← Chapters

နှင်ထုတ်ခံရခြင်း

Vol. 149 Ch. 2116

နှင်ထုတ်ခံရခြင်း

Vol. 149 Ch. 2116

ရီဖူရှင်းက လေးမျက်နှာကျေးရွာအတွက် ကိစ္စရပ်များစွာ လုပ်ပေးခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ သူက ရှောင်လင်း နိုးထလာပြီး နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်ရန် ကူညီပေးခဲ့သည်။

ထို့နောက်တွင် သူက ရွာမှ လူငယ်လေးများကို ရှေးဟောင်းသစ်ပင်အောက်သို့ ခေါ်ဆောင်လာကာ ကျင့်ကြံခြင်းခရီးစဥ်ကို စတင်စေခဲ့သည်။ ဖန်းချွင့်နှင့် သော်ယွီသည်လည်း နှစ်ယောက်လုံး နိုးထကာ နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်ခဲ့သည်။

ထိုနတ်ဘုရားနည်းစနစ်သုံးခုမှာ ရီဖူရှင်းကြောင့် ထွက်ပေါ်လာသည်ဟု ပြောနိုင်သည်။ ထို့ကြောင့် ရီဖူရှင်းက လေးမျက်နှာကျေးရွာအတွက် အကူအညီပေးခဲ့သည်ဟု ဆုံးဖြတ်နိုင်ပေသည်။

ထိုသို့ဆိုသော်လည်း ရီဖူရှင်းက လေးမျက်နှာကျေးရွာ၏ ရွာသားတစ်ယောက် မဟုတ်ပေ။ သူက ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားသည့် အပြင်လူတစ်ယောက် ဖြစ်ပေသည်။

ရွာအတွင်းမှ လူအများသည် ရီဖူရှင်းက လေးမျက်နှာကျေးရွာ၏ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။ မုယွင်မိသားစု၏ ရီဖူရှင်းအား ထုတ်ပယ်ရန် အဆိုပြုချက်က လက်သင့်ခံနိုင်လောက်သော အကြောင်းရင်း မရှိပေ။ သူတို့သည် သူ့ဆီမှ အကျိုးအမြတ်ရပြီးနောက် ထပ်လိုအပ်ခြင်းမရှိတော့ဘဲ ကန်ထုတ်ရန် စိတ်အားထက်သန်နေပုံရလေသည်။ သို့ဆိုလျှင်ပင် ရီဖူရှင်းအား ရွာခေါင်းဆောင် လုပ်စေလိုသည့် အကြံပြုချက်က ရွာသားများအတွက် အဆင်မပြေလှပေ။

အဘိုးမာ၏ အကြံပြုချက်က စတင်၍ ဆူညံမှုများ ဖြစ်ပေါ်လာစေသည်။ လူအများစုက လက်မခံနိုင်ကြပေ။ ရီဖူရှင်းက ရွာအတွင်း၌ ကျော်ကြားမှုအချို့ရှိကာ လေးစားမှုရရှိထားသော်လည်း ရွာခေါင်းဆောင်ဖြစ်ရန် မလုံလောက်ပေ။

ရွာခေါင်းဆောင်က ရွာတစ်ခွင်လုံးတွင် အာဏာရှိသူဖြစ်သည်။ သိသာစွာပင် ရီဖူရှင်း၏ တန်ဖိုးက လုံလောက်ခြင်း မရှိသေးပေ။

ရီဖူရှင်းက ရွာအတွင်း၌ မွေးဖွားလာပြီး ရွာတွင် ကြီးပြင်းလာလျှင် လူအများသည် ထိုအကြံကို သဘောတူကြပေလိမ့်မည်။ သို့သော်လည်း သူက အပြင်လူတစ်ယောက် ဖြစ်သည်။

