← Chapters

အခန်း (၁၄၅)

Vol. 11 Ch. 145

အခန်း (၁၄၅)

Vol. 11 Ch. 145

သို့ပေမည့် ဒီစကားစုသည် ယုံကြည်ချက်ကင်းမဲ့နေသည့် ဟန်ပန်မျိုးဖြစ်၏။ ကြောက်လန့်မှုများလည်း ထိုစကားစုများထဲတွင် အရိပ်အရောင်အဖြစ် ပါဝင်နေ၏။ သူ၏သရုပ်ဆောင်စွမ်းရည်သည် အလွန် ကောင်းမွန်လွန်း၏။ မျက်နှာပြင်ထက်တွင် မည်သည့် ပြစ်ချက်ဟူ၍မှ ရှာမတွေ့နိုင်ချေ။

“ဟား ဟား ဟား ဟား”

ကျူးဝမ်ဟွာက ပြောလိုက်၏။ “ဘာပဲပြောပြော အစ်ကိုရှမ့်လန်က သမက်တော် တစ်ယောက်ပဲ။ ဘယ်ကိုသွားပြီး စားစား ကိစ္စမရှိလှပါဘူး”

မြို့စားလေး ကျူးလန်ထင်က မျက်မှောင်ကုတ်လိုက်မိ၏။ သူ၏သား ကျူးဝမ်ဟွာသည် ရှမ့်လန်ကို အလွန်မုန်းသည့်အကြောင်း သူကောင်းကောင်း သိ၏။ ယနေ့ည လာရောက်တွေ့ဆုံသည့် အချိန်တွင် အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ကြောင်း သိရှိ၏။ ရှမ့်လန်သည် အချိန်မရွေး သေဆုံးတော့မည့် လူတစ်ယောက် ဖြစ်နေ၏။ အဘယ်ကြောင့် သွားရောက်ကာ နှောင့်ယှက်နေရသနည်း။ ယနေ့ည၏ အရေးကြီးဆုံးသော တာဝန်သည် ကျန်းချုံးဆီ၌ လက်ထပ်ပွဲ တောင်းဆိုရန်ပင် မဟုတ်ပါလား။ ရွှမ်ဝူအိမ်တော် သည် ပျက်စီးခါနီး အခြေအနေသို့ ကျရောက်နေပြီ ဖြစ်၏။ ကောင်းကင်ယံထက်တွင် လင်းဒများက ဝဲပျံလျက်ရှိနေပြီး ရွှမ်ဝူအိမ်တော်မှ မိသားစုများ၏ ခန္ဓာကိုယ်များကို စားသောက်ရန် အသင့်ပင် ဖြစ်နေသည်။

လန်ရှန်မြို့စားလေး အိမ်တော်သည် အားနည်းလွန်းလှချေ၏။ ထို့ကြောင့် ထိုနေရာဆီမှ အသား တစ်ပိုင်းတစ်စကို ရရှိရန်ဆိုသည်မှာ ခက်ခဲလှချေ၏။ သို့ပေမည့် ကျန်းချုံးနှင့် ဆွေမျိုးများ ဖြစ်တည်ခဲ့သည်ဆိုပါက ကျူးဝမ်ဟွာ သည် အလွန်အားကောင်းသည့် နောက်ခံတစ်ခုကို ပိုင်ဆိုင်တော့မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ရွှမ်ဝူအိမ်တော်ဆီမှ အကျိုးအမြတ်များကိုလည်း ရရှိနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ကျူးဝမ်ဟွာကို သတိပေးသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ထပ်ပွဲ ဖြစ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်မှ ဖြစ်ပေလိမ့်မည်။

ကျန်းချုံး၏ စိတ်တစ်ခုလုံးသည်လည်း အစောကြီးထဲက လွင့်မျောလျက်ရှိနေ၏။ သူသည် တကယ့်ကို ကျိန်းသေပေါက် မြို့စားလေးလန်ရှန်တို့၏ မိသားစုနှင့် သူ၏သမီးကို လက်ထပ်ပေးချင်စိတ် မရှိချေ။

