အခန်း (၁၄၃)
Vol. 11 Ch. 143
မူလန်က ပြန်လာခဲ့၏။ သူမသည် အရင်ဦးဆုံး ရေချိုး၏။ ပြီးနောက် ရှမ့်လန်ကို လာရောက်ကာ တွေ့ဆုံသည်။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ အားလုံး ပြီးသွားပြီလား”
မူလန်က ခေါင်းညိတ်လိုက်သည်။
“ပင်လယ်ဓားပြအားလုံးကို သတ်ပစ်ပြီးသွားပြီ။ ပြီးတော့ သူတို့ရဲ့ အလောင်းတွေကို မီးရှို့ပစ်လိုက်တယ်။ ရေတွင်းထဲမှာ ရှိတဲ့ ရေထဲကိုတော့ သံပုရာသီးတွေ ထည့်ပြီးတော့ စည်းခတ်ပိတ်ထားတယ်။ ပြီးတော့”
မူလန်က ပြောလိုက်၏။ “ရှင့်ရဲ့ မိန်းမဟောင်း ဘယ်ရောက်သွားလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ပြန်သွားပြီ”
မူလန်က ပြောလိုက်၏။ “သွားပြီ ဟုတ်လား။ ရှင် သူမကို ဘာလုပ်လိုက်တာလဲ”
ရှမ့်လန်သည် ဒေါသတစ်ကြီး ပြောလိုက်၏။ “ကျင်းမူလန်... မင်း ငါ့ကို နည်းနည်းလေးတောင် ယုံကြည်ချက် မရှိဘူးလား။ ငါ အဲလို လူမျိုးမဟုတ်ဘူး။ ပြီးတော့ သူက နှစ်ရက်ခွဲလောက် ရေမချိုးခဲ့ဘူး။ နံဟောင်နေတာပဲ”
မူလန်သည် ရှမ့်လန်၏ မျက်နှာကို အချိန်ခဏကြာ စူးစိုက်ကြည့်လိုက်၏။ ပြီးနောက် အသာ နမ်းရှိုက်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ရှင်က တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်သည် မပျော်မရွှင် ဖြစ်သွားမိ၏။
“ယောကျာ်း.. ကျွန်မ ချောင်ရှောင်းကို သတ်ချင်တယ်”
မူလန်က ပြောလိုက်သည်။ “ဒီလူက လူမဆန်ဘူး။ ဒီအချိန် သူသာ အောင်မြင်သွားမယ်ဆိုရင် ကျွန်မတို့ မြေပိုင်နက်ထဲမှာရှိတဲ့ လူဘယ်လောက်များများ ဒုက္ခခံရမလဲဆိုတာတောင် မသိဘူး။ ပြီးတော့ သူ့ကြောင့် သေဆုံးသွားခဲ့တဲ့ သနားစရာ မိန်းမတွေ ဘယ်လောက်များနေပြီလဲတောင် မသိဘူး”
ရှမ့်လန်သည် မူလန်၏ သေးသွယ်လွန်းသည့် ခါးလေးကို အသာဖက်ကာ ပြောလိုက်၏။ “မကြာခင်... မကြာခင်မှာပေါ့။ အခုလောလောဆယ် ဒီပင်လယ်ဓားပြက ရတနာဖြစ်နေတယ်။ သူ့ကို သတ်လို့မဖြစ်သေးဘူး။ ဒါပေမဲ့ ငါ ကတိပေးတယ်။ မကြာခင်မှာ သူ့ကို သတ်မယ်။ ဆိုးဆိုးဝါးဝါး … အရမ်းဆိုးရွားတဲ့ နည်းလမ်းနဲ့ သေဆုံးသွားအောင် သတ်ပစ်မယ်”
ရုတ်တရက် သူ၏ နှာခေါင်းသည် ယားယံလာခဲ့၏။ ရှမ့်လန်သည် မည်သို့မှ မနေနိုင်ချေ နှာခေါင်းကို အသာ ပွတ်လိုက်သည်။
မူလန်က ပြောလိုက်၏။ “ရှင် နှာခေါင်းကို မထိနဲ့နော်။ ဟိုစာအုပ်ထဲက မင်းသားလိုမျိုး ဟန်ထုတ်ဖို့ မကြိုးစားနဲ့”
