← Chapters

ရွှီလင်လုံ ကိုယ်ဝန်ရှိခြင်း

Vol. 58 Ch. 857

ရွှီလင်လုံ ကိုယ်ဝန်ရှိခြင်း

Vol. 58 Ch. 857

လုချန်း၏ စကားကြောင့် ရွှီလင်လုံ အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သူမနှင့် တစ်စုံတစ်ခုကို ဆွေးနွေးမှာလား။

ယခုအချိန်တွင် သူမသည် တိုင်ယင်နတ်ဘုရားဂိုဏ်းနှင့် မည်သည့်ပတ်သက်မှုမှ မရှိတော့ပေ။ ထိုဂိုဏ်းအကြောင်း သူမသိသမျှအားလုံးကိုလည်း လုချန်းအား ပြောပြပြီးဖြစ်သည်။

ယခုအခါ လုချန်းအတွက် သူမ၏ တစ်ခုတည်းသော တန်ဖိုးမှာ သူ၏ကစားစရာတစ်ခုအဖြစ်သာ ဖြစ်နိုင်ခြေရှိသည်။ သူတို့နှစ်ဦးကြားတွင် ဆွေးနွေးစရာ မည်သည့်အရာများများ ရှိနိုင်ဦးမည်နည်း။

ရွှီလင်လုံက

“မင်းကြီး။ ကျွန်မကို တိုက်ရိုက်ပဲ ပြောပါ”

လုချန်းက ချက်ချင်း ပြန်မဖြေခဲ့ပေ။ ထိုအစား သူသည် သူ၏လက်များကို ရွှီလင်လုံ၏ ချိုင်းအောက်သို့ လျှိုသွင်းကာ သူမ၏ သွယ်လျသောခါးကို ဖက်လိုက်ပြီးနောက် ကုတင်ပေါ်သို့ တွန်းလှဲချလိုက်သည်။

သူမကို ကုတင်ပေါ် လှဲချပြီးနောက် လုချန်းက သူမဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံကို ပွတ်သပ်ရင်း သူမ၏ နားနားကပ်၍

“မလောပါနဲ့။ ကိုယ် အခု နည်းနည်း ဗိုက်ဆာနေပြီ။ ညစာ အရင်စားကြရအောင်။ ပြီးမှ စကားပြောကြတာပေါ့”

ထိုစကားကိုကြားသော် ရွှီလင်လုံ လုချန်းကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်လိုက်၏။ အရေးကြီးသည့်ကိစ္စတစ်ခုဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုမူ အလေးအနက်ထားစရာ မဟုတ်သည့် ကိစ္စတစ်ခုသာ ဖြစ်နိုင်သည်ဟု ထင်ရသည်။

ရွှီလင်လုံလည်း များများစားစား မပြော တော့ပဲ လုချန်း၏ အလိုအတိုင်း ပြုမူခွင့်ပေးလိုက်၏။

အချိန်အနည်းငယ် ကြာပြီးနောက် ရွှီလင်လုံသည် နီမြန်းနေသော မျက်နှာ၊ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် လုချန်းကို စိုက်ကြည့်ရင်း ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။

ထိုအခါမှသာ လုချန်းက

“နောက်ရက်အနည်းငယ်အတွင်းမှာ ကိုယ့်ကို ယင်ယန်မှန်ခဏငှားပါ။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံ အနည်းငယ် သတိပြန်ဝင်လာ၏။ သူမစိတ်ထဲ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူရောက်လာသည့် အကြောင်းပြချက်ကို ဤလူက အခုမှသာ ထုတ်ပြောခြင်းဖြစ်သည်။ သူက ယင်ယန်မှန်ကို လိုချင်နေခြင်း ဖြစ်၏။

အားနည်းသော အသံဖြင့် ရွှီလင်လုံက “ကျွန်မရဲ့ တစ်ကိုယ်လုံးက မင်းကြီးပိုင်ဆိုင်တာပါ။ ဒါကြောင့်မို့လို့ ကျွန်မ ပိုင်ဆိုင်တဲ့ အရာအားလုံးကလည်း မင်းကြီး ယူသုံးဖို့အတွက်ပါပဲ။”

