မြေကမ္ဘာကောင်းမှုနန်းတော်
Vol. 131 Ch. 1695
အရှေ့နတ်မင်းချင်းလုံက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ယခင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ (ချင်မူ) ကဲ့သို့ မျက်စိစပါးမွှေး စူးစရာပင် ဖြစ်သည်ကို သတိထားမိလိုက်သည်။
ချင်မူသည် သူ့ကို မူလချီ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ ကယ်တင်ပေးခဲ့ပြီး ကျန်းပိုင်ကွေ့ကမူ အရှေ့နတ်မင်းကောင်းကင်လက်နက်ကို အသုံးပြု၍ သူ့အား ပြန်လည်အသက်သွင်းပေးခဲ့။ သူတို့နှစ်ယောက်၏ ရည်ရွယ်ချက်က သိသာလှသည် မဟုတ်လော။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် တိုက်ခိုက်ရန် ရှေးဟောင်းနတ်ဘုရား၏ အင်အားကို ငှားယူလိုခြင်းသာဖြစ်၏။
အရှေ့နတ်မင်းချင်းလုံဆိုသည်မှာ ယခင်ကတည်းက စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လေသည်။ ကျန်းပိုင်ကွေ့အနေဖြင့် အစိမ်းရောင်နတ်မင်းကို အနိုင်ယူနိုင်ရန် နည်းလမ်းမရှိသဖြင့် သူ့အား အသက်သွင်း၍ အကူအညီတောင်းခြင်းသာ ဖြစ်လေသည်။
သို့သော် သူ့ကို စစ်သည်တော်တစ်ဦးတစ်ယောက်မှ မပေးချေ။ တစ်ယောက်တည်း တိုက်ခိုက်ရမည်လော။
အစိမ်းရောင်နတ်မင်းတွင် စုစုပေါင်း တပ်ဖွဲ့ ခြောက်ဆယ် ရှိလေသည်။
ကောင်းကင်လက်နက်မျိုးစုံ၊ ၀င်္ကပါမျိုးစုံအပြင် အစိမ်းရောင်နတ်မင်းကိုပါ ရင်ဆိုင်ရမည်ဖြစ်သည်။ သူ တစ်ဦးတည်း ချီတက်သွားပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် တူပေလိမ့်မည်။
ခရမ်းရောင်အလင်းတန်းတစ်တန်းက အရှေ့နတ်မင်းချင်းလုံ၏ မျက်လုံးထဲတွင် ဖြတ်ခနဲ တောက်ပသွား၏။ “ကျန်းပိုင်ကွေ့၊ အရှေ့ကောင်းကင်ရဲ့ စစ်တပ် ၆၀ နဲ့ တိုက်ခိုက်ဖို့ မင်းက ငါ့ကို မြင်းတစ်ကောင်ပဲ ပေးနေတာလား… ငါက နတ်ဘုရားမိစ္ဆာသန်းနဲ့ချီ ရှိနေတဲ့ အစိမ်းရောင်နတ်မင်း စစ်စခန်းထဲ ဝင်သွားရမှာပေါ့လေ”
ကျန်းပိုင်ကွေ့က ခေါင်းညိတ်သည်။
အရှေ့နတ်မင်းချင်းလုံသည် သူ၏မျက်လုံးများကို မှေးကျဉ်း၍ အသက်တစ်ရှိုက် ရှုသွင်းလိုက်၏။ “ဒါဆိုရင် မင်းရဲ့စစ်တပ်တွေကို ဘယ်အချိန် ဦးဆောင်ပြီး ငါနဲ့ တွေ့မှာလဲ”
ကျန်းပိုင်ကွေ့က ဖြေသည်။ “အရှေ့နတ်မင်း ဦးဆောင်ချီတက်သွားလိုက်ပါ… အချိန်တန်ရင် ကျွန်တော် စစ်တပ်တွေ စေလွှတ်ပေးပါ့မယ်”
အရှေ့နတ်မင်းမှာ သူ့အရှေ့ရှိ ခပ်ဖြောင့်ဖြောင့် ပုဂ္ဂိုလ်ကို စိုက်ကြည့်နေမိသည်။ “မြင်းတစ်ကောင်တဲ့လား”
“ပြိုင်ဘက်ကင်းတဲ့ မြင်းပါ”
ကျန်းပိုင်ကွေ့က အေးဆေးစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ချင်းလုံ၊ ခင်ဗျားရဲ့ ရုပ်ခန္ဓာ၊ ခင်ဗျားရဲ့ ဘိုးဘေးနယ်မြေနဲ့ မရေမတွက်နိုင်တဲ့ မျိုးဆက်တွေက ရန်သူရဲ့ စစ်စခန်းထဲမှာ ရှိနေကြတယ်… မတိုက်ခိုက်ဘဲ အဲ့ဒါတွေအားလုံးကို စွန့်ပစ်လိုက်ဖို့ ရွေးချယ်လို့ ရတယ်”
အရှေ့နတ်မင်းလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တစ်ဖက်သို့ လှည့်သွားသည်။
ကျန်းပိုင်ကွေ့က မှင်သေသေ ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ချင်းလုံ၊ ကောင်းကင်နတ်အရှင်မူက ခင်ဗျားကို ကျေးဇူးပြန်ဆပ်ပြီးပြီ… ခင်ဗျားအပေါ်မှာ ဘာအကြွေးမှ မတင်တော့ဘူး… အနာဂတ်မှာ ခင်ဗျားသေရင် သေချာပေါက် သေတာဖြစ်လိမ့်မယ်”
