← Chapters

အင်းကွက်လက်နက်၏ စွမ်းအားအစစ်အမှန်

Vol. 58 Ch. 859

အင်းကွက်လက်နက်၏ စွမ်းအားအစစ်အမှန်

Vol. 58 Ch. 859

နေ့လယ်ချိန်ဖြစ်၏။ နေသည် ကမ္ဘာမြေကို အပူရှိန်ပြင်းစွာဖြင့် လောင်မြိုက်နေစေ၏။ လုချန်းသည် မြို့၏တောင်ဘက်ခြမ်းရှိ စစ်စခန်းသို့ ကိုယ်တိုင်သွားခဲ့သည်။ စစ်သည်များသည် ဧကရာဇ် အဘယ်ကြောင့် ထိုနေရာသို့ ရောက်နေသည်ကို သိချင်နေကြသော်လည်း လျှို့ဝှက်ချက်အဖြစ် ထားရှိရန် အတွက် လုချန်းက အင်းကွက်လက်နက်ကို စမ်းသပ်မှုကို သူတို့အား ကြည့်ရှုခွင့် မပြုခဲ့ပေ။

သူက တောင်ပိုင်းစခန်းရှိ စစ်သည်အားလုံးကို စခန်းအတွင်း၌သာ နေရန် အမိန့်ပေးပြီး အထူးကိုယ်ရံတော်များကိုသာ သူနှင့်အတူ ကျန်နေခွင့်ပြုခဲ့၏။ ထူထပ်သော တောအုပ်ထဲရောက်သောအခါ လုချန်းသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အခြားမည်သူမှ အနီးအနားတွင် မရှိကြောင်း သေချာစေရန် တောတစ်ခုလုံးကို အာရုံခံ

ကြည့်လိုက်သည်။ ထို့နောက် သူက အဝေးရှိ ငါးစင်တီမီတာထူသော သံမဏိပြားကို ချိန်ရွယ်ကာ အင်းကွက်သေနတ်ကို မြှောက်လိုက်သည်။

မူလကတော့ တစ်စင်တီမီတာချင်းစီ စမ်းသပ်ပြီး တဖြည်းဖြည်း တိုးမြှင့်သွားရန် စီစဉ်ထား၏။ သို့သော် ပထမ စမ်းသပ်ပစ်ခတ်မှုက သံချပ်ကာ များစွာကို ထိုးဖောက်သွားခဲ့သောကြောင့် တစ် သို့မဟုတ် နှစ်စင်တီမီတာ အထူခန့်ကို ထိုးဖောက်ရန်က ပြဿနာမရှိဟု သူ ယူဆလိုက်သည်။ ထို့ကြောင့် စွမ်းအားအပြည့်ဖြင့် တိုက်ရိုက်ပစ်ခတ်ရန် ဆုံးဖြတ်လိုက်၏။

အထူးကိုယ်ရံတော်များနှင့် မိုးရှင်းတို့လည်း ဤအထူးလက်နက်က ငါးစင်တီမီတာထူသော သံမဏိပြားကို ထိုးဖောက်နိုင်ခြင်း ရှိမရှိ သိချင်စိတ်ပြင်းပြစွာဖြင့် အင်းကွက်သေနတ်ကို စူးစိုက်ကြည့်နေကြ၏။

လုချန်း ခလုတ်ကို ချက်ချင်း မဆွဲခဲ့ပေ။ လက်နက်၏ စွမ်းအားသည် သူထင်ထားသည်ထက်ပင် ပိုကြီးသည်ဟု သူ ခံစားနေရ၏။ ထို့ကြောင့် သူက အထူးကိုယ်ရံတော်များဘက်သို့ လှည့်ကာကာ

“နောက်ထပ် မီတာတစ်ရာလောက် နောက်ဆုတ်လိုက်ပါ။”