ကျူးလန်ထင်သည် သူ၏ခွက်ကို အသာမြှောက်ကိုင်ကာဖြင့် စတုတ္ထမင်းသား နင်ကျန့်၊ အုပ်ချုပ်ရေးမှူး ကျူးကျွင်းတို့ကို ဂါရဝပြုလိုက်၏။ ပြီးနောက် တစ်ခါတည်း သောက်လိုက်၏။ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းလှ၏။

‘အုပ်ချုပ်ရေးမှူး ခင်ဗျား ကျိန်းသေပေါက် အောင်သွယ်တော် လုပ်ပေးရမည်’ဟူသည့် အဓိပ္ပာယ်ပင်။

ကျူးလန်ထင်နှင့် ကျူးကျွင်းတို့သည် ကျူးဆိုသည့် နာမည်ချင်း တူ၏။ ထို့ကြောင့် အလွန်ဝေးသည့် ဆွေမျိုးများအဖြစ် သတ်မှတ်၍လည်း ရ၏။ သို့ပေမည့် အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် ဝေးကွာသည့် ဆွေမျိုးများ ဖြစ်နေသောကြောင့် အောင်သွယ်တော် ပြုလုပ်ပေးခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျန်းချွင်းဟွာသည် အလွန်လှပလွန်းပြီး အလွန်ချောမောလွန်း သောကြောင့်ပင်။

မင်းသားနင်ကျန့်သည် ရွှမ်ဝူမြို့ကို ရောက်ရှိလာခဲ့ပြီးသည့်နောက် သူမကို အကြိမ် ခဏခဏ ကြည့်ရှုခဲ့၏။ ကျူးကျွင်းသည် တကယ့်ကို သတိအပြည့်နှင့် ဖြစ်လာခဲ့၏။ ကျန်းချုံးသည် သူ၏ ညာလက်ရုံးတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ကျန်းမိသားစုအနေနှင့် တော်ဝင်မိသားစုနှင့် လက်ထပ်ခြင်းကို သူ မနှစ်မြို့ချေ။ မဟုတ်ပါက အနာဂတ်တွင် သူ ကိုင်တွယ်ရခက်ခဲလာမည် မဟုတ်ပါလား။

ထို့ကြောင့်ပင်လျှင် ကျန်းချွင်းဟွာအား ကျူးဝမ်ဟွာနှင့် လက်ထပ်ပေးရန် သူက မြန်မြန်ဆန်ဆန် စီစဉ်နေခြင်းပင် ဖြစ်၏။ ကျန်းချွင်းဟွာသည် အလားအလာကောင်းများ တည်ရှိလား၊ မတည်ရှိသည်လားဆိုသည်မှာတော့ ကိစ္စမရှိချေ။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် မြို့စားလေး ကျူးလန်ထင်၏ မျက်လုံးကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ပြုံးလိုက်မိ၏။ ပြီးနောက် ပြောလိုက်၏။ “ကျူးဝမ်ဟွာ.. မင်းရဲ့ ပါရမီက အခုတလောအတွင်း အရမ်းကို ကျော်ကြားနေတယ်လို့ ငါကြားတယ်။ အခွင့်အရေးကို အရယူပြီးတော့ ဒီမှာရှိတဲ့ လူတွေအတွက် ကဗျာတစ်ပုဒ်လောက် ရွတ်ဖတ်ပေးပါလား”

ကျူးဝမ်ဟွာက ပျော်ရွှင်သွားမိ၏။ ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ “ကောင်းပါတယ် ဦးရီးတော်”

အရှက်မဲ့လွန်းလှချေ၏။ မိသားစုနှစ်ခုကြား ဆက်ဆံရေးသည် အမျိုးဝေးကွာလှသည် ဆိုသော်လည်း ဦးရီးတော်ဟု တိုက်ရိုက်ဆိုသလို ခေါ်ဆိုလျက်ရှိ၏။

ကျူးဝမ်ဟွာသည် သူ၏ခွက်ကို မြှောက်ပြီးသည့်နောက် ကျန်းချွင်းဟွာကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်ရှုလိုက်၏။ “ကျုပ် မိန်းကလေးကျန်းအတွက် ကဗျာတစ်ပုဒ် ရှိပါတယ်”

