← Chapters

အခန်း (၁၃၉)

Vol. 11 Ch. 139

အခန်း (၁၃၉)

Vol. 11 Ch. 139

မည်မျှထူးဆန်းလိုက်သည်နည်း။ ညတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။ လမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိသလို သူမဖြတ်သွားသည့် ရွာတစ်ခုချင်းစီတိုင်းတွင်လည်း ဖယောင်းတိုင်ယူ၍ပင် တစ်ခုလေး မရှိချေ။

ဟုတ်ပေ၏။ တစ်ခုခု ထူးခြားသည့်အရာ ဖြစ်ခဲ့သည်ဖြစ်ကြောင်းကို သူမက မသိရှိချေ။ ရွှမ်ဝူမြို့တည်နေရာ တစ်ခုလုံး ရွာ၊ မြို့ အရာအားလုံးတို့သည် အပြင်ကိုထွက်ခွင့် ပိတ်ပင်ထားလေ၏။ သို့ပေမည့် ထိုအရာကပင်လျှင် သူမကို လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်းရှိအောင် ဖန်တီးပေးထားသကဲ့သို့ပင် ဖြစ်ခဲ့၏။ သူမသည် တစ်နာရီကျော်ကြာအောင် လှမ်းလျှောက်ခဲ့၏။ နောက်ဆုံးမှာတော့ ရွှမ်ဝူမြို့၏ မြေပိုင်နက်ဝန်းကျင်သို့ ရောက်ရှိလာခဲ့၏။

ရွှမ်ဝူမြို့စားကြီးအိမ်တော်နှင့် မိုင်ဒါဇင်ချီ အဝေး၌သာ ကျန်ရှိတော့၏။ ရှစ်ချင်းချင်းသည် စိတ်သက်သာရာရကာ သက်ပြင်းချမိတော့၏။ ရွှမ်ဝူမြို့၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် ရွာနှင့်မြို့များသည် အလုံခြုံဆုံးနေရာ ဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိ၏ဖြစ်၏။ သို့ပေမည့် သူမသည် မြို့ထဲသို့ လှည့်လည်ကာ ကင်းစောင့်လျက်ရှိနေသည့် စစ်သည်များ ပျောက်ကွယ်လျက် ရှိနေသည်ကို သတိမပြုမိချေ။ ထို့အပြင် အုပ်ချုပ်ရေးမှူးနှင့် စတုတ္ထမင်းသားတို့ ရောက်ရှိလာခဲ့သည် ဖြစ်ကြောင်းကိုလည်း သူမက မသိရှိချေ။

မြို့စားကြီးအိမ်တော်သည် ကြီးမားသည့် ဖိအားဒဏ်ကို ရောက်ရှိလျက်ရှိနေပြီး စစ်သည်အများစုတို့သည် မြို့စားအိမ်တော်ကို ဝိုင်းပတ်ကာဖြင့် တားဆီးထားခဲ့ကြ၏။ သူမသည် မြို့စားအိမ်တော် တည်ရှိရာနေရာဆီသို့ အလျင်အမြန်နှင့် ဆက်လက်ကာ ပြေးသွားခဲ့၏။ သို့ပေမည့် ရွာများကို ဖြတ်သန်းသွားသည့်အချိန်၌ လူများ၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

တိမ်များ ပျောက်ကွယ်သွားခဲ့ပြီး လက ပေါ်ပေါက်လာခဲ့၏။ လရောင်အောက်တွင် ရှစ်ချင်းချင်းသည် ရက်စက်လွန်းလှသည့် ပင်လယ်ဓားပြအုပ်စုတစ်ခုကို မြင်လိုက်ရ၏။ ၎င်းတို့သည် ရေတွင်းများကို အဆိပ်ခတ်လျက် ရှိနေခြင်းပင်။ ရောဂါဆိုးကြီးများဖြစ်အောင် ဖန်တီးနေခြင်းပင်ဖြစ်လေ၏။ လူသားမဆန်လွန်းလှသည့် အပြုအမူမျိုးပင် ဖြစ်သည်။

ရှေးယခင်တည်းက ရေမရှိသည်ဆိုပါက အကုန်လုံး ဒုက္ခရောက်ကြမည်မဟုတ်ပါလော။ ရွာထဲက လူများအားလုံးသည် ဤကဲ့သို့သော ရေတွင်းများကို အမှီခိုပြုကာ သောက်သုံးရမည်ဖြစ်နေ၏။ ရောဂါဆိုးများသာ ပျံ့နှံ့သွားသည် ဆိုပါက ရွာတစ်ခုလုံး၊ မြို့တစ်ခုလုံး အားလုံးသော သူတို့သည် သုတ်သင်ရှင်းလင်းခြင်းကို ခံရပေလိမ့်မည်။

