အင်မော်တယ်ဘုရင် နယ်ပယ်သို့ သော့ချက် (၂)...
Vol. 46 Ch. 689
ယခင်က စမ်းသပ်တိုက်ခိုက်ကြည့်ရန် အလွန်စိတ်အားထက်သန်နေခဲ့သော ကျန်းရူယွီသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုရီနှင့် သိုင်းပညာဖလှယ်မည့်အကြောင်းကို ထပ်မံ၍ မပြောဆိုတော့ပေ။
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့မှာမူ လုရီနှင့် သိုင်းပြိုင်ရန် စိတ်ကူးပင် လုံးဝမရှိကြချေ။ ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့နှင့် မတူသည်မှာ ကျန်းရူယွီက မူလဇာတိကိုက တိုက်ခိုက်လိုစိတ်ပြင်းပြသူဖြစ်ပြီး သုန်းကုန်းမင်ယွဲ့မှာမူ မောက်မာရန် လွယ်ကူလွန်းကာ ပေါ့ဆစွာပင် သူဘယ်သူဘယ်ဝါဖြစ်သည်ကို မေ့လျော့သွားပြီး အလွန်အမင်း မောက်မာစွာ ပြုမူတတ်လေသည်။
…
နောက်ထပ် နှစ်တစ်ရာ့ငါးဆယ် ကြာမြင့်သွားခဲ့လေ၏။ လုရီသည် သူ၏ကျင့်ကြံခြင်းကို အာရုံစိုက်ကာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
ရုတ်တရက်… လုရီ၏ ဥမင်ဂူစံအိမ် အဝင်ဝသို့ အရှိန်အဝါတစ်ခု ရောက်ရှိလာခဲ့၏။
လုရီသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်ဆံများထဲတွင် မူလဖရိုဖရဲအငွေ့အသက် အလင်းတန်း သဲ့သဲ့လေးတစ်စ တောက်ပနေ၏။
သူသည် သူ၏နေရာမှ ပျောက်ကွယ်သွားပြီး ဥမင်ဂူစံအိမ်မှ ထွက်ခွာသွားတော့သည်။
ဂူစံအိမ်၏ အပြင်ဘက်တွင် ကျန့်ဖန်၊ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့ အတူတကွ ချဉ်းကပ်လာကြပြီး လုရီ၏ ဥမင်ဂူစံအိမ် အဝင်ဝသို့ ရောက်ရှိလာကြသည်။
ကျင့်ကြံနေဆဲဖြစ်သော ကြယ်ငယ်လေးသည် မျက်လုံးဖွင့်၍ ထိုသုံးယောက်ကို တစ်ချက် ကြည့်လိုက်၏။ ပိုင်ယွီလုံက အလျင်အမြန်ပင်…
"သခင်လေး ကြယ်ငယ်လေးကို နှုတ်ဆက်ပါတယ်" ဟု ဆိုလိုက်သည်။
ယခင်က ကျန့်ဖန်တို့ လုရီထံ လာလည်ကြစဉ်က ကြယ်ငယ်လေးသည် သူတို့နှင့် မရင်းနှီးသေးသောကြောင့် မကြာခဏ အနိုင်ကျင့်တတ်ရာ သူတို့မှာ အတော်လေး ဒုက္ခရောက်ခဲ့ကြရသည်။
မည်သို့ပင်ဆိုစေကာမူ ကြယ်ငယ်လေးသည် ယခုအခါ အစစ်အမှန် အင်မော်တယ်တစ်ပါး ဖြစ်နေပြီး ကျန့်ဖန်တို့မှာမူ သာမန်လူ့ဘုံ၌သာ ရှိသေးရာ သူ့အတွက် စိတ်ထင်တိုင်း ပြုမူရန် လွယ်ကူလှပေသည်။
ထို့ကြောင့်ပင် ထိုသုံးယောက်မှာ ကြယ်ငယ်လေးကို မြင်လျှင် စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့နေတတ်ကြ၏။ သို့သော် ကံကောင်းစွာဖြင့် နောက်ပိုင်းတွင် သူတို့ ပိုမိုရင်းနှီးလာကြသောအခါ ကြယ်ငယ်လေးက သူတို့ကို အနိုင်မကျင့်တော့ချေ။
သို့သော်ငြားလည်း ကြယ်ငယ်လေးကို မြင်သည်နှင့် ပိုင်ယွီလုံသည် စိတ်ထဲမှ အလိုလို တုန်လှုပ်သွားကာ အလျင်စလို နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
