ပေါ်ကုန်တော့မယ်! ၃
Vol. 70 Ch. 1036
သူကပြောရင်းဆိုရင်းဖုန်းထုတ်ကာ စစီစဉ်သည်။ နည်းနည်းမှအချိန်မဆွဲချင်။
ဝန်ကြီးလုဆက်ပြီးမကြာမီ ရုံချန်းမှာဖုန်းဝင်လာသည်။
ပေကျင်းဌာနတစ်ခုမှဖုန်းပင်။
စွန်းရှန်ကဖုန်းကိုင်ပြီးဇဝေဇဝါဖြစ်နေသည်။
ပေကျင်းကဘာလို့ သူ့ရုံးကိုတိုက်ရိုက်ဆက်တာလဲ?
သို့သော်လည်း ပေကျင်းကဖုန်းကိုလျစ်လျူမရှုရဲ။
သို့ရာတွင် ဖုန်းချပြီးနောက် ဇဝေဇဝါနှင့်ချန်လီကိုခေါ်ပြီးညွှန်ကြားလိုက်သည်_
"ပေကျင်းကဖုန်းဆက်ပြီးတော့ ရုံချန်းဆေးရုံမှာသီးသန့်နေရာထားခိုင်းတယ်... အတွင်းရေးတဲ့... အဲဒါ ရုံချန်းဆေးရုံနဲ့မင်းဆက်သွယ်လိုက်ပါ''
"စွန်းရှန်... မြို့တော်ကအကြောင်းအရင်းမရှိ ဘာလို့ဒီလိုတောင်းဆိုရတာလဲ?''
ချန်လီကဇဝေဇဝါနှင့်မေးသည်။
စွန်းရှန်ကခေါင်းခါပြီး_
"ငါလည်းဇဝေဇဝါဖြစ်နေတာ... ဒါပေမဲ့ ပေကျင်းကလူတွေတိုက်ရိုက်ဖုန်းဆက်ပြီး လျှို့ဝှက်ထားဖို့တောင်းဆိုတာ... ဒီကိစ္စလုံးဝမရိုးရှင်းဘူး''
ချန်လီကတစ်ခုခုတွေးမိပြီး_
"သူဌေးချင်များ တစ်ခုခုလုပ်လိုက်သလား?''
"ဖြစ်နိုင်တယ်!''
စွန်းရှန်မျက်စိကျယ်သွားသည်။
ကြည့်ရတာ ဒါပဲဖြစ်မည်။
သူလည်းချက်ချင်း ချန်လီကိုကြည့်လိုက်သည်။
ချန်လီကသဘောပေါက်ပြီး ချင်လင်ကိုဖုန်းဆက်လိုက်သည်။
သူဌေးချင်နဲ့ဆိုင်ရင် ဘာဖြစ်နေလဲ သူသေချာပေါက်သိလိမ့်မည်။
ဖုန်းဝင်သောအခါ ချန်လီကလောလောနှင့်မေးသည်_
"သူဌေးချင်... မင်းနဲ့များဆိုင်နေမလားမသိဘူး? ပေကျင်းက စီရင်စုဆေးရုံမှာသီးသန့်နေရာထားခိုင်းတာလေ? ကျုပ်တို့ပူးပေါင်းဆောင်ရွက်မှာပါ''
အပန်းဖြေစံအိမ်မျှော်စင်_
ချင်လင်က ဝန်ကြီးလုတို့နှင့်လက်ဖက်ရည်သောက်နေဆဲ။
ဝန်ကြီးလုဒီလိုအားချင်းဖုန်းဆက်မည်ဟု သူမထင်မိ။ ရုံချန်းကချက်ချင်းဖုန်းဆက်လာသည်။
ဒီကိစ္စအကြောင်း ချင်လင်က ချန်လီကိုဖုန်းကွယ်ထားစရာမလို_
"လက်ထောက်ချန်... ဆိုင်ပါတယ်... ကင်ဆာအတွက်ထိရောက်တဲ့လက်ဖက်ပင်ရှိလို့ပါ''
စွန်းရှန်ရုံးခန်း_
ချန်လီကသတင်းကြားပြီး ချက်ချင်းရေရွတ်လိုက်သည်_
"ကင်ဆာအတွက်အာနိသင်ရှိတယ်?''
ဖုန်းချပြီး သူ့မျက်နှာကအလန့်တကြားဖြစ်နေဆဲ။
ချန်လီ၏အလန့်တကြားအသံကြောင့် စွန်းရှန်ကလောလောနှင့်_
"ဘာဖြစ်တာလဲ? ဘာကင်ဆာလဲ?''
"စွန်းရှန်''
ချန်လီက ချက်ချင်းရှင်းပြသည်_
"ခင်ဗျားယုံမှာမဟုတ်ဘူး... သူဌေးချင်က ကင်ဆာကုနိုင်တဲ့လက်ဖက်ပင်စိုက်ထားတယ်တဲ့!''
"ဘယ်လို?''
စွန်းရှန်က ချန်လီထက်ပိုဆိုးသည်။ သူကချက်ချင်းမတ်တပ်ထရပ်လိုက်၏။
ဘယ်လောက်အံ့ဩစရာကောင်းတဲ့သတင်းလဲ?
ကင်ဆာဘယ်လောက်ကြောက်စရာကောင်းလဲ အားလုံးအသိ။ ဒါပေမဲ့အခု သူဌေးချင်က လက်ဖက်နဲ့ကုနိုင်ပြီတဲ့လား?
ပြီးတော့ သူမယုံဘူးလို့ဘယ်သူပြောလဲ?
ယုံရုံတင်မဟုတ်။ သတင်းကြားပြီး ချန်လီနှင့်အတူ စီရင်စုဆေးရုံအပြေးသွားလိုက်သည်။
ဒီကိစ္စ သူကိုယ်တိုင်စီစဉ်ရမည်။
ချင်းလင်အပန်းဖြေစံအိမ်_
ယွီရွှေ့တို့က အပင်များစိုက်ပြီးဖြစ်သည်။ ကိုင်းအသစ်များကိုပန်းအိုးထဲထည့်ပြီး ချင်းလင်