အခန် (၁၄၉)
Vol. 11 Ch. 149
ကျင်းဟိုင်မြို့စားကြီးက ရှေ့ကိုလှမ်းတက်လာခဲ့၏။ သူသည် နာမည်နှင့် သူ၏တံဆိပ်တုံးကို ထုနှက်လိုက်၏။ ပြီးနောက် ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးသည် လက်မှတ်ထိုးကာဖြင့် တံဆိပ်တုံးကို ထုနှိပ်လိုက်ပြန်၏။ ကျင်းချန်ကျွန်းတိုက်ပွဲများသည် ဤကဲ့သို့ပင်ဖြစ်၏။ များပြားသည့် ကပ်ဘေးများကို ယူဆောင်လာစေ၏။ စစ်တပ်နှစ်ခုကြားတိုက်ပွဲသည် ပြောနေစရာပင် မလိုအပ်ချေ။ ပထမဦးဆုံး တိုက်ပွဲတွင်ပင်လျှင် သေဆုံးခြင်းမျိုးကို ကြုံရနိုင်၏။
ရွှမ်ဝူမြို့တော်၏ ဆက်ခံသူမျိုးဆက်နှစ်ခုသည် သိုင်းပြိုင်ပွဲ ယှဉ်ပြိုင်တိုက်ခိုက်ရင်း သေဆုံးခဲ့ကြပြီဖြစ်၏။ ကျင်းဟိုင်မြို့စားအိမ်တော်၏ တတိယမျိုးဆက်သခင်လေးသည်လည်း ထိုတိုက်ပွဲကြောင့်ပင် သေဆုံးသွား ခဲ့ဖူး၏။ ယခု ထန်မိသားစုသည် တကယ့်ကို လေ့လာသင်ယူနိုင်ခဲ့ပြီဖြစ်၏။ မိသားစုထဲတွင် အားအကောင်းဆုံးသော တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့၏။ သို့ပေမည့် ဤလူသည် မိသားစု၏ ဆက်ခံသူ တစ်ယောက် မဟုတ်ချေ။
ဟုတ်ပေ၏။ ထန်ယင်သည် နောင်ဖြစ်လာမည့် တောင်ပင်လယ် ဓားဘုရင်သာလျှင်ဖြစ်၏။ ရွှဲ့ပြည်နယ်၏ တကယ့် သိုင်းဆရာကြီး ဖြစ်လာမှာ သေချာ၏။ ကျင်းချန်ကျွန်းတိုက်ပွဲသည် သူ၏မျက်စိထဲတွင် ဘာမှမဟုတ်ချေ။
ဦးရီးတော်နင်ချီသည် နောက်ထပ်သေတ္တာတစ်ခုကို ထုတ်ယူလိုက်၏။ ဤသေတ္တာသည် မဟော်ဂနီရောင် တောက်ပလျက် ရှိနေပြီး ထိုအပေါ်တွင် ရွှေရောင်နဂါးပုံများကို ရေးဆွဲထား၏။ ဖယောင်းစည်းဖြင့်လည်း စည်းခတ်ထားခဲ့၏။ ထိုအရာသည် ပျက်စီးသွားသည်နှင့် ပြန်လည်ကာ ပြုပြင်နိုင်မည့်အရာမျိုး မဟုတ်ချေ။
နင်ချီက ပြောလိုက်၏။ “ဒါ တကယ့်ကိုအရေးကြီးတဲ့ မေးခွန်းတစ်ခုပဲ။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဖန်တီးထား ခဲ့တာ။ ဘုရင်မင်းမြတ်ကလွဲရင် ဒီထဲမှာရှိတဲ့ အကြောင်းအရာကို ဘယ်သူမှ မသိဘူး”
