← Chapters

ဒီတပည့်ယုတ်က တမင်သက်သက် လုပ်နေတာပဲ ဖြစ်ရမယ်

Vol. 58 Ch. 865

ဒီတပည့်ယုတ်က တမင်သက်သက် လုပ်နေတာပဲ ဖြစ်ရမယ်

Vol. 58 Ch. 865

ယွမ်ရှန်ရှန်၏ အဖြေကို ကြားသောအခါ လုချန်း စိတ်ထဲတွေးလိုက်သည်။

“ မုယန်စီက အဲ့ဒီနည်းနဲ့ ထွက်သွားဖို့ မကြိုးစားတာ အံ့ဩစရာ မရှိတော့ဘူး။ သူ သေမှာကို ကြောက်နေခဲ့တာပဲ ဖြစ်ရမယ်။’’

မုယန်စီက သေမှာကြောက်လျှင် ယွမ်ရှန်ရှန်လည်း ကြောက်သင့်သည် မဟုတ်ပါလား။

လုချန်းက ဆက်မေးသည်။

“ဆရာမကလည်း အာကာသ ကွဲကြောင်းတွေက အန္တရာယ်များတာကို သိနေတာပဲ။”

“ဒါတောင် ဆရာမက အာကာသ ကွဲကြောင်းကနေတစ်ဆင့် ထွက်သွားဖို့ စီစဉ်နေတုန်းပဲလား။”

ယွမ်ရှန်ရှန်က

“ငါ ချက်ချင်း ထွက်သွားဖို့ မစီစဉ်ထားပါဘူး။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက် ငါ မြူခိုးဒေသကို သွားပြီး ကျင့်ကြံရင်းနဲ့ ဒီကမ္ဘာကနေ ထွက်သွားဖို့ နည်းလမ်းရှာမယ်။”

“တခြား ထွက်သွားဖို့ နည်းလမ်း တကယ်ပဲ ရှာမတွေ့တော့ဘူးဆိုရင်တော့ အာကာသ ကွဲကြောင်းကနေ ဖြတ်သွားရတဲ့အန္တရာယ်ကို ရင်ဆိုင် ရတော့မှာပေါ့။”

သူမက ထိုသို့ပြောလိုက်သော်လည်း သူမ၏စိတ်ထဲတွင်မူ ပိုကောင်းသော အစီအစဉ်တစ်ခု ရှိနေ၏။ လုချန်းသည် အစွမ်းထက်သော ကျင့်စဉ်မိသားစုမှ လာသည်မှာ သေချာ၏။

သူတို့သည် နောက်ဆုံးတွင် သူ့ကို ပြန်လည်ခေါ်ဆောင်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိမ့်မည်ဟု သူမ ယုံကြည်နေသည်။ သူမသည် သူ၏ဆရာမ ဖြစ်သောကြောင့် သူ သူမကို မလွဲမသွေ ခေါ်ဆောင်သွားရမည် ဖြစ်သည်။

ဟုတ်ပါသည်။ သူမ၏ မျှော်လင့်ချက်အားလုံးကို တစ်နေရာတည်းတွင် စုပုံမထားပေ။ သူမဘာသာ ထွက်ခွာရန် နည်းလမ်းတစ်ခုကို ဆက်လက်ရှာဖွေဦးမည် ဖြစ်သည်။

လုချန်း မည်သို့သော လူစားမျိုးဖြစ်သည်ကို သူမ သိ၏။ ဤကမ္ဘာမှ ထွက်ခွာရန် သူ့အပေါ် အားကိုးခဲ့ပါက သူက မဖြစ်နိုင်သော တောင်းဆိုမှုများကို မလွဲမသွေ ပြုလုပ်လိမ့်မည်။ ဤကောင်လေးသည် သူမကို အမြဲတစေ လိုချင်နေခဲ့သည်။ သူမ ထိုအချက်ကို လျစ်လျူရှု၍ မဖြစ်ပေ။

ထိုစဉ် ယွမ်ရှန်ရှန်က

“စကားပြောတာ တော်လောက်ပြီ။ ကျင့်ကြံဖို့ အာရုံစိုက်တော့။”