အရှေ့နတ်မင်းချင်းလုံမှာ ရင် ဒိန်းခနဲ ခုန်သွားသည်။ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သောကြောင့် သူက ပြန်လှည့်ကြည့်လာ၏။ “ငါ သူ့ကိုအကြွေးထပ်တင်အောင် လုပ်လိုက်ရင် အနာဂတ်မှာ ငါသေသွားရင်တောင်မှ သူက ငါ့ကို ပြန်အသက်သွင်းပေးလိမ့်မယ်’’
ကျန်းပိုင်ကွေ့သည် ပြုံးလျက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၏။
အရှေ့နတ်မင်းချင်းလုံက ဆက်ပြောသည်။ “အခုအချိန်က သူ ငါ့အပေါ် အကြွေးတင်စေဖို့ အခွင့်ကောင်းတစ်ခုပဲ…. ငါ ဧကရာဇ်အတိုင်ပင်ခံကို ကူညီပြီး အရှေ့ကောင်းကင်ရဲ့ စစ်တပ် ၆၀ ကို ချေမှုန်းလိုက်တာက သေချာပေါက် အကျိုးအမြတ်ကြီးဖြစ်စေလိမ့်မယ်… ကောင်းကင်နတ်အရှင်မှု ကျိန်းသေကျေးဇူးတင်နေမှာပဲ”
ကျန်းပိုင်ကွေ့က ပြုံးလျက် ခေါင်းညိတ်လိုက်ပြန်၏။
အရှေ့နတ်ချင်းလုံ၏ ခန္ဓာကိုယ်ကြီးက ယိုင်သွားပြီး သေးငယ်သထက် သေးငယ်လာသည်။ သူသည် နဂါးဦးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော သက်လတ်ပိုင်းဧကရာဇ်တစ်ဦးအဖြစ် ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်က နတ်အင်အားတို့ဖြင့် တုန်ခါနေပြီး သူက လေးနက်စွာ ပြောသည်။ “ငါ့မြင်း ယူလာခဲ့”
ကျန်းပိုင်ကွေ့က မြင်းကို ရှေ့သို့ ဆွဲလာ၍ ဇက်ကြိုး ပေးလာသည်။
အရှေ့နတ်မင်းချင်းလုံ၏ ချီတို့ လှည့်ပတ်လာပြီး နဂါးချီတို့က မြင်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြသည်။
မြင်းအိုကြီးက မြည်ဟီးလိုက်သည့်အခါ လည်ဆံမွှေးများ မြောလွင့်သွား၏။ နဂါးအကြေးခွံများက ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခွာများ ကွဲထွက်သွားသည်။ ရှည်လျားလာသော နဂါးအစွယ်များက ပေါက်ထွက်လာကြပြီး သူ၏ခန္ဓာကိုယ်သည် ကြီးမားသထက် ကြီးမားလာ၏။ ၎င်း၏ခန္ဓာကိုယ်ထဲရှိ နတ်နဂါးစွမ်းအားတို့ စိမ့်ထွက်လာကြပြီး ပတ်ပတ်လည်တွင် မြောလွင့်နေသည့် နတ်မီးတောက်များအဖြစ် ပြောင်းလဲသွားတော့သည်။
ယခုလေးတင် ဤမြင်းမှာ သာမန်မြင်းတစ်ကောင်သာ ဖြစ်ခဲ့၏။ ယခုတွင်တော့ မီးနဂါးမြင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
အရှေ့နတ်မင်းချင်းလုံက မီးနဂါးမြင်းပေါ်တွင် ထိုင်လျက် ကျန်းပိုင်ကွေ့အား တစ်ချက်ကြည့်ကာ ပြောသည်။ “မင်းက တကယ်ကို ဆိုးရွားတဲ့လူတစ်ယောက်ပဲ…” သူက ထိုသို့ပြောပြီးနောက် ခြေနှစ်ချောင်းအား စုလိုက်ရာ မီးနဂါးစစ်မြင်းသည် ကောင်းကင်သို့ ပျံတက်သွား၏။ မြင်းက ကျယ်လောင်စွာ မြည်ဟီးလိုက်ပြီး အရှေ့ပင်လယ်ပြင်ကို နင်းလျက် အရှေ့ကောင်းကင်စစ်စခန်းဆီသို့ ဦးတည်ပြေးထွက်သွားတော့သည်။
မီးနဂါးစစ်မြင်းက အရှိန်အဟုန်ပြင်းစွာ ကဆုန်ပေါက်လျက် ပြေးလွှားနေပြီး အရှေ့နတ်မင်းချင်းလုံ၏ အသံက ပင်လယ်မျက်နှာပြင်ကို တုန်ခါသွားစေသည်။ “အရှေ့ကောင်းကင် အစိမ်းရောင်နတ်မသ်’ အရင်တုန်းက ငါ့ရဲ့လက်ထဲမှာ မင်းဘယ်လို တစ်စစီ ဖြစ်သွားခဲ့ရလဲ မှတ်မိသေးတယ်မလား”