ပြီးနောက် နင်ချီသည် စားပွဲပေါ်တွင် သေတ္တာကို အသာတင်ကာ ပြောလိုက်သည်။ “ရွှမ်ဝူ၊ ကျင်းဟိုင် ရှေ့ကိုတိုးပြီးတော့ ဒီသေတ္တာရဲ့ စည်းတံဆိပ်ကို သေသေချာချာ စစ်ဆေးကြ”
နှစ်ယောက်သား ရှေ့ဆီသို့ လှမ်းတက်ပြီး စစ်ဆေးလိုက်ကြ၏။
နင်ချီက ပြောလိုက်သည်။ “သေချာစစ်ဆေး ပြီးပြီလား”
ရွှမ်ဝူနှင့် ကျင်းဟိုင်တို့သည် သေချာကြောင်း ပြန်လည်ကာ ပြောဆိုလိုက်၏။
နင်ချီက ပြောလိုက်သည်။ “ဒါဆိုရင် ဒီသေတ္တာကို ငါထိန်းသိမ်းထားမယ်။ အမတ်ကြီးစော့ရွှမ်း၊ ဝူဝေမင်းကြီးတို့နဲ့အတူ အတတ်ပညာပြိုင်ပွဲကို ယှဉ်ပြိုင်တဲ့နေ့ကျမှ ဒါကို တရားဝင်ဖွင့်မယ်”
“ကောင်းပါပြီ” ကျင်းဟိုင်မြို့စားကြီးသည် တကယ့်ကို မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့၏။ ကျင်းမူကုန်း ကဲ့သို့သော အမှိုက်တစ်ကောင်သည် အဘယ်သို့ သူ၏သားနှင့် ယှဉ်ပြိုင်ရန်အတွက် အဆင့်အတန်း တည်ရှိနေမည်နည်း။ သူ၏သား ထန်ယွင်သည် အမှိုက်ကို မျက်စိမှိတ်၍ ယှဉ်ပြိုင်ရမည် ဆိုလျှင်တောင် အနိုင်ယူနိုင်မှာ သေချာ၏။ အထဲတွင်ရှိနေသည့် အကြောင်းအရာများက အရေးမကြီးချေ။ ဘာအကြောင်းအရာပဲဖြစ်ဖြစ် ဖြေဆိုနိုင်မှာ သေချာ၏။
အောက်ဘက်တွင် မတ်မတ်ရပ်လျက် ရှိနေသည့် ရှမ့်လန်သည် အလွန်အရေးကြီးသည်ဟု ခံစားလိုက်မိ၏။ သူသည် X-Ray အမြင်ကို အသုံးပြုပြီး သေတ္တာကို ဖြတ်သန်းကာ ကြည့်ရှုလိုက်၏။ အထဲတွင်တော့ အကြောင်းအရာများကို ရေးသားထားသည်ကို မြင်ရသည်။
ရှမ့်လန်သည် သေသေချာချာ မြင်ရ၏။ နိုင်ငံရေးနှင့်ပတ်သတ်သည့် စာပေများနှင့် ကဗျာများပင် ဖြစ်၏။ ဘုရင်မင်းမြတ်သည် တကယ့်ကို ကောက်ကျစ်လွန်းလှချေ၏။ ရှမ့်လန်သည် မေးခွန်းပေါင်း ဆယ့်ကိုးခုကို ပြင်ဆင်ထားခဲ့၏။ ထိုအရာတစ်ခုလုံးက မမှန်ခဲ့ချေ။ ကျင်းမူကုန်း ဝတုတ်သည် တကယ့်ကို သနားစရာ ကောင်းလွန်း၏။ နှစ်လတိုင်တိုင် ရေးမှတ်ထားခဲ့ခြင်းများသည် တကယ့်ကို ပေါက်ပန်းလေးဆယ်များသာ ဖြစ်ခဲ့၏။
........