ရွှမ်ဝူမြို့စားကြီးအား တစ်စုံတစ်ယောက်က ကြီးကြီးကျယ်ကျယ်နှင့် တိုက်ခိုက်ချင်နေလေ၏။ ရွှမ်ဝူမြို့စားကြီး၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို သုတ်သင်ပစ်ရန် ကြံစည်လျက်ရှိနေ၏။ ရှစ်ချင်းချင်းသည် ထိုလူများမှာ ပင်လယ်ဓားပြများဖြစ်သည်ကို အဘယ်ကြောင့် သိရှိရသနည်းဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဆေးမင်ကြောင်များနှင့် အဝတ်အစားများကြောင့်သာဖြစ်၏။

လက်ရှိအချိန်တွင် ဆောင်းဦးရာသီနောက်ပိုင်းကို ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် လည်သာချပ်ဝတ်များကို ဝတ်ဆင်ထားသင့်သည်။ သို့ပေမည့် တစ်ဖက်လူများသည် ကိုယ်ဗလာကျင်းများနှင့် နေထိုင်လျက် ရှိနေ၏။ ထို့အပြင် ပင်လယ်ဓားပြများက ကိုင်ဆောင်ထားခဲ့သည့် ဓားကြီးများသည် သာမန်လူများ ကိုင်ဆောင်ထားသည့် ဓားမော့များနှင့် မတူလှချေ။

ပင်လယ်ဘုရင် ချောင်ထျန်းဝေ၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် လူများသာလျှင် ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် ရှစ်မိသားစုဆီနှင့် စီးပွားရေးကိစ္စများ ပြုလုပ်ခဲ့ဖူး၏။ ရွှဲ့ပြည်နယ်၏ အရှေ့ဘက်အပိုင်းတွင် ရှိနေသည့်လူများပင်။ ခိုးယူထားသည့် ပစ္စည်းများ၊ ရောင်းချရန် မလွယ်သည့် အရာများအားလုံးကို ချောင်ထျန်းဝေဆီသို့ သွားရောက်ကာဖြင့် လဲလှယ်စီးပွားရေး ပြုလုပ်နိုင်သည်။

ဤပင်လယ်ဓားပြများ၏ လက်ထဲတွင် ရှိနေသည့် ဓားများထဲတွင် သွေးစီးကြောင်းများလည်း တည်ရှိနေ၏။ ကျိန်းသေ၏။ ရွှမ်ဝူမြို့စားကြီး၏ မြို့စားအိမ်တော်မှ ကင်းလှည့်လျက်ရှိနေသည့် စစ်သည်များကို သတ်ဖြတ်ခဲ့ခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။

“မြန်မြန် မြန်မြန်။ နောက်ထပ် ရေတွင်းငါးတွင်းကျန်သေးတယ်”

“ရွှမ်ဝူအိမ်တော် ဒီအချိန်မှာ လူဘယ်လောက်လောက် သေမယ်ထင်လဲ”

“လူတစ်ထောင်လောက်တောင် ကျော်မယ်နဲ့တူတယ်။ သခင်လေးက တကယ့်ကို ရက်စက်လွန်းတာပဲ”

“ဘာကြောင့် ရွှမ်ဝူအိမ်တော်က ကျင်းမူလန်ကို ဟိုခပ်ချောချောကောင် ရှမ့်လန်နဲ့ လက်ထပ်ပေးခဲ့ရတာလဲ”

ရှစ်ချင်းချင်းသည် တစ်ကိုယ်လုံး ထုံထိုင်းသွားမိ၏။ ရှမ့်လန်သည် သူမ၏ ရန်သူဖြစ်ခဲ့ဖူးသည်ဆိုလျှင်တောင်မှ သူမ၏ မိသားစုကလည်း ရွှမ်ဝူမြို့ထဲတွင် နေထိုင်သည့်လူများဖြစ်၏။ ထို့ကြောင့် သူတို့သည် ရန်သူများ ဖြစ်သည်ဆိုလျှင်တောင် အခြေခံစည်းမျဉ်းကိုတော့ ထိန်းသိမ်းထားကြ၏။ သူမ၏ရှေ့တွင် ရှိနေသည့် ပင်လယ်ဓားပြများမှာတော့ တကယ့်ကို သားရဲတိရစ္ဆာန်များထက်ပင် ဆိုးယုတ်လျက် ရှိနေ၏။