ထို့နောက် သူ၏ အလင်းအရိပ် ကျင့်စဉ်ကို အသုံးပြု၍ ချက်ချင်းပင် မီတာတစ်ရာခန့် နောက်ဆုတ်လိုက်သည်။ အထူးကိုယ်ရံတော်များလည်း အလျင်အမြန် လိုက်ပါလာကြ၏။ သင့်တော်သော အကွာအဝေးသို့ ရောက်သောအခါ လုချန်းက သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို သေနတ်ထဲသို့ ထည့်သွင်းလိုက်သည်။ သေနတ်ပေါ်ရှိ ပေါက်ကွဲစေသော အင်းကွက်ပုံစံမှ အပြာရောင် အလင်းများထွက်လာ၏။

သူ ခလုတ်ကို ဆွဲလိုက်သည့်အခိုက်အတန့်တွင် ကြီးမားသော နောက်ပြန်ကန်အားတစ်ခုက သူ့ကို ရိုက်ခတ်လာသည်။ လုချန်းသည် ယခု အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးဖြစ်နေပြီဖြစ်ပြီး ထိုအဆင့်တွင်ပင် စွမ်းအားအလွန်ကြီးသူတစ်ဦး ဖြစ်၏။ သူကိုယ်တိုင်ပင် နောက်ပြန်ကန်အားကို ခံစားရပါက သေနတ်၏စွမ်းအား မည်မျှကြီးမားသည်ကို ဖော်ပြနေပေသည်။

ကျည်ဆံသည် သေနတ်ပြောင်းဝမှ ပျံထွက်သွားပြီး ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူလိုက်သည်။ ထို့နောက် ကျည်ဆံသည် ငါးစင်တီမီတာထူသော သံမဏိပြားနှင့် ထိမိသွား၏။ အင်းကွက်ပုံစံ၏ ပေါက်ကွဲနိုင်စွမ်းသည် ထိခတ်မိချိန်တွင် အသက်ဝင်လာပြီး အပြာရောင်အလင်းတန်းနှင့်အတူ ကျည်ဆံလည်းပေါက်ကွဲသွားသည်။ အလင်းရောင်ဖြာထွက်မှုက ကြီးမားခြင်းမရှိသော်လည်း ငါးစင်တီမီတာထူသော သံမဏိပြားသည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။

လူတိုင်း မှင်သက်သွားကြသည်။ ငါးစင်တီမီတာထူသော သံမဏိပြားတစ်ချပ် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ဤအင်းကွက်လက်နက်၏ စွမ်းအားသည် မယုံနိုင်စရာ ကောင်းလှပေသည်။

သတိပြန်ဝင်လာသောအခါ လုချန်းက အထူးကိုယ်ရံတော်များအား ပြောလိုက်သည်။ “နောက်ထပ် သံမဏိပြားတစ်ချပ်ထပ်ထည့်လိုက်ပါ။ နှစ်ချပ်ဆင့်လိုက်။”

အံ့ဩနေရာမှ သတိပြန်ဝင်သွားသော ကိုယ်ရံတော်များလည်း ငါးစင်တီမီတာထူသော သံမဏိပြားနှစ်ချပ်ကို အလျင်အမြန် နေရာချထားလိုက်ကြသည်။ သူတို့ ပြန်လာပြီးနောက် လုချန်းက ခလုတ်ဆွဲရန် ပြင်လိုက်စဉ် သေနတ်၏ကိုယ်ထည်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

ဒါက…

ဖြစ်ပျက်နေသည့်အရာကို လုချန်း ချက်ချင်း နားလည်သွား၏။ စိတ်ဝိညာဉ်စွမ်းအင်များစွာကို ထည့်သွင်းခြင်းက သေနတ်၏ ကိုယ်ထည်အပေါ် ဖိအားအလွန်များစေသည်။ သေနတ်၏ ကိုယ်ထည်က ထိုစွမ်းအင်ကိုခံနိုင်ရည် မရှိပေ။ အင်းကွက်လက်နက်များကို အမြောက်အမြားထုတ်လုပ်ရန်အတွက် ပိုမိုခိုင်ခံ့သော ပစ္စည်းများ လိုအပ်ပေမည်။ သူတို့သုံးနေသော သံမဏိသည် လက်ရှိရနိုင်သမျှထဲတွင် အမာဆုံးဖြစ်၏။ ပိုကောင်းသော ပစ္စည်းများ ရှာဖွေရန်အတွက် နည်းပညာ တိုးတက်လာသည်အထိ စောင့်ဆိုင်းရမည် ဖြစ်၏။

