← Chapters

နေရာလပ် အဆက်အစပ်_၂...

Vol. 45 Ch. 663

နေရာလပ် အဆက်အစပ်_၂...

Vol. 45 Ch. 663

ယွီထျန်းဖုန်း၏ နံဘေးမှ တပ်မှူးချုပ်များအားလုံးမှာ လည်လွန်းသော မြေခွေးများပင် ဖြစ်ကြရာ၊ တစ်ယောက်ပြီးတစ်ယောက် လုရီကို ကာကွယ်ရန် နေခဲ့ခွင့်ပြုဖို့ ကမ်းလှမ်းကြတော့သည်။

"ကျွန်တော်တို့ တပ်ခွဲနံပါတ်သုံးလည်း နေခဲ့လို့ရပါတယ်။ စစ်မြေပြင်က စစ်ရေးပြောင်မြောက်မှုတွေနဲ့ အမှတ်တွေကို ခင်ဗျားတို့နဲ့ လာမလုပါဘူး။ ကျွန်တော်တို့အားလုံးက ညီအစ်ကိုတွေပဲဟာ၊ ဒီတော့ သခင်လေးလုရီကို ကာကွယ်ရမယ့် ကျေးဇူးမရှိတဲ့အလုပ်ကို ကျွန်တော်တို့ကိုပဲ တာဝန်ပေးလိုက်ပါ" ဟု တစ်ယောက်က ဆို၏။

"ဖယ်စမ်းပါကွာ၊ မင်းကများ အရည်အချင်းရှိတယ်ထင်နေလား။ ငါတို့ တပ်ခွဲနံပါတ်ခုနစ်ရဲ့ စစ်ရေးပြောင်မြောက်မှုတွေကို မင်းတို့ကို ပေးလိုက်မယ်၊ ငါတို့ တပ်ခွဲနံပါတ်ခုနစ်ကိုသာ နေခွင့်ပေးစမ်းပါ!" ဟု နောက်တစ်ယောက်က ပြန်လည်ချေပသည်။

"..."

တပ်တော်ခြောက်မှ တပ်မှူးချုပ်များ အငြင်းအခုံပြုနေကြသည်ကို ကြည့်ရင်း ယွီထျန်းဖုန်း၏ မျက်နှာမှာ မည်းမှောင်လာပြီး အေးစက်စွာ နှာမှုတ်လိုက်ကာ "တော်ကြတော့!" ဟု အော်လိုက် တော့သည်။

ချက်ချင်းပင် အငြင်းပွားနေသော တပ်ခွဲမှူးများမှာ ဇက်ကလေးများ ပုဝင်သွားကြပြီး နောက်ထပ်စကားတစ်ခွန်းမှ မပြောဝံ့ကြတော့ပေ။

ယွီထျန်းဖုန်းက တပ်ခွဲမှူးများကို စူးစိုက်ကြည့်ကာ ဆူပူ ကြိမ်းမောင်းလိုက်တော့သည်။

"ဒီလို အငြင်းအခုံ လုပ်နေတာက ဘယ်လောက်တောင် ကြည့်ရဆိုးသလဲ။ ငါ့ရဲ့ တပ်တော်ခြောက်က အလင်းနှစ်ထောင်ချီ ကျယ်ဝန်းတဲ့ နယ်မြေကို စောင့်ကြပ်နေရတာကွ။ မင်းတို့အားလုံး ဒီမှာ နေချင်နေကြတော့ ကျန်တဲ့ ကြယ်တာရာ နယ်ပယ်တွေကို ဘယ်သူက စောင့်မှာလဲ။ ယွီမျိုးနွယ်က မင်းတို့ကို ဒီမှာ အခွင့်အရေး လုဖို့အတွက်များ လေ့ကျင့်ပျိုးထောင်ပေးထားတယ် ထင်နေကြသလား။"

ထိုစကားကို ကြားသောအခါ တပ်မှူးချုပ် တစ်ဦးချင်းစီ၏ မျက်နှာပေါ်တွင် အပြစ်ရှိသော အမူအရာများ ထင်ဟပ်လာပြီး ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ကြသည်။

"ကျွန်တော်တို့ လောဘကြီးသွားမိပါတယ်။ ကျွန်တော်တို့ကို အပြစ်ပေးပါ၊ အကြီးအမှူး!"

