← Chapters

အခန်း (၁၄၇)

Vol. 11 Ch. 147

အခန်း (၁၄၇)

Vol. 11 Ch. 147

သေချာပေ၏။ မြို့စားလေး ကျူးလန်ထင်က ဆက်လက်ကာ ပြောဆိုလိုက်၏။ “ရွှမ်ဝူအိမ်တော်က မကြာခင် ဖျက်ဆီးခံရမယ်။ အဲ့ဒီအချိန်ကျရင် ရှမ့်လန်က အသိုက်ပျောက်တဲ့ ကျီးကန်းတစ်ကောင်လို ဖြစ်သွားမှာ သေချာတယ်။ အရှင်မင်းသားအနေနဲ့ သူ့ကိုခေါပြီးတော့ ထိန်းသိမ်းထားသင့်တယ်။ သူ့ကို လေ့ကျင့်ပေးနိုင်မယ် ဆိုရင် အရမ်းကောင်းမယ်နဲ့တူတယ်”

စတုတ္ထမင်းသား နင်ကျန့်က ပြောလိုက်သည်။ “သူ့ကို ကျီးကန်းတစ်ကောင်လို ပြောပြီးပြီလေ။ ဘယ်လိုဖြစ်ပြီး အထဲကိုခေါ်ထားရမှာလဲ။ တကယ်ကို ကျက်သရေယုတ်တယ်။ ပြီးတော့ ဖခမည်းတော်က ဒီလိုလူမျိုးကို မနှစ်သက်ဘူး။ ဘယ်လိုဖြစ်ပြီး ကျုပ်က သူ့ကို အသုံးပြုရဲမှာလဲ”

ဤစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ မြို့စားလေး ကျူးလန်ထင်သည် တကယ်ကို ပျော်ရွှင်သွား၏။ ရှမ့်လန်သည် သေဆုံးပြီဖြစ်၏။ မူလအားဖြင့် တစ်စုံတစ်ယောက်သည် ရှမ့်လန်၏ ပါရမီကို နှစ်ခြိုက်ကာ သဘောကျသောကြောင့် ဆွဲခေါ်ထားမည်ကို စိုးရိမ်မိ၏။

ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရသည်ဆိုလျှင်တောင်မှ ဤသူတောင်းစားလေးသည် မသေဆုံးနိုင်သေးချေ။ သို့ပေမည့် ယခု တကယ်စွမ်းအားမြင့် အာဏာရှိသူများသည် ၎င်းကိုခေါ်ဆောင်ခြင်း မပြုတော့ဟူသည့် အဓိပ္ပာယ် သက်ရောက်ခဲ့၏။ ဥပမာအားဖြင့် ကျန်းချုံး။ ထို့အပြင် အုပ်ချုပ်ရေးမှူး ကျူးကျွင်းတို့သည် ပါရမီရှင်များကို လိုအပ်လျက် ရှိနေသည်။

စတုတ္ထမင်းသားနင်ကျန့်၏ စကားကို ကြည့်ရမည်ဆိုလျှင် မည်သူမှသည် ရှမ့်လန်ကို ခေါ်ဆောင်ရဲတော့မည် မဟုတ်ချေ။ ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို မနှစ်သက်ချေ။ ဤအရာသည် တကယ်ကို အားကောင်းလွန်းလှသည့် နိုင်ငံရေးအချက်ပြမှုပင် ဖြစ်၏။ အထူးသဖြင့် ကျန်းချုံးကဲ့သို့သော ရည်မှန်းချက်ကြီးမားသည့် အရာရှိ တစ်ယောက်အနေနှင့် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒနှင့် သွေဖယ်စေမည့် အကြောင်းအရာများကို ဘယ်သောအခါမှ ပြုလုပ်မည်မဟုတ်ချေ။

သေချာပေ၏။ စတုတ္ထမင်းသားနင်ကျန့် ၏စကားကို ကြားရသည့်အချိန်မှာတော့ ကျန်းချုံး၏ လက်သည်လည်း အသာရပ်တန့်သွားခဲ့၏။ ကျန်းချုံး၏ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွား၏။ သို့ပေမည့် ကျန်းကျင်း မှာတော့ ပျော်ရွှင်သွားမိလေ၏။ သူသည် ရှမ့်လန်သေဆုံးမည်ကို အားတက်သရောဖြင့် ကြည့်ရှုချင်မိ၏။

အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် မြို့စားလေး ကျူးလန်ထင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤအကောင်သည် သစ်သားကိုပင် ကိုက်ဖြတ်ချင်သည် ခွေးပင်ဖြစ်သည်။

ကျူးလန်ထင်၏ လှည့်ကွက်သည် ရှမ့်လန်တစ်ယောက် အသက်ရှင်နိုင်မည့် လမ်းစဉ်အားလုံးကို ပိုင်းဖြတ်ခဲ့လေပြီ ဖြစ်၏။

