အခန်း (၁၄၀)
Vol. 11 Ch. 140
“ပြောစမ်း” ပင်လယ်ဓားပြခေါင်းဆောင်၏ ဓားကောက်ကြီးသည် ရှစ်ချင်းချင်း၏ လည်ပင်းကို အနည်းငယ် ဖိလိုက်၏။
ရှစ်ချင်းချင်းသည် ကြောက်လန့်တကြားဖြင့် တုန်ယင်သွား၏။ မြေပေါ်သို့ ထိုင်ချလိုက်မိသည်။ “ကျွန်မ ကျွန်မ ကျွန်မ”
“ပြောစမ်း။ ကျုပ် မင်းကို သတ်ပစ်မယ်”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျွန်မ .. ကျွန်မအိမ်ကို ကျန်းကျင်းက ယူသွားပြီ။ သူက ကျွန်မကို သေအောင် မီးရှို့သတ်ခဲ့တယ်။ အခု ကျွန်မ ပိုက်ဆံအနည်းငယ် ယူပြီး ရွှဲ့ပြည်နယ်ဆီကို ထွက်ပြေးချင်လို့ပါ”
ပင်လယ်ဓားပြခေါင်းဆောင်၏ အသက်ရှူနှုန်းများက ပိုမိုကာ မြန်ဆန်လာခဲ့၏။ သူ့ခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်၏။ တကယ်ပင် လျှို့ဝှက်ရတနာတိုက်တစ်ခု ရှိနေ၏။ ရှစ်မိသားစုကဲ့သို့သော ချမ်းသာသည့် မိသားစုတစ်ခုတွင် လျှို့ဝှက်ရတနာတိုက်မရှိဘဲ ဘယ်သို့နေမည်နည်း။
“လျှို့ဝှက်ရတနာတိုက်က ဘယ်မှာလဲ။ ပိုက်ဆံတွေ ဘယ်လောက်တောင်များလဲ” ပင်လယ်ဓားပြခေါင်းဆောင်က အော်ဟစ်လိုက်၏။
“သုံး သုံး ... သုံးသောင်းလောက်ပါပဲ။ ကျွန်မ တိတိကျကျတော့ မမှတ်မိပါဘူး” ရှစ်ချင်းချင်းက တုန်ယင်သွားမိသည်။
“ရွှေဒင်္ဂါး သုံးသောင်း ဟုတ်လား” ပင်လယ်ဓားပြခေါင်းဆောင်သည် အသက်ရှူမဝသလိုပင် ဖြစ်နေ၏။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်မိကြ၏။ ရွှေဒင်္ဂါး သုံးသောင်း။ သူတို့သည် ဤအရာများကိုသာ ရရှိသည်ဆိုပါက ရက်စက်သော သခင်လေးချောင်ရှောင်း၏ အောက်တွင် အဘယ်သို့ အလုပ်လုပ်တော့မည်နည်း။ ပိုက်ဆံများကို ယူကာဖြင့် တခြားသော နိုင်ငံများဆီသို့ ထွက်ပြေးသွားမှာ ဖြစ်၏။ သူတို့၏ဘဝ တစ်သက်လုံး သုံးဖြုန်း၍ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်သည်။
ရွှေဒင်္ဂါး သုံးသောင်းဆိုသည်မှာ လူငါးယောက်အညီအမျှ ခွဲလျှင်ပင် တော်တော်များများရမည်မှာ အမှန်ပင်ဖြစ်၏။ စားမည်၊ သောက်မည်၊ ပျော်မည်၊ ပါးမည်။ သူတို့၏ဘဝတစ်သက်လုံး အကောင်းဆုံး သုံးဖြုန်းနိုင်သည် မဟုတ်ပါလား။ ပင်လယ်ဓားပြအားလုံးတို့သည် ချက်ချင်းပဲ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပြီး ခေါင်းညိတ်လိုက်ကြ၏။
