အင်မော်တယ်ဘုရင် နယ်ပယ်သို့ သော့ချက် (၂)...
Vol. 46 Ch. 690
တစ်လအကြာတွင် လုရီနှင့် ယွီယွမ်ဝူတို့သည် တိမ်ဖြူအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာပြီး ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသို့ ဦးတည်ခဲ့ကြသည်။
ယခုအခါ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသည်လည်း တိမ်ဖြူအင်မော်တယ်ဂိုဏ်းနှင့် အလွန်နီးကပ်သော ချင်းကျိုး၌ပင် တည်ရှိနေ၏။
အမှန်စင်စစ်၊ ထျန်းမင်ကြယ်သည် အင်မော်တယ်ကြယ်အဖြစ် ပြောင်းလဲသွားသည့်အချိန်မှစ၍ တိမ်ဖြူဂိုဏ်းအတွင်းရှိ အင်မော်တယ်သစ်ပင်များနှင့် အခြားသော အင်မော်တယ်ရတနာအမျိုးမျိုးတို့ တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီး ချင်းကျိုးရှိ ဝိညာဉ်စွမ်းအင် ပါဝင်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ထျန်းမင်ဒေသတစ်ခုလုံးရှိ အဓိက အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအားလုံးသည် ချင်းကျိုးသို့ ပြောင်းရွှေ့လာခဲ့ကြသည်။
လုရီနှင့် ယွီယွမ်ဝူတို့သည် အေးအေးလူလူ ပျံသန်းနေကြသော်လည်း ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ တည်ရှိရာ ဒေသသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ ဧရိယာသည် ကြီးမားလှသော ရှေးဟောင်းမြို့တော်ကြီး
တစ်ခု ဖြစ်ပါသည်။ ထိုမြို့အတွင်း၌ နဂါးချီ စီးကြောင်းများ စီးဆင်းနေကာ ရှေးဟောင်းမြို့တော်ကို ဝန်းရံထားသော အစစ်အမှန် နဂါး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲနေသည်။
အခါအားလျော်စွာ မြို့အတွင်းမှ နဂါးဟိန်းသံကို သဲ့သဲ့လေး ကြားနေရ၏။
ဤသည်မှာ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ တည်ဆောက်ခဲ့သော ဂိုဏ်းဌာနချုပ်အသစ် ဖြစ်သည်။
ဤတစ်ကြိမ် ကောင်းကင်နဂါး သူတော်စင်သားတော်၏ တက်လှမ်းခြင်းသည် အရေးကြီးသော အဖြစ်အပျက်တစ်ခု ဖြစ်၏။ ကျင့်ကြံသူအများအပြားသည် အချို့က လှေပျံများစီး၍၊ အချို့က လက်နက်ပျံများကို မောင်းနှင်၍၊ အချို့က သားရဲများကို ယဉ်ပါးစေကာ ကောင်းကင်နဂါးမြို့တော်သို့ ရောက်ရှိလာကြသည်။
ကောင်းကင်နဂါးမြို့တော်၏ ဂိတ်ဝနှင့် ကောင်းကင်ယံတွင် ရောက်ရှိလာသော ကျင့်ကြံသူအများအပြားကို လက်ခံကြိုဆိုနေသည့် ကျင့်ကြံသူ အတော်များများ ပျံဝဲနေကြသည်။
ထိုသူများအားလုံးသည် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ ဥပဒေစိုးမိုးရေးမှူးများ ဖြစ်ကြ၏။ သူတို့၏ အစွမ်းသည်လည်း မြင့်မြတ်နယ်မြေအတွင်း၌ အားကောင်းသည်ဟု သတ်မှတ်နိုင်ပြီး
ဆုံးသူမျ
သူတို့ထဲမှ အားအနည်းဆုံးသူများမှာ ဟင်းလင်းပြင်ဥမင် နယ်ပယ်အဆင့်တွင် ရှိကြကာ အဖွဲ့တစ်ဖွဲ့ချင်းစီကို ပေါင်းစည်းခြင်းနယ်ပယ်အဆင့်မှ စွမ်းအားရှင်တစ်ဦးက ဦးဆောင် လေသည်။
