← Chapters

မင်းကို ဒီတစ်ခါပဲ ကူညီမယ်

Vol. 58 Ch. 862

မင်းကို ဒီတစ်ခါပဲ ကူညီမယ်

Vol. 58 Ch. 862

လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် ဧကရာဇ်၏ အမျိုးသမီး ဖြစ်လာခဲ့သည်။ ထိုအချက်က ထိုဂိုဏ်းကို သူပိုင်ဆိုင်သွားပြီဖြစ်ကြောင်း ရှင်းလင်းသော သတင်းစကားတစ်ခု ဖြစ်သည်။ ထို့ပြင် အခြားဂိုဏ်းအားလုံး ပျောက်ကွယ်သွားသည်နှင့် မည်သူက ဆန့်ကျင် စကားပြောရဲမည်နည်း။

ဦးနှောက်ရှိသူတိုင်း သိကြသည်။ ဧကရာဇ်သည် အခြားဂိုဏ်းများကို ရှင်းလင်းပြီးသည်နှင့် သူ လုပ်မည့် နောက်တစ်ဆင့်မှာ လျှို့ဝှက်လဝန်းနန်းတော်ကို နိုင်ငံတော် အဖွဲ့အစည်း အဖြစ် သတ်မှတ်ရန်ဖြစ်သည်။

လုချန်း၏ ကျိုးကြောင်းဆင်ခြင်မှုကို ယွမ်ရှန်ရှန် ကြားသောအခါ ခပ်ပြတ်ပြတ်ပင်

“ငါ့အမြင်မှာတော့ ဒါက မင်းရဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာတစ်ခုထက် မပိုဘူး။ ကမ္ဘာပေါ်က ဂိုဏ်းအင်အားစုတွေကို ရှင်းလင်းပြီးသွားရင် လျှို့ဝှက်လဝန်းနန်းတော်က မင်းရဲ့နောက်ထပ်ပစ်မှတ် ဖြစ်လာမှာကို ငါစိုးရိမ်တယ်။”

အမှန်တကယ်တော့ ဤနေရာသို့ လာရာလမ်းတွင် လုချန်းက သူမ၏ဂိုဏ်းကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ယွမ်ရှန်ရှန် တွက်ဆမိပြီး ဖြစ်သည်။ သူသည် သူမ၏တပည့်ဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော်၏ မွေဆက်ခံသူလည်း ဖြစ်သည်။ ထို့အပြင် နန်းတော်သခင်မှာ သူ၏အမျိုးသမီး ဖြစ်သည်။

ထိုအခြေအနေများကို ရရှိထားသော လုချန်းက အဘယ်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်သိမ်းမည်နည်း။ ထိုဂိုဏ်းကို ထားရှိခြင်းက အနာဂတ်တွင် မည်သည့်အလုပ်ကိုမဆို လျှို့ဝှက်ကိုင်တွယ်ရန် အသုံးဝင်ပေလိမ့်မည်။

ထိုသို့တွေးသည့်တိုင် ယွမ်ရှန်ရှန် စိတ်အနှောင့်အယှက် ဖြစ်နေသေး၏။ သူမသည် ဂိုဏ်းကို တည်ထောင်ခဲ့သော်လည်း ယခု ထိုဂိုဏ်းသည် သူမ၏ ကျေးဇူးကန်းသောတပည့် ပိုင်ဆိုင်သော အရာဖြစ်နေသည်။

တည်ထောင်သူကိုယ်တိုင်ကပင် အခြားဂိုဏ်းများကို ရှင်းလင်းဖို့ ကူညီရန် လာရောက်ရပြီး သူ၏လက်ရုံးတပ်သားအဖြစ် အသုံးချခံနေရသည်။

လုချန်းက ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ “ဆရာမ ပြောနေတာကို ကြည့်ပါဦး။ ဆရာမရဲ့ တပည့်က ဘယ်လိုလူစားမျိုးလဲဆိုတာ မသိဘူးလား။ ကျွန်တော်က ဒီလို မတရားတဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ။”

“လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တယ်။ ဘယ်သူကိုမှ အသေအချာ မပြောနိုင်ဘူး”

ဟု ယွမ်ရှန်ရှန်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

သူမသည် သူနှင့် အငြင်းအခုံလုပ်ကာ အချိန်ထပ်မဖြုန်းချင်တော့ပေ။

“ပြောစမ်းပါဦး။ ဒီတစ်ခါ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”