ကျန်းချွင်းဟွာက ပြုံးလိုက်၏။ သို့ပေမည့် သူမသည် စိုးရိမ်ပူပန်လျက် ရှိနေ၏။ ရှမ့်လန်သို့ သူမ ပေးထားသည့် စာရွက်သည် အကူအညီတောင်းခြင်း ဖြစ်၏။ ကျူးကျွင်းတစ်ယောက် အောင်သွယ်တော် ပြုလုပ်သည် ဆိုသည်နှင့် သူမ၏အဖေ ကျန်းချုံးသည် မင်္ဂလာပွဲကို ငြင်းပယ်၍ ရလိမ့်မည် မဟုတ်ချေ။

ကျူးဝမ်ဟွာက ရွတ်ဖတ်လိုက်၏။

“လှပသည့်မိန်းမပျို ..

သူမ၏ ကောင်းသတင်းမိုးထိပျံ့ …

ကျောက်စိမ်းကဲ့သို့ သန့်စင်ခြင်း …

သစ်ခွပန်းလို မွှေးပျံ့ခြင်း …..”

ကဗျာသည် အရမ်းကို ကောင်းမွန်လွန်းလှ၏။ အဓိက သော့ချက်သည် အနုပညာလက်ရာ မြောက်နေခြင်းပင် ဖြစ်သည်။

“ကဗျာကောင်းတစ်ခုပဲ”

ပထမဦးဆုံး ထ၍ စကားပြောဆိုသည်မှာ ချီယု၏ သမီး ရုပ်ရှင်မင်းသမီး လင်းတန်ယုနှင့် တူသော ချီယွီပင် ဖြစ်လေ၏။ သူမသည် ကျန်းချွင်းဟွာကို လှမ်းကြည့်ကာ ပြောလိုက်၏။ “အစ်မချွင်းဟွာ ဒီကဗျာက တကယ့်ကို အရမ်းလှတယ်နော်။ မဟုတ်ဘူးလား။ ရှင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တကယ့်ကို ကိုက်ညီနေတာပဲ”

ကျန်းချုံးသည် အားတင်းကာ ပြောလိုက်သည်။ “သခင်လေး ကျူးဝမ်ဟွာက တကယ်ကို ပါရမီရှိတာပဲ”

ကျန်းချွင်းဟွာ၏ မျက်နှာသည် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သို့ပေမည့် သူမ၏ နှလုံးသားထဲတွင်တော့ စိုးရိမ်ပူပန်မှုများနှင့် တောက်လောင်လျက် ရှိနေ၏။ “ရှမ့်လန်... ခွေးကောင် ရှင်အခုထိ ကျွန်မကို မကယ်သေးဘူးလား”

တခြားအရာများကို ပြောစရာမလိုအပ်ချေ။ ယခုအခွင့်အရေးကို အရယူပြီး သူမကို ဝင်ရောက် ကယ်တင်သင့်သည် မဟုတ်ပါလား။ မိန်းကလေးတစ်ယောက်ကို ထိကိုင်ပြီးမှ အဘယ်ကြောင့် တာဝန်မယူချင်ရသနည်း။

အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် ပြုံးလိုက်မိ၏။ သူသည် အောင်သွယ်တော်တစ်ယောက်ကဲ့သို့ ပြောဆိုရန် ပြင်လိုက်၏။ လက်ရှိ မည်သူမှသည် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ စတုတ္ထမင်းသားပင်လျှင် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ မင်းသားတစ်ယောက်အနေနှင့် တခြားသောတစ်ယောက်၏ မိန်းမကို လူမြင်ကွင်းထဲတွင် အဘယ်သို့ ထိကပါးရိကပါး ပြောဆိုမည်နည်း။

သို့ပေမည့် ရှမ့်လန်ကတော့ ပြောနိုင်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် ရန်သူဖြစ်သောကြောင့်ပင်။ အားလုံးသောသူတို့၏ မျက်လုံးထဲမှာတော့ အချိန်မရွေး သေဆုံးတော့မည့် လူတစ်ယောက်လည်း ဖြစ်၏။ အချိန်မရွေး သေဆုံးတော့မည့် လူတစ်ယောက်နှင့် မည်သူက ဖက်ပြိုင်ကာ ပြောဆိုနေလိမ့်မည်နည်း။