သူ၏ နဂါးသံက အရှေ့ပင်လယ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ရှိသမျှသူအားလုံး ရှင်းလင်းပြတ်သားစွာ ကြားနေရ၏။
“အဲဒီအချိန်တုန်းက မင်းက ကောင်းကင်ဘုံအောက်က နံပါတ်တစ်ကောင်းကင်လက်နက်ဆိုပြီး ပြောကြတာလေ… ဒါပေမဲ့ ငါ့လက်ထဲမှာ တစ်စစီ ဖြစ်ခဲ့ရတယ်… မင်းရဲ့ တာအိုသိုင်းကွက်တွေနဲ့ တာအိုအမှန်အသားတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်”
အရှေ့နတ်မင်းချင်းလုံက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်း သေသွားပြီလို့ ထင်ခဲ့တာ.. အဲဒါကြောင့် အေးအေးဆေးဆေး လွှတ်ပစ်ခဲ့တာပေါ့… မင်းဒီလောက် ကံကောင်းလိမ့်မယ် ထင်မထားဘူး… တကယ်ကြီး အသက်ရှင်နိုင်ခဲ့တယ်… မင်း ဘယ်နေရာမှာ အမြစ်တွယ်ခဲ့လဲ မသိပေမယ့် မြေဆီလွှာ အားကောင်းပြီး အသက်ဓာတ်တွေ ပြည့်နေခဲ့တာပဲဖြစ်လိမ့်မယ်”
“တူ… တူ”
အရှေ့ကောင်းကင်စစ်စခန်းမှ ခရာသံ ထွက်ပေါ်လာသည်။ အစိမ်းရောင်နတ်မင်းသည် ဒေါသူပုန်ထနေသော မျက်နှာအမူအရာဖြင့် မြို့မျှော်စင်ပေါ်တွင် ရပ်နေ၏။ သူ လက်ရမ်းလိုက်ရာ အရှေ့နတ်မင်းချင်းလုံ၏ ဦးခေါင်းပြတ်ခန္ဓာကိုယ်ကြီး ရောက်ရှိလာသည်။ အစိမ်းရောင်နတ်မင်းက နှာခေါင်းရှုံ့လိုက်၏။ “ခွေးနက် သွေးနဲ့ ပက်လိုက်..”
ချက်ချင်းပင် စစ်သည်တော်တချို့က အရှေ့နတ်မင်းချင်းလုံ၏ ခေါင်းပြတ်ခန္ဓာကိုယ်အပေါ်သို့ ခွေးနက်သွေးများ လောင်းချလိုက်ကြသည်။
အရှေ့နတ်မင်းချင်းလုံက မီးနဂါးမြင်းကို ရပ်တန့်လိုက်ပြီး တဟားဟား ရယ်၏။ “ငါက တစ်ယောက်တည်း မြင်းတစ်ကောင်တည်း စီးပြီးတော့ မင်းကို ယှဉ်ပြိုင်ဖို့ ရောက်လာခဲ့တာ… အစိမ်းရောင်နတ်မင်း မင်းက သတ္တိကြောင်နေတုန်းပါလား… ခွေးနက်သွေးနဲ့ ငါ့ရဲ့ရုပ်ခန္ဓာကို အရှက်ခွဲတယ်ပေါ့လေ… အစိမ်းရောင်နတ်မင်း မင်းက ထင်းသာသာပါပဲ… တခြားသူတွေရဲ့ လက်ထဲမှာ ဆော့ကစားခံနေရတုန်းက ဘာမှ အသုံးမဝင်ခဲ့ဘူး… သိပ်ကို ညစ်ပတ်တဲ့သူပဲ… ကစားပြီးရင် ဖင်က အညစ်အကြေးကို သုတ်ဖို့ သုံးကြလိမ့်မယ်လေ”
အစိမ်းရောင်နတ်မင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “အရှေ့နတ်မင်းချင်းလုံရဲ့ မျိုးဆက်တွေကို ခေါ်လာပြီး ခေါင်းဖြတ်ပစ်လိုက်စမ်း… နဂါးစီရင်ရာစင်မြင့်က အဆင်သင့်ပဲ”
ချက်ချင်းဆိုသလိုပင် စစ်သည်တော်များစွာက အရှေ့နတ်မင်းချင်းလုံ၏ မျိုးဆက်နဂါးများကို မြို့နံရံဆီသို့ ခေါ်ဆောင်လာကြသည်။ သူတို့က ထိုနဂါးများကို အစိမ်းရောင်နတ်မင်းရှေ့တွင် ဒူးထောက်စေပြီး လည်ပင်းများ ကော့ထားစေ၏။ တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားမိစ္ဆာ အာဏာပါးကွက်သားများက ဓားရှည်များ မြှောက်၍ ခုတ်ပိုင်းပစ်လိုက်ကြသည်။
အရှေ့နတ်မင်းချင်းလုံက တည်ငြိမ်အေးဆေးနေဆဲပင်။ သူက ပြုံးလျက်ပြောသည်။ “ငါ့မျိုးဆက်တွေက စကြ၀ဠာတစ်ခုလုံးမှာ ရှိကြတယ်… ကုဋေနဲ့ချီပြီးတောင် ရှိတာ…. ကောင်းကင်နဂါးကနေ မြွေနဲ့ ပိုးကောင်တွေအထိ မျိုးနွယ်စုတွေအားလုံးမှာ ငါ့ရဲ့မျိုးဆက်တွေ ရှိတယ်… မင်း သူတို့ကို သတ်ပစ်လိုက်လို့ရတယ်… အစိမ်းရောင်နတ်မင်း၊ မင်းက ထောင်သောင်းချီတဲ့စစ်သည်တော်တွေကြားမှာပဲ ပုန်းနေရတာလား… ရှက်ဖို့ကောင်းလိုက်တာ… မင်း မြို့ထဲက ထွက်လာပြီး ငါနဲ့ တိုက်မယ်ဆိုရင် မင်းရဲ့သတ္တိကို လေးစားပေးမယ်… ပြီးရင်တော့ မင်းရဲ့မူလပုံစံအထိ ပြန်ရောက်သွားအောင် ရိုက်နှက်ပေးပြီး မစင်ခြစ်ချတဲ့ တုတ်တစ်ချောင်းဖြစ်အောင် လုပ်ပေးမယ်”