မုယွင်လန်က အတ္တကြီးသူဖြစ်ပြီး ရီဖူရှင်းက ရွာမှ လူမဟုတ်ပေ။ အချို့လူများက သူတို့၏ အားသာချက်များအား ပေါင်းစပ်၍ မရနိုင်သည့်အတွက် နှမြောသလို ခံစားရပေသည်။ ပြီးပြည့်စုံသော ရွေးချယ်မှုဟူ၍ မရှိချေ။

"အဘိုးမာ.. ခင်ဗျား နောက်နေတာလား။" မုယွင်လုံက မကျေမနပ်အသံနှင့် ပြောလိုက်သည်။ "ရီဖူရှင်းက ရှောင်လင်း စွမ်းရည် နိုးထလာဖို့ သူ့ရဲ့ ကောင်းမွန်တဲ့ ကံကြမ္မာတွေကို အသုံးပြုပြီး ကူညီပေးခဲ့တာ ရွာထဲက လူတိုင်း သိကြတယ်။ ခင်ဗျားက ကိုယ်ပိုင် ကျေးဇူးကြွေးကို ဒီနည်းလမ်းနဲ့ ပြန်ဆပ်ဖို့ လုပ်နေတာလား။ အဲဒါကြောင့်နဲ့ လေးမျက်နှာကျေးရွာ တစ်ခုလုံးကို လက်လွှဲပေးတော့မလို့လား။ ခင်ဗျားက တကယ် တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်မရှိဘူးပေါ့။ အံ့သြစရာပဲ။"

"ရီဖူရှင်းရဲ့ အကူအညီကို ရခဲ့တာ ရှောင်လင်းတစ်ယောက်တည်း မဟုတ်ဘူး။ စတင်ကျင့်ကြံနိုင်တဲ့ ရွာသားတွေ အကုန်လုံးက သူ့ကို ကျေးဇူးတင်ရမှာပဲ။ တစ်စုံတစ်ယောက် စွမ်းအင် နိုးထလာပြီး နတ်ဘုရားနည်းစနစ်ကို ဆက်ခံရမှာကနေ တားဆီးဖို့ ကြိုးစားခဲ့တဲ့ မုယွင်မိသားစုခေါင်းဆောင်နဲ့တော့ ဘယ်သူမှ မယှဥ်နိုင်ပါဘူး။ တကယ့်ကို လေးစားစရာပါပဲ။" အဘိုးမာက ပြန်လည် သရော်လိုက်သည်။ "ဆရာရီကို ရွာခေါင်းဆောင် ခန့်အပ်ဖို့က ကျုပ်ရဲ့ အကြံပြုချက်ပါ။ ရှောင်လင်းနဲ့ ကျုပ်က သေချာပေါက် ထောက်ခံတယ်။ မုယွင်မိသားစုက သဘောမတူဘူးဆိုတော့ ကျန်တဲ့ မိသားစုငါးခုကရော ဘယ်လိုလဲ။"

"ကျုပ် အဘိုးမာကို သဘောတူတယ်။" မျက်မမြင်ထျယ်က ချက်ချင်း သဘောတူလိုက်သည်။ သူနှင့် အဘိုးမာက တစ်သဘောတည်း ဖြစ်လေသည်။

"နေစမ်းပါဦး..." မုယွင်လုံက မဲပေးခြင်း လုပ်ငန်းစဥ်ကို နှောက်ယှက်လိုက်သည်။ "ခင်ဗျားတို့မှာ အစီအစဥ်ကောင်း ရှိတယ်လို့ပဲ ပြောရမှာပဲ။ ဆက်ခံသူလေးယောက်က ရီဖူရှင်းကို သူတို့ဆရာအဖြစ် အသိအမှတ် ပြုတာနဲ့ သူ့ကို ထိပ်ဆုံး တွန်းပို့လိုက်တာပဲ။ ပြီးတော့ ခင်ဗျားတို့ အတူတူ လေးမျက်နှာကျေးရွာရဲ့ အနာဂတ်ကို ဦးဆောင်ကြလိမ့်မယ်။ ဘယ်လောက် ပါးနပ်တဲ့ အစီအစဥ်လဲ။ သာမန်လူတွေက သာမန်ကိစ္စတွေနဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေကို ဆုံးဖြတ်နိုင်တယ်လို့ ကျုပ် ထင်တယ်။ ဒါပေမယ့် ရွာခေါင်းဆောင်လို ရွေးချယ်ရမယ့် အဓိက ပြဿနာတွေကျတော့ အနည်းဆုံး မိသားစုခြောက်ခုနဲ့ ရွာသားရှစ်ဆယ်ရာခိုင်နှုန်းက မဲပေး ဆုံးဖြတ်သင့်တယ်လို့ ထင်တယ်။"