“ရှစ်ချင်းချင်း... လျှို့ဝှက်ရတနာတိုက်ဆီကို ခေါ်သွား။ မဟုတ်ရင် ကျုပ်တို့ မင်းကို သတ်ပစ်မယ်” ပင်လယ်ဓားပြခေါင်းဆောင်က အော်ဟစ်လိုက်သည်။
ဤပိုက်ဆံများနှင့်ဆိုပါက သူသည် ရှစ်ချင်းချင်း၏ လှပမှုများကိုပင် ခဏတာ မေ့လျော့သွားခဲ့၏။ ရှစ်ချင်းချင်း သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် တုန်ယင်စွာ ပြောဆိုလိုက်၏။ “ကျွန်မ.. ကျွန်မ ပိုက်ဆံတွေ ပေးပါ့မယ်။ ပြီးရင် ကျွန်မကို လွှတ်ပေးမှာလား”
ပင်လယ်ဓားပြခေါင်းဆောင်သည် ရယ်မောကာ ပြောလိုက်သည်။ “ကျိန်းသေတာပေါ့။ ပိုက်ဆံတွေရပြီဆိုတာနဲ့ ကျုပ်တို့ ခင်ဗျားကို လွှတ်ပေးမယ်”
အဘယ်သို့ လွှတ်ပေးမည်နည်း။ ပိုက်ဆံများရသည်ဆိုပါက သူတို့သည် ဤမိန်းကလေးကို အကြိမ် ၁၀၀ ကျော်လောက် မုဒိမ်းကျင့်ကာဖြင့် သတ်ဖြတ်ပစ်ရပေလိမ့်မည်။ ပြီးမှ တခြားသော နိုင်ငံများသို့ ထွက်ပြေးရန် စဉ်းစားထားခဲ့၏။
ပြီးနောက် ပင်လယ်ဓားပြခေါင်းဆောင်သည် သူ၏ဓားကောက်ကြီးနှင့် ရှစ်ချင်းချင်း၏ လည်ကုပ်ပေါ်သို့တင်ကာ လျှို့ဝှက်ရတနာတိုက်ဆီသို့ ခေါ်ဆောင်သွားခိုင်းသည်။
“လမ်းလျှောက်သွားရရင် ဘယ်လောက်တောင် ကြာမလဲမသိဘူး။ မြင်းနဲ့သွားရအောင်” ပင်လယ်ဓားပြ ခေါင်းဆောင်သည် ရှစ်ချင်းချင်းကို မြင်းပေါ်သို့ အသာကောက်တင်လိုက်၏။ ပြီးနောက် သူသည် သူမ၏နောက်မှ တက်ကာ စီးနင်းရန်ပြင်လိုက်၏။
“မဖြစ်သေးဘူး။ ကျွန်မရဲ့နောက်မှာ မိန်းကလေး ပင်လယ်ဓားပြတစ်ယောက်ကို ထားမှ ဖြစ်မယ်။ မဟုတ်ရင် လျှို့ဝှက်ရတနာတိုက်ဆီကို မရောက်ခင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်” ရှစ်ချင်းချင်းက ထကာ အော်ဟစ်လိုက်သည်။
ပင်လယ်ဓားပြခေါင်းဆောင်သည် ဒေါသထွက်သွား၏။
ခွေးမ.. ငါပိုက်ဆံတွေရသွားပြီးရင် မင်းကို အရင်ဆုံး ဆက်ဆံပစ်မယ်။
အမျိုးသမီး ပင်လယ်ဓားပြတစ်ယောက်သည် ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး မြင်းပေါ်ခုန်တက်၏။ ရှစ်ချင်းချင်း၏ခါးကို အသာဆွဲကိုင်ကာ ပြောလိုက်သည်။ “ရှေ့က လမ်းပြစမ်း”
ရှစ်ချင်းချင်းသည် ရှေ့ဆီသို့ လက်ညှိုးထိုးကာ ပြလိုက်၏။ ထိုရွာသည် ရှစ်မိသားစု၏ လျှို့ဝှက်ခန်း တစ်ခုပင်။
အမျိုးသမီးပင်လယ်ဓားပြသည် လက်ထဲတွင် ဓားကောက်ကို ကိုင်ဆောင်ကာဖြင့် ပြောလိုက်၏။ “လှည့်စားဖို့တော့ မကြံနဲ့။ လှည့်စားပြီဆိုတာနဲ့ တစ်ခါတည်း သတ်ပစ်မယ်”
.........