ကျင်းချန်ကျွန်းတိုက်ပွဲအတွက် ပြဿနာ ဖြစ်ပွားစေရုံသာ ရှိ၏။ သူတို့သည် ရှမ့်လန်ကို ဖိနှိပ်ရန် မစောင့်မျှော် နိုင်ခဲ့ချေ။ သို့ပေမည့် ရှမ့်လန်ကို သတ်ပစ်ရန်လည်း စိတ်ဆန္ဒ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူ အိမ်တော် အနိုင်ရသွားမည်ကို သူတို့ စိုးရိမ်သောကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် ရှမ့်လန်သည် ယနေ့အချိန်တွင်တော့ အဆင်ပြေလျက်တော့ ရှိနေသေး၏။

ထို့အပြင် စတုတ္ထမင်းသားသည် ကျန်းချွင်းဟွာတစ်ယောက် ကျူးဝမ်ဟွာနှင့် လက်ထပ်သွားမည်ကို မြင်ချင်မည် မဟုတ်ချေ။ ကျူးကျွင်းသည် ပြောဆိုရန် ပြင်လိုက်သည့်အချိန်မှာပင် ရှမ့်လန်က အသာဝင်ကာ ပြောလိုက်၏။

“သခင်လေး ကျူးဝမ်ဟွာ... အုပ်ချုပ်ရေးမှူးကျန်းရဲ့ သမီးကို ဒီလိုမျိုး မြှောက်ပင့်ပြောဆိုနေတာက စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ကျောက်စိမ်းဆိုတာက သန့်စင်လွန်းတဲ့ အရာဖြစ်ပြီး သစ်ခွဆိုတာကလည်း မွှေးပျံ့တဲ့အရာပဲလေ။ ဒါပေမယ့် ဒီဟာ အရမ်းကို အပိုလုပ်ပြီး ချဲ့ကားနေတယ်လို့ မထင်ဘူးလား”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အားလုံးသောသူတို့၏ အမူအရာက ပြောင်းလဲသွား၏။

ကျူးဝမ်ဟွာသည် ချက်ချင်းပဲ ဒေါသထွက်သွား၏။ ပြီးနောက် ဒေါသတကြီးဖြင့် အေးစက်စက် ပြောလိုက်သည်။ “ရှမ့်လန်.. ခင်ဗျား ဘာကို ဆိုလိုတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား အပိုတွေလုပ်ပြီးတော့ မြှောက်ပင့်ပြောဆိုတဲ့ ကဗျာကို ကျုပ်ဘယ်လိုမှ သည်းမခံနိုင်တော့လို့ပဲ”

ကျန်းချွင်းဟွာက အေးဆက်ဆက် ပြောလိုက်သည်။ “ဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

ရှမ့်လန်သည် ခန္ဓာကိုယ်ကို ထိုင်ခုံပေါ်သို့ အသာမှီကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီမှာရှိတဲ့ လူတွေ အကုန်လုံးက ယောကျာ်းတွေပဲလေ။ ခင်ဗျား မိန်းကလေးတွေကို ဒီလိုမျိုး မြှောက်ပင့်ပြောဆိုနေမယ်ဆိုရင် မိန်းကလေးတွေ အောက်ခြေလွတ်တော့မှာပေါ့။ ခင်ဗျားက ယောကျာ်းတွေရဲ့ ဈေးကို ကျအောင် လုပ်နေတာပဲ။ ဒီမှာ မိန်းမနဲ့ မအိပ်ဖူးတဲ့လူ ဘယ်သူရှိလဲ။ ဘယ်သူက အဲလောက် ဈေးမြင့်တင်နေလို့လဲ”

သူ၏အသံသည် တကယ့်ကို တီးတိုး ပြော၏။ သို့ပေမည့် ဤနေရာတွင် ရှိနေသည့် ရှိနေသော လူများသည် သိုင်းပညာစွမ်းရည်တွင် ကျွမ်းကျင်သည့် လူများဖြစ်သောကြောင့် ထိုအရာကို ကြားသည်။

အဓိကလူများ အားလုံးတို့သည် မကြားချင်ယောင် ဆောင်ထားလျက် ရှိနေ၏။ ကျူးဝမ်ဟွာနှင့် ကျန်းချွင်းဟွာတို့သည် ထိုအရာကို ကြား၏။ သူတို့သည် ရုတ်တရက် ထကာ ပေါက်ကွဲလုနီးပါး ဖြစ်သွားကြ၏။

