အခန်း (၁၄၈)
Vol. 11 Ch. 148
ရွှမ်ဝူအိမ်တော် ပျက်စီးဖို့အတွက် ကျုပ် ချင်းကန်မြို့စားအိမ်တော်က လူ ၁၀၀ ကျော်လောက်ကို အသုံးပြုခဲ့တယ်။ ကျုပ်ရဲ့သမက် လင်းကျိုးကလည်း တိုက်ပွဲမှာသေဆုံးခဲ့တယ်။ ဒီတော့ ဘာမှမရဘူးဆိုရင် ကျုပ်က သည်းခံနိုင်မှာ မဟုတ်ဘူး”
“အင်း... လန်ရှန်မြို့စားလေးအိမ်တော်ကတော့ ဘာတစ်ခုကိုမှ မလိုချင်ပါဘူး။ ကျင်းမိသားစုပိုင်ဆိုင်တဲ့ ပိုးစာပင် ဧကတစ်သောင်းကိုရပြီဆိုရင် ကျေနပ်ပြီ။ ကျုပ် ကျူးလန်ထင်က လောဘကြီးတဲ့ လူတစ်ယောက်မဟုတ်ဘူး။ ခင်ဗျားတို့ကလည်း ဧကလေး တစ်သောင်းလောက်နဲ့ ကျုပ်နဲ့လာပြီးတော့ ဖက်တုပြိုင်နေမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား”
သူတို့၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းသည် မိစ္ဆာများနှင့် ဆော့ကစားလျက်ရှိနေသည့် လူတစ်ဖွဲ့ကဲ့သို့ပင် ထင်မှတ်မှားရ၏။ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရပြီးသည့်နောက် အကြီးမားဆုံးသော အကျိုးကျေးဇူးကို ရရှိမည့် လူသည် ဟုတ်ပေ၏။ ဘုရင်မင်းမြတ်သာလျှင်ဖြစ်၏။ ၎င်းတို့ပိုင်ဆိုင်သည့် စတုရန်းမီတာပေါင်းများစွာ ရှိသော မြေဧကများသည် ဘုရင်မင်းမြတ်၏ လက်ဝယ်သို့ ရောက်ရှိလာမှာဖြစ်၏။ နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။
သို့ပေမည့် ဘုရင်မင်းမြတ်သည် ထိုအချိန်တွင် တခြားသောသူများ စားနေသည့် အရာများကို ဝင်ရောက်ကာ လုယူစားသောက်သည်ဆိုပါက အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ အနာဂတ်တွင် သူ့အတွက် မည်သူက တိုက်ခိုက်ပေးတော့မည်နည်း။ ထို့ကြောင့် အကျိုးသင့် အကြောင်းသင့် ဝေငှပေးရမှာပင်။
ထိုထဲတွင် အဓိကအားဖြင့် ဝင်ရောက်ကာ လှုပ်ရှားနေသည့်သူသည် ကျန်းချုံးပင်ဖြစ်၏။ ကျန်းချုံးသည် မည်သည့်အရာကိုမှ မလိုချင်ပေ။ သို့ပေမည့် သူသည် မည်သည့်အရာကိုမှ မလိုချင်ခြင်း မဟုတ်ချေ။ သူသည် ကြားခံလူတစ်ယောက်အဖြစ် အလုပ်လုပ်နေခြင်းဖြစ်၏။ သူ့၏အနာဂတ်ကိုသာ လိုချင်၏။ ယန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကိုသာလျှင် သူလိုချင်သည်။
ကျန်းကျင်းနှင့် ချီယွီတို့၏ကြား လက်ထပ်ပွဲသည် သေချာဖြစ်မြောက်သွားသည်ဆိုပါက အချိန်ကာလ တစ်ခုတွင် ကြေညာရန် လိုအပ်၏။ ချီမိသားစု၏ ပိုက်ဆံများသည် အချိန်မရွေး အသုံးပြု၍ရသည့်အရာမျိုးဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းဆီမှ အမျိုးမျိုးအဖုံဖုံ ကုလားဖန်ထိုးပြီး သူ့အား တည်နေရာတစ်ခုရအောင် ဖန်တီးပေးမှာ သေချာ၏။
ယင်ယွမ်အဖွဲ့အစည်းနှင့် သူသည်သာ အမျိုးများအဖြစ် ဖန်တီးနိုင်ခဲ့သည်ဆိုပါက အခြေအနေအားလုံးတို့သည် ပိုမိုကာ ရိုးရှင်းသွားပေလိမ့်မည်။ ကျန်းချုံး ဤရာထူးရမည့် အခြေအနေအား တားဆီးရန်ကြိုးစားချင်သည့် လူပေါင်းများစွာတို့သည်လည်း ၎င်းတို့၏ အကြံအစည်ကို ရပ်တန့်သွားပေလိမ့်မည်။ ရွှမ်ဝူအိမ်တော် ဖျက်ဆီး ခံရပြီးသည့်နောက် သူ… ကျန်းချုံးသည် ယန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သွားပြီး သူ့၏ဘဝ ထိပ်ဆုံး အခြေအနေဆီသို့ ရောက်ရှိသွားမှာ သေချာသည်။
.............