ရှမ့်လန်သည် အကူအညီမဲ့စွာ ပြောလိုက်သည်။ “ငါ နှာခေါင်းကို အသာလေး ပွတ်ချင်လို့ပါ။ နည်းနည်းလေး ယားနေလို့”
မူလန်သည် သူမ၏ လက်ချောင်းများကို အသာထုတ်ကာဖြင့် ရှမ့်လန်၏ နှာခေါင်းကို ကုတ်ပေးလိုက်၏။ ပြီးနောက် သူမသည် လျှာကလေးကို ထုတ်ကာဖြင့် နှာခေါင်းကို နမ်းလိုက်၏။ “ယောကျာ်း... ယားနေသေးလား”
ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ “ဘာလို့လဲမသိဘူး။ ငါ့အောက်ပိုင်းတောင် နည်းနည်း ယားလာသလိုပဲ”
နောက်တစ်ဏအတွင်းမှာပဲ ရှမ့်လန်သည် မူလန်၏ တိရစ္ဆာန် ခြောက်မျိုးကစားနည်းကို ကစားရလေတော့သည်။ “နာတယ်၊ နာတယ်။ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ခုနက စလိုက်တာပါ”
............
ညနေခင်းသို့ ရောက်ရှိလာခဲ့၏။ နုကျန့်အုပ်ချုပ်ရေးမှု ကျန်းချုံးသည် ရှမ့်လန်ဆီသို့ ဖိတ်စာတစ်ခု ပေးပို့ကာဖြင့် စတုတ္ထမင်းသား၏ စားပွဲကို တက်ရောက်ရန် မြို့တော်ဝန်အိမ်ရာသို့ ကြွခဲ့ဖို့ ဖိတ်ခေါ်ခဲ့၏။ ထို့အပြင် သူသည် ရှမ့်လန်တစ်ယောက်တည်းကိုသာ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။ မူလန် မပါချေ။
ရှမ့်လန်သည် လက်ထဲတွင် ရှိနေသည့် ဖိတ်စာကို အသာပုတ်ကာ ရယ်မောလိုက်၏။ “စိတ်ဝင်စားစရာပဲ။ တကယ့်ကို စိတ်ဝင်စားစရာပဲ”
ပြီးနောက် သူသည် ပိုးထည်များကို ဝတ်ဆင်ကာဖြင့် ရွှေရောင်သရဖူတစ်ခုကို ဆောင်းလိုက်၏။ အလွန် သပ်ရပ် ၊ လှပစွာ ဖန်တီးထားသည့် ရထားလုံးတစ်ခုကို စီးနင်းကာဖြင့် မြို့တော်ဝန်အိမ်ရာဆီသို့ ဦးတည်လိုက်၏။ သူ ဝတ်ဆင်ထားသည့်အရာသည် ဝတ်စုံအသစ်ပင် ဖြစ်၏။ ထိုဝတ်စုံကို ချုပ်လုပ်ရန် စုစုပေါင်း ရွှေဒင်္ဂါး ၂၃၀ မျှ ကုန်ကျ၏။ ယခင်ဝတ်စုံသည် ၁၉၀ ရွှေဒင်္ဂါး ကုန်ကျ၏။ သို့ပေမည့် ဝတ်ဆင်ခဲ့ပြီးသား ဖြစ်သည်။
ရှမ့်သခင်လေးသည် ဤအချိန်မှာတော့ တကယ့်ကို ချောမောခန့်ညားလို့နေခဲ့၏။ သူသည် တစ်ခါတည်း ဝတ်စုံငါးစုံကို ချုပ်လုပ်ခဲ့ခြင်း ဖြစ်၏။ ခေါင်းအစ ခြေအဆုံး တကယ့်ကို ကောင်းမွန်လွန်းသည့် ရတနာပစ္စည်းများနှင့် အလှဆင်ထား၏။ သူသည် ရွှေနှင့်ကျောက်စိမ်းများကိုသာ အသုံးပြုထားခြင်း ဖြစ်လေ၏။ ငွေကိုပင် ချုပ်ကာ အသုံးပြုခြင်း မရှိချေ။
သူ၏ အဝတ်အစားများသည် သူ၏ ယောက္ခထီး၊ ယောက္ခမ၊ သူ၏ ယောက်ဖတို့ အကုန်လုံး ပေါင်းစပ် ထားသည့် ဝတ်စုံများထက်ပင် ပိုမိုကာ ဈေးကြီး၏။ သူ့အတွက် ရွှမ်ဝူအိမ်တော်သည် မည်သည့်ငွေကြေးပြဿနာမှ ရှိမနေသည့် ပုံစံပင်။
............................