ကျန့်ဖန်နှင့် ထျဲမန်တို့လည်း ကြယ်ငယ်လေးကို အနည်းငယ် ကြောက်ရွံ့သော အကြည့်ဖြင့် ကြည့်ကာ လက်များ ဆုပ်ချီ၍…
"သခင်လေး ကြယ်ငယ်လေးကို နှုတ်ဆက်ပါတယ်" ဟု ဆိုလိုက်ကြ၏။
ထိုအခါ ကြယ်ငယ်လေးသည် ထိုသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများကို အလျင်အမြန် ပြန်မှိတ်ကာ သူတို့ကို လျစ်လျူရှုထားလိုက်သည်။
ထိုအခိုက်အတန့်၌ လုရီသည် ရုတ်တရက် ပေါ်ထွက်လာရာ ကျန့်ဖန်နှင့် အခြားသူများ လန့်ဖျန့်သွားကြတော့သည်။
ပိုင်ယွီလုံက စိတ်ပျက်အားငယ်စွာဖြင့်…
"ဂျူနီယာညီလေးလုရီရာ၊ မင်းပေါ်လာတိုင်း သရဲကျနေတာပဲ၊ လူကို လန့်သေတော့မယ်" ဟု ပြောလိုက်သည်။
လုရီက ပြုံး၍
"တကယ်တော့ နေရာလပ် လှိုင်းခတ်မှုတစ်ခု ရှိခဲ့ပါတယ်၊ ဒါပေမဲ့ အစ်ကို ပိုင်ယွီလုံရဲ့ အာရုံခံနိုင်စွမ်းက အားနည်းလွန်းတော့ မခံစားမိတာပါ" ဟု ဆို၏။
"..."
ပိုင်ယွီလုံ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ဘဝကို သံသယဝင်သွားကာ…
"ဂျူနီယာညီလေးလုရီ၊ မင်းက နာမည်ကျော် လုအင်မော်တယ်၊ အစစ်အမှန် အင်မော်တယ်အဆင့်မှာ ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ။ ငါက နေရာလပ် လှိုင်းခတ်မှုတွေကို ခံစားဖို့ ဘာအရည်အချင်းရှိလို့လဲ"
လုရီက မျက်လုံးလှန်လိုက်ပြီး
"အစ်ကိုပိုင်၊ ကျွန်တော့်ကို မနောက်ပါနဲ့တော့။ ကျင့်ကြံတာကိုသာ အာရုံစိုက်ပါ။ အင်မော်တယ်နယ်ပယ်ကို ချိုးဖြတ်ပြီးတာနဲ့ အစ်ကိုလည်း ခံစားနိုင်မှာပါ" ဟု ပြန်ပြောလိုက်သည်။
သူသည် ထိုသုံးယောက်ကို ကြည့်လိုက်၏။ ဤကာလများအတွင်း လုရီသည် သူတို့ကို သဘာဝကျကျပင် ကောင်းစွာ စောင့်ရှောက်ခဲ့ပါသည်။
ယခင်က အလုပ်များအတွက် ဆုချခဲ့သော ကောင်းကင်နှင့် မြေကြီး ရတနာများစွာသည် ထိုသုံးယောက်၏ အရည်အသွေးများကို အင်မော်တယ်ခန္ဓာကိုယ်အဆင့်အထိ မြှင့်တင်ပေးခဲ့ပြီး သူတို့၏ ကျင့်ကြံနှုန်းကို အလွန်အမင်း တိုးတက်စေခဲ့သည်။
ယခုအခါ သူတို့သုံးဦးစလုံးသည် ကပ်ဘေးဖြတ်ကျော်ခြင်း နယ်ပယ်သို့ ရောက်ရှိပြီးဖြစ်ကာ သူတို့၏ တက်လှမ်းခြင်းသည်လည်း နှစ်ရာဂဏန်းအနည်းငယ်သာ လိုတော့မည်ဟု ခန့်မှန်းရသည်။
လုရီသည် ဤအပေါ်တွင် အလွန်ကျေနပ်နေ၏။
"အစ်ကိုတို့၊ ဒီကို ဘာအကြောင်းကိစ္စနဲ့ ရောက်လာကြတာလဲ"
သူက မေးလိုက်သည်။
ကျန့်ဖန်က အနည်းငယ်ပြုံး၍
"ဂျူနီယာညီလေး၊ ဒီလိုပါကွာ။ အော့ထျန်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ တက်လှမ်းသွားခဲ့ပြီး သူ့ရဲ့နယ်ပယ်ကို ခိုင်မာအောင် လုပ်ပြီးတာနဲ့ အခုပဲ ထွက်လာတယ်။ သူက တက်လှမ်းခြင်း အခမ်းအနားတစ်ခု ကျင်းပဖို့ စီစဉ်ထားပြီး ငါတို့ကို ဖိတ်ကြားလွှာ ပို့လာတယ်ကွ" ဟု ပြောပြလာသည်။
ထိုစကားကို ကြားသောအခါ လုရီ၏ မျက်ခုံးများ ပင့်တက်သွားပြီး
"သူ တက်လှမ်းသွားပြီလား။ သူ့ရဲ့ ကျင့်ကြံနှုန်းက တော်တော်ကောင်းတာပဲ"