မြင်းများ စီးနင်းခြင်းသည် ခရီးသွားလာမှုကို အလွန်မြန်ဆန်စေ၏။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ရှစ်ချင်းချင်းသည် ပင်လယ်ဓားပြငါးယောက်တို့ကို လျှို့ဝှက်မြေအောက်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
“ကျွန်မ ကျွန်မ.. သော့ကျခဲ့ပြီ” ရှစ်ချင်းချင်းသည် တုန်ယင်စွာဖြင့် ပြောလိုက်၏။
ပင်လယ်ဓားပြခေါင်းဆောင်သည် မည်သည့်စကားကိုမှ မဆိုချေ။ အရှေ့ကို အသာလှမ်းတက်ပြီး လက်ထဲရှိ ဓားကောက်ကြီးနှင့် ခုတ်ပိုင်းလိုက်၏။ သူသည် ဓားချက်နှစ်ချက်ကို ခုတ်ပိုင်းလိုက်ပြီးနောက် အရှေ့တွင် ရှိနေသည့် တံခါးသော့ကြီးကို ချိုးဖျက်နိုင်ခဲ့၏။ တံခါးကို အသာတွန်းကာ ဖွင့်လိုက်သည့်အချိန်မှာတော့ မြေအောက်ခန်းကြီးတစ်ခုကို မြင်လိုက်ရသည်။
ပင်လယ်ဓားပြအားလုံးသည် ရှေ့ဆီသို့ လှမ်းဝင်သွားခဲ့၏။ သေချာနေ၏။ အထဲတွင် များပြားလွန်းသည့် သေတ္တာများ တည်ရှိနေ၏။ ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ ရွှေဒင်္ဂါးများ ရှိလို့နေ၏။ ထိုအရာသည် ရာကျော်နီးပါးပင် ဖြစ်၏။
ရွှေဒင်္ဂါးများကို သိမ်းဆည်းပြီးနောက် ပင်လယ်ဓားပြခေါင်းဆောင်က ရှစ်ချင်းချင်းကို မေးလိုက်သည်။ “တခြား ရွှေဒင်္ဂါးတွေက ဘယ်မှာလဲ။ မင်းပြောတော့ ရွှေဒင်္ဂါး သုံးသောင်းကျော်ဆို”
ရှစ်ချင်းချင်းသည် လျှို့ဝှက်ခန်းထဲတွင် ရှိနေသည့် အကြီးဆုံးသေတ္တာကြီး တစ်ခုဆီသို့လက်ညှိုးထိုးကာ ပြောလိုက်၏။ “အားလုံးက အဲထဲမှာပါပဲ”
ပင်လယ်ဓားပြခေါင်းဆောင်သည် ထိုသေတ္တာကြီးဆီသို့ အသာသွားကာဖြင့် တံခါးကို ခပ်ပြင်းပြင်း ခေါက်ကြည့် လိုက်၏။ သေတ္တာကြီးသည် အလွန်ထူထဲပြီး မာကျောလွန်းလှ၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ဖွင့်ရန် မဖြစ်နိုင်ချေ။ ပင်လယ်ဓားပြခေါင်းဆောင်သည် ဓားကောက်ကြီးကို ဆွဲယူကာဖြင့် ထိုအရာကို ခုတ်ပိုင်းပြန်၏။ သို့ပေမည့် သော့ကို ဖျက်၍ မရနိုင်ချေ။
“ဒီသေတ္တာကြီးကို ချိုးဖျက်ပစ်လိုက်ရင်ရော” အမျိုးသမီးဓားပြတစ်ယောက်က ပြောလိုက်၏။
ပင်လယ်ဓားပြခေါင်းဆောင်က ရုတ်တရက်သိရှိသွားခဲ့၏။ သူသည် သူ၏ဓားကောက်ကြီးကို မြှောက်ကာဖြင့် သော့ကိုမဟုတ်ဘဲ သေတ္တာကြီးကို ခုတ်ပိုင်းလိုက်သည်။
“ဘာလုပ်နေတာလဲ။ လာပြီး ငါ့ကို ကူညီကြစမ်း။ ဒီမိန်းမက မင်းတို့လွှတ်ထားလိုက်လည်း ရတယ်။ သူ ဘယ်လိုလုပ် ငါတို့လက်က လွတ်မှာလဲ” ပင်လယ်ဓားပြ ခေါင်းဆောင်က အော်ဟစ်လိုက်၏။
သူမသည် တကယ်ပဲ ထွက်ပြေး၍ မရနိုင်ချေ။ ပြီးနောက် ပင်လယ်ဓားပြငါးဦးတို့သည် ရှေ့ဆီသို့ လှမ်းတက်ပြီး သေတ္တာကြီးကို အမဲဖျက်တော့သည်။