ကျင်းမူကုန်း တစ်ညလုံး ထိုအရာများကို လိုက်လံရေးသားရင်းနှင့် ဖတ်ရှုနိုင်မည်လား။ ယခု သိုင်းပညာ ယှဉ်ပြိုင်ခြင်းပြိုင်ပွဲက စတင်ပြီဖြစ်၏။ တွေးကြည့်ပြီးသည့်နောက် မူလန်သည်သာ ထန်ယင်ကို အနိုင်ရရှိနိုင်မည် ဆိုပါက တတိယတိုက်ပွဲက အရေးကြီးနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အားလုံးသောသူတို့သည် တုန်လှုပ် ခြောက်ခြားကြမှာ သေချာ၏။ လောကကြီးတစ်ခုလုံးက ရူးသွပ်သွားမှာ ဖြစ်၏။ သူသည် ထိုအရာကို တကယ်ပင် မျှော်လင့်နေမိသည်။
ဦးရီးတော်နင်ချီက ပြောလိုက်၏။ “ငြင်းချက်မရှိဘူးဆိုရင် ခင်ဗျားတို့နှစ်ယောက်လုံး သေချာပြင်ဆင်ထား သင့်တယ်။ ပထမဆုံးတိုက်ပွဲက နှစ်နာရီအတွင်း စကြမယ်။”
ဤအရာသည် အိုလံပစ်အားကစားပွဲ မဟုတ်ချေ။ ရက်အနည်းငယ်သာ ကျင်းပမှာဖြစ်၏။ အားလုံးသော သူတို့၏အချိန်က အရေးကြီး၏။ သိုင်းပြိုင်ပွဲသည် အချိန်အတိုင်းအတာအတွင်း ယှဉ်ပြိုင်ရမည့်အရာမျိုး ဖြစ်လာခဲ့၏။ ကျင်းချန်ကျွန်းတိုက်ပွဲသည် နှစ်ရက်အတွင်း အဆုံးသတ်မှာဖြစ်သည်။
ပထမဦးဆုံးတိုက်ပွဲသည် ကျင်းမူလန်နှင့် ထန်ယင်တို့၏ကြား တိုက်ပွဲပင် ဖြစ်၏။ နုကျန့် အမဲလိုက်မြေ တည်နေရာ၏ အဓိက ဟောခန်းထဲတွင် ကျင်းပမှာဖြစ်၏။ ထိုအရာကို ကြည့်ရှုရန်အတွက် တော်ရုံ တော်ဝင်မိသားစု များသည် အရည်အသွေးမပြည့်မှီခဲ့ကြချေ။
တိုက်ပွဲစတင်ရန် ဆယ့်ငါးမိနစ်ခန့် လိုသေး၏။
ထန်ယင်သည် ငြီးငွေ့လို့နေခဲ့၏။ သူသည် မနီးမဝေးတွင် တည်ရှိနေသည့် ခြင်တစ်ကောင်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ဤခြင်သည် အလွန်အားကောင်းလွန်း၏။ နွေဦး၏ လေပြင်းတွေ တဟူးဟူးနှင့် တိုက်ခိုက်လျက် ရှိနေသည် ဆိုလျှင်တောင်မှ သူသည် သူ၏သွားရာကို တည့်တည့်မတ်မတ်နှင့် ပျံသန်းနိုင်သည်။
“အင်း မဟုတ်သေးဘူး။ ငါ သေသေချာချာ ဒါကို လေ့လာဖို့ လိုသေးတယ်” ထန်ယင်အတွက် လောကတွင် ရှိနေသည့် အရာအားလုံးတို့သည် သိုင်းပညာကို နားလည်ရန်အတွက် သင်ကြားပေးနေသည့် ဆရာများ သာလျှင်ဖြစ်၏။
ယနေ့သိုင်းပြိုင်ပွဲသည် အရေးကြီး၏။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ ကံကြမ္မာကို ဆုံးဖြတ်ရမည့် အရာလည်း ဖြစ်လေ၏။ သို့ပေမည့် ထန်ယင်သည် တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ သူမည်သည့်နေရာတွင် ရောက်ရှိနေသည် ဖြစ်ကြောင်းလည်း မသိရှိသလို သူ၏ပြိုင်ဘက် မည်သူဖြစ်ကြောင်းလည်း ဂရုမစိုက်ချေ။ မည်သူပဲဖြစ်ဖြစ် ကိစ္စမရှိချေ။ ရလဒ်က တူညီမည်ဖြစ်၏။ ဘယ်လောက်အားကောင်းကောင်း သူ၏ပြိုင်ဘက်မဟုတ်ချေ။ သူသည် သူ၏ပြိုင်ဘက် ဘယ်သူလဲ မမေးခဲ့ချေ။ ဘယ်နေရာကို လာရမလဲ ဆိုသည်ကိုသာ မေးမြန်းခြင်းရှိ၏။ သူ ထန်ယင်သည် တစ်ကွက်တည်းနှင့် အားလုံးသောသူတို့ကို အနိုင်ယူနိုင်၏။ ဒုတိယမြောက်ဖြစ်နိုင်ချေဟူသည်မှာ မရှိချေ။
“ဘာ... ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ် ဟုတ်လား။ မိန်းကလေးတွေနဲ့ ပျော်ရွှင်ရတာက ကောင်းလား။ ဒါမှမဟုတ် ငွေကြေးတွေ သုံးဖြုန်းရတာ ပျော်ရွှင်စရာလား။ ဩဇာအာဏာတည်ရှိခြင်းက ပျော်ရွှင်စရာလား။ မဟုတ်ဘူး။ ဓားတွေကသာ အပျော်ရွှင်ဆုံးပဲ”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ယင်အာ.. မင်းရဲ့ပြိုင်ဘက်က ကျင်းမူလန်နော်။ မင်း ရှိရှိသမျှ အားကုန်ထုတ်ပြီး …..”