ယင်ယန်မှန်သည် မူလက တိုင်ယင်ဂိုဏ်းမှ စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ ရုပ်သွင်ကို ပြောင်းလဲ ပေးနိုင်ပြီး ထိုသူ၏ အငွေ့အသက်ကို ကောင်းကင်လူသား စွမ်းအားရှင်များပင် ရှာဖွေတွေ့ရှိရန် ခက်ခဲလောက်အောင် ထိရောက်စွာ ဖုံးကွယ်ထားနိုင်သည်။

ရွှီလင်လုံလည်း တစ်ချိန်က သူမ၏ အဆင့်နယ်ပယ်ကို ဖုံးကွယ်ရန် ယင်ယန်မှန်ကို အသုံးပြုခဲ့ဖူး၏။ သို့သော် ကံမကောင်းစွာဖြင့် လုချန်း၏ရှေ့တွင်တော့ အသုံးမဝင်ခဲ့ပေ။ ယင်ယန်မှန်က စွမ်းအားကြီးမားသော်လည်း သူ့အတွက်တော့ သူမ၏ မူလသရုပ်မှန်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေဆဲ ဖြစ်သည်။

ရွှီလင်လုံ၏ အဖြေကို ကြားပြီးနောက် လုချန်းက ပြုံးလျက်

“ကိုယ့်ရဲ့လင်လုံက တကယ်ကို နားလည်ပေးတတ်တဲ့သူပဲ။ ဒါကြောင့် ဒီနေ့ ကိုယ် မင်းကို ရက်ရက်ရောရော ဆုချီးမြှင့်မယ်။”

လုချန်း စကားဆုံးသည်နှင့် သူ၏လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ရွှီလင်လုံ ညင်သာစွာ အော်ဟစ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်၏။ ထိုယောက်ျားသည် အမှန်တကယ် ကျေးဇူးမသိတတ်ပေ။ သူမက ယင်ယန်မှန်ကို ငှားရန် သဘောတူပြီးဖြစ်သော်လည်း သူက သူမအပေါ် ကြမ်းတမ်းနေဆဲ ဖြစ်၏။

လုချန်း ရွှီလင်လုံကို သူ၏ ရက်ရောသော ဆုလာဘ်များ ပေးပြီးသွားချိန်တွင် မိုးလင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤအချိန်တွင် တော့ သူမ၏ တစ်ကိုယ်လုံးသည် သူ၏ရင်ခွင်ထဲတွင် ပျော့ခွေစွာ လဲ‌လျောင်း နေ၏။

ထိုအခါမှ လုချန်းက

“နန်းတော်ထဲမှာ နေရတာ အဆင်မပြေတာများ ရှိလား။”

ရွှီလင်လုံက

“မရှိပါဘူး။”

ရွှီလင်လုံအတွက် ဤဘဝနှင့် အသားကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု သူမ၏နေ့ရက်များကို ဝမ်ချင်းစီထံ အလည်သွား၍ စကားစမြည်ပြောခြင်း၊ သူမ မိုးစက်ရဲတိုက်ကို မည်သို့ စီမံခန့်ခွဲသည်ကို ကြည့်ရှုခြင်းနှင့် ကလေးများကို မည်သို့ ပြုစုပျိုးထောင်သည်ကို လေ့လာခြင်းတို့ဖြင့် ကုန်ဆုံးစေ၏။

ထိုအခိုက်တွင် ရွှီလင်လုံက

“တိုင်ယင်ဂိုဏ်းက လူတွေကို ရှာတွေ့ပြီလားမင်းကြီး။”

လုချန်းက

“မတွေ့သေးဘူး။ သူတို့အားလုံး ပုန်းနေကြတယ်။ ဒါပေမဲ့ သူတို့ ကြာကြာ ပုန်းနိုင်မှာ မဟုတ်ပါဘူး”

ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ပြီး ကမ္ဘာလောကကြီးကို ပေါင်းစည်းနိုင်ခဲ့လျှင် သူ၏ အဆင့်နယ်ပယ်သည် ထပ်မံတိုးတက်လာနိုင်မည်ဟု လုချန်းစိတ်ထဲတွင် တွေးလိုက်သည်။ သူ၏နယ်ပယ်က အဆင့်တစ်ခုသို့ ရောက်ရှိပြီး စနစ်၏ ဆုလာဘ်များ လုံလောက်စွာ ရရှိသောအခါ တိုင်ယင်ဂိုဏ်းဝင်များကို ခြေရာခံနိုင်မည်မှာ သေချာသည်။

အရေးအကြီးဆုံးမှာ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို သူ၏စိတ်ချရသူများအား သင်ကြားပေးနိုင်ခြင်းဖြစ်သည်။ အခု အတော်များများလည်း သင်ယူနေကြပြီဖြစ်သည်။

ထိုလူများ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို သေချာစွာ ကျွမ်းကျင်သွားသည်နှင့်တစ်ပြိုင်နက် အနာဂတ်တွင် သူတို့တွေ့ဆုံသော တိုင်ယင်ဂိုဏ်းဝင် မည်သူ့ကိုမဆို အလွယ်တကူ ခွဲခြားသိရှိနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် တိုင်ယင်ဂိုဏ်း၏ နတ်ဆိုးကျင့်စဉ်ကျင့်သူများအတွက် ပြေးစရာနေရာ ရှိတော့မည် မဟုတ်ပေ။

လုချန်း၏ အဖြေကို ကြားသောအခါ ရွှီလင်လုံ၏ ရင်ထဲ အလွန်တည်ငြိမ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။ တိုင်ယင်ဂိုဏ်းချုပ်ကို လုချန်းယှဉ်ပြိုင်နိုင်စွမ်း မရှိဟု သူမ တချိန်က စိုးရိမ်ခဲ့ဖူးသော်လည်း သူနှင့် အချိန်ကြာကြာ နေထိုင်လာသည်နှင့်အမျှ ဤယောက်ျားကို သူမ အလွန်အမင်း အထင်သေးခဲ့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။

လုချန်းသည် တိုင်ယင်ဂိုဏ်း၏ ဂိုဏ်းချုပ်ပြောခဲ့သကဲ့သို့ ကံကြမ္မာရဲ့သားတော် တကယ် ဖြစ်ပုံရ၏။

ကံကြမ္မာရဲ့သားတော်၏ မိန်းမဖြစ်ရခြင်းဟူသော အတွေးသည် ရွှီလင်လုံ၏ စိတ်နှလုံးကို ထူးဆန်းသော ပီတိတစ်မျိုးဖြင့် ပြည့်နှက်စေ၏။

လုချန်း၏ ရှေ့တွင် သူမသည် အိမ်မွေးတိရစ္ဆာန် သို့မဟုတ် အစေခံ တစ်ဦးကဲ့သို့ ဆက်ဆံခံရသော်လည်း ယခုအခါတော့ ထို အခြေအနေကို လုံးဝ ကျေနပ်နေပေပြီ။

လုချန်းသည် အနည်းငယ် ကြမ်းတမ်းနိုင်သော်လည်း မသက်မသာမှုကို ခံစားရခဲသည်။ သူနှင့်အတူရှိနေခြင်းက သူမအတွက် ပျော်ရွှင်မှုကိုသာ ဆောင်ကြဉ်းပေးသည်။ ယခု ကြုံတွေ့နေရတာ တွေက အိပ်မက်တစ်ခုလားဟုပင် သူမ မကြာခဏ တွေးမိသည်။

ထိုစဉ် ရွှီလင်လုံက သူမ၏လက်ကို မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ ကုတင်ခေါင်းရင်းရှိ သေတ္တာတစ်လုံး သူ့အလိုလို ပွင့်လာခဲ့သည်။ ထို့နောက် အဖြူအမည်း မှန်တစ်ချပ်သည် သေတ္တာထဲမှ ပျံထွက်လာပြီး လုချန်း၏ ဘေးတွင် ရပ်တန့်သွားသည်။

“မင်းကြီး။ ယင်ယန်မှန်က ကျွန်မအတွက် အသုံးမဝင်တော့ပါဘူး။ မင်းကြီး ယူသွားနိုင်ပါတယ်။”