အထူးသဖြင့် ကျန်းချွင်းဟွာပင် ဖြစ်သည်။ “ရှမ့်လန် ရှင် နှာဘူး၊ လူဆိုးကောင်။ ကျွန်မကို ကယ်ဖို့ ပြောထားတယ်။ ရှင်ကယ်တယ်။ ဒါပေမယ့် ကယ်တယ်ဆိုရင်တောင်မှ ဂုဏ်သိက္ခာရှိရှိနဲ့ ကယ်ပေးပါလား”

.........

“မိန်းမတွေကို ဈေးမြင့်တင်ပေးနေတာ ဟုတ်လား”

စတုတ္ထမင်းသား နင်ကျန့်ကပြောလိုက်၏။ “ရှမ့်လန်... မင်း ဒီလိုပြောရဲတယ် ဟုတ်လား။ လောကမှာရှိတဲ့ မိန်းကလေးတွေ အကုန်လုံးက မင်းရဲ့ရန်သူတွေဖြစ်ကုန်မယ်ဆိုတာ မသိဘူးလား။ ဒီလို ပေါက်ပန်းလေးဆယ်တွေပြောရတာ မင်းရဲ့ပါရမီလား။ စကားတစ်ခွန်းတည်းနဲ့တင် မင်းရဲ့ပါးစပ်ကို ငါထပြီး ပိတ်ရိုက်ချင်စိတ်ပေါက်တယ်”

ဤစကားစုသည် တကယ်ပင်ကြမ်းတမ်းလွန်းလှ၏။ ဘာဖြစ်သနည်း။ မိန်းကလေးများ၏ ထုတ်ဖော်ပြောဆို၍ မရနိုင်သည့် အစိတ်အပိုင်းပင် ဖြစ်၏။ တကယ့်အစစ်အမှန် အကြောင်းအရာလည်း ဖြစ်လို့နေသည်။

ရှမ့်လန်က ပြုံးလိုက်၏။ မည်သည့်စကားကိုမှ မဆိုချေ။

ကျူးဝမ်ဟွာသည် စိတ်ထဲတွင်တော့ ပျော်ရွှင်လျက်ရှိ၏။ “ကြည့်စမ်း ရှမ့်လန်.. မင်းအရမ်းကို ဂုဏ်မောက် နေတယ်ပေါ့။ စတုတ္ထမင်းသားက မင်းကိုသင်ခန်းစာတွေ ကောင်းကောင်းပေးလိမ့်မယ်”

ထိုအခြင်းအရာကို ကြည့်ရှုလိုက်လျှင် ရှမ့်လန်သည် ကျိန်းသေပေါက် အရူးတစ်ယောက်ကဲ့သို့ပင် ဆူးငေါက်ခြင်းကို ခံခဲ့ရ၏။ သို့ပေမည့် စတုတ္ထမင်းသားနင်ကျန့်သည် မီးထဲသို့ ဆီလောင်းခဲ့ခြင်းပင် ဖြစ်၏။ ရှမ့်လန် ပြောခဲ့သည့်စကားလုံးများသည် ဆိုးယုတ်သည်ဆိုသော်လည်း တကယ်ပင် ထိုစကားစုက အားလုံးသော သူတို့ဆီသို့ ပျံ့နှံ့သွားမှာဖြစ်လေ၏။ ရှမ့်လန်သည် အားလုံးသောသူတို့၏ မုန်းတီးခြင်းကိုခံရမှာဖြစ်သည်။

ကျူးဝမ်ဟွာသည် အလွန်ပင် ပျော်ရွှင်လျက်ရှိနေ၏။ သူသည် ကျန်းချွင်းဟွာ၏ အလှအပနှင့် ပတ်သက်၍လည်း တကယ်ကို နစ်မျောလျက် ရှိနေ၏။