ညသို့ရောက်ရှိလာခဲ့လေပြီ။ နောက်ဆုံးတိုက်ပွဲသည် မနက်ဖြန်တွင် စတင်တော့မည်ဖြစ်လေ၏။ သူမသည် အနိုင်ရရန် သေချာလျက် ရှိနေသည်ဆိုလျှင်တောင်မှ အနည်းငယ် ကြောက်ရွံလို့နေခဲ့၏။ အတိတ်တုန်းက သူမသည် အရမ်းအားကောင်းခဲ့၏။ သို့ပေမည့် ရှမ့်လန်နှင့် လက်ထပ်ခဲ့ပြီးသည့်နောက် သူမသည် ပိုမိုကာ အားကောင်းလာသလို ခံစားမိ၏။ ထို့အတူ ပိုမိုကာလည်း စိတ်ခံစားချက် လွယ်လာခဲ့၏။
မူလန်သည် အနည်းငယ် ကြောက်ရွံ့လို့နေခဲ့၏။ ကျင်းမူကုန်းသည် ပိုမို၍ပင် ကြောက်ရွံ့လျက် ရှိနေ၏။ သူသည် ကျိန်းသေပေါက် သူ့၏အိမ်စာများကို ကူးယူလျက်ရှိနေ၏။ ရှမ့်လန်ပေးခဲ့သည့် ကဗျာနှင့်စာအားလုံးကို သူက ရေးမှတ်ထားခဲ့၏။ လွန်ခဲ့သည့် နှစ်လတည်းက သူသည် အချိန်ရှိသရွေ့ ထိုအရာများကို ကူးရေးခဲ့၏။ သို့ပေမည့် မေ့လျော့သွားမည်ကို စိုးရိမ်လျက်ရှိနေတုန်းပင်။ ထို့ကြောင့် ထပ်ကာထပ်ကာ ကူးယူနေခြင်းပင်။ တစ်လကျော်ကြာ သူလုပ်ခဲ့သည့်အရာသည် မကြာခင်တွင် အကောင်အထည် ပေါ်လာမှာ ဖြစ်သည်။
“ဝတုတ်.. သွားအိပ်တော့” ရှမ့်လန်က ပြောလိုက်၏။ ပြီးနောက် သူသည် ရောင်စုံဓာတ်ပုံများကို အသာကမ်းပေး လိုက်၏။ တစ်ခုချင်းစီတိုင်း၌ အလွန်လှပသော မိန်းကလေးများ၏ ပုံများကို ဆွဲထား၏။ လက်ရှိ ဖိအားဒဏ်များက ရုန်းထွက်ရန်အတွက် ကျင်းမူကုန်းသည် လက်သိုင်းကျင့်မှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် ကောင်းကောင်း အိပ်ပျော်နိုင်ပေမည်။
ကျင်းမူကုန်းသည် ပုံများကို အသာယူပြီးသည့်နောက် တုန်ယင်နေသည့် လေသံနှင့် ပြောလိုက်၏။ “ယောက်ဖ .... ကျုပ် ကြောက်တာက”
ရှမ့်လန်က မေးလိုက်၏။ “ဘာကိုကြောက်တာလဲ”
“ကြောက်တာ ထန်ယွင်ကို ရှုံးသွားပြီး ကျုပ်တို့မိသားစုတစ်ခုလုံး ဖျက်ဆီးခံရမှာကိုပေါ့”
ရှမ့်လန်က ပြောလိုက်သည်။ “မင်း အတွေးလွန်နေပြီ။ မင်းအတွက် ရှုံးတယ်ဆိုတာ သာမန်ပဲ။ နိုင်သွားတယ် ဆိုတာကမှ ထူးဆန်းနေတာ။ ဒီတော့ ငါ မင်းအတွက် ဘာမှမျှော်လင့်ချက် ရှိနေတာ မဟုတ်ဘူး။ မင်း လုပ်နိုင်တဲ့အရာကို လုပ်ချင်သလိုလုပ်။ မလုပ်နိုင်ရင်လည်း ထားလိုက်တော့”
“ဟမ်” ကျင်းမူကုန်း၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွား၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကိုယ့်ဘာကိုယ် လုပ်ချင်တာသွားလုပ်တော့။ သွား.. ပြီးတော့ စောစောအိပ်တော့”
..............