အစိမ်းရောင်နတ်မင်းမှာ သည်းမခံနိုင်တော့ပေ။ သူက အဝေးရှိ ကျန်းပိုင်ကွေ့၏ စစ်တပ်ကို လှမ်းကြည့်ပြီးနောက် သူ၏ လက်ဝဲနှင့် လက်ယာ တပ်မှူးများကို အမိန့်ပေးလိုက်သည်။ “ငါ ဒီကောင်ကို သတ်ဖို့ မြို့ပြင် သွားမယ်… ကျန်းပိုင်ကွေ့ သူ့ရဲ့စစ်တပ်တွေကို ဦးဆောင်ပြီး တိုက်ခိုက်လာခဲ့ရင် မင်းတို့ လာကယ်လို့ မရဘူး… ပင်မစစ်စခန်းကိုသာ အသေအချာ စောင့်ရှောက်ထား… ၀င်္ကပါကို နေရာမရွေ့စေနဲ့… ၀င်္ကပါ တစ်ခုခု မဖြစ်သရွေ့ ကျန်းပိုင်ကွေ့ ငါတို့ကို ဘာမှလုပ်လို့မရဘူး”
တပ်မှူးများက အမိန့်နာခံကြသည်။
အစိမ်းရောင်နတ်မင်းက မြို့မျှော်စင်ပေါ်မှ တစ်ဦးတည်း ဆင်းလာပြီး နတ်နဂါးတစ်ကောင်ကို ဆွဲယူလိုက်၏။ သူက လက်ဝှေ့ရမ်း၍ နတ်နဂါးအား မူလပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားစေသည်။ ထို့နောက် နဂါးကို စီး၍ မြို့ထဲမှ ထွက်ခွာသွားတော့၏။
အရှေ့နတ်မင်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း အစိမ်းရောင်နတ်မင်းဆီသို့ ဦးတည်ပြေး၀င်သွားတော့သည်။
အစိမ်းရောင်နတ်မင်းနှင့် အရှေ့နတ်မင်းတို့ ထိပ်တိုက်တွေ့သည့်အချိန်တွင် သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများက ဒေါသအမျက်တို့ဖြင့် သွေးချင်းနီနေကြသည်။
အစိမ်းရောင်နတ်မင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်အခါ သူ၏အနောက်၌ ကောင်းကင်နန်းဆောင်တစ်ခု ပေါ်လာ၏။ သူ၏ကောင်းကင်နန်းဆောင်က အခြားသူများနှင့် မတူပေ။ ကောင်းကင်နန်းဆောင်ထဲရှိ အဆောက်အဦးများက သစ်ပင်အသွင်သဏ္ဍာန် ရှိနေကြသည်။
မရေမတွက်နိုင်သော အဆောက်အဦးများက သစ်ပင်များ အုံဖွဲ့နေသကဲ့သို့ စုဝေးနေကြပြီး စုစုပေါင်း သစ်ပင်ကောင်းကင်နန်းဆောင် ၇ ဆောင် ရှိလေသည်။ ယင်းသစ်ပင်တို့သည် တူညီသော အမြစ်မှ ပေါက်နေကြ၏။
အရှေ့နတ်မင်းချင်းလုံသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သောကြောင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်ကြံသော လူဝင်စား ရှိသော်လည်း ဤခန္ဓာကိုယ်မှာ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ဖြင့် ဖန်ဆင်းထားသော ကောင်းကင်လက်နက်တစ်ခုသာ ဖြစ်သောကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံအား အသက်မသွင်းထားပေ။
ရှေးဟောင်းနတ်ဘုရားများမှာ မွေးဖွားလာကတည်းက မဟာတာအိုကို ကျွမ်းကျင်တတ်မြောက်ကြသည်။ အရှေ့နတ်မင်းကောင်းကင်လက်နက်ကလည်း သူ၏ခန္ဓာကိုယ်အတိုင်း ဖန်တီးထားခြင်း ဖြစ်သောကြောင့် ကိုယ်ပိုင်မဟာတာအိုဖြင့် အလွန်တရာ ကိုက်ညီ၏။ ထိုကြောင့် ကျင့်စဉ်များကို အသက်သွင်းစရာ မလိုအပ်ပေ။
ဝုန်း…