သူမ၏ နေ့စဉ်ဘဝသည် လုချန်း၏ မိဖုရားဆောင်တွင်သာ အချိန်ကုန်ဆုံးနေရပြီးသူမ၏ အစွမ်းများကို ဖုံးကွယ်ထားရန် မလိုအပ်တော့သောကြောင့် ယင်ယန်မှန်ကို အသုံးမပြုခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။

လုချန်းက ယင်ယန်မှန်ကို ကောက်ယူကာ မြှောက်ကြည့်လိုက်ပြီးနောက်

“ဒီမှန်က ဘယ်သူ့ရဲ့ရုပ်ကိုမဆို ပြောင်းလဲနိုင်တယ် ဟုတ်လား”

ရွှီလင်လုံက

“ဟုတ်ပါတယ်။ ကောင်းကင်လူသား စွမ်းအားရှင်တွေတောင် ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါလိမ့်မယ်”

လုချန်းက

“တကယ်ကို အံ့ဩစရာကောင်းတဲ့ အရာပဲ”

“မင်းက ကိုယ့်ကို ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းကို ပေးမှတော့ ကိုယ်ကလည်း အလကား မယူနိုင်ဘူး။ မင်းကို လက်ဆောင်တစ်ခု ပြန်ပေးရင်ကော ဘယ်လိုလဲ။”

ရွှီလင်လုံက လုချန်း၏ ကမ်းလှမ်းမှုကို မငြင်းပယ်ပဲ စူးစမ်းလိုစိတ်ဖြင့်

“မင်းကြီး ဘယ်လက်ဆောင်ကို ဆိုလိုတာလဲဆိုတာ သိခွင့်ရှိမလား။”

လုချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။

[ရွှီလင်လုံကို ကိုယ်ဝန်ရှိစေခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ပေါက်ကွဲစေသောအင်းကွက်များ ဖန်တီးနည်းကို ဆုချီးမြှင့်လိုက်သည်။]

[ကိုယ်ဝန်ဆောင်ခြင်းအတွက် ဆုလာဘ်များသည် အားပေးတိုက်တွန်းသည့်ဆုဖြစ်ပြီး ကလေးမွေးဖွားပါက ပိုမိုကြွယ်ဝသော ဆုလာဘ်များကို ပေးအပ်ပါမည်။]

စနစ်၏ အသိပေးချက်ကို မြင်သောအခါ လုချန်း၏ အပြုံးက ပို၍ ထင်ရှားလာခဲ့သည်။

လုချန်း၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေသော ရွှီလင်လုံကတော့ သူ၏မျက်နှာပေါ်မှ အပြုံးကို မမြင်ခဲ့ပေ။ သူမသည် လုံးဝ ထဖို့မတတ်နိုင်ဟု ခံစားနေရပြီး သူ၏အပေါ်တွင်သာ ဆက်လက် လှဲလျောင်းနေချင်သည်။

သို့သော် လုချန်းက ခဏကြာသည်အထိ ပြန်မဖြေသည်ကို မြင်သောအခါ သူပြောသော လက်ဆောင်အပေါ် သူမ၏ စူးစမ်းလိုစိတ်က ပို၍ပင် ပြင်းထန်လာခဲ့သည်။

ခဏအကြာတွင် လုချန်းက နောက်ဆုံး၌ ရွှီလင်လုံ၏ နားနားကပ်၍

“ကိုယ် မင်းအတွက် ဘယ်လက်ဆောင် ပြင်ဆင်ထားလဲဆိုတာ ခန့်မှန်းကြည့်။”

“ဒီလက်ဆောင်က မင်းအတွက် အရမ်း တန်ဖိုးရှိလိမ့်မယ်။ ပြီးတော့ အနာဂတ်မှာ မင်းက ဒါကို အရမ်း တန်ဖိုးထားလိမ့်မယ်ဆိုတာ သေချာတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ရွှီလင်လုံလည်း ထိုလက်ဆောင်အပေါ် ပို၍ပင် စိတ်ဝင်စားလာခဲ့ပြီး သေချာ စဉ်းစားကြည့်လိုက်၏။ သို့သော် သူမအတွက် တန်ဖိုးအလွန်ရှိသည်ဟု ခံစားရစေမည့်အရာမှာ မည်သည့်အရာဖြစ်နိုင်သည်ကို သူမ စိတ်မကူးကြည့်နိုင်ခဲ့ပေ။

