အတင်းအကျပ် အခိုင်းခံခဲ့ရတာ
Vol. 58 Ch. 866
ဝူကျန်းဝမ်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေ၏။ လုချန်းတွင် မူလအစ ကမ္ဘာနယ်ပယ်မှ ကျင့်စဉ်ကျင့်သူတစ်ဦးကို ခံနိုင်ရည်ရှိသော နည်းဗျူဟာ ပုံစံတစ်ခုနှင့် ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သော မြေအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ရှိသည်။ နောက်ဆုံးတွင် သူမ၏ ဆရာမ သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် လုချန်း ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် မည်သည့် အခြေအနေမျိုး လိုအပ်မည်ကို မည်သူမှ မသိပေ။ သူသည် ကောင်းကင်လူသား စွမ်းအားရှင်များနှင့် ရင်ပေါင်တန်းနိုင်သော အရိပ်အယောင် ကောင်းကင်လူသားတစ်ဦး ဖြစ်သောကြောင့် သူသာ အမှန်တကယ် အဆင့်ကျော်ဖြတ်နိုင်ခဲ့ပါက ယင်ယန်မှန် နယ်ပယ်အဆင့်တစ်ဦးနှင့်ပင် တိုက်ခိုက်နိုင်ဖွယ်ရှိသည်။
ထို့သို့တွေးမိသောအခါ ဝူကျန်းဝမ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
ဝူကျန်းဝမ်က မျက်ခုံးများ တစ်ဖန် တွန့်လိုက်ရင်း
“မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတဲ့အခါ ဂိုဏ်းချုပ်ရဲ့ အကျင့်စရိုက်ကို ထောက်ရှုရင် သူက ဒီကမ္ဘာကို သိမ်းပိုက်ဖို့ ရွေးချယ်နိုင်ခြေ တော်တော်များတယ်။ အဲ့ဒီအခါကျရင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမှာကို ငါစိုးရိမ်တယ်။”
သူမနှင့် လိီချင်ရို့တို့ မြူခိုးမှော်ဂိုဏ်းမှ ထွက်ခွာပြီး ဤကမ္ဘာသို့ လာရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဂိုဏ်း၏ လုပ်ဆောင်ပုံကို သူတို့ မကျေနပ်သောကြောင့် ဖြစ်သည်။
သူတို့၏ ဆရာမက သူတို့အပေါ် ကောင်းမွန်သော်လည်း မြူခိုးမှော်ဂိုဏ်းသည် အလွန်အမင်း အနိုင်ကျင့်ဗိုလ်ကျတတ်သည်။ သူတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို သတ်ပစ်တတ်ပြီး မြူခိုးဒေသရှိ အခြားအင်အားစုများထဲမှ မည်သူမှ သူတို့ကို မတော်လှန်ဝံ့ပေ။
ဝူကျန်းဝမ်နှင့် လိီချင်ရို့တို့သည် လူသတ်ခြင်းကို မစိမ်းကြသော်လည်း မြူခိုးမှော် ဂိုဏ်း၏ နည်းလမ်းများမှာ ကွဲပြားသည်။ သူတို့နှစ်ဦးသည် နိုင်ငံရေးအကြောင်းပြချက်များကြောင့် လူသတ်ခဲ့ကြသော်လည်း ထို ဂိုဏ်းမှာမူ မကြာခဏ အပြစ်မဲ့ပြည်သူများကို မဆင်မခြင် သတ်ဖြတ်တတ်ပြီး စိတ်ထင်တိုင်း အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းတတ်သည်။
ယင်းက မြူခိုးမှော်ဂိုဏ်းကို ရန်သူများစွာ ရှိစေပြီး သူတို့၏ တပည့်များလည်း မကြာခဏ ပစ်မှတ်ထားခံရသည်။
ဝူကျန်းဝမ်နှင့် လိီချင်ရို့တို့လည်း အကြိမ်ပေါင်းများစွာ လုပ်ကြံခံရပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။ သူတို့လည် နောက်ဆုံးတွင် ထိုဘဝကို ငြီးငွေ့လာသောကြောင့် မြူခိုးဒေသ၏ ကန့်သတ်ချက်များ စတင်မှေးမှိန်လာသောအခါ သူတို့ကို ပြန်ပို့ပေးရန် သူတို့၏ ဆရာမထံ တောင်းဆိုခဲ့ကြသည်။
လိီချင်ရို့က ညင်သာစွာ ရယ်မောရင်း ဝူကျန်းဝမ်၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
