ကြီးမားသော အောင်မြင်မှု...
Vol. 46 Ch. 680
လုရီ၏ မျက်ခုံးများ ကြုံ့သွားသည်။
ကျိုယိုမိစ္ဆာအမြောက်အမြားက အရပ်လေးမျက်နှာမှ သူတို့ကို ဝန်းရံထားသည်မှာ သူတို့ကို တမင်တကာ ပစ်မှတ်ထားနေသည့်နှယ် ရှိနေ၏။
'ဒါက… ငါ့ကို ပစ်မှတ်ထားတာများ ဖြစ်နေမလား။'
လုရီသည် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိလိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။
"လုရီ၊ ဘာဖြစ်လို့လဲ။"
ယွင်ရှီးက လုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိကာ မေးလိုက်သည်။
လျိုနင်ရွှမ်းနှင့် အခြား နှစ်ယောက်ကလည်း လှမ်းကြည့်ကြ၏။
လုရီက ခေါင်းခါပြလိုက်ပြီး "ငါတို့ ဝိုင်းခံနေရပြီ။"
လုရီ စကားပြောနေစဉ်မှာပင် လျိုနင်ရွှမ်းတို့ အဖွဲ့သည်လည်း များပြားလှသော အရှိန်အဝါများ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက်ကြသည်။
သူတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားပြီး အနည်းငယ် မယုံနိုင် ဖြစ်သွားကြ၏။
"ဒါ… ဒီလောက်များများ! ဘယ်လိုဖြစ်ပြီး ကျိုယိုမိစ္ဆာတွေ ဒီလောက်အများကြီး ရောက်လာရတာလဲ။"
လျိုနင်ရွှမ်းက မျက်မှောင်ကျုံ့လိုက်ပြီး သူမ၏ အေးစက်လှပသော မျက်နှာပေါ်တွင် အံ့ဩမှုအရိပ်အယောင် တစ်ခု ထင်ဟပ်သွားသည်။
လုရီက နောက်တစ်ကြိမ် ခေါင်းခါပြကာ
ပြောလေ၏။
"သူတို့က ငါ့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်။"
ထိုစကားကို ကြားသော် လျိုနင်ရွှမ်းတို့ အားလုံး အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားကြဟန် တူသည်။
"မင်းဆီက တာအို စွမ်းအင်ကြောင့်လား။"
ကျန်းရူယွီက
"ပုံမှန် မဟုတ်တဲ့ ဂျူနီယာမောင်လေး၊ မင်းပြောချင်တာက သူတို့ မင်းဆီက တာအို စွမ်းအင်ကို အာရုံခံမိပြီး မင်းအတွက် သီးသန့်လာကြတာလို့ ဆိုလိုတာလား။"
လုရီက ခေါင်းညိတ်လိုက်သည်။
"ဖြစ်နိုင်ခြေများတာကတော့ အဲ့ဒီအတိုင်းပဲ။ နောက်ဆုံးတစ်ခေါက်တုန်းက ထူးဆန်းတဲ့
ကျိုယို မိစ္ဆာက ငါ့ဆီက တာအိုစွမ်းအင်ကို သတိပြုမိသွားတယ်၊ အဲ့ဒီတုန်းက သူက အတော်လေး အာရုံစိုက်ခဲ့တာ၊ အခုတော့ အာရုံစိုက်တာထက် ပိုနေပြီနဲ့ တူတယ်။"
မည်သို့ဆိုစေ နောက်ဆုံး တစ်ကြိမ် လုရီ
ကျန်းအန်း စစ်မြေပြင်သို့ ရောက်လာစဉ်က
ကျိုယိုမိစ္ဆာများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို မခံခဲ့ရပေ။
ဖြစ်နိုင်သည်မှာ ထိုထူးဆန်းသော ကျိုယိုမိစ္ဆာက တစ်ခုခု ကြံစည်သွားခြင်း ဖြစ်ပြီး လုရီသာ သတိမပြုမိခဲ့ခြင်း ဖြစ်ပေမည်။
လျိုနင်ရွှမ်းတို့၏ မျက်နှာများ ပြောင်းလဲသွားကာ လေးနက် တည်ကြည်သွားကြ၏။
"ကျိုယိုမိစ္ဆာတွေ ဒီလောက်များတာ… ငါတို့ ဘယ်လိုလုပ်ကြမလဲ။"
သူတို့၏ ကျင့်ကြံမှု အဆင့်မှာ ကောင်းကင်ဘုံအင်မော်တယ် နယ်ပယ်တွင်သာ ရှိသေးပြီး၊ အစစ်အမှန် အင်မော်တယ် အဆင့်သို့ ဝင်ရောက်လာသော ကျိုယို မိစ္ဆာ တစ်ကောင်ကို ရင်ဆိုင်ရန်ပင် ခက်ခဲနေပါသည်။ ယခု တစ်ကြိမ်တွင်မူ ကျိုယို မိစ္ဆာပေါင်း ထောင်ချီ၍ ရှိနေသည်တကား!