ရှစ်ချင်းချင်းသည် လျင်မြန်စွာပင် ပုန်းလိုက်၏။ ပင်လယ်ဓားပြများ တွေ့ရှိသွားမည်ကို ကြောက်လန့်နေမိ၏။ ဤအရာသည် သားရဲအုပ်စုတစ်ခုသာလျှင်ဖြစ်၏။ သူမကတော့ လှပသည့် အမျိုးသမီး တစ်ယောက်တည်း သာလျှင်။ သူမသာ ဤပင်လယ်ဓားပြများ၏ လက်ထဲသို့ ရောက်ရှိသွားသည်ဆိုပါက ကျိန်းသေပေါက် ဘာတွေဖြစ်မည် ဆိုသည်ကို ခန့်မှန်း၍ပင် မရနိုင်ခဲ့ချေ။

‘ကျွန်မကို သတ် သတ်ပေးပါ’ဟု ပြောဆိုလောက်သည်အထိ အနိုင်ကျင့် နှိပ်စက်ခြင်းကို ခံရမှာ သေချာ၏။ ရှစ်ချင်းချင်းသည် သိုင်းပညာကို သိရှိနားလည်သည် မဟုတ်လား။ ဟုတ်ပေ၏။ အနည်းငယ်သာလျှင် တတ်၏။ သို့ပေမည့် သူမ အနိုင်ယူနိုင်သည့် တစ်ဦးတည်းသောသူသည် ရှမ့်လန်သာလျှင် ဖြစ်ပေလိမ့်မည်။

သို့ပေမည့် ဤပင်လယ်ဓားပြများ၏ အရှေ့မှာတော့ သူမသည် အားအင်ကင်းမဲ့သည့် လူတစ်ယောက်ဟု ပြောဆိုရပေ လိမ့်မည်။ သို့ပေမည့် သူမ ဆောင့်ကြောင့်ထိုင်ချလိုက်သည့်အချိန်မှာတော့ ခြေထောက်ကို အားအနည်းငယ် စိုက်လိုက်မိ၏။ ထို့ကြောင့် ရုတ်တရက် သစ်သားချောင်းတစ်ခုသည် ကျိုးကြေသွားခဲ့၏။

“ဖြောက်”

“ဘယ်သူလဲ”

ဓားမြတစ်ဒါဇင်ကျော်တို့သည် ချက်ချင်းပင် သူမကို တွေ့ရှိသွား၏။ ထို့ကြောင့် လက်ထဲတွင် ရှိနေသည့် ဓားများကို ဆွဲထုတ်ကာ ရှစ်ချင်းချင်းဆီသို့ လျှပ်စီးကဲ့သို့ပင် လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ နောက်တစ်စက္ကန့်အတွင်းမှာပင် ပင်လယ်ဓားပြများ၏ ဓားကောက်ကြီး ၄ ခုတို့သည် သူမ၏ လည်ကုပ်ပေါ်သို့ ရောက်ရှိလာခဲ့၏။ မီးများထိန်ထိန်လင်းသွားခဲ့၏။ သူမ၏လှပသည့်မျက်နှာက ပေါ်ပေါက်လာခဲ့ပြီး သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က အထင်းသားပေါ်ပေါက်လာ၏။

ပင်လယ်ဓားပြတပ်သား တစ်ဒါဇင်ကျော်တို့၏ မျက်လုံးများက နီရဲလာသွား၏။ ၎င်းတို့သည် ရုတ်တရက် အသက်ပင် မရှူနိုင်သလို ဖြစ်လို့နေ၏။ နတ်ဘုရားများသည် အမျိုးသမီးလှလေးတစ်ယောက်ကို ညနက် သန်းခေါင်ကြီးတွင် ပေးပို့လိုက်၏။ ပင်လယ်ဓားပြများအားလုံးသည် သားရဲတိရစ္ဆာန်များကဲ့သို့ပင် ဖြစ်လေ၏။ ၎င်းတို့အားလုံးသည် မိန်းကလေးကို တစ်စစီဆွဲဖြုတ်ပစ်ရန် စိတ်ပါဝင်စားလျက် ရှိနေ၏။ သာမန်အမျိုးသမီး ဆိုလျှင်တောင် သူတို့သည် ဤအချိန်တွင် အလွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ရှစ်ချင်းချင်း ကဲ့သို့သော မိန်းကလေးဆိုလျှင် ပြောနေစရာပင် လိုအပ်လိမ့်မည် မဟုတ်ချေ။

