ဖရိုဖရဲ နတ်ဘုရားကျောက်သလင်းကို စုပ်ယူခြင်း...
Vol. 45 Ch. 665
"မင်း... မင်းက တစ်ခုဖန်တီးနိုင်တယ်?!"
ယွီထျန်းဖုန်းက လုရီကို မယုံနိုင်လောက်အောင် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
လုရီက ခေါင်းညိတ်လိုက်ပြီး
"တခြား ကြယ်တာရာ တံခါးဒေသတွေက
နေရာလပ် အဆက်အစပ်တွေနဲ့ ဆင်တူတဲ့
ဟာမျိုးကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော် ဖန်တီးနိုင်မယ်လို့ တော်တော်လေး ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ အချိန်တော့ နည်းနည်းယူရလိမ့်မယ်ဗျ"
လုရီ၏ နေရာလပ် နိယာမအပေါ် နားလည်နိုင်စွမ်းမှာ ပြည့်စုံမှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နေရာလပ် နိယာမကို သူ အလုံအလောက် နားလည် သဘောပေါက်ပြီး ဖြစ်လေသည်။
သို့သော် ပြဿနာမှာ သူ၏ အစွမ်းသတ္တိက လုံလောက်အောင် မသေးခြင်းပင်။ သူသည် အစစ်အမှန် အင်မော်တယ် တစ်ပါးမျှသာ ဖြစ်သေးသည်။
အကယ်၍ သူသာ ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပါက နေရာလပ် အဆက်အစပ်
တစ်ခုကို ဖန်တီးရန် အချိန်များစွာ ကြာမြင့်မည်မဟုတ်ပေ။ သို့သော် ကျင့်ကြံခြင်း အဆင့်
နိမ့်ကျနေသည် ဖြစ်ရာ ထုတ်လွှတ်နိုင်သော စွမ်းအင် ပမာဏမှာလည်း နည်းပါးပြီး သဘာဝအတိုင်း ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရပေလိမ့်မည်။
ယွီထျန်းဖုန်းနှင့် လင်းလောင်တောင်ထိပ် သခင်မတို့မှာ သူတို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လင်းလောင် တောင်ထိပ်သခင်မက စိတ်မအေးနိုင်စွာဖြင့်...
"ကောင်လေး၊ နင့်ရဲ့ နေရာလပ် နိယာမအပေါ် ကျွမ်းကျင်မှုက မနည်းဘူး ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒီလို နေရာလပ် အဆက်အစပ်မျိုးကို နင် တကယ် ဖန်တီးနိုင်မယ်လို့ သေချာလို့လား" ဟု ဆို၏။
လုရီက ပြုံးလိုက်ပြီး အာမခံလိုက်လေ၏။
"ဟုတ်ပါတယ်၊ ဆရာ... စိတ်ချလို့ ရပါတယ်"
ယွီထျန်းဖုန်းက "ဒါကိုဖန်တီးဖို့ ဘယ်လောက်ကြာမယ်လို့ မင်းထင်သလဲ" ဟု မေးလိုက်သည်။
လုရီက သူ၏ လက်ရှိ အစွမ်းသတ္တိကို တွက်ချက်လိုက်ပြီးနောက် စဉ်းစားကာ "နှစ်ရာပေါင်း အနည်းငယ်လောက်တော့ ကြာနိုင်တယ်" ဟု ဆိုလိုက်သည်။
မမှားပါ။ ဤသည်မှာ သူ၏ အနည်းဆုံး ခန့်မှန်းချက်သာ ဖြစ်သည်။ အကယ်၍ သူ၏ အစွမ်းသတ္တိ တိုးတက်လာခဲ့လျှင် သို့မဟုတ် ဤကိစ္စအပေါ် အချိန်ပိုပေးနိုင်ခဲ့လျှင် လုပ်ငန်းစဉ်မှာ သေချာပေါက် ပိုမို မြန်ဆန်လာပေလိမ့်မည်။
"နှစ်ရာပေါင်း အနည်းငယ်... ဒါက တော်တော်လေး မြန်နေပြီပဲ"
ယွီထျန်းဖုန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အပြုံးတစ်ခု ထင်ဟပ်လာပြီး