စားပွဲပြီးသည့်နောက် ကျန်းမိသားစု၏ အိမ်အိုဟောင်းထဲမှာတော့ ကျန်းချွင်းဟွာသည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ရှိနေ၏။ သူမသည် ခြေထောက်များကို အသာပိုက်ကာဖြင့် ဒူးပေါ်သို့ မေးကိုတင်ထားသည်။

“ကျူးလန်ထင်နဲ့ သူ့ရဲ့သားက သေဖို့ကောင်းတဲ့လူတွေပဲ”

ကျန်းချွင်းဟွာက ပြောလိုက်၏။ “အဖေ... အဲအချိန်တုန်းက တကယ်ကို မျက်စိကန်းခဲ့တာပဲ။ ဘယ်လိုဖြစ်ပြီးတော့ ကျွန်မကို ကျူးဝမ်ဟွာလိုလူမျိုးနဲ့ လက်ထပ်စေချင်ရတာလဲ”

ကျန်းချုံးသည် သူ၏သားများနှင့်ပတ်သက်၍ တကယ်ပင် စည်းမျဉ်းစည်းကမ်း ကြီးမား၏။ သို့ပေမည့် သူ့၏ သမီးနှင့်ပတ်သက်လျှင်တော့ သည်းခံနိုင်စွမ်း မြင့်မားသော လူတစ်ယောက်ဖြစ်၏။ ကျန်းချွင်းဟွာ၏ ရိုင်းစိုင်းလွန်းသော စကားလုံးများကိုပင် စိတ်ထဲမထည့်ချေ။

သူ ကျန်းချွင်းဟွာကို ကျူးဝမ်ဟွာနှင့် လက်ထပ်စေချင်သည့် အချိန်တုန်းက အခြေအနေသည် ကျိန်းသေပေါက် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒဖြစ်လိမ့်မည်။ ကျူးလန်ထင်တစ်ယောက် ၎င်း၏ မြေပိုင်နက်များနှင့် စစ်တပ်အင်အားများ အားလုံးကို ပေးအပ်လိုက်သည့်အချိန်မှာတော့ သူသည် အလွန်ပင် ပျော်ရွှင်မိ၏။ ဤအရာသည် ဘုရင်မင်းမြတ်ထံ၏ လက်ထဲတွင်ရှိနေသည့် အလံတော်နှင့်ပင် ဆင်တူ၏။ ထို့ပြင် မူဝါဒအသစ်သည် ထိုအချိန်တုန်းက အဆင်ပြေချောမွေ့ခြင်း မရှိသေးချေ။ ထိုကဲ့သို့သော အခြေအနေ မျိုးတွင် တော်ဝင်မျိုးနွယ်ဟောင်းများအနေနှင့် တကယ်ကို အားကောင်းလွန်းခဲ့၏။

ကျူးဝမ်ဟွာ၏ ပါရမီသည် ထိုအချိန်တုန်းက တကယ်ကို အနှိုင်းမဲ့ ဖြစ်တည်ခဲ့၏။ ထျန်းနန်စီရင်စုတစ်ခုလုံးတွင် ထိပ်တန်းလူငယ် တစ်ယောက်ဖြစ်ပြီး အကန့်အသတ်မရှိသော အနာဂတ်ကိုလည်း ပိုင်ဆိုင်၏။ ထို့ကြောင့် ကျူးဝမ်ဟွာ သူ့၏သမီးကို လက်ထပ်ချင်သည်ဟူသည့် သတင်းကို ကြားရသည့်အချိန်မှာတော့ ဤအရာသည် နိုင်ငံရေး အခြေအနေတစ်ခုဖြစ်ပြီး ကျန်းချုံးသည် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒအတိုင်း နေထိုင်မည်ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ယခု နှစ်နှစ်ကျော် ကြာမြင့်သွားခဲ့၏။ အခြေအနေတစ်ခုလုံးက ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ မူဝါဒအသစ်သည် လက်ရှိအခြေအနေမှာတော့ တော်ဝင်မျိုးနွယ်များအားလုံးအား အမှိုက်စများကဲ့သို့ပင် နင်းချေကာ ဖျက်ဆီး ပစ်လျက် ရှိနေ၏။ ကြီးမားသည့် ထိပ်တန်းအာဏာပိုင်နှစ်ခု၏ ပေါင်းစည်းမှုဖြစ်သော ကျန်းပေနယ်စားနှင့် ကျန်းယွမ်နယ်စားတို့သည် ခေါင်းဆောင်မရှိသော နဂါးအသိုက်အဖွဲ့များကဲ့သို့ပင် ဖြစ်လွန်းနေခဲ့၏။

ယခု ရွှမ်ဝူအိမ်တော်သည် ဖျက်ဆီးခံရပေတော့မည်။ မြို့စားလေး ကျူးလန်ထင်၏ အလံအရောင်သည် ယခင်က ကဲ့သို့ တောက်ပမှု မရှိတော့ချေ။ ထို့ကြောင့် ကျန်းချုံး၏ နှလုံးသားထဲတွင် ဤလက်ထပ်ပွဲသည် ပျောက်ကွယ် သွားခဲ့သည်။