“ကျန်းဝမ်။ နင် တကယ်တော့ အဲ့ဒီလူအတွက် စိတ်ပူနေတာ မဟုတ်လား။”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က နင် ကောင်းကင်လူသားအဆင့်ကို ကျော်ဖြတ်ဖို့အတွက် အခြေအနေတွေက သူနဲ့ ပတ်သက်နေလို့ သူ့ဘေးမှာ နေနေရတာများလားလို့ ငါတွေးနေခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ နင် သူ့အပေါ်မှာ တကယ်ကို သံယောဇဉ်ဖြစ်နေပုံပဲ။”
“နင် သူ့အပေါ် ဒီလောက်တောင် စွဲလန်းနေရအောင် အဲ့ဒီလူ ဘာများ ကောင်းနေလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး။”
ဝူကျန်းဝမ် ပြုံးလိုက်သည်။
“ချင်ရို့။ သူ့မှာ ဘာကောင်းကွက် ရှိလဲဆိုတာ နင်မသိဘူးလား။ ဟိုတစ်နေ့ကပဲ တစ်ယောက်ယောက်က ‘အချစ်.. အချစ်’လို့ အဆက်မပြတ် ခေါ်နေတာ ငါကြားလိုက်တယ်။”
လိီချင်ရို့၏ အပြုံးများ ရပ်တန့်သွားသည်။
“ကျန်းဝမ်။ အဲ့ဒီလူယုတ်မာရဲ့ လှည့်စားတတ်တဲ့ နည်းလမ်းတွေကို နင် မသိတာလည်း မဟုတ်တာ။ ငါက အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ။”
ဝူကျန်းဝမ် ထပ်မံရယ်မောလိုက်သည်။
“ချင်ရို့။ နင် အတင်းအကျပ် ခိုင်းစေခံရတာ ဟုတ်မဟုတ် ငါ မခွဲခြားနိုင်ဘူးများ မှတ်နေလား။”
လိီချင်ရို့က
“ကျန်းဝမ်။ နင် ဆက်ပြောနေမယ်ဆိုရင် ငါ စိတ်ဆိုးတော့မှာနော်”
“တော်ပါပြီ။ တော်ပါပြီ။ နင့်ကို ငါ မစတော့ဘူး”
ဟု ဝူကျန်းဝမ်က အလျင်အမြန် ပြောလိုက်သည်။
လိီချင်ရို့က ဆက်လက်၍
“ကျန်းဝမ်။ အဲ့ဒီလူယုတ်မာက တကယ်တော့ နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ယောက်လို့ နင် သံသယဝင်ဖူးလား။”
သာမန်လူတစ်ယောက်သည် သူ၏ စွမ်းအင်အားလုံးကို ယောက်ျားနှင့်မိန်းမ ကိစ္စများအပေါ် အာရုံစိုက်နိုင်မည် မဟုတ်ကြောင်း သူမက ထောက်ပြလိုက်သည်။
ယင်ယန် နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူများသာ ထိုသို့သော အမှုများကို ပြုလုပ်တတ်ကြသည်။ ပို၍အရေးကြီးသည်မှာ လုချန်း၏ နည်းလမ်းများသည် ရက်စက်ပြီး လှည့်စားတတ်သည်။ သူသည် လူကောင်းတစ်ယောက်နှင့် မတူပေ။
ဝူကျန်းဝမ်က
“ချင်ရို့။ သူသာ တကယ်ပဲ နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ယောက်ဆိုရင် သူ့ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် နင် အခုအချိန်ဆို ကုတင်ပေါ်ကနေ မထနိုင်လောက်အောင် စွမ်းအင်စုပ်ယူခံနေရလောက်ပြီ။”
လုချန်းသာ ယင်ယန်နတ်ဆိုး ကျင့်စဉ်ကို အမှန်တကယ် ကျင့်ကြံခဲ့ပါက သူ၏ မိဖုရားဆောင်တွင် ယခုအချိန်၌ တော်တော်များများ သေဆုံးနေလောက်ပြီဖြစ်သည်။
ထိုအစား သူတို့အားလုံးသည် ကျန်းမာ၊ တောက်ပ၊ နုပျိုပြီး ပိုမိုလန်းဆန်းနေကြသည်။ သူတို့အားလုံးသည် သူ၏ထံမှ ခွန်အားတိုးလာခြင်း၊ ဒဏ်ရာများ ပျောက်ကင်းခြင်းနှင့် ပိုမိုလှပလာခြင်းကဲ့သို့သော အကျိုးကျေးဇူးများပင် ရရှိခဲ့ကြသည်။
လိီချင်ရို့ နားလည်သော်လည်း သူမတွင် သံသယများ ရှိနေဆဲဖြစ်သည်။ လောကနိယမအရ အမြဲတမ်း အကောင်းသက်သက်ချည်း ရရှိမနေသင့်ပေ။ တန်ရာတန်ကြေးတစ်ခု ပေးဆပ်ရမည် ဖြစ်သည်။
မည်သည့်ပေးဆပ်မှုမှမရှိပဲ တစ်ညလုံး ထိုသို့ ပြုမူနိုင်မည် မဟုတ်ပေ။ ကျင့်စဉ်ကျင့်သူတစ်ဦးအနေနှင့် ထိုသို့သော သာယာမှုများအတွက် မိမိ၏ ဇီဝစွမ်းအင်ကို ကုန်ဆုံးစေခြင်းသည် မယုံနိုင်စရာ ကိစ္စတစ်ခု ဖြစ်နေသည်။