မူလန်သည် ပိုမို၍ စိုးရွံ့လျက်ရှိနေ၏။ သူမသည် အသက်ပင် ရဲရဲ မရှုရဲချေ။ အဘယ်ကြောင့်ဆိုသော် သူမနှင့် ထန်ယင်၏ကြားတွင် ရှိနေသည့် တိုက်ပွဲသည် ပထမဦးဆုံး တိုက်ပွဲဖြစ်နေသောကြောင့်ပင်။
“ယောက်ျား.. ထန်ယင်က တခြားဓားနည်းစနစ် တစ်ခုခုကို အသုံးပြုမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ ထန်ယင်ရဲ့ ကြယ်ကြွေဓားက ထင်မှတ်ထားတာထက်ပိုပြီး ခြားနားနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
“အင်း... တကယ်တမ်း တိုက်ခိုက်ပြီး ကျွန်မအမှားအယွင်းလုပ်ပြီး ထန်ယင်ကို ရှုံးသွားရင်ရော။”
“တကယ်လို့ ကျွန်မ ရှုံးသွားပြီး ကျင်းချန်ကျွန်းတိုက်ပွဲကလည်း အလွန်စုံ ရှုံးနိမ့်သွားမယ်ဆိုရင် ကျွန်မတို့မိသားစု အကုန်လုံး အဆုံးသတ်သွားမှာ မဟုတ်လား”
ရှမ့်လန်သည် သူ၏မိန်းမ၏လက်ကို အသာဆုပ်ကိုင်လိုက်၏။ ပြီးနောက် သူမ၏ ခန္ဓာကိုယ်တွင်ရှိနေသည့် ကိုယ်သင်းနံ့လေးကို အသာရှူရှိုက်လိုက်၏။ ရှမ့်လန်၏ ရင်ခွင်ထဲမှာတော့ မူလန်သည် စိတ်အနည်းငယ် ပြန်လည်ကာ တည်ငြိမ်လာခဲ့၏။ သို့ပေမည့် မကြာခင်မှာပဲ သူမ၏အသက်ရှူနှုန်းများက မြန်ဆန်သွားခဲ့၏။
“ယောက်ျား... နည်းနည်းလောက် ဖက်တာလျှော့ပေးလို့ရမလား။ အသက်ရှူတောင် ကျပ်လာပြီ”
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ.. မင်းက ကြောက်လွန်းနေတယ်လေ။ ဒီတော့ မင်းရဲ့စိုးရိမ်ကြောက်လန့်မှုကို ဖြေရှင်းနိုင်ဖို့ ငါ့ဆီမှာ နည်းလမ်းတစ်ခုရှိတယ်”
“အဲဒါ ဘာလဲ” မူလန်က မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ပူပင်သောကတစ်ထောင်ကို တစ်ခါတည်း ဖြေရှင်းနည်းပေါ့”
မူလန်သည် ရှမ့်လန်ကို အသာလွှတ်လိုက်၏။ “မဖြစ်ဘူး။ မဖြစ်ဘူး။ ဒီအချိန်မှာတော့ မဖြစ်ဘူး။ ရှင့်ရဲ့ နည်းလမ်းက ကျွန်မကို အားပြတ်သွားစေနိုင်လိမ့်မယ်။ ယောက်ျားအရာအားလုံးက ရှင့်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုတာ ဟုတ်လား။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိစ္စမရှိဘူး။ ရှင့်ဆီမှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိတယ်နော်။ ကျွန်မတို့မိသားစုက ကျိန်းသေပေါက်နိုင်မယ်။ ဟုတ်တယ် မလား”
“မိန်းမ... မင်းက တကယ့်ကို အားနည်းနေတာပဲ”
ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူကာပြောလိုက်၏။ “အင်း လောကကြီး ဒါမှမဟုတ် ကောင်းကင်ကြီးတစ်ခုလုံးထဲမှာ ငါက ပြိုင်ဘက်ကင်းပဲ။ မနက်ဖြန် ဒီလူတွေအားလုံးကို ငါ ဆွဲဆုတ်ပစ်မယ်”
မူလန်က ပြောလိုက်၏။ “သူတို့ကိုသတ်မှာလား”
..............
