← Chapters

အခန်း (၁၄၂)

Vol. 11 Ch. 142

အခန်း (၁၄၂)

Vol. 11 Ch. 142

ရှစ်ချင်းချင်းသည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူမ၏ ခါးစည်းကို အသာဖြေချလိုက်၏။ အတွင်းတွင် အောက်ခံအတွင်းခံသာလျှင် ကျန်ရှိတော့၏။ သူမ၏ အသားအရေသည် နှင်းလိုပင် ဖြူဖွေးလျက်ရှိနေ၏။ “ကျွန်မ ပြောပြီးသား။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ သမက်တော် ရှမ့်လန် … ရှင် ကျွန်မခန္ဓာကိုယ်ကို အခုလိုချင်တယ် ဆိုရင်တော့ အခုချက်ချင်း ကျွန်မ ရှင့်အတွက် ပေါင်ကားပေးထားလိုက်မယ်”

ရှစ်ချင်းချင်းသည် စကားလုံး တစ်ခုချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်သည်။

ရှမ့်လန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ ခင်ဗျားကို ကြည့်ရတာ မလေးနက်သေးဘူး”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဒါဆိုရင် ရှင်လှဲနေလိုက်လေ ကျွန်မ ရှင့်ပေါ်တက်ခွရမလား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ခင်ဗျား ရေမချိုးခဲ့တာ ဘယ်နှစ်ရက်လောက် ကြာပြီလဲ”

ရှစ်ချင်းချင်းက ကြောင်အသွား၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း.. နှစ်ရက်ခွဲလောက်တော့ ရှိပြီ။ ဘာဖြစ်လို့လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား နှစ်ရက်ခွဲတောင်မှ ရေမချိုးရသေးဘူး ဟုတ်လား။ ဒါဆို ခင်ဗျားရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့က နံဟောင်နေမှာပေါ့။ ဘယ်လိုဖြစ်ပြီး ခင်ဗျား ဒီလိုနေနိုင်ရတာလဲ။ ခင်ဗျား ဒါကို လေးနက်တယ်လို့ ဆိုနေသေးတာလား။ ကျုပ်ကို ဆွဲဆောင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ဖို့သင့်တာပေါ့”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှစ်ချင်းချင်းသည် ဒေါသထွက်သွားခဲ့သည်။ “ရှမ့်လန်... ကျွန်မ ရှင့်ကို သတ်မယ်”

ပြီးနောက် သူမသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ “ဘယ်မှာလဲ ရေချိုးခန်း။ အခုချက်ချင်း သွားချိုးလိုက်မယ်”

ရှမ့်လန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “မလိုဘူး မလိုဘူး။ ခင်ဗျား ရေချိုးစရာမလိုတော့ဘူး။ ကျုပ်ကလည်း ကျုပ်ရဲ့ခန္ဓာကိုယ်ကို ခင်ဗျားကို ပေးမှာ မဟုတ်ဘူး။ ခင်ဗျားအနေနဲ့ နေရာတစ်ခုဆီ သွားဖို့လိုလိမ့်မယ်။ ပြီးတော့ တစ်စုံတစ်ယောက်ကို သွားပြီးဆွဲဆောင်ဖို့လိုမယ်”

ရှစ်ချင်းချင်းသည် ကျောရိုးမတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ ဤစကားစုသည် သူမ ထင်မှတ်ထားသည့် အကြောင်းအရာများနှင့် ကွာခြားလွန်းနေခဲ့၏။ သူထင်မှတ်ထားသည်မှာ ရှမ့်လန်သည် သူမကို ဘေးနားတွင် ထား၍ ကျေးကျွန် သို့မဟုတ် တစ်စုံတစ်ခုအဖြစ် အသုံးပြုလိမ့်မည်ဟု ထင်မှတ်ခဲ့လေ၏။ ယခုကဲ့သို့ စေခိုင်းပေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။ ရှမ့်လန်၏အတွေးများသည် လိုက်မမီနိုင်အောင် မြင့်မားလွန်းလှ ချေ၏။

“ဘယ်နေရာကိုလဲ။ ဘယ်သူ့ကို သွားပြီးဆွဲဆောင်ရမှာလဲ” ရှစ်ချင်းချင်းက မေးလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “နုရှောင့်မြို့ကို သွားရမယ်။ ပြီးတော့ ပင်လယ်ဓားပြချောင်ထျန်းဝေရဲ့ အကြီးဆုံးသမီး ချောင်ယောင်းအာဆီ သွားပြီး ဆွဲဆောင်ရမယ်”

………..

နုရှောင့်မြို့တော်၏ သခင်မလေး ချောင်ယောင်းအာ - သူမသည် ရွှဲ့ပြည်နယ် အရှေ့ဘက်ပင်လယ်၏ အရေးကြီးဆုံးသော လူတစ်ယောက်လည်း ဖြစ်၏။ ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် နုရှောင့်မြို့၏ မြို့တော်ဝန် (နယ်စားကြီး) အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပြီး ချမ်းသာကြွယ်ဝမှုများစွာဖြင့် နေထိုင်လျက်ရှိ၏။

ပင်လယ်ပြင်တွင် ရှိနေသည့် ပြုလုပ်စရာ ကိစ္စအားလုံးအား သူ၏ သားနှင့်သမီးကို လွှဲအပ်ထား၏။ ချောင်ရှောင်းနှင့် ချောင်ယောင်းအာတို့ပင် ဖြစ်၏။ ဤပင်လယ်ဓားပြ မောင်နှမနှစ်ယောက်တို့သည် ပင်လယ်ပြင် မိုင်သန်းနှင့်ချီကို လှည့်လည်သွားလာလျက် ရှိနေပြီး လူပေါင်းများစွာတို့သည် သူတို့၏ နာမည်ကို ကြားသည်နှင့် ကြောက်လန့်တက်ကြ၏။ မိန်းမတော်တော်များများတို့သည် ချောင်ရှောင်း၏ လက်ထဲတွင် သေဆုံးခဲ့၏။ ဘာကြောင့်ဆိုသော် သူသည် မိန်းမပေါင်းများစွာတို့ကို မိမိကိုယ်ကိုယ် သတ်သေချင်လောက်သည်အထိ နှိပ်စက်သောကြောင့်ပင်။

သာမန်ယောကျာ်းများသည် ချောင်ယောင်းအာ၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြ၏။ ထို့အပြင် သူမ၏ ယောကျာ်းများကို နှိပ်စက်သည့် နည်းလမ်းသည် ငရဲကြီးရှစ်ထပ်ဆီသို့ ရောက်ရှိသွားသည်ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အသက်ရှင်သန်နေထိုင်ရသည်က မကောင်းမွန်တော့ဘဲ မြန်မြန်ဆန်ဆန် သေဆုံးသွားခြင်းကို လိုချင်တောင့်တနေမည့် အရာမျိုးပင်ဖြစ်၏။ တကယ့်ကို နာကျင်ဖွယ်ရာ ကောင်းလှသည်။

ဤအမျိုးသမီးသည် သေခြင်းတရား၏ နတ်မိမယ်ပင် ဖြစ်၏။ ချောမောလှသည့် လူများကို မြင်ရသည့် အချိန်တွင် ထိုသူများကို မနှစ်သက်ချေ။ ထိုသူကဲ့သို့သော သူများကို တစ်ခါတည်း သတ်ဖြတ်ပစ်တတ်၏။ ရုပ်ဆိုးလှသည့် လူတစ်ယောက်ကို မြင်ရသည့် အချိန်တိုင်းတွင်လည်း သူမက သတ်ဖြတ်ပစ်တတ်ပြန်၏။ သာမန်လူတစ်ယောက်ကို မြင်ရသည့်အချိန်၌လည်း သူမသည် မနှစ်သက်ပြန်ချေ။ သို့ပေမည့် သတ်ဖြတ် ပစ်တတ်ပြန်၏။

မှန်ပေ၏။ သူမသည် ယောကျာ်းများကို တကယ့်စိတ်ထဲက မုန်းတီးနေခြင်းပင် ဖြစ်၏။ ခြွင်းချက်မဲ့ အမျိုးသားဟူ၍ နှစ်ယောက်တည်းသာ လျှင်ရှိ၏။ တစ်ခုသည် သူမ၏ အဖေဖြစ်ပြီး တခြားသော သူမှာတော့ သူမ၏ နောက်လိုက်များသာ ဖြစ်၏။ သူမ၏ လက်အောက်တွင် ယောကျာ်းနှင့် မိန်းမ၊ အမျိုးသားနှင့် အမျိုးသမီးပေါင်းများစွာ တည်ရှိပြီး ထိုအရာများအားလုံးကို ညီတူညီမျှ ဆက်ဆံ၏။ သူမ၏ ကိုယ်ပိုင် ခြေလက်ကဲ့သို့ပင် သဘောထားပြီး ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံတတ်သည်။

ထို့ကြောင့် သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ သိုင်းပညာတွင် အလွန်ကို အဆင့်မြင့်မြင့်နှင့် ကျွမ်းကျင်လွန်းပြီး နုရှောင့်မြို့၏ ဂုဏ်ကျက်သရေကို ထွန်းပြောင်အောင် ထွန်းညှိ ပေးထားသည့် လူတစ်ယောက်လည်း ဖြစ်၏။ သူမသည် သခင်လေး ချောင်ရှောင်းနှင့် နှိုင်းယှဉ်နိုင်သည့် လူဖြစ်၏။ နှစ်ယောက်လုံးသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေပြီး နုရှောင့်မြို့၏ ဆက်ခံသူအဖြစ် ရာထားခြင်းခံထား၏။

ဤလောကကြီးထဲရှိ အမျိုးသမီးများသည် မိသားစု၏အမွေကို ဆက်ခံရယူခွင့် မရှိကြချေ။ သို့ပေမည့် ပင်လယ်ဓားပြများမှာတော့ ထိုကဲ့သို့သော စည်းမျဉ်းစည်းကမ်း မရှိချေ။ ခေါင်းဆောင်သည် အားအကောင်းဆုံးသော လူပင် ဖြစ်ပေလိမ့်မည်။ ဤချောင်ယောင်းအာသည် သတ်ဖြတ်ခြင်း နတ်မိမယ်တစ်ပါး ဖြစ်ပြီး ယောကျာ်းများအတွက် အိပ်မက်ဆိုးပင် ဖြစ်လေသည်။

သို့ပေမည့် သူမ၌ ကောင်းသည့်အချက်တစ်ခုကတော့ တည်ရှိနေသည်။ အမျိုးသမီးများကို ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်း ဖြစ်၏။ တကယ့်ကို ထူးခြားစွာ ဆက်ဆံခြင်း ဖြစ်၏။ အထူးသဖြင့် လှပပြီး ချောမောသည့် အမျိုးသမီးများပင်။ ထိုသူများသည် သူမ၏ ကာကွယ်ပေးခြင်းကို လက်ခံရရှိ၏။ ထို့ကြောင့် လူတော်တော်များများတို့သည် သူမ၏ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုသည် လွဲမှားလျက် ရှိနေသည်ဟုပင် သံသယဝင်မိကြ၏။ မဟုတ်ပါက သူမသည် အသက် ၂၉ နှစ် ရောက်သည်အထိ လက်မထပ်ဘဲ နေမည် မဟုတ်ချေ။

“အခု ရှင် ဘာလုပ်ချင်တာလဲ”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “အခြားတစ်ယောက်ယောက်ကို ဆွဲဆောင်စေချင်တာလား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ဒီလိုပုံစံမျိုး စဉ်းစားလို့ရတယ်”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါဆိုရင် ကျွန်မ ရှင့်ကို သစ္စာဖောက်သွားမှာ မကြောက်ဘူးလား”

ရှမ့်လန်က ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ခင်ဗျား အစောကြီးတည်းက ကျုပ်ကို သစ္စာရှိတာမှ မဟုတ်တာ။ ဘယ်လိုဖြစ်ပြီး သစ္စာဖောက်မယ့်အကြောင်းကို ပြောနေရတာလဲ။ ကျုပ်တို့က အတူတူ ပူးပေါင်းဆောင်ရွက်ရုံ သက်သက်ပဲလေ”

ရှစ်ချင်းချင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “ကျွန်မ သွားမှာ မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားပဲ လက်စားချေမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါပေမဲ့ လက်စားချေချင်တယ်ဆိုရင် အရင်ဆုံး အသက်ရှင်အောင် နေရမှာပေါ့။ ကျွန်မ ရှင့်ကို ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မ အသက်ကိုတော့ မပေးနိုင်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆို နုရှောင့်မြို့ကို သွားရင် ခင်ဗျား သေမယ်လို့ ထင်နေတာလား”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရွှမ်ဝူမြို့ကိုချောင်းနေတဲ့လူတွေထဲမှာ နုရှောင့်မြို့ကလည်း အင်အားစု တစ်ခုအနေနဲ့ ပါဝင်တယ်။ ချောင်ထျန်းဝေနှင့် ကျန်းချုံးတို့က တစ်ဖွဲ့တည်းသားလို ပြောရမယ်။ ကျွန်မသာ နုရှောင့်မြို့ကို သွားမယ်ဆိုရင် ထောင်ချောက်ထဲကို လှမ်းဝင်သွားသလို ဖြစ်မနေဘူးလား”

သူမ၏ တွေးတောပုံသည် တော်တော်လေး အဓိပ္ပါယ်ရှိလှ၏။ ရှစ်ချင်းချင်းသည် စဦး ပြောဆိုလိုက်သည်။ “ရှမ့်လန်... ရှင် ကျွန်မရဲ့ ထင်မြင်ချက်ကို ကြားချင်လား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း ကျေးဇူးပြုပြီး ပြောပါအုံး”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးဖို့အတွက် ကျန်းချုံးက အစောကြီးတည်းက ကွန်ယက်ကြီး တစ်ခု ဖန်တီးထားခဲ့တယ်။ ကျန်းယွမ်နယ်စားအိမ်တော်၊ ကျင်းဟိုင်မြို့စားအိမ်တော် ပြီးတော့ မူဝါဒသစ်အဖွဲ့၊ နုရှောင့်မြို့၊ ချင်းကန်မြို့စားအိမ်တော်၊ လန်ရှန်မြို့စားလေး အားလုံး ပါဝင်နေကြတယ်။ ရှင် ဘယ်လောက် ဉာဏ်ကောင်းတယ်ဆိုဆို အချိန်ရောက်လာပြီဆိုရင် လူတစ်ယောက်၏ အားအင်ဆိုတာ အကန့်အသတ် ရှိတယ်မဟုတ်လား။ ရှင် ရွှမ်ဝူအိမ်တော်ကို မကယ်တင်နိုင်ရုံတင်မကဘူး။ ကျင်းမိသားစုရဲ့ ဖျက်ဆီးခံရမှုထဲမှာ ပါသွားလိမ့်မယ်”

ရှမ့်လန်သည် သူ၏ နှာခေါင်းကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “အင်း ဆက်ပြောလေ”

ရှစ်ချင်းချင်းသည် သူ၏ လှုပ်ရှားမှုကို အသာကြည့်လိုက်၏။ မည်သို့မှ မနေနိုင်ဘဲ စိတ်ထဲတွင် ကြိတ်ကာ ကျိန်ဆဲလိုက်မိ၏။ ဘာကို ဟန်ထုတ်နေရသနည်း။ နာမည်ကြီးဝတ္ထုတစ်ခု၏ မင်းသားသည် အလွန် ချောမောလွန်း၏။ ထိုမင်းသားသည် ဟိတ်ဟန်ထုတ်သည့် အချိန်တိုင်းတွင် နှာခေါင်းကို အသာပွတ်တတ်၏။ ထိုကဲ့သို့သော ဟန်ပန်မျိုးကို ရှမ့်လန်က လိုက်လံပြုလုပ်နေခြင်းပင် ဖြစ်သည်။

ရှစ်ချင်းချင်းက ဆက်ပြောလိုက်၏။ “ရှမ့်လန်... ရှင် တကယ့်ကို ဉာဏ်ကောင်းပါတယ်။ ဒါပေမဲ့ ရွှမ်ဝူ အိမ်တော်လို နေရာသေးသေးလေးထဲမှာ ပိတ်မိမနေသင့်ဘူးလေ။ ရှင် ဒီထက်ပိုပြီး အားကောင်းတဲ့ တစ်စုံတစ်ယောက်ကို သွားပြီးကူညီတာ ပိုကောင်းလိမ့်မယ်”

ရှမ့်လန်၏ မျက်လုံးများထဲတွင် ချီးကျူးမှုများနှင့် ပြည့်နှက်သွားခဲ့၏။ ရှစ်ချင်းချင်းသည် တကယ်ကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူမသည် ရှမ့်လန်ကိုပင် ဆွဲဆောင်ရန် ပြင်ဆင်နေလျက် ရှိနေ၏။ သို့ပေမည့် သူသည် မည်သို့မှ မနေနိုင်ချေ နှာခေါင်းကို အသာ ပွတ်သပ်နေမိသည်။

ရှစ်ချင်းချင်းသည် ထိုအပြုအမူကို အမုန်းဆုံး ဖြစ်လေ၏။ ထို့ကြောင့် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ကျူးကျွင်းနှင့် ကျန်းချုံးတို့က အိမ်ရှေ့စံမင်းသားရဲ့ လူတွေပဲလေ။ ဒီတော့ ကျွန်မတို့ တတိယ မင်းသားဆီမှာ ခိုလှုံကြမယ်။ တကယ်လို့ ရှင်သာ စိတ်ပါတယ်ဆိုရင် ကျွန်မ ရှင့်ကို ကျွန်မ ခန္ဓာကိုယ် ပေးမယ်။ ရှင့်ရဲ့ မယားငယ်အဖြစ် ကျွန်မ နေမယ်။ တကယ်လို့ ..... တကယ်လို့ ရှင်သာ စိတ်မပါဘူးဆိုရင် ကျွန်မ တတိယ မင်းသားဆီကို သွားမယ်။ ပြီးတော့ ကျွန်မ ခန္ဓာကိုယ်ကို သူ့ကို ပေးပြီးတော့ မယားငယ်အဖြစ် ဖြစ်မယ်”

“အင်း”

“ရှမ့်လန်.... ဒီလောကကြီးထဲမှာ ကျန်းချုံးကို ဖျက်ဆီးဖို့အတွက် ကျွန်မတို့ကို ကူညီနိုင်တဲ့လူက တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ တတိယမင်းသားပဲ”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရမှုက အစောကြီးတည်းက ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အရာတွေ ဖြစ်သွားပြီ။ အားလုံးက ကျင်းမိသားစုကို ဖျက်ဆီးချင်တယ်။ ဒါပေမဲ့ တကယ်တမ်း ဖျက်ဆီးချင်တဲ့လူက ဘုရင်မင်းမြတ်ပဲ။ ကျန်းချုံးက ဓားတစ်စင်းသာသာပဲလေ။

ရှင် ဘယ်လောက် ဉာဏ်ကောင်းတယ်ဆိုဆို နံရံကို ပြေးဆောင့်ချင်နေတဲ့ ကြက်ဥတစ်လုံးလိုပဲ။ ရှမ့်လန်... ရှင်က တကယ့်ကို ဉာဏ်ကောင်းတာပဲ။ ကျိန်းသေပေါက် တတိယမင်းသားရဲ့ မဟာဗျူဟာ ရေးဆွဲနိုင်တဲ့ လူတစ်ယောက်၊ သေနာပတိတစ်ယောက် ဖြစ်လာနိုင်တယ်။ ကျွန်မကတော့ ပိုက်ဆံရှာဖွေတဲ့ နေရာမှာ အရမ်းကို တော်တယ်။ ကျွန်မ တတိယမင်းသားရဲ့ ပိုက်ဆံအိတ် ဖြစ်လာနိုင်တယ်”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျွန်မတို့ နှစ်ယောက်သာ အတူတူ အလုပ်လုပ်မယ်ဆိုရင် ကျိန်းသေပေါက် တတိယမင်းသားရဲ့ အတိုင်ပင်ခံတွေအဖြစ် ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ ကျွန်မတို့က ချမ်းသာပြီး ဩဇာအာဏာ ကြီးကြီးမားမားကို ပိုင်ဆိုင်လိမ့်မယ်”

တတိယမင်းသားသည် အိမ်ရှေ့စံမင်းသားနှင့် ယှဉ်ပြိုင်နိုင်သည့် လူငယ်မင်းသားတစ်ပါး ဖြစ်၏။ သူသည် ဘုရင်မင်းမြတ်၏ အနှစ်သက်ဆုံး မင်းသားများထဲမှ တစ်ပါးဖြစ်သလို အားကောင်းလွန်းသည့် မင်းသား တစ်ယောက်လည်း ဖြစ်သည်။

“ရှမ့်လန်.. ရှင် နှာခေါင်းကို ထပ်ပြီး မထိလို့ မရဘူးလား။ ရှင့်ပုံစံကြည့်ရတာ ကျွန်မ ထကုတ်ချင်လာပြီ” ရှစ်ချင်းချင်းသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။

ရှမ့်လန်သည် အပြစ်ကင်းစင်စွာ ပြောလိုက်၏။ “ချင်းချင်း.. ခင်ဗျား ခြေထောက်ကားထားတာကို ပြန်ပိတ်ထားလိုက်ပါအုံး။ ရေမိုးချိုးပြီးမှ စကားပြောတာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက တော်တော်နံနေတယ်။ ကျုပ် ဘယ်လိုမှ မခံနိုင်တော့ဘူး။ ဒါကြောင့် နှာခေါင်းကို ပိတ်ထားမိတာ။ မယဉ်မကျေး ပြုမိတယ်ဆိုရင်တော့ တောင်းပန်ပါတယ်”

ရုတ်တရက် ရှစ်ချင်းချင်းသည် ဒေါသတကြီးနှင့် ထရပ်လိုက်မိ၏။ သူမသည် ပေါင်များကို ပြန်လည်ကာ ကားပြီးသည့်နောက် အဝတ်များကို ပြန်ဝတ်လိုက်၏။ ပထမဦးဆုံးအကြိမ်အဖြစ် ရှစ်ချင်းချင်းသည် မိမိကိုယ်ကို သိမ်ငယ်စိတ်ပင် ဝင်မိ၏။ အကြိမ်ပေါင်း တစ်ထောင်ကျော် သတ်ဖြတ်ခြင်းကို ထိုက်တန်သည့် ယောကျာ်းကို လက်ညှိုးထိုးပြပါဆိုပါက ရှမ့်လန်ကို လက်ညှိုးထိုးပြရမှာ ဖြစ်သည်။

ရှစ်ချင်းချင်းသည် အဝတ်အစားများကို သေသေချာချာ ပြန်လည်ဝတ်ဆင်ပြီးသည့်နောက် ရေမိုးချိုးရန်ဖြင့် ထွက်ခွာသွားခဲ့၏။ သူမသည် ခန္ဓာကိုယ်တွင် ရှိနေသည့် အညစ်အကြေး၊ ချေးများအားလုံးကို တိုက်ချွတ် ဆေးကြောပြီး သက်သက်ရပ်ရပ် နေထိုင်ချင်စိတ်များ ပေါက်လာ၏။

“ဘယ်လိုထင်လဲ”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်က ဖျက်ဆီးခံရတော့မယ်။ အခု ထွက်ခွာသွားဖို့ ဆိုရင် နောက်မကျသေးဘူး။ တကယ်လို့ ရွှမ်ဝူအိမ်တော် ဖျက်ဆီးသွားပြီဆိုမှ ထွက်ပြေးမယ်ဆိုရင် မြုပ်စရာ နေရာမရှိဘဲနဲ့တောင် ရှင်သေသွားနိုင်တယ်”

ရှမ့်လန်သည် ခေါင်းကို ခါယမ်းလိုက်၏။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဘာလို့လဲ။ ကျင်းမူလန် ကြောင့်လား။ သူမက အရမ်းကို လှတယ်ဆိုပေမဲ့ ရှင့်မှာသာ ဩဇာအာဏာပိုင်ဆိုင်တယ်ဆိုရင် ဘယ်လိုမိန်းကလေးမျိုးကိုမဆို ရနိုင်တယ်။ ကျွန်မက သူ့လောက် မလှဘူးဆိုရင်တောင်မှ အရမ်းကြီး ဝေးကွာနေတာမျိုးတော့ မဟုတ်ပါဘူး။ တတိယမင်းသားဆီကို အတူတူသွားကြရအောင်။ ကျွန်မ ရှင့်မိန်းမအဖြစ် လုပ်ပေးမယ်။ ပြီးတော့ ရှင် မယားငယ်တွေ ထပ်ယူမယ်ဆိုရင်လည်း ကျွန်မ ရှင့်ကို တားမှာ မဟုတ်ဘူး။ အဆင်ပြေလား”

ရှမ့်လန်သည် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် ကျုပ်မိန်းမကို အရမ်းချစ်တယ်။ ပြီးတော့ ကျုပ်ရဲ့ ယောက္ခထီး၊ ယောက္ခမကိုလည်း ချစ်တယ်။ ဟို ဝတုတ်ကောင် ကျင်းမူကုန်းကိုတောင် ချစ်သေးတယ်။ သူတို့အားလုံးက ကျုပ်ရဲ့ မိသားစုတွေပဲ။ ဒီတော့ ကျုပ်လုပ်ရမယ့် အရာအားလုံးက သူတို့ကို ကာကွယ်ဖို့ပဲ”

ရှစ်ချင်းချင်းသည် ရှမ့်လန်ကို မယုံကြည်နိုင်သလို ပြောလိုက်၏။ “ရှင့်လိုလူဆိုးမှာလည်း ခံစားချက်တွေ ရှိနေသေးတာလား”

“ပေါက်ကရတွေ”

ရှမ့်လန်က ပြောလိုက်သည်။ “တခြားသူ့အကြောင်း မပြောနဲ့အုံး။ ခင်ဗျားနဲ့ကျုပ် လင်မယားအဖြစ် ရက်တစ်ရာကျော် နေထိုင်ခဲ့တာလေ။ ဒီတော့ ကျုပ် ခင်ဗျားအပေါ်မှာလည်း ခံစားချက်ရှိတယ်”

ရှစ်ချင်းချင်းသည် မည်သို့မှ မနေနိုင်တော့ချေ။ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ရှမ့်လန်.. ရှင် ဒီစကားကို ထပ်ပြီး ပြောမယ်ဆိုရင် ကျွန်မ ရှင့်ကို သတ်ပစ်လိမ့်မယ်။ ရှင် ကျွန်မအပေါ်မှာ ခံစားချက်ရှိနေတယ်ဆိုရင် ဘယ်လိုဖြစ်ပြီး ဒီလို ဆိုးဆိုးဝါးဝါး ထိခိုက်နာကျင်အောင် လုပ်ရတာလဲ။ ကျွန်မ မိသားစုတစ်ခုလုံးကို ရှင် ဘာကြောင့် ဖျက်ဆီးရတာလဲ”

ရှစ်ချင်းချင်း ဒေါသပေါက်ကွဲနေသည်ကို မြင်ရသည့် အချိန်မှာတော့ ရှမ့်လန်သည် အသာပင် ပြောဆိုလိုက်သည်။ “မိန်းမတွေက ကြောက်ဖို့ကောင်းတယ်။ ကျုပ် ဘယ်တော့မှ မိန်းမတွေနဲ့ ရန်မဖြစ်ဘူး”

ရှစ်ချင်းချင်းသည် တိုက်ရိုက်ဆိုသလိုပင် မတ်တပ်ထရပ်လိုက်လေ၏။ ပြီးနောက် ပြောလိုက်၏။ “ပြီးတော့ ရှင် ရှမ့်လန် ရွှမ်ဝူအိမ်တော်မှာ နေမယ်ဆိုရင် သေမှာပဲ။ ဒီတော့ ကျွန်မတို့ လမ်းခွဲဖို့ပဲ ရှိတော့တယ်။ နောက်နှစ် ကျွန်မ အထိမ်းအမှတ်ပွဲရောက်ရင် ရှင့်ရဲ့ အုတ်ဂူကို လာပြီးတော့ မီးထွန်းပေးမယ်။ ဘာပဲပြောပြော ရှင်နဲ့ ကျွန်မက ရက်တစ်ရာလောက် လင်မယားအဖြစ် နေခဲ့တာပဲလေ”

ပြီးနောက် ရှစ်ချင်းချင်းသည် ရုတ်တရက် ထွက်ခွာသွားကာ တတိယမင်းသားဆီသို့ သွားကာ ခိုလှုံရန် စဉ်းစားထား၏။ သူမ၌ ရှိသည့်အရာသည် ချောမောလှပခြင်းနှင့် ပိုက်ဆံရှာဖွေနိုင်ခြင်း စွမ်းရည်ပင် ဖြစ်၏။ တတိယမင်းသားကို ကြွေမကျအောင် မလုပ်နိုင်ဟု သူမ မယုံကြည်ချေ။

“ချင်းချင်း” ရှမ့်လန်သည် နောက်မှ လှမ်းကာ အော်ဟစ်လိုက်၏။

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဘာလဲ။ ကျွန်မကို ဆွဲထားတော့မလို့လား။ မမေ့နဲအုံး။ ရှင် ကျွန်မကို အကြွေး ရှိနေသေးတယ်။ ရှင်တို့ရဲ့ မြေပိုင်နက်ထဲမှာ ရောဂါဆိုးကြီးသာ ပျံ့နှံ့သွားမယ်ဆိုရင် လူပေါင်းများစွာ သေကုန်လိမ့်မယ်။ ဒါကို ကျွန်မ သတိပေးထားတာ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားက အားနည်းတဲ့ မိန်းမတစ်ယောက်လေ။ တတိယမင်းသားဆီကို သွားတယ် ဆိုတာ ကျားရဲတွင်းထဲကို ဝင်သွားတဲ့ သိုးတစ်ကောင်လို ဖြစ်လိမ့်မယ်။ ဒီကိစ္စကို ဒီအတိုင်း ကြည့်နေလို့မဖြစ်ဘူး”

“ဟမ်”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကျွန်မရဲ့ သေခြင်းရှင်ခြင်းကို ရှင် ဂရုစိုက်နေတာလား။ ဘာပဲပြောပြော ကျွန်မတို့အားလုံးက ကြင်နာတတ်တဲ့ နှလုံးသားမရှိတဲ့ လူတွေပဲလေ။ ဒီတော့ ဘာမှ မသိသလို နေထိုင်လိုက် ကြရအောင်”

ရှမ့်လန်က ပြောလိုက်၏။ “ကျင်းချန်ကျွန်းတိုက်ပွဲမှာ ကျုပ်တို့ ရှုံးမယ်လို့ ခင်ဗျား တကယ် ထင်နေတာလား”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “သိပ်မှန်တာပေါ့။ တိုက်ပွဲသုံးပွဲလုံးမှာ ရှင်တို့ ရှုံးလိမ့်မယ်။ နတ်ဘုရားတောင်မှ ကယ်တင်နိုင်မှာ မဟုတ်ဘူး”

ဤအရာသည် လောကကြီးတစ်ခုလုံး သိရှိနေသည့် အကြောင်းအရာ ဖြစ်၏။ ကျင်းမူလန်သည် ထန်ယင်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ကျင်းမူကုန်းသည်လည်း ထန်ယွင်ကို အနိုင်ယူ နိုင်လိမ့်မည် မဟုတ်ချေ။ ရွှမ်ဝူအိမ်တော်တွင် ရှိနေသည့် လက်နက်နှင့် ချပ်ဝတ်များအားလုံးသည် ကျင်းဟိုင် မြို့စားအိမ်တော်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တိုက်ပွဲသုံးပွဲလုံးတွင် ကျိန်းသေပေါက် အနိုင်ယူနိုင်ရန် နည်းလမ်းဟူ၍ မရှိချေ။ အကုန်လုံး ရှုံးနိုင်မှာ ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်။ ကျင်းချန်ကျွန်းတိုက်ပွဲမှာ ကျုပ် နိုင်သွားပြီဆိုရင် ခင်ဗျား ကျုပ်စကားကို နားထောင်ပြီးတော့ နုရှောင့်မြို့ကို သွား၊ ချောင်ယောင်းအာကို ဆွဲဆောင်ဖို့ ကြိုးစား။ တကယ်လို့ ကျုပ်တို့ ရှုံးသွားပြီဆိုရင် ကျုပ် ခင်ဗျားပြောစကားကို နားထောင်ပြီး တတိယမင်းသားဆီ လိုက်ပြီးခိုလှုံမယ်”

ရှစ်ချင်းချင်းသည် စကားမပြောချေ။

ရှမ့်လန်က ပြောလိုက်၏။ “ရှစ်ချင်းချင်း.. ခင်ဗျားနဲ့ ကျုပ်က လင်မယားတွေ ဖြစ်ခဲ့ဖူးတယ်။ ဒီတော့ ကျုပ်အပေါ် အနည်းငယ်လေး ယုံကြည်မှုမရှိဘူးလို့တော့ မပြောနဲ့နော်”

ရှစ်ချင်းချင်းသည် ဤလူ၏ အမူအကျင့်ကို လုံးဝ မယုံကြည်ချေ။ ခန္ဓာကိုယ်တွင် ရှိနေသည့် အမွေးအမျှင် တစ်ခုချင်းစီတိုင်းသည် အဆိပ်များနှင့် ပြည့်နှက်လျက် ရှိနေသကဲ့သို့ပင်။ သို့ပေမည့် ရှစ်ချင်းချင်းသည် ဤလူ၏ စွမ်းဆောင်ရည်ကိုတော့ တကယ်ပင် ယုံကြည်၏။ သူမ ဘယ်လောက်ပင် ဆိုးဆိုးဝါးဝါး ဖြစ်နေသည်ကို ကြည့်ရှုပါက အကောင်းဆုံး ဥပမာပင်။

All Chapters