အခန်း (၁၅၁)
Vol. 11 Ch. 151
ရှမ့်လန်သည် သူ၏ဦးနှောက်ထဲတွင်ရှိနေသည့် AI ကို အသုံးပြုကာ ရှာဖွေလျက်ရှိနေ၏။ အထဲတွင် ရေးသားထားသည့် နိုင်ငံရေးစာတမ်းများဆီမှ အရာများအားလုံးကို ကြည့်ရှုလိုက်၏။
ခဏကြာရေးပြီးသည့်နောက်မှာတော့ ရှမ့်လန်သည် ထိုအရာအားလုံးကို ကျင်းမူကုန်းဆီသို့ ကမ်းပေးလိုက်၏။ ထိုအရာကို လိုက်လံကူးယူပြီး မှတ်သားထားရမည်ဖြစ်၏။ တစ်ညအတွင်း ပြုလုပ်ရန်ပင်။
သူဟောခန်းတစ်ခုထဲကို ဖြတ်သွားသည့်အချိန်မှာတော့ သူ၏ယောက္ခထီးသည် စကားပြောလျက် ရှိနေလေ၏။ မနက်ဖြန်တိုက်ပွဲအတွက် ပြင်ဆင်နေခြင်းပင်။ ရွှမ်ဝူအိမ်တော်၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ကျင်းရှိယန်သည် မြေပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လျက်ရှိနေ၏။ ရွှမ်ဝူအိမ်တော်အတွက် သူက အကောင်းဆုံးတိုက်ခိုက်မည်ဖြစ်ကြောင်း ကျမ်းကျိန်လျက်ရှိနေ၏။ သူ၏အသက် သေဆုံးသွားမည် ဆိုလျှင်တောင်မှ အဆင်သင့်ဖြစ်ကြောင်း ပြောဆိုနေခြင်းပင်။
ထိုအချိန်မှာတော့ ရှမ့်လန်သည် အသာဖြတ်သွားခဲ့၏။ ကျင်းဟွေ့၊ သူ၏ယောက္ခထီးနှင့် ကျင်းရှိယန်တို့သည် ရှမ့်လန်၏ မျက်နှာပေါ်တွင်ရှိနေသည့် အနီရောင်ကိုက်ရာကြီးကို မြင်လိုက်ရ၏။ ကျိန်းသေပေါက် မိန်းမတစ်ယောက် ကိုက်ထားခြင်းသာလျှင်ဖြစ်ပေမည်။
သူတို့ ဘာကြည့်နေသနည်း။ ရှမ့်လန်က ဂရုမစိုက်ချေ။ ထိုအစား သူသည် မျက်နှာအား ထိုသုံးယောက် သေသေချာချာ မြင်ရရန်ပင် ပြလိုက်သေး၏။
မြို့စားကြီးသည် ဘာဖြစ်သနည်းဆိုသည်ကို မေးရန်ပြင်ဆင်လိုက်၏။ သို့ပေမည့် သူသည် ဉာဏ်ပညာကြီးစွာဖြင့် ပါးစပ်ကို ပြန်ပိတ်ထားလိုက်၏။ လင်မယားကြားကိစ္စရပ်ကို မပါဝင်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့ပေမည့် ရှမ့်လန်မှာတော့ မိန်းမတစ်ယောက် အကိုက်ခံရပြီးသည့်နောက် အောင်ပွဲရစစ်သူကြီး တစ်ယောက်ကဲ့သို့ပင် ခေါင်းမော့ကာလျှောက်သွားလျက် ရှိနေ၏။ ရှမ့်လန်သည် ကျင်းမူကုန်း၏အခန်းဆီသို့ သွား၏။ ဝတုတ်သည် စာများ ရေးသားလျက်ရှိနေတုန်းပင်။ စုတ်တံနှင့် မင်ရည်များ ကုန်ခန်းလုမတတ် ရေးသားလို့ နေ၏။
လက်ရှိအချိန်မှာတော့ သူ၏ယောက်ဖသည် အနာဂတ်တွင် ကောင်းမွန်သည့် လယ်ရေးလှဆရာ တစ်ယောက် ဖြစ်လာနိုင်သည်ကို ရှမ့်လန်က ခံစားမိ၏။ တစ်နေ့တစ်နေ့ စာလုံးပေါင်းသောင်းချီကို ရေးသားလျက်ရှိ၏။ ရှမ့်လန်က ပြောလိုက်သည်။ “ဝတုတ် ဒါတွေကို ပြန်ပြောင်းရေးရအောင်”
