← Chapters

အခန်း (၁၄၁)

Vol. 11 Ch. 141

အခန်း (၁၄၁)

Vol. 11 Ch. 141

တတိယပြိုင်ပွဲဖြစ်သည့် စစ်ပွဲအတွင်း ရွှမ်ဝူအိမ်တော်သည် လက်ရွေးစင် စစ်သည် ၁၀၀ ကို ထုတ်ရမှာဖြစ်ပြီး ကျင်းဟိုင် မြို့စားအိမ်တော်ကလည်း လက်ရွေးစင် ၁၀၀ ကို ထုတ်ဖော်ရပေလိမ့်မည်။ မြင်းတပ်ကို ဝင်ရောက် တိုက်ခိုက်ခွင့် မပေးချေ။ မြင်းတပ်သည် အလွန်ဈေးကြီး၏။ ထို့ကြောင့် သေဆုံးသွားသည်ဆိုပါက နှမြောစရာ ဖြစ်သောကြောင့်ပင်။

လက်ရွေးစင် စစ်သည် ၂၀၀ လုံးသည် မြေပြင်ကျယ်ကြီးတစ်ခုထဲတွင် မိုင်အနည်းငယ်ခြားကာ ရပ်နေမည် ဖြစ်၏။ ပြီးနောက် ရှေ့သို့တိုးတက်ကာဖြင့် တိုက်ရိုက်တိုက်ခိုက်ခြင်းကို ပြုလုပ်ရမည်။ တစ်ဖက်ခြမ်းမှာ အလုံးစုံ သေဆုံးသွားသည်အထိ သို့မဟုတ် လက်လျှော့အရှုံးပေးသည်အထိ ပြိုင်ပွဲက ဆက်လက်ဖြစ်နေပေမည်။

တော်ဝင် မျိုးနွယ်စုများကြား ဤကဲ့သို့သော တိုက်ခိုက်မှုသည် တကယ့်ကို ရုန့်ရင်းကြမ်းတမ်းလွန်းလှ၏။ ရွှမ်ဝူအိမ်တော်နှင့် ကျင်းဟိုင်မြို့စားတို့ကြား ရန်ငြိုးသည် တခြားသော စစ်သည်များကိုပင် သေဆုံးစေခဲ့၏။ တကယ့်ထိပ်တန်း စစ်တပ်နှင့် စစ်သည်များအားလုံးတို့သည် ဤတိုက်ပွဲတွင် အစမ်းသပ်ခံရမှာ ဖြစ်၏။

သို့ပေမည့် တိုက်ခိုက်ရေးစွမ်းရည်သည် အရေးမကြီးချေ။ အရေးကြီးမားသည်မှာ လက်နက်နှင့် ချပ်ဝတ်များပင် ဖြစ်သည်။

ကျင်းမူကုန်းတစ်ယောက် ပြိုင်ပွဲတွင် ရှုံးနိမ့်ခြင်းက ဖြစ်နိုင်ခြေများ၏။ ထို့ကြောင့် တတိယပြိုင်ပွဲ စစ်ပွဲသည် အရေးကြီးသည့် အရာတစ်ခု ဖြစ်လာခဲ့၏။ သို့ပေမည့် ရွှမ်ဝူအိမ်တော်သည် နှစ်ပေါင်း ၄၀ တိတိ ဤတိုက်ပွဲ၌ အနိုင်မရခဲ့ဖူးချေ။

သူတို့သည် တခြားသောသူများထက် သာလွန်ကောင်းမွန်ခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကျင်းမိသားစုတွင် ရှိနေသည့် စစ်သည်များသည် သတ္တိမကောင်း၍ မဟုတ်ချေ။ သူတို့၏ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများသည် တခြားသောသူများလောက် မကောင်းမွန်သောကြောင့်ပင်။

ကျင်းချန်ကျွန်းတွင် ရှိနေသည့် သတ္တုရိုင်း၏ အဆင့်အတန်းသည် မြင့်မားပြီး ဝမ်ကျားကျွန်းကိုပင် ဖိနှိပ်နိုင်စွမ်း ရှိ၏။ ထို့အပြင် ကျင်းဟိုင်မြို့စား၏ အိမ်တော်တွင်ရှိနေသည့် သတ္တုရည်ပြုလုပ်ခြင်းနည်းစနစ်သည် ရွှမ်ဝူအိမ်တော်ထက် ပိုမိုကာသာလွန်၏။ ၎င်းတို့ထုတ်ဖော် သွန်းလုပ်ထားသည့် ဓားများသည် တခြားသော သူများထက် ပိုမိုကထက်ရှသလို ၎င်းတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်များသည်လည်း တခြားသောသူများထက် ပိုမိုကာ အားကောင်း၏။