“သမီး လောကမှာ ကောင်းတဲ့ယောက်ျားတွေ အများကြီးရှိတယ်။ အင်း မင်းကြိုက်တဲ့ နောက်တစ်ယောက်ကို ရှာလိုက်” ကျန်းချုံးက သက်ပြင်းချလိုက်၏။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အင်း... မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို အိမ်သာတစ်ခုလို သဘောထား နေတာလား။ ယောက်ျားတွေ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတယ်လို့ ထင်နေရတာလား။ ကျွန်မက အဲ့လို မဟုတ်ဘူး။

ကျန်းချုံးက မျက်မှောင်ကုတ်သွားမိ၏။ သို့ပေမည့် သူသည် သူ့၏သမီးကို ခွန်းတုံ့ မပြန်ခဲ့ချေ။

ကျန်းချွင်းဟွာက ဆက်လက်ကာပြောလိုက်၏။ “အဖေ... ရှမ့်လန် တကယ် သေတော့မှာလား”

ကျန်းချုံးက ပြောလိုက်သည်။ “သူ့အပေါ်မှာထားတဲ့ ဘုရင်မင်းမြတ်ရဲ့အမြင်က ပြောင်းလဲသွားခြင်း မရှိဘူးဆိုရင် ကျိန်းသေပေါက် သူဒုက္ခရောက်မှာပဲ။ သူ့ကို ဘယ်သူမှ အသုံးမပြုချင်ဘူးဆိုရင် ငါလည်း သူ့ကို အသုံးပြုရဲမှာ မဟုတ်ဘူး။ ပြီးတော့ ငါက ဘုရင်မင်းမြတ်ရဲ့ နောက်ဆွဲတစ်ယောက်ပဲလေ။ စိတ်မပူနဲ့ မင်းအတွက် ပိုပြီး ကောင်းတဲ့ ယောက်ျားတစ်ယောက်ကို ငါရှာပေးမယ်”

ကျန်းချွင်းဟွာက ပြောလိုက်၏။ “ရှမ့်လန်ထက် ပိုပြီးကောင်းတဲ့ ယောက်ျားတွေက ရှမ့်လန်လို စိတ်ဝင်စားစရာ မကောင်းဘူးလေ။ အဖေပဲ ကျွန်မကို စပေးခဲ့တာ။ အခု အဆုံးသတ်ကိုလည်း သေသေချာချာ ဖြစ်အောင် လုပ်ပေးတော့။ အနာဂတ် ကျွန်မလက်ထပ်ရမယ် ဆိုရင်တောင်မှ အဲ့ဒီလူအပေါ် စိတ်ဆန္ဒ ရှိတော့မှာ မဟုတ်ဘူး”

ကျန်းချုံး၏မျက်ခုံးများသည် တဆတ်ဆတ်နှင့်တုန်ယင်သွားခဲ့၏။ သူ၏သားတစ်ယောက်သည်သာ ထိုသို့သော စကားများကို ပြောဆိုသည်ဆိုပါက ထ၍ရိုက်နှက်မိမှာ သေချာ၏။ သို့ပေမည့် ကျန်းချွင်းဟွာသည် အမျိုးသမီးများ လေ့လာသင်ကြားရမည့် ယဉ်ကျေးမှုစာအုပ်များကို ဖတ်ရှုရသည်ကို နှစ်သက်သူတစ်ယောက် မဟုတ်ခဲ့ချေ။ ထို့ကြောင့် ပြောချင်တာကို ပြောဆိုနေခြင်းပင် ဖြစ်သည်။

ကျန်းချုံး၏ မျက်မှောင်သည် ပြေလျော့ မသွားခဲ့ချေ။

ကျန်းချွင်းဟွာသည် ထိုအရာကိုမြင်သည့်အချိန်မှာတော့ မည်သို့မှမနေနိုင်ဘဲ မေးလိုက်၏။ “အဖေ... ရှမ့်လန်ရဲ့ သေခြင်းရှင်ခြင်းကို တကယ် ဂရုစိုက်လား”

ကျန်းချုံးသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ပါရမီရှင်များကို ချစ်မြတ်နိုးသည် ဆိုသော်လည်း ဤအရာမှာ အကန့်အသတ်တစ်ခုအဖြစ် တည်ရှိသည်။

“ရှမ့်လန်ရဲ့ လုပ်ဆောင်မှုပုံစံက ပြဿနာရှိနေတယ်” ကျန်းချုံးက ပြောလိုက်၏။

ကျန်းချန်းဟွာက ကြောင်သွားသည်။ “သူ့ရဲ့ပြုမူလုပ်ဆောင်ပုံက ဘာပြဿနာမှ မရှိပါဘူး။ နောက်ဆုံး ကဗျာဆိုရင် တကယ်ကို စိတ်ပျက်စရာပဲ။ သူ့ရဲ့နှလုံးသားထဲမှာ တကယ်ကို စိတ်အခြေအနေတစ်ခုလုံး ညှိုးချုံးကျနေတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်သွားခဲ့တာ မဟုတ်လား”

