နှစ်ပေါင်း ၁၃၀ ကြာသောအခါ (၃) ...
Vol. 45 Ch. 670
“ဒါက ငါမင်းကို အရင်ကတည်းက ပေးခဲ့တဲ့ကတိပဲလေ၊ အခု အဲဒီကတိကို ဖြည့်ဆည်းရမယ့်အချိန်ရောက်ပြီ”
လုရီက ပြုံး၍ ပြောလိုက်လေ၏။
“ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက် မင်းလည်း အိမ်ကို လွမ်းနေရောပေါ့”
လိပ်ပြာနီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ၊ ကြယ်လေ ပင်လယ်ဓားပြအဖွဲ့ရဲ့ အစွမ်းထက် အဖွဲ့ဝင်တချို့က ကျွန်မရဲ့ဇာတိဂြိုဟ်ပေါ်မှာ ရှိနေသေးပြီး ကျွန်မ လူမျိုးတွေကို ချုပ်နှောင်ထားတုန်းပဲ။ ကျွန်မ အမြဲတမ်း စိတ်ပူနေရပါတယ်”
လုရီက ပြုံးလိုက်၏။
“အဲဒီလိုဆိုရင်တော့ အမြန် ပြင်ဆင်လိုက်တော့။ ငါတို့ မကြာခင် ထွက်ခွာကြမယ်”
“ကျွန်မ ပြင်ဆင်စရာ မလိုပါဘူး။ အချိန်မရွေး ထွက်ခွာနိုင်ပါတယ်”
လိပ်ပြာနီက အသံစူးစူးအော်ကာ နာခံလိုက်လေသည်။
သူမသည် ဇာတိဂြိုဟ်ပေါ်တွင် ကျန်ရစ်ခဲ့သော သူမ၏ လူမျိုးများအတွက် အမြဲတစေ စိုးရိမ်ပူပန်နေခဲ့သည်။ ကြယ်လေ ပင်လယ်ဓားပြများ သေဆုံးသွားခဲ့ပြီ မှန်သော်လည်း ဇာတိဂြိုဟ်ပေါ်ရှိလူများက ထိုသတင်းကို ကြားသိခြင်းရှိ၊ မရှိ သို့မဟုတ် သူတို့၏ ဒေါသများကို ဇာတိဂြိုဟ်အပေါ် ပုံချမည်၊ မချမည်ကို မည်သူ သိနိုင်မည်နည်း။
သို့သော်လည်း သူမ၏ သခင်က အစောပိုင်းတွင် ဤအကြောင်းကို မပြောခဲ့သောကြောင့် သူမသည် ဤကိစ္စကို ဆွေးနွေးရန် စိတ်ကိုအတင်းချုပ်တည်းထားခဲ့ရသည်။
လုရီက စိုးရိမ်နေသော မျက်နှာထားဖြင့် လိပ်ပြာနီကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ ချက်ချင်းပဲ ထွက်သွားကြတာပေါ့”
လုရီသည် လိပ်ပြာနီနှင့်အတူ ဦးစွာ လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်၏ ဂူစံအိမ်များသို့ သွားရောက်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ကျန်းအန်းစစ်မြေပြင်သို့ ဦးတည်နေခြင်း ဖြစ်ပြီး ထိုစစ်မြေပြင်ပေါ်ရှိ အင်အား အကြီးဆုံး ကျိုယိုမိစ္ဆာများမှာပင် နက်ရှိုင်းခြင်း အင်မော်တယ်နယ်ပယ်၌သာ ရှိကြ၏။
သို့တိုင်အောင် ဤနေရာသည် ကျိုယိုစစ်မြေပြင်ဖြစ်သောကြောင့် စိတ်ချရစေရန် လုရီသည် သူ၏ စီနီယာ အစ်မများကို အတူခေါ်ဆောင်သွားရန် စီစဉ်ခဲ့သည်။
အထူးသဖြင့် လုရီ၏ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ အဆင့် ချိုးဖြတ်နိုင်ခဲ့ခြင်းကြောင့် ‘တာအိုယင်ယန် အင်မော်တယ်ကျမ်း’ သည်လည်း များစွာ တိုးတက်လာခဲ့ပြီး ‘ယင်ယန်တာအို တံဆိပ် လျှို့ဝှက် သိုင်းစွမ်းရည်’ သည်လည်း ပိုမိုအစွမ်းထက်လာခဲ့သည်။
ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင် ဤသည်မှာ အလွန် အားကောင်းသော လျှို့ဝှက်လက်နက် တစ်ခု ဖြစ်လာပေလိမ့်မည်။