သူတို့နှစ်ဦး ဝင်တိုက်သွားသည့် အခိုက်အတန့်တွင် ပင်လယ်ပြင်မှာ ပွက်ပွက်ဆူလာသည်။ နှစ်ယောက်လုံး၏ ခွန်အားက ညီတူညီမျှ ဖြစ်နေသောကြောင့် အရှေ့နတ်မင်းချင်းလုံက ပြုံးကာ ခနဲ့သည်။ “မင်းက တကယ်ကို စောက်ရေးမပါတဲ့ကောင်ပဲ… ငါ အခုလေးတင်မှ အသက်ပြန်သွင်းခံရတာတောင် မင်းနဲ့ ရင်ဆိုင်နိုင်တဲ့ခွန်အားကို ပိုင်ဆိုင်ထားသေးတယ်…. ငါသာ အထွတ်အထိပ်အခြေအနေမှာဆိုရင် မင်း ပုရွက်ဆိတ်လေးတစ်ကောင်လို နင်းချေပစ်လိုက်လို့ရတယ်”
သူ့စကားမဆုံးခင်မှာပင် မရေမတွက်နိုင်သော အမြစ်ကြီးများက အစိမ်းရောင်နတ်မင်းအနောက်၌ ထွက်ပေါ်လာကာ သစ်သားလက်သီးများအဖြစ် ပြောင်းလဲသွားကြသည်။
အုန်း… အုန်း… အုန်း..
အတောမသပ်နိုင်သော လက်သီးချက်များက အရှေ့နတ်မင်းချင်းလုံ၏ မျက်နှာအပေါ် ကျရောက်လာပြီး သူ၏မျက်နှာကို ရှုံ့တွဖူးရောင်ကာ သွားများ ကျွတ်ထွက်သွားစေသည်။
အရှေ့နတ်မင်းချင်းလုံ လွင့်ထွက်သွား၏။ သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားသည်။ မရေမတွက်နိုင်သော လက်တံများ အစိမ်းရောင်နတ်မင်း၏ ခြေထောက်အောက်၌ ပျံသန်းနေကြသည်ကို သူ၏မျက်လုံးထောင့်မှ တွေ့လိုက်ရ၏။ ၎င်းတို့က သူ၏ အမြစ်များ ဖြစ်လေသည်။
သူ၏အမြစ်များက ပင်လယ်ထဲသို့ ဝင်ရောက်၍ ပင်လယ်ရေထဲတွင် လှုပ်ရှားနေကြသည်။ ၎င်းတို့က သစ်သားနဂါးတစ်ကောင်အလား သူ့အနောက်မှ လိုက်ပါလာကြ၏။
“ဒီကောင်က နံပါတ်တစ်ကောင်းကင်လက်နက်ဆိုတဲ့ကောင်ထက် အများကြီးပိုပြီး သန်မာတာပဲ… ကံမကောင်းစွာနဲ့ ဒီခန္ဓာကိုယ်က ငါ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန် ဟုတ်မနေဘူး … ငါ့ခန္ဓာကိုယ်ကို တုပထားတဲ့ ကောင်းကင်လက်နက်တစ်ခုပဲ “
အရှေ့နတ်မင်းချင်းလုံက ကျိုးသွားသော သွားများကို ထွေးထုတ်၍ သူ၏ ရုပ်ခန္ဓာခွန်အားကို လှည့်ပတ်စေလိုက်သည်။ ရုတ်တရက် ကောင်းကင်လက်နက်အရှေ့နတ်မင်း၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နန်းဆောင်အမှတ်အသားများကို ခံစားလိုက်ရသောကြောင့် ကြောင်အသွားမိ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်လက်နက် အရှေ့နတ်မင်းကို သွန်းလုပ်ခဲ့စဉ်တုန်းက နဂါးမျိုးနွယ်၏ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များကို အမှတ်အသားများအဖြစ် ပြောင်းလဲ၍ ကောင်းကင်လက်နက် အရှေ့နတ်မင်းနှင့် ပေါင်းစည်းခဲ့လေသည်။
ဤသို့ ပန်းပဲလမ်းစဉ်မျိုးမှာ ပြိုင်ဘက်ကင်းပြီး ကောင်းကင်နတ်ဘုံနှင့် ခိုင်ဧကရာဇ်ခေတ်တို့ထက် အဆပေါင်းများစွာ သာလွန်၏။
မည်သူက ထိုသို့ပန်းပဲလမ်းစဉ်မျိုးကို အောင်မြင်နိုင်ခဲ့သည်လဲ မသိရချေ။ ထိုပုဂ္ဂိုလ်၏ ပန်းပဲလမ်းစဉ်သည် အလွန်တရာ အသေးစိတ်ကျပြီး တာအိုရရန်ပင် နီးစပ်နေသည်ဟု ဆိုရမည်။
အရှေ့နတ်မင်းချင်းလုံက ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များကို ကောင်းကင်နန်းဆောင် အမှတ်အသားများတစ်လျှောက် လှည့်ပတ်သွားစေသည်။ ရုတ်တရက် နှိုင်းယှဉ်၍မရနိုင်အောင် ပြင်းထန်သော အရှိန်အဝါတစ်ခုနှင့်အတူ မရေမတွက်နိုင်သော ကောင်းကင်နန်းဆောင်များ ပေါ်ထွက်လာကြသဖြင့် သူ၏ခွန်အားမှာ အမြ န်ထိုးတက်လာတော့သည်။
အရှေ့နတ်မင်းချင်းလုံက ပင်လယ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်၍ ဟန်ချက် ထိန်းလိုက်၏။
ဝုန်း… ဝုန်း.. ဝုန်း..