ရှစ်ချင်းချင်းသည် ငြိမ်ငြိမ်သက်သက်နှင့် လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာဖြင့် ရပ်လျက်ရှိနေ၏။ သူသည် နံရံဘောင်တွင် ရှိနေသည့် မီးခြစ်ဆံတစ်ခုကို ကောက်ယူလိုက်၏။ သူမ၏မျက်နှာတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သို့ပေမည့်သူမ၏နှလုံးသားမှာတော့ ရက်စက်မှုများနှင့် ပြည့်နှက်နေ၏။
သူမသည် နှလုံးသားထဲတွင် အလွန်အားကောင်းသည့် စိတ်ဆန္ဒတစ်ခုကို ခံစားနေမိ၏။ သူမသည် ရှမ့်လန် အကြောင်းကို တွေးတောနေမိ၏။ ရှမ့်လန်သည် တခြားသောသူများကို လက်စားချေသည့်နေရာတွင် အလွန်စိတ်ချမ်းသာစရာ ကောင်းနေလိမ့်မည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို သူမဆီသို့ပင် ကူးစက်ကာ ရရှိနေ၏။ မကြာခင်မှာပဲ ရှစ်ချင်းချင်းသည် သူမ၏အစီအစဉ် အောင်မြင်တော့မည်ဖြစ်ကြောင်း တွေးတောနေမိ၏။
ဤအရာသည် ကြောက်လန့်မှုများ ဖြစ်စေသလို စိတ်လှုပ်ရှားမှုကိုလည်း ဖြစ်စေခဲ့၏။ ပင်လယ်ဓားပြငါးယောက် တို့သည် သေတ္တာကြီးကို အပိုင်းပိုင်း ခုတ်ပိုင်းလျက်ရှိနေ၏။ ရှစ်ချင်းချင်းသည် တရွေ့ရွေ့နှင့် တံခါးနားဆီသို့ ရွေ့လျားသွားသည်။
နောက်ဆုံးမှာတော့ ထူထဲ ၊ ခိုင်မာလွန်းသည့် သေတ္တာကြီးက ပွင့်ထွက်သွားခဲ့၏။
“ဘန်း!”
ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသေတ္တာထဲမှ ထူးဆန်းသည့် အရည်များသည် အပြင်ဘက်သို့ လျှံထွက်လာ၏။ ဤအရာသည် ဆာလဖျူရစ်အက်စစ်များပင် ဖြစ်၏။ အလွန် အားကောင်းလွန်းသည့် အက်စစ်ပင် ဖြစ်သည်။
ထိုသေတ္တာထဲတွင် မည်သည့်အရာမှမရှိချေ။ ဆာလဖျူရစ် အက်စစ်များကို သိမ်းဆည်းထားခဲ့ခြင်းပင် ဖြစ်လေ၏။ အလွန်အန္တရာယ်များပြီး ထိုအက်စစ်များကို ရှူသည်ဆိုပါက အန်ချင်စိတ်ပင်ပေါက်၏။
ထို့ကြောင့်ပင်လျှင် မြေအောက်ခန်းထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။ ဆိုးဆေးများ ပြုလုပ်ခြင်း၊ ပိုးထည်များကို ဆေးဆိုးခြင်းသည် ဆာလဖျူရစ်အက်စစ် မရှိဘဲ ပြုလုပ်၍ ရသည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ဤထဲတွင် ဆာလဖျူရစ်အက်စစ် ကီလိုဂရမ် ၂၀၀၀ ကျော်ထိ ရှိနေခဲ့၏။ ပင်လယ်ဓားပြများသည် သေတ္တာကို ပိုင်းဖြတ်ပြီးနောက် ဆာလဖျူရစ်အက်စစ်များက အပြင်ဘက်သို့ ပန်းထွက်လာခဲ့သည်။
“အား” ပင်လယ်ဓားပြတော်တော်များများတို့သည် လျင်မြန်စွာ ရှောင်လိုက်၏။ သို့ပေမည့် ၎င်းတို့၏ ခန္ဓာကိုယ်ကို အက်စစ်က စင်လျက်တော့ ရှိ၏။ တချို့သည် မျက်လုံးထဲသို့ပင် ဝင်ခဲ့၏။ တိုက်ရိုက်ဆိုသလိုပဲ ကန်းသွားခဲ့လေ၏။
ဤအရာက ကြောက်မက်ဖွယ်ရာ ကောင်းခြင်း မဟုတ်ချေ။ ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ ဆာလဖျူရစ်အက်စစ်များသည် ဟိုက်ဒရိုဂျင်များကို ထုတ်လုပ်၏။ ဟိုက်ဒရိုဂျင်သည် မီးတောက်လွယ်သည်။