ဟု သူတို့က အော်ဟစ်လိုက်ကြသည်။

ယွီထျန်းဖုန်း၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး "ထကြတော့။ ကိုယ့်အမှားကိုယ်သိပြီး ပြင်နိုင်ရင် တော်ပါပြီ" ဟု ဖြည်းညင်းစွာ ဆိုလိုက်၏။

ခွေးမသားတွေ...။ သူကိုယ်တိုင်တောင် ဒီမှာမနေနိုင်သည့်ဟာကို ဤလူစကားနားမလည်သောကောင်များကတော့ ဇွတ်အတင်း နေချင်နေကြ လေသည်။

ယွီထျန်းဖုန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ငါတို့ တပ်တော်ခြောက်ရဲ့ အခြေစိုက်စခန်းနဲ့ ဒီနေရာကို ချိတ်ဆက်ပေးမယ့် ကြယ်တာရာတံခါး တစ်ခုကို ထျန်းမင်ကြယ်တာရာစနစ်မှာ တည်ဆောက်ဖို့ ငါ ယွီမျိုးနွယ်ကို အဆိုပြုပေးမယ်။ မင်းတို့ အလှည့်ကျ အနားယူရတဲ့အချိန်ဆိုရင် ထျန်းမင်ကို လာနိုင်တာပေါ့။ ကံကောင်းရင် တာအို တရားပွဲ နာကြားခွင့်ရနိုင်တာပေါကွာ။"

ဤစကားကို ကြားသောအခါ လျိုဟိုင်ချင်းနှင့် အခြားသူများ၏ မျက်နှာများမှာ အံ့အားသင့်ဝမ်းသာမှုဖြင့် ချက်ချင်းပင် ဝင်းပသွားကြပြီး "ကျေးဇူးတင်ပါတယ် အကြီးအမှူး! အကြီးအမှူးရဲ့ ဉာဏ်ပညာက တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်!" ဟု ပြိုင်တူ ဆိုလိုက်ကြ တော့သည်။

ယွီထျန်းဖုန်းမှာ လျိုဟိုင်ချင်းတို့အတွက်သာမက သူကိုယ်တိုင်အတွက်ပါ ရည်ရွယ်ချက် ရှိနေပါသေးသည်။ သူကိုယ်တိုင်လည်း တာအို တရားပွဲများ ထပ်မံ နာကြားလိုသေးသည်

လေ။

သို့သော် တပ်တော် တစ်ခုချင်းစီ၏ အခြေစိုက်စခန်းများမှာ အရေးပါသော နယ်မြေများကို စောင့်ကြပ်ရန် လိုအပ်ပြီး အနီးအနားတွင် ကြယ်တာရာ တံခါးများ ရှိနေခြင်းမှာ အချင်းချင်း အထောက်အပံ့ပေးနိုင်ရန် ဖြစ်သည်။

အကယ်၍ သူသာ ဤနေရာတွင် နေထိုင်နေစဉ် အခြားနယ်မြေတစ်ခု၌ အရေးအခင်း တစ်ခုခု ဖြစ်ပွားခဲ့ပါက၊ ရွှေအင်မော်တယ် တစ်ပါးဖြစ်နေသည့်တိုင် အချိန်မီ ရောက်ရှိနိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ကျိုယို စစ်မြေပြင်တွင် အရေးပေါ်အခြေအနေ တစ်ရပ် ဖြစ်ပွားခဲ့ပါက၊ သူသည် ထိုနေရာသို့ ချက်ချင်း အပြေးအလွှားသွားရောက်၍ ဖိနှိပ်ရန် လိုအပ်ပေလိမ့်မည်။

မဟုတ်ပါက ယွီထျန်းဖုန်းသည် တပ်တော်ခြောက်၏ ပင်မ အခြေစိုက်စခန်းကို ထျန်းမင်ကြယ်တာရာစနစ်သို့ ပြောင်းရွှေ့ရန်ပင် စဉ်းစားမိပေလိမ့်မည်။

လုရီ၏ တာအို တရားပွဲသာ ရှိမည်ဆိုလျှင် သူ၏ တပ်တော်ခြောက်မှ ညီအစ်ကိုများအားလုံး အတူတကွ နာကြားနိုင်မည်ဖြစ်ရာ၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်များ လျင်မြန်စွာ မိုးပျံမတတ် တိုးတက်သွားမည် မဟုတ်ပါလော။

တကယ်ကို နှမြောစရာပင်။

ယွီထျန်းဖုန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထျန်းမင်တွင် ကြယ်တာရာတံခါးတစ်ခု ထားရှိရန် လိုအပ်ကြောင်း သူ၏ မျိုးနွယ်နှင့်

မဖြစ်မနေ ဆွေးနွေးရမည်ဟုလည်း စိတ်ပိုင်းဖြတ်လိုက်သည်။

ဤသည်မှာ လုရီ၏ တာအို တရားပွဲများ နာကြားရန်အတွက်သာမက၊ လုရီနှင့် ယွီလင်းလောင်တို့၏ လုံခြုံရေးအတွက်ပါ ဖြစ်သည်။