သူမ၏ မျက်ဆံများရှိ ခရမ်းရောင်အလင်းက ပိုမိုပြင်းထန်လာပြီး လုချန်း၏ ဆန္ဒများလည်း ပိုမိုကြီးထွားလာခဲ့သည်။ သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်များရှိ စိတ်ဝိညာဉ်စွမ်းအင်သည် စတင်လည်ပတ်လာသည်။

မကြာမီတွင် သူမ၏ ခန္ဓာကိုယ် မီးလောင်နေသကဲ့သို့ ယွမ်ရှန်ရှန် ခံစားလာရသည်။ ဒါကကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးတစ်ခုဟု တွေးကာ သူမ၏ ခံစားချက်များကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သူမ၏ အတွင်းစိတ်ဆန္ဒများကို ထိန်းချုပ်နိုင်သရွေ့ အရာအားလုံး အဆင်ပြေမည် ဖြစ်သည်။

သို့သော် သူမ ထာဝရ ထိန်းထားနိုင်မည် မဟုတ်ပေ။ သူမ၏ အေးစက်သော မျက်နှာပေါ်တွင် ပန်းရောင်သန်းသော အရောင်တစ်ခု ပေါ်လာပြီး သူမ၏ မျက်လုံးများလည်း အရည်လဲ့လာသည်။ ထိုအခြေအနေတွင် သူမကို မြင်သောအခါ လုချန်းလည်း မငြိမ်မသက်ဖြစ်လာပြီး သူမ တစ်ကိုယ်လုံးကို မျိုချလိုစိတ်များ ဖြစ်ပေါ်လာသည်။

ယွမ်ရှန်ရှန်က သူ့ကို ခွင့်ပြုမည် မဟုတ်ပေ။ နောက်တစ်ခဏတွင် သူမသည် အလင်းအရိပ်နှင့် ဆင်တူသော နည်းစနစ်တစ်ခုကို အသုံးပြုကာ သူ့ကို အနီးအနားရှိ ချန်ဝမ်ရွန်၏ အဆောင်ထဲသို့ လွင့်သွားအောင် ပို့လိုက်သည်။

ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် လက်ချင်းချိတ်ကာ စကားပြောနေကြစဉ် အဝတ်ဗလာနှင့် ယောက်ျားတစ်ယောက်သည် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့ တစ်စက္ကန့်မျှ မှင်တက်သွားသော်လည်း ယွမ်ရှန်ရှန်၏ အခန်းမှ သူ ယခုလေးတင် ထွက်လာပြီး သူမနှင့်အတူ ကျင့်ကြံနေခဲ့သည်ကို အလျင်အမြန် သဘောပေါက်သွားကြသည်။

သူ၏ ဇနီးနှစ်ဦးက သူ့ကို စိုက်ကြည့်နေသဖြင့် လုချန်း အနည်းငယ် ရှက်သွားသည်။

“ဝမ်ရွန်။ ရွန်ရွန် မင်းတို့နှစ်ယောက် ဒီလောက် ညဉ့်နက်နေပြီကို မအိပ်သေးဘူးလား။”

ထိုအခါမှ သူတို့ သတိပြန်ဝင်လာကြသည်။ ထို့နောက်

“မင်းကြီးကို ဂါရဝပြုပါတယ်”

ဟု တညီတညွတ်တည်း ဆိုလိုက်ကြသည်။

လုချန်းက သူတို့ထံသို့ လျှောက်သွားပြီး သူ၏လက်များကို သူတို့၏ ပခုံးများပေါ်တင်ကာ

“ကိုယ့်ရှေ့မှာ ဦးညွှတ်စရာ မလိုဘူးလို့ ကိုယ် မင်းတို့ကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ။”

“ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ အချိန်လည်း အရမ်းနောက်ကျနေပြီ။ ကိုယ်တို့အားလုံး အနားယူသင့်ပြီ။”

ယွမ်ရှန်ရှန်နှင့် သူ၏ လေ့ကျင့်ခန်းကြောင့် စိတ်ကြွနေဆဲဖြစ်သော လုချန်းသည် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ထံမှ အကူအညီ လိုအပ်နေ၏။ အမျိုးသမီးနှစ်ဦးသည် သူဆိုလိုချင်သည်ကို ချက်ချင်း သဘောပေါက်သွားပြီး ပါးပြင်များ နီရဲသွားကြသည်။

လုချန်းလည်း သူတို့ကို ပွေ့ဖက်ကာ သာယာသော ညတစ်ညကို ဖြတ်သန်းရန် ကုတင်ဆီသို့ လျှောက်သွားလိုက်၏။

…….