ပင်လယ်ဓားပြခေါင်းဆောင်သည် ချက်ချင်း တွန်းကန်ပြီး ရှစ်ချင်းချင်းဆီသို့ ပြေးလာခဲ့ကြ၏။ “ခွေးမ... ငါတို့ကို ဒဏ်ရာရအောင်လုပ်ရဲတယ် ဟုတ်လား။ မင်းကို အရင်ဆုံး သတ်ပစ်မယ်”
ရှစ်ချင်းချင်း၏ မျက်နှာတွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူမသည် နံရံပေါ်မှ ယူဆောင် လာခဲ့သည့် မီးခြစ်ဆံနှင့် မီးတုတ်ကို ထွန်းညှိကာဖြင့် အထဲသို့ ပစ်လွှတ်လိုက်၏။ ပြီးနောက် ချက်ချင်းပင် လှည့်ကာ ထွက်ပြေးလေသည်။
နောက်ခဏအတွင်းမှာပဲ ...
“ဘုန်း” ပေါက်ကွဲသွားခဲ့၏။ ဆာလဖျူရစ်အက်စစ်များသည် မီးများကို ပိုမိုကာ လောင်ကျွမ်းစေခဲ့၏။ ပင်လယ်ဓားပြငါးယောက်တို့သည် ပေါက်ကွဲမှုဆီမှ လျင်မြန်စွာနှင့် ထွက်ခွာနိုင်ခြင်း မရှိကြချေ။ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးများစွဲကပ်ပြီး အက်စစ်များ၏ တိုက်စားမှုကို ခံနေရ၏။
သွေးပျက်လောက်ဖွယ်ရာ အော်ဟစ်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေလေ၏။ ပင်လယ်ဓားပြ ငါးယောက်တို့သည် ဆိုးရွားလွန်းလှသည့် သေခြင်းတရားနှင့် သေဆုံးသွားခဲ့ကြသည်။
“ဘုန်း” အတွင်းဘက်ဆီမှ များပြားလွန်းသည့် ပေါက်ကွဲမှုများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။ တစ်ခုထက်တစ်ခု ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။
ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်လေးသည် လေလှိုင်းအဟုန်များကြောင့် အဝေးသို့ လွင့်စင်သွားခဲ့၏။ မြေပေါ်သို့ ပြုတ်ကျ၏။ သူမသည် မနည်းပင် မတ်တပ်ထရပ်ပြီး သွေးများအန်ထွက်လာမိ၏။ သို့ပေမည့် နှလုံးသားထဲတွင်တော့ အလွန်ပင် ပျော်ရွှင်နေမိ၏။ သူမသည် လူများကို သတ်ဖြတ်ပစ်ခဲ့၏။ သူမ၏ ဉာဏ်ပညာကို အသုံးပြုကာ ပင်လယ်ဓားပြငါးယောက်၏ လက်မှ လွတ်မြောက်စေသည်သာမက ပင်လယ်ဓားပြ ငါးယောက်ကိုပင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
သူမသည် လူတစ်ယောက်လုံး အသွင်ပြောင်းသွားသကဲ့သို့ ခံစားနေမိ၏။ ပြီးနောက် ကြောက်လန့်လျက် ရှိနေသည့် မြင်းပေါ်သို့ ခုန်တက်ကာဖြင့် ရွှမ်ဝူအိမ်တော်ဆီသို့ အသော့နှင်၏။
နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် ရှစ်ချင်းချင်းသည် ရွှမ်ဝူအိမ်တော်၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။
ဤအချိန်မှာတော့ အုပ်ချုပ်ရေးမှူး ကျန်းချုံးနှင့် စတုတ္ထမင်းသားတို့အပါအဝင် အမည်းရောင်စစ်တပ်ကြီး တစ်ခုလုံးသည်လည်း နောက်ဆုတ် ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။
ရှစ်ချင်းချင်းသည် ရွှမ်ဝူအိမ်တော်၏ဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် အော်ဟစ်လိုက်၏။ “ကျွန်မ ရှစ်ချင်းချင်းပါ။ သခင်လေး ရှမ့်လန်နဲ့ တွေ့ချင်လို့ပါ။ မြန်မြန် ….. အရမ်းကို နောက်ကျသွားလိမ့်မယ်”
…….