ဤမျှများပြားသော ကျိုယို မိစ္ဆာများအားလုံးသာ ကောင်းကင်ဘုံ အင်မော်တယ် အဆင့် ဖြစ်နေလျှင်ပင် သူတို့ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထို့အပြင် ၎င်းတို့ထဲတွင် အစစ်အမှန်
အင်မော်တယ်အဆင့်ရှိ စွမ်းအားကြီး ကျိုယို မိစ္ဆာ များစွာနှင့် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်ရှိ မိစ္ဆာအချို့ပင် ပါဝင်နေသေးသည်!
လုရီက ခပ်ဖွဖွပြုံးလိုက်သည်။
"စိတ်မပူကြနဲ့၊ ကျွန်တော် ရှိပါတယ်။"
ကျိုယိုမိစ္ဆာပေါင်း ထောင်ချီ ရှိနေသော်လည်း
လုရီ၏ ကိုယ်ပိုင်စွမ်းအားသည် လုံလောက်စွာ အားကောင်းလှသည်။ နက်ရှိုင်းခြင်း
အင်မော်တယ် အဆင့် ကျိုယိုမိစ္ဆာ အနည်းငယ်သာရှိနေသဖြင့် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ယင်ယန် တာအိုတံဆိပ်၏ လျှို့ဝှက်သိုင်းကိုပင် သူ အသုံးပြုရန် လိုမည် မဟုတ်ချေ။
မကြာမီမှာပင် အရှိန်အဝါလှိုင်းလုံးကြီးတစ်ခု အလျင်အမြန် ချဉ်းကပ်လာပြီး၊ မှောင်မိုက်သော အဝေးတစ်နေရာမှ ကျိုယိုမိစ္ဆာအမြောက်အမြား ပျံသန်းလာကြသည်။
ဤကျိုယိုမိစ္ဆာများမှာ ပုံစံအမျိုးမျိုးရှိကြပြီး၊ အများစုမှာ အတော်လေး ပုံပျက်ပန်းပျက်ဖြစ်ကာ လူပုံစံ၊ သားရဲပုံစံများ ဖြစ်ကြသည်။
သူတို့၏ ကိုယ်ခန္ဓာများတွင် သိပ်သည်းသော ကျိုယိုချီများက ဝန်းရံလည်ပတ်နေပြီး၊ ယုတ်မာသော အငွေ့အသက်များကို အဆက်မပြတ် ထုတ်လွှတ်နေ၏။
လုရီက လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ ပိုမိုအေးစက်လာကာ "ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ" ဟု မှာလိုက် သည်။
လျိုနင်ရွှမ်းတို့လည်း အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြပြီး မျက်နှာထားများ လေးနက်နေ၏။
သူမတို့၏ ကိုယ်ခန္ဓာများတွင် သိပ်သည်းသော နိယာမ စွမ်းအားများက လည်ပတ်နေပြီး၊ သူတို့ကိုယ်တိုင် အရင်က အသုံးပြုခဲ့သော နိယာမများအပြင် ယင်ယန်နိယာမမျှင်တန်းများလည်း စီးဆင်းနေသည်။
ထို့ထက်မက သူမတို့၏ နဖူးများပေါ်တွင် ယင်ယန်တာအိုအင်းကွက်များ ပေါ်ထွက်လာ၏။
ဤသည်မှာ မဟာတာအို ယင်ယန်တံဆိပ်၏ အသုံးဝင်ပုံ တစ်ခုပင် ဖြစ်သည်။ လုရီ၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ထားသကဲ့သို့ မယှဉ်နိုင်သော်လည်း၊ သူတို့ လေးယောက်ကြားရှိ