နတ်ဘုရားနည်းစနစ်ခုနစ်ပါး၏ ဆက်ခံသူ ခုနစ်ယောက် ထွက်ပေါ်လာသည့်အခါ သူတို့က ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်သည်ဟု ဆရာသခင်က ပြောခဲ့သည်။ သို့သော် သူက သာမန်လူများ စည်းမျဥ်းချမှတ်ရန် လုံလောက်ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။ သို့ဆိုလျှင်ပင် လူတိုင်းက ဆရာသခင်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနေခဲ့ကြပေသည်။

ယခု မုယွင်လုံက အဘိုးမာနှင့် အခြားလူများ စုပေါင်းကာ သူ့ကို ဆန့်ကျင်ရန် ခက်ခဲအောင် တမင်သက်သက် မတူညီစွာ အဓိပ္ပါယ်ကောက်ခဲ့ခြင်း ဖြစ်သည်။

"မုယွင်မိသားစုခေါင်းဆောင်က လူတွေကို ဖယ်ထုတ်ချင်တဲ့အခါ အတော်လေး ဉဏ်ကောင်းတာပဲ။ အခု သူက အစီအစဥ် ဖြစ်မြောက်ဖို့အတွက် တွေဝေခြင်းမရှိဘဲ ဘက်ပြောင်းသွားတယ်။ ဘယ်လောက် အထင်ကြီးစရာကောင်းလိုက်သလဲ။" အဘိုးမာက မရပ်မနား သရော်နေသည်။ "မင်းပြောသလိုလုပ်မယ်ဆိုရင် ကျုပ်တို့ ဘာမှတောင် ဖြစ်မြောက်လာမှာ မဟုတ်ဘူး။ ဘယ်လိုဖြစ်ဖြစ် ကျုပ်ကတော့ ရွာခေါင်းဆောင်အဖြစ် ရီဖူရှင်းကို အသိအမှတ်ပြုမယ်။ တခြားလူတွေလည်း ဆန္ဒမဲပေးသင့်တယ်။"

"ဦးလေးမာ။" ထိုအချိန်၌ ရီဖူရှင်းက ရုတ်တရက် ပြောလိုက်သည်။ "ဦးလေးမာရဲ့ တန်ဖိုးထားမှုကို ကျေးဇူးတင်ပေမယ့် ကျုပ်က ဒီမှာ နေတာ အချိန်မကြာသေးတော့ လူတိုင်းရဲ့ ယုံကြည်လေးစားမှုကို ရဖို့ မလုံလောက်သေးဘူး။ ဒါကြောင့် ကျုပ်က ရွာခေါင်းဆောင်နေရာအတွက် မသင့်တော်ဘူး။ ဦးလေးမဟုတ်ရင် စီနီယာဖန်းတို့ထဲက တစ်ယောက်ယောက်ကို ရွေးချယ်တာ ပိုကောင်းလိမ့်မယ်။"

ရီဖူရှင်း၏ စကားလုံးများက ရွာသားများ ရင်ထဲ ထိသွားစေသည်။ ရီဖူရှင်းသည် မိသားစုလေးခု၏ ထောက်ခံမှုဖြင့် ရွာခေါင်းဆောင် ဖြစ်လာပါက အခြားရွာသားများအတွက် အနေရခက်သော အနေအထား ဖြစ်လာမည်ကို သေချာပေါက် သတိပြုမိပေသည်။