ထိုအချိန်မှာပဲ ထန်ယင်သည် လက်ကိုအသာမြှောက်ကာ ပြောလိုက်သည်။ “အားကုန်ထုတ်ရမယ် ဟုတ်လား”
ထန်ယင်အတွက် မည်သူနှင့်တိုက်ခိုက်သည်မဆို တူညီသည့်အားအင်နှင့် တူညီသည့် အခြေအနေတစ်ခုကိုသာ ထုတ်ဖော်တိုက်ခိုက်တတ်၏။
“ယင်အာ... မှတ်ထား။ သူမကို တစ်ကွက်ထဲ အနိုင်ယူလိုက်တော့။ ဒါပေမယ့် သူမကို မသတ်နဲ့။ နားလည်တယ် မလား” ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်သည်။
ထန်ယင်သည် ခေါင်းကိုညိတ်လိုက်၏။ “ကောင်းပြီ။ ကျုပ်သူ့ကို မသတ်ပါဘူး”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ဒါပေမယ့် သူမရဲ့ သိုင်းပညာကို ဖျက်ဆီးလိုက်။ ဒါဆိုရင် တစ်စုံတစ်ယောက်က သူမကို ပိုင်ဆိုင်ဖို့ ကြိုးစားတဲ့အချိန်မှာ ခုခံနိုင်မှာ မဟုတ်တော့ဘူး”
“အင်း သိုင်းပညာကို ဖျက်ဆီးပစ်မယ်” ထန်ယင်က ပြောလိုက်၏။
ကျင်းဟိုင်မြို့စားကြီးထန်လွမ်က ပြောလိုက်သည်။ “သိုင်းပညာကို ဖျက်ဆီးပြီးတဲ့အချိန်ကျရင် သူမရဲ့ရုပ်ရည် သွင်ပြင်ကို မထိခိုက်စေနဲ့။ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ချက်တစ်လေတောင် မရှိစေနဲ့။ အေး တကယ်လို့ ရှိလာခဲ့မယ်ဆိုရင်လည်း သေးသေးလေးပဲလုပ်”
အရေးအကြီးဆုံး လူတစ်ယောက်သည် ပြည့်စုံသည့် ကျင်းမူလန်ကို လိုချင်၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသည့် အမာရွတ်သာ တည်ရှိနေသည်ဆိုပါက စိတ်ခံစားချက်များ ပြောင်းလဲသွားပေလိမ့်မည်။
မှန်ပေ၏။ သူတို့သည် ရွှမ်ဝူမြို့စားကြီး၏ ပိုင်ဆိုင်သမျှအရာအားလုံးကို ခွဲဝေယူထားသည် သာမကချေ။ ကျင်းမူလန်ကို ခွဲဝေယူရန်ပင် စဉ်းစားထားခဲ့ပြီဖြစ်၏။ သူမကို အလွန်အရေးကြီးသည့် အဓိကလူဆီသို့ ပေးပို့ထားရန် ပြင်ဆင်ထားခဲ့၏။
ထန်ယင်သည် မျက်မှောင်ကုတ်ကာဖြင့် စိတ်မရှည်သလို ပြောလိုက်သည်။ “ဆံခြည်မျှင်လောက် သေးငယ်တဲ့ ဒဏ်ရာဆိုရင်ရော အဆင်ပြေလား”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ရတယ် အဲလောက်ဆို”
“ကောင်းပြီ” ထန်ယင်က ပြန်လည်ကာ ပြောဆိုလိုက်၏။ ပြီးနောက် သူသည် အဝေးတစ်နေရာတွင် ရှိနေသည့် ခြင်ကိုပင် ပြန်လည်ကာ ကြည့်ရှုနေ၏။ ဤတစ်ကြိမ်မှာတော့ ခြင်၏အတောင်ပံကို သူက သေချာကြည့်ရှုနေမိ၏။ ခြင်၏အတောင်ပံ မည်မျှခတ်သည်ကိုပင် သူက စိတ်တွက် တွက်ကြည့်မိနေသည်။
“အကြိမ် ၅၀၀ ကျော်လား” ထန်ယင်က တုန်လှုပ်သွားမိ၏။ ခြင်သည် ဤမျှအားကောင်းလွန်းသည်ဟု သူက အသိအမှန်ပြုလိုက်မိ၏။
“အချိန်စေ့ပြီ။ လူကြီးမင်းထန်ယင်... တိုက်ခိုက်ဖို့အတွက် စင်မြင့်ပေါ်ကို တက်ပါ”
“အင်း”
ထန်ယင်သည် သူ၏ သံဓားကို ကောက်ယူပြီးသည့်နောက် အပြင်ဘက်သို့ ထွက်လျှောက်သွား၏။ သူ၏ စိတ်တစ်ခုလုံးတွင် ခြင်၏အတောင်ပံခတ်ပုံနှင့်သာ ပြည့်နှက်လျက်ရှိသည်။
.......