ကျန်းမိသားစု၏ အိမ်တော်အတွင်းမှာတော့ ကျန်းချုံးက ပြောလိုက်၏။ “မိန်းကလေးချီ... ဒီနေ့စားပွဲကို တက်ရောက်မယ် မဟုတ်လား။ မင်း အခွင့်အရေးယူပြီး သေချာလေ့လာလို့ရတယ်”
မိန်းကလေးချီသည် ရှူတင်းယု၏ ဝမ်းကွဲညီမပင် ဖြစ်၏။ သူမ၏ မိသားစုသည် ရွှဲ့ပြည်နယ်၏ အမွှေးအကြိုင် လုပ်ငန်းတွင် ထိတ်ထိတ်ကြဲ သူဌေးများဖြစ်ပြီး အမှန်လည်း ချမ်းသာလွန်း၏။ မည်သည့် မမျှော်မှန်းသည့် ကိစ္စရပ်များသာ မဖြစ်သည်ဆိုပါက ဤမိန်းကလေးချီသည် ကျန်းကျင်း၏ စေ့စပ်ထားသည့် မိန်းကလေးအသစ် ဖြစ်လာခဲ့ပေလိမ့်မည်။
“ကောင်းပြီ”
ကျန်းကျင်းက ပြောလိုက်၏။ “အဖေ... ရှမ့်လန်ကို ဘာလို့ ဖိတ်ရတာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ရေကို စမ်းသပ်ဖို့ပေါ့”
ကျန်းကျင်းက ပြောလိုက်၏။ “ရေကို စမ်းသပ်ဖို့ ဟုတ်လား။ ရွှမ်ဝူအိမ်တော်က ကျင်းချန်ကျွန်းရဲ့ တိုက်ပွဲမှာ တကယ် ရှုံးမှာပဲ။ နတ်ဘုရားတွေတောင် လာပြီး ကယ်လို့မရဘူး။ တိုက်ပွဲသုံးပွဲလုံးကို ရှုံးသွားမယ်ဆိုရင် အနိုင်ရစရာ နည်းလမ်းမှ မရှိတာ”
ကျန်းချုံးက အေးစက်စက် ပြောလိုက်သည်။ “ဒီလောကကြီးထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မှတ်ထား။ ရန်သူရဲ့ ဗျူဟာကို ဘယ်တော့မှ အထင်မသေးရဘူး။ သူ့ရဲ့ နည်းဗျူဟာတွေကို သေသေချာချာ ကြည့်ရှုနေရမယ်။ ရန်သူက သေခါနီးအခြေအနေ ရောက်နေတယ်ဆိုရင်တောင်မှ ငါတို့ဘက်က သတိအပြည့်နဲ့ နေရမယ်”
“ကောင်းပါပြီ” ကျန်းကျင်းက ပြောလိုက်၏။
ကျန်းချုံးက ပြောလိုက်သည်။ “ဒါဆို ချွင်းဟွာကို လာခဲ့ဖို့ သွားပြောလိုက်”
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ကျန်းချွင်းဟွာသည် ကြည့်ကောင်းလှစွာဖြင့် လမ်းလျှောက်ဝင်ရောက် လာခဲ့၏။ ယနေ့အချိန်မှာတော့ သူမသည် တကယ့်ကို အသက်ရှူမှားလောက်အောင်ပင် လှပလွန်းနေ၏။
ကျန်းချုံးက ပြောလိုက်သည်။ “ဒါဆိုရင် ဒီည ရှမ့်လန်ကို အနိုင်ယူရတော့မှာပေါ့။ လုပ်နိုင်လား”