ပြီးနောက် သူသည် အသစ်ဖန်တီးထားခဲ့သည့် အသစ်ပြင်ဆင်ထားခဲ့သည့် ကဗျာနှင့် စကားပြေများကို အသာ ချပေးလိုက်၏။ “ဒါ မနက်ဖြန်အတွက် စာမေးပွဲမေးခွန်းပဲ”
“တကယ်လား”
ကျင်းမူကုန်းက တုန်လှုပ်သွားခဲ့လေ၏။ သူသည် ခေါင်းကိုမော့ပြီးသည့်နောက် ရှမ့်လန်၏ မျက်နှာပေါ်တွင် ကိုက်ရာကြီးကို မြင်လိုက်ရ၏။ သူသည် ရှမ့်လန်၏မျက်နှာကို လက်ညှိုးထိုးကာ ပြောလိုက်၏။ ယောက်ဖ... ခင်ဗျားမျက်နှာက”
ရှမ့်လန်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “အင်း... မင်းအစ်မ ကိုက်ထားတာလေ။ ဘာဖြစ်လို့လဲ”
ကျင်းမူကုန်းက အားပျော့စွာ ပြောလိုက်၏။ “အဲဒါက ဂုဏ်ယူစရာများဖြစ်နေလို့လား”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တာပေါ့ ဘယ်မိန်းမက မင်းကိုကိုက်မှာလဲ။ မိန်းမတစ်ယောက်က ဘာလို့ ကိုက်တာလဲ။ ချစ်လို့ပေါ့။ နက်နက်နဲနဲချစ်လေ နက်နက်နဲနဲကိုက်လေပဲ။ ပြီးတော့ ဒါက နာကျင်စေချင်လို့ ကိုက်တာမဟုတ်ဘူး။ အမာရွတ်လည်း ထင်နေမှာမဟုတ်ဘူး။ ဘာလို့ကိုက်တာလဲဆိုတော့ ပိုင်ရှင်ရှိကြောင်း သက်သေပြချင်လို့ အချစ်ရဲ့သင်္ကေတအာဖြစ် ကိုက်တာပဲ။ မင်းအစ်မက ငါ့ကိုအရမ်းချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ကျင်းမူကုန်းသည် ဝေခွဲမရဖြစ်သွား၏။ ပေါက်ပန်းလေးဆယ်စကားများကို လျှောက်ကာပြောဆိုနေမှန်း သိသည် ဆိုသော်လည်း ဤအရာသည် အဓိပ္ပာယ်ရှိနေသည်ဟု သူအဘယ်ကြောင့် ခံစားနေရသနည်း။
ရှမ့်လန်သည် ဝတုတ်၏ပုခုံးကို အသာပုတ်ကာဖြင့် ပြောလိုက်၏။ “အင်း.. မင်းနားလည်မှာ မဟုတ်ဘူး။ မင်းလို ဝတုတ်မျိုးက ကိုက်မယ့်လူဆိုလို့ ဘယ်မိန်းမမှမရှိဘူး။ အေး ခွေးကတော့ လာကိုက်ရင်ကိုက်လိမ့်မယ်”
ချက်ချင်းပဲ ဝတုတ်သည် မျက်ရည်အဝိုင်းသားနှင့် ဖြစ်သွားမိ၏။ “ရှမ့်လန်... ခင်ဗျား အရမ်းရက်စက်လွန်းတယ်။ ခင်ဗျား စောင့်နေ။ ကျုပ် ကျင်းမူကုန်းက ခင်ဗျားကို ယောက်ဖလို့ နောက်ကို မခေါ်တော့ဘူး”
ကျင်းမူကုန်းသည် ဒေါသတကြီးဖြင့် စုတ်တံကို ကောက်ယူကာ ရှမ့်လန်ပေးသည့်အရာများကို ထပ်မံကူးရေးလျက် ရှိ၏။ သူ၏ဒေါသတရားများကို စုတ်တံပေါ်သို့ ပို့လွှတ်လိုက်၏။ “ကျိန်းသေပေါက် အလုပ် ကြိုးစားရမယ်။ ကျိန်းသေပေါက် ဒါတွေကို မှတ်ထားရမယ်။ ဒါမှသာ လောကကိုအနိုင်ယူနိုင်မှာပဲ”
…….