လုချန်းက ခလုတ်ကို မဆွဲသည်ကို မြင်သောအခါ မိုးရှင်းက သူ့ကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် လုချန်းက အကြံတစ်ခုရကာ မေးလိုက်သည်။

“ကျွန်တော်တို့ အစောဆုံးလုပ်ခဲ့တဲ့ သေနတ်တွေက ပစ္စည်းအရည်အသွေးကြောင့် သေနတ်ကိုယ်ထည်တွေကို ထူအောင် မလုပ်ခဲ့ရတာလား။”

သူတို့ သေနတ်များ စတင်ပြုလုပ်စဉ်က သံမဏိသည် လုံလောက်အောင် မခိုင်ခံ့သောကြောင့် လက်မှုပညာရှင်များသည် ကိုယ်ထည်နှင့် အစိတ်အပိုင်းများကို ထူအောင် ပြုလုပ်ခဲ့ရ၏။ သေနတ်တစ်လက်၏ အလေးချိန်သည် စိန်ပြောင်း အသေးစားတစ်လက်ကဲ့သို့ပင် လေးလံ၏။ နောက်ပိုင်းတွင် သံမဏိအရည်အသွေး တိုးတက်လာပြီး ပိုမိုတည်ငြိမ်လာသောအခါ သေနတ်များ သေးငယ်လာခဲ့သည်။

မိုးရှင်းသည် ချက်ချင်းပင်

“ဟုတ်ပါတယ် မင်းကြီး။”

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက

“ကျွန်တော်တို့ပြန်ရောက်ရင် နည်းလမ်းဟောင်းအတိုင်း သေနတ်အသစ်တစ်မျိုးလုပ်ကြစို့။ အလေးချိန်အတွက် စိတ်မပူနဲ့။ အဆင့်ငါး သိုင်းပညာရှင်တစ်ယောက် သယ်နိုင်ရင် အဆင်ပြေတယ်။”

မိုးရှင်း ချက်ချင်း နားလည်သွားသည်။

“ဟုတ်ကဲ့ မင်းကြီး။”

ထို့နောက် လုချန်းက အခြားသေနတ်တစ်လက်ကို ကောက်ယူပြီး ပေါက်ကွဲစေသော အင်းကွက်ပုံစံကို ထွင်းထုလိုက်သည်။ ကျည်ဆံတစ်တောင့်ထည့်ပြီး စိတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီးနောက် နှစ်ထပ်ဆင့်ထားသော သံမဏိပြားနှစ်ချပ်ကို ချိန်ရွယ်ကာ ခလုတ်ဆွဲလိုက်သည်။

ဒိုင်း…

ခဏအကြာတွင် သံမဏိပြားများဆီတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲသံသည် အမြောက်ကျည်ကဲ့သို့မဟုတ်ပဲ တိုးညင်းလှ၏။ အပြာရောင်အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် အရှေ့ဘက်မှ သံမဏိပြား ကြေမွသွားပြီး ၎င်း၏နောက်ရှိ တစ်ချပ်လည်း အကြီးအကျယ် ချိုင့်ဝင်သွား၏။

စွမ်းအားက အကန့်အသတ်ရှိသည်ဟု တွေးကာ လုချန်း အနည်းငယ် စိတ်ပျက်သွားသည်။ ဒုတိယ သံပြားကိုပါ ထိုးဖောက်သွားမည်ဟု သူမျှော်လင့်ခဲ့၏။