"အနီးအနားမှာ နေရာလပ် အဆက်အစပ် တစ်ခုကို ငါတို့တကယ် ရှာမတွေ့ခဲ့ဘူးဆိုရင်တော့ မင်းကိုပဲ အားကိုးရတော့မှာပဲ ရီအာ"
လုရီက ခေါင်းခါလိုက်ပြီး
"ဦးလေးထျန်းဖုန်းက အရမ်းအားနာတတ်တာပဲ။ ဒါက ထျန်းမင်အတွက်လည်း ဖြစ်ပါတယ်"
မည်သို့ပင်ဆိုစေ ကြယ်တာရာ တံခါးသာ ရှိမည်ဆိုလျှင် ထျန်းမင် အန္တရာယ် ကြုံတွေ့သည့်တိုင် ကြယ်တာရာ နယ်မြေ တပ်မတော်က အများကြီးပိုမို မြန်ဆန်စွာ ရောက်ရှိလာနိုင်မည်မှာ သေချာသည်။
"ဟားဟားဟား၊ ဒီလို ဆုံးဖြတ်ပြီးမှတော့ ကြယ်တာရာတံခါး တည်ဆောက်ဖို့ သင့်တော်တဲ့ နေရာလပ် အဆက်အစပ် တစ်ခုကို အနီးတစ်ဝိုက်မှာ ရှာဖွေဖို့ ငါလူလွှတ်လိုက်တော့မယ်!"
ယွီထျန်းဖုန်းက ရယ်မောရင်း ဆိုလိုက်သည်။
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြရာ ဤကိစ္စမှာ ဤသို့ဖြင့် အတည်ဖြစ်သွားလေတော့သည်။
...
ရှေးဟောင်းမြို့တော် အတွင်း၌။
နုခ်သည် ပြန်ရောက်လာကြသော ယွမ်ဝူနှင့် အခြားသူများကို ကြည့်ရင်း လုရီနှင့်ပတ်သက်၍ သူတို့ စုဆောင်းလာသော အချက်အလက်များကို နားထောင်နေစဉ် သူ၏ မျက်နှာ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေပြီး အလွန်ပင် ရှုပ်ထွေးနေတော့သည်။
အဖွဲ့က လုရီနှင့်ပတ်သက်သော သတင်းအားလုံးကို တင်ပြပြီးသည့်နောက်တွင် နုခ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ၏ အမူအရာမှာ အနည်းငယ် မှင်သက်နေသကဲ့သို့ ဖြစ်နေလေသည်။
ယွမ်ဝူနှင့် အခြားသူများမှာ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး နုခ်၏ တုံ့ပြန်မှုအတွက် အံ့အားမသင့်ကြပေ။
အမှန်တကယ်တွင် သူတို့ ကိုယ်တိုင်ပင် ဤအချက်အလက်များကို ပထမဆုံး သိရှိခဲ့စဉ်က
မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။
ယွီမျိုးနွယ် ဘိုးဘေး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ကြယ်တာရာ နယ်မြေ တပ်မတော်၏ အကြီးအမှူးကိုပင် ရိုသေလေးစားစွာ ပြုံးပြစေခဲ့သော အင်မော်တယ်လုသည် ဤဂြိုဟ်၏ ဌာနေကျင့်ကြံသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထို့အပြင် လွန်ခဲ့သော မကြာမီ အချိန်ကပင် ဤဂြိုဟ်သည် သာမန် လူသားတို့၏ ကြယ်တစ်လုံး မျှသာ ဖြစ်ခဲ့သည်တကား။
ဤလူကြီးမင်း တက်လှမ်းသွားခဲ့သောကြောင့်သာလျှင် ဤသာမန်ကြယ်သည် အသွင်ပြောင်းလဲကာ အင်မော်တယ်ကြယ် တစ်လုံး ဖြစ်လာခဲ့ရသည်။
ဤသို့သော ဖြစ်ရပ်မျိုးမှာ မျက်လုံးသုံးလုံး ကြယ်တာရာဒေသတစ်ခုလုံး၊ ထို့ထက်မက
ဘိုလော့စ် ကုန်သည်ကြီးများအသင်း သိရှိသမျှ ဂြိုဟ်အားလုံးတွင်ပင် တစ်ခါမှ မကြားဖူးသော အဖြစ်အပျက် ဖြစ်ပေသည်။
"ဒီလူကြီးမင်းရဲ့ ပါရမီက ဘယ်လောက်တောင် အားကောင်းနေပါလိမ့်။" နုခ်က မိမိကိုယ်ကို ရေရွတ်လိုက်သည်။