လုရီ ရောက်ရှိသွားသောအခါ လျိုနင်ရွှမ်းသည် ဆီးနှင်းကဲ့သို့ ဖြူဆွတ်သော ဝတ်စုံကို ဆင်မြန်းကာ ရေတံခွန်ကဲ့သို့သော ဆံနွယ်နက်တို့ကို ဖြန့်ချရင်း ဂူစံအိမ်တံခါးကို ဖွင့်ကာ သူ့ကို စောင့်ကြိုနေနှင့်ပြီဖြစ်သည်။
“ရှင့် ကျွန်မကို ရှာနေတယ်လို့ ခံစားမိလို့ ထွက်လာတာ” လျိုနင်ရွှမ်းက ဆိုသည်။
‘တာအိုယင်ယန် အင်မော်တယ်ကျမ်း’ ကို ကျင့်ကြံပြီးနောက် သူတို့အကြားတွင် စိတ်ချင်းဆက်သွယ်နိုင်သော စွမ်းအားတစ်မျိုး ဖြစ်ပေါ်လာပုံရပြီး နက်နဲသော နိမိတ်များကို ကြိုတင်ခံစားမိတတ်ကြလေသည်။
ဥပမာအားဖြင့်၊ သူတို့သည် နှစ်ကိုယ်တူ ကျင့်ကြံချိန်တွင် ထိုသို့ ခံစားမိတတ်ကြသည်။
ယခု အချိန်သည်လည်း ထိုသို့သော အတွင်းစိတ်၏ စေ့ဆော်မှု တစ်ခု ဖြစ်သည်မှာ ထင်ရှားနေ၏။
လုရီမှာ ဤအဖြစ်အပေါ် မအံ့ဩတော့ပေ။
သူက ပြုံး၍...
“ဟုတ်တယ်၊ ကျွန်တော် လိပ်ပြာနီရဲ့ ဇာတိဂြိုဟ်ကို သွားလည်ပြီးတော့ ကျန်းအန်း စစ်မြေပြင်ကိုလည်း သွားမလို့”
လျိုနင်ရွှမ်းက ဘေးတွင် ရိုကျိုးစွာ ရပ်နေသော လိပ်ပြာနီကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်တည်ငြိမ်သော အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ငါလည်း မကြာသေးခင်က ကျင့်ကြံမှုမှာ တိုးတက်မှု နည်းနည်း ရထားတယ်၊ ကျန်းအန်းစစ်မြေပြင်မှာ သွားလေ့ကျင့်တာ ကောင်းနိုင်ပါတယ်”
“ဒါဆိုရင် စီနီယာအစ်မ ရူယွီကို သွားရှာကြရအောင်”
သူတို့ သုံးယောက် ကျန်းရူယွီ၏ ဂူစံအိမ်သို့ သွားရောက်ခဲ့ကြသော်လည်း သူတို့ ရောက်ရှိချိန်တွင် သူမသည် အပြင်သို့ ထွက်လာနေပြီဖြစ်သည်။
သူမသည် ကျောတွင် ကျောက်စိမ်းဓားကို
လွယ်ထားကာ လုရီကို ကြည့်ပြီး မျက်စိ တစ်ဖက် မှိတ်ပြလိုက်သည်။
“ပုံမှန် မဟုတ်တဲ့ ဂျူနီယာမောင်လေး၊ ငါ့ကို ရှာနေတာလား။ ဒါမှမဟုတ် နင်ရွှမ်းကိုလား”
လုရီမှာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
“ဒီလောက် ကြာနေပြီ၊ ကျွန်တော့်ကို ခေါ်တဲ့ ပုံစံလေး ပြောင်းလို့ မရသေးဘူးလား။ ကျွန်တော်က အခု အစစ်အမှန်အင်မော်တယ် ဖြစ်နေပြီနော်”
“ခစ်ခစ်ခစ်၊ မဖြစ်နိုင်ဘူး၊ ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး”
ကျန်းရူယွီက လက်နှစ်ဖက်ကို ခါးထောက်ကာ အောင်နိုင်သူကြီးဟန်ဖြင့် ဆိုသည်။
လုရီက စိတ်မရှည်တော့သည့်ဟန်ဖြင့်
“ခင်ဗျားကို ရှာနေတာ။ သွားကြစို့”
“ဘယ်ကိုလဲ”
ကျန်းရူယွီက သိလိုစိတ်ဖြင့် နောက်မှ လိုက်ရင်း မေးလိုက်သည်။
“ကျန်းအန်းစစ်မြေပြင်”
ထိုစကားကြောင့် ကျန်းရူယွီ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး မျှော်လင့်ချက်အချို့ဖြင့် လိုက်ပါလာခဲ့သည်။