ပင်လယ်ဓားပြခေါင်းဆောင်သည် သူ၏ဘောင်းဘီကို အသာချွတ်ကာ ပြောလိုက်တော့၏။ “မင်းတို့ သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေကို ဆွဲကားထားစမ်း။ ငါပြီးရင် မင်းတို့အလှည့်ပဲ”

ပင်လယ်ဓားပြ တစ်ဒါဇင်ကျော်တို့သည် ချက်ချင်းဆိုသလိုပဲ အချက်ပြလိုက်ကြ၏။ သူတို့သည် ရှေ့ကို အသာ တက်ပြီးသည့်နောက် ရှစ်ချင်းချင်း၏ ခြေထောက်နှင့် လက်များကို အသာဆွဲကိုင်လိုက်၏။

“ခေါင်းဆောင်... အရမ်းကို မရက်စက်နဲ့နော်။ သူ့ကို တစ်ခါတည်း မသတ်ပစ်နဲ့။ ကျုပ်တို့ ကစားခွင့်မရလိုက်ဘဲ နေလိမ့်မယ်”

ပင်လယ်ဓားပြခေါင်းဆောင်က အသာရယ်မောလိုက်၏။ သူသည် ယခင်တုန်းက ဤကဲ့သို့ လှပသော အမျိုးသမီးနှင့် မအိပ်ခဲ့ဖူးချေ။ ပြောရမည်ဆိုလျှင် နုရှောင့်မြို့ထဲတွင် ချောပါသည်ဆိုသော အလှအပများနှင့် အိပ်ဖူးသော တစ်ဦးတည်းသောလူသည် သခင်လေး ချောင်ရှောင်းက လွဲလျှင် မည်သူမှ မရှိချေ။

သူ၏ရှေ့တွင် ရှိသော ရှစ်ချင်းချင်းကဲ့သို့ လှပသည့်မိန်းကလေးများအတွက်တော့ သူတို့သည် လက်ချောင်းဖြင့် သွားရောက်ကာ ထိတွေ့ကြည့်ရုံပင် မပြုလုပ်ခဲ့ဖူးချေ။ သခင်လေးချောင်ရှောင်း၏ ကာမစိတ်သည် တကယ့်ကို ကြီးမားလွန်း၏။ ထို့အတူ ရက်စက်လွန်းလှ၏။

ရှစ်ချင်းချင်းသည် ပင်လယ်ဓားပြများ၏ ဆိုးယုတ်သည့် မျက်နှာသွင်ပြင်နှင့် ဝါထိန်လျက် ရှိနေသည့် သွားများ၊ ခန္ဓာကိုယ်ဆီမှ အနံ့အသက်ဆိုးများကို ရရှိလိုက်ကြ၏။ သူမသည် တကယ်ပင် အန်ချင်သလိုပင် ဖြစ်သွားမိ၏။ ဤသားရဲရိုင်းများ၏ မုဒိမ်းကျင့်ခြင်းကိုသာ ခံရသည်ဆိုပါက အသက်ရှင်လျက် သေဆုံးသွားသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သူမ၏ လက်ရှိအခြေအနေသည်ကလည်း ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ခါတည်း သေဆုံးနိုင်သည်။

“ကျွန်မက ... ကျွန်မက အပျိုစင်စစ်စစ်ပဲ ရှိသေးတယ်” ရှစ်ချင်းချင်းက ရုတ်တရက် ပြောလိုက်၏။

ပင်လယ်ဓားပြခေါင်းဆောင်သည် သဘောကျစွာဖြင့် ရယ်မောလိုက်သည်။ “ဒါဆိုရင် ပိုကောင်းတာပေါ့။ မင်းလို အလှအပလေးနဲ့ နေရရုံနဲ့တင် နတ်ဘုံနတ်နန်းကို ရောက်သလို ဖြစ်နေပြီ။ မင်းက အပျိုစင်ဆိုတော့ ငါ ပိုပြီး သဘောကျသွားပြီ”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “တကယ်လို့ ကျွန်မလို လှပတဲ့အပျိုစင်တစ်ယောက်ကို တွေ့ခဲ့ပြီး သူ့ဆီကို လာမပေးဘူးလို့သာ ရှင်တို့သခင်လေး သိခဲ့မယ်ဆိုရင် ရှင့်ကို သူ ဘာလုပ်မယ်ထင်လဲ”