သူမ လုချန်း၏ မိဖုရား ဖြစ်လာခဲ့သည့်အချိန်မှစ၍ အရာအားလုံးနီးပါးအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးခဲ့ပြီးဖြစ်သည်။ သူမကို ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ လုချန်းကိုယ်တိုင်သာ ဖြစ်ပုံရသည်။

အဆုံးစွန်သော သာယာမှုကို တွေ့ကြုံခံစားပြီးနောက် အခြားလက်ဆောင်အားလုံးသည် သူမအတွက် တန်ဖိုးရှိသည်ဟု ယူဆရန် မလုံလောက်တော့ပေ။

ရွှီလင်လုံ ထိုသို့ တွေးနေစဉ်တွင် လုချန်းက အဖြေပေးလိုက်သည်။

“အဲ့ဒီလက်ဆောင်က ကလေး တစ်ယောက်ပဲ။”

ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့် ရွှီလင်လုံ၏ စိတ်များ ဗလာဖြစ်သွား၏။

ကလေးတစ်ယောက်…

မည်သို့ပင်ဖြစ်စေ ရွှီလင်လုံသည် လုချန်း၏ မိဖုရားဆောင်တွင် အတော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သောကြောင့် ဤနေရာ၏ လည်ပတ်ပုံများကို ကောင်းစွာ သိရှိနေသည်။ လုချန်းက ထိုသို့ပြောလိုက်သည်နှင့် ယင်းက မည်သည့်အရာကို ဆိုလိုသည်ကို သူမ ချက်ချင်းနားလည်သွားသည်။

လုချန်းက သူမအတွက် လက်ဆောင်တစ်ခု ပြင်ဆင်နေသည်ဆိုလျှင် သူမ ကိုယ်ဝန်ရှိပြီးဖြစ်ရမည်ဟု ဆိုလိုသည်။

ဤလူက……

ဤလူအတွက် ကလေးမွေးပေးရန် သူမ အသင့်မဖြစ်သေးပေ။

ခဏလေး.....

ရွှီလင်လုံ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ သူမသာ ကလေးတစ်ယောက် ရခဲ့လျှင် လုချန်းသည် သူမထံသို့ ယခုလောက် အကြိမ်ရေများများ လာရောက်တော့မည် မဟုတ်သည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် သူမ၏ဘဝ ပိုမိုလွယ်ကူလာမည် မဟုတ်ပါလား။

ထိုအတွေးနှင့်အတူ ရွှီလင်လုံက လုချန်းအား ချက်ချင်းပင်

“မင်းကြီးကို ကျေးဇူးတင်ပါတယ်”

လုချန်းက ပြုံးလျက်

“ဘယ်လိုလဲ။ လက်ဆောင်က မင်းအတွက် တန်ဖိုးရှိတယ်လို့ ထင်ရဲ့လား”

ရွှီလင်လုံက

“တန်ဖိုးရှိပါတယ်။ ကျွန်မ မင်းကြီးရဲ့ လက်ဆောင်ကို တန်ဖိုးထားမှာပါ။”

ထို့နောက် လုချန်းက ရွှီလင်လုံ၏ ကျောပြင်ကို ပုတ်လိုက်ပြီး

“ကောင်းပြီ။ ကိုယ်ဒီနေ့ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ မင်း ကောင်းကောင်း အနားယူလိုက်တော့။”

သူ၏အသံ ဆုံးသွားသည်နှင့် လုချန်းက ရွှီလင်လုံကို ပွေ့ဖက်ထားလျက်ပင် လှည့်လိုက်ပြီး သူမ၏ ကုတင်ပေါ်သို့ ညင်သာစွာ ချထားပေးကာ ရေချိုးခန်းသို့ ဦးတည်သွားလိုက်သည်။

All Chapters