လုရီ၏ ဘဝဇာတ်ကြောင်းမှာ နုခ်အတွက် ဒဏ္ဍာရီဆန်လွန်းလှ၏။ အကယ်၍ သူသာ လုရီကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရပါက၊ မျက်လုံးသုံးလုံး ကြယ်တာရာ ဒေသတွင် ဤသို့သော ထူးချွန် ပြောင်မြောက်သည့် ပါရမီရှင်
တစ်ဦး ရှိနေသည်ကို သူ ယုံကြည်နိုင်မည် မဟုတ်ပေ။
"တကယ်ပဲ... ယွီမျိုးနွယ်ရဲ့ ဒုတိယ
သခင်မလေးက ဒီလူကြီးမင်းရဲ့ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသေးစဉ်ကတည်းက သူ့ရဲ့
တကယ့်တန်ဖိုးကို မြင်တွေ့ပြီး သူ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့တာကိုး..."
ယွမ်ဝူက ဆိုလိုက်သည်။
နုခ်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ မျက်လုံးများမှာ အံ့အားသင့်သော အပြုံးဖြင့် တောက်ပလာကာ "မင်းတို့ ပြောတဲ့အတိုင်းဆိုရင် ဒီလူကြီးမင်းက ဆယ်စုနှစ် အနည်းငယ်တိုင်းမှာ တစ်ခါ တာအို တရားဟောတယ် ဆိုတာ သေချာလား" ဟု ထပ်မံ အတည်ပြုလိုက်လေသည်။
"ဟုတ်ကဲ့ သခင်လေး၊ ကျွန်တော်တို့ စုံစမ်းပြီးပါပြီ၊ ဆယ်စုနှစ် အနည်းငယ်တိုင်းမှာ တစ်ခါ ဟောပါတယ်!" ယွမ်ဝူမှာလည်း မျက်နှာ တစ်ခုလုံး ပြုံးလို့ နေသည်။
အခြားသူများမှာလည်း အလားတူပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကြ၏။
"ဒီလူကြီးမင်းက တကယ်ကို လူကောင်း
တစ်ယောက်ပဲ။ ဒီလို တာအို တရား ဟောတာက ငါတို့အတွက် ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ၊ ဒါကို သူက ဆယ်စုနှစ် အနည်းငယ်တိုင်းမှာ တစ်ခါလုပ်ပေးတယ်တဲ့! ဒီအင်မော်တယ်ကြယ်ပေါ်မှာ အင်မော်တယ်တွေ ဒီလောက် များနေတာ အံ့ဩစရာမရှိတော့ဘူး။"
နုခ်နှင့် သူ၏ အခြွေအရံများမှာ အင်မော်တယ်နယ်မြေမှ လာသူများ ဖြစ်ရာ၊ ထျန်းမင်တွင်
အင်မော်တယ်များ၏ အငွေ့အသက်များ ပြည့်နှက်နေသည်ကို သဘာဝအတိုင်း သူတို့လည်း ခံစားမိကြသည်။
နုခ်က အင်မော်တယ် အချို့မှာ ထျန်းမင်၏ ဇာတိများ ဖြစ်ကြပြီး၊ အချို့မှာမူ ဤနေရာမှ အခွင့်အရေးကို ရှာဖွေ တွေ့ရှိသွားသဖြင့် ကျင့်ကြံရန် နေထိုင် ကျန်ရစ်ခဲ့ကြသည်ဟု မှန်းဆလိုက်သည်။
ဤသို့ တွေးမိသောအခါ နုခ်၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး
"ဒီလိုဆိုရင်တော့ ငါတို့ ဒီမှာပဲ နေကြတာပေါ့! ဒီလူကြီးမင်းက နှစ်တစ်ရာမှာ တစ်ခါသာ တာအို တရားဟောပေးမယ်ဆိုရင် ငါ နှစ်နှစ်ထောင်အတွင်းမှာ တက်လှမ်းနိုင်လောက်တယ်!" ဟု ဆိုလိုက်လေသည်။
နက်ရှိုင်းခြင်း အင်မော်တယ် နယ်ပယ်၏
အဟန့့်အတားကို ကျော်ဖြတ်ပြီး ဤမျှ တိုတောင်းသော အချိန်အတွင်း နက်ရှိုင်းခြင်း
အင်မော်တယ် နယ်ပယ်သို့ တက်လှမ်းနိုင်မည်ဟူသော အတွေးမှာ နုခ်ကိုယ်တိုင်အတွက်ပင် အနည်းငယ် မယုံနိုင်စရာ ဖြစ်နေသည်။
ဤနှုန်းမှာ သူ မူလက မျှော်လင့်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်လှပေသည်။
"ဂုဏ်ယူပါတယ် သခင်လေး!"
