အကျင့်မကောင်းတဲ့တပည့် ညသန်းခေါင်ကြီး အခန်းထဲ ဘာလာလုပ်တာလဲ
Vol. 58 Ch. 864
လုချန်း ယွမ်ရှန်ရှန်၏ အခန်းထဲသို့ ဝင်သွားချိန်၌ သူမ၏ မျက်လုံးများမှာ မှိတ်ထားပြီး မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။
“အကျင့်မကောင်းတဲ့တပည့်၊ ညသန်းခေါင်ကြီး ငါ့အခန်းထဲ ဘာလာလုပ်တာလဲ။”
လုချန်းက ရယ်ကျဲကျဲလုပ်လိုက်သည်။ သူ၏ဆရာမသည် တကယ်ကို ရယ်စရာကောင်းလှ၏။ သူမသည် သူ့အား အေးစက်သောလေဖြင့် ယခုလေးတင် တိုက်ခိုက်ခဲ့ပြီး ယခုမူ ဘာမှမသိသလို ဟန်ဆောင်နေသည်။
“ဆရာမက ကျွန်တော့်ကို လာဖို့ခေါ်တာ မဟုတ်ဘူးလား။”
“ငါက မင်းကို ငါ့အခန်းထဲ လာဖို့ ဘယ်တုန်းက ခေါ်လို့လဲ။”
“ဒါဆိုရင်တော့ ကျွန်တော် နားလည်မှုလွဲသွားတာ ဖြစ်နိုင်ပါတယ်။ ဆရာမ ခေါ်တာ မဟုတ်ဘူးဆိုတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ်။”
“ဆရာမ စောစော အနားယူပါ။ ကျွန်တော် သွားတော့မယ်။”
သူသည် ထွက်သွားရန် လှည့်လိုက်သော်လည်း သူမ၏ အေးစက်သော အသံက သူ့ကို တားလိုက်သည်။ နောက်ထပ် အေးစက်သော လေပြင်းတစ်ချက်က သူ၏ခြေထောက်များကို ကြမ်းပြင်တွင် ခဲသွားစေ၏။
“နေဦး။ မင်း ဒီကို ရောက်လာမှတော့ ငါ့ကို စွမ်းအားတက်လာအောင် ကူညီပေးသွားဦး။”
လုချန်း တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် သူမက
“ဘာလဲ။ မင်းရဲ့ဆရာက ဘာအကျိုးအမြတ်မှမရှိပဲ မင်းကို အလကား ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေတာလား။”
လုချန်းက ပြုံးလိုက်သည်။
“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ။ ဆရာမရဲ့ စွမ်းအားတွေ ပြန်ရအောင် ကူညီပေးရမှာက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ။ ကျွန်တော်လည်း ဆရာမကို အစွမ်းတွေ အမြန်ဆုံး ပြန်ရစေချင်ပါတယ်။ ဒါပေမဲ့ ဆရာမက စိုးရိမ်ပူပန်မှုတွေ ရှိနေပုံပဲ။”
ယွမ်ရှန်ရှန် သူ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
“မင်း ဘာကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။ မင်းရဲ့ အကြံအစည်လေးတွေကို လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်။ ငါ သဘောတူမှာ မဟုတ်ဘူး။”
လုချန်းက ပြုံးလျက်
“ကျွန်တော် ဘာမှ မပြောရသေးပါဘူး ဆရာမ။ ကျွန်တော် ဘာကြံစည်နေလဲဆိုတာ ဆရာမက ဘယ်လိုသိတာလဲ။”
အဓိပ္ပာယ်မဲ့သော စကားများကို ယွမ်ရှန်ရှန် ဆက်မပြောတော့ပေ။ သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် လုချန်း မြောက်တက်သွားပြီး သူမ၏ရှေ့တွင် ထိုင်လျက်သား ဖြစ်သွား၏။