ကျန်းချွင်းဟွာသည် မည်သည့်စကားကိုမှ မဆိုချေ။ သူမ၏ စကပ်ကို အသာမကာဖြင့် ညာဘက်ခြေထောက်ကို ထိုင်ခုံပေါ်သို့ တင်ကာ ရင်ကို ကော့ပြလိုက်၏။ တကယ့်ကို ဆွဲဆောင်မှုရှိလွန်းလှ၏။ ကျန်းချုံးသည် မျက်စိကို အလျင်အမြန် ပိတ်လိုက်လေ၏။ သူ့သမီး၏ အသွင်အပြင်ကို သူ ဆက်၍ မကြည့်နိုင်တော့ချေ။ ငယ်ရွယ်စဉ်တည်းက အလိုလိုက်ခဲ့သောကြောင့် ယခုမှ ဆုံးမလျှင်လည်း ဘာမှထူးတော့မည် မဟုတ်ချေ။
..........
ထည်ဝါလွန်းသည့် အိမ်တော်၏ ခြံဝန်းအတွင်းမှာတော့ ရှမ့်လန်၏ တခြားသော ရန်သူများသည် ဧည့်သည်များအဖြစ် တည်ရှိနေ၏။ လန်ရှန်မြို့စားလေး ကျူးလန်ထင်နှင့် ၎င်း၏ သား ကျူးဝမ်ဟွာပင် ဖြစ်၏။ ကျူးဝမ်ဟွာသည် ရှမ့်လန်ကို စာအုပ်များ မီးရှို့ရန် တွန်းအားပေးခဲ့သည့် လူတစ်ယောက် ဖြစ်၏။ နောက်ဆုံးမှာတော့ သူ၏ သူ၏ စာအုပ်များကိုသာ ပြန်လည် မီးရှို့ခဲ့ရ၏။
“ဒီနေ့ညမှာ မင်းနဲ့ ကျန်းချွင်းဟွာတို့ကြား စေ့စပ်ပွဲဖြစ်ဖို့ ကျန်းချုံးကို တောင်းဆိုမယ်။” မြို့စားလေး ကျူးလန်ထင်က ပြောလိုက်သည်။
ကျူးဝမ်ဟွာသည် တကယ့်ကို အားတက်သရော ဖြစ်နေ၏။ ထို့အပြင် သူသည် ကြောက်ရွံ့လို့လည်းနေ၏။ “ကျေးဇူးပါပဲ အဖေ။ ဒါပေမဲ့ ကျန်းချုံးဆီမှာ တခြားရည်ရွယ်ချက်တွေ ရှိနေမှာ စိုးရတယ်”
ကျူးလန်ထင်က ပြောလိုက်သည်။ “ငြင်းစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က ဒီညမှာ ငါတို့အတွက် အောင်သွယ်တော် လုပ်ပေးမှာမလို့ပဲ။ ကျန်းချုံး ဘယ်လိုမှ ငြင်းလို့ရမှာ မဟုတ်ဘူး”
ကျူးဝမ်ဟွာက ပြောလိုက်၏။ “ဘယ်သူလဲ”
ကျူးလန်ထင်က ပြောလိုက်သည်။ “အင်း ... ကျူးကျွင်းပေါ့”
ကျူးဝမ်ဟွာသည် အလွန် ပျော်ရွှင်သွားခဲ့မိ၏။ ကျူးကျွင်းသည် ကျန်းချုံး၏ ကျေးဇူးရှင်ပင် ဖြစ်၏။ ကျူးကျွင်း အောင်သွယ်ပေးနေမည်ဆိုမှတော့ ကျန်းချုံးသည် ကျိန်းသေပေါက် ငြင်းပယ်ရဲလိမ့်မည် မဟုတ်ချေ။
လန်ရှန်မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “သတိထား။ ဘာတစ်ခုမှ မပေါ်စေနဲ့။ ကျူးကျွင်း အောင်သွယ်လုပ်မယ်ဆိုတာ ငါတို့အတွက် လျှို့ဝှက်ချက်ပဲ။ ကျန်းချုံးတောင်မှ မသိဘူး။ သူ့ကို အလစ်ငိုက် ဖမ်းပြီးတော့ ငါတို့ စေ့စပ်ပွဲဖြစ်အောင် လုပ်လိမ့်မယ်”