ဝူကျန်းဝမ်က
“အများကြီး မစဉ်းစားပါနဲ့တော့ ချင်ရို့”
“မြူခိုးမှော်ဂိုဏ်းမှာ ရှိနေတုန်းက ဒီကမ္ဘာမှာ ယောက်ျားနဲ့မိန်းမကြား စုံတွဲကျင့်ရတဲ့ ကျင့်စဉ်တွေ ရှိတယ်လို့ ကြားဖူးမှာပေါ့။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်က စုံတွဲကျင့်စဉ် နည်းစနစ်တစ်ခုဆိုတာ ထင်ရှားတယ်။ ဒီနည်းစနစ်က နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးတွေပဲ ဆောင်ကြဉ်းပေးပြီး ဘာအားနည်းချက်မှ မရှိဘူးထင်တယ်။”
လိီချင်ရို့လည်း ဆက်လက်မငြင်းခုံလိုတော့ပဲ
“ဖြစ်နိုင်ပါတယ်။”
ထိုစဉ် အဆောင်၏ အဝင်ဝမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“ချင်ရို့။ မင်း ကိုယ့်မိန်းမ ဖြစ်နေတာ ဒီလောက်ကြာပြီ။ ဘာလို့ အခုထိ ကိုယ့်အကြောင်းကို ဒီလောက် ဆိုးဆိုးရွားရွား တွေးနေနိုင်ရသေးတာလဲ။”
လိီချင်ရို့၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူ ထပ်ရောက်လာပြန်ပြီ။
အမျိုးသမီးနှစ်ဦး လှည့်ကြည့်လိုက်ရာ အနက်ရောင်နှင့် ရွှေနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လုချန်းတစ်ယောက် သူတို့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ဝူကျန်းဝမ်က ချက်ချင်း ထ၍ ကြိုဆိုလိုက်သည်။
“မင်းကြီး။”
လိီချင်ရို့ကတော့ ထိုင်မြဲထိုင်နေပြီး လုချန်းကို ဂရုမစိုက်ခဲ့ပေ။ သူ၏ ဇနီးများက သူ့ကို ဦးမညွှတ်ခြင်းက လုချန်းကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ အမှန်တော့ သူ့အပေါ်တွင် သူတို့၏ ဧကရာဇ်ထက် သူတို့၏ “အချစ်တော်” ကဲ့သို့ ပိုမိုခံစားရစေချင်သည်။
သူက ဝူကျန်းဝမ်၏ ပခုံးကို ညင်သာစွာ ထိလိုက်သည်။
“ထပါ။ ကျန်းဝမ်။ မင်းရဲ့ ဝမ်းဗိုက်က တစ်နေ့တခြား ကြီးလာပြီ။ ဒီလိုမျိုး ဂါရဝပြုမနေပါနဲ့။ ကိုယ်တို့ရဲ့ ကလေး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။”
ထိုသို့ပြောရင်း သူက လိီချင်ရို့ကို တစ်ချက်ကြည့်လိုက်ရာ သူမ သတိပြုမိသွားပြီး သူမ၏ မျက်နှာအမူအရာ ချက်ချင်း အေးစက်သွားသည်။
သူက သူမကို ဘာလို့ ကြည့်နေတာလဲ။ သူမကိုလည်း ကိုယ်ဝန်ရအောင် ကြိုးစားချင်နေတာလား။
ဝူကျန်းဝမ်က
“ဒီနေ့ မင်းကြီး ဘာကိစ္စရှိလို့ ရောက်လာတာလဲ။”
သူသည် ပုံမှန်အားဖြင့် ညဘက်တွင်သာ လာတတ်သည်ကို သူမသိထားသည်။ သူ တစ်စုံတစ်ခု လိုအပ်နေမည်ဟု တွေးလိုက်သည်။
လိိီချင်ရို့ကို ကြည့်ရင်း လုချန်းက
“အင်း။ ကိုယ် ချင်ရို့နဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်”
လိီချင်ရို့က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“မင်းကြီးမှာ ကျွန်မနဲ့ ဆွေးနွေးစရာ ဘာကိစ္စများ ရှိပါသလဲ။”
လုချန်းက ပြုံးလိုက်ရင်း
“ဒီနေရာက စကားပြောလို့ မကောင်းဘူး။ နေရာပြောင်းကြရအောင်။”
သူက ဝူကျန်းဝမ်၏ ဝမ်းဗိုက်ကို ထပ်မံ ပုတ်လိုက်သည်။
“ကျန်းဝမ်။ ချင်ရို့နဲ့ကိုယ် အခန်းထဲ အရင်ပြန်နှင့်မယ်။”
ဝူကျန်းဝမ်က
“အင်း။ ကောင်းပါပြီ”
နောက်တစ်ခဏတွင် လုချန်းက လိီချင်ရို့၏ လက်ကို ဆွဲလိုက်ပြီး သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားကြသည်။