လုရီနှင့် ယွီယွမ်ဝူတို့ ချဉ်းကပ်လာစဉ် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့သည် ထိုလူနှစ်ယောက်ကို သတိပြုမိသွား၏။
လုရီဖြစ်ကြောင်း မှတ်မိသွားသည်နှင့် ဦးဆောင်လာသော စွမ်းအားရှင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူသည် ဥပဒေစိုးမိုးရေးမှူးများနှင့်အတူ လေးစားစွာ အလျင်အမြန် ချဉ်းကပ်လာကာ…
"သခင်လေးလု၊ သခင်လေးယွီ၊ နှစ်ယောက်လုံး ကြွရောက်လာကြပြီလား" ဟု ပြာပြာသလဲ နှုတ်ဆက်လာခဲ့၏။
လုရီနှင့် ယွီယွမ်ဝူတို့သည် ကောင်းကင်နဂါး သူတော်စင်သားတော်ကဲ့သို့သော သူများနှင့် မကြာခဏ စုဝေးလေ့ရှိပြီး တစ်ခါတစ်ရံ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၌ တွေ့ဆုံကြသောကြောင့် ဥပဒေစိုးမိုးရေးမှူးများသည်လည်း လုရီကို သဘာဝကျကျ မှတ်မိနေကြပါသည်။
လုရီက အနည်းငယ်ပြုံး၍
“ညီအစ်ကိုအော့ထျန်းက တက်လှမ်းခြင်း အခမ်းအနား ကျင်းပတာပဲ၊ ကျွန်တော် မလာဘဲ နေလို့ဖြစ်မလား" ဟု တုံ့ပြန်လိုက်သည်။
စွမ်းအားရှင်က လေးစားစွာဖြင့် အလျင်အမြန် တုံ့ပြန်လာသည်မှာ…
"သခင်လေးလု.. အထဲကို ကြွပါခင်ဗျာ။ သူတော်စင်သားတော်က မြို့ထဲမှာ ရှိပါတယ်။ သူသာ သခင်လေးကို မြင်ရင် သေချာပေါက် အရမ်းပျော်သွားမှာပါ"
လုရီက ခေါင်းညိတ်ပြီး ယွီယွမ်ဝူနှင့်အတူ မြို့အတွင်းရှိ ကောင်းကင်နဂါး သူတော်စင်သားတော်၏ နန်းတော်ဆီသို့ ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် စွမ်းအားရှင်သည် ကျယ်လောင်စွာ ကြေညာလိုက်၏။
"သခင်လေးလုနှင့် သခင်လေးယွီတို့အား တက်လှမ်းခြင်း အခမ်းအနားသို့ တက်ရောက်ရန် ကောင်းကင်နဂါးမြို့တော်သို့ ကြိုဆိုပါတယ်!"
ထိုအသံကို ကြားသောအခါ တက်လှမ်းခြင်း အခမ်းအနားအတွက် လာရောက်ကြသော အခြားကျင့်ကြံသူအားလုံး၏ မျက်ဆံများ ကျဉ်းမြောင်းသွားပြီး လုရီနှင့် ယွီယွမ်ဝူတို့၏ ဦးတည်ရာသို့ ကြည့်ကာ တီးတိုးစကားဆိုကြတော့သည်။
"အင်မော်တယ်လုပါ ရောက်လာလိမ့်မယ်လို့ ထင်မထားဘူးပဲ။"
"သူက ကောင်းကင်နဂါး သူတော်စင်သားတော်နဲ့ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ကြားတယ်၊ ဒါကြောင့် သူရောက်လာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။"
"သူ့ဘေးက တစ်ယောက်က ယွီမိသားစုက အကြီးအကဲ မဟုတ်လား။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ချီးကျူးစရာပဲ၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက တကယ်ကို ခမ်းနားထည်ဝါတာပဲ။ သူတော်စင်သားတော် တက်လှမ်းသွားပြီး ဒီနာမည်ကြီး နှစ်ယောက်ကိုပါ ဂုဏ်ပြုဖို့ တက်ရောက်စေနိုင်ခဲ့တယ်… တကယ်ပဲ ကြီးကျယ်ခမ်းနားပါပေတယ်။"
ကျင့်ကြံသူများစွာသည် အလွန်အမင်း မနာလို ဖြစ်နေကြသည်။
"ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ။ ကောင်းကင်နဂါး သူတော်စင်သားတော် ဒီလောက်မြန်မြန် တက်လှမ်းနိုင်ခဲ့တာ သူ့ကျေးဇူးကြောင့်ချည်းပဲလို့ ကြားတယ်!"