ထိုအခါ ထျဲ့မန်က ပြုံးဖြီးဖြီးဖြင့်
"ဒါတွေအားလုံးက ဂျူနီယာ ညီလေးရဲ့ ကျေးဇူးတွေကြောင့် မဟုတ်လား။ မင်းရဲ့ အရင်းအမြစ်တွေသာ မရှိရင် အော့ထျန်းက တက်လှမ်းဖို့မပြောနဲ့၊ အခုအချိန်အထိ မဟာယာနအဆင့်ကိုတောင် ရောက်မှာမဟုတ်ဘူး”
အမှန်စင်စစ်၊ လုရီ၏ အကူအညီကြောင့်သာ သူတို့အားလုံး ယခုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံမှုအခြေခံများ ရရှိခဲ့ကြခြင်း ဖြစ်သည်။
မဟုတ်ပါက ကောင်းကင်နဂါး သူတော်စင်သားတော်၊ ထိုက်ယီ သူတော်စင်သားတော်နှင့် လေ့ယင်သူတော်စင် သမီးတော်ကဲ့သို့ မွေးရာပါ အရည်အချင်းကောင်းပြီး အင်မော်တယ်ဂိုဏ်း၏ ထောက်ပံ့မှုရှိကာ အနာဂတ် ကောင်းသူများအတွက်မူ အခြားဇာတ်လမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် ကျန့်ဖန်နှင့် အခြားသူများမှာမူ အစပိုင်းတွင် ပို၍ခက်ခဲခဲ့၏။
ယခင်က တိမ်ဖြူဂိုဏ်းသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အဆင့်ရှိ ဂိုဏ်းငယ်လေးတစ်ခုမျှသာဖြစ်ပြီး ကျန့်ဖန်၏ အမြင့်ဆုံး အရည်အချင်းမှာလည်း စစ်ဆေးမှု ဝိညာဉ်ခန္ဓာကိုယ်မျှသာ ဖြစ်သည်။
သူတို့၏ အရည်အချင်းနှင့် နောက်ခံအခြေအနေများအရ မမျှော်လင့်ထားသော ကံကောင်းမှုများမရှိပါက ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ရောက်ရှိခြင်းသည်ပင် ကြီးမားသော ကံကောင်းမှုတစ်ခုဖြစ်ပေလိမ့်မည်။ ယခုအခါ သူတို့၏ မွေးရာပါ အရည်အသွေးများက အင်မော်တယ်ခန္ဓာကိုယ်များအဖြစ် ပြောင်းလဲသွားပြီး ကပ်ဘေးကိုပင် ဖြတ်ကျော်ပြီးဖြစ်သည်မှာ ပြောစရာမလိုတော့ပေ။
အမှန်တကယ်တွင် ယခု တိမ်ဖြူအင်မော်တယ်ဂိုဏ်း တစ်ခုလုံး၌ပင် ကပ်ဘေးဖြတ်ကျော်ခြင်း နယ်ပယ်မှ ကျင့်ကြံသူ အတော်များများ ရှိနေပြီး ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သော အကြီးအကဲမင်ပင်လျှင် ပြည့်စုံသော ကပ်ဘေးဖြတ်ကျော်ခြင်းသို့ နီးကပ်နေကာ တက်လှမ်းရန် မဝေးတော့ချေ။
ဤအရာအားလုံးသည် လုရီကြောင့်ပင် ဖြစ်ချေသည်။
ကျန့်ဖန်နှင့် အခြားသူများသည် လုရီ၏ ကျေးဇူးတရားကို သူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ မှတ်သားထားကြသည်။
လုရီက လက်လျှော့လိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး ဆိုလိုက်၏။
"ဒီစကားတွေကို ကျွန်တော် ကြားရတာ ရိုးနေပါပြီ။ ဒါပေမဲ့ အော့ထျန်း တက်လှမ်းသွားပြီဆိုတော့ ဒါက ဂုဏ်ပြုစရာ အကြောင်းရင်းတစ်ခု အမှန်ပါပဲ။ စုဝေးပွဲက ဘယ်တော့လဲ။ ကျွန်တော်တို့ အတူတူ သွားကြတာပေါ့"
အမှန်စင်စစ်၊ လုရီသည် ကျန့်ဖန်နှင့် အခြားသူများ၏ ကျေးဇူးတင်စိတ်ကို သဘာဝကျကျပင် နားလည်ပါသည်။