အဘိုးမာက ရီဖူရှင်း၏ စကားကို ကြားသောအခါ ငြင်းပယ်ခြင်းမပြုပေ။ သူက ပြောလိုက်၏။ "ဒီလိုဆိုရင် ရွာခေါင်းဆောင် ရွေးချယ်တဲ့ ကိစ္စကို ခဏ ဆိုင်းငံ့ထားတာပေါ့။ ဒါပေမယ့် ကျုပ်တို့ အခုဖြေရှင်းရမယ့် တခြားကိစ္စ ရှိသေးတယ်။"

သူက သာမန်အတိုင်း သီးခြားဆန်သော အသံနှင့် ပြောလိုက်သည်။ သူ၏ ခမ်းနားထည်ဝါသော အမူအရာမှာ သူ့အား ယခင်က အားနည်းချည့်နဲ့သည့် အဘိုးအိုနှင့် ကွဲပြားသွားစေသည်။ သူက လူအုပ်ကြီးကို ဝေ့ကြည့်ကာ မုယွင်မိသားစုပေါ်၌ သူ့မျက်လုံးများကို ရပ်လိုက်ပြီးနောက် ပြောလာသည်။ "ကျုပ်အနေနဲ့ မုယွင်မိသားစု လုပ်ခဲ့တာတွေကို ထပ်မပြောလိုတော့ဘူး။ ဒါပေမယ့် မုယွင်ရှု လုပ်ခဲ့တဲ့ အကြောင်းကိုတော့ ပြောရမယ်။ ကျုပ် လူငယ်လေးအပေါ် အရမ်း မကြမ်းတမ်းချင်ပေမယ့် သူ့ရဲ့ အဆိပ်ရှိတဲ့ ရည်ရွယ်ချက်တွေ သိုလှောင်ထားတယ်။ သူနဲ့ တစ်ရွာတည်းသားချင်းကိုတောင် အကြိမ်ကြိမ် ထိခိုက်အန္တရာယ်ပြုခဲ့ပြီး သတ်ဖြတ်ဖို့တောင် ကြိုးစားခဲ့တယ်။ ဥပမာအနေနဲ့ သူက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ သိသိချည်းနဲ့ ထျယ်ထိုရဲ့ နိုးထခြင်းမှာ တမင်သက်သက် နှောက်ယှက်ခဲ့တယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်မှာတောင် ဒီလောက်ထိ အဆိပ်ပြင်းနေတာ သူသာ အသက်ကြီးလာရင် ဘယ်လိုလူမျိုး ဖြစ်လာမလဲ မခန့်မှန်းတတ်ဘူး။ ဒါကြောင့် ရွာသားတွေလည်း သူ့ရဲ့ အနိုင်ကျင့်မှုကနေ ကာကွယ်ရအောင် မုယွင်ရှုကို ရွာကနေ မောင်းထုတ်ဖို့ အကြံပေးချင်တယ်။"

"အရူးအိုကြီး.. ခင်ဗျား ဘယ်လိုတောင် ရဲတင်းရတာလဲ..။" မုယွင်ရှုက ချက်ချင်း ရှေ့တက်လာကာ အော်ဟစ်လိုက်သည်။ ဤမောက်မာသော လူအိုကြီးက သူ့အား ရွာမှ ထုတ်ပယ်ရန်အဆိုပြုရဲပေသည်။ သူက ထိုသို့သော အစော်ကားခံရမှုကို မည်သည့်အခါကမှ ကြုံတွေ့ခဲ့ရဖူးခြင်း မရှိပေ။