နောက်တစ်ရက် ရွှမ်ဝူအိမ်တော်ဆီမှ မြင်းသည်တော် ၂၀၀ ကျော်တို့သည် ရှမ့်လန်၊ ကျင်းကျိုး၊ မူလန်နှင့် ကျင်းမူကုန်းတို့ကို စောင့်ရှောက်ကာဖြင့် မြို့စားအိမ်တော်မှ ထွက်လာခဲ့၏။ ၎င်းတို့သည် နုကျန့် အမဲလိုက်မြေနေရာဆီသို့ ဦးတည်သွားနေခြင်းပင်။
ကျင်းချန်ကျွန်းတိုက်ပွဲသည် တရားဝင်စတင်တော့မှာ ဖြစ်လေ၏။ ရွှမ်ဝူအိမ်တော်၏ ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲသုံးခုသည် တရားဝင် စတင်ခဲ့လေပြီ။ လိုက်ကာ ကန့်လန်ကာသည် စတင်ကာပွင့်လာခဲ့ပြီ။
………
နု့ကျန့် အမဲလိုက်မြေ
အမဲလိုက်မြေဟု အမည်တပ်ထားသော်လည်း တကယ်တမ်းမှာတော့ ကြီးမားလွန်းသည့် စစ်စခန်းကြီး တစ်ခုသာလျှင်ဖြစ်၏ သို့ပေမည့် ဤစစ်စခန်းကြီးသည် အသုံးမပြုခဲ့သောကြောင့် အချိန်အတော်ကြာ လွတ်လပ်လို့နေ၏။
ယနေ့ အမဲလိုက်ကွင်းပြင် တစ်ခုလုံးသည် လူပေါင်းများစွာတို့နှင့် ပြည့်နှက်လျက်ရှိနေပြီး လေထဲတွင်လည်း အလံပေါင်းများစွာတို့က လွင့်ပျံနေ၏။ ခြေလှမ်း သုံးလှမ်းလှမ်းတိုင်းတွင် ကင်းမျှော်စင်တစ်ခုကို ကြုံရမည် ဖြစ်ပြီး ခြေလှမ်းငါးလှမ်း လှမ်းတိုင်းတွင်လည်း ကင်းမျှော်စင်တစ်ခုကို ထပ်မံကာတွေ့ရမှာဖြစ်၏။
တကယ်ကို ကြီးကြီးမားမားနှင့် စောင့်ကြပ်ထားခဲ့ခြင်းပင်။
ကျင်းချန်ကျွန်း တိုက်ပွဲသည် ရွှမ်ဝူအိမ်တော်အတွက် သေခြင်းရှင်ခြင်း ကပ်ဘေးကြီးတစ်ခုပင် ဖြစ်၏။ သို့ပေမည့် တချို့သောသူများအတွက် ဤအရာသည် သားသတ်ရုံကြီးပင်ဖြစ်၏။
ဟုတ်ပေ၏။ ဤနေရာသို့ ရောက်ရှိလာခဲ့သည့် မိသားစု နှင့် အဖွဲ့အစည်း တော်တော်များများတို့သည် ရွှမ်ဝူအိမ်တော် သေဆုံးပြီးနောက် ရရှိမည့် ဝေစုများကို ရရှိရန် အရည်အချင်း မပြည့်မီကြချေ။
လူတော်တော်များများသည် ဤနေရာသို့ လာရောက်ကြည့်ရှုခြင်းဆိုသည်မှာ ပွဲကြည့်ခြင်းသာဖြစ်၏။ ကြီးမား လှသည့် သေခြင်းရှင်ခြင်း၏ တိုက်ပွဲပင်ဖြစ်၏။
အနိုင်ရရှိသည့်သူသည် အရာအားလုံးကို ယူဆောင်သွားမည် ဖြစ်ပြီး ရှုံးနိမ့်သည့်လူမှာတော့ ရာစုနှစ်ပေါင်းများစွာရှိသော အမွေအနှစ်အားလုံးကို ဆုံးရှုံးမည်ဖြစ်၏။ အချိန်၏ သမိုင်းကြောင်းထဲတွင် ပျောက်ကွယ်သွားမည့် အမွေအနှစ်မျိုးပင်ဖြစ်၏။ တကယ်ကို ပွဲကြီးပွဲကောင်းပင်ဖြစ်သည်။
ထျန်းနန်စီရင်စုတွင် ရှိနေသည့် နာမည်ကြီးမိသားစု တော်တော်များများတို့သည် ဤနေရာသို့ လာရောက်ကာ ကြည့်ရှုကြ၏။ ထိုမျှသာ မဟုတ်သေးချေ။ ရွှဲ့ပြည်နယ်ဆီမှ တော်ဝင်မျိုးနွယ်တော်တော်များများတို့ကလည်း ရောက်ရှိလာခဲ့ပြီး တိုက်ပွဲကို ကြည့်ရှုကြ၏။ မြေခွေး၏ လက်ထဲတွင် သေဆုံးတော့မည့် ယုန်ကို လာရောက်ဂုဏ်ပြုပေးခြင်းကဲ့သို့ပင်။
ရွှမ်ဝူအိမ်တော်အတွက် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ဓားကိုမြှောက်ပင့်ထားတုန်း မိုးကြိုးပစ်ခံရမည့် အခြေအနေမျိုးပင်။ သို့ပေမည့် သူတို့လုပ်နိုင်သည်မှာ စိတ်ပိုင်းဆိုင်ရာအရ အားပေးခြင်းသာလျှင်ဖြစ်၏ တခြား ဘာမှ ပြုလုပ်နိုင်ခြင်း မရှိချေ။
ကျန်းယွမ်နယ်စား စုနန်သည်ပင် သူတို့ကို သစ္စာဖောက်သွားခဲ့ပြီဖြစ်၏။ ကျန်းယွမ်ါနယ်စားကြီးအကြောင်း ပြောရမည်ဆိုလျှင် ၎င်း၏သား စုကျန့်ထင်ကလည်း ရောက်ရှိနေ၏။ ၎င်း၏အဆင့်သည် တော်တော်မြင့်မား၏။
နုရှောင့်မြို့၏ ချောင်ရှောင်း သည်လည်း ရောက်ရှိလာခဲ့သည်။