ပင်လယ်ဓားပြခေါင်းဆောင်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ တကယ်ပင် တုန်ယင်သွားခဲ့မိ၏။ ပင်လယ်ဓားပြများတွင် ကြီးမားသည့် ကန့်သတ်ချက်တစ်ခုရှိ၏။ ထိုအရာသည် ရတနာတစ်ခုကို ရှာဖွေ တွေ့ရှိသည်ဆိုလျှင် အရင်ဦးဆုံး အထက်ပိုင်း အကြီးအကဲများကို ပြန်လည်ကာ ပေးအပ်ရမှာဖြစ်၏။ လှပသည့် မိန်းကလေးများကို တွေ့ရသည်ဆိုလျှင်လည်း ထိုနည်းလည်းကောင်းပင်။

သခင်လေး အိပ်စက်ပြီးမှသာလျှင် သူတို့ညီအစ်ကိုများက အိပ်စက်ခွင့်ရမှာ ဖြစ်၏။ မဟုတ်ပါက ချောင်ရှောင်း သည် လှပသည့် အပျိုစင်ပေါင်းများစွာကို အပျိုရည်ဖျက်နိုင်လိမ့်မည် မဟုတ်ချေ။ သူမ၏ သူ၏ခန္ဓာကိုယ်ပေါ်တွင် အပျိုစင်အမျိုးသမီးပေါင်း ၁၀၀ ကျော်တို့၏ ဆေးမင်ကြောင်များကို အဘယ်သို့ ရေးထိုးထားနိုင်မည်နည်း။

နောက်ဆုံးအကြိမ်တုန်းက ရွက်သင်္ဘောပိုင်ရှင်တစ်ဦးသည် လှပသည့်မိန်းကလေး တစ်ယောက်ကို လုယူလာခဲ့ပြီး သခင်လေးကို မပေးခဲ့ချေ။ အဆုံးသတ်မှာတော့ အရှင်လတ်လတ် အရေခွံခွာခြင်းကို ခံခဲ့ရ၏။ ထိုသင်္ဘောပိုင်ရှင်၏ အရေခွံကိုပင် အခန်းထဲတွင် ချိတ်ဆွဲထားခဲ့သေး၏။ ထိုမြင်ကွင်းကို တွေ့ရသည့်အချိန်တုန်းက သူသည် ပခုံးတစ်ခုလုံးပင် တုန်ယင်သွားခဲ့မိ၏။

ပင်လယ်ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ “သခင်လေးကို ငါတို့ပြောလို့မဖြစ်ဘူး။ သူနဲ့အိပ်ပြီးသွားရင် ငါတို့ သူ့ကိုသတ်ပစ်ရမယ်”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ပင်လယ်ဓားပြ ၁၅ ယောက်ကျော် ရှိတယ်။ ဒီထဲမှာ သုံးယောက်က မိန်းမတွေ။ သူတို့ကရော ကျွန်မနဲ့ လာအိပ်အုံးမှာလား။ သူတို့ကရော ရှင့်နဲ့အတူ လိုက်ပြီး စွန့်စားလိမ့်မယ်လို့ ထင်နေလို့လား”

အမျိုးသမီး သုံးယောက်တို့သည် အနောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။ သူတို့သည် သူတို့၏ အဖော်များ လှပသည့် အမျိုးသမီးနှင့် အိပ်စက်မည့် အခြေအနေကို မနာလိုဝန်တိုကြီးစွာဖြင့် ကြည့်ရှုလျက် ရှိနေ၏။ သို့ပေမည့် သူတို့၏ သခင်လေး ဒေါသတရား ဖြစ်လာနိုင်သည့် စွန့်စားမှုမျိုးကိုတော့ ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

သခင်လေးသည် မိန်းကလေးများကို အပျိုရည်ဖျက်ရခြင်းအား တကယ် နှစ်ခြိုက်သည်။ ဤကဲ့သို့ လှပသည့် မိန်းမတစ်ယောက်ကိုသာ လွှဲပေးခြင်းမရှိသည်ဆိုပါက ကျိန်းသေပေါက် ရှိရှိသမျှသော လူများအားလုံးကို အသက်ရှင်လျက် အရေခွံခွာမှာ သေချာ၏။