အနောက်ဘက် အဆောင်။

အနောက်ဘက် အဆောင်ထဲတွင် ယွမ်ရှန်ရှန်သည် သူမ၏ မငြိမ်မသက် ဖြစ်နေ

သော စိတ်နှလုံးကို အေးချမ်းအောင် ကြိုးစားနေခဲ့သည်။ သူမ၏ စွမ်းအား တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိလာသည်ကို ခံစားရသော်လည်း ထိုမငြိမ်သက်မှုက သူမအား စိတ်ကြွဆေးတစ်မျိုးမျိုး သောက်ထားသကဲ့သို့ မယုံနိုင်လောက်အောင် မသက်မသာ ဖြစ်စေသည်။

ဤကျင့်စဉ်ကို အချိန်ကြာမြင့်စွာ မလုပ်သင့်ဟု သူမ တွေးလိုက်သည်။ နောက်တစ်ကြိမ်တွင် ထိန်းချုပ်မှုမလွတ်သွားစေရန် တင်းကြပ်စွာ ထိန်းချုပ်ရမည် ဖြစ်သည်။ ခုနက သူမ ထိန်းချုပ်မှု လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူမ ထိုလူယုတ်မာကို နောက်ဆုံးစက္ကန့်တွင် အခြားနေရာသို့ ပို့လွှတ်လိုက်နိုင်ခဲ့သည်။ သူမသာ သတိလစ်သွားခဲ့ပါက သူ ဘာတွေဆက်လုပ်မယ်မှန်း မည်သူသိနိုင်မည်နည်း။

ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ရှန်ရှန် အနည်းငယ် ကြောက်လန့်သွားသည်။ သူ့အနားတွင် တစ်ခဏလေးမျှပင် သတိလက်လွတ် နေ၍မဖြစ်ပေ။

သူမ၏ အတွင်းစိတ်ဂယက်ကို ဖိနှိပ်ရန် ကြိုးစားနေစဉ်တွင် အနောက်ဘက်အခန်းမှ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့၏ အသံများကို ရုတ်တရက် ကြားလိုက်ရသည်။ လုချန်း၏ နန်းတော်ရှိ အသံလုံခန်းများသည် မယုံနိုင်လောက်အောင် ကောင်းမွန်သောကြောင့် သူမ ဤမျှ ရှင်းလင်းစွာ ကြားနေရခြင်းမှာ သူတို့ အော်ဟစ်နေကြသောကြောင့် ဖြစ်ရမည်။

ယွမ်ရှန်ရှန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤလူယုတ်မာက ဒါကို တမင်သက်သက် လုပ်နေတာ သေချာသည်။

သူမသည် လှိုင်းထန်နေသော စိတ်စွမ်းအင်များကို ထိန်းချုပ်ရန် ကြိုးစားရင်း အလျင်အမြန် တရားပြန်ထိုင်လိုက်သည်။ သို့သော် သူမ နားမလည်နိုင် ဖြစ်နေ၏။ လုချန်းနှင့် သူမ၏ ယခင်ကျင့်ကြံမှုများသည် ဤတစ်ကြိမ်ထက်ပင် ပိုကြာမြင့်ခဲ့ပြီး သူမ ဤမျှ မငြိမ်မသက် ဖြစ်ခဲ့ဖူးခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဤတစ်ကြိမ်တွင် သူမ မည်သို့ပင် ကြိုးစားစေကာမူ စိတ်ငြိမ်အောင် ပြုလုပ်၍ မရဖြစ်သနည်း။

……

နောက်တစ်နေ့ နံနက်

လုချန်းသည် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ကြားထဲတွင် နိုးထလာခဲ့သည်။ သူသည် အချိန်မဖြုန်းပဲ ရေချိုးပြီးနောက် နိုင်ငံရေးရာ ခန်းမသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။