လျိုဟိုင်ချင်းနှင့် အခြားသူများ ယခင်က ပြောခဲ့သည့်အတိုင်း၊ ကောင်းကင် ကြယ်တာရာနယ်မြေတွင် ယွီမျိုးနွယ်ကို မျက်နှာသာမပေးသောသူများ အလွန်များပြားလှသည်။ ယခင်က

ထျန်းမင်သည် အလွန် အလှမ်းဝေးပြီး မည်သည့်စွမ်းအားရှင်မှ အာရုံစိုက်ခြင်း မရှိသော နေရာတစ်ခု ဖြစ်ခဲ့သည်။

သို့သော် ယခု လုရီ၏ အစွမ်းသတ္တိမှာ တစ်နေ့တခြား ကြီးမားလာသည်နှင့်အမျှ၊ အနာဂတ်တွင် ထိုအခြေအနေမှာ ပြောင်းလဲသွားနိုင်၏။

အကယ်၍ ထျန်းမင် သို့မဟုတ် လုရီကိုယ်တိုင် စွမ်းအားရှင်များ၏ ပစ်မှတ် ဖြစ်လာခဲ့ပါက၊ ကြယ်တာရာတံခါး မရှိဘဲနှင့် သူကိုယ်တိုင်ပင်လျှင် 'နေရာလပ်ဖြတ်ကျော် မဟာအခင်းအကျင်း' ကို အသုံးပြု၍ ဤနေရာသို့ ခရီးနှင်လာရန် အချိန်တော်တော်ကြာမည် ဖြစ်ပြီး အရင်းအမြစ် အမြောက်အမြားကိုလည်း သုံးစွဲရပေလိမ့်မည်။

သို့သော် ကြယ်တာရာ တံခါးနှင့်ဆိုလျှင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။

ဤသို့ တွေးမိသဖြင့် ယွီထျန်းဖုန်းသည် ဤကိစ္စကို လင်းလောင်တောင်ထိပ် သခင်မနှင့် လုရီတို့နှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်တော့သည်။

...

တစ်ချိန်တည်းမှာပင်၊ ရှေးဟောင်းမြို့တော်အတွင်းရှိ နုခ်နှင့် သူ၏ လူများ နေထိုင်ရာ

စံအိမ်၌...

နုခ်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ၊ ထိုမျက်ဝန်းများထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ အပြာရောင်နှင့် အစိမ်းရောင် ရောယှက်နေသော အလင်းတန်းမျှင်များက တဖျပ်ဖျပ်လက်နေ၏။

ခေတ္တအကြာတွင် မုန်တိုင်းထန်သော လှုပ်ခတ်မှုများ ငြိမ်သက်သွားပြီး သူ၏ မျက်လုံးများမှာ တည်ငြိမ်သော အခြေအနေသို့ ပြန်ရောက်သွားသည်။

နုခ်က နေရာမှ ထလိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် အပြုံးများ ပြည့်နှက်နေသည်။

သူ၏ အဟန့်အတား လျော့ရဲလာသည်ကို သူခံစားနေရသည်။ မူလက ဆိုလျှင် နက်ရှိုင်းခြင်းအင်မော်တယ် နယ်ပယ်သို့ တက်လှမ်းရန် သူ့အတွက် နှစ်တစ်သိန်းခန့် အချိန်ယူရမည် ဖြစ်သည်။

သို့သော် ယခုမူ၊ သူသည် အနည်းဆုံးတော့

နှစ်တစ်သောင်းစာ ကြိုးစား ကျင့်ကြံရမည့် အချိန်ကို ချွေတာနိုင်ခဲ့ပြီ။

ဒါဟာ နှစ်ပေါင်း တစ်သောင်း အတိအကျပင်။

နုခ်အတွက်ပင်လျှင် ဤသည်မှာ အလွန် ရှည်ကြာသော အချိန်ကာလ တစ်ခု ဖြစ်သည်။

"အဲ့ဒီ အင်မော်တယ်လုရဲ့ တရားပွဲကို နောက်ထပ်အကြိမ် အနည်းငယ်လောက်သာ နာကြားခွင့်ရခဲ့ရင် ငါ နက်ရှိုင်းခြင်း အင်မော်တယ် နယ်ပယ်ကို တက်လှမ်းနိုင်မှာ သေချာတယ်!"