လိုအပ်မှသာ လေ့ကျင့်တတ်သော လျိုနင်ရွှမ်းနှင့်မတူဘဲ ကျန်းရူယွီသည် မွေးရာပါ တိုက်ခိုက်ခြင်းကို နှစ်သက်သူဖြစ်ပြီး ယခုအချိန်အထိပင် ရံဖန်ရံခါ လုရီကို သိုင်းပညာဖလှယ်ရန် စိန်ခေါ်တတ်သေးသည်။ အကြိမ်တိုင်းတွင် လုရီက သူမကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သော်လည်း သူမသည် ဘယ်တော့မှ မမောပန်းခဲ့ပေ။
မကြာမီမှာပင် လုရီသည် သုန်းကုန်းမင်ယွဲ့နှင့်
ယွင်ရှီးတို့ကိုလည်း သွားတွေ့ခဲ့သည်။
သုန်းကုန်းမင်ယွဲ့သည် ကျန်းအန်းစစ်မြေပြင်သို့ သွားမည်ကို ထူးထူးခြားခြား တုံ့ပြန်မှုမပြသော်လည်း လိပ်ပြာနီ၏ ဇာတိဂြိုဟ်သို့ သွားမည်ဟု ပြောသောအခါ သူမ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။
သူမက လုရီကို ကြည့်ကာ အသံလွှင့်၍ မေးလိုက်၏။
“စီနီယာအစ်ကို၊ စီနီယာအစ်ကိုက လိပ်ပြာနီကို သိမ်းပိုက်ဖို့ စီစဉ်နေတာလား။ သူလအရမ်းအားနည်းနေသေးတာ၊ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး နော်၊ ဟုတ်တယ်မလား”
လုရီမှာ ဒေါသထွက်သွားပြီး သုန်းကုန်းမင်ယွဲ့ကို မှုန်ကုပ်စွာ ကြည့်လိုက်သည်။
သူမ၏ စိတ်ထဲတွင် အမြဲတမ်း ညစ်ညမ်းသောအတွေးများသာ ပြည့်နေပုံ ရသည်။
ယွင်ရှီးကို ကြည့်လိုက်သောအခါ သူမသည် ပန်းနတ်သမီးလေးကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ကျက်သရေရှိနေလေသည်။
“ညီမလေးမင်ယွဲ့ ပြောတာမှန်တယ်လို့ ငါ ထင်တယ်၊ လိပ်ပြာနီက အရမ်းအားနည်းတော့
နေ့တစ်ဝက်လောက်ပဲ ခံနိုင်မှာလားဘမသိဘူး”
ယွင်ရှီး၏ အသံလွှင့်စကားက ထွက်ပေါ်လာလေသည်။
လုရီ : “…??”
သူသည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ညည်းညူလိုက်သည်။
“ယွင်ရှီး၊ ငါ့ဂျူနီယာညီမလေးနဲ့ ဝေးဝေးနေ၊ သူက မင်းကို ပျက်စီးအောင်လုပ်နေတာ”
“ဝိုး؟! ငါက ယွင်ရှီးကို ဘယ်နေရာမှာ ပျက်စီးအောင်လုပ်လို့လဲ။ စီနီယာအစ်ကို ဒီလိုပြောရင် ငါ စိတ်ဆိုးတော့မှာနော်”
“စိတ်ဆိုးချင် ဆိုးပေါ့”
“အား!!” သုန်းကုန်းမင်ယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
လူစုံသွားသောအခါ လုရီက လင်းလောင်တောင်ထိပ်ဘက်သို့ ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ဆရာ့ကို မခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏စီနီယာအစ်မများကို ခေါ်ခြင်းမှာ စိတ်ချရစေရန်အတွက်သာ ဖြစ်သည်။
သူနှင့်အတူ နှစ်ကိုယ်တူကျင့်ကြံမှု မပြုလုပ်ဖူးသောကြောင့် လျှို့ဝှက်နည်းစနစ်၏ အထောက်အပံ့မရနိုင်သည့် သူ၏ဆရာမှာ ဤနေရာတွင် ကျင့်ကြံနေခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
နက်ရှိုင်းခြင်း အင်မော်တယ် နယ်ပယ်တွင် တိုးတက်ရန်မှာ အစစ်အမှန်အင်မော်တယ် သို့မဟုတ် ကောင်းကင်ဘုံအင်မော်တယ်အဆင့်များထက် များစွာပို၍ ခက်ခဲလှသည် မဟုတ်ပါလား။
ထို့ကြောင့် အဖွဲ့သည် နေနီလှေပျံပေါ်သို့ တက်ရောက်သွားပြီး အလင်းတန်းတစ်ခုအသွင် ပျောက်ကွယ်သွားလေတော့သည်။