တပ်ဖြန့်ကျက်မှုများကို ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ဤနန်းတွင်းအစည်းအဝေးသည် သူထွက်ခွာသွားပြီးနောက် အရာရှိများ မှတ်သားထားရမည့် အရာများကို ဆွေးနွေးရန် ဖြစ်သည်။

အစည်းအဝေး ပြီးဆုံးသွားပြီးနောက် သူ ထွက်ခွာတော့မည့်သတင်းသည် ဂိုဏ်းအင်အားစုများထံသို့ အလျင်အမြန် ရောက်ရှိသွားသည်။ သူတို့၏ အစီအစဉ်များကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်ပြီဟု တွေးကာ ဂိုဏ်းအင်အားစုများ အလွန်စိတ်လှုပ်ရှားနေကြသည်။

………

နေ့လယ်ပိုင်း။

လှပသော အမျိုးသမီးနှစ်ဦးသည် အဆောင်ငယ်တစ်ခုထဲတွင် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကာ ထိုင်နေကြသည်။ လိီချင်ရို့သည် ဝူကျန်းဝမ်၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း

“ကျန်းဝမ်။ ဒီကလေးမွေးလာရင် သူ့ဆီကနေ အကျင့်ဆိုးတွေ မသင်ယူမိအောင် သူ့ကို မျက်စိဒေါက်ထောက်ကြည့်ပြီး အဲ့ဒီလူနဲ့ အများကြီး ထိတွေ့ခွင့်မပေးရဘူးနော်”

ဝူကျန်းဝမ် ပြုံးလိုက်သည်။ လုချန်းက ဘယ်လောက်တောင် ဆိုးနိုင်မှာလဲ။ သူသည် မိန်းမလိုက်စားတတ်သူတစ်ယောက် ဖြစ်သော်လည်း သူမ၏ကလေးတွင် ထိုအပြစ်တစ်ခုတည်းသာ ရှိမည်ဆိုပါက သူမ လက်ခံနိုင်ပေသည်။ ဤခေတ်တွင် ယောက်ျားများ ကာမဂုဏ်လိုက်စားခြင်းသည် ကြီးမားသောကိစ္စတစ်ခု မဟုတ်ပေ။

တစ်ချိန်က ကြီးမားသော အာဏာကို ကိုင်စွဲခဲ့သော ဝူကျန်းဝမ်သည် ပိုင်ဆိုင်လိုစိတ် အနည်းငယ် ပြင်းပြနိုင်သော်လည်း လုချန်းနှင့် အချိန်ကြာမြင့်စွာ အတူနေပြီးနောက် သူမ ထိုအကျင့်များကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။

“ချင်ရို့”

ဝူကျန်းဝမ်က စကားစလိုက်သည်။

“မြူခိုးဒေသက ကန့်သတ်ချက်တွေ ပျောက်ကွယ်တော့မယ်။ ငါတို့ရဲ့ ဆရာမကို နောက်တစ်ခါ ပြန်တွေ့နိုင်မယ်လို့ နင်ထင်လား။”

လိီချင်ရို့က

“ဆရာမက ဒီကမ္ဘာကို နောက်တစ်ခေါက် ထပ်လာသင့်တယ်။ သူသာ ရောက်လာပြီး ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို အဲ့ဒီလူက သိမ်းပိုက်သွားတာကို သိသွားရင် သူက ငါတို့အတွက် တရားမျှတမှုကို မလွဲမသွေ ရှာဖွေပေးလိမ့်မယ်။”

ဝူကျန်းဝမ် ချက်ချင်း စိုးရိမ်သွားသည်။ သူတို့၏ ဆရာမသာ အမှန်တကယ် ပြန်လာခဲ့ပါက လုချန်းလည်း ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပါလား။ သူတို့၏ ဆရာမသည် သာမန် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးထက် များစွာ ပို၍ အစွမ်းထက်သည်။

သို့သော် ဝူကျန်းဝမ်၏စိတ်များ အလျင်အမြန် ငြိမ်သက်သွားသည်။ လုချန်းတွင် လျှို့ဝှက်ချက်များစွာ ရှိ၏။ သူ၏လက်ထဲတွင် အခြား မည်သည့်လှည့်ကွက်များ ရှိနေသေးသည်ကို မည်သူသိနိုင်မည်နည်း။

All Chapters