် မဟုတ်ပေ။

လူအများက ဤဓားတစ်ချက်ဖြင့် အနိုင်အရှုံးပြတ်လိမ့်မည်ဟု ထင်မှတ်နေကြစဉ်မှာပင် လော့ချန်၏မျက်နှာအမူအရာက လုံးဝပြောင်းလဲမှု မရှိပေ။ အကယ်၍ သူက ဓားနှလုံးအဆင့်သို့ မရောက်ရှိခဲ့ပါက လီဟွေ့၏ ဤဓားတစ်ချက်သည် မဆိုးလှပေ။ သို့သော်လည်း ယခု လော့ချန်၏မျက်ဝန်းထဲတွင် ဤဓားတစ်ချက်က အားနည်းချက်ပေါင်း ရာချီရှိပြီး ရိုးရှင်းလွန်းလှသည်။ အကြည့်များအနည်းငယ် စုစည်းလိုက်ပြီး လော့ချန်က ဓားအလင်းတန်း၏ အားနည်းချက်ကို ဖမ်းယူကာ ဘေးသို့ ရှောင်ဖယ်လိုက်ပြီး လက်သီးတစ်ချက်ကို တိုက်ရိုက် ထိုးထုတ်လိုက်သည်။

ထိုလက်သီးက လီဟွေ့၏ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။

“ဘုန်း...”

ဘုန်းခနဲအသံနှင့်အတူ လီဟွေ့က သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏ခန္ဓာကိုယ်က ပိုးအိတ်ဟောင်းတစ်ခုလို ခုနစ်မီတာ ရှစ်မီတာခန့် လွင့်ထွက်သွားကာ မြေပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

“မင်း...”

လီဟွေ့က လော့ချန်ကို စူးစိုက်ကြည့်ရင်း ထရပ်လိုက်သော်လည်း သွေးတစ်ပွက် ထပ်မံအန်ထွက်လာပြီး မြေပေါ်သို့ ပြန်လဲကျသွားသည်။

လော့ချန်က လက်ကို ဖုန်ခါလိုက်ပြီး အေးဆေးစွာဖြင့် ပြောလိုက်သည်။

“မင်းလို ဒီလောက်သေးသိမ်တဲ့စွမ်းအားနဲ့ဆို အိပ်ခန်းကျယ်ကြီးမှာနေဖို့တောင် အားနည်းနေသေးတယ်...”

ဤစကားကို ကြားလိုက်ရသည်နှင့် လီဟွေ့က ဒေါသတကြီးဖြင့် သေလုမတတ် ဖြစ်သွားသည်။ ဤစကားသည် မနေ့က သူလော့ချန်ကို အရှက်ခွဲခဲ့သော စကားများဖြစ်ပြီး ယခုအခါ ထိုစကားများက သူ့ထံသို့ အတိအကျ ပြန်လည်ရောက်ရှိလာသည်။

ထို့နောက် အနီးအနားတွင် လော့ချန်က သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု ထင်မှတ်ထားသူများက ယခုအခါ အားလုံး အံ့အားသင့်ကုန်ကြပြီး ပါးစပ်များမှာ အနည်းငယ်ဟလျက် မှင်သက်မိလျက်ရှိကြသည်။ ဤတိုက်ပွဲက ဤသို့သော အဆုံးသတ်ဖြစ်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

လီဟွေ့က မည်သို့ ရှုံးနိမ့်သွားသည်ကိုပင် လူအများက မမြင်လိုက်ရချေ။

“အကြီးအကဲဟယ် အခုနက ဘာဖြစ်သွားတာလဲ...”