ဟောခန်း၏အတွင်းမှာတော့ လူပေါင်း ၁၀၀ ကျော်တို့သည် စီစီညီညီ ထိုင်လျက်ရှိနေ၏။ ဘုရင့်ဦးရီးတော် နင်ချီ၊
အိမ်ရှေ့စံ၏ဆရာ အမတ်ကြီး စော့ရွှမ်း၊ ဝူဝေမင်းကြီး ပျံ့ရှောင် …. ၎င်းတို့သုံးယောက်သည် အလယ်ရှိ ဒိုင်လူကြီးများ ထိုင်ခုံများမှာ ထိုင်လျက်ရှိနေ၏။
ရွှမ်ဝူမိသားစုသည် ညာဘက်ခြမ်းတွင် ထိုင်လျက်ရှိနေပြီး သူတို့၏ နောက်တွင် လူပေါင်းများစွာတို့ ထိုင်လျက် ရှိနေ၏။ စုကျန့်ထင် ကဲ့သို့သော နာမည်ကျော်ကြားသည့်လူပင် ပါဝင်လျက်ရှိနေ၏။ ၎င်းသည် ကျန်းယွမ် နယ်စားကြီး၏သားလည်း ဖြစ်၏။ ဟုတ်ပေ၏။ သူ ဤနေရာတွင် ထိုင်နေခြင်းမှာ ဟန်ပြသာလျှင် ဖြစ်၏။ သူ၏စိတ်ထဲမှာတော့ မူလန်သည် ကျိန်းသေပေါက် ရှုံးနိမ့်မှာဖြစ်၏။ သို့ပေမည့် သူတို့သည် ကျင်းမိသားစုနှင့် ခမည်းခမက်တော်သည် မဟုတ်ပါလား။
ကျင်းဟိုင်မြို့စားကြီး မိသားစုသည် ဘယ်ဘက်ခြမ်းတွင် ထိုင်လျက်ရှိ၏။ သူတို့နောက်တွင်တော့ လူပေါင်းများစွာတို့ တည်ရှိနေ၏။ တော်ဝင်မျိုးနွယ်အသစ်များသာမက ထန်မိသားစု၏ဘက်ခြမ်းတွင် တော်ဝင်မျိုးနွယ်ဟောင်းများပါ ထိုင်လျက်ရှိနေ၏။ ၎င်းတို့သည် ထန်မိသားစုကို မျက်နှာသာပေးလို၍ မဟုတ်ချေ။ ဤဘက်တွင် ရပ်တည်သည်ဖြစ်ကြောင်း အဓိပ္ပာယ်ပြသခြင်းသာလျှင်ဖြစ်၏။
ဘုရင်မင်းမြတ်၏မူဝါဒသစ်ကို သူတို့သည် ဆန့်ကျင်ခြင်း မရှိကြကြောင်း သိသာထင်ရှားစေရန်ပင် ဖြစ်၏။ ထိုမှသာလျှင် ဓားအသစ်သည် သူတို့၏ခေါင်းပေါ်သို့ ကျဆင်းမလာမှာဖြစ်၏။ ရွှမ်ဝူအိမ်တော်၏ ကံဆိုးမှုအတွက်တော့ သူတို့သည် စိတ်ပိုင်းဆိုင်ရာအရ ဝမ်းနည်းရုံသာတတ်နိုင်သည်။
ကျန်းချုံး အုပ်ချုပ်ရေးမှူး ကျူးကျွင်းနှင့် ကျန်းပေနယ်စားအိမ်တော်တို့မှ လူများအားလုံးတို့သည် တတိယတန်းမှာ ထိုင်ကာဖြင့် ညီညီစီစီနှင့် ကြည့်ရှုလျက်ရှိနေ၏။ ကျန်းကျင်းနှင့် ချီယွီတို့သည် တူညီသည့်တန်းတစ်ခုတွင် ထိုင်လျက်ရှိ၏။ ကျန်းချွင်းဟွာ မှာတော့ အလယ်တွင် ထိုင်လျက်ရှိနေ၏။
“တိုက်ပွဲက ဘာမှသံသယရှိစရာ မလိုဘူး။ ကျင်းမူလန်ရဲ့ဓားသိုင်းက ထန်ယင်ထက် အဆင့် ၂ ဆင့်လောက်နိမ့်ကျတယ်။ ရလဒ်က တစ်ခါတည်း ပေါ်သွားမှာပဲ” ကျန်းကျင်းက ပြောလိုက်သည်။ သူသည် ချီယွီကိုလှမ်းပြောခြင်းဖြစ်သည်။