မုယွင်လုံအပါအဝင် မုယွင်မိသားစုမှ တန်ခိုးရှင်များလည်း တုန်လှုပ်သွားခဲ့၏။

အဘိုးမာက သူ့သားကို ရွာမှ နှင်ထုတ်ချင်နေသည်။

"ခင်ဗျား ဘာပြောနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား။" မုယွင်လုံက တင်းမာခက်ထန်စွာ ပြောလိုက်သည်။ "နတ်ဘုရားနည်းစနစ်တစ်ခု ဆက်ခံခဲ့ရတဲ့ လူငယ်တစ်ယောက်ကို ရွာကနေ နှင်ထုတ်မှာလား။"

"မုယွင်ရှုကို ရွာကနေ နှင်ထုတ်ဖို့ ကျုပ် သဘောတူတယ်။" မျက်မမြင်ထျယ်က သူ့အမြင်ကို ဖော်ပြလာသည်။

"မုယွင်ရှုက စည်းကျော်ခဲ့တာ သေချာတယ်။ ကျုပ်လည်း သဘောတူတယ်။" ဖန်းကိုင့်ကလည်း ပြောလိုက်သည်။ မိသားစု သုံးခုက သဘောတူနေပြီ ဖြစ်၏။

"ကျွန်တော်လည်း သဘောတူတယ်။" သော်ယွီက ခပ်တိုးတိုး ပြောလိုက်သည်။ သူက ခေါင်းကို ငုံ့ကာ မုယွင်မိသားစုဘက်သို့ မကြည့်ရဲပေ။ သူက မုယွင်ရှုနှင့် အကြိမ်များစွာ မတွေ့ဖူးသော်လည်း သူက ခင်မင်စိတ်ဖြစ်ပေါ်ခြင်း မရှိပေ။ မုယွင်ရှုက သော်ယွီအား တိုက်ရိုက် အကြည့်တစ်ချက် ပေးလာလျှင်ပင် သူက ထိတ်လန့်တုန်လှုပ်စွာ အမြဲခံစားရပေသည်။

"မင်း ဘယ်လိုလုပ်ရဲရတာလဲ။" မုယွင်လုံက သူ့လက်ကို ထိုင်ခုံလက်ရမ်းပေါ် ဆောင့်ချလိုက်ပြီး လက်ရမ်းက အက်ကွဲလာပေသည်။ သူ့မျက်လုံးများတွင် ဒေါသနှင့် အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ ပြည့်နှက်လာသည်။

"မိသားစုလေးခုက သဘောတူပြီ။ ကျုပ်မှာ တခြားအကြံပြုချက်ရှိတယ်။ မုယွင်လုံက ရွာအကျိုးကို ဘယ်တော့မှ ထည့်မစဥ်းစားပေးတတ်ဘဲ  တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပဲ။ သူက ကျုပ်တို့ထက် နန်ဟိုင်မိသားစုရဲ့ ဘက်မှာ နေခဲ့တာ။ မုယွင်လုံက ကိုယ်စားပြုသူတစ်ယောက်အဖြစ် မထိုက်တန်ဘူးလို့ ထင်တယ်။ အဲဒါကြောင့် ကျုပ်က မုယွင်မိသားစုကို နေရာက ဖယ်ရှားပြီး နောက်ထပ်မိသားစုတစ်ခုနဲ့ အစားထိုးဖို့ အကြံပြုချင်တယ်။"

ရွာသားများသည် အဘိုးမာ၏ စကားလုံးများကြောင့် အံ့သြမှင်တက်သွားကြသည်။ သူက မုယွင်ရှုကို နှင်ထုတ်၍ မုယွင်လုံအား အစားထိုးရန် ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားစွာ အကြံပြုလိမ့်မည်ဟု မည်သူမှ တွေးမထားခဲ့ကြပေ။ အဘိုးမာ၏ ဆန္ဒအတိုင်း ဖြစ်လာခဲ့လျှင် မုယွင်မိသားစုက ရွာအတွင်း၌ သူတို့၏ ခြေကုပ်ကို ဆုံးရှုံးရပေလိမ့်မည်။