"ဒါကို လူတိုင်းသိတာပဲ။ ဒါပေမဲ့ ငါတို့က အခု ကောင်းကင်နဂါးမြို့တော်ထဲမှာ ရောက်နေတာ၊ အဲဒီလို မှတ်ချက်တွေကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားတာ ပိုကောင်းလိမ့်မယ်။"
"အာ… လူတိုင်းက မွေးဖွားလာတာ တန်းတူမှ မဟုတ်တာပဲနော်။ သူနဲ့သိကျွမ်းခွင့်ရတာကတော့ ကောင်းကင်ဘုံကို တက်လှမ်းခွင့်ရသလိုပါပဲကွာ။"
"..."
မနာလိုမှုနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော ကြွေးကြော်သံများကြားတွင် လုရီနှင့် ယွီယွမ်ဝူတို့သည် အထဲသို့ ဝင်ရောက်သွားခဲ့ကြပြီး ဖြစ်လေသည်။
…
ကောင်းကင်နဂါး သူတော်စင်သားတော်၏ နန်းတော်ကို ‘’အော့ထျန်းခန်းမ’ဟု အမည်ပေးထား၏။
ဟုတ်သည်၊ လုံအော့ထျန်း ကိုယ်တိုင်၏ အမည်ဖြင့် ပေးထားခြင်းဖြစ်သည်။
လုရီခမျာ ဤနန်းတော်၏ အမည်ကို မြင်တိုင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။
ထိုအခိုက်အတန့်တွင် အော့ထျန်းခန်းမအတွင်း၌ ရှားပါးပြီး ထူးခြားဆန်းပြားသော အပင်များဖြင့် ပြည့်နှက်နေသည့် ဥယျာဉ်တစ်ခုအတွင်းတွင် ကောင်းကင်နဂါး သူတော်စင်သားတော်၊ ထိုက်ယီ သူတော်စင်သားတော်၊ လေ့ယင်သူတော်စင် သမီးတော်၊ ဖုန်းပုမင်နှင့် လုရီနှင့် မျိုးဆက်တူ ထျန်းမင်ကြယ်မှ အခြားသော ထူးချွန်ပုဂ္ဂိုလ်များအားလုံး ရှိနေကြသည်။
လူများသည် သောက်စားရင်း စကားစမြည် ပြောဆိုနေကြ၏။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် ဆက်ဆံရေးကောင်းများ ရှိကြပြီး ကောင်းကင်နဂါး သူတော်စင်သားတော် တက်လှမ်းခြင်းမတိုင်မီကပင် ဤနေရာသို့ ရောက်ရှိနေခဲ့ကြသည်။
လက်ရှိ ကောင်းကင်နဂါး သူတော်စင်သားတော်သည် တက်ကြွလန်းဆန်းနေပြီး သူ၏ မောက်မာသော မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေကာ သူ၏ တာအိုရောင်းရင်းများကို မကြာခဏပင် အရက်ခွက်မြှောက်၍…ပြောလိုက်လေ၏။
"ဟား ဟား ဟား၊ အားလုံးပဲ ပျော်ပျော်ပါးပါး သောက်စားကြပါ။ကျုပ်က တစ်လှမ်းသာပြီး တက်လှမ်းသွားနိုင်ခဲ့တာ ကံကောင်းလို့ပါ၊ တကယ်ကို ရှက်စရာကောင်းပါတယ်။"
ထိုအခါ ထိုက်ယီ သူတော်စင်သားတော်က အေးစက်စွာ နှာမှုတ်ရင်း သူ၏အရက်ကို တိတ်ဆိတ်စွာ သောက်နေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်က ကျယ်လောင်စွာ ရယ်မောလျက်…
"အိုး… တစ်ယောက်ယောက်ကတော့ မကျေနပ်ဘူးထင်ပါရဲ့။ ဘာလဲ… ငါ တက်လှမ်းသွားတာက မင်းကို ကွာဟချက်ကို ခံစားမိစေလို့လား။"
ထိုက်ယီ သူတော်စင်သားတော်က ဟားတိုက်လိုက်ပြီး
"လုံအော့ထျန်း၊ မောက်မာစရာ ဘာရှိလို့လဲ။ မင်းက ငါ့ထက် တစ်လှမ်းစောပြီး တက်လှမ်းသွားတာပဲ ရှိတာ။ ငါလည်း မကြာခင် တက်လှမ်းတော့မှာပဲ။ မင်းသာ ဒီတက်လှမ်းခြင်း အခမ်းအနားကို မကျင်းပရင် ငါ အခုလောက်ဆို တက်လှမ်းပြီးလောက်ပြီ။"
"မဖြစ်နိုင်တာတွေ ပြောမနေနဲ့"
ကောင်းကင်နဂါး သူတော်စင်သားတော်က ထိုက်ယီ သူတော်စင်သားတော်ကို မဲ့ပြုံးဖြင့် ကြည့်လိုက်သည်။
"မင်း!"