အကြီးအကဲဟယ်၏ အနားတွင်ရှိသော ကျန်းလျန်က မထိန်းနိုင်ဘဲ မေးလိုက်သည်။

အကြီးအကဲဟယ်၏ မျက်နှာအမူအရာက အလွန်မသာယာပေ။ သူက လီဟွေ့အား လော့ချန်ကို သေချာအာဏာပြရန် ပြောခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လီဟွေ့က ရှုံးနိမ့်သွားသည်။ လီဟွေ့က သူ၏တပည့်တစ်ဝက်ဖြစ်သဖြင့် ဤအဖြစ်အပျက်သည် သူ့ကို မျက်နှာပျက်စေရာရောက်သည်။

“ဒါ သက်သက်မဲ့ ကံကောင်းတာပဲ...”

အကြီးအကဲဟယ်က အေးစက်စွာ ညည်းတွားလိုက်သည်။

သူ၏မျက်စိဖြင့်ကြည့်လျှင် လီဟွေ့က မည်သို့ ရှုံးနိမ့်သွားသည်ကို သူသိသည်။ သို့သော် အကြီးအကဲဟယ်သည် လော့ချန်က လီဟွေ့၏ဓားအကွက်များကို အားလုံးရှောင်တိမ်းနိုင်ခဲ့သည်ဟု မယုံကြည်ပေ။ ၎င်းသည် အလွန်မြင့်မားသော မျက်စိအာရုံနှင့် စိတ်စွမ်းအင်လိုအပ်ပြီး ရှေးရိုးလူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိသူများပင် မလုပ်နိုင်သည့်အရာ ဖြစ်သည်။ သူက ဤအားလုံးသည် ကံတရားကြောင့်သာ ဖြစ်သည်ဟု ယူဆလိုက်သည်။

“ကျန်းလျန် ကျန်တဲ့ကိစ္စတွေကို မင်းစီစဉ်လိုက်... လူတွေ လာကြစမ်း... လီဟွေ့ကို ခေါ်သွားပြီး ဒဏ်ရာကုသပေးလိုက်...”

သူက ညွှန်ကြားချက်တစ်ခု ပေးလိုက်ပြီးနောက် အကြီးအကဲဟယ်က လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

အလုပ်သင်တပည့်နှစ်ဦးက ချက်ချင်း ရှေ့သို့လှမ်းလာပြီး လီဟွေ့ကို ထူမလိုက်သည်။ လီဟွေ့၏ဒဏ်ရာကို သတိပြုမိသည်နှင့် နှစ်ဦးစလုံး အသက်ရှူသံများ ထွက်ပေါ်လာသည်။

လီဟွေ့၏ ရင်ဘတ်အရိုးများက အားလုံးကျိုးပဲ့သွားပြီး အတွင်းဒဏ်ရာများလည်း ပြင်းထန်လှသည်။ လက်သီးတစ်ချက်သာ ခံလိုက်ရရုံဖြင့် ဤမျှလောက် ဆိုးရွားစွာ ဖြစ်သွားရသည်။ သို့သော် ဤနှစ်ဦးက လော့ချန်သည် တမင်သက်သာအောင် အားလျှော့ထိုးခဲ့ခြင်းကြောင့်သာ ဖြစ်သည်ကို မသိကြပေ။ ထိုသို့မဟုတ်လျှင် ပေါင်တစ်သောင်းကျော်အင်အားရှိသော လက်သီးတစ်ချက်ဖြင့် အထိုးခံရပါက လီဟွေ့သည် ထိုနေရာတင် သေဆုံးသွားနိုင်သည်။

လီဟွေ့က ထူမခြင်းခံရပြီး ခေါ်ဆောင်သွားခံရသည်။

ကျန်းလျန်က အခြားသူများ၏တာဝန်များကို စီစဉ်ပြီးနောက် လော့ချန်ထံသို့ လျှောက်လာပြီး ပြောလိုက်သည်။

“အဆောင်ဘက်မှာ အခန်းလွတ်တွေ အများကြီးရှိတယ်... မင်းကြိုက်တဲ့အခန်းတစ်ခန်းကို ရွေးနိုင်တယ်...”

လော့ချန်က ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။

“အခုဆို ငါ ကောင်းကင်လင်းယုန်တွေကို ကျွေးမွေးဖို့ မလိုတော့ဘူးမဟုတ်လား...”