ရွှမ်ဝူမြို့စား ကျင်းကျိုးသည် နုကျန့်အမဲလိုက်မြေနေရာဆီသို့ မြင်းတပ်နှင့်အတူ ရောက်ရှိလာသည့် အချိန်မှာတော့ တကယ်ကို အားလုံးက အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြ၏။ လူပေါင်းများစွာတို့သည် ၎င်းတို့၏ လေးနက်မှုကို ထုတ်ဖော်ပြသသလို စာနာသနားစွာဖြင့်လည်း ကြည့်ရှုနေကြလေ၏။ ထို့အပြင် သူတို့၏ စိတ်ထဲတွင်တော့ သေဆုံးခြင်းဆိုသည်မှာ အလွန်အရေးကြီးသည့် အရာတစ်ခုဖြစ်၏။ မိသားစုတစ်ခု ပျက်စီးဆုံးရှုံးသွားခြင်းကို မျက်မြင်တွေ့ရခြင်းလောက် စိတ်လှုပ်ရှားစရာကောင်းသည့် အရာမျိုး ရှိလိမ့်မည်ပင် မထင်ချေ။
ရှမ့်လန်သည် တကယ်ပင် အားလုံးသောသူတို့ကို ကြည့်ရှုကာဖြင့် ရွှံရှာမိနေ၏။
ရွှဲ့ပြည်နယ်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် လောင်းကစားပြုလုပ်ရခြင်းကို နှစ်သက်ခဲ့ကြ၏။ သိုင်းပညာပြိုင်ပွဲများ အားလုံးတွင် လောင်းကစားအိမ်များကို ဖွင့်လှစ်ကာဖြင့် လောင်းကြေးများ ဖွင့်လှစ်လျက် ရှိနေလေ၏။ သာမန် အခြေအနေအရ ဆိုလျှင် ကျင်းချန်ကျွန်းတိုက်ပွဲသည် ကြီးမားသည့် အကြောင်းအရာကြီး ဖြစ်သောကြောင့် လောင်းကြေးဖွင့်လှစ်ကြမည် ဖြစ်သည်။
ရှမ့်လန်သည်လည်း အခွင့်အရေးယူပြီး ထိုအရာကို လောင်းကစားချင်၏။ သို့ပေမည့် မထင်မှတ်ထား လောက်အောင်ပင် ဤနေရာတွင်တော့ လောင်းကစားအိမ် ဖွင့်လှစ်ထားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် အားလုံးသောသူတို့သည် ရလဒ်ကို ကြိုတင်ကာသိရှိပြီးသားဖြစ်သောကြောင့်ပင်။ ရွှမ်ဝူမြို့စားအိမ်တော်က ကျိန်းသေပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
...........
ရွှမ်ဝူအိမ်တော်ဆီမှ လူအများအပြားတို့ ရောက်ရှိလာခဲ့ပြီး မကြာခင်မှာပဲ ကျင်းဟိုင်မြို့စားကြီးကလည်း ရောက်ရှိလာခဲ့လေ၏။ ဤနေရာတွင် အုတ်အော်သောင်းနင်း ထပ်မံကာ ဖြစ်ခဲ့ကြ၏။ ရွှမ်ဝူအိမ်တော်ကို ဝမ်းနည်းသလို၊ စာနာသနားသလို ကြည့်ရှုခဲ့ကြသော လူအများတို့သည် ဤတစ်ကြိမ် ကျင်းဟိုင်မြို့စားကြီး ရောက်ရှိလာသည့်အချိန်မှာတော့ မျက်လုံးများတွင် မနာလိုမှုများ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာကြ၏။
ကျင်းဟိုင်မြို့စားကြီးသည် တကယ့်ကို အရှက်မဲ့လွန်းလှ၏။ ၎င်းတို့၏ တော်ဝင်မျိုးနွယ်များကို သစ္စာဖောက်ခဲ့ ပြီးသည့်နောက် ဘုရင်မင်းမြတ်၏ လက်ထဲတွင်ရှိသည့် ဓားဖြစ်စေခဲ့၏။ သို့ပေမည့် ဤအရာသည် သူတို့နှင့် သက်ဆိုင်ခြင်း မရှိချေ။ သူတို့သိရှိသည်မှာ ကျင်းဟိုင်မြို့စားကြီးသည် တကယ့်ကို ကံကြမ္မာကောင်း ရရှိတော့မည်ဖြစ်ခြင်းပင်။
နှစ်ပေါင်းများစွာကြာ မိသားစုနှစ်ခုကြားတွင်ရှိနေသည့် ရန်ငြိုးသည် အဆုံးသတ်ပေးတော့မည်။ အရှေ့ဘက်တွင် နှစ်ပေါင်းတစ်ရာ၊ နောက်ဘက်နှစ်ပေါင်းတစ်ရာ… ရန်ငြိုးများအားလုံးသည် ပျောက်ကွယ်သွားရပေလိမ့်မည်။
ယခင်နှစ်ပေါင်းတစ်ရာ မြို့စားကျင်းကျူး တည်ရှိနေချိန်က ကျင်းမိသားစုသည် ထိပ်ဆုံးအခြေအနေတွင် တည်ရှိခဲ့ပြီး ကျင်းဟိုင်နယ်စားအိမ်တော်သည် ဆိုးရွားစုတ်ပြတ်ခဲ့၏။ ပင်လယ်ဓားမြများသည် ၎င်းတို့၏ ရဲတိုက်များကိုပင် သိမ်းဆည်းသွားခဲ့သေး၏။
ယခု ရွှမ်ဝူအိမ်တော်မှာတော့ ပျောက်ကွယ်ပျက်စီးသွားရတော့မည် ဖြစ်လေ၏။ ကျင်းဟိုင်မြို့စားကြီးသည် ထပ်မံကာ ထွန်းတောက်လာပေတော့မည် ကံကြမ္မာသည် အားလုံးသော သူတို့ကို အရူးလုပ်ခဲ့သည်။
.........