တကယ်တမ်း ယှဉ်ပြိုင် တိုက်ခိုက်မည်ဆိုပါက သဘာဝအားဖြင့် ရှုံးနိမ့်ပေလိမ့်မည်။ နှစ်ဖက်ကြား စစ်သည် များ၏ အားအင်ကွာခြားချက်သည် ကြီးကြီးမားမား မဟုတ်ချေ။ သို့ပေမည့် ကိုင်ဆောင်ထားသည့် လက်နက်၏ အရည်အသွေးမှာတော့ တကယ်ပင် ကွာခြားလွန်းလှချေ၏။

သို့ပေမည့် ရှမ့်လန်ရောက်လာသည့် အချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ သူ၏ဦးနှောက် ထဲတွင် မရှိသည့်အရာဟူ၍ မရှိချေ။ ပန်းပဲနည်းစနစ်နှင့် ပတ်သက်သော အရာများသည် သူ့၏ခေါင်းထဲတွင် ဖောဖောသီသီ များပြားလွန်းလှချေ၏။ သံမဏိကို မည်ကဲ့သို့ အရည်ဖျော်၍ မည်ကဲ့သို့ အဆင့်အတန်းမြင့်မြင့် သွန်းလုပ်ရမည်ဖြစ်ကြောင်း သူက ကောင်းကောင်းသိရှိသည်။

ဤလောကကြီးထဲမှာတော့ ရှမ့်လန် ပံ့ပိုးပေးထားသည့် စတီးပြုလုပ်ခြင်းနည်းစနစ်သည် တကယ့်ကို ဝက်ဝက်ကွဲ ထိပ်တန်းအဆင့်ကို ရောက်ရှိသွားခဲ့၏။ စတီးသည် သံမဏိမှ ပြုလုပ်သည့်အရာဖြစ်၏။ သံမဏိကလည်း သံမဏိပင် ဖြစ်၏။ သို့ပေမည့် ကိုင်ဆောင်ရာတွင် ပေါ့ပါးပြီး ပိုမိုကာ ထက်မြက်လွန်းလှ၏။

............. ............. .............

“သမက်တော် .... ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေနဲ့ ပုံတွေအရ ကျုပ်တို့ ချပ်ဝတ် ၁၀၀ နဲ့ ဓားမော့ ၃၀၀ လောက်ကို ပြည့်စုံအောင် သွန်းလုပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီပစ္စည်းတွေကို အပြင်ကို မထုတ်သေးဘူး။ ဒါတွေက သိုဝှက်ထားမယ့်အရာတွေ မဟုတ်လား” ကျင်းဟွေ့က သတင်းပို့လိုက်လေ၏။ ပြီးနောက် သူသည် ဓားမော့တစ်ချောင်းကို ကမ်းပေးလိုက်သည်။

ရွှမ်ဝူသည် ဓားမော့ကို အသာယူပြီးနောက် ယခင်ကနှင့် အလုံးစုံခြားနားလျက် ရှိနေကြောင်း ရှာဖွေတွေ့ရှိ လေ၏။ ပထမဦးဆုံး ဓားမော့ပေါ်တွင် ရှိနေသည့် အရေးအကြောင်းများပင် ဖြစ်၏။ ဒုတိယအားဖြင့် ဓားမော့သည် အပြာရောင် အလင်းတန်းများဖြင့် တောက်ပလျက်ရှိ၏။

ကျင်းဟွေ့သည် ဓားမော့ကို အသာယူကာဖြင့် ပြောလိုက်သည်။ “သခင်ကြီး.. ဒါက ကျင်းဟိုင်မြို့စားအိမ်တော်က ဓားမော့တစ်ချောင်းပါပဲ။ ဒါကို စမ်းကြည့်ပါအုံး”

ရွှမ်ဝူသည် သူ၏လက်ထဲတွင် ရှိနေသည့် ဓားမော့နှင့် ခုတ်ပိုင်းလိုက်၏။

ချလွမ်

ရုတ်တရက် ကျင်းဟိုင်မြို့စားအိမ်တော်၏ ဓားမော့သည် ကျိုးကျသွား၏။ ရွှမ်ဝူအိမ်တော်၏ ဓားမော့ အသစ်မှာတော့ အနည်းငယ်သော ခြစ်ရာလေးသာလျှင် ရှိသည်။