“ကျွန်တော်က ချွမ်နိုင်ငံတော်ကို တပ်တွေနဲ့အတူ တိုက်ရိုက်ဦးဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ရန်ခရိုင်မှာ ဖြစ်လာမယ့် ကိစ္စတွေအတွက်တော့ ဆရာမကိုပဲ အကူအညီတောင်းရတော့မှာပါ။”

ယွမ်ရှန်ရှန် မျက်မှောင်ကြုတ်လိုက်သည်။ “ဘာလဲ။ မင်းက အရာအားလုံးကို တခြားသူလက်ထဲ ပုံအပ်ပြီး ထိုင်နေချင်လို့လား။ ငါ့ကို ဒီကိုဖိတ်ပြီးတော့ မင်းက ထွက်ပြေးတော့မလို့လား။”

လုချန်းက ရှင်းပြလိုက်သည်။

“မြူခိုးဒေသရဲ့ ပိတ်ပင်တားမြစ်ချက်တွေက ပျောက်ကွယ်တော့မှာကို ဆရာမလည်း မသိတာမှ မဟုတ်တာ။ မြူခိုးဒေသရဲ့ ပိတ်ပင်တားမြစ်ချက်တွေ မပျောက်ကွယ်ခင်မှာ ကျွန်တော် ဒီကမ္ဘာကြီးကို စည်းလုံးအောင် လုပ်ရမယ်။ ဒီလိုလုပ်မှသာ ကျွန်တော်က ဒီကမ္ဘာရဲ့ အရင်းအမြစ်တွေကို ပေါင်းစည်းပြီး အနာဂတ်မှာ မြူခိုးဒေသက ရန်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နိုင်မှာ။”

“အချိန်က ကပ်နေပြီ။ တာဝန်ကလည်း ကြီးတယ်။ ကျွန်တော့် အနေနဲ့ အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချရမယ်။”

ယွမ်ရှန်ရှန် သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

“မင်းက ဒီကမ္ဘာကြီးကို စည်းလုံးအောင် လုပ်နိုင်ရင်တောင်မှ မင်းမှာ ပိုပြီး အားကောင်းတဲ့၊ အခရာကျတဲ့ အားသာချက်တစ်ခု မရှိဘူးဆိုရင် မြူခိုးဒေသက အင်အားကြီးတဲ့ ပုဂ္ဂိုလ်‌တွေရဲ့ ကျူးကျော်မှုကို ခုခံနိုင်ဦးမှာ မဟုတ်ဘူး။”

“ဆရာမရဲ့ စကားတွေက နည်းနည်းတော့ စိတ်ဓာတ်ကျစရာပဲ။ ဒါက ရန်သူရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပြီး ကိုယ့်ဘက်က စိတ်ဓာတ်ကို ချိုးနှိမ် နေသလိုပဲ မဟုတ်လား။”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပါ ဆရာမ။ ကျွန်တော် အဲ့ဒီ မြူခိုးဒေသက ရန်သူတွေကို သေချာပေါက် ခုခံကာကွယ်ပြီး ကျူးကျော်သူအားလုံးကို ဒီကမ္ဘာကနေ နှင်ထုတ်ပြပါမယ်။”

ယွမ်ရှန်ရှန်က ဂရုမစိုက်ဟန်ဖြင့်

“မင်းက အဲ့ဒီရန်သူတွေကို နှင်ထုတ်နိုင်သည်ဖြစ်စေ၊ မနှင်ထုတ်နိုင်သည်ဖြစ်စေ ငါနဲ့ သိပ်မဆိုင်ဘူး။ မြူခိုးဒေသက ပိတ်ပင်တားမြစ်ချက်တွေ ပျောက်ကွယ်သွားတာနဲ့ ငါက မြူခိုးဒေသကို တန်းသွားချင် သွားမှာပဲ။”

မြူခိုးဒေသ၏ သာဘာဝသည် မတည်ငြိမ်ပဲ ပြီးပြည့်စုံသော ကောင်းကင်ဘုံတရားလည်း မရှိသော်လည်း ထိုဒေသတွင် ကြီးမားသော အားသာချက်တစ်ခု ရှိသည်။ မြူခိုးဒေသ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ဤကမ္ဘာထက် များစွာပို၍ ပေါများပြီး သူမ၏အစွမ်းကို ချိုးနှိမ်မည် မဟုတ်ချေ။ အကယ်၍ သူမ ထိုနေရာသို့ သွားပါက သူမ၏စွမ်းအားများကို ပိုမိုမြန်ဆန်စွာ ပြန်လည်ရရှိနိုင်ပေမည်။