နုကျန့် အမဲလိုက်မြေ တည်နေရာ၊ ကျင်းဟိုင်မြို့စား၏ တည်နေရာအတွင်းမှာတော့ အခြေအနေတစ်ခုလုံး ကလည်း တကယ့်ကို လေးနက်ပြီး တင်းမာလျက် ရှိနေ၏။ ယနေ့ ပထမဦးဆုံးတိုက်ပွဲ ကျင်းမူလန်၏ အောင်ပွဲသည် သူတို့အား အိပ်ပျော်နေရာမှ နိုးထစေခဲ့လေ၏။ အားလုံးသောသူတို့၏ ဦးခေါင်းထဲတွင်လည်း မူးနောက်နောက်ကဲ့သို့ပင် ခံစားနေမိ၏။
“ကျုပ်တို့ နောက်ထပ်နှစ်ပွဲကျန်သေးတယ် မဟုတ်လား။ သခင်လေးထန်ယွင်က ဟိုအမှိုက်ကောင် ကျင်းမူကုန်းနဲ့ ယှဉ်ပြိုင်ရမှာလေ” အားလုံးသောသူတို့က ခေါင်းညိတ်လိုက်ကြ၏။ ဤတိုက်ပွဲကို သူတို့အနိုင်မယူနိုင်ပါက လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားပေလိမ့်မည်။ ဤပြိုင်ပွဲတွင် မည်သို့ပင်လုပ်လုပ် အသုံးဝင်လှမည် မဟုတ်ချေ။ ခြေထောက်နှင့် စဉ်းစားမည်ဆိုလျှင်တောင်မှ သူတို့က အနိုင်ယူနိုင်သည်။
“ဒီတော့ မနက်ဖြန် စစ်ပြိုင်ပွဲက အဓိကသော့ချက် ဖြစ်လာလိမ့်မယ်”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီးခင်ဗျား စစ်ပြိုင်ပွဲအတွက် ယုံကြည်ချက်ရှိရဲ့လား”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ရှိတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ဆီမှာ တကယ့်ကို အရည်အသွေးကောင်းတဲ့ သံမဏိတွေ ရှိနေတယ်လေ။ ပြီးတော့ ကျုပ်တို့ရဲ့ အဲ့ဒီသံမဏိတွေနဲ့ ဖန်တီးထားတဲ့ လက်နက်တွေက ပိုပြီးသန့်စင်ပြီး မာကျောတယ်။ ချပ်ဝတ်၊ လက်နက် ဘယ်အရာပဲဖြစ်ဖြစ် ရွှမ်ဝူအိမ်တော်ထက် ပိုပြီးအင်အားကောင်းတယ်”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “တကယ်လို့ ရွှမ်ဝူအိမ်တော်ရဲ့ သံမဏိတွေက မကောင်းဘူးဆိုရင်
ဆိုရင်တောင် သူတို့က အကောင်းဆုံး သံမဏိတွေကို အပြင်မှာဝယ်ပြီးတော့ လက်နက်တွေ၊ ချပ်ဝတ်တွေ သွန်းလုပ်လို့ရသေးတယ် မဟုတ်လား”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ကျုပ်ရဲ့ကျင်းချန်ကျွန်း သံမဏိက အကောင်းဆုံးပဲလေ”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ကျင်းဟိုင်မြို့စားကြီးအိမ်တော်မှ ဖန်တီးထုတ်လုပ်သည့် သံမဏိ တော်တော်များများတို့သည် ရွှဲ့ပြည်နယ်၏ စစ်တပ်တစ်ခုလုံးကို ထောက်ပံ့ပေးထား၏။
ရွှဲ့ပြည်နယ် စစ်တပ်တစ်ခုလုံး၏ လက်နက်နှင့်ချပ်ဝတ် ငါးပုံတစ်ပုံတို့သည် ကျင်းဟိုင်မြို့စားကြီး၏ သံမဏိ အလုပ်ရုံဆီမှ ရရှိလာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ကျင်းဟိုင်မြို့စားကြီးအိမ်တော်၏ မြေပိုင်နက်သည် သေးငယ်လှသည်ဆိုလျှင်တောင်မှ ၎င်းတို့သည် ကိုယ်ပိုင်စစ်တပ်သုံးထောင်နီးပါးကို သိမ်းဆည်းထားနိုင်၏။ သူတို့၏ မိသားစုသည် တကယ့်ကို ချမ်းသာကြွယ်ဝခဲ့သည်။
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် မည်သည့်စကားကိုမဆိုချေ။ သူ၏အလုပ်ရုံဆီမှ ရရှိခဲ့သည့် အကောင်းဆုံး သံမဏိသည် သူကိုယ်တိုင် အသုံးပြုသည့်အရာလည်း ဖြစ်သည်မဟုတ်ပါလား။ ထိုတင်သာမကသေးချေ။ မိသားစုသည်လည်း မကြာသေးခင်က ယခင်သံမဏိထက် ဆယ်ရာခိုင်နှုန်း ပိုမိုကာမာကျောသည့် နည်းပညာ အသစ်ကို ရရှိခဲ့၏။