လုချန်းက
“မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတဲ့အခါ ပေါ်ထွက်လာမယ့် ရန်သူတွေက ဆရာမထက် ပိုအစွမ်းထက်နိုင်တယ်ဆိုတာကို ဆရာမ မစိုးရိမ်ဘူးလား။ ဆရာမသာ စွမ်းအားတွေကို အမြန်ဆုံး ပြန်မရခဲ့ရင် အစွမ်းထက်တဲ့ ရန်သူတစ်ယောက်နဲ့တွေ့တဲ့အခါ မယှဉ်နိုင်ရင် ဘယ်လိုလုပ်မလဲ။”
ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အဲ့ဒါက မင်း စိုးရိမ်စရမယ့် ကိစ္စ မဟုတ်ဘူး။”
သူတို့ စကားပြောနေစဉ်တွင် အေးခဲနေသော စိတ်ဝိညာဉ် စွမ်းအင်စီးကြောင်းတစ်ခု လုချန်းထံသို့ တိုးဝင်လာ၏။ သူ၏အဝတ်အစားများ စုတ်ပြဲသွားပြီး ကုတင်ပေါ်တွင် ပြန့်ကျဲသွားသည်။ ယွမ်ရှန်ရှန်၏ မျက်ဆံများသည် ခရမ်းရောင်ဖျော့ဖျော့ဖြင့် တောက်နေ၏။ မကြာမီတွင် သူ၏ အတွင်းစိတ်ဆန္ဒများမှာ ဆွဲထုတ်ခံလိုက်ရသည်။
လုချန်း ဂရုမစိုက်ခဲ့ပေ။ သူ၏ မိဖုရားဆောင်တွင် မိန်းမများစွာရှိပြီး အများစုမှာ ကိုယ်ဝန်မရကြသေးပေ။ ဤ “ရေခဲနတ်သမီး” ကို သူ ကောင်းကင်လူသားအဆင့်သို့ ရောက်သောအခါမှ ဖြေရှင်းနိုင်မည် ဖြစ်သည်။
သူတို့ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်နေစဉ် လုချန်းက
“ဆရာမ။ ကျွန်တော် နည်းနည်း စပ်စုချင်တာက ဆရာမ လာခဲ့တဲ့ အဆင့်မြင့်ကျင့်စဉ် ကမ္ဘာက ဘယ်လိုမျိုးလဲ။”
သူမက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့်
“မင်းကလည်း အဆင့်မြင့်ကျင့်စဉ် ကမ္ဘာက လာတာပဲ မဟုတ်လား အဆင့်မြင့် ကျင့်စဉ်ကမ္ဘာက ဘယ်လိုမျိုးလဲဆိုတာ မင်းမသိဘူးလား။”
လုချန်းသည် အဆင့်မြင့် ကမ္ဘာတစ်ခုမှ ကျင့်စဉ်အတွက် အောက်ကမ္ဘာသို့ စေလွှတ်ခံရခြင်းဖြစ်သည်ဟု ယွမ်ရှန်ရှန် ယခု အသေအချာ မှတ်ယူလိုက်ပြီဖြစ်သည်။ သူသာ ဤကမ္ဘာသို့ မတော်တဆ ရောက်ရှိလာသော အောက်ကမ္ဘာမှ သာမန်လူတစ်ယောက်ဖြစ်ပါက တိုတောင်းသော အချိန်အတွင်း ယခုလို အောင်မြင်မှုများ ရရှိနိုင်မည် မဟုတ်ပေ။
သူ့နောက်သို့ လိုက်နေကြသော ကောင်းကင်လူသား စွမ်းအားရှင်များသည် သူ့ကို မယုံနိုင်လောက်အောင် ရိုသေကြ၏။ သူ၏အဆင့်အတန်းသည် အပြင်ပန်း၌ မြင်နေရသည်ထက် များစွာ မြင့်မားခြင်းမရှိပါက သူတို့သည် သာမန် “အရိပ်အယောင် ကောင်းကင်လူသား” တစ်ဦးအပေါ် ထိုသို့ ပြုမူကြမည် မဟုတ်ပေ။