ကျန်းချုံးက ပြောလိုက်၏။ “ကဗျာနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့စိတ်ထဲမှာရှိနေတဲ့ စိတ်ပျက်မှုတွေကို ဖော်ထုတ်ပြနေတဲ့ တခြားအသေးစိတ်အချက်အလက်တွေ ရှိနေတယ်”

ကျန်းချွင်းဟွာက ခဏလောက် တွေးတောလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “တန်းရှင်းလား”

ကျန်းချုံးက ပြောလိုက်၏။ “အမှန်ပဲ။ ရှမ့်လန်က တန်းရှင်းကို ကယ်တင်ဖို့အတွက် ကြိုးစားခဲ့တယ်။ ငါမင်းကို မေးမယ်။ တကယ့်အခြေအနေတစ်ခုလုံး စုတ်ပြတ်သတ်နေပြီး ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်မှန်းမသိတဲ့ အခြေအနေမျိုးမှာ တခြားသောသူတစ်ယောက်ကို ကယ်တင်ဖို့အတွက် စိတ်ဆန္ဒဆိုတာ လူတစ်ယောက်မှာ ရှိလား”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အင်း... ဒီ ရှမ့်လန်က အမှန်တရားကိုချစ်မြတ်နိုးခဲ့တဲ့ လူကြီးလူကောင်း တစ်ယောက်ဆိုရင်ပေါ့”

ကျန်းချုံးသည် ခေါင်းကိုခါယမ်းလိုက်၏။ “ရှမ့်လန်က အဲလိုလူမျိုးလို့ထင်လား”

ကျန်းချွင်းဟွာသည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “မဟုတ်ဘူး။ သူက နှာဘူးသက်သက်ပဲ”

ကျန်းချုံးကပြောလိုက်၏။ “အဲဒီတန်းရှင်းက သူ့ကို စာအုပ်ထုတ်ပေးခဲ့တဲ့ လူတစ်ယောက်ပဲ။ သူတို့ကြားထဲမှာ မိတ်ဆွေဆိုတဲ့ အဓိပ္ပာယ်ပဲရှိတယ်။ နက်နဲတဲ့ မေတ္တာတရားမျိုး ရှိနေမှာမဟုတ်ဘူး။ အခု တန်းရှင်း ဒုက္ခရောက်တဲ့အချိန်မှာ ရှမ့်လန်က သူ့ကိုအမှတ်မထင်နဲ့ ကယ်ပေးခဲ့တယ်။ ဒါက အခြေအနေ တစ်ခုကို ဖော်ပြနေတာပဲ။ လူတစ်ယောက်က အရမ်းကို ဆိုးဝါးတဲ့ အခြေအနေထဲကို ရောက်နေပြီး သူ့ရဲ့နှလုံးသား တစ်ခုလုံးက စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့တွေးတောနိုင်စွမ်းတွေ အားလုံးက ထုံထိုင်းသွားရမယ်။ ဒါ လူသားတွေရဲ့သဘာဝ တုန့်ပြန်မှုပဲ မဟုတ်ပါလား။ ဒါပေမဲ့ တခြားသောသူတွေရဲ့ သေခြင်းရှင်ခြင်းကို သူက လာပြီးတော့ ဂရုစိုက်နေတယ်။ ဒီတော့ ရှမ့်လန်ရဲ့အပြုအမူက ပုံမှန်မဟုတ်ဘူး”

ကျန်းချုံး၏ စကားစုများသည် မှန်သင့်တလောက်လည်းမှန်၏။ ကျန်းချွင်းဟွာသည် ရှမ့်လန်ကို နှစ်သက်ခဲ့၏။ သို့ပေမည့် သူမ၏အဖေ ကျန်းချုံးသည် ဤကဲ့သို့သော အခြေအနေမျိုးကို ရှိသည်ဆိုပါက ရှမ့်လန်ကဲ့သို့ ပြုလုပ်ပေးမိမည်လား။ သံသယရှိနေစရာမလိုချေ။ ပြုမူပေးနိုင်လိမ့်မည်မဟုတ်ချေ။

ကျန်းချွင်းဟွာက ပြောလိုက်၏။ “ကျင်းချန်ကျွန်းတိုက်ပွဲမှာ ဘာအမှတ်မထင် ကိစ္စရပ်မှ ဖြစ်မလာနိုင်ဘူး။ တိုက်ပွဲ သုံးပွဲမှာ သိုင်းပညာတိုက်ပွဲက ကျိန်းသေပေါက် နိုင်မှာပဲ။ ကျင်းမိသားစုက ရှုံးမှာပဲ။ ဒါက သံသယ ဖြစ်စရာမှ မလိုတာ”