ချီယွီသည် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ “ထန်ယင်ရဲ့ဓားပညာကို ကျွန်မမြင်ခဲ့ဖူးတယ်။ ကြယ်ကြွေဓားက တကယ့်ကို ဖျက်ဆီးလို့မရနိုင်တဲ့အရာပဲ”
အားလုံးသောသူတို့သည် ကျင်းမူလန်ကို စူးစိုက်ကာကြည့်ရှုနေ၏။ သူမသည် အလွန်လှပ၏။ သူမ၏ ခန္ဓာကိုယ် အသွင်အပြင်ကလည်း အလွန်လှပ၏။ ဆိုးရွားသည်မှာ သူမသည် ရှုံးနိမ့်ရတော့မည်ဖြစ်၏။ ရွှမ်ဝူမြို့စား အိမ်တော်၏ကံကြမ္မာကို ရှုံးနိမ့်ပြီးသည့်နောက် အနာဂတ်တွင် သူမသည် ဒုက္ခရောက်ပေတော့မည်။ လှပခြင်း ကလည်း အပြစ်တစ်ခုပင် ဖြစ်၏။ ရွှမ်ဝူအိမ်တော် အားကောင်းသည့်အချိန်တွင် သူမ၏အလှအပကို ကာကွယ်ပေးနိုင်စွမ်းရှိ၏။ ရွှမ်ဝူအိမ်တော်ပျက်စီးသွားသည်ဆိုပါက ဤအလှအပသည် ရာဇဝတ်မှု ဖြစ်လာခဲ့ ပေလိမ့်မည်။
ဒုံး
ခေါင်းလောင်းသံက မြည်လာခဲ့၏။ ကျင်းချန်ကျွန်းတိုက်ပွဲ ပြိုင်ပွဲသုံးခု၏ ပထမပြိုင်ပွဲ သိုင်းပြိုင်ပွဲက စတင်ပြီဖြစ်၏။ အားလုံးသောသူတို့သည် မျက်စိအပြူးသားဖြင့် တစ်ချက်ကလေးမှ လွတ်မသွားရန် စူးစိုက်ကာ ကြည့်ရှုနေ၏။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန်မြန်ဆန်လွန်း၏။ ချက်ချင်းပဲ ရှုံးနိမ့်သွားပေလိမ့်မည် အဘယ်ကြောင့်ဆိုသော် သခင်လေးပေါင်းများစွာတို့သည် ထန်ယင်ကို ယခင်တုန်းက ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမည့် ချက်ချင်းရှုံးနိမ့်ခဲ့ကြ၏။
ကျင်းမူလန်၏ သိုင်းပညာသည် စုကျန့်ထင်လောက်ပင် မကောင်းချေ။ ထို့ကြောင့် ကျိန်းသေပေါက် ရလဒ်ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်းတွင် တိုက်ပွဲသည် ပြီးဆုံးကောင်း ပြီးဆုံးသွားနိုင်သည်။
ထန်ယင်သည် သူ၏ပြိုင်ဘက်ကို ဘယ်တော့မှ မကြည့်ချေ။ ယခုသူသည် တစ်ချက်လှမ်းကြည့်လိုက်၏။ ပြီးနောက် အနည်းငယ် အံ့အားသင့်သွား၏။ “မိန်းမ... မိန်းမတစ်ယောက်လား။ ပြီးတော့ အရမ်းလှနေပါလား။ ကောင်းပြီ။ ငါမင်းရဲ့သိုင်းပညာကို အနည်းငယ်လောက် စမ်းသပ်ကြည့်မယ်။ ဖြစ်နိုင်ရင် မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ သေးသေးလေးပဲဖြစ်အောင် လုပ်လိုက်မယ်”
ထန်ယင်သည် သူ၏ဓားကိုအသာမြှောက်လိုက်၏။ ရုတ်တရက် သူသည် ဓားကွက်ကို ထုတ်ဖော်လိုက်၏။ ကြယ်ကြွေဓားကွက်ပင်။ သူသည် ထိုအရာကို ဆယ့်လေးနှစ်တိတိ လေ့ကျင့်ခဲ့၏။ အကြိမ်သန်းနှင့်ချီ လေ့ကျင့် ခဲ့ခြင်းဖြစ်၏။ တိုက်ခိုက်သည့် အချိန်တိုင်းတွင် သူသည် ထိပ်ဆုံးအခြေအနေကို ထုတ်ဖော်ကာ တိုက်ခိုက်၏။ ဤဓားတိုက်ခိုက်ချက်သည် တကယ့်ကို ပြိုင်ဘက်ကင်းပြီး ဖြေရှင်း၍မရနိုင်သည့် အရာမျိုးပင်။