ပြင်းထန်လှသော တုန်ခါမှုတစ်ခုက ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာပြီး နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားထူထဲသည့် အစိမ်းရောင်နတ်မင်း၏ အမြစ်များမှာ သူ့ကြောင့် ဖိနှိပ်ခံလိုက်ရသည်။
အစိမ်းရောင်နတ်မင်းက ရှေ့သို့ ပြေးဝင်လာသည်။
လက်ရှိခေတ်၏ ထိပ်တန်းနတ်ဘုရားနှစ်ပါးကား ကောင်းကင်တစ်ပြင်လုံး မည်းမှောင်လာသည်အထိ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြလေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်သည်တော်များက စစ်ပွဲတွင် အထောက်အပံ့ပြုရန် ဗုံများ တီးခတ်နေကြသောကြောင့် စစ်သွေးကြွစေသည့် ဗုံသံများက ကောင်းကင်ကိုပင် တုန်ခါနေစေတော့သည်။
အရှေ့နတ်မင်းသည် ဤကောင်းကင်လက်နက်၏ အင်အားကို ရှာတွေ့ခဲ့သော်လည်း နဂါးမျိုးနွယ်၏ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များကို မကျင့်ကြံခဲ့သောကြောင့် သူ၏မှော်စွမ်းအင်အား စုစည်းရန် အဆင်မပြေပေ။ အရေးနိမ့်နေဆဲ ဖြစ်၍ မကြာခဏ ရှုံးနိမ့်နေ၏။
အစိမ်းရောင်နတ်မင်း၏ ခွန်အားက သူ ထင်ထားသည်ထက် သာလွန်နေခဲ့သည်။ ထိုမျှသာမက ထိုလူ၏ အသက်ဓာတ်မှာလည်း အလွန်တရာ ကြောက်စရာကောင်းသည်။ ခြေလက်များကို ပြန်ပေါက်လာစေနိုင်ပြီး ဦးခေါင်းကိုပင် ပြန်ပေါက်လာစေနိုင်သည်။ ထိုမျှသာမက ဖန်ဆင်းခြင်းလမ်းစဉ်ကလည်း ပြိုင်ဘက်ကင်း၏။ မည်မျှ နက်ရှိုင်းသော ဒဏ်ရာဖြစ်စေ အချိန်တိုအတွင်း ပြန်လည်သက်သာသွားစေနိုင်သည်။
အရှေ့နတ်မင်းချင်းလုံမှာ ချီနှင့်သွေး နတ်ဘုရားဖြစ်သည်။ တစ်လောကလုံးရှိ ရှေးဟောင်းနတ်ဘုရားများထဲတွင် သူ၏ ချီနှင့်သွေးက အားအကောင်းဆုံးဖြစ်၏။ ဤကောင်းကင်လက်နက်၏ ချီနှင့် သွေးက အားကောင်းသည့်တိုင် သူ၏ ခန္ဓာကိုယ်အစစ်အမှန်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤအခြေအနေတွင် သူ့မှာ ရှုံးနိမ့်နေချေပြီ။
“ငါ အစိမ်းရောင်နတ်မင်းကြောင့် အသတ်ခံလိုက်ရရင် ကောင်းကင်နတ်အရှင်မူက ငါ့ကို ပြန်အသက်သွင်းပေးမှာလား…” သူက ကြောက်လာသည်။
သူ မည်သည့်အရာမှ မအောင်မြင်ခဲ့လျှင် ချင်မူက ကယ်တင်ပေးပါဦးမည်လော။
'ဘာလို့ ကျန်းပိုင်ကွေ့က အခုထိ တပ်ဖွဲ့တွေ မလွှတ်ပေးသေးတာလဲ’ သူ့မှာ ပို၍ပင် ကြောက်လာမိသဖြင့် ကောင်းကင်နတ်သိုင်းများမှာ ကစဉ့်ကလျားဖြင့်် အားမပါတော့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကမ်းခြေတွင် ကျန်းပိုင်ကွေ့က လှေငယ်ပေါ်တွင် ရပ်၍ ပင်လယ်ပြင်ထက်ရှိ တိုက်ပွဲကို ကြည့်ရှုနေသည်။ သူသည် တပ်ဖွဲ့များ စေလွှတ်ရန် လုံးဝ အမိန့်မပေးချေ။
‘တိုက်ပွဲက မပြင်းထန်သေးဘူး… ပိုပြီး ပြင်းထန်မှ ဖြစ်မယ်’
ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့က အရှေ့နတ်မင်းချင်းလုံ၏ ဒဏ်ရာများကို တွက်ချက်နေသည်။ သူ၏ တွက်ချက်မှုက ချင်မူနှင့် ကွဲပြား၏။ ချင်မူ့တွက်ချက်မှုက နှုတ်ယူခြင်းနှင့် တူပြီး ကျန်းပိုင်ကွေ့၏ တွက်ချက်မှုက အရှေ့နတ်မင်းချင်းလုံနှင့် ပတ်သက်သည့်အရာအားလုံးကို အချက်အလက်များအဖြစ် ပြောင်းလဲနေခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် အရှေ့နတ်မင်းချင်းလုံတွင် ကျန်ရှိသော မှော်စွမ်းအင်၊ ကောင်းကင်နတ်သိုင်း၊ ချီနှင့်သွေး၊ အတိုက်အခိုက်စိတ်ဆန္ဒ အစရှိသဖြင့် အရာအားလုံးကို တွက်ချက်သည်။ ၎င်းတို့အားလုံးကို စုစည်းလိုက်သည့်အခါတွင် တိကျသော နံပါတ်တစ်ခုကို ရရှိ၏။
အရှေ့နတ်မင်းချင်းလုံ မသေဆုံးခင် ကျန်ရှိသော အချိန်။
သို့ထိတိုင် သူ၏ မျက်လုံးများထဲတွင် ဤနံပါတ်က တဖြည်းဖြည်း လျော့ကျလာနေသည်။
“ငါ တပ်ဖွဲ့တွေ လွှတ်လိုက်ရင် အစိမ်းရောင်နတ်မင်းက အရှေ့နတ်မင်းချင်းလုံကို သေချာပေါက် ထားခဲ့ပြီး အရှေ့ကောင်းကင်စစ်စခန်းထဲ ပြန်ပြေးလိမ့်မယ်… ဒါပေမဲ့ အစိမ်းရောင်နတ်မင်းအနေနဲ့ အရှေ့နတ်မင်းကို သတ်ဖြတ်ဖို့ စိတ်ပါလွန်းနေရင် ငါ့ရဲ့စစ်တပ် ရောက်မလာခင် အရှေ့နတ်မင်းချင်းလုံကို သတ်ဖြတ်ဖို့ ကြိုးစားလိမ့်မယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့၏ မျက်လုံးများက ဖြတ်ခနဲ တောက်ပသွားသည်။ အရှေ့နတ်မင်းချင်းလုံ သေဆုံးတော့မည့်အချိန် တဖြည်းဖြည်း လျော့နည်းနေစဉ် သူက စိတ်ထဲမှ တွေးနေ၏။ “ငါ စစ်တပ်တွေကို စေလွှတ်မယ့် အကြောင်းရင်းက သူ အရှေ့နတ်မင်းကို မသတ်နိုင်ခင် ဖမ်းဖို့ပဲ … ဒါကြောင့် နှစ်ဘက်လုံးက အကွာအဝေးကို သေချာ ပြင်ဆင်ထားဖို့ လိုတယ်”
သူသည် စောင့်နေဆဲပင်။ အရှေ့နတ်မင်းချင်းလုံ၏ ခန္ဓာကိုယ်အပေါ်ရှိ ဒဏ်ရာများက ပိုပို၍ ပြင်းထန်လာ၏။ သို့သော် အသက်ကို ရင်း၍ အစိမ်းရောင်နတ်မင်းအား တိုက်ခိုက်နေသေးသည်။ သေဆုံးရလျှင်တောင်မှ နောက်မဆုတ်ဘဲ စစ်တ စေလွှတ်လာသည်ကို စောင့်နေလိမ့်မည်။
ကျန်းပိုင်ကွေ့၏ မျက်စိရှေ့တွင် နံပါတ်က ခုန်တက်သွားသည်။ ရုတ်တရက် သူ့မျက်လုံးထဲရှိ နံပါတ်များ ရပ်တန့်သွားပြီး သူခြေထောက်အောက်ရှိ လှေငယ်က လေးကြိုးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ထွက်ခွာသွားချေပြီ။
တစ်ချိန်တည်းမှာပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်ခခန်းရှိ မုခ်၀ကြီးများ တစ်ခုပြီးတစ်ခု ပွင့်လာ၏။ မရေမတွက်နိုင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမိစ္ဆာများက ပင်လယ်ရေပြင်ကို နင်း၍ ၀င်္ကပါများ ဖွဲ့တည်က ရှေ့သို့ ချီတက်လာကြသည်။
ကောင်းကင်တွင် ထောင်သောင်းပေါင်းများစွာသော သင်္ဘောရွက်များ လွင့်လာပြီး အလံများ တဖျတ်ဖျတ် လွင့်နေသည်။ အမြောက်သင်္ဘောများက ဆေးပေါင်းဖိုများ၏ စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ပင်လယ်ရေအောက်၌ ရွက်လွှင့်နေကြသော ဧရာမသင်္ဘောကြီးများ ရှိနေသည်။ ပင်လယ်အောက်တွင် ခွန်မျိုးနွယ်နှင့် တခြားရေမျိုးနွယ်တို့လည်း ချီတက်လာနေကြ၏။ ပင်လယ်ရေကြမ်းပြင်တွင် နတ်ဘုရားမိစ္ဆာများစွာက အင်အားအပြည့်ဖြင့် ချီတက်လာနေကြသည်။