ကျန်းချွင်းဟွာသည် အဘယ့်ကြောင့် စိတ်ဆိုးနေရသနည်း။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် တည်ငြိမ်လျက် ရှိနေသည့် အခြေအနေတစ်ခုကို အဘယ့်ကြောင့် ရှုပ်ထွေးရန် ကြိုးစားချင်နေသည်ဟု သူမ က အတတ်သိသည်။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် ကျော်ကြားသည့် အရာရှိတစ်ယောက်ဖြစ်၏။ အဘယ့်ကြောင့် ဤကဲ့သို့ ညစ်ပတ်သည့် ကိစ္စများ၌ ပါဝင်ချင်ရသနည်း။

ကျူးဝမ်ဟွာအတွက် အောင်သွယ်တော် လုပ်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် လောက၏ အလှအပ အားလုံးကို ဖျက်ဆီးပစ်သည့် လူတစ်ယောက်ပင် ဖြစ်လာပေလိမ့်မည်။

ကျူးဝမ်ဟွာသည် အမှတ်မထင် ရှမ့်လန်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ကဗျာက မကောင်းဘူးလို့ ခင်ဗျား ထင်တယ်မလား။ ဒီမှာ လူတွေအများကြီး ရှိနေတယ်။ မိန်းကလေး ကျန်းချွင်းဟွာအတွက် ကဗျာတစ်ပုဒ်လောက် ရေးလိုက်ပါလား။ ခင်ဗျား ဘယ်လောက်ထူးချွန်လဲဆိုတာကို ကြည့်မယ်။ ခင်ဗျား ဘယ်လောက်နှိမ့်ချလဲ ဆိုတာကိုလည်းကြည့်မယ်”

ကျူးဝမ်ဟွာသည် ဖားယားတတ်သည်လူတစ်စုံတစ်ယောက်၏ အမူအကျင့်အတိုင်းပင် တွေးခေါ်သည်။ ရှမ့်လန်သည်သာ ကဗျာစပ်ဆိုမှုမကောင်းပါက ကျန်းချွင်းအား နှိမ့်ချသလိုဖြစ်ပြီး သူ၏ ကဗျာက ပို၍ထင်ပေါ်မည်။ ရှမ့်လန်၏ ကဗျာသည်သာ ကောင်းမွန်ပါက ကျန်းချွင်းဟွာအား ဈေးမြင့်တင်ပေးသလို ဖြစ်ပေမည်။

ရှမ့်လန်က ပြုံးလျက် ပြောလိုက်သည်။ “ဒီနေရာမှာ ပြောရရင် တကယ်ပဲ ကဗျာတစ်ပုဒ် ရှိနေတယ်”

ကျန်းချွင်းဟွာသည် နားစွင့်ထောင်ထားသည်။ ကျူးဝမ်ဟွာ၏ ကဗျာကို သူမ လုံးဝဂရုမစိုက်၊ နားထောင်ရသည်မှာ ပျို့အန်ချင်စရာ ကောင်းသည်ဟု ထင်သည်။ သို့ပေမည့် ရှမ့်လန်၏ ကဗျာကိုမူ သူမ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေ၏။ ညစ်ညမ်းသော ကဗျာဖြစ်လျှင်ပင် သူမသည် စိတ်လှုပ်ရှားစွာ နားထောင်မိပေမည်။ အကြောင်းမှာ ဤသူသည် အရည်အချင်းရှိသော နှာဘူးဖြစ်သောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “ဒီကဗျာက ကျန်းချွင်းဟွာ သခင်မလေးအတွက် မဟုတ်ဘူး၊ ချီယွီ

သခင်မလေးအတွက် ဖြစ်ပါတယ်”

ဤစကားကြောင့် ကျန်းချွင်းဟွာသည် သူ၏ တူကို တိုက်ရိုက် ချိုးဖဲ့လိုက်သည်။ ‘ရှမ့်လန်၊ တစ်နေ့နေ့မှာ

နင့်ကို ငါ သတ်ပစ်မယ်’

လင်တိုင်းယုကဲ့သို့ လှပသော ချိယွီသည် အံ့အားသင့်သွားသည်။ ပြီးနောက် ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မနဲ့

သခင်လေးရှမ့်က မရင်းနှီးကြပါဘူး”