“တကယ့်ကို ဓားမော့ကောင်း တစ်ချောင်းပဲ။ အံ့ဩသင့်စရာပဲ” ရွှမ်ဝူက ပြောလိုက်၏။

ဓားမော့၏ တိုက်ခိုက်မှုစွမ်းရည်သည် ယခင် ရွှမ်ဝူအိမ်တော်၏ တိုက်ခိုက်ရေးဓားမော့များထက် ပိုမိုကာ အားကောင်းလွန်းနေခဲ့၏။ ယခင် ကျင်းဟိုင်မြို့စား၏ ဓားမော့နှင့် နှိုင်းယှဉ်မည်ဆိုလျှင်ပင် ပိုမိုကာ အားကောင်း လာခဲ့သည်။

ကျင်းဟွေ့သည် နောက်ထပ် ချပ်ဝတ်နှင့် လက်နက်များကို ယူဆောင်လာခဲ့၏။ ထိုချပ်ဝတ်ကို သစ်သားရုပ်ထု တစ်ခုပေါ်၌ အသာစွပ်ပေးလိုက်၏။ “ဒါက ကျင်းဟိုင်မြို့စားအိမ်တော်ရဲ့ ချပ်ဝတ်ပါပဲ။ အရင်ချပ်ဝတ်တွေထက် သူတို့က ပိုပြီးတော့ မာကျောအောင် ပြုလုပ်ထားခဲ့တယ်”

ရွှမ်ဝူသည် အားအများအပြား မသုံးချေ။ သို့ပေမည့် သာမန်စစ်သည်တစ်ယောက်၏ အားအင်မျိုးကို ထုတ်ဖော်ကာဖြင့် ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်ပြန်သည်။

ခလွပ် …။

အကျိုးသက်ရောက်မှုက အံ့ဩသင့်စရာပင် ဖြစ်လေသည်။ ကျင်းဟိုင်မြို့စားကြီး၏ ချပ်ဝတ်သည် နှစ်ပိုင်း ပိုင်းပြတ်ခြင်းကို ခံလိုက်ရ၏။ စာရွက်ကို ပိုင်းဖြတ်သကဲ့သို့ ညီညီညာညာ ပြတ်တောက်သွားခြင်း မဟုတ်သော်လည်း ပိုင်းပြတ်သွားခြင်းမှာတော့ ပိုင်းပြတ်သွားခြင်းပင်။

ရွှမ်ဝူသည် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားမိ၏။ ဤဓားမော့သည် တကယ့်ကို ထက်ရှပြီး အားကောင်း လွန်းလှချေ၏။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ ဟုတ်ပေ၏။ သံမဏိ နှင့်သံ မာကျောမှုသည် တူညီသည့်အဆင့်တွင် ရှိသည် မဟုတ်ချေ။ ထို့အပြင် သေသေချာချာနှင့် ထပ်မံကာ သွန်းလုပ်မည်ဆိုပါက စတီး၏ မာကျောမှုသည် ပိုမိုကာ တိုးလာမှာ ဖြစ်၏။

ပြီးနောက် ကျင်းဟွေ့သည် ရှမ့်လန်ဖန်တီးထားသည့် ချပ်ဝတ်အသစ်ကို ထုတ်ယူလိုက်၏။ ဤချပ်ဝတ်ကို သစ်သားရုပ်ထုပေါ်တွင် အသာစွပ်လိုက်ပြန်သည်။

ရွှမ်ဝူသည် ကျင်းဟိုင်မြို့စားအိမ်တော်၏ ဓားမော့ကို ကောက်ယူပြီးသည့်နောက် သစ်သားရုပ်ထုကို စွပ်ထားသည့် ချပ်ဝတ်အား ဓားနှင့် ခုတ်ပိုင်းလိုက်၏။

ချလွမ် ချလွမ်

မီးပွင့်များ ထွက်ပေါ်လာခဲ့၏။ ရှမ့်လန် ဖန်တီးထားသည့် ချပ်ဝတ်အသစ်၏ ချပ်ဝတ်အသစ်၏ ကိုယ်ပေါ် မှာတော့ အရာလေးတစ်ခုသာလျှင် ကျန်ရှိခဲ့၏။ တစ်ချက်ကလေးမှ ကွဲအက်သွားခဲ့ခြင်း မရှိချေ။ ကျင်းဟိုင်မြို့စား အိမ်တော်၏ ဓားမော့မှာတော့ ကွေးကောက်သွားခဲ့၏။ အံ့ဩသင့်စရာကောင်းလှချေ၏။ တကယ်လည်း အားကောင်းလှ၏။ စတီးဓားမော့နှင့် စတီးချပ်ဝတ်တို့သည် ရန်သူများအတွက်တော့ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးပင် ဖြစ်ပေလိမ့်မည်။

ရွှမ်ဝူမြို့စားကြီးသည် ရှမ့်လန်ကို မယုံကြည်နိုင်သလို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ သမက်တော်သည် တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းသလို အရာအားလုံးကို သိရှိလို့နေခဲ့၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ဆိုးဆေးနည်းပညာများကို သိရှိသည်လောက်မပြောနှင့် တကယ့်ကို ကျွမ်းကျင်ပြီး ထိပ်တန်းကျလွန်းသော ပန်းပဲနည်းစနစ်များကိုပင် သိရှိလျက်ရှိနေ၏။ ဤအရာသည် မိုးကောင်းကင်မှ သူ့အတွက် ပေးအပ်လိုက်သည့် ကောင်းချီးမင်္ဂလာပင် ဖြစ်နေလေသည်လား။

ချပ်ဝတ်အသစ်နှင့် ဓားမော့အသစ်များသည် စစ်ပွဲတွင် သံသယရှိစရာ မလိုပါဘဲ အောင်မြင် ကျော်ကြားလာမှာ သေချာ၏။ သုံးပွဲတွင် နှစ်ပွဲအနိုင်ယူနိုင်ပြီဖြစ်၏။ ထိုသို့ဆိုလျှင် ရွှမ်ဝူအိမ်တော်သည် အနိုင်ရပြီဖြစ်၏။ ရွှမ်ဝူအိမ်တော် ရှုံးနိမ့်သွားလိမ့်မည်ဟု အားလုံးက ထင်မှတ်မိသည့်အချိန်တွင် အဖြေရလဒ်က ပြောင်းပြန်လှန်သွားမည်ဆိုပါက မည်သို့ဖြစ်မည်နည်း။

............. ............. .............

ရှမ့်လန်သည် မြေပုံကို ထုတ်ယူလိုက်၏။ “ကျင်းချန်ကျွန်းတိုက်ပွဲအတွက် ကျုပ်တို့ အနိုင်ယူနိုင်ရမယ်။ ဒါပေမဲ့ စစ်တုရင် ကစားသမားတစ်ယောက်က ချက်ချင်းအနိုင်ရရှိမှုကိုပဲ မျှော်တွေးနေလို့မရဘူး။ ဒုတိယ ခြေလှမ်း၊ တတိယ ခြေလှမ်း၊ စတုတ္ထ ခြေလှမ်း အရာအားလုံးကို ကြိုပြီး ပြင်ဆင်ထားမှ ဖြစ်လိမ့်မယ်။

ကျန်းချုံးဘက်က လှုပ်ရှားလာမယ့် အရာတွေကိုလည်း စဉ်းစားထားရမယ်။ ကျန်းချုံးရဲ့လှုပ်ရှားမှုကိုတွေ မကာကွယ်နိုင်ဘူးဆိုရင် ကျုပ်တို့က ကျိန်းသေပေါက်နိုင်မှာ မဟုတ်ဘူး။ ကျင်းချန်ကျွန်းတိုက်ပွဲမှာ ကျုပ်တို့ ရှုံးနိမ့်မယ်လို့ အားလုံးသောသူတွေက တွေးထားခဲ့တယ်။ ဒါက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ။ ဆိုလိုတာက ရန်သူတွေက နောက်ထပ်ခြေလှမ်းဖို့အတွက် အစီအစဉ်ရှိမှာ မဟုတ်တော့ဘူး”

ဒီတော့ ကျုပ်တို့က စတာနဲ့ ခုခံတာကနေ တိုက်ခိုက်တာကို တစ်ခါတည်း ပြောင်းလိုက်မယ်။ ပြီးမှ ရန်သူကို ဟန်ချက်ပျက်တဲ့ အခြေအနေဆီ ရောက်အောင် တွန်းပို့လိုက်မယ်။ ဒီတော့ ကျင်းချန်ကျွန်းတိုက်ပွဲအတွက် ကျုပ်တို့က အနိုင်ယူနိုင်ရုံတင် မဟုတ်ဘူး။ တစ်ခါတည်း ကျန်းချုံးကို အနိုင်ယူနိုင်ဖို့အတွက် ပြင်ဆင်ထားရမယ်။

ပြီးတော့ ရွှမ်ဝူအိမ်တော်က မူဝါဒသစ်ရဲ့ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကျင်းချန်ကျွန်း တိုက်ပွဲကို အနိုင်ယူပြီးတဲ့နောက်မှာ ကျုပ်တို့ရဲ့ ရှိရှိသမျှ အရင်းအမြစ်တွေအားလုံးကို အသုံးပြုပြီး တတိယခြေလှမ်း၊ ဒုတိယခြေလှမ်း၊ စတုတ္ထခြေလှမ်းဆိုပြီး လှမ်းသွားရမယ်။

ဒုတိယခြေလှမ်းကတော့ ကျုပ်က ဝမ်ကျားကျွန်း ဗျူဟာလို့ ခေါ်တယ်။ ဒီအဆင့်မှာ ကျုပ်တို့က ပုန်းကွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒုတိယအခြေလှမ်းရဲ့ မျက်နှာပြင်ထက်မှာ ကျုပ်တို့က ပိုက်ဆံ ရှာဖွေဖို့ပဲ။ ဝမ်ကျားကျွန်းက ရွှေတွင်းဖြစ်အောင် ဖန်တီးရလိမ့်မယ်။ ပိုက်ဆံတွေကိုလည်း ရှာရမယ်။ ဒါမှ ကျုပ်တို့ရဲ့ အကြွေးတွေကို ဖြေရှင်းနိုင်မှာလေ။

တတိယအခြေလှမ်းရဲ့ အရာကတော့ ကျုပ်က ဝက်သတ်ခြင်း မဟာဗျူဟာလို့ ခေါ်တယ်။ ဒီလို အရေးအကြောင်း အခြေအနေမျိုးမှာ ဝမ်ကျားကျွန်းက ထောင်ချောက်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ ရန်သူတွေအားလုံးကို အဲ့ကိုရောက်အောင် ဆွဲဆောင်လိမ့်မယ်။ ပြီးရင် အဲ့နေရာမှာ ထောင်ချောက်ဆင်ပြီး ဖမ်းရမယ်။ သတ်ပစ်မယ်။

စတုတ္ထအဆင့်ကတော့ ကျုပ်က မုန်တိုင်းမဟာဗျူဟာလို့ခေါ်တယ်။ ပင်လယ်ပြင်တစ်ခုလုံးအတွက် အရှေ့ဘက် ပင်လယ်မဟာဗျူဟာလို့လည်း ခေါ်ရမှာပေါ့။ ဒီစတုတ္ထခြေလှမ်းသာ အောင်မြင်သွားမယ်ဆိုရင် ကျုပ်တို့က ကျန်းချုံးကို အနိုင်ယူနိုင်ရုံတင် မကဘူး။ ရွှမ်ဝူအိမ်တော်ပေါ် ကျရောက်နေတဲ့ မူဝါဒသစ်ရဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်။ အဲဒီကနေစပြီး ဘုရင်မင်းမြတ်ရဲ့ မူဝါဒသစ်နှင့် ပတ်သက်ပြီး ကျုပ်တို့က စိတ်ပူစရာ မလိုတော့ဘူး။ အခြေအနေကို ခံစစ်ကနေပြီးတော့ တိုက်စစ်အဖြစ်တောင် ပြောင်းလဲနိုင်လိမ့်မယ်”

အားလုံးသောသူတို့သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်လို့နေကြ၏။ သို့ပေမည့် ရွှမ်ဝူသည် ရှမ့်လန်၏ နောက်ထပ်ပြုလုပ်မည့် မဟာဗျူဟာခြေလှမ်းများအကြောင်းကို ကောင်းကောင်း နားလည်လို့ နေ၏။ တချို့သောအရာများသည် အသေးစိတ် အချက်အလက်များ ပါဝင်နေသောကြောင့် ရှမ့်လန်သည် ထိုအရာအားလုံးကို သူ၏ယောက္ခထီးထံ စာရေးသားကာ သတင်းပေးပို့ခဲ့ပြီးသား ဖြစ်၏။

ထိုအရာ၏ ဖန်တီးမှုသည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်း၏။ အသေးစိတ် တွက်ချက်မှုများလည်း ပါဝင်လျက် ရှိနေ၏။ ရွှမ်ဝူသည် ထိုစာတန်းကို ဖတ်ရသည့်အချိန်မှာတော့ အံ့ချီးနပန်းဖြစ်လို့ နေခဲ့၏။ တကယ့် မဟာဗျူဟာသမားများထက် ခြေတစ်လှမ်းဦးကာ လှမ်းနိုင်သည့် အစီအစဉ်မျိုးပင်။

ရှမ့်လန်သည် ခြေတစ်လှမ်းလှမ်းပြီးသည့်နောက် နောက်ထပ်ခြေလှမ်း လေးလှမ်းအတွက်ပင် ကြိုတင် စီစဉ်ခဲ့ပြီးသား ဖြစ်သည်။

တခြားသောသူများ ကျင်းချန်ကျွန်းတိုက်ပွဲအတွက် စီစဉ်လျက်ရှိနေတုန်းမှာပဲ သူသည် ကျန်းချုံးကို နိုင်ငံရေးသင်္ချိုင်းထဲသို့ တွန်းပို့ရန်ပင် စီစဉ်ထားခဲ့ပြီး ဖြစ်၏။

ဤအချိန်မှာတော့ ရွှမ်ဝူအိမ်တော်မှ ရွှမ်ဝူမြို့စားကြီးနှင့် ဆရာအိုကြီးလင်းတို့၏ စိတ်ထဲတွင် စကားလုံးတစ်ခုတည်းသာရှိ၏။ သမက်တော်သည် တကယ့် မိစ္ဆာပင်ဖြစ်သည်။ သူတို့၏ သမက်တော် ဖြစ်နေခြင်းက ကံကောင်းသည်။ ကျန်းချုံး၏ သမက်ဆိုပါက သူတို့အားလုံး အရိုးပင်ဆွေးနေလောက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. လောကကြီးမှာ တကယ့်ကို ပြည့်စုံတဲ့ မဟာဗျူဟာဆိုတာ မရှိဘူး။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ကျုပ်တို့ရဲ့ လေ့ကျင့်မှုပေါ်မှာ မူတည်တာပေါ့။ ဒီမဟာဗျူဟာ လေးခုအရ ဆိုရင် အကောင်းဆုံး ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျုပ်တို့က ပြုပြင်လို့ လွယ်အောင်လို့ လုပ်ထားရအုံးမယ်။ အကောင်းဆုံးကတော့ လေ့ကျင့်မှုပဲ”

ရွှမ်ဝူက ပြောလိုက်သည်။ “လန်အာ.. နောက်ဆိုရင် ရွှမ်ဝူအိမ်တော်ကို မင်း ဦးဆောင်နိုင်တယ်။ ငါ အပါအဝင် ကြိုက်တဲ့လူကို မင်း ခိုင်းစေလို့ရတယ်”

“ကောင်းပါပြီ”

ရှမ့်လန်က ပြောလိုက်၏။ “အရေးကြီးဆုံးက ကျင်းချန်ကျွန်းရဲ့ တိုက်ပွဲပဲ။ ဒီမှာ တိုက်ပွဲသုံးခု စလိမ့်မယ်။ ကျုပ်တို့အနေနဲ့ အနိုင်ယူရဖို့ သေချာသလောက်နီးပါး ရှိတယ်ဆိုပေမဲ့ ရှိရှိသမျှ အားကုန်ထုတ်ပြီး တိုက်ခိုက်မှ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီကျင်းချန်ကျွန်းတိုက်ပွဲက ကျုပ်တို့ ရွှမ်ဝူအိမ်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် တိုက်ပွဲဖြစ်လို့ပဲ။

ပထမဦးဆုံး ခြေလှမ်းသာ ရှုံးသွားမယ်ဆိုရင် နောက်ထပ်စီစဉ်ထားတဲ့ ခြေလှမ်းတွေအကုန်လုံးက အဓိပ္ပာယ် မဲ့သွားလိမ့်မယ်။ ကျင်းမိသားစုရဲ့ နှစ်ပေါင်းရာချီရှိ ရှိခဲ့တဲ့ အခြေခံအားလုံးကလည်း ပျက်စီးသွားလိမ့်မယ်။ ကျင်းချန်ကျွန်းကို အနိုင်ရရှိခြင်းဆိုတာ ကျုပ်တို့ရန်သူတွေရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ပိတ်ရိုက်ခြင်းပဲ။ ပြီးတော့ သူတို့နှလုံးသားကို ဓားနဲ့ထိုးထားသလို နာကျင်စေလိမ့်မယ်။ သူတို့ရဲ့စိတ်တွေ အကုန်လုံးကို ခြောက်ခြားပြီး ပျက်စီးသွားအောင် ပြုလုပ်လိုက်ကြမယ်။ ပြီးရင် သူတို့အားလုံး တုန်လှုပ်၊‌ ခြောက်ခြား ၊ သွေးပျက်ကုန်လိမ့်မယ်။ ကျုပ်ကို မြင်တာနဲ့ သွေးဆုံးကိုင်သလို ဖြစ်သွားရမယ်”

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ အလောတကြီးနှင့် လျှောက်လှမ်းလာသည့် အသံများကို ကြားလိုက်ရ၏။ ကျင်းကျုံးသည် သတင်းပို့လိုက်၏။ “သခင်လေး... ရှစ်ချင်းချင်းက သခင်လေးကို တွေ့ချင်လို့တဲ့။ အရေးကြီးတယ်လို့ ပြောပါတယ်”

ရွှမ်ဝူနှင့် တခြားသောသူများသည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့၏။ ရှစ်ချင်းချင်းသည် သေဆုံးသွားပြီ မဟုတ်ပါလား။

ရှမ့်လန်သည် ကြိတ်ကာ သက်ပြင်းချလိုက်၏။ ဤအမျိုးသမီးသည် တကယ် မသေသေးချေ။ သူသည် အထူးနည်းလမ်းများကို အသုံးပြု၍ ဆိုးဆေးနည်းပညာ၏ အနောက်ဘက်တွင် သတိပေးစာတစ်ခုကို ရေးသားခဲ့၏။ ရှစ်ချင်းချင်း သေသွားသလား၊ မသေသွားသလားဆိုသည်ကို သူ သေသေချာချာတော့ မသိရှိချေ။

............. ............. .............

မိနစ်အနည်းငယ်ကြာပြီးနောက် ရှမ့်လန်သည် ရှစ်ချင်းချင်းကို တွေ့ဆုံခဲ့၏။ မတူညီသည့် လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်။ သူမသည် ခန္ဓာကိုယ်တစ်ခုလုံး ပိန်ကျသွားခဲ့၏။ ယခင်တုန်းက ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကြည့်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်လည်း လက်ရှိအခြေအနေမှာတော့ မိုးမခပင်ကဲ့သို့ပင် ဖြစ်၏။

သို့ပေမည့် သူမသည် စိတ်ဓာတ်တကျတော့ ဖြစ်မနေချေ။ ထိုအစား စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးကဲ့သို့ တောက်လောင်လျက်ရှိနေပြီး အလုံးစုံ ရူးသွပ်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။

“ရှမ့်လန်... ပင်လယ်ဓားပြ ချောင်ရှောင်းက လူတွေကို စေလွှတ်ပြီး ရှင်တို့မိသားစုရဲ့ ပိုင်နက်နယ်မြေထဲမှာ ရှိတဲ့ ရေတွင်းတွေကို အဆိပ်ခတ်နေတယ်။ ဒါအကုန်လုံးကို ရောဂါကူးစေမယ့်အရာပဲ။ လွန်ခဲ့တဲ့ လေးနာရီတည်းက သူတို့က ရွာသီးသီးမှာ ရှိနေတဲ့ ရေတွင်းရှစ်တွင်းကို အဆိပ်ခတ်ခဲ့ပြီးပြီ။ ပြီးတော့ သူတို့ ကျွန်မကို တွေ့ခဲ့ကြတယ်။ ကျွန်မ ဘယ်သူလဲဆိုတာလည်း သူတို့သိသွားတယ်”

ရှမ့်လန်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ကြက်သီးမွှေးညင်းများပင် ထသွားခဲ့၏။ ချောင်ရှောင်း၏ အပြုအမူသည် တကယ့်ကို လူမဆန်ချေ။ သူသည် ချက်ချင်းပင် အမိန့်ပေးလိုက်၏။ “ကျင်းဟွေ့.. လူတွေကို ခေါပြီးတော့ အဲဒီပင်လယ်ဓားပြတွေကို သွားသတ်လိုက်ကြ။ အင်း သူတို့ကို ခြေတစ်လှမ်းမှ ထပ်မလှမ်းစေနဲ့။ ဘယ်ရေတွင်းတွေကို အဆိပ်ခတ်ပြီးပြီလဲဆိုတာလည်း သေသေချာချာ ရှာဖွေခဲ့။ ပထမဦးဆုံး ရေတွေထဲကို သံပုရာရည်တွေ ညှစ်ထည့်လိုက်။ ပြီးတော့ ဒီရေတွင်းတွေအကုန်လုံးကို ပိတ်လိုက်။ ကျန်တဲ့ ရေတွင်းအသစ်တွေကို တူးဖော်ပြီးတော့ အသုံးပြုဖို့ စီစဉ်ပေးလိုက်”

“ကောင်းပါပြီ” ကျင်းဟွေ့သည် အမိန့်ကို နာခံပြီး ထွက်ခွာသွားခဲ့သည်။

မူလန်သည် အပြင်ဘက်သို့ လျှောက်ထွက်သွားကာ ပြောလိုက်၏ “ယောက်ျား... ကျွန်မ သူနဲ့ လိုက်သွားလိုက်မယ်”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။

မူလန်သည် ထွက်ခွာသွားခဲ့လေ၏။ အစမှအဆုံးထိ သူမသည် ရှစ်ချင်းချင်းကို မကြည့်ခဲ့ချေ။ ရုတ်တရက် ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့သာလျှင် အခန်းထဲတွင် ကျန်ရှိခဲ့၏။ ဤနှစ်ယောက်သည် လင်မယားဟောင်းများပင် ဖြစ်၏။

............. ............. .............

ဤအချိန်မှာတော့ ရှစ်ချင်းချင်းသည် တကယ့်ကို မောက်မာဝင့်ကြွားသည့် ပုံစံမျိုး ရှိ၏။ သူမသည် ကျောကိုမတ်၊ လည်ပင်းကိုမော့ကာဖြင့် အချိန်မရွေး တိုက်ခိုက်တော့မည့် ကြက်မလေးကဲ့သို့ပင်။ သူမ မည်သူကို တိုက်ခိုက်ရမည်နည်း။ ဟုတ်ပေ၏။ ရှမ့်လန်ကို တိုက်ခိုက်ရပေလိမ့်မည်။

လက်ရှိအခြေအနေတွင် သူမသည် အားနည်းလျက် ရှိနေသည်ဆိုလျှင်တောင်မှ မိမိကိုယ်ကိုယ် ယုံကြည်မှုကတော့ အလွန်မြင့်မား၏။ ထို့အပြင် သူမသည် အပေါ်စီးမှ တည်ရှိနေသည်ဟု ခံစားမိ၏။ သူမ၏ သတင်းအချက်အလက်များသည် ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် လူတော်တော်များများကို ကယ်တင်ပေးနိုင်ခဲ့ပြီဖြစ်၏။ ထို့အပြင် သူမသည် သူမ၏အားအင်အစစ်နှင့် ပင်လယ်ဓားပြ ငါးယောက်တို့ကို သတ်ဖြတ်ခဲ့၏။ ရှမ့်လန်သည် အလွန်ဉာဏ်ကောင်းလှသည်ဆိုလျှင်တောင်မှ သူမကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ထူးမခြားနားလို့ ပြောလိုက်၏။ “ရှစ်ချင်းချင်း.. ခင်ဗျား တစ်စုံတစ်ယောက်ကို သတ်ခဲ့တာလား”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှစ်ချင်းချင်းက တုန်လှုပ်သွား၏။ သူ ... သူမည်သို့မြင်ခဲ့သနည်း။ ရှမ့်လန်သည် ဤမျှဉာဏ်ကောင်းလေသလား။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့မျက်လုံးတွေက ရူးသွပ်နေတယ်။ ခင်ဗျားရဲ့ ပါးစပ်ထောင့်မှာလည်း သွေးတွေ ရှိတယ်။ ဒါက ဒဏ်ရာအသစ်တစ်ခုပဲ”

ရှစ်ချင်းချင်းသည် မိမိစိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။ “ကျွန်မ လက်စားချေချင်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ ကျန်းချုံးနဲ့ ကျန်းကျင်းတို့ကို ဖျက်ဆီးချင်တယ်။ ဒီသားအဖကို မြှုပ်စရာ နေရာမရှိဘဲ သေသွားတာမျိုးဆို ပိုကောင်းမယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှင်လုပ်ပေးနိုင်မလား”

“အင်း”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျား ဘာတွေပေးဆပ်မှာလဲ”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကြိုက်တာပြော”

ရှမ့်လန်သည် သူမကို ကြည့်ရှုကာဖြင့် တစ်မျိုးပြောလိုက်၏။ “တကယ်လား .... ဘာမဆိုလား”

All Chapters