ရွှမ်ဝူမြို့စားအိမ်တော်နှင့် ကျင်းဟိုင်မြို့စားအိမ်တော်တို့ နှစ်ခုလုံးရောက်ရှိလာခဲ့၏။ ဒိုင်လူကြီးများလည်း ရောက်ရှိလာသလို တကယ့်အရာရှိကြီးများ၊ ဘုရင်မင်းမြတ်၏ ကိုယ်စားလှယ်များလည်း ရောက်ရှိလာ၏။ ကျင်းချန်ကျွန်းတိုက်ပွဲသည် တကယ့်ကို ကိစ္စကြီးဖြစ်၏။ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် ဒိုင်လူကြီးအဖြစ် ပြုလုပ်၍မရနိုင်ချေ။ စတုတ္ထမင်းသား နင်ကျန့်သည် ဘုရင်မင်းမြတ်၏အမိန့်စာကို ဖတ်ရှုသူ တစ်ယောက်သာဖြစ်၏။ ထို့ကြောင့် သူသည် ဒိုင်လူကြီး ပြုလုပ်၍မရချေ။
ဤနေရာတွင် တကယ့်ကို ဂုဏ်သိက္ခာကြီးမားသည့် ဒိုင်လူကြီးများရှိသင့်သည်။ အားလုံးသောသူတို့က လေးစားရသည့်လူ၊ ထိပ်တန်းတော်ဝင်မျိုးနွယ်၊ ကြီးမားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သူများဖြစ်ရမည်။ ဤတစ်ကြိမ် ကျင်းချန်ကျွန်းတိုက်ပွဲသည် ကိစ္စသေးသေးလေး မဟုတ်ချေ။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ထဲက အုတ်အော်သောင်းနင်း ဖြစ်ခဲ့သည့်အရာဖြစ်၏။
ထို့ကြောင့် ဘုရင်မင်းမြတ်သည် တကယ့် ထိပ်တန်းဒိုင်လူကြီး သုံးယောက်ကို စေလွှတ်လိုက်၏။ သူ၏ဦးရီးတော် နင်ချီ - ရွှဲ့ပြည်နယ်၏ ပထမဦးဆုံး တရားဝင် ပထမတန်းစားမင်းကြီးဖြစ်၏။ ဒုတိယ တစ်ယောက်မှာတော့ အိမ်ရှေ့စံ၏ဆရာ၊ ရွှဲ့ပြည်နယ်၏ ပထမတန်းစားအမတ်ကြီး စော့ရွှမ်း နှင့် ရွှဲ့ပြည်နယ်၏ စစ်သူကြီး၊ အိမ်ရှေ့စံမင်းသား၏ တော်ဝင်ကာကွယ်သူ ဝူဝေမင်းကြီး …. ထိပ်တန်းသိုင်းပညာရှင် ပျံ့ရှောင်း တို့ပင်ဖြစ်သည်။
ဤဆရာကြီး သုံးယောက်သို့ ရောက်ရှိလာသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် ဦးညွှတ်ကာ ဂါရဝပြု လိုက်ကြ၏။ အားလုံးသောသူတို့သည် ခြေကိုဆောင့်ကာ အလေးပြုခဲ့သောကြောင့် ရွှဲ့ပြည်နယ်တစ်ခုလုံးရှိ
မြေကြီးပင်လျှင် အချိန်ခဏတာ တုန်ခါသွားသကဲ့သို့ပင်။ တကယ့်ကို များပြားလွန်းသည့် ဟိတ်ဟန်နှင့် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်၏။
ရွှဲ့ပြည်နယ်၏ အင်ပါယာဦးရီးတော် နင်ချီက ပြောလိုက်သည်။ “ရွှမ်ဝူ၊ ကျင်းဟိုင်... ဒီတစ်ကြိမ်မှာ ကျုပ်တို့ သုံးယောက်က ကျင်းချန်ကျွန်းတိုက်ပွဲအတွက် ဒိုင်လူကြီးလုပ်မယ်။ ခင်ဗျားတို့ ဘယ်လိုသဘောရလဲ”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “စီနီယာသုံးယောက် ရောက်ရှိလာတဲ့အတွက် တကယ့်ကို စိုးရွံ့မိပါတယ်။ ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ကျုပ်တို့နဲ့ မထိုက်တန်ဘူးလို့တောင် ခံစားမိပါတယ်”