ရှမ့်လန်တစ်ယောက် ကျင်းချန်ကျွန်းတိုက်ပွဲအတွက် ပြင်ဆင်ခဲ့သည်မှာ မည်မျှ ကြာမြင့်ခဲ့သနည်း။ လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ပုံမှန်အားဖြင့် သေသေချာချာ တွက်ချက်ခဲ့ပြီးသား ဖြစ်သည်။ သူသည် မာယာမျဉ်းပြိုင်များစာအုပ်ကို စတင်ရေးသားစဉ်ကတည်းက သူ၏ယောက္ခထီးသည် အဘယ့်ကြောင့် ကျင်းမူကုန်းကို စာရေးသူထဲတွင် ထည့်သွင်းခဲ့သနည်းဟု မေးမြန်းခဲ့ဖူး၏။ ထိုအချိန်တုန်းက ရှမ့်လန်၏ အဖြေသည် ကျင်းချန်ကျွန်းတိုက်ပွဲဟု ပြောဆိုခဲ့ဖူး၏။ ထို့ကြောင့် ကျင်းချန်ကျွန်းတိုက်ပွဲသည် ထိုအချိန်တည်းက စတင် စီစဉ် ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲသုံးပွဲ၏ ပထမဦးဆုံးတိုက်ပွဲသည် မူလန်နှင့် ထန်ယင်တို့၏ တိုက်ပွဲ ဖြစ်၏။ ကြယ်ကြွေဓား နည်းစနစ်ကို မည်ကဲ့သို့ တန်ပြန်တိုက်ခိုက်ရမည် ဆိုသည်ကို သူ သေသေချာချာ သင်ကြားပေးထားခဲ့ပြီးဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ သူသည် နောက်ဆုံး စီစဉ်စရာရှိသည်များကို ပြင်ဆင်ရန် လိုအပ်သေး၏။
ဟုတ်ပေ၏။ ကျန်းချုံးနှင့် ကျင်းဟိုင်မြို့စားကြီးထန်လွမ်တို့သည် ကျိန်းသေပေါက် အနိုင်ရရှိပြီဟု တွေးမှာ သေချာ၏။ ထို့အပြင် ထန်ယင်သည် ဖျက်ဆီး၍ မရနိုင်၊ အနိုင်ယူ၍ မရနိုင်သည့် လူတစ်ယောက်ဖြစ်၏။ လူငယ် မျိုးဆက်အားလုံးကို တစ်စက္ကန့်အတွင်း အနိုင်ယူတိုက်ခိုက်နိုင်သည့် လူတစ်ယောက်ဖြစ်၏။ မူလန်အတွက် ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။ သို့ပေမည့် ဤအနိုင်ယူ၍မရနိုင်သော ဓားသမား၌ ပြစ်ချက်ရှိနေမည်ဟု မည်သူက ထင်မှတ်မည်နည်း။
............. ............. .............