ကျူးဝမ်ဟွာသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ မည်သို့မှ မထိန်းချုပ်နိုင်ဘဲ စိတ်လှုပ်ရှားလျက် ရှိနေသည်။
ကျူးလန်ထင်က ပြောလိုက်၏။ “ပြီးတော့ အလှအပတွေအပေါ်မှာပဲ အာရုံစိုက်မနေနဲ့။ မင်းနဲ့ ကျူးဝမ်ဟွာတို့ရဲ့ လက်ထပ်ပွဲဆိုတာ မိသားစုရဲ့ အကျိုးအတွက်ပဲ။ ဒီတစ်ကြိမ် ရွှမ်ဝူအိမ်တော်က ဖျက်ဆီးခံရတော့မယ်။ လူတော်တော်များများက ကျင်းမိသားစုရဲ့ အမွေအနှစ်တွေကို ရဖို့ ကြိုးစားလိမ့်မယ်။ ကျန်းချုံးက အဓိကနေရာပဲ။ ငါတို့သာ ကျန်းမိသားစုနဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် ကျင်းမိသားစုမှာ ရှိတဲ့ အမွေအနှစ်တွေကို တော်တော်များများ ရလိမ့်မယ်”
“ကောင်းပါပြီ”
ကျူးဝမ်ဟွာသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်လျက် ရှိ၏။ “အချိန်ရောက်လာပြီဆိုရင် ရှမ့်လန်ကို ပေးပါလား။ သူ့ကို အစိတ်စိတ်အမွှာမွှာ အရေခွံခွာပစ်မလို့”
ကျူးလန်ထင်သည် ခေါင်းကို ခါယမ်းလိုက်သည်။ “အင်း.. ရှမ့်လန်ကို အရေခွံခွာချင်တဲ့လူတွေက အများကြီး ရှိတယ်။ ငါတို့အလှည့်တောင် ရောက်မှာ မဟုတ်ဘူး။ ဒီတော့ စိတ်ပြေလက်ပျောက် တစ်ချက်နှစ်ချက်လောက်တော့ ဝင်ခုတ်ပေါ့”
ကျူးဝမ်ဟွာသည် ကြမ်းတမ်းစွာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် သူ့ကို သင်းကွပ်ပစ်မယ်”
ကျူးလန်ထင်သည် ခေါင်းကို ခါယမ်းလိုက်သည်။ “အင်း။ အဲလိုဟာမျိုးကလည်း မင်းအလှည့် ရောက်လိမ့်မယ်လို့ ငါမထင်ဘူး”
ကျူးဝမ်ဟွာက ကြောင်အသွားမိ၏။ ရှမ့်လန် ဤတိရစ္ဆာန်သည် မုန်းတီးစရာ ကောင်းလွန်းလှ၏။
ရှမ့်လန်၏ ရထားလုံးသည် လျင်လျင်မြန်မြန်ပင် ရွှမ်ဝူမြို့ထဲသို့ ဝင်ရောက်လာခဲ့၏။ မြို့တော်ဝန်အိမ်တော်နှင့် သိပ်မဝေးတော့ချေ။ ရှမ့်လန်သည် သူ့ကိုယ်သူ သတိပေးလျက် ရှိ၏။ သူ ယနေ့ည သတိထားမှ ဖြစ်ပေလိမ့်မည်။ စိတ်လွတ်၍ မဖြစ်ချေ။ ကျန်းချုံး အမှန်တရားကို ရှာဖွေတွေ့ရှိသွား၍ မဖြစ်ချေ။ ဤမြေခွေးအိုကြီးသည် တကယ့်ကို ကောက်ကျစ်လွန်းလှသည်။