“သေချာပေါက်ပေါ့...”

ကျန်းလျန်က ပြုံးလိုက်ပြီး ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ လော့ချန်ထံ ပေးလိုက်သည်။

“မင်းက လီဟွေ့ရဲ့ရာထူးကို အစားထိုးလိုက်ပြီဆိုတော့ ငါနဲ့အတူတူပဲ... ကြီးကြပ်စစ်ဆေးတဲ့တာဝန်ယူရမယ်... အကြီးအကဲရဲ့အမိန့်မရှိရင် အသစ်ဝင်လာတဲ့ အလုပ်သင်တပည့်တွေကို မင်းလွတ်လွတ်လပ်လပ် အမိန့်ပေးနိုင်တယ်...”

“ကောင်းပြီ...”

လော့ချန်က တံဆိပ်ပြားကို လက်ခံယူလိုက်ပြီး လက်ထဲတွင် ခပ်ဆဆ ချိန်တွယ်ကြည့်ရင်း စိတ်ကျေနပ်မှု ရှိလှသည်။ ဤအရာက မိုးကောင်းကင်လင်းယုန်မွေးမြူခြင်းထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သည်။ လူရာပေါင်းများစွာကို ထိန်းကျောင်းရသည့်အပြင် သိုင်းပညာလေ့ကျင့်ရန်အတွက် အချိန်ပိုမိုရရှိမည် ဖြစ်သည်။

“ကောင်းပြီ ငါအရင်ဆုံးသူတို့ကို ဆေးပင်ခြံထဲ ခေါ်သွားမယ်... နောက်မှ မင်းကို ပတ်ဝန်းကျင်လိုက်ပြမယ်...”

ကျန်းလျန်က စကားတစ်ခွန်းထားခဲ့ပြီး ဆေးပင်ခြံတာဝန်ယူထားသော အလုပ်သင်တပည့်များကို ခေါ်ဆောင်ထွက်သွားသည်။

လော့ချန်က အခန်းတစ်ခန်းရွေးရန် ပြင်ဆင်နေစဉ် အနီးအနားရှိ လူအုပ်ကြီးထဲမှ လူအချို့က တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံပြီး ရုတ်တရက် ဝိုင်းအုံလာကာ သူ့ကို ပိတ်ဆို့လိုက်ကြသည်။

လော့ချန်က ၎င်းတို့အား တစ်ချက်လှမ်းကြည့်လိုက်သည်။

“ဘာကိစ္စလဲ...”

ထိုလူအုပ်ကြီးထဲမှ ပိုးသားထည်အဆင့်မြင့်ဝတ်ရုံဝတ်ဆင်ထားပြီး မျက်နှာရှည်သော လူငယ်တစ်ဦးက အေးဆေးစွာ ပြုံးလိုက်ပြီး လော့ချန်လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားကို ညွှန်ပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... ဒီတံဆိပ်ပြားကို လွှဲပေးဖို့ပဲ လိုချင်တာ...”

လော့ချန်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။

“ဘာကြောင့်လဲ...”

မျက်နှာရှည်သော လူငယ်က လက်ညှိုးကို ဖျတ်ခနဲ လှုပ်လိုက်ပြီး ရယ်လိုက်သည်။

“ဟား... ဟား... ဟား... မင်းကိုယ်မင်း ငါတို့ရဲ့ခေါင်းပေါ်မှာ တကယ်ပဲ စီးနိုင်မယ်လို့ ထင်နေတာလား...”

“အသုံးမကျသိုင်းဝိညာဉ်နိုးကြားလာတဲ့ အဆိုးရွားဆုံးလူတစ်ယောက်ကို ဒီနေရာမှာ ဘယ်သူက နာခံမှာလဲ... မယုံရင် မင်းအမိန့်ပေးကြည့်လိုက် ဘယ်သူက နားထောင်မယ်ထင်လဲ... ကျိုင်ယွမ်ရေ မင်းက သူ့စကားနားထောင်မှာလား...”

All Chapters