ထန်ယွမ်နှင့် ကျင်းမူကုန်းတို့၏ အတတ်ပညာတိုက် တိုက်ပွဲမှာတော့ နိုင်ငံရေးရာနှင့် ပတ်သက်သည့် စာစီစာကုံးများ၊ ကဗျာများကို ရေးဖွဲ့ရမည်ဖြစ်၏။ ဤတိုက်ပွဲသည် သံသယရှိစရာမလိုချေ။ ကျင်းမူကုန်း ကျိန်းသေပေါက် ရှုံးနိမ့်မှာ ဖြစ်၏။
ထန်ယွင်သည် နန်းတွင်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးနှစ်၏ နန်းတွင်းစာမေးပွဲတွင်လည်း တတိယနေရာကို အပိုင်စားရယူခဲ့သည့် လူတစ်ယောက်ဖြစ်၏။ သူနှင့် ကျင်းမူကုန်း တို့၏ကြား ကွာခြားချက်ဆိုသည်မှာ မြင်းနောက်ကျောအမြင့်နှင့် ဧဝရက်တောင်ကြီးကဲ့သို့ပင် ကွာခြားလှသည်။
သို့ပေမည့် ဤဝတုတ်သည် ကယ်တင်၍ ရနိုင်သေးသည်ဟု ရှမ့်လန်က ခံစားမိ၏။ အဘယ့်ကြောင့်ဆိုသော် ကျင်းမူကုန်းက ဉာဏ်ကောင်းလွန်းသောကြောင့် မဟုတ်ချေ။ ကျင်းမိသားစု၏ မိသားစု သင်ရိုးညွှန်းတမ်းကိုပင် သေသေချာချာ ပြီးစီးအောင် ဖတ်ရှုနိုင်ခြင်း မရှိသေးချေ။ သို့ပေမည့် ကောင်းမွန်သည့် မှတ်ဉာဏ်တစ်ခုသည် စုတ်နေသည့် စုတ်တံတစ်ခုလောက် အသုံးမဝင်ဟူသော ဆိုရိုးစကားရှိသည် မဟုတ်ပါလား။
ကျင်းမူကုန်းသည် စာအုပ်များကို လေးလေးနက်နက်နှင့် မြန်မြန်ဆန်ဆန် ကူးယူနိုင်စွမ်း ရှိနေ၏။ သူ့ကို မည်ကဲ့သို့ ဖတ်ရှုရမည်ဟု သင်ကြားပေးသည်ဆိုပါက ကျိန်းသေပေါက် ဖတ်ရှုနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် အကြိမ်ပေါင်းများစွာ ကူး၍ရေးသားမည်ဆိုပါက အရာအားလုံးကို သူက မှတ်မိနိုင်စွမ်းရှိနေ၏။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူသည် စာအုပ်ပေါင်းများစွာကို ကူးရေးခဲ့၏။ ဘုရင်မင်းမြတ်ကိုယ်တိုင် ထုတ်ပေးထားသည့် ယခင်မေးခွန်းဟောင်းများကိုလည်း ရေးသားထားပြီးသား ဖြစ်၏။ ယခု အတတ်ပညာ တိုက်ပွဲတွင် ဘုရင်မင်းမြတ်သည် မေးခွန်းများကို ကြိုတင်ထုတ်ဖော်ခဲ့ပြီးသား ဖြစ်ပြီး ထိုအရာများအားလုံးကို စာအိတ်ထဲတွင်ထည့်၍ ဖယောင်းနှင့်တံဆိပ်ခတ်ထား၏။ ထို့ကြောင့် စာမေးပွဲဖြေဆိုမည့်နေ့ မတိုင်ခင်အထိ ဘုရင်မင်းမြတ်၏ မေးခွန်းကို မည်သူမှသိရှိလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရှမ့်လန်သည် ဘုရင်မင်းမြတ်၏ အမိန့်တော်များ၊ ဘုရင်မင်းမြတ်၏ လက်ရာများအားလုံးကို ဖတ်ရှုခဲ့၏။ အထူးသဖြင့် မူဝါဒသစ်နှင့် ပတ်သက်သည့် အရာများအားလုံးပင် ဖြစ်၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် အကြောင်းအရာများကို ကြိုတင်ကာ ခန့်မှန်းခဲ့ပြီးသား ဖြစ်၏။ ထို့အပြင် ဘုရင်မင်းမြတ်၏ ကိုယ်ရေးကိုယ်သွေးအရ ရှမ့်လန်သည် သူ၏ ဉာဏ်ရည်တုကို အသုံးပြုကာဖြင့် ကြိုတင်ကာ မေးခွန်းများကို ခန့်မှန်းခဲ့ပြီးသား ဖြစ်၏။
သူ၏ ယခင်ဘဝ ကောလိပ်ဝင်ခွင့်တုန်းက ဖြေဆိုခဲ့သည့် စာမေးပွဲမေးခွန်းများကိုပင် ထည့်သွင်းထားခဲ့သေး၏။ ပြီးနောက် မေးခွန်း ၁၉ ခုကို ထုတ်ဖော်ခဲ့၏။ သမိုင်းမှတ်တမ်းများအရ တရုတ်သမိုင်း၊ နိုင်ငံရေး အကြောင်းအရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သူက ဉာဏ်ရည်တုမှတစ်ဆင့် ရှာဖွေခဲ့၏။ ထို့အပြင် ကဗျာနှင့် ပတ်သက်၍ ရှမ့်လန်သည် ကဗျာပေါင်း ၁၃၀ ကို ထုတ်ဖော်ထားခဲ့၏။ ထို့အပြင် ကဗျာ၊ ဂီတ အရာအားလုံးကိုလည်း ထည့်သွင်းထားခဲ့သေးသည်။
ကျင်းမူကုန်းသည် ထိုအရာများအားလုံးကို ကူးယူ၍ မှတ်သားရမှာ ဖြစ်၏။ ထို့ကြောင့် သနားစရာ ကောင်းသော ဤဝတုတ်သည် တစ်နေ့ကို ၁၄ နာရီအသုံးပြုကာ စာအုပ်များကို ကူးယူခဲ့ရ၏။ ရှမ့်လန်၏ နည်းလမ်းသည် ယုံကြည်ရပါလေရဲ့လား။ ရိုးသားစွာ ပြောရမည်ဆိုလျှင် ယုံကြည်ရသည် မဟုတ်ချေ။
ဉာဏ်ရည်တု မှတ်ဉာဏ် AI ၏ ခန့်မှန်းချက်ကြောင့် ဖြစ်သည်ဆိုလျှင်တောင်မှ ဖြစ်နိုင်ချေက နိမ့်ပါးလွန်းလှ၏။ မျက်စိကန်းနေသော ကြောင်တစ်ကောင် ကြွက်လိုက်ရှာနေခြင်းနှင့် ဆင်တူလှ၏။ အနိုင်ရရှိနိုင်ဖို့ ဖြစ်နိုင်ချေသည် ၁၀ ရာခိုင်နှုန်းထက်ပင် မပိုချေ။ ထိုသို့ဆိုလျှင်တောင်မှ သူသည် လက်လျှော့ အရှုံးပေး၍ မဖြစ်နိုင်ချေ။
ဝတုတ် ကျင်းမူကုန်းသည် အားကောင်းသည့် အရာမျိုးတော့ရှိ၏။ ထိုအရာသည် စကား နားထောင်ခြင်းပင် ဖြစ်၏။ ကျောင်း၌ ရှိနေသည့် အသုံးမဝင်သော ကျောင်းသားတော်တော်များများသည် ဆရာ ဘာလုပ်လုပ် စိတ်မဝင်စားကြချေ။ ဆရာပြောသမျှကိုလည်း ဂရုစိုက်တတ်သည့် လူမျိုးမဟုတ်သလို လိုက်နာတတ်သည့် လူမျိုး မဟုတ်ချေ။ သို့ပေမည့် ကျင်းမူကုန်းမှာတော့ စကားနားထောင်သူဖြစ်သည်။
ထို့ကြောင့် ရှမ့်လန်သည် ကျင်းမူကုန်းအား သူရှာဖွေ ထုတ်ဖော်ထားသည့် မေးခွန်းနှင့် အဖြေများကို ယူကာဖြင့် ရေးသားခိုင်းခဲ့ခြင်း ဖြစ်၏။