ဤနည်းလမ်းဖြင့် ဖန်တီးထုတ်လုပ်ထားသည့်လက်နက်များသည် ပိုမိုကာထက်ရှ၏။ ချပ်ဝတ်များသည်လည်း ပိုမိုကာ အားကောင်း၏။ သူတို့၏ ယခင်ကလက်နက်နှင့် ချပ်ဝတ်များသည် ရွှမ်ဝူအိမ်တော်ထက် အဆင့်နှစ်ဆင့်လောက် ပိုမိုကာ အားကောင်း၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ အဆင့်သုံးဆင့်ထက်ပင်ပိုမိုကာ အားကောင်း လာခဲ့ပြီဖြစ်၏။ ဤတိုက်ပွဲတွင် သူတို့အနိုင်ယူဖို့ဆိုသည်မှာ ခက်ခဲမည် မဟုတ်ချေ။
“အင်း ကျုပ်တို့မိသားစုက စစ်ပြိုင်ပွဲမှာ နိုင်လိမ့်မယ်”
ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်၏။ “ဒီတော့ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆရာတို့”
သူတို့အားလုံးသည် တလှေတည်းစီးသည့်လူများဖြစ်၏။ အကယ်၍ ကျင်းဟိုင်မြို့စားအိမ်တော်သည်သာ ရှုံးနိမ့်ခဲ့သည် ဆိုပါက သူတို့အားလုံးသည်လည်း ကြီးကြီးမားမား ရှုံးနိမ့်ပေလိမ့်မည်။
ကျန်းချုံးက ခေါင်းကိုခါယမ်းလိုက်သည်။ “မဟုတ်သေးဘူး။ အဲလောက်ကြီး မရိုးရှင်းဘူး”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးနောက် ကျန်းချုံးကို လှမ်းကာ ပြောလိုက်၏။ “ခရိုင်အုပ်ချုပ်ရေးမှူး ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါအုံး”
မကြာခင်မှာပဲ ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ကျန်းချုံးကို စတိုခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။ ဤနေရာသည် ကျင်းဟိုင်မြို့စားကြီး၏ အစောင့် တော်တော်များများ စောင့်နေသည့်နေရာဖြစ်၏။
ထိုသိုလှောင်ခန်း၏ အတွင်းမှာတော့ သေတ္တာပေါင်းတစ်ရာကျော်တို့ကို စီစီရီရီ တည်ရှိနေသည်။
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် သေတ္တာကိုဖွင့်ပြီးသည့်နောက် သူ၏ဓားမော့တစ်ချောင်းကို ထုတ်ယူ လိုက်၏။
“အုပ်ချုပ်ရေးမှူး ဒီဓားမော့ကိုကြည့်ပါအုံး” ထန်လွမ်ကပြောလိုက်သည်။
ကျန်းချုံးသည် ထိုအရာကို သေသေချာချာကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏လက်ဖြင့်ဓားသွားကို အသာပွတ်သပ်ပြီး ဓားသွား၏အရသာကို ခံစားကြည့်လိုက်၏။
“ဒီဓားမော့က အားကောင်းတယ်။ ရွှဲ့ပြည်နယ် တော်ဝင်စစ်တပ်ရဲ့ဓားမော့ထက်တောင် ပိုပြီးအားကောင်းနေသေးတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “တကယ့်ကို ဓားမော့ကောင်းတစ်ခုပဲ။ ကျိန်းသေပေါက် ဓားမော့ကောင်းတစ်ခုပဲ”
ထန်လွမ်က ပြောလိုက်၏။ “ဒါ ကျုပ်တို့မိသားစု နည်းပညာအသစ်ကိုအသုံးပြုပြီး သွန်းလုပ်ထားတဲ့ လက်နက် အသစ်တွေပဲလေ။ အရင်လက်နက်တွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် သူတို့ရဲ့ ထက်မြက်မာကျောမှုက ဆယ်ရာခိုင်နှုန်းလောက်တိုးလာတာပဲ။ ဒါတွေအကုန်လုံးကို ယူခဲ့”
ခဏလောက်ကြာပြီးသည့်နောက် မိသားစုစစ်သည်တစ်ယောက်သည် ဓားမော့တစ်ချောင်းကို ယူဆောင်ကာ ဝင်လာခဲ့သည်။
“ဒါရွှမ်ဝူအိမ်တော်ရဲ့ ဓားမော့ပဲ။ အုပ်ချုပ်ရေးမှူး ကျေးဇူးပြုပြီး ကြည့်ပါအုံး”
ကျင်းဟိုင် မြို့စားကြီးက ပြောလိုက်၏။ “ဒါသူတို့ရဲ့အကောင်းဆုံးဓားမော့ပဲ”
ကျန်းချုံးသည် ထိုအရာကိုအသာယူကြည့်လိုက်၏။ ဓားမော့နှစ်ခုကြား ကွာခြားချက်ရှိနေကြောင်း လှမ်းကြည့် လိုက်ရုံနှင့်ပင် သိသာ၏။ ရွှမ်ဝူအိမ်တော်၏ဓားမော့သည် သန့်စင်ခြင်း မရှိချေ။ အရောင်အသွေးမှာလည်း ကွာခြားလွန်း၏။
ကျန်းချုံးသည် ဓားမော့နှစ်ခုကို လေထဲသို့ဝှေ့ယမ်းလိုက်သည်။
“ချလွမ်”