မူလန်က တိုက်ခိုက်ခဲ့၏ သူမ၏ဓားပညာသည် ရိုးရှင်းလွန်းလှချေ၏။ ထို့အပြင် သစ်သားဓားတစ်ခုကို အသုံးပြု ခဲ့ခြင်းဖြစ်၏။ မည်သည့်ရှုပ်ထွေးသည့် နည်းစနစ်ကိုမှ အသုံးမပြုချေ။ အဓိကတည်နေရာဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်ခြင်းပင်။ ကြယ်ကြွေဓား၏ အဓိက ဗဟိုတည်နေရာ၊ ဤနေရာတွင် ပြစ်ချက်တစ်ခုလေးသာလျှင် ရှိ၏။
ဒုံး
နောက်တစ်စက္ကန့်အတွင်းမှာပဲ မူလန်၏ဓားသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အင်အားနှင့်အတူ ကြယ်ကြွေဓား၏ အဓိက တည်နေရာကို ထွင်းဖောက်သွား၏။ ပြီးနောက် ထန်ယင်၏ရင်ဘတ်တည့်တည့်ကို တိုက်ရိုက်ထိုးမိသည်။
ရုတ်တရက် ထန်ယင်၏ခန္ဓာကိုယ်သည် အဝေးဆီသို့ လွင့်စင်သွားခဲ့ပြီး သွေးများအန်ထွက်လာခဲ့၏။ ချက်ချင်း ရှုံးနိမ့်သွားခဲ့ခြင်းပင်။
…….
“ကောင်းကင်ဘုံ ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ အိပ်မက်မက်နေတာလား”
ဤအရာသည် တည်ရှိနေသည့် လူများအားလုံးတို့၏ ပုံမှန်တုန့်ပြန်မှုပင် ဖြစ်၏။ အရာအားလုံးသည် မြန်ဆန်လွန်းလှပြီး ၎င်းတို့ကို အလစ်အငိုက် ဖြစ်စေခဲ့၏။ အစတည်းက ဖြစ်စဉ်တစ်ခုလုံးကိုလည်း ခန့်မှန်းခဲ့ပြီးသားဖြစ်၏။ အဆုံးသတ်ကိုတော့ သူတို့ မခန့်မှန်းနိုင်ခဲ့ကြချေ။
ချက်ချင်းတိုက်ခိုက်အနိုင်ယူခြင်းဆိုသည်မှာ အမှန်ပင်ဖြစ်၏။ သို့ပေမည့် ချက်ချင်း တိုက်ခိုက်အနိုင်ယူခြင်းကို ခံခဲ့ရသူသည် ထန်ယင်ပင် ဖြစ်လို့နေခဲ့၏။ တကယ့် သရဲတစ္ဆေတစ်ကောင်များကို တွေ့ခဲ့လေသည်လား။
အားလုံးသောသူတို့သည် ထိုကဲ့သို့သော အတွေးကိုသာ တွေးခဲ့ကြ၏။ ထန်ယင်သည် လူငယ်မျိုးဆက်များထဲတွင် ပြိုင်ဘက်ကင်းသည့် လူတစ်ယောက်ဖြစ်နေပြီး ကြယ်ကြွေဓားကွက်ကို မည်သူကမှ တန်ပြန်နိုင်ခြင်း မရှိခဲ့ချေ။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ကျင်းမူလန်သည် ထန်ယင်ကို တစ်ကွက်တည်းနှင့် အနိုင်ယူတိုက်ခိုက် နိုင်ခဲ့၏။ ထို့အပြင် သူမသည် သစ်သားဓားကို အသုံးပြုခဲ့၏။ ကောင်းကင်ဘုံမှ ဟာသ လုပ်နေလေသည်လား။
..................