လူတစ်ယောက် တက်လှမ်းသွားလျှင် သူ၏နောက်လိုက်များကိုပါ အတူခေါ်ဆောင်သွားစမြဲဖြစ်ရာ သူကိုယ်တိုင် မသုံးနိုင်သော အရင်းအမြစ်များ ရှိနေသည့်အတွက် ပိုလျှံနေသည်များကို သူနှင့် နီးစပ်သူများအား ကူညီပေးခြင်းမှာ သဘာဝကျပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သာမန်လူ့ဘုံမှ ကျင့်ကြံသူတစ်ဦးကို တက်လှမ်းနိုင်ရန် ကူညီပေးရသည့် အရင်းအမြစ်များသည် သူတစ်နေ့တာ ကျင့်ကြံရာတွင် သုံးစွဲသည့် ပမာဏပင် မရှိသောကြောင့် သူ့အတွက် တကယ်ပင် အရေးပါသော ကိစ္စမဟုတ်ပေ။
ထို့အပြင် ထျန်းမင်ကြယ်ပေါ်ရှိ ကျိုယိုချီလမ်းကြောင်းကြောင့် လုရီသည် နောင်တစ်ချိန်တွင် ထျန်းမင်၏ ကျိုယိုချီလမ်းကြောင်း ဖွင့်လှစ်လာသည့်အခါအတွက် ပြင်ဆင်ရန် အင်အားကြီး ပုဂ္ဂိုလ်များကို လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားပြီးသားဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လူများကို လေ့ကျင့်ပေးရမည်ဖြစ်ရာ သူစိမ်းများထက် သူနှင့်နီးစပ်သူများကို လေ့ကျင့်ပေးခြင်းက သေချာပေါက် ပိုကောင်းပေသည်။
ကျန့်ဖန်က ပြုံး၍ "အချိန်က တစ်လအတွင်းမှာပါ။ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက နောက်ထပ် အင်မော်တယ်တစ်ပါး ထုတ်ပေးနိုင်ခဲ့တော့ ဘိုးဘေးလုံယွမ်နဲ့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေတစ်ခုလုံး တော်တော်လေး စိတ်လှုပ်ရှားနေကြတယ်။ သူတို့က တာအိုရောင်းရင်းတွေကို ဖိတ်ကြားထားပြီး တော်တော်ကြီးကျယ်တဲ့ ပွဲတစ်ပွဲ ဖြစ်မယ်လို့ ဆိုတယ်" ဟု ပြောပြလာသည်။
"ဟေး၊ ဂျူနီယာ ညီလေးလုသာ သွားမယ်ဆိုရင်တော့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက တကယ် မျက်နှာပန်းလှပြီပဲ" ဟု ပိုင်ယွီလုံက ရယ်ကျဲကျဲဖြင့် ဆိုလာ၏။
မည်သို့ပင်ဆိုစေကာမူ လုရီ၏ အဆင့်အတန်းသည် အလွန်အမင်း မြင့်မားလှသည်။ သူသာ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသို့ ကိုယ်တိုင်သွားရောက်ပြီး ကောင်းကင်နဂါး သူတော်စင်သားတော်၏ တက်လှမ်းခြင်း အခမ်းအနားကို တက်ရောက်မည်ဆိုလျှင် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေအတွက် အမှန်ပင် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေလိမ့်မည်။
ကျန့်ဖန်ကလည်း ပြုံး၍ ဝင်ပြောလာသည်။
“” အော့ထျန်းကလည်း ပြောပါတယ်၊ ဂျူနီယာ ညီလေးလုရီသာ အားရင် အချိန်မရွေး ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်တဲ့။ မိတ်ဆွေတချို့စုပြီး ထိုးထွင်းအမြင်တွေ ဖလှယ်၊ လက်ဖက်ရည်လေးသောက်ကြရင် တော်တော်လေး ကောင်းမွန်မှာပဲတဲ့"
လုရီက ခဏစဉ်းစားပြီးနောက် ပြုံး၍
"ဒါဆို ကျွန်တော် ရက်အနည်းငယ်အတွင်း လာခဲ့ပါ့မယ်" ဟု ပြန်ပြောလိုက်လေသည်။
ကျန့်ဖန်နှင့် အခြားသူများလည်း ခေါင်းညိတ်ကာ နောက်ထပ် ဘာမှ မပြောတော့ပေ။