ထိုက်ယီ သူတော်စင်သားတော်၏ မျက်နှာသည် အေးစက်သွားပြီး သူ၏ အရှိန်အဝါများ လှိုင်းထသွားသည်။
"ဟဲဟဲ၊ လင်ကျိုးယွဲ့၊ မင်း ငါ့ကို စိန်ခေါ်ချင်နေတာတော့ မဟုတ်ပါဘူးနော်။ ငါ့လက်တစ်ဖက်ကို နောက်ပစ်ချည်ထားပေးရမလား ဟမ်။"
ကောင်းကင်နဂါး သူတော်စင်သားတော်က အပြုံးအပြည့်ဖြင့် ဆို၏။
တက်လှမ်းပြီးနောက်နှင့် မတိုင်မီသည် လုံးဝ ကွဲပြားခြားနားသော အခြေအနေများ ဖြစ်သည်။
လင်ကျိုယွဲ့၏ လက်ရှိအခြေအနေအရ သူလည်း မကြာမီ တက်လှမ်းနိုင်လိမ့်မည်ကို ကောင်းကင်နဂါး သူတော်စင်သားတော် ကောင်းကောင်းသိလေသည်။
သို့သော်ငြားလည်း သူ မတက်လှမ်းမီလေးတွင် သူ့ကို အနည်းငယ် စမ်းသပ်ကြည့်လျှင် ဘာများထိခိုက်နိုင်မည်နည်း။
ထိုနှစ်ယောက် အငြင်းပွားနေစဉ် အခြားသူများသည် သူတို့၏ အစားအသောက်များကို ဆက်လက်စားသုံးနေကြပြီး ဤအဖြစ်အပျက်ကို အသားကျနေကြပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုနှစ်ယောက်သည် အမြဲတမ်း ဤသို့ပင်ဖြစ်ပြီး လုရီရှိနေမှသာ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေတတ်ကြသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူသည် မတ်တပ်ထရပ်လိုက်သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်နှာပေါ်မှ အပြုံးကို သတိပြုမိသော လေ့ယင်သူတော်စင် သမီးတော် လေ့ထျန်းယင်သည် မျက်ခုံးပင့်လျက် "အစ်ကိုလုံ၊ ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ဟား ဟား ဟား၊ အစ်ကိုလု ရောက်လာပြီ၊ ငါ သွားကြိုလိုက်ဦးမယ်!"
ကောင်းကင်နဂါး သူတော်စင်သားတော်သည် တံခါးဆီသို့ လျှောက်သွားရင်း ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ အခြားသူများလည်း မျက်နှာများ လင်းလက်သွားပြီး မတ်တပ်ထကာ တံခါးဆီသို့ ဦးတည်သွားကြသည်။
လူတိုင်းသည် အော့ထျန်းခန်းမ၏ ဝင်ပေါက်တွင် နေရာယူလိုက်ကြ၏။ ကောင်းကင်နဂါး၊ လေ့ယင်၊ ထိုက်ယီနှင့် အခြားသော အဓိက အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ လုရီကို တစ်ခါမျှ မမြင်ဖူးသော လူငယ်ကျင့်ကြံသူများအားလုံးသည် သိသိသာသာ စိတ်လှုပ်ရှားနေကြ ပေသည်။