ကျန်းချုံးက ခေါင်းညိတ်လိုက်၏။ ပါရမီရှင်များ ပြောင်းလဲ၍ ရနိုင်သည့် အခြေအနေက ရှိသေး၏။ ဥပမာအားဖြင့် ပြိုင်ပွဲသုံးခုတွင် ကျင်းမိသားစုနှင့် ထန်မိသားစုမှ ပြိုင်မည့် ပြိုင်ပွဲဝင်များဖြစ်၏။ နေ အနောက်ဘက်မှ ထွက်သည်ဆိုလျှင်တောင် ကျင်းမိသားစု ရှုံးနိမ့်ရပေမည်။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ရှမ့်လန်က ဒီအရာကို ဖောက်ထွက်ဖို့ နည်းလမ်းတစ်ခုခုကို တွေ့ပြီးသား ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရွှမ်ဝူအိမ်တော် ရှုံးနိမ့်ပြီးတဲ့နောက်မှ ထွက်သွားမယ့် နည်းလမ်းမျိုးပဲဖြစ်မယ်။ ရွှမ်ဝူအိမ်တော်ကို ကယ်တင်နိုင်မယ့် နည်းလမ်းမျိုးတော့ မဖြစ်နိုင်ဘူး”

ဤဖြစ်နိုင်ချေ တစ်ခုတည်းသာလျှင် ရှိ၏။ ကျန်းချွင်းဟွာကပြောလိုက်၏။ “အချိန်ရောက်လာပြီဆိုလို့ရှိရင် အဖေ သူ့ကို လက်လွှတ်ပေးမှာလား”

ကျန်းချုံးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အချိန်ရောက်လာမှပဲ ငါတို့ ပြောကြတာပေါ့။ ငါက ဘုရင်မင်းမြတ်ရဲ့ နောက်ဆွဲတစ်ယောက်ပဲ။ ဘုရင်မင်းမြတ်က တစ်စုံတစ်ယောက်ကို သေစေချင်တယ်ဆိုရင် ငါ သတ်ပေးရမှာပဲ”

.................

အိမ်သို့ပြန်ရောက်ပြီးသည့်နောက် ရှမ့်လန်က မျက်မှောင်ကုတ်လိုက်သည်။

မူလန်က ပြောလိုက်၏။ “ယောက်ျား …. ကျန်းချွင်းဟွာနဲ့သွားပြီးတော့ ဆော့ကစားခဲ့ရတာကို ဖုံးကွယ်ချင်လို့ မျက်နှာတည်တည်နဲ့ လုပ်နေရတာလား”

“ဟမ်”

ရှမ့်လန်သည် ချက်ချင်းပဲ ခေါင်းကိုမော့ကာဖြင့် အံ့အားသင့်စွာပြောလိုက်သည်။ “မူလန်... မင်း ငါ့နောက်ကို လိုက်လာတာလား”

စက္ကန့်ဝက်လောက်ကြာပြီးသည့်နောက် သူ့၏စကားလုံးက ပြောင်းလဲသွားခဲ့၏။ “မိန်းမ... ငါ့ရဲ့လုံခြုံရေးအတွက် မင်းစိတ်ပူနေလို့ဖြစ်လိမ့်မယ်။ အရိပ်ထဲကနေ ငါ့ကိုလိုက်ပြီး ကာကွယ်ပေးနေတာကို။ အင်း.. မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲ။ ငါရင်ထဲမှာတောင် ထိခိုက်သွားခဲ့တယ်”

ကြည့်.... တူညီသည့် အဓိပ္ပာယ်ကို ပြောဆိုရမည်ဆိုလျှင်တောင်မှ စကားစုက ကွဲပြားခြင်းသည် အကြောင်းအရာ ကွဲပြားသွားခြင်းကဲ့သို့ပင်။

မူလန်သည် ရှမ့်လန်ဆီသို့ အသာလျှောက်လာခဲ့ပြီးသည့်နောက် ရှမ့်လန်၏ ပေါင်ပေါ်တွင်ထိုင်လိုက်၏။ ပြီးနောက် သူမသည် သူမ၏လက်များနှင့် ရှမ့်လန်၏လည်ပင်းကို အသာသိုင်းဖက်လိုက်၏။ ဤမြင်ကွင်းသည် တကယ် ရင်းနှီးနေသည်မဟုတ်ပါလား။ မူလန်သည် ဤကဲ့သို့ နေထိုင်တတ်သည့် သူတစ်ယောက်မဟုတ်ချေ။ ထို့ပြင် မူလန်၏ ခန္ဓာကိုယ်က အရမ်းကိုလှပလွန်း၏။ သူ့၏ပေါင်ပေါ်သို့ လာရောက်ကာ ထိုင်လိုက်သည့်အချိန်တွင် မီးတောင်ကြီးတစ်ခု ပွင့်ထွက်သွားသကဲ့သို့ပင် ခံစားနေမိ၏။