အဘိုးမာက အမြဲတမ်း နှိမ့်ချစွာ နေထိုင်ခဲ့သည်။ ရွာသားများသည် သူ့ထံမှ ထိုမျှ ရန်လိုနေမှုအား မမျှော်လင့်မိခဲ့ကြပေ။

သိသာစွာပင် သူက မုယွင်မိသားစု၏ လေးမျက်နှာကျေးရွာ၌ သြဇာလွှမ်းမိုးမှုအား ဖယ်ရှားရန် ကစားပွဲအစ၌ ကန်ထုတ်ပစ်ရန် လှုပ်ရှားလာပေသည်။

"သဘောတူတယ်။" ထျယ်ထိုနှင့် ဖန်းကိုင့်တို့က ချက်ချင်း သဘောတူလိုက်ကြသည်။

"သော်ယွီ မင်း စကားမပြောခင် ဂရုစိုက်ပြီးတွေး။" မုယွင်လုံက သော်ယွီအား ခြိမ်းခြောက်သည့် အသံနှင့် ပြောလိုက်သည်။

"စက်ဆုပ်စရာကောင်းလိုက်တာ။" မျက်မမြင်ထျယ်က ဆယ်ကျော်သက်လေးအား ခြိမ်းခြောက်ရန် ကြိုးစားသည့် မုယွင်လုံအား သရော်လိုက်သည်။

"ကျုပ်.. သဘောတူတယ်။" သော်ယွီက အောက်သို့ ငုံ့ကာ အားနည်းစွာ ပြန်ဖြေလိုက်သည်။ သူက သာမန်အချိန်များ၌ မုယွင်မိသားစုကို ဆန့်ကျင်ရန် မဝံ့ရဲခဲ့လျှင်ပင် ထိုလူများက ရီဖူရှင်း၏ ဆန့်ကျင်ဘက်တွင် ရှိနေကြောင်း သိသည်။ ထို့ကြောင့် သူက ယခု မည်သို့ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သေချာပေါက် သိရှိပေသည်။

မုယွင်လုံက သော်ယွီအား စိုက်ကြည့်ကာ စကားတစ်ခွန်း ပြောလာ၏။ "သိပ်ကောင်းတယ်။"

သူ၏ နေရာမှ ဖယ်ရှားရန် နတ်ဘုရားနည်းစနစ် ဆက်ခံသူခုနစ်ယောက်၌ လေးယောက်က သဘောတူခဲ့သည်။ မုယွင်ရှုအပေါ် သူတို့၏ တိုက်ခိုက်မှုကို ထပ်ပေါင်းလျှင် သူတို့က မုယွင်မိသားစုအား ကန်ထုတ်ရန် အတိအလင်း စစ်ကြေညာနေခြင်း ဖြစ်သည်။

"မုယွင်မိသားစုက နတ်ဘုရားနည်းစနစ် ဆက်ခံသူခုနစ်ယောက်ထဲက တစ်ယောက် ဖြစ်တယ်။ ကျုပ်တို့ကို နှင်ထုတ်တာက အတော်လေး ရယ်စရာပဲ။ မုယွင်မိသားစုကို ရွာကနေ မထုတ်ပယ်ခင် ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ်ကို ဆုံးရှုံးခံပြီး ပြင်ပဘုံတွေမှာ ပျံ့နှံ့သွားမှာ ခွင့်ပြုဖို့ ပြင်ဆင်ပြီးပြီလား။" မုယွင်လုံ၏ အသံက ရေခဲကဲ့သို့ အေးစက်နေသည်။

"နတ်ဘုရားနည်းစနစ်က ပျောက်ဆုံးသွားမှာ မဟုတ်ဘူး။ ရွာကနေ လူတွေ ထွက်သွားရမယ်။ ဒါပေမယ့် နတ်ဘုရားနည်းစနစ်တော့ မဟုတ်ဘူး။" ရီဖူရှင်းက ပြောလိုက်သည်။

***

All Chapters