ယွမ်ဝူနှင့် အခြားသူများမှာလည်း မျက်နှာ တစ်ခုလုံး ပြုံးလို့ နေကြသည်။
အကြောင်းမှာ နုခ်၏ နောက်လိုက်များ ဖြစ်သည့်အလျောက် သူ၏ အစွမ်းသတ္တိနှင့် အဆင့်အတန်း မြင့်မားလာလေလေ၊ သူတို့အတွက် အကျိုးအမြတ် ပိုများလေလေ ဖြစ်သောကြောင့်တည်း။
"သခင်လေးသာ နှစ်နှစ်ထောင်အတွင်းမှာ နက်ရှိုင်းခြင်း အင်မော်တယ် နယ်ပယ်ကို တကယ်တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် သူ ပြသလိုက်တဲ့ အလားအလာက အရိုက်အရာ ဆက်ခံမှုမှာ ပထမနေရာက သခင်ပုရန်ကိုတောင် ကျော်လွန်သွားမှာပဲ။ သခင်လေးက ဘိုလော့စ်ကုန်သည်ကြီးများအသင်းရဲ့ တကယ့် အရှင်သခင် ဖြစ်လာမှာ သေချာတယ်!"
ယွမ်ဝူမှာ ပျော်ရွှင်မှုဖြင့် မျက်နှာဝင်းပနေ၏။
သူမှာ နုခ် ကြီးပြင်းလာစဉ်ကတည်းက အတူတကွရှိနေခဲ့သော အုပ်ထိန်းသူ တစ်ဦးအနေဖြင့် သူသည် သဘာဝအတိုင်း အကျိုးအမြတ် အများဆုံး ရရှိမည့်သူ ဖြစ်
ချေသည်။
ထိုစဉ် အပြုံးကို မဖုံးကွယ်နိုင်တော့ဘဲ နုခ်၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့်
တလက်လက် တောက်ပနေ၏။
ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ အကြည့်များမှာ ခေတ္တမျှ ဖျတ်ခနဲလက်သွားကာ
"စကားမစပ်၊ ဒီလူကြီးမင်းမှာ ဒီမှာ နောက်လိုက်တွေ တော်တော်များများ ရှိတယ်လို့ ငါကြားတယ်"
"ဟုတ်ကဲ့၊ သူတို့က ဒီဂြိုဟ်ပေါ်က အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ မျိုးဆက်တွေဖြစ်ပြီး သူတက်လှမ်းမသွားခင်ကတည်းက သူ့နောက်ကို လိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလူကြီးမင်းက သာမန်လူတွေအပေါ်တောင် ဒီလောက် ရက်ရောတတ်တာ၊ အဲ့ဒီနောက်လိုက်တွေကိုဆိုရင် ပြောစရာတောင်မလိုပါဘူး။ သူတို့အားလုံး သူ့ရဲ့ မျက်စိကျခြင်းကို ခံရပြီး အကူအညီအများကြီး ရခဲ့ကြတယ်လို့ ဆိုပါတယ်" ဟု ယွမ်ဝူက ပြန်ဖြေလာသည်။
ဤအကြောင်းကို ပြောနေစဉ် အနီးတွင် ရပ်နေသော ယွမ်ဝူ၏ မျက်လုံးများထဲတွင် မနာလိုမှုအရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားလေတော့သည်။