ရှမ့်လန်သည် ကြက်သီးမွှေးညင်းများပင် ထလို့နေ၏။ ဤမြင်ကွင်းသည် တကယ့်ကို ရင်းနှီးလွန်းလှချေသည်။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းကလေးတင် ကျန်းချွင်းဟွာသည် သူ့၏ပေါင်ပေါ်၌ ဤကဲ့သို့ ထိုင်ခဲ့သည် မဟုတ်ပါလား။ ရှမ့်လန်သည် မလှုပ်ရှားရဲတော့ချေ။

“ယောက်ျား... ယောက်ျားတွေက အပြင်ထွက်ပြီး ဆော့ကစားတာကို ကျွန်မ နားလည်ပေးနိုင်တယ်။ သူတို့ရဲ့ နှလုံးသားက အိမ်မှာရှိနေသရွေ့၊ သူတို့ရဲ့ စိတ်က ဖောက်ပြန်ခြင်း မရှိဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်လေ” မူလန်သည် ဆွဲဆောင်မှုရှိစွာဖြင့် ပြောလိုက်၏။

ဤစကားစုသည် ရှမ့်လန်အရင်က ပြောဆိုခဲ့သည့် စကားလုံးများပင်ဖြစ်၏။ သူ့ရှေ့တွင်ရှိနေသည့် ကပ်ဘေးကြီးကို သူရှောင်လွှဲ၍ မရနိုင်တော့ချေ။ ရှမ့်လန် ဘာပဲဖြစ်ဖြစ် မှားယွင်းခဲ့ပြီဖြစ်၏။ ထိုအချိန် မှာတော့ သူသည် ဝိညာဉ်ပြောင်းလဲခြင်း နည်းစနစ်ကို အသုံးပြုပြီး ဝိညာဉ်ခဏထွက်ခွာသွားရန်တောင် စိတ်ဆန္ဒ ရှိလို့နေသည်။

“မိန်းမ.. ငါဒီနေ့ အမှားအယွင်း လုပ်ခဲ့ပါတယ်” ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။

“ဘာလဲ” မူလန်က ပြန်လည်ကာ မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျန်းချုံးက ငါ့ကိုစမ်းသပ်ခဲ့တယ်။ ပထမဦးဆုံး သူက ကဗျာတစ်ပုဒ်ကို စပ်ဆိုစေခဲ့တယ်။ ငါ့ရဲ့ တုန့်ပြန်မှုထဲမှာ အမှားအယွင်းသာ ရှိနေမယ်ဆိုရင် ကျန်းချုံးက ပြစ်ချက်ကို ရှာဖွေတွေ့ရှိသွားနိုင်တယ်။ ဒါပေမဲ့ တကယ်ပဲ ကျန်းချုံး ရှာဖွေတွေ့ရှိသွားနိုင်တဲ့ ပြစ်ချက်တစ်ခု ကလည်း ရှိခဲ့တယ်”

ဤစကားစုသည် ကျန်းချွင်းဟွာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ခဏ စကားလမ်းကြောင်း လွှဲကာဖြင့် ပြောဆိုသည့် အကြောင်းအရာများဖြစ်သလို တကယ့် အခက်အခဲများလည်း ဖြစ်သည်။

မူလန်သည် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ချက်ချင်းပင် လေးလေးနက်နက် ပြောလိုက်၏။ “ဘယ်လိုပြစ်ချက်မျိုးလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ငါ တန်းရှင်းကို ကယ်လိုက်မိတယ်။ လူတစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ အဆိုးဆုံးသော အခြေအနေကို ရောက်နေတဲ့အချိန်မှာ တခြားသော တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့အတွက် စိတ်ဆန္ဒရှိပါ့မလား။ လူသားတွေဟာ တခြားသောသူတွေကို မကယ်တင်ခင် ကိုယ့်ကိုယ်ကို အရင် ကာကွယ် ကယ်တင်ချင်တယ် မဟုတ်လား။ ပြီးတော့ ငါက ဗုဒ္ဓဘုရားလည်း မဟုတ်ဘူးလေ။ တခြားသောသူတွေရဲ့ သေခြင်းရှင်ခြင်းတွေကို ငါဘယ်လိုဖြစ်ပြီး ဂရုစိုက်ရမှာလဲ”

မူလန်သည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ရုတ်တရက် ပြောလိုက်၏။ “ကျွန်မကိုယ် ကျွန်မ မကာကွယ်နိုင်ဘူးဆိုရင်တောင် ရှင့်ကို အရင်ဆုံး ကာကွယ်မယ်”

ရှမ့်လန်သည် မူလန်ကို အသာဆွဲဖက်ပြီး သူမ၏နှုတ်ခမ်းသားလေးကို အသာကိုက်ကာ ငုံလိုက်၏။ ပြီးနောက် ငြင်သာစွာ ပြောလိုက်သည်။ “ငါကောပဲလေ။ ဒါဘာလို့လဲဆိုတော့ ငါတို့ရဲ့နှလုံးသားထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားကြလို့။ ငါ့နှလုံးသားထဲမှာရှိနေတဲ့ မင်းကို ဘယ်သူကမှ အစားထိုးနိုင်မှာ မဟုတ်ဘူး”