ယင်ယန် တာအိုတံဆိပ်၏ တုန်ခါမှုက တပ်တော်အခင်းအကျင်း တစ်ခုကဲ့သို့ သူတို့၏ ကိုယ်ပိုင်အစွမ်းကို မြှင့်တင်ပေးနိုင်ရာ အလွန်ခိုင်မာသော အခြေခံ တစ်ခုလည်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမတို့ လေးယောက်၏ စွမ်းအားမှာ အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိသွားပြီး၊ ပေါင်းစည်းလိုက်သောအခါ သူတို့၏ စွမ်းပကားမှာလည်း သာမန်မဟုတ်တော့ချေ။
ထိုလေးယောက်၏ အခြေအနေကို မြင်လိုက်ရသောအခါ လုရီမှာ ပို၍ စိတ်အေးသွားရသည်။
မိန်းကလေးများ၏ လက်ရှိ အခြေအနေအပြင်၊ လုရီပေးထားသော အင်မော်တယ် လက်နက်မျိုးစုံနှင့် အခြား လျှို့ဝှက်ချက်များကြောင့်၊ ဤကျိုယိုမိစ္ဆာများ၏ ဝန်းရံမှုကြားတွင် သူမတို့ ခဏလောက်တော့ တောင့်ခံထားနိုင်ပေလိမ့်မည်။
ဤသည်မှာ သူမတို့အတွက် ရှားပါးသော အတွေ့အကြုံ တစ်ခု ဖြစ်လာပေလိမ့်မည်။
အမှန်တကယ်တော့ လုရီသည် မိန်းကလေးများ၏ လုံခြုံရေးအတွက် သိပ်ပြီး စိုးရိမ်နေခြင်း မရှိပေ။
အကြောင်းမှာ သူမတို့ သေဆုံးသွားသည့်တိုင် သူက အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်းကို အသုံးပြု၍ သူမတို့ကို ပြန်လည် အသက်သွင်းနိုင်သောကြောင့် ဖြစ်သည်။
လုရီသည် သူမတို့ လေးယောက်အပေါ် အာရုံ
မစိုက်တော့ဘဲ၊ သူ၏ အကြည့်များကို ပတ်ပတ်လည်သို့ ဝေ့ဝဲလိုက်ရာ မကြာမီမှာပင် နက်ရှိုင်းခြင်း အင်မော်တယ် အဆင့် ကျိုယိုမိစ္ဆာ ရှစ်ကောင်အထိ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို သတိပြုမိလိုက်သည်။
အစစ်အမှန် အင်မော်တယ် အဆင့် မိစ္ဆာများမှာလည်း ရာဂဏန်းအထိ ရှိပြီး၊ ကျန်မိစ္ဆာများအားလုံးမှာ ကောင်းကင်ဘုံ အင်မော်တယ် အဆင့်များ ဖြစ်ကြ၏။
လုရီ၏ ကိုယ်ခန္ဓာတွင် ဝိညာဉ်စွမ်းအင်များက လှိုင်းထန်လာပြီး သူသည် လေထဲသို့ ပျံတက်ကာ လျိုနင်ရွှမ်းတို့နှင့် ခွဲခွာလိုက်သည်။
လုရီ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူ လေထဲသို့ ပျံတက်သွားသည်ကို မြင်သောအခါ စွမ်းအားကြီး ကျိုယိုမိစ္ဆာတစ်အုပ်စုသည် ချက်ချင်း လားရာပြောင်းကာ သူ့ထံသို့ ပျံသန်းလာကြသည်။
ဤကျိုယိုမိစ္ဆာများ၏ ပစ်မှတ်မှာ သူဖြစ်နေလေသည်။
လုရီသည် ဤကျိုယိုမိစ္ဆာများမှာ သူ့ထံမှ တာအိုစွမ်းအင်ကြောင့် ဆွဲဆောင်ခံရခြင်းဖြစ်ကြောင်း သေချာသွားတော့သည်။ လုရီ၏ မျက်နှာ အမူအရာမှာ ခက်ထန်သွားပြီး ဝိညာဉ် စွမ်းအင်များက သူ့ပတ်လည်တွင် လှိုင်းထန်နေ၏။