သူမသည် ကုန်သည်၏ သမီးဖြစ်ရာ ရှမ့်လန်ကဲ့သို့သော ယောကျ်ားမျိုးကို သဘောမကျပေ။ သူမ သဘောကျသည်မှာ ကျန်းကျင်းကဲ့သို့သော အောင်မြင်နိုင်သည့် ယောကျ်ားမျိုး ဖြစ်သည်။ ထို့ကြောင့် နားလည်မှု လွဲစေနိုင်သည့် မည်သည့် ဆက်ဆံရေးမျိုးကိုမဆို သူမ ရှောင်ရှားရပေမည်။

ရှမ့်လန်က ပြောလိုက်၏။ “ချီသခင်မလေး.. ခင်ဗျား ကျုပ်ကို မသိပေမယ့် ကျုပ်ကတော့ ခင်ဗျားကို

စိတ်ထဲကနေ ခင်မင်နေခဲ့တာ ကြာပါပြီ”

ချီယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း စိတ်ထဲတွင်မူ အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေပြီ ဖြစ်သည်။ အကြောင်းမှာ ရှမ့်လန်က သူမကို စကားလုံးများနှင့် နှောင့်ယှက်နေသောကြောင့်ပင်။

‘ရှမ့်လန်.. နင့်လို နိမ့်ကျတဲ့ သာမန်အရပ်သား လူငယ်တစ်ယောက်ကို ငါ ချီယွီက နည်းနည်းလေးမှ

သဘောမကျနိုင်ဘူး’

ဤသည်မှာ ကုန်သည်မိသားစု၏ ထုံးစံအတိုင်းပင်။ သူတို့သည် အာဏာကို တောင့်တကြသည်။

ကျင်းမူလန်ကဲ့သို့သော အရာရှိကြီး၏ သမီးများကသာ ယောကျ်ားတစ်ယောက်၏ ရုပ်ရည်နှင့် အရည်အချင်းကို ပို၍ အလေးထားကြ၏။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “သခင်လေးရှမ့်ရဲ့ ကဗျာကိုတော့ ကျွန်မ တကယ် နားထောင်ချင်ပါတယ်။ ညီမလေးချီက အပြင်ပန်းမှာရော အတွင်းမှာပါ ထက်မြက်ပြီး ကောင်းကင်ဘုံက နတ်သမီးတစ်ပါးလိုပဲ။ ဘယ်လိုပဲ ချီးကျူး ချီးကျူး လွန်တယ်လို့ မရှိပါဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဒီကဗျာရဲ့ နာမည်က ‘ချိယွီသို့လက်ဆောင်’ လို့ခေါ်တယ်”

လူတိုင်း နားစွင့်လိုက်ကြသော်လည်း စိတ်ထဲတွင်မူ အထင်သေးနေကြသည်။ ဤနေရာသည် ဆောင်ကြာမြိုင် မဟုတ်ပေ။ အမျိုးသမီးတစ်ဦးအတွက် ရေးစပ်သော မည်သည့်ကဗျာမဆို ချီးကျူးသည်ဖြစ်စေ ၊ ရှုတ်ချသည်ဖြစ်စေ လူကြိုက်များမည် မဟုတ်ပေ။

ကျန်းချွင်းဟွာသည် ပိုမို၍ပင် အထင်အမြင်သေးသွားမိ၏။ ‘ဒါ ရှင် ချီယွီကို တမင်တကာ မြှောက်ပင့်ပြောဆိုဖို့ လုပ်နေတာ မဟုတ်လား။ သူမက ကျန်းကျင်းနဲ့လက်ထပ်ခါနီး။ ရှင့်လိုလူမျိုးကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး’

လင်းတန်ယုနှင့်တူညီသော ချီယွီသည် ခေါင်းကိုမော့ထား၏။ သူမသည် နားမထောင်သလို ငြင်းလည်း ငြင်းဆန်ခြင်း မရှိချေ။ ကြည့်ရသည်မှာ ထူးမခြားနားသကဲ့သို့ ခပ်တည်တည်ပင်။

ရှမ့်လန်က ရေရွတ်လိုက်၏။

“အာဏာရှိသူတို့ထံ ဖြည်းညင်းစွာ ချဉ်းကပ်ကြိုးပမ်းခဲ့၏။

သခင်ကျန်းမှာ အရည်အချင်းရှိသော်လည်း မရိုးသားပေ။

သန်းခေါင်ယံတွင် မီးတောက်၍လန့်နိုးရသည်မှာ သနားစရာ။

လှပသူကို မမြင်ရဘဲ တစ္ဆေကိုသာ မြင်ရတော့သည်”