မူလန်က အသာပင် ပြောလိုက်၏။ “ဒါပေမဲ့ ရေနွေးအိုးက ရေနွေးခွက်တစ်ခွက်ထက်တော့ ပိုပြီးလိုအပ်တယ် မဟုတ်လား။ ဟုတ်တယ်နော်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါ အလကား လျှောက်ပြောတာပါ။ အလကား လျှောက်ပြောတာပါ”

ပြီးနောက် သူသည် ချက်ချင်းပဲ စားပွဲပေါ်တွင်ရှိနေသည့် ရေနွေးခွက်သုံးခွက်ကို မြေပေါ်သို့တွန်းချပြီး ဖျက်ဆီးလိုက်၏။ တစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။

“မိန်းမ… ငါ့ရဲ့ခန္ဓာကိုယ်က အားနည်းတယ်။ အိပ်ယာထဲမှာ ငါ့ရဲ့စွမ်းရည်က အားမကောင်းဘူး။ ဒီတော့ ငါ့ရဲ့အားအင်တွေကို မင်းလိုဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်အပေါ်မှာပဲ သုံးရမှာပေါ့။ ဘယ်လိုဖြစ်ပြီး တခြားသော မိန်းမတွေကို ငါ့ရဲ့စွမ်းအင်တွေ လွှဲပြောင်းပေးရမှာလဲ”

ရှမ့်လန်က အသာပင်ပြောလိုက်သည်။ “ငါ့မိန်းမက အရမ်းတွေးလွန်းနေပြီ။ အရမ်းကို အတွေးလွန်နေပြီ”

သူမ၏ယောက်ျားသည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ကြိုးစားပန်းစားနှင့် ခုခံကာကွယ်နေသည်ကို မြင်ရသည့် အချိန်မှာတော့ မူလန်သည် မည်သို့မှမနေနိုင်ဘဲ အသာပင်ရယ်မောလိုက်မိ၏။ သာမန် ယောက်ျားအားလုံးတို့သည် အိပ်ယာပေါ်တွင် သူတို့၏စွမ်းဆောင်ရည်များကို အလွန်အကျွံ ကြွားဝါကာဖြင့် ပြောဆိုတတ်၏။ သို့ပေမည့် သူမ၏ယောက်ျားသည် အိပ်ယာပေါ်တွင် စွမ်းဆောင်ရည် မကောင်းဟူ၍ ပွင့်ပွင့်လင်းလင်း ပြောဆိုနေလေ၏။

“ရှင့်က တကယ်ကို စိတ်တိုစရာပဲ”

မူလန်သည် သူမ၏လက်လေးနှင့် ရှမ့်လန်၏ ခါးကိုစိတ်ဆွဲလိုက်လေ၏။ ပြီးနောက် မူလန်က လေးလေးနက်နက် ပြောလိုက်သည်။ “ယောက်ျား... ကျန်းချုံးက ဒီအချိန်မှာ ပြစ်ချက်တစ်ခုကို မြင်သွားခဲ့တယ်မဟုတ်လား။ အဲဒါအဆင်ပြေရဲ့လား”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ၊ ကောင်းပြီ။ အခု တချို့အရာတွေကို ကြိုပြီးပြင်ဆင်ရမှာပေါ့။ မျှော်လင့်တာက ငါ့ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်မှု မဖြစ်စေဖို့ပဲ”

....................

အချိန်သည် ရေကဲ့သို့ပင် မြန်မြန်ဆန်ဆန်နှင့် ကုန်လွန်သွားခဲ့၏။ သူ့အနေနှင့် ဤတလောအတွင်းတွင် ဟန်ထုတ်၍ မရလိုက်အောင် အလုပ်များခဲ့၏။ လေးရက်တာသည် ကုန်လွန်သွားခဲ့၏။ မနက်ဖြန်တွင် ကျင်းချန်ကျွန်းတိုက်ပွဲ စတင်တော့မှာဖြစ်သည်။

ရွှမ်ဝူအိမ်တော်နှင့် ကျင်းဟိုင်မြို့စားတို့၏ကြားတွင်ရှိနေသည့် တိုက်ပွဲသုံးပွဲသည် တရားဝင်စတင်တော့မှာ ဖြစ်၏။ အလုံးစုံမျှတမှု ဖြစ်ရန်အတွက် ပြိုင်ပွဲကို ကြားတည်နေရာတစ်ခုတွင် ကျင်းပပေလိမ့်မည်။

‘နုကျန့် အမဲလိုက်မြေ’

ကျန်းမိသားစု၏ အိမ်ဟောင်းအတွင်းမှာတော့ လူတစ်စုသည် မျက်နှာများ နီမြန်းလျက်ရှိနေ၏။ ၎င်းတို့သည် စားပွဲပေါ်တွင် အသာထိုင်ပြီးသည့်နောက် ခွက်များကိုတိုက်ကာဖြင့် သောက်စားနေကြ၏။