"ဒါဆိုရင်တော့ ငါတို့တွေ အရင်သွားနှင့်ပါဦးမယ်" ကျန့်ဖန်က ပြုံးလျက် ဆိုသည်။
ထို့နောက် ထိုသုံးယောက်သည် နှုတ်ဆက်ကာ လင်းလောင်တောင်ထိပ်မှ ထွက်ခွာသွားကြသည်။
လုရီသည် သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင်း ခဏစဉ်းစားပြီးနောက် လျိုနင်ရွှမ်း၏ ဥမင်ဂူစံအိမ်ဘက်သို့ ဦးတည်၍ "စီနီယာအစ်မ" ဟု ခေါ်လိုက်သည်။
လျိုနင်ရွှမ်း၏ ဥမင်ဂူစံအိမ်သည် လျင်မြန်စွာ ပွင့်လာပြီး ကြည်လင်အေးစက်ကာ လွန်စွာလှပသော မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင်သန်းနေသည့် လျိုနင်ရွှမ်း ပေါ်ထွက်လာကာ "ဂျူနီယာမောင်လေး၊ ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်၏။
" အော့ထျန်းက အခုလေးတင် တက်လှမ်းသွားပြီး တက်လှမ်းခြင်း အခမ်းအနား ကျင်းပနေတယ်။ ကျွန်တော်တို့ကို တက်ရောက်ဖို့ ဖိတ်ထားတယ်၊ ခင်ဗျား သွားချင်လား"
လျိုနင်ရွှမ်းသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ခေါင်းခါလျက်
မသွားတေ
“ငါ မသွားတော့ဘူး။ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို အခုလေးတင် အဆင့်ချိုးဖြတ်ထားတော့ ထိုးထွင်းအမြင်အသစ်တွေ အများကြီးရထားလို့ တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေတယ်"
လုရီက အနည်းငယ်ခေါင်းညိတ်ကာ အတင်းအကြပ်မပြောတော့ဘဲ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြုံးကာ
"စကားမစပ်၊ ခင်ဗျားလည်း အဆင့်ချိုးဖြတ်ပြီးပြီဆိုတော့ ခင်ဗျားအတွက် ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးရမလား" ဟု မေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ လျိုနင်ရွှမ်းသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူမအတွက် ဂုဏ်ပြုပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သူ မကြားမိခဲ့ပေ။
တကယ်တော့ ဂုဏ်ပြုပွဲတစ်ခု ကျင်းပခဲ့ပါသည်။
သုန်းကုန်းမင်ယွဲ့နှင့် ကျန်းရူယွီတို့သည် လုရီအား အရသာရှိသော အင်မော်တယ် စားဖွယ်စုံများကို ချက်ပြုတ်ပေးရန် အပြင်းအထန် တောင်းဆိုခဲ့ကြသည်။
လင်းလောင်တောင်ထိပ် သခင်မ၊ ယွီယွမ်ဝူနှင့် တိမ်ဖြူအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲအချို့နှင့်အတူ မိသားစုညစာစားပွဲနှင့်တူသော စုဝေးပွဲတစ်ခုကို ခမ်းနားမှုမရှိဘဲ ကျင်းပခဲ့ကြသည်။
စုဝေးပွဲအပြီးတွင် လုရီသည် ထိုလေးယောက်အတွက် သီးသန့် ချက်ပြုတ်ပေးခဲ့ရာ ထူးခြားသော ဂုဏ်ပြုပွဲတစ်ခု ထပ်မံဖြစ်ခဲ့ လေသည်။
လုရီက ခဏစဉ်းစားပြီး စီနီယာအစ်မကလည်း ခမ်းနားသော ဂုဏ်ပြုပွဲတစ်ခု လိုချင်လိုချင်ငြား မေးကြည့်သင့်သည်ဟု ထင်လိုက်သည်။
လျိုနင်ရွှမ်းက ခေါင်းခါကာ ညင်သာစွာ ရယ်မောလျက်..