ရွှမ်ဝူအိမ်တော်၏ ဓားမော့သည် နှစ်ပိုင်းပိုင်းပြတ်သွား၏။ သို့ပေမည့် ကျင်းဟိုင်မြို့စားကြီးအိမ်တော်ရှိ ဓားမော့မှာတော့ ခြစ်ရာလေး တစ်ခုတည်းသာလျှင် ရှိခဲ့၏။ ကွာခြားချက်က တကယ့်ကိုကြီးမား၏။
ကျင်းဟိုင်မြို့စားကြီးထန်လွမ်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးကျန်း.. ကျေးဇူးပြုပြီး ကျုပ်တို့မိသားစုရဲ့ ဓားမော့နဲ့ ရွှမ်ဝူအိမ်တော်ရဲ့ချပ်ဝတ်ကို ခုတ်ပိုင်းကြည့်ပါအုံး”
ကျန်းချုံးသည် ဓားမော့ကိုအသာယူပြီးသည့်နောက် သစ်သားရုပ်ထုပေါ်တွင် ဝတ်ဆင်ထားခဲ့သည့် ချပ်ဝတ်ကို ပိုင်းဖြတ်လိုက်၏။
“ခရပ်” မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ချပ်ဝတ်၏
သံမဏိသည် သာမန်သာလျှင်ဖြစ်၏။ ထက်ပိုင်းပိုင်းပြတ်သွားရုံသာမက အနည်းငယ်ပင် ကြွပ်ဆတ်ဆတ်ဖြစ်လို့ နေသေး၏။
ကျင်းဟိုင်မြို့စားကြီးထန်လွမ်က ပြောလိုက်သည်။ “ကျုပ်တို့မိသားစုနှစ်ခုရဲ့ကြားမှာရှိတဲ့ တော်ဝင်စစ်တပ်တွေက တူညီတဲ့လက်ရည်ရှိတယ်။ ဒါပေမဲ့ ကျုပ်တို့မိသားစုရဲ့လက်နက်နဲ့ချပ်ဝတ်တွေက ပိုပြီးတော့ကောင်းတယ်။ ဒီတော့ ဒီတိုက်ပွဲကို ကျုပ်တို့နိုင်ရမယ်”
အရိုးသားဆုံးပြောရမည်ဆိုလျှင် ကျင်းဟိုင်မြို့စားကြီးအသုံးပြုခဲ့သည့် သံမဏိအသစ်၏ နည်းပညာသည် အဆင့်အတန်း မြင့်မားသည့်အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်၏။
သို့ပေမည့် ရှမ့်လန်၏ ဖော်မြူလာ အသစ်နှင့် ဖန်တီးထားသည့်စတီးများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တောင်မှ အတော်အတန် ကွာခြားချက် ရှိလို့နေသေး၏။ ရှမ့်လန်ဖန်တီးထားသည့် လက်နက်အသစ်များသည် ပိုမိုကာအားကောင်း၏၊ ပိုမိုကာ မာကျော၏။ ထို့ကြောင့် နှစ်ဖက်ကြားတွင်ရှိနေသည့် လက်နက်နှင့်အသုံးအဆောင်ပစ္စည်းများသည် အလွန် ကွာခြားနေသည်ဟု အဓိပ္ပာယ်ပေါ်လေသည်။
ကျင်းဟိုင်မြို့စားကြီးထန်လွမ်က ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူး... အခု ခင်ဗျားစိတ်ချပြီလား”
ပုံမှန်အားဖြင့် သူစိတ်ချရပြီဖြစ်၏။ သို့ပေမည့် ကျန်းချုံးသည် ရှမ့်လန်၏မျက်နှာကို သေသေချာချာ ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ အထူးသဖြင့် သူ၏သမီးနှင့် ကလူကျီစယ်လျက် ရှိနေသည့်မျက်နှာသွင်ပြင်ပင်။ လောက၌ စိတ်ဓာတ်အကျဆုံးလူများသည် ဘာလုပ်မည်နည်း။ တခြားသောမိန်းကလေးတစ်ယောက်နှင့် ကလူ၏၊ မြူ၏ ပြုလုပ်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်း၌ ဝှက်ဖဲများရှိနေမှာသေချာ၏။ ရှမ့်လန် ဤကောင်လေးသည် တကယ့်ကို ကောက်ကျစ်လွန်းလှချေ၏။ မြေခွေးတစ်ကောင်ကဲ့သို့ပင်။ ကျိန်းသေပေါက် သူ သတိလက်လွတ် ထား၍မဖြစ်နိုင်ပေ။
“ကျင်းဟိုင်မြို့စားကြီးက သေသေချာချာပြင်ဆင်ထားခဲ့တာပဲ” ကျန်းချုံးက ပြောလိုက်၏။
ထန်လွမ်က ပြောလိုက်သည်။ “အင်း ကျင်းချန်ကျွန်းအရင်တိုက်ပွဲတုန်းက ကျုပ်တို့မိသားစုက အနိုင်ရရှိပြီး သိုင်းပညာပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ စစ်ပြိုင်ပွဲမှာတော့ မရှုံးခဲ့ပါဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ထန်ယင်က အရင်တုန်းက မရှုံးခဲ့ဖူးဘူး မဟုတ်လား”