လက်ရှိအခြေအနေမှာတော့ ရုတ်တရက် သူသည် နှာခေါင်းထဲ၌ မွှေးပျံ့သည့် အနံ့တစ်ခုကို ရရှိလိုက်၏။ ပြီးနောက် အလွန်လှပပြီး ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ယောက်သည် လမ်း၌ ခဏတာရပ်ထားသည့် သူ၏ ရထားလုံးထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။
သူမသည် တိုက်ရိုက်ဆိုသလိုပင် ရှမ့်လန်၏ ပေါင်ပေါ်သို့ တက်ထိုင်လိုက်၏။ မြွေကဲ့သို့ သွယ်လျလွန်းလှသည့် လက်များဖြင့် ရှမ့်လန်၏ လည်ကုပ်ကို သိုင်းဖက်ပြီးသား ဖြစ်၏။ ဤသူသည် ကျန်းချွင်းဟွာပင် ဖြစ်၏။ မြေခွေးစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည့် လူကဲ့သို့ပင်။
“ရှမ့်လန် ကျွန်မကို ကယ်ပါအုံး။ ကျွန်မကို ကယ်ပါအုံး။ ဒီနေ့ညမှာ တစ်စုံတစ်ယောက်က ကျွန်မရဲ့ ပျော်ရွှင်မှုတွေ အကုန်လုံးကို ဖျက်ဆီးပစ်တော့မယ်။ ကျွန်မကို ခေါ်ပြီး ခိုးပြေးသွားပါလား။ ကျွန်မကို လုပ်ချင်တာ လုပ်ပါ”
...............
ကျန်းချွင်းဟွာသည် သူမ၏ ညှို့အားပြင်းသော ခန္ဓာကိုယ်ကို အသုံးပြုလျက် ရှမ့်လန်၏ တုံ့ပြန်မှုတိုင်းကို အနီးကပ် စူးစိုက်ကြည့်နေသည်။ အကယ်၍ ဤအချိန်တွင် ရှမ့်လန်က စိတ်လှုပ်ရှားစွာဖြင့် သူမထက်ပင် ပို၍ ပြင်းပြသော အမူအရာများ ပြုလုပ်ပြီး အရာအားလုံးကို အလေးအနက်မထားဘဲ နေမည်ဆိုလျှင် ကျင်းချန်ကျွန်းကို အနိုင်တိုက်ယူရေးအတွက် ယုံကြည်မှုအပြည့် ရှိနေသည်ဟု ဆိုလို၏။ ထိုသို့ဆိုလျှင် သူမ၏ ဖခင်အနေဖြင့် သတိထား ကာကွယ်ရပေမည်။
အကယ်၍ ရှမ့်လန်က ဤအချိန်တွင် တည်ငြိမ်စွာထိုင်လျက် သူမကို လေးလေးနက်နက် ငြင်းပယ်မည်ဆိုလျှင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု ဆိုလိုသည်။ ထိုအခါတွင်လည်း သတိထားရပေမည်။ ဤညှို့အားပြင်းသော မိန်းမပျိုသည် ရှမ့်လန်ကို အငိုက်ဖမ်း တိုက်ခိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သို့ပေမည့် ရှမ့်လန်၏ တုံ့ပြန်မှုမှာ ပထမတွင် အနည်းငယ် အံ့အားသင့်သွားသည်။ ပြီးနောက် သူ၏ မျက်လုံး နှစ်လုံးသည် ကျန်းချွင်းဟွာ၏ မျက်နှာကို စိုက်ကြည့်နေသည်။ ထို့နောက် သူ၏ မျက်ဝန်းများမှ ဝေဝါးသော အကြည့်များသည် တဖြည်းဖြည်း ရမ္မက်ပြင်းသော အကြည့်များအဖြစ်သို့ ပြောင်းလဲသွား၏။ ပြီးပြည့်စုံသော တုံ့ပြန်မှုပင်။