သူသည် ကျိုယိုမိစ္ဆာ အုပ်စုထံသို့ ရှေ့တိုးရင်ဆိုင်လိုက်သည်။
ကျိုယိုမိစ္ဆာများကို အနက်ရောင်မြူခိုးများက လွှမ်းခြုံထားပြီး၊ စူးရှကြမ်းတမ်းကာ နားထဲ
စွဲစေသော အသံများ၊ အမည်မသိ စူးရှထက်မြက်သော အသံများကို ထုတ်လွှတ်နေသည်။ ထိုအသံများမှာ လူပေါင်းများစွာက သူ့နားထဲတွင် တိုင်တည် ညည်းတွားသံများ၊ အော်ဟစ်သံများနှင့် တိုးတိုးလေး ရေရွတ်နေသံများကဲ့သို့ ထပ်ဆင့်နေ၏။
လုရီပင် မျက်မှောင်ကြုံ့မိပြီး အနည်းငယ်
မသက်မသာ ခံစားလိုက်ရသည်။
အကယ်၍ ကျိုယိုမိစ္ဆာ တစ်ကောင်တည်း၏ တိုးတိုးလေး ရေရွတ်သံသာဆိုလျှင် သူ့အပေါ် သိပ်အကျိုးသက်ရောက်မည် မဟုတ်သော်လည်း၊ ဤနေရာတွင် ကျိုယိုမိစ္ဆာများ အလွန်များပြားလွန်းနေသည်။
သို့သော် ဤသည်မှာ အနည်းငယ် မသက်မသာဖြစ်ခြင်းမျှသာဖြစ်ပြီး၊ လုရီအတွက် အခြားဘာမှ မဖြစ်ခဲ့ပေ။
သူသည် အသံတိုးတိုးဖြင့် ကြိမ်းဝါးလိုက်ပြီး သူ၏ ကိုယ်ခန္ဓာမှာ မူလနေရာမှ ပျောက်ကွယ်သွားသည်။ ကောင်းကင်ဥမင် သိုင်းနည်းစနစ်ကို အသုံးပြု၍ သူသည် နက်ရှိုင်းခြင်း အင်မော်တယ် အလယ်အလတ်အဆင့်ရှိ ကျိုယို မိစ္ဆာ တစ်ကောင်၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွား၏။
သူ၏ လက်ထဲတွင် ဓားရှည်သည် မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားတာအိုအလင်းရောင် တစ်ချက် လက်ခနဲ ထွက်ပေါ်လာပြီး၊ အဆုံးမရှိသော သတ်ဖြတ်လိုစိတ် ပါဝင်သည့် ဖြူဖျော့သော ဓားအရိပ် ကိုးခုသည် ထိုကျိုယို မိစ္ဆာထံသို့ တဟုန်ထိုး ခုတ်ပိုင်းသွားလေသည်။
နက်ရှိုင်းခြင်း အင်မော်တယ် အလယ်အလတ်အဆင့် ကျိုယို မိစ္ဆာသည် လှည့်လာကာ တုံ့ပြန်လိုက်ပြီး အနက်ရောင် မြူခိုးများက လှိုင်းထန်လာသည်။ ထိုမြူခိုးထဲမှ မရေမတွက်နိုင်သော မည်းနက်သည့် လက်မောင်းများ ထွက်ပေါ်လာပြီး ဒြပ်စင်ကိုးပါး သတ်ဖြတ်ဓားသိုင်း၏ ရှေ့မှ ပိတ်ဆို့ ကာဆီးလာ၏။
သို့ရာတွင် ဒြပ်စင်ကိုးပါး သတ်ဖြတ်ဓားသိုင်းသည် လုရီ၏ ပြည့်စုံမှုအဆင့် ဓားတာအို နိယာမများဖြင့် ထုတ်ဖော်ထားပြီး ရွှေရောင်
အင်မော်တယ် သိုင်းစွမ်းရည် တစ်ခုလည်း ဖြစ်လေသည်။
ဤသည်ကို ဝှက်ဖဲ တစ်ခုဟု မသတ်မှတ်ပါက၊ ၎င်းသည် လုရီ၏ စွမ်းအား အကုန်ကို ကိုယ်စားပြုနေပြီ ဖြစ်လေ၏။