ကျင်းဟိုင်မြို့စားကြီးက ပြန်လည်ကာပြောဆိုလိုက်သည်။ “တစ်ယောက်ချင်းတိုက်ခိုက်တဲ့ ဓားသမားပွဲလေ။ ဒါက ချက်ချင်း အဆုံးအဖြတ်ကို ဖြစ်တည်ခဲ့တဲ့အရာမျိုးပဲ။ အနိုင်ရရှိမှုအခြေအနေက လျှပ်တပြက်အတွင်း ဖြစ်သွားနိုင်တာ။ ဘာမှတတ်နိုင်တဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ပြိုင်ပွဲဆိုတာကတော့ အလုံးစုံသော အားအင်အဆင့်ကို ကိုယ်စားပြုတာ။ ချပ်ဝတ်တွေ လက်နက်တွေရဲ့ အားကောင်းမှုက တကယ့် အစစ်အမှန် အခြေအနေတစ်ခုဆီကို သုံးသပ်နိုင်တယ်။ ဒါကြောင့် မနက်ဖြန်တိုက်ပွဲမှာ ကျုပ်တို့က သံသယရှိစရာမလိုပဲ နိုင်လိမ့်မယ်။ အုပ်ချုပ်ရေးမှူး ကျေးဇူးပြုပြီး စိတ်မပူပါနဲ့”
ကျန်းချုံးက ခေါင်းကိုခါယမ်းလိုက်၏။ “မဟုတ်ဘူး။ ကျုပ်တို့ ပေါ့ပေါ့လေး တွေးလို့မဖြစ်ဘူး”
ပြီးနောက် ကျန်းချုံးသည် ခဏလောက်စဉ်းစားလိုက်သည်။
“ချင်းကန်မြို့စားကြီးနဲ့ ကျန်းပေနယ်စားကြီးရဲ့ ဒုတိယသားကို သွားရှာလိုက်။ ပြီးတော့ သူတို့ကို လူတွေငှားရမ်းဖို့နဲ့ ခင်ဗျားရဲ့စစ်တပ်ထဲမှာ အဲ့ဒီ ကျွမ်းကျင်သူတွေကို ရောပေးထားပြီး မနက်ဖြန်ကတိုက်ပွဲအတွင်းမှာ ပါဝင်ယှဉ်ပြိုင်စေဖို့” ကျန်းချုံးက ပြောလိုက်၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ထန်လွမ်က အံ့အားသင့်သွားသည်။ “ဒီအချိန်မှာ လူတွေငှားရမ်းရမယ် ဟုတ်လား။ ဒီတော့ ပေးဆပ်ရမယ့်တန်ဖိုးက ဘယ်လောက်တောင်ကြီးလိုက်မလဲ”
ကျန်းချုံးက ပြောလိုက်၏။ “ဘယ်လောက်မြင့်မားမှာမို့လို့လဲ။ ကျင်းချန်ကျွန်းကို အနိုင်ယူရရှိဖို့နဲ့ နှိုင်းယှဉ်ရမယ် ဆိုရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို အဆင်ပြေသေးတယ်မဟုတ်လား”
ကျင်းဟိုင်မြို့စားကြီး၏ သီးသန့်စစ်တပ်နှင့် ရွှမ်ဝူအိမ်တော်တို့သည် လက်ရွေးစင်စစ်တပ်များပင်ဖြစ်၏။ ထို့ကြောင့် ကျွမ်းကျင်သူများပါဝင်နေမှာ သေချာ၏။ ကျန်းပေနယ်စားကြီး၏ အမိန့်ပေးမှုအောက်တွင် စစ်သည်တော် တစ်သောင်းနီးပါးခန့်ရှိလေ၏။ ချင်းကန်မြို့စားကြီးတွင်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် ၎င်းတို့၏လက်အောက်တွင်ရှိနေသည့် ကျွမ်းကျင်သူများ၏အရေအတွက်သည် နည်းပါးလိမ့်မည် မဟုတ်ချေ။
ကျင်းဟိုင်မြို့စားကြီးထန်လွမ်သည် ခဏလောက် တွန့်ဆုတ်သွား၏။ သူ၏အထင်အရဆိုလျှင် ဤတိုက်ပွဲသည် ကျိန်းသေပေါက် နိုင်နေသည့်အရာဖြစ်၏။ ထို့ကြောင့် တခြားသောသူများဆီမှ ကျွမ်းကျင်သူများကို ငှားရမ်းရခြင်းကြောင့် ပေးဆပ်ရမည့်တန်ကြေးသည် ကြီးမားလွန်းသည် မဟုတ်ပါလား။ သူတို့ ကြိုးစားထားရမည့်အမြတ်ငွေများသည် သဲထဲရေသွန် ဖြစ်ကုန်နိုင်၏။ သူသည် အနည်းငယ် နှမြောတွန့်တိုလျက် ရှိနေ၏။
ကျန်းချုံးသည် ဒေါသတကြီးဖြင့် ထအော်လိုက်၏။ “မြို့စားကြီးကျင်းဟိုင်... အမှားမလုပ်နဲ့တော့။ သခင်လေး နန်းကုန်းဖျင်နဲ့ ချင်းကန်မြို့စားကို ဒီကိုဖိတ်ခေါ်လိုက်တော့။ ကျုပ် ကျွမ်းကျင်သူတွေကို သူတို့ဆီကနေပြီးတော့ ငှားမယ်”
ကျင်းဟိုင်မြို့စားကြီးက ခဏလောက်တုံ့ဆိုင်းသွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ အုပ်ချုပ်ရေးမှူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒီကိစ္စကို တော်ဝင်ဦးရီးတော် နင်ချီဆီကို သတင်းပို့ဖို့လိုအပ်သေးတယ်”
ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်သည်။ “လိုအပ်လို့လား”
………….