ပင်လယ်ဓားပြပေါင်းများစွာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ အားလုံးသောသူတို့သည် လှပခြင်းကို ချစ်ခင်နှစ်သက်ကြ၏။ ထိုလှပခြင်းနှင့် ပျော်ရွှင်ကြ၏။ သို့ပေမည့် လှပခြင်းအတွက် အသက်ကို စွန့်လွှတ်ဖို့ကိုတော့ လိုလားကြလိမ့်မည် မဟုတ်ချေ။

“ပေး ပေး... သူ့ကို သခင်လေးဆီ ပေးရတော့မယ်”

“ဟုတ်တယ်။ ဒီနေရာမှာ ကျုပ်တို့ လူဆယ်ယောက်ကျော်တောင် ရှိတယ်။ သခင်လေးက တစ်ယောက် ယောက်ကို အတင်းဖိအားပေးပြီး မေးမယ်ဆိုရင် ကျုပ်တို့အားလုံး သေသွားလိမ့်မယ်”

ပင်လယ်ဓားပြများသည် ဝင်ရောက်ကာ ပြောဆိုလိုက်ကြ၏။ ဓားပြခေါင်းဆောင်သည် မည်သို့မှ မတတ်နိုင်တော့ဘဲ သူ၏ဘောင်းဘီကို ပြန်လည်ကာ တင်လိုက်၏။ ပြီးနောက် ဘေးတစ်ဖက်ဆီသို့ တံတွေး ထွေးလိုက်သည်။

“ချီးတဲ့မှ... ဒီလိုဖြစ်မှန်းသိရင် ဒီလိုမိန်းမချောလေးနဲ့ ကျုပ် မကြုံချင်တော့ဘူး။ သွားကြရအောင်။ လူဆယ်ယောက်က ရေတွင်းတွေကို အဆိပ်ခတ်ဖို့ သွားကြ။ ကျန်တဲ့လူလေးယောက်က ဒီမိန်းမကို ရွှမ်ဝူမြို့ဆီကို ခေါ်သွားတော့။ ပြီးရင် သခင်လေးကို ပေးရမယ်”

ခဏလောက်ကြာပြီးသည့်နောက် ပင်လယ်ဓားပြများသည် လူနှစ်ဖွဲ့အဖြစ် ခွဲခြားလိုက်၏။ ပထမလူအုပ်စုသည် ရေတွင်းများကို အဆိပ်ခတ်ရန်အတွက် ထွက်ခွာသွားခဲ့ပြီဖြစ်၏။ သခင်လေး ချောင်ရှောင်းသည် ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် လူတစ်ထောင်ကျော်တို့ကို သတ်ဖြတ်ပစ်ရန် ပြောဆိုခဲ့၏။ တခြားသော ပင်လယ်ဓားပြငါးယောက်တို့မှာတော့ ရှစ်ချင်းချင်းကို ခေါ်ဆောင်ကာ ရွှမ်ဝူမြို့ဆီသို့ ဦးတည်လျက်ရှိနေ၏။ ဤလှပသည့် အမျိုးသမီးကို ချောင်ရှောင်းဆီ ပေးရပေမည်။

..............

လမ်းတစ်လျှောက် ပင်လယ်ဓားပြခေါင်းဆောင်သည် ရှစ်ချင်းချင်း၏ ဆွဲဆောင်မှုရှိသည့် မျက်နှာသွင်ပြင်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် မည်သို့မှမနေနိုင်တော့ဘဲ ဘေးတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီးဓားပြ တစ်ယောက်ကို လမ်းဘေးဆီသို့ ဆွဲခေါ်သွားခဲ့၏။ သူမကို မြေပေါ်သို့ ဖိနှိပ်ကာဖြင့် သံဝါသပြုတော့သည်။

ထိုအမျိုးသမီးဓားပြသည် စိတ်ဆိုးဒေါသထွက်ခြင်း မရှိသလို သာယာလျက်ပင် ရှိနေ၏။

ကျန်သည့်အမျိုးသမီးနှစ်ယောက်တို့ကလည်း တဟီးဟီးနှင့် ရယ်မောကာ ရှစ်ချင်းချင်းကို လှမ်းကာ ပြောလိုက်၏။ “မိန်းကလေး.. မင်း ငါတို့သခင်လေးနဲ့တွေ့တဲ့အချိန်မှာ လောကရဲ့အကောင်းဆုံးအရသာက ဘာလဲဆိုတာ သိလာလိမ့်မယ်။ သခင်လေးက အရမ်းကို အားကောင်းတဲ့လူတစ်ယောက်ပဲ။ မင်းလို ဖွံ့ဖွံ့ထွားထွား မိန်းကလေးတစ်ယောက်ဆိုရင်တော့ အသက်တစ်ဝက်လောက် ဆုံးရှုံးသွားသကဲ့သို့ ခံစားရမှာ သေချာတယ်”