ရွှမ်ဝူမှာတော့ စကားပြောကောင်းသူတစ်ယောက် မဟုတ်ချေ။ အသာပင် ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျုပ် စိတ်ဆန္ဒရှိပါတယ်”
နင်ချီက ပြောလိုက်၏။ “ဒီတော့ ကျုပ်တို့သုံးယောက်က အတွေ့အကြုံများပြားတဲ့လူတွေပဲ။ ဝူဝေမင်းကြီးက အာဏာ ရှိနေသေးတယ်။ စော့ရွှမ်းနဲ့ကျုပ်ကတော့ နှစ်ပေါင်းများစွာထဲက နိုင်ငံရေးလောကထဲကနေ အနားယူခဲ့ပြီ။ ကျုပ်တို့က အိမ်မှာပဲ နေချင်တယ်။ ဘုရင်မင်းမြတ်က ကျုပ်တို့ကို ဒီကိုလာဖို့ ခိုင်းစေခဲ့တယ်။ ကျုပ်တို့က သေခါနီးအဘိုးကြီးတွေ ဖြစ်နေကြပြီ။ ဘာကိုမှ ဂရုစိုက်နေကြမယ့် လူမျိုးတွေ မဟုတ်ဘူး။ ကျုပ်တို့ ဂရုစိုက်တဲ့ အကြောင်းအရာက ဂုဏ်သိက္ခာဆိုတာပဲ။ ဒီတော့ ကျိန်းသေပေါက် ကျုပ်တို့ဘိုးဘေးတွေရဲ့ အရှက်သိက္ခာကို ဒုက္ခရောက်အောင်လို့ မမျှမတ ပြုလုပ်မှာမဟုတ်ဘူး။ ဒီတစ်ကြိမ် စည်းမျဉ်းစည်းကမ်းတွေက အကုန်လုံး မျှတရမယ်။ စိတ်ချပါ”
ကျင်းဟိုင်မြို့စားကြီးသည် ထပ်မံဦးညွှတ်ကာ ပြောလိုက်သည်။ “ကျုပ် စိုးရွံ့မိပါတယ်”
ရွှမ်ဝူက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဒီမှာရှိနေတဲ့ ဆရာကြီးသုံးယောက်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ သစ္စာတရားကို ကျုပ် ယုံကြည်ပြီးသားပါ။ သံသယ မရှိပါဘူး”
ဤဆရာကြီးသုံးယောက်တို့သည် တကယ်ပင် မျှမျှတတနှင့် ဒိုင်လူကြီးပြုလုပ်နိုင်ပြီလား။ သူတို့ပြုလုပ်နိုင်၏။ နင်ချီပြောသလိုပင် ထိုသူအားလုံးတို့သည် မကြာခင်သေဆုံးတော့မည့် အိုကြီးအိုမများ ဖြစ်ကြ၏။ ၎င်းတို့၏ ဂုဏ်သိက္ခာကိုသာ ဂရုစိုက်မည့် လူမျိုးဖြစ်၏။ ဘုရင်မင်းမြတ်သည် ဤနေရာဆီသို့ ဤသုံးယောက်ကို စေလွှတ်လိုက်ရခြင်းဆိုသည်မှာ ထို့ကြောင့်ပင်လျှင် ဖြစ်သည်။
ရွှမ်ဝူမြို့စားအိမ်တော်သည် ကျင်းချန်ကျွန်းတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင်မှ တရားမျှတမှုရှိစွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟူသည့် အဓိပ္ပာယ်ဖော်ဆောင်ရန်ပင်။ မဟုတ်ပါက ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သည် မဟုတ်ပါလား။
ဝူဝေမင်းကြီး ပျံ့ရှောင်သည် ရွှဲ့ပြည်နယ်၏ ထိပ်တန်းတော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်ပြီး သူသည် အကြီးမားဆုံးသော မြေပိုင်နက်နှင့် အကြီးမားဆုံးသော ကိုယ်ပိုင်စစ်တပ်ကြီးကို ပိုင်ဆိုင်၏။ သို့ပေမည့် သူသည် ထိုအရာဆီမှ အနားယူခဲ့လေ၏။ ထို့ကြောင့် မူဝါဒသစ်သည် သူ၏ခေါင်းပေါ်သို့ မကျရောက်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် မြောက်ဘက်ပိုင်း ဝူပြည်နယ်၏ နယ်ခြားစောင့်စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့၏။ ဝူပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့၏ကြား နှစ် ၂၀ ကြာ တိုက်ပွဲကျော်အတွင်းတွင် သူသည် စစ်တပ်ကို ဦးဆောင်ပြီးသည့်နောက် ဝူပြည်နယ်အတွက် စွမ်းစွမ်းတမန်တိုက်ခိုက်ခဲ့ဖူး၏။ ပြီးနောက် ရွဲ့ပြည်နယ်ဆီသို့ ခိုလှုံလာခဲ့သည်။ ဝူပြည်နယ်သည် ကြီးမားသည့် ထိခိုက်မှုမျိုးကို ခံစားခဲ့ရ၏။ ဝူပြည်နယ်သည် တကယ် ရှုံးနိမ့်ခဲ့၏။
ပြီးနောက် နိုင်ငံသုံးနိုင်ငံ၏နေရာများကိုသာ ယူဆောင်ခဲ့၏။ ဘုရင်မင်းမြတ်သည် သူ၏လက်ကို ကိုင်ဆွဲပြီးသည့်နောက် နင်ကလန်၏ ကောင်းကျိုးကို ဆောင်ရွက်သူအဖြစ် ကောင်းချီးပေးခဲ့၏။ နင်ကလန်သည် တော်ဝင်မျိုးနွယ် တစ်ခုဖြစ်၏။ မူလအားဖြင့် နင်ကလန်သည် တခြားမျိုးနွယ်မှလူများအား မင်းကြီးဆိုသည့် ဂုဏ်ပုဒ် မပေးချေ။ သို့ပေမည့် ပျံ့ရှောင်မှာတော့ ခြွင်းချက် ကင်းမဲ့ခဲ့၏။ ဝူဝေမင်းကြီးဆိုသည့် ဘွဲ့ထူးကို လက်ခံရရှိခဲ့သည်။
ယခုသူသည် စစ်သည်ပေါင်း တစ်သိန်းခွဲလောက်ကို ဦးဆောင်ပြီးသည့်နောက် ယန်ကျိုးနှင့် ထျန်းမင်စီရင်စုများကို ကာကွယ်စောင့်ရှောက်လျက်ရှိနေ၏။ ထို့အပြင် သူသည် ဝူပြည်နယ်၏ ရင်ဆိုင်တိုက်ခိုက်သည့်နေရာတွင် ရှေ့တန်းမှ တိုက်ခိုက်နေသူတစ်ယောက်ဖြစ်၏။ ဝူဝေမင်းကြီးသည် ရွှဲ့ပြည်နယ်၏ အဓိကထောက်တိုင်လည်း ဖြစ်၏။
အဘယ်သို့မူဝါဒသစ် သည် သူ၏ခေါင်းပေါ်သို့ ကျရောက်မည်နည်း။ သူ၏ဂုဏ်သိက္ခာသည် တကယ့်ကို ကြီးမြတ် လွန်းလှချေ၏။
ထို့အပြင် ဝူဝေမင်းကြီးသည် တကယ်မောက်မာလွန်းသည့် လူတစ်ယောက်ဖြစ်၏။ ရွှဲ့ပြည်နယ်တွင်ရှိနေသည့် တော်ဝင်မျိုးနွယ်ဟောင်းများနှင့် ပတ်သတ်ဆက်နွယ်ရမည်ကို အလုပ်ရှုပ်သည်ဟုပင် သူက ခံစားမိ၏။ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် တစ်ဦးတည်းသောလူသည် ဘုရင်မင်းမြတ်သာလျှင် ဖြစ်၏။ ထိုကဲ့သို့သော လူမျိုးသည် ကျင်းချန်ကျွန်းတိုက်ပွဲတွင် အဘယ်ကြောင့် မမျှမတနှင့် ဝင်ရောက်ရှုပ်ထွေးမည်နည်း။ အဓိပ္ပာယ် မရှိလှချေ။ ထိုလူသည် လောကတစ်ခုလုံးတွင် ရှိနေသည့် သူရဲကောင်းများကို အထင်သေးတတ်သူတစ်ယောက် ဖြစ်နေ၏။ ရွှမ်ဝူကဲ့သို့သော လူတစ်ယောက်ကို အဘယ်သို့ ဂရုစိုက်နေမည်နည်း။
ဦးရီးတော်နင်ချီသည် သေခြင်းရှင်ခြင်း စာချုပ်တစ်ခုကို ထုတ်ယူလိုက်၏။ “ဘယ်လိုတိုက်ပွဲမျိုးပဲဖြစ်ဖြစ် ဓားတွေ၊ လက်တွေ၊ ခြေတွေဆိုတာ မျက်စိပါတာ မဟုတ်ဘူး။ ဘေးဒုက္ခတွေကို ရှောင်လွှဲလို့မရနိုင်ဘူး။ ဒီတော့ ခြွင်းချက်မရှိဘူး။ နှစ်ယောက်လုံးက သေခြင်းရှင်ခြင်းစာချုပ်မှာ လက်မှတ်ထိုးဖို့လိုတယ်”