နု့ကျန်မြေတည်နေရာမှာတော့ တောင်ကဲ့သို့မြင့်မားလွန်းသည့် ရဲတိုက်ကြီးတစ်ခု တည်ရှိ၏။ ဟုတ်ပေ၏။ ဤနေရာသည် တကယ့်ထိပ်တန်းဧည့်သည်၏ တည်းခိုနားခိုသည့်နေရာပင်ဖြစ်၏။ ထိုရဲတိုက်၏အတွင်းမှာတော့ တော်ဝင်ဦးရီးတော်နင်ချီသည် ကျန်းချုံး တင်ပြသမျှကို နားထောင်ပြီးသည့်နောက် မည်သို့မှမနေနိုင်ဘဲ မျက်မှောင်ကုတ်လိုက်မိ၏။ “ကျန်းချုံး ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းငါ့ကိုပြောခဲ့ပြီးသား မဟုတ်လား”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း... ဒီကိစ္စကို ကျုပ် မဖုံးကွယ်ရဲလို့ပါ”
နင်ချီက ပြောလိုက်၏။ “ငါ ဒီနှစ်ထဲမှာ အသက်ခုနစ်ဆယ့်ရှစ်နှစ်ရှိနေပြီ။ ဒီတော့ ဒီလိုအိုမင်းတဲ့ အသက်အရွယ်မှာ ငါ့ရဲ့ ဂုဏ်သိက္ခာကို မဆုံးရှုံးချင်ဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒီကိစ္စက တကယ်တော့ လိမ်ညာလှည့်ဖြားပြီး ပြိုင်ပွဲဝင်တာ မဟုတ်ပါဘူး။ ကျင်းချန်ကျွန်းတိုက်ပွဲဆိုတာ ထုံးတမ်းစဉ်လာအရ ပြုလုပ်တဲ့အရာပဲလေ။ လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက ရွှမ်ဝူအိမ်တော်က စစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တခြားတော်ဝင်မျိုးနွယ်တွေဆီက စစ်သည်တော်တွေကို ငှားရမ်းခဲ့တယ်။ ဒါပေမဲ့ သူတို့က လက်နက်နဲ့အသုံးအဆောင်ပစ္စည်းတွေ မကောင်းမွန်တာကြောင့် ရှုံးနိမ့်ခဲ့သေးတယ်”
နင်ချီသည် ခဏလောက်စဉ်းစားလိုက်၏။ “နေအုံး”
ကျန်းချုံးက ပြောလိုက်သည်။ “ကောင်းပါပြီ”
……
ဦးရီးတော်နင်ချီသည် စော့ရွှမ်းနှင့် ဝေဝူမင်းကြီး ပျံ့ရှောင်တို့ကို သွားရောက်ကာ ရှာဖွေခဲ့၏။
စော့ရွှမ်းသည် တိတ်ဆိတ်ငြိမ်သက်၏။ ပျံ့ရှောင်က မျက်မှောင်ကုတ်မိနေ၏။ ၎င်းတို့သည် တစ်ယောက်မှ စကားမပြောကြချေ။ ခဏလောက်ကြာပြီးသည့်နောက် တော်ဝင်ဦးရီးတော်နင်ချီသည် ကျန်းချုံးကို ထပ်မံကာ ခေါ်တွေ့ခဲ့သည်။
“ကျန်းချုံး”
တော်ဝင်ဦးရီးတော်နင်ချီက ပြောလိုက်၏။ “မျှတမှုကတော့ လိုအပ်တယ်။ တကယ်လို့ ကျင်းဟိုင်မြို့စားအိမ်တော်က လူတွေကို ငှားရမ်းနိုင်တယ်ဆိုရင် ရွှမ်ဝူအိမ်တော်က လူတွေလည်း ငှားရမ်း နိုင်လိမ့်မယ်”
“ကောင်းပါပြီ” ကျန်းချုံးက ပြောလိုက်သည်။
တော်ဝင်ဦးရီးတော်နင်ချီက ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒက တကယ့်ကို ရှင်းလင်းတယ်။ မျှတမှုက တကယ့်ကို အရေးကြီးတဲ့အရာတစ်ခုပဲ။ မဟုတ်ရင် ကျုပ်တို့နိုင်သွားမယ်ဆိုရင်တောင် ဘုရင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ တစ်ဆိုရင် တစ်၊ နှစ်ဆိုရင် နှစ်ပဲ။ ဒီတောအတွင်းမှာ ဘယ်လိုပဲလုပ်လုပ် ကျုပ်တို့ရဲ့ ဒိုင်လူကြီးလုပ်မှုက ဖောက်လွဲဖောက်ပြန်ဖြစ်စေလို့ မဖြစ်ဘူး။ တရားမျှတမှုကို ဦးစားပေးမယ်”