ချောင်ရှောင်းနှင့်ပတ်သက်၍ ရှစ်ချင်းချင်းက ကောင်းကောင်းသိ၏။ ချောင်ရှောင်းသည် သားရဲတစ်ကောင်လို ဖြစ်၏။ သူမကဲ့သို့ သွယ်လျသည့် ခန္ဓာကိုယ်သွင်ပြင်နှင့် လူများသာ ချောင်ရှောင်း၏ လက်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက အသက်တစ်ဝက်လောက်ပင် ဆုံးရှုံးသွားမှာဖြစ်သည်။

အမျိုးသမီးများသည် ပိုမိုကာ လှပလေ ချောင်ရှောင်းသည် ပိုမိုကာဖြင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလေ ဖြစ်လေ၏။

သူမသည် သူမကိုယ်သူမ ကယ်တင်ရမှာ ဖြစ်လေ၏။ မဟုတ်ပါက ဆိုးရွားလွန်းသော ကံကြမ္မာသည် သူမ၏ ရှေ့၌ စောင့်မျှော်နေလေ၏။ သို့ပေမည့် သူမအား ပင်လယ်ဓားပြငါးယောက်တို့ကို ဝိုင်းပိတ်ထားခဲ့၏။ သူမသည် အားအင်ပြတ်တောက်လုမတတ်ပင်။ သူမအနေနှင့် လွတ်မြောက်ရန် ဆိုသည်မှာ အလွန်ပင် ခက်ခဲလှချေသည်။

ထို့ကြောင့် ရှစ်ချင်းချင်းသည် စမ်းသပ်မှုတစ်ခုကို ပြုလုပ်ရန် စဉ်းစားလိုက်သည်။ ယနေ့ကဲ့သို့ အခြေအနေအတွင်းမှာမှ လွတ်မြောက်အောင် ပြုလုပ်နိုင်ခြင်းမရှိသည်ဆိုပါက သူမအနေနှင့် ကျန်းချုံးကို မည်ကဲ့သို့ လက်စားချေမည်နည်း။ ရှမ့်လန် မည်မျှ ဉာဏ်ကောင်းသည်ဆိုသည်ကို တွေးတောပြီးသည့်နောက် သူမသည် ရုတ်တရက် အကြံအစည် တစ်ခုကို ရခဲ့၏။

............

ပင်လယ်ဓားပြခေါင်းဆောင်သည် သူ၏ဒေါသတရားများအား ပင်လယ်ဓားပြအမျိုးသမီးဆီသို့ ဖြေချပြီး သည့်နောက် အားလုံးသောသူတို့သည် ဦးတည်ရာလမ်းဆီသို့ ဆက်လက်ကာ သွားသည်။

ရုတ်တရက် ရှစ်ချင်းချင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် ခလုတ်တိုက်လိုက်၏။ ချက်ချင်းပင် ပိုက်ဆံအိတ်တစ်ခုက အောက်သို့ ကျဆင်းသွား၏။ ရွှေဒင်္ဂါးများသည် မြေသို့ ပျံ့နှံ့သွားခဲ့၏။ ရွှေဒင်္ဂါးတစ်ဒါဇင်ကျော်ဖြစ်၏။

ပင်လယ်ဓားပြအားလုံးတို့သည် တွေဝေငေးငိုင် သွားခဲ့၏။ ပင်လယ်ဓားပြခေါင်းဆောင်သည် ရှေ့ဆီသို့ လှမ်းတက်လာပြီး ရွှေဒင်္ဂါးများကို လှမ်းယူလိုက်သည်။

“မင်း ဘယ်သူလဲ။ ဒီရွှေဒင်္ဂါးတွေ အများကြီး မင်းဆီမှာ ဘယ်လိုလုပ်ရှိနေရတာလဲ” ပင်လယ်ဓားပြ ခေါင်းဆောင်သည် ခြောက်ကပ်ကပ်နှင့် မေးမြန်းလိုက်၏။ သူ၏ မျက်လုံးထဲတွင် လောဘတရားများနှင့် ပြည့်နှက်လျက်ရှိ၏။