ကျင့်စဉ်ကမ္ဘာမှ အာဏာကြီးမားသောမိသားစုများအတွက် သူတို့၏ သားသမီးများကို လေ့ကျင့်ရေးအတွက် အခြားကမ္ဘာများသို့ စေလွှတ်ခြင်းက အဆန်းမဟုတ်ပေ။ ထိုအခါ သူတို့ ဘေးကင်းစေရန် လက်အောက်ငယ်သားများစွာ လိုက်ပါစောင့်ရှောက်ကြရသည်။
လုချန်းက
“ဆရာမ ကျွန်တော့်ကို အထင်လွဲနေပြီ။ ကျွန်တော် မူလလာခဲ့တဲ့ ကမ္ဘာကလည်း စိတ်ဝိညာဉ်စွမ်းအင် လုံးဝမရှိသလောက်ဖြစ်တဲ့ ကမ္ဘာတစ်ခုပဲ။”
ယွမ်ရှန်ရှန်က မယုံကြည်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ ဖန်တီးခဲ့သော အရှုပ်တော်ပုံများကို ထောက်ရှုလျှင် သူ့တွင်သာ အစွမ်းထက်သော နောက်ခံမရှိပါက လွန်ခဲ့သော အချိန်များစွာကတည်းက အသတ်ခံခဲ့ရသင့်သည်။ သူ အသက်ရှင်နေသေးသည့်အချက်က သူ၏အဆင့်အတန်းကို သက်သေပြနေသည်။
“ဆရာမ “
လုချန်းက ဆက်ပြောလိုက်သည်။
“ကျွန်တော်ကြားဖူးတာက ဒီကမ္ဘာကနေ ထွက်ခွာဖို့ အလွန်ခက်ခဲတယ်လို့ ဆိုကြတယ်။ ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုလမ်းစဉ်ကို ထိန်းချုပ်နိုင်မှပဲ ထွက်ခွာလို့ ရနိုင်မယ့်ပုံပဲ။”
“နောက်ပြီး ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်က လူတစ်ယောက်ကိုပဲ သယ်ဆောင်သွားနိုင်တယ်။”
ယွမ်ရှန်ရှန်၏ မျက်ခုံးများ မြင့်တက်သွားသည်။
“ဒါကို မင်းကို ဘယ်သူပြောတာလဲ”
လုချန်းက
“ကျွန်တော် ယွဲ့ဧကရာဇ်ဆီက သိခဲ့တာပါ။ သူကလည်း လွင်ပြင်ဒေသ နတ်ဘုရားမဆီက ကြားခဲ့တာတဲ့။”
“လွင်ပြင်ဒေသ နတ်ဘုရားမကလည်း အဆင့်မြင့် ကျင့်စဉ်ကမ္ဘာ ကနေ ဒီကမ္ဘာကို ပြုတ်ကျလာတဲ့ ကျင့်စဉ်ကျင့်သူတစ်ယောက်ပဲ။”
ယွမ်ရှန်ရှန်က ရယ်မောလိုက်ပြီး
“သူက တော်တော်လှတဲ့ အိပ်မက်တစ်ခုကို မက်နေတာပဲ”
“ဒီကမ္ဘာက မပြည့်စုံတဲ့ နိယာမတွေပဲရှိတဲ့ ကမ္ဘာတစ်ခုဖြစ်ပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက သီးခြားကမ္ဘာတစ်ခုပဲ။ ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံလမ်းစဉ်ကို ထိန်းချုပ်ဖို့ အိပ်မက်မက်တာက ရူးသွပ်သူတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲ။”
“ငါ ဒီကမ္ဘာမှာ ရောက်နေတာ ဘယ်နှစ်နှစ်လောက် ရှိနေခဲ့ပြီလဲ မသိတော့ဘူး။ ပြီးတော့ ဒီကမ္ဘာကနေ ထွက်သွားဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ကြိုးစားခဲ့ပြီးပြီ။ ဒါတောင် ငါ ဒီမှာ ပိတ်မိနေတုန်းပဲ။”
“ဒီကမ္ဘာကနေ ထွက်ခွာဖို့ အကောင်းဆုံးနည်းလမ်းကတော့ မြူခိုးဒေသကို သွားပြီး အာကာသ ကွဲကြောင်းတစ်ခုကို ရှာဖို့ပဲ။ အာကာသ ကွဲကြောင်းကနေတစ်ဆင့်ဆိုရင် နောက်ထပ် ကမ္ဘာတစ်ခုကို ပို့ဆောင်ခံရနိုင်တယ်”