ကျန်းချုံးသည် ဦးညွှတ်လိုက်သည်။ “ကျုပ်မလုပ်ရဲပါဘူး”
နင်ချီက ပြောလိုက်၏။ “အထူးသဖြင့် အတတ်ပညာတိုက်ပွဲမှာပေါ့။ အောင်မြင်သူနဲ့ ရှုံးနိမ့်သူက လွယ်လွယ်ကူကူ ပေါ်ထွက်လာလိမ့်မယ်။ ဒီကိစ္စတွေအားလုံးထဲမှာ ဖောက်လွဲဖောက်ပြန် ဘာတစ်ခုမှ လုပ်လို့မရဘူး။ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကလည်း ရှုံးနိမ့်လို့မရဘူး”
ကျန်းချုံးသည် ဦးကိုညွတ်ကာပြောလိုက်သည်။ “ကျုပ်မလုပ်ရဲပါဘူး”
“ထန်ယွင်နဲ့ ကျင်းမူကုန်းတို့က စာရေးသားပြီးတဲ့အချိန်မှာ နှစ်ယောက်လုံးက သူတို့ရဲ့ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ အပြင်ဘက်ကို ကူးပြီးတော့ ထုတ်ဖော်ပြသမယ်လေ။ သူတို့နာမည်တွေကိုလည်း စည်းခတ်ထားခဲ့မယ်။ ဒါဆိုရင် လိမ်ညာလှည့်ဖြားမှု မဖြစ်နိုင်တော့ဘူးပေါ့”
“ကောင်းပါပြီ”
အားလုံး၏အထင်အရဆိုလျှင် ထန်ယွင်နှင့် ကျင်းမူကုန်းတို့၏ကြားတွင်ရှိနေသည့် အတတ်ပညာတိုက်ပွဲတွင် အနိုင်ရရှိသူကို မျက်စိမှိတ်ပြီး စဉ်းစားမည်ဆိုလျှင်တောင်မှ သိရှိနိုင်ပြီးသားဖြစ်၏။ ကျင်းမူကုန်းသည် သုံးစားမရသည့် လူတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သောလူအား လိမ်ညာလှည့်စား၍ ယှဉ်ပြိုင်နေရန် လိုအပ်နေပါမည်လား။
“သွားတော့” တော်ဝင်ဦးရီးတော်နင် နင်ချီသည် လက်ကိုအသာဝှေ့ယမ်းလိုက်၏။
.....
နောက်ခဏအတွင်းမှာပဲ ကျန်းချုံး၏ဦးဆောင်မှုနှင့်အတူ ကျင်းဟိုင်မြို့စားကြီးသည် ကျန်းယွမ်နယ်စားကြီးဆီမှ ကျန်းယွမ်နယ်စားကြီးဆီမှ ရွက်သင်္ဘောသုံးစင်း ကုန်ကျငွေဖြင့် ထိပ်တန်းကျွမ်းကျင်သူ နှစ်ဆယ်ကို ငှားရမ်းခဲ့၏။
ချင်းကန်မြို့စားကြီး၏ဆီမှ ကျွမ်းကျင်သူဆယ်ယောက်အတွက်တော့ မြေတည်နေရာ သုံးထောင်ဧက တန်းကြေးရှိ ကုန်ကျငွေဖြင့် ငှားရမ်းခဲ့သည်။
ဤအရာသည် တကယ့်ကိုကြီးမားလွန်းသည့် တောင်းဆိုမှုပင်။ သို့ပေမည့် ကျင်းဟိုင်မြို့စားကြီး ရရှိမည့် အကျိုးအမြတ်သည် ကြီးမားလွန်းလှချေ၏။ ထို့အပြင် ဤအရာများကို သူ၏ကိုယ်ပိုင်မြေတည်နေရာမှ ပေးရခြင်း မဟုတ်ချေ။ ရွှမ်ဝူမြို့စားကြီး၏ ပိုင်ဆိုင်မှုထဲမှ ခွဲဝေကာပေးရမှာ ဖြစ်၏။
ကျင်းမိသားစုသည် အလုံးစုံ သုတ်သင်ခြင်းကို မခံရသေးချေ။ သို့ပေမည့် ကျန်းချုံးနှင့် ထန်လွမ်တို့မှာတော့ ကျင်းမိသားစု၏ ပိုင်ဆိုင်မှုများကို အသုံးပြု၍ ကျင်းမိသားစုကိုဖျက်ဆီးရန် စီစဉ်လျက်ရှိနေ၏။
ဤလောကကြီးသည် တကယ့်ကို ဆန်းကြယ်လွန်းလှချေ၏။ သို့ပေမည့် ပိုမိုကာ ဆန်းကြယ်စရာ ကောင်းသည့်အရာများက ရောက်ရှိလာပေဦးမည်။