ပင်လယ်ဓားပြများသည် လှပမှုကို ချစ်ခင်၏။ သို့ပေမည့် ၎င်းတို့သည် ပိုက်ဆံကို အချစ်ဆုံးဖြစ်၏။ ပိုက်ဆံသာ ရှိသည်ဆိုပါက ဆောင်ကြာမြိုင်၌ အလှပဆုံးသော မိန်းကလေးများကို ရွေးချယ်ကာ အတူတူ အိပ်စက်နိုင်သည် မဟုတ်ပါလား။

ရှစ်ချင်းချင်းသည် ကြောက်လန့်ဟန်ဆောင်ကာ ပြောဆိုလိုက်၏။ “ကျွန်မ.. ကျွန်မက သာမန်မိသားစုက မိန်းကလေးတစ်ယောက်ပါပဲ။ သာမန်ချမ်းသာတဲ့ မိသားစုတစ်ခုကပါ”

ပင်လယ်ဓားပြခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။ “ဟာသပဲ။ သာမန်မိသားစုက မိန်းကလေးက ဘယ်လိုလုပ် ဒီလောက်များတဲ့ ပိုက်ဆံတွေကို သယ်လာနိုင်မှာလဲ။ ပြီးတော့ ညသန်းခေါင်ကြီး လျှောက်ပြေး နေတယ်။ ဒီည အပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ ခင်ဗျားမသိဘူးလား”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျွန်မက တကယ့်ကို သာမန်မိသားစုက မိန်းကလေးတစ်ယောက်ပါ”

ပင်လယ်ဓားပြခေါင်းဆောင်သည် သူ၏ဓားကောက်ကြီးကို ဆွဲထုတ်ကာဖြင့် ရှစ်ချင်းချင်း၏ လည်ကုပ်ပေါ်သို့ တင်ကာ အေးစက်စက် ပြောဆိုလိုက်သည်။ “မင်း အမှန်အတိုင်းသာ မပြောဘူးဆိုရင် မင်းရဲ့လည်မျိုကို ကျုပ်ဖြတ်မယ်”

ရှစ်ချင်းချင်းသည် ကြောက်လန့်တကြားဖြင့် တုန်ယင်နေ၏။ “ကျွန်မ ကျွန်မက ရှစ်မိသားစုက သခင်မလေး ရှစ်ချင်းချင်းပါ”

ပင်လယ်ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ “ပေါက်ကရတွေ။ ရှစ်ချင်းချင်းက သေလို့ မီးတောင်ကျွမ်းနေပြီ။ ကျုပ်တို့ ဒီကိစ္စကို သိတယ်”

ရုတ်တရက် အမျိုးသမီးဓားပြတစ်ယောက်သည် သေသေချာချာ ကြည့်ရှုကာ ပြောလိုက်၏။ “ခုမှ သေချာကြည့်မိတယ်။ သူမက တကယ် ရှစ်ချင်းချင်းပဲ။ အရင်တုန်းက မြင်ဖူးတယ်။ အကြိမ်ပေါင်းများစွာ သခင်မလေးနဲ့ လာပြီးတော့ ကုန်သွယ်မှုကို ပြုလုပ်ခဲ့တယ်”

ပင်လယ်ဓားပြခေါင်းဆောင်သည် စိတ်လှုပ်ရှားသွားမိ၏။ ဤမိန်းမသည် တကယ်ပဲ ရှစ်ချင်းချင်း ဖြစ်နေသည်လား။ ချမ်းသာသည့် ရှစ်ချင်းချင်းပေလား။ သူမ မသေခဲ့ဘူးလား။

“ရှစ်ချင်းချင်း... မင်း.. ညသန်းခေါင်ကြီး ဘယ်ကိုသွားမလို့လဲ။” ပင်လယ်ဓားပြခေါင်းဆောင်၏ မျက်လုံးများက လင်းလက်သွား၏။ သူ၏စိတ်ထဲတွင် ရတနာပုံကြီးကို တွေ့နေသကဲ့သို့ပင်။ တွေးကြည့်သလောက်ဆိုလျှင် ရှစ်ချင်းချင်း အဘယ်ကြောင့် ညနက်သန်းခေါင်ကြီး ထကာပြေးနေရသနည်း။ ကျိန်းသေပေါက် ရှက်ရွှံ့စရာ ကောင်းသည့် အရာတစ်ခုကို ပြုလုပ်ချင်၍သာ ဖြစ်ပေလိမ့်မည်။

All Chapters