ကျန်းပိုင်ကွေ့က ဦးနှောက်ကို အဆုံးစွန်ထိ အသုံးချနေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်၊ ပင်လယ်ပြင်နှင့် ပင်လယ်အောက်ခြေရှိ အင်အားစုများကို စုစည်းကာ ရန်သူစစ်စခန်းဆီသို့ ဦးတည်သွားတော့သည်။
ပင်လယ်ပြင်ပေါ်ရှိ ထူးဆန်းသော သင်္ဘောတစ်စီးပေါ်တွင် ဖန်သားနှင့်တူသော သင်္ဘောပြတင်းပေါက်တစ်ခု ရှိနေ၏။ မြေကမ္ဘာကောင်းမှုနန်းတော် ကုန်းစွန်းယန်က ပြတင်းပေါက်အနောက်တွင် ရပ်လျက် လက်နောက်ပစ်ကာ မော့ကြည့်နေသည်။
အစိမ်းရောင်နတ်မင်းသည် သူမကို မြင်လျှင် တုန်လှုပ်သွားသော်လည်း အရှေ့နတ်မင်းချင်းလုံ၏ မရှုမလှအခြေအနေကြောင့် တုံ့ဆိုင်းနေမိသည်။
သူက ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ် ရောက်မလာခင် ချင်းလုံကို ငါ သတ်နိုင်တယ်…”
လှေငယ်၏ ထိပ်တွင် ကျန်းပိုင်ကွေ့က လက်နောက်ပစ်ထားသည်။ လှေငယ်၏ အရှိန်က ပိုပို၍ မြန်ဆန်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်သည်လည်း ရောက်လာချေပြီ။
“.. ခြောက်၊ ငါး၊ လေး၊ သုံး… မြေကမ္ဘာကောင်းမှုနန်းတော် လှုပ်ရှားလိုက်ပါတော့”
သူ ဤသို့ ရေရွတ်နေသည့်အချိန်တွင် ဧရာမသင်္ဘောကြီးက ရေကို ခွင်းလျက် အစိမ်းရောင်နတ်မင်းနှင့် အရှေ့နတ်မင်းချင်းလုံအကြားတွင် ထွက်ပေါ်လာသည်။ ပြတင်းပေါက်အနောက်တွင် ရပ်နေသော ကုန်းစွန်းယန်သည် အစိမ်းရောင်နတ်မင်းနှင့် အကြည့်ချင်း ဆုံသွား၏။
သူမက လက်မြှောက်၍ လက်ချောင်းများ ဖြန့်ကားလိုက်သည်။ အစိမ်းရောင်နတ်မင်း၏ ရုပ်ခန္ဓာထံမှ အက်ကွဲသံတစ်ချက် ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်တို့မှာ သစ်သားအဖြစ် လျင်မြန်စွာ ပြောင်းလဲလာ၏။ သူ၏ ရုပ်ခန္ဓာသည်လည်း သစ်သားအဖြစ် ပြောင်းလဲလာတော့သည်။
ပင်လယ်ထက်တွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာ၏။ ၎င်း၏ အမြစ်များက အရှေ့ပင်လယ်ကို ကုပ်တွယ်ထားသည်။ သစ်ပင်ကြီးသည် နဂါးတစ်ကောင်ကဲ့သို့ ထူထဲကြီးမားသည့်အပြင် ၎င်း၏ ပင်စည်ကြီးကလည်း နဂါးတစ်ကောင်ကဲ့ ကွေးကောက်ရစ်ပတ်နေသည်။ ပုံပန်းသွင်ပြင်မှာလည်း အလွန်တရာ ရှေးကျလေသည်။
မြေကမ္ဘာကောင်းမှုနန်းတော်
အစိမ်းရောင်နတ်မင်း အံ့အားသင့်သွားသည်။ သူ၏ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာ၍ ဧရာမခန္ဓာကိုယ်ကြီးနှင့်အတူ ထွက်ပြေးရန် ပြင်လိုက်၏။ ထိုအခိုက်အတန့်တွင် ကျန်းပိုင်ကွေ့၏ လှေငယ်လေး ရောက်လာချေပြီ။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်၏ ပလ္လင်ခန်းမ ၇၂ ခုက ပြန့်ကားထွက်လာပြီး အစိမ်းရောင်နတ်မင်း၏ မူလဝိညာဉ်ကို ပိတ်လှောင်ထားလိုက်တော့သည်။