ထန်ယင်သည် မူလန်၏ဓားဖြင့် ရင်ဘက်ကို ထိုးသွင်းခြင်း ခံရပြီး မီတာအနည်းငယ် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် သွေးအနည်းငယ်ကို အန်ထုတ်ခဲ့၏။
တစ်ချိန်တည်းမှာပဲ မူလန်သည် ရှေ့ဆီသို့လှမ်းတက်ပြီး တစ်ဖက်လူကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်၏။ သို့ပေမည့် ထန်ယင်၏ မျက်လုံးများကို ကြည့်ရှုပြီးသည့်နောက် မူလန်က လက်လျှော့ကာ ဆက်လက်တိုက်ခိုက်မည့် အကြံအစည်ကို လက်လျော့လိုက်၏။ အဘယ်ကြောင့် ဆိုသော် ထိုမျက်လုံးများကို သူမ ရင်းနှီး၏။ အရူးကြီးကဲ့သို့ပင်။
မူလန်သည် ဤကဲ့သို့သောလူမျိုးကို သတ်ဖြတ်ပစ်ရန် စိတ်ဆန္ဒ မရှိတော့ချေ။ အနာဂတ်တွင် သူမ၏ရန်သူ ဖြစ်လာနိုင်မည် မဟုတ်သောကြောင့်ပင်။ ထို့အပြင် အနိုင်ယူ တိုက်ခိုက်ခဲ့ပြီးသည့်နောက် သူမ၏နှလုံးသား တစ်ခုလုံးသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် ရှမ့်လန် စီစဉ်ပေးသည့်အရာမျိုးဖြစ်၏။
ကြယ်ကြွေဓားသိုင်းကို အဓိပ္ပာယ်ဖော်ခဲ့ခြင်း၊ ထို့အပြင် တိုက်ခိုက်နိုင်ရန်အတွက် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ခြင်းနှင့် သူမကို သင်ကြားခဲ့ခြင်းပင်ဖြစ်၏။ သူမသည် သူမကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ချေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကဲ့သို့ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမကိုယ်တိုင်ပင် မသေချာမရေရာသလို ဖြစ်ခဲ့၏။ ယခင်က ထန်ယင်နှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးချေ။ ထို့ကြောင့် ကြယ်ကြွေဓားနည်းစနစ်ကို သူမ တစ်ခါမှ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးခြင်းမရှိဟု ပြောဆိုရပေလိမ့်မည်။
ထန်ယင်သည် ရှုံးပွဲမရှိသည့် သိုင်းသမားတစ်ယောက် အဖြစ်သာ သူမက ကြားခဲ့ဖူး၏။ သိုင်းကျင့်ကြံခြင်း နည်းစနစ်များ၊ အတွင်းအားစွမ်းအင်များနှင့် ပတ်သက်လျှင် ထန်ယွင်ကို ကျော်လွန်နိုင်သည့် လူငယ်မျိုးဆက်များ အများအပြား တည်ရှိ၏။ သို့ပေမည့် မည်သူမှသည် ကြယ်ကြွေဓားကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ချေ။ သို့ပေမည့် ယခုအချိန်မှာတော့ သူမသည် လွယ်လွယ်ကူကူဖြင့် တုန့်ပြန်နိုင်ခဲ့၏။ ဤကဲ့သို့သော ခံစားချက်သည် တကယ့်ကို ကောင်းမွန်လွန်းသည့် ခံစားချက်တစ်ခုပင် ဖြစ်လို့နေခဲ့၏။
“ဘာတွေဖြစ်ကုန်တာလဲ”
မူလန်သည် မည်သို့မှမနေနိုင်ဘဲ သူမ၏လက်ကို ငုံ့ကြည့်လိုက်၏။ လက်ထဲတွင် ရှိနေသည့် သစ်သားဓားကို စူးစိုက်ကာ ကြည့်ရှုနေမိ၏။ အံ့အားတသင့်လည်း ဖြစ်လို့နေခဲ့သည်။ “ငါ.. ငါ ဒီလောက်ကြီး အားကောင်းခဲ့တာလား”