“အာကာသ ကွဲကြောင်းရဲ့ တစ်ဖက်ခြမ်းက ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝတဲ့ ကမ္ဘာတစ်ခုဆိုရင် ငါ့ရဲ့ စွမ်းအင်တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်တယ်။ ငါ့ရဲ့ မူလအစွမ်းကို ပြန်ရပြီဆိုရင် ငါ့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို ပြန်သွားနိုင်တယ်။”
ထိုသို့သော အာကာသ ကွဲကြောင်းများကို ရှာဖွေရန် ခက်ခဲရမည်ဟု လုချန်း တွေးလိုက်သည်။ မဟုတ်ပါက မုယန်စီသည် ဤကမ္ဘာသို့ လာရောက်ပြီး သူမ၏ စွမ်းအားများကို ဖိနှိပ်ခံရန် ဆန္ဒရှိမည် မဟုတ်ပေ။
“ကျွန်တော် ကြားဖူးတာကတော့ ဥပဒေ နိယာမ အလုံးစုံ နယ်ပယ်အဆင့်ကို ရောက်သွားရင် အာကာသ လမ်းကြောင်းတစ်ခုကို ဖွင့်နိုင်တယ်လို့ ဆိုတယ်။”
ယွမ်ရှန်ရှန်က ရယ်လိုက်သည်။
“ဥပဒေ နိယာမ အလုံးစုံ နယ်ပယ် ဟုတ်လား။ မင်းက ပိုပြီး စိတ်ကူးယဉ်ဆန်တာပဲ။ ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်အားလုံး ပေါင်းလိုက်ရင်တောင် နိယာမ အလုံးစုံ နယ်ပယ်အဆင့်တစ်ယောက် ဖြစ်လာအောင် မထောက်ပံ့နိုင်ဘူး။ နောက်ပြီး မြူခိုးဒေသရဲ့ စိတ်ဝိညာဉ်စွမ်းအင်တောင်မှ အဲ့ဒီလို တစ်ယောက်ကို ထောက်ပံ့ဖို့ လုံလောက်ချင်မှ လုံလောက်မှာ။”
“မဟုတ်ရင်တော့…”
သူမက သူ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
လုချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“မဟုတ်ရင် ဘာဖြစ်လဲ ဆရာမ”
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ နိယာမ အလုံးစုံ အဆင့်ထက် ပိုအစွမ်းထက်ပြီး ဒီကမ္ဘာကနေ လမ်းကြောင်းတစ်ခု ဖွင့်နိုင်တဲ့ အစွမ်းရှိတဲ့ တစ်စုံတစ်ယောက်က မင်းကို ထောက်ပံ့ပေးနေတာမျိုး မဟုတ်ရင်ပေါ့။”
လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဆရာမက ကျွန်တော် သာမန်လူတစ်ယောက်ပဲဆိုတာကို ခုထိ မယုံသေးဘူးပဲ။”
ထိုအကြောင်းအရာပေါ်တွင် ဆက်မပြောတော့ပဲ သူက
“မြူခိုးဒေသက အာကာသ ကွဲကြောင်းတွေက တခြားကမ္ဘာတွေကို ဦးတည်တယ်ဆိုရင် လွင်ပြင်ဒေသ နတ်ဘုရားမက ဘာလို့ဒီနည်းလမ်းကို မသုံးတာလဲ။”
ယွမ်ရှန်ရှန်က
“ဘာလို့လဲဆိုတော့ မြူခိုးဒေသက အာကာသက မတည်ငြိမ်လို့ပဲ။”
“တစ်စုံတစ်ယောက်က ဒီကမ္ဘာကနေ အာကာသ ကွဲကြောင်းကတစ်ဆင့် ထွက်သွားမယ်ဆိုရင် အာကာသရဲ့ ဖိအားနဲ့ ဆွဲဖြဲခြင်းကို ခံရနိုင်တယ်။ ဆယ်ခါမှာ ကိုးခါက အသက်အန္တရာယ်ရှိတယ်။”