"ဂုဏ်ပြုစရာ ဘာရှိလို့လဲ" ဟု ဆို၏။
စကားပြောရင်း သူမသည် လုရီကို ကြည့်လိုက်ရာ သူမ၏ အေးစက်သော မျက်ဝန်းများထဲတွင် နက်ရှိုင်းသော ခံစားချက် အရိပ်အယောင်တစ်ခု ကိန်းအောင်းနေပြီး
ပြောလာလေသည်။
"နင့်ဘေးမှာ ဒီလောက်ကြာကြာ နေလာခဲ့ရတာ၊ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ရောက်တာက ဂုဏ်ပြုထိုက်တဲ့ အရာတစ်ခုလို့ မခံစားရတော့ဘူး"
"ကောင်းပြီလေ၊ ဒါဆိုလည်း…"
"ဂျူနီယာမောင်လေးမှာ တခြားကိစ္စမရှိရင် ငါ တံခါးပိတ်ကျင့်ကြံဖို့ အရင်သွားတော့မယ်" သူမက ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် ဂျူနီယာညီမလေးတို့ကို သွားမေးလိုက်ဦးမယ်" ဟု သူက တုံ့ပြန်လိုက်သည်။
လုရီနှင့် လျိုနင်ရွှမ်းတို့ နှုတ်ဆက်ပြီးနောက် သူသည် သုန်းကုန်းမင်ယွဲ့နှင့် အခြားသူများကို သွားရှာခဲ့သည်။
သို့သော် သူမတို့အားလုံး သွားရန် အစီအစဉ် မရှိကြပုံပင်။
သူမတို့အားလုံးသည် မကြာသေးမီက အစစ်အမှန် အင်မော်တယ်အဆင့်သို့ အဆင့်ချိုးဖြတ်ခဲ့ကြပြီး တံခါးပိတ်ကျင့်ကြံရန် လိုအပ်နေကြသည်။ ဝမ်းနည်းစွာပင် လုရီသည် နောက်ဆုံးတွင် တစ်ယောက်တည်း သွားခဲ့ရသည်။
သူ၏ ဆရာမှာမူ ပြောစရာ မလိုပေ။ သူမသည် သေချာပေါက် သွားချင်မည်မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် မကြာသေးမီက လုရီနှင့်အတူ အချိန်ဖြုန်းလေ့ရှိသော ယွီယွမ်ဝူသည် ကောင်းကင်နဂါး သူတော်စင်သားတော်နှင့် အခြားသူများကို သိကျွမ်းလာခဲ့သည်။
ကျင့်ကြံမှုအဆင့်နှင့် အဆင့်အတန်း နှစ်ခုစလုံးတွင် ကြီးမားသေ ာကွာဟမှုရှိသော်လည်း လုရီ၏ရှိနေမှုကြောင့် ယွီယွမ်ဝူ၏ သူတို့နှင့် ဆက်ဆံရေးမှာ အတော်လေးကောင်းမွန်ပြီး အချိန်ကြာလာသည်နှင့်အမျှ သူတို့ကြားတွင် ရင်းနှီးခင်မင်မှု တိုးပွားလာခဲ့သည်။
တက်လှမ်းခြင်း အခမ်းအနားကို တက်ရောက်ရမည်ဟု ကြားသောအခါ အချိန်အတော်ကြာ ကျင့်ကြံလာခဲ့ပြီး စိတ်ကျဉ်းကျပ်နေသော ယွီယွမ်ဝူသည် အတူသွားလိုကြောင်း ချက်ချင်း ကမ်းလှမ်းလာခဲ့သည်။
ထို့ကြောင့် နောက်ဆုံးတွင် လုရီနှင့် ယွီယွမ်ဝူတို့ နှစ်ဦးတည်းသာ အော့ထျန်း၏ အင်မော်တယ်တက်လှမ်းခြင်း အခမ်းအနားသို့ အတူတကွ သွားရောက်ခဲ့ကြလေသည်။