နုခ်က စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် မိမိကိုယ်ကို ရေရွတ်လိုက်သည်။

ထို့နောက် နုခ်သည် တစ်စုံတစ်ခုကို သတိရသွားပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

ခြံဝင်းထဲတွင် ယွမ်ဝူနှင့် အခြားနောက်လိုက်များမှာ စုရုံး ရောက်ရှိနေကြပြီး ဖြစ်သည်။

ယွမ်ဝူဖြစ်စေ၊ အခြားသူများ ဖြစ်စေ၊ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် အပြုံးများ ဝေဆာနေကြရာ တစ်ယောက်ချင်းစီ အကျိုးအမြတ် ရရှိခဲ့ကြသည်မှာ ထင်ရှားလှသည်။

သူတို့ နုခ်ကို မြင်သောအခါ အလျင်အမြန်

မတ်တပ်ထရပ်လိုက်ကြသည်။တပ်ထရပ်လိုက်ကြသည်။

"သခင်လေး၊ တံခါးပိတ် ကျင့်ကြံတာ ပြီးသွားပြီလား။ တစ်ခုခုများ ထူးခြားခဲ့သေးလား။"

ယွမ်ဝူက စိတ်အားထက်သန်စွာ မေးလိုက်သည်။

နုခ်က ခေါင်းညိတ်လိုက်ကာ

"အင်း၊ ရလိုက်တဲ့အကျိုးကျေးဇူးက မသေးဘူး"

"ဒါ သိပ်ကောင်းတာပဲ! နက်ရှိုင်းခြင်း

အင်မော်တယ် ဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေး!"

ယွမ်ဝူနှင့် အခြားသူများအားလုံး ပြုံးလိုက်ကြသည်။

နုခ်လည်း ပြုံးလိုက်ပြီးနောက် မှာက့ားလိာက်သည်။

"ဟုတ်သားပဲ၊ ဆက်ပြီး စုံစမ်းကြဦး! အဲ့ဒီသခင်လေးရဲ့ နောက်ခံနဲ့ အချက်အလက်တွေကို ရှာဖွေစုံစမ်းကြ။ အဲ့ဒီသခင်လေးက သူတို့အရင်ပြောခဲ့တဲ့ အင်မော်တယ်လု ဖြစ်ဖို့များတယ်။ အဲ့ဒီ သာမန်လူတွေ ပြောတဲ့ သဘောအရဆိုရင် အင်မော်တယ်လုက တစ်ခါနှစ်ခါပဲ တရားဟောတာ မဟုတ်ဘူး။ သူ ဘယ်လောက်အကြိမ်တိုင်း

တာအို တရားဟောလေ့ရှိလဲဆိုတာကို ငါတို့ သေသေချာချာ သိအောင်လုပ်ရမယ်! တခြားအချက်အလက်တွေပါ ရှာနိုင်ရင် ပိုတောင်ကောင်းသေးတယ်"

ဤစကားကို ကြားသောအခါ ယွမ်ဝူနှင့် အခြားသူများက "နားလည်ပါပြီ" ဟု ပြောကာ ခေါင်းညိတ်လိုက်ကြသည်။

"သွားကြတော့လေ။"

အဖွဲ့ထွက်ခွာသွားသည်ကို ကြည့်ရင်း နုခ်သည် ခြံဝင်းထဲရှိ ကျောက်သားထိုင်ခုံ တစ်လုံးပေါ်တွင် ထိုင်ချလိုက်၏။

သူ၏ အကြည့်များမှာ မျှော်လင့်ချက်များဖြင့် တဖျပ်ဖျပ်လက်နေလျက်...

"အကယ်၍သာ အဲ့ဒီ လူကြီးမင်းက နှစ်

တစ်ထောင်မှာ တစ်ခါလောက် တာအို တရားဟောပေးမယ်ဆိုရင် ငါ နှစ်တစ်သောင်းအတွင်းမှာ နက်ရှိုင်းခြင်းအင်မော်တယ် နယ်ပယ်ကို တက်လှမ်းနိုင်လောက်တယ်!" ဟု

တွေးနေမိတော့သည်။

နောက်ပိုင်းတွင် နုခ်သည် မိမိကိုယ်ကို လှောင်ရယ်လိုက်ပြီး ခေါင်းခါလိုက်ကာ

"ငါ ဘာတွေ တွေးနေတာပါလိမ့်။ ငါ ဘယ်တုန်းကတည်းက ဒီလို လက်တွေ့မကျတဲ့ အိပ်မက်တွေကို မက်တတ်သွားတာလဲ။ အဲ့ဒီသခင်လေးက လောကကြီးကို တရားဟောကြားပေးတာနဲ့ကိုပဲ အရမ်း ကြီးကျယ်တဲ့ ရက်ရောမှုနဲ့ မဟာ စိတ်ဓာတ်ကို ပြသပြီးနေပြီ၊ ဒါက

ဒီအင်မော်တယ် ကြယ်တာရာပေါ်က လူတွေအတွက် ကြီးမားတဲ့ ကျေးဇူးတရားတစ်ခုပဲ။ သူ့ကို နှစ်တစ်ထောင်မှာ တစ်ခါ တာအို တရားဟောပေးဖို့ မျှော်လင့်နေတာကတော့ တော်တော်လောဘကြီးလွန်းရာကျတယ်" ဟု ရေရွတ်လိုက်လေတော့သည်။

All Chapters