ကဗျာထွက်လာသည့် အချိန်မှာတော့ ကျန်းကျင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ဤကဗျာသည် ချီယွီအတွက် ဖြစ်ကြောင်းသေချာ၏။ အချက်အလက်အားဖြင့် ကျန်းကျင်းတစ်ယောက် သူ့၏မိန်းမကို မီးလောင်တိုက်သွင်းခဲ့သည့်ဖြစ်ကြောင်း လှောင်ပြောင်ခဲ့ခြင်းပင် ဖြစ်၏။

ချမ်းသာပြီး ဂုဏ်သိက္ခာနှင့် အခွင့်အာဏာကို မက်မောလွန်းသည့် ရှစ်ကွမ်းယွမ်သည် ကျန်းချုံးကို လာရောက်ကာ ရှာဖွေခဲ့၏။ ပြီးနောက် လက်ထပ်ပြီး မဟာမိတ်အဖြစ် ဖွဲ့စေချင်ခဲ့၏။ သို့ပေမည့် ကျန်းကျင်းသည် ပါရမီရှင် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ကောင်းမွန်သည့် လူတစ်ယောက် မဟုတ်ချေ။ ရှစ်ကွမ်းယွမ်ကို နှိမ့်ချစော်ကားခဲ့သည်သာမက ၎င်းတို့၏ မိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။

ကဗျာသည် ကောင်းကောင်း ရေးထားခြင်းဖြစ်၏။ အထူးသဖြင့် နောက်ဆုံးစာကြောင်းတွင် ဖြစ်၏။ လှပသူကို မမြင်ရဘဲ တစ္ဆေကိုသာမြင်ရသည်ဆိုသည့် စာသားတွင် ရှစ်ချင်းချင်းသည် သေပြီး ဝိညာဉ် ဖြစ်သွားခဲ့သည် ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်၏။

“ချီယွီ....... ခင်ဗျား ကျန်းကျင်းကို လက်ထပ်မှာမို့လား။ သူ့ရဲ့အရင်မိန်းမက ဘယ်လို ဆိုးဆိုးဝါးဝါး ဖြစ်သွားခဲ့လဲ ဆိုတာကိုကြည့်” ထိုသဘောပင်။

အုပ်ချုပ်ရေးမှူးကျူးကျွင်းသည် ပထမဆုံးအကြိမ်အဖြစ် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ မာယာမျဉ်းပြိုင်စာအုပ်အကြောင်းကို သူက ကောင်းကောင်းသိ၏။ ရှမ့်လန်၏ ဉာဏ်ရည်ကိုလည်း ကောင်းကောင်း သိ၏။ ယခု သူကိုယ်တိုင် ကြုံတွေ့ရသည့် အချိန်မှာတော့ တစ်ဖက်လူ၏ ကဗျာစပ်ဆိုခြင်း ပညာရပ်သည် တကယ့်ကို ထိပ်တန်းအဆင့် ဖြစ်လွန်းနေကြောင်း နားလည်လိုက်၏။

အဓိက သော့ချက်အနေနှင့် ရှမ့်လန်သည် ကဗျာစပ်ဆိုဖွဲ့နွဲ့ကာဖြင့် မြှောက်ပင့်ပြောဆိုကြွားဝါခြင်း မလုပ်ခဲ့ချေ။ ထိုကဗျာကို အသုံးပြုပြီး လက်နက်တစ်ခုကဲ့သို့ အသုံးချခဲ့ခြင်းသာဖြစ်၏။ တည်နေရာတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွား၏။ မည်သူမှ ဆွေးနွေးပြောဆိုခြင်း မရှိကြတော့ချေ။

ချီယွီ၏ အမူအရာသည် ယခင်ကအတိုင်း တည်ငြိမ်မနေတော့ချေ။ ထိုအစား မျက်လုံးထဲတွင် အေးစက်မှုများနှင့် ပြည့်နှက်လာခဲ့သည်။

.............

All Chapters