ထိုအချိန်တွင် စနစ်၏ အသိပေးချက်တစ်ခု ပေါ်လာသည်။

[ပေါက်ကွဲစေသော အင်းကွက်ပုံစံ၏ စွမ်းအားသည် ထည့်သွင်းသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏနှင့်သာမက သေနတ်ထဲရှိ ယမ်းမှုန့်ပမာဏနှင့်လည်း သက်ဆိုင်သည်။ အင်းကွက်ပုံစံက ပေါက်ကွဲအား ပြင်းထန်မှုကို အကူအညီပေးသည့် ကဏ္ဍမှ ဆောင်ရွက်ပေးသည်။]

ယမ်းမှုန့်အကြောင်း ဖော်ပြမှုက လုချန်းကို အံ့အားသင့်စေ၏။ ပေါက်ကွဲစေသော အင်းကွက်ပုံစံကို အမြောက်ဆံပေါ်တွင် ရေးထွင်းပါက စွမ်းအား ပို၍ပင် ကြီးမားလာမည်ဟု ဆိုလိုခြင်းလား။ ထိုအတွေးနှင့်အတူ စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြလာ၏။

သို့သော် ရှနိုင်ငံတော်အတွင်း ဖြေရှင်းရန် ပြဿနာများစွာ ရှိနေသေးသည်ကို လုချန်း စဉ်းစားမိလိုက်သည်။ ထိုသို့သော အစွမ်းထက်လက်နက်ကို ထုတ်ဖော်ခြင်းက ကြီးမားသော သက်ရောက်မှု ရှိနိုင်သောကြောင့် ချွမ်နိုင်ငံတော်ကို အနိုင်ယူပြီးမှသာ ပေါက်ကွဲစေသော အင်းကွက်ပုံစံကို အမြောက်များတွင် ထည့်သွင်းရန် သူ ဆုံးဖြတ်လိုက်သည်။

လုချန်း သူ၏လက်ထဲရှိ သေနတ်ကို ငုံ့ကြည့်လိုက်သည်။ ခုနက တစ်လက်ကဲ့သို့ပင် တစ်ချက် ပစ်ခတ်ပြီးနောက် ပြောင်းတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်နေ၏။ ပစ္စည်းက ခံနိုင်ရည် မရှိပေ။

သေနတ်ပြောင်းကို ဒိထက် ထူအောင်လုပ်ရန် လိုအပ်သည်။ အဆင့်မြင့် သိုင်းပညာရှင်များသာ ဤအင်းကွက်လက်နက်များကို အသုံးပြုနိုင်မည့်ပုံရသည်။ သာမန်လူများကိုင်တွယ်အသုံးပြုနိုင်မည် မဟုတ်ပေ။

အင်းကွက်လက်နက်များ၏ အမြင့်ဆုံးအဖျက်စွမ်းအားကို ရရှိရန်အတွက် ၎င်းတို့ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းရန် လိုအပ်၏။ စိတ်ဝိညာဉ်စွမ်းအားကို အနိမ့်ဆုံးထိပ်သီး တစ်ဝက်အဆင့်ရောက်မှသာ ထုတ်လွှတ်နိုင်သည်။ ထို့ကြောင့် အင်းကွက်လက်နက်များသည် သာမန်စစ်သားများ အသုံးပြုနိုင်သည့်အရာ မဟုတ်ပေ။

အလေးချိန်က အရေးမကြီးပေ။ ဘယ်ကြောင့်ဆိုသော် အင်းကွက်ကျည်ဆံများ၏ ထိုးဖောက်နိုင်စွမ်းက အလွန်ထိရောက် သောကြောင့်ဖြစ်သည်။ သာမန်စစ်သားများ ယင်းလက်နက်များကို စွမ်းအားအပြည့်အထိ အသုံးမပြုနိုင်သော်လည်း အင်းကွက်ကျည်ဆံများနှင့် အင်းကွက်အမြောက်ကျည်များ၏ စွမ်းအားကို‌ကတော့ အသုံးချဖို့အတွက် ထည့်သွင်းစဉ်းစားချင်စရာဖြစ်သည်။

ထို့နောက် လုချန်းက နောက်ထပ်သေနတ်တစ်လက် ပြောင်းကိုင်ကာ အထူးကိုယ်ရံတော်အား

“သံမဏိပြား ထပ်လဲလိုက်။”