စားပွဲပေါ်တွင် မြေပုံတစ်ခုကလည်း တည်ရှိနေ၏။ ထိုအရာသည် ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်များနှင့် ဝမ်ကျားကျွန်းကို ပြသထားခြင်းဖြစ်သည်။

မိုင်းတွင်းများ၊ ဆားလုပ်ငန်းများ၊ မြင်းမွေးမြူရေးအခန်းများ၊ ပိုးစာပင်စိုက်ခင်းများ စသဖြင့် ရှင်းရှင်းလင်းလင်း အမှတ်အသားများဖြင့် မြေပုံပေါ်တွင် ချထား၏။ ဤမြေပုံကို ကြည့်ရှုရမည်ဆိုလျှင် ရာစုနှစ်နီးပါးတည်ရှိနေသည့် တော်ဝင်မျိုးနွယ်ဟောင်းကြီး၏ အခြေခံသည် မည်မျှနက်ရှိုင်းသည်ဆိုသည်ကို မြင်နိုင်၏။

တချို့သောကုမ္ပဏီများသည် ငွေကြေးများ ဆုံးရှုံးသွားခဲ့သည်ဆိုလျှင်တောင် အဆောက်အအုံများကို ရောင်းချ ပြီးသည့်နောက် အရှုံးမှ အမြတ်ဖြစ်သို့ ပြောင်းလဲနိုင်သည်ဆိုသည့် အကြောင်းအရာကဲ့သို့ပင်။ ဤကဲ့သို့သော အဆောက်အအုံများသည် ကျင်းမိသားစု၌ အများအပြားတည်ရှိလို့နေသည်။

ယင်ယွမ် အဖွဲ့အစည်း၊ ကျင်းဟိုင်မြို့စားကြီး၊ ချင်းကန်မြို့စားကြီး၊ မူဝါဒသစ်အုပ်စုအဖွဲ့၊ လန်ရှန်မြို့စားလေးအိမ်တော်၊ ကျန်းယွမ်နယ်စားအိမ်တော်၊ ပင်လယ်ဓားပြ ချောင်ထျန်းဝေတို့ပင် ဤအရာကို ဝေစုခွဲကာ ရရှိတော့မှာဖြစ်၏။

ရွှမ်ဝူအိမ်တော်သည် မပြိုလဲသေးချေ။ သို့ပေမည့် အားလုံးသောသူတို့၏ မျက်လုံးထဲမှာတော့ သတ်ဖြတ်ခံရမည်ကို ထိုင်ကာ စောင့်ဆိုင်းလျက်ရှိနေသည့် အလောင်းကောင်ကြီးတစ်ခုကဲ့သို့ပင်။

“ရွှမ်ဝူအိမ်တော်က ယင်ယွမ်အဖွဲ့အစည်းကို အကြွေးတင်ခဲ့တယ်။ သူတို့က ဝမ်ကျားကျွန်းကို အသုံးပြု ပြီးတော့ အကြွေးကိုချေရလိမ့်မယ်။ ဝမ်ကျားကျွန်းပေါ်မှာရှိနေတဲ့ ဆားလုပ်ငန်းနဲ့ မိုင်းတွင်းကိစ္စတွေကို ကျုပ်တို့ အကုန်မယူဘူး။ ဒါပေမဲ့ အကျိုးအမြတ်ရဲ့ တစ်ဝက်လောက်ကို ယင်ယွမ်အဖွဲ့အစည်းကို ပေးရမှာပဲ။ ပြောရမယ်ဆိုရင် ယင်ယွမ်အဖွဲ့အစည်းကလည်း ဒီအရာကို လေလံဆွဲပြီးတော့ ပြန်လည်ရောင်းချနိုင်တယ်”

“အဲ့အချိန်ကျရင် ကျုပ်တို့ ထန်မိသားစုက ရွှမ်ဝူအိမ်တော် ပျက်စီးသုတ်သင်အောင် ပြုလုပ်ခဲ့တဲ့ အဓိက အင်အားစုဖြစ်မှာဆိုတော့ အကြီးမားဆုံး ဝေစုကိုရဖို့ လိုအပ်တယ်။ ရွှမ်ဝူအိမ်တော်နဲ့ပတ်သက်တဲ့ မိုင်းတွင်း တွေကို လာပြီးထိရဲတဲ့လူကို ကျုပ်က ညှာတာမှာမဟုတ်ဘူး”

“ကျင်းမိသားစုက ကျုပ်တို့အပေါ် အကြွေး ရှိနေသေးတယ်။ ချောင်မိသားစုကလည်း ဝမ်ကျားကျွန်းရဲ့ ဆားလုပ်ငန်းတစ်ဝက်လောက်ကို လိုချင်တယ်။ မဟုတ်ရင် ဘယ်သင်္ဘောမှ အဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ရွက်လွှင့်ရမှာမဟုတ်ဘူး”

All Chapters