“ပြောစမ်းပါဦး။ ဒီတစ်ခါ ရောက်လာတဲ့ ဂိုဏ်းအင်အားစုတွေထဲမှာ ကောင်းကင်လူသား စွမ်းအားရှင် ဘယ်နှစ်ယောက်ပါလဲ။”

လုချန်းက

“ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက်ပဲ ရှိပါတယ်။”

ယွမ်ရှန်ရှန် သိသိသာသာ စိတ်တိုသွားသည်။ “ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက်တည်းနဲ့ ငါ့အကူအညီ လာတောင်းနေတာလား။ မင်းဘေးမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေ အများကြီးရှိနေတာ။ အဲ့ဒီနှစ်ယောက်ကို မင်းဘာသာမင်း မနိုင်ဘူးလား။”

လုချန်းက ပြုံးလိုက်သည်။

“ကျွန်တော်က သတိထားတဲ့ သဘောပါ။ နောက်ပြီး ကျွန်တော် တောင်ဘက်ကို သွားတဲ့အခါမှာလည်း ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက်ကို ခေါ်သွားဖို့ လိုတယ်။”

“ပြီးတော့ ဒီကမ္ဘာမှာ တခြား ရွက်ပုန်းသီး ကောင်းကင်လူသား စွမ်းအားရှင်တွေ မရှိဘူးလို့ ဘယ်သူက သေချာပြောနိုင်မှာလဲ။ တကယ်လို့ တခြားစွမ်းအားရှင်တွပါ ရှိနေပြီး ကျွန်တော်က ပြင်ဆင်မထားဘူးဆိုရင် ကျွန်တော် ပြန်လာတဲ့အချိန်မှာ ရန်ခရိုင်က အဲ့ဒီဂိုဏ်းအင်အားစုတွေလက်ထဲ ကျရောက်သွားမှာ မဟုတ်ဘူးလား။”

ယွမ်ရှန်ရှန် သက်ပြင်းချလိုက်ရင်း

“မင်းကို ဒီတစ်ခါပဲ ကူညီမယ်”

လုချန်းက ချက်ချင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာမ”

သူ၏ စကားဆုံးသည်နှင့် ယွမ်ရှန်ရှန် ပျောက်ကွယ်သွားပြီး သူမ တရားထိုင်ရန် ပြင်ဆင်ပေးထားသော အခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

သူမ ထွက်သွားပြီးနောက် လုချန်းလည်း ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ထံ လျှောက်သွားပြီး သူတို့၏ခါးများကို မျက်နှာပြောင်တိုက်စွာ ဖက်လိုက်သည်။

“ကိုယ့်ရဲ့ ချစ်သူတို့။ မတွေ့ရတာကြာတော့ ကိုယ့်ကို လွမ်းနေကြလား။”

သူတို့နှစ်ဦးလုံး မျက်နှာများ နီမြန်းသွားသော်လည်း ဘာမှပြန်မပြောခဲ့ပေ။ သူတို့သည် ထိုမျှကြာအောင် ခွဲခွာနေခဲ့ခြင်း မဟုတ်သော်လည်း ဤဒုက္ခပေးတတ်သူကို အမှန်တကယ် လွမ်းဆွတ်နေခဲ့ကြသည်။

“ကိုယ်တို့ မတွေ့ရတာကြာပြီဆိုတော့ ဒီညတော့ မင်းတို့နှစ်ယောက်နဲ့ သေချာ ပြန်တွေ့ဆုံရမယ်။”

ချန်ဝမ်ရွန်က သူ၏စကားကို လျစ်လျူရှုလိုက်ပြီး

“မင်းကြီး။ ချွမ်နိုင်ငံတော်က ကပ်ရောဂါက အခုထိ မပြီးသေးဘူး။ မင်းကြီးက တကယ်ပဲ စစ်ကို ကိုယ်တိုင်ဦးဆောင်မှာလား။”

လုချန်းက ပြုံးလျက်

“ကိုယ့်ရဲ့ ချစ်သူလေးက ကိုယ့်အတွက် စိတ်ပူနေပြန်ပြီ။”

ထို့နောက် သူ၏လက်ညှိုးဖြင့် သူမ၏နှာခေါင်းကို ချစ်စနိုးဖြင့် ပွတ်သပ်လိုက်သည်။

“စိတ်ချပါ။ ကိုယ့်မှာ အစီအစဉ်ရှိပါတယ်။ ကပ်ရောဂါကို ဖယ်ရှားဖို့ နည်းလမ်းမရှိခဲ့ရင် ကိုယ်လည်း ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ဖို့ ဒီလောက် အလျင်စလို ထွက်သွားမှာ မဟုတ်ပါဘူး။”

ချန်ဝမ်ရွန် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ကပ်ရောဂါကို ကိုင်တွယ်ရန် အစီအစဉ်ရှိခြင်းက ကောင်း၏။ လုချန်းကိုယ်တိုင် နေမကောင်းဖြစ်သွားမည်ကို သူမ စိုးရိမ်နေခဲ့သည်။

သူမက သူ့ကိုကြည့်ကာ

“မင်းကြီးက လျှို့ဝှက်လဝန်းနန်းတော်ကို တကယ် မဖျက်သိမ်းဘူး မဟုတ်လား။”

လျှို့ဝှက်လဝန်းနန်းတော်သည် သူမ၏အိမ်ဖြစ်ပြီး အခြားဂိုဏ်းများကဲ့သို့ အဆုံးသတ်သွားသည်ကို သူမ မမြင်ချင်ခဲ့ပေ။ သူမသည်လည်း ယွမ်ရှန်ရှန်ကဲ့သို့ပင် ထိုဂိုဏ်းသည် လုချန်း၏ နောက်ထပ်ပစ်မှတ် ဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။

သူမ စိုးရိမ်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်သည်။

“လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်သိမ်းဖို့ ကိုယ့်မှာ အကြောင်းပြချက်မရှိဘူး။ အနာဂတ်မှာ ဆရာမက ဒီကမ္ဘာကနေ ထွက်ခွာသွားဖို့ ရည်ရွယ်ထားတယ်။ အဲ့ဒီအခါကျရင် လျှို့ဝှက်လဝန်းနန်းတော်က မင်းအပိုင်ဖြစ်လာမှာပဲ။ ပြီးတော့ မင်းက ကိုယ့်လူဖြစ်တဲ့အတွက် လျှို့ဝှက်လဝန်းနန်းတော်ကလည်း ကိုယ့်အပိုင်ပဲပေါ့။ ကိုယ်က ကိုယ့်ရဲ့အင်အားစုကို ဘာလို့ ဖျက်သိမ်းရမှာလဲ။”

စကားပြောနေစဉ် ချန်ဝမ်ရွန်က သူ၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။ လိမ်လည်နေသည့် အရိပ်အယောင်မတွေ့ခဲ့ပေ။ သူသည် အမှန်အတိုင်း ပြောနေပုံရသည်။

လုချန်းလည်း ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်၏ခါးများကို ဖက်ကာ သူမ၏အဆောင်ဘက်သို့ ဦးဆောင်သွားလိုက်သည်။

“ကဲကဲ။ ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ ကိုယ်တို့ မတွေ့ရတာကြာပြီဆိုတော့ အခန်းထဲသွားပြီး ကောင်းကောင်း ပြန်တွေ့ဆုံကြရအောင်။”

ဤတစ်ကြိမ်တွင် သူပြောသည့် “ပြန်တွေ့ဆုံခြင်း” သည် ထိုမျှသာ ဖြစ်သည်။ သူ့တွင်အခြားကိစ္စများ ရှိသောကြောင့် အခြားမည်သည့်အရာမှ မလုပ်ခဲ့ပေ။ ခဏခန့် စကားစမြည်ပြောပြီးနောက် သူ၏ စာကြည့်ခန်းသို့ ပြန်သွား၏။

……

ရန်ခရိုင် မြို့ဟောင်း။

နေဝင်ဆည်းဆာအချိန်။

ရန်မြို့ဟောင်းရှိ အရက်ဆိုင်တစ်ဆိုင်ထဲတွင် လေးလံသော တိတ်ဆိတ်မှုတစ်ခု ကြီးစိုးနေသည်။ ဆိုင်၏ အထပ်နှစ်ထပ်လုံးတွင် လူများပြည့်နေသော်လည်း တစ်ဦးတစ်ယောက်မှ စကားမပြောကြပေ။

အတန်ကြာသောအခါ မီးခိုးရောင်ဖျော့ ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဝင်လာသည်။ ဒုတိယထပ်မှ အသံတစ်သံက

“ဂိုဏ်းချုပ်ယွမ်။ ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ။”

ယွမ်ထျန်းက ပြုံးလိုက်သည်။

“တောင်းပန်ပါတယ်။ ဂိုဏ်းငယ်လေးတချို့ရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံနေရင်း ကြန့်ကြာသွားလို့ နောက်ကျသွားတာပါ။”

All Chapters