ကိုယ်ရံတော်များ အလုပ်ရှုပ်နေစဉ် လုချန်းက အခြားသေနတ်တစ်လက်ထဲသို့ အင်းကွက်ကျည်ဆံတစ်တောင့်ကို ထည့်လိုက်သည်။ ကိုယ်ရံတော် အသင့်ဖြစ်သည်နှင့် လုချန်းလည်း ချက်ချင်းပင် ခလုတ်ကို ဆွဲလိုက်၏။ သေနတ်သံနှင့်အတူ အဝေးရှိ သံမဏိပြားသည် မရေမတွက်နိုင်သော မီးပွားများအဖြစ်သို့ ပေါက်ကွဲထွက်သွားသည်။

ဤတစ်ကြိမ်တွင် ကျည်ဆံသည် သံမဏိပြားကို ထိုးဖောက်သွား‌သော်လည်း ထိခတ်မိချိန်တွင် အရည်ပျော်သွားပြီး အပေါက်ငယ်လေးတစ်ခုသာ ကျန်ခဲ့၏။ စိတ်ဝိညာဉ်စွမ်းအင် မထည့်သွင်းပါက အင်းကွက်လက်နက်များ၏ ထိရောက်မှုက သိသိသာသာ လျော့ကျသွားသည်။ အစောပိုင်းက စိတ် ဝညာဉ်စွမ်းအင် အနည်းငယ်မျှသာ ထည့်သွင်းခဲ့ခြင်း ဖြစ်သော်လည်း သံမဏိပြား လုံးဝ ကြေမွသွားခဲ့၏။

ထို့နောက် လုချန်းသည် ထည့်သွင်းသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏက အင်းကွက်လက်နက်များ၏ စွမ်းအားအပေါ် ဘယ်လောက်အထိ သက်ရောက်သည်ကို ဆက်လက်စမ်းသပ်ခဲ့သည်။ သူ၏စမ်းသပ်မှုများမှတစ်ဆင့် လုံလောက်သော စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အင်းကွက်သေနတ်တစ်လက်သည် ဆယ်စင်တီမီတာထူသော သံမဏိပြားကို လုံးဝ ကြေမွစေနိုင် ကြောင်းတွေ့ရှိခဲ့ရသည်။ ယင်းသည် ခေတ်သစ်သံချပ်ကားဖောက်ကျည်ဆန်နှင့် နှိုင်းယှဉ်နိုင်သည်။

ပြဿနာတစ်ခုကတော့ ရှိနေသေးသည်။ အကယ်၍ စိတ်ဝိညာဉ်စွမ်းအင် ပို၍ထည့်သွင်းပါက သေနတ်ပါ ပေါက်ကွဲနိုင် ခြေရှိခြင်း ဖြစ်၏။ ပေါက်ကွဲမှုကိုကာကွယ်ရန်အတွက် လက်နက်၏ စွမ်းအားကို ဆက်လက်တိုးမြှင့်၍ မရခဲ့ပေ။ ထိုအချက်က လူသတ်လှံတံအတွက် အသုံးပြုခဲ့သော ပစ္စည်း မည်မျှ မယုံနိုင်စရာကောင်းသည်ကို သူ့အား သဘောပေါက်စေခဲ့သည်။ ၎င်းသည် သူ၏ဝိညာဉ်စွမ်းအင်ကို ခံနိုင်ရည်ရှိရုံသာမက ပြင်းထန်စွာပင် စုပ်ယူနိုင်သေး၏။

တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားကို ပြုလုပ်ရန် အသုံးပြုခဲ့သော ပစ္စည်းများကို ရှာဖွေရန် ဖုန်းယင်ကျွန်းသို့ လူများ စေလွှတ်ရန် လုချန်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။ အခြားကမ္ဘာများမှ ထိုပစ္စည်းများသည် အင်းကွက်လက်နက်များ ပြုလုပ်ရန်အတွက် အကောင်းဆုံး ဖြစ်နိုင်သည်။

All Chapters