အနည်းငယ် အံ့အားသင့်သွားခြင်းက သူသည် ယခင်က စိတ်ဓာတ်ကျဆင်းနေခဲ့သည်ကို ကိုယ်စားပြုသည်။ တဖြည်းဖြည်း ရမ္မက်ပြင်းလာခြင်းက သူမ၏ အလှအပတွင် ကျရှုံးသွားကြောင်း ဖော်ညွှန်း၏။ ဤသည်မှာ ညှို့ပညာရှင်နှစ်ဦး၏ အားပြိုင်မှုဖြစ်ရာ အမှားအယွင်း အနည်းငယ်မျှပင် ရှိ၍မဖြစ်ပေ။
ဤအချိန်တွင် အခက်တွေ့ဆုံးသူမှာ ကျင်းဟွေ့ပင် ဖြစ်သည်။ သူ၏ဓားသည် ကျန်းချွင်းဟွာ၏ လည်ပင်းပေါ်တွင် တင်ထားဆဲဖြစ်သော်လည်း မိန်းကလေးသည် သူ၏ ဓားသွားကို ဂရုစိုက်ပုံမရချေ၊
ကျန်းချွင်းဟွာ ရုတ်တရက် ပြေးဝင်လာသည်နှင့် သူသည် ဓားကို သူမ၏ လည်ပင်းပေါ် ချက်ချင်းတင်လိုက်၏။ အကြောင်းမှာ သမက်တော်ကို ကာကွယ်ရန်မှာ အရေးအကြီးဆုံး တာဝန်ဖြစ်သောကြောင့်ပင်။ သို့ပေမည့် ယခု သူ ဘာလုပ်သင့်သနည်း။ မျက်စိမှိတ်ထားရမည်လား၊ သို့မဟုတ် ဓားကို ပြန်သိမ်းရမည်လား။
“သမက်တော်” ကျင်းဟွေ့က မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ရထားလုံးကို ဆက်မောင်းလိုက်”
“ကောင်းပါပြီ” ကျင်းဝေက ပြန်လည်ကာ ပြောဆိုလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းကလေးကျန်း.. ခုနတုန်းက ဘာပြောလိုက်တာလဲ”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ရှမ့်လန်... ကျွန်မကိုကယ်ပါ၊ ကျွန်မကိုကယ်ပါ”
ရှမ့်လန်က ပြောလိုက်သည်။ “အဲဒါပြီးတော့ နောက်ထပ်စကားတစ်ခွန်း”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “တစ်စုံတစ်ယောက်က ကျွန်မရဲ့ဘဝကို ဖျက်ဆီးချင်နေတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အဲဒါလည်း မဟုတ်သေးဘူး။ အဲဒီအနောက်က စာလုံး”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ရှင် ကျွန်မကို လုပ်ချင်တာ လုပ်ပါ”
“ကောင်းပြီ လာခဲ့စမ်း”
ရှမ့်လန်က ပြောလိုက်၏။ ပြီးနောက် သူသည် သူ၏ဦးခေါင်းသည် ကျန်းချွင်းဟွာ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွား၏။ ပြီးနောက် လက်နှစ်ဖက်ဖြင့် သူမ၏ စကတ်ကို မရန် ကြိုးစားလျက်ရှိသည်။
“မြန်မြန် … မြန်မြန်” ရှမ့်လန်သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။
“မြို့တော်ဝန်အိမ်တော်ကို ရောက်ဖို့က နှစ်မိုင်အနီးအနားပဲ ရှိတော့တယ်။ ကျုပ်က လုပ်နိုင်စွမ်း သိပ်ရှိတာ မဟုတ်ဘူး။ အချိန်က လုံလောက်ပါတယ်။ ဒီတော့ အဝတ်တွေတော့ မချွတ်တော့ဘူး။ ကျေးဇူးပြုပြီး နည်းနည်းလောက် မပေးထားနိုင်မလား။ ကျုပ် ခြေထောက်ကိုမြှောက်ပြီးတော့ ဘောင်းဘီချွတ်လိုက်အုံးမယ်”
“ဟမ်”
ကျန်းချွင်းဟွာက ကြောင်သွား၏။ ရှင် ရှင် .... ရှမ့်လန်.. ဒီလိုအရူး… ဒီလိုတဏှာရူးတစ်ကောင်လား။
ရွှမ်ဝူမြို့စားကြီး၏ အယုံကြည်ရဆုံး အတိုင်ပင်ခံ ကျင်းဟွေ့သည် အပြင်ဘက်တွင် မြင်းရထားမောင်းရင်း ခပ်မတ်မတ် ရှိနေ၏။ သူတစ်ယောက်လုံး အပြင်တွင် ရှိနေသည်ဆိုလျှင်တောင်မှ သမက်တော်သည် အထဲတွင် မိန်းမတစ်ယောက်နှင့် သံဝါသပြုရန် ကြိုးစားနေလေသည်လား။ ရွှမ်ဝူမြို့စားကြီးနှင့် ကျင်းမူလန် တို့၏ သေမတတ်ရိုက်နှက်ခြင်းကို ခံရမှာ မစိုးရိမ်ဘူးလား။
ပြီးနောက် ရှမ့်လန်သည် တကယ်ပင် ဘောင်းဘီကို ချွတ်လျက်ရှိနေကြောင်း ကျန်းချွင်းဟွာ သိရှိလိုက်၏။ ထို့ကြောင့် လျင်လျင်မြန်မြန်ပဲ ရှမ့်လန်၏လက်ကို ဖမ်းဆွဲလိုက်သည်။
“ရှမ့်လန်... ကျင်းဟွေ့ အပြင်မှာရှိတယ်လေ” ကျန်းချွင်းဟွာက ပြောလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူနဲ့။ သူက ပါးစပ်လုံတဲ့လူတစ်ယောက်ပဲ။ ကျင်းဟွေ့.. ဘာမှမမြင်ဘူး မဟုတ်လား”
ကျင်းဟွေ့သည် ကြက်သီးမွှေးညှင်းများ ထသွား၏။ “အင်း ဘာမှမမြင်ပါဘူး”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒါပေမယ့် ဒါကြီးက လမ်းမပေါ်မှာလေ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း လမ်းမပေါ်မှာဆိုတော့ မကောင်းဘူးလား။ လေပြေလေညှင်းတွေကလည်း တိုက်ခတ်နေတယ်။ အပြင်ဘက်မှာရှိတဲ့ လူသံသူသံတွေကိုလည်း နားထောင်ရတယ်။ တကယ့်ခံစားလို့ ကောင်းမှာပဲ”
ပြီးနောက် သူသည် ကျန်းချွင်းဟွာ၏ နှုတ်ခမ်းကို နမ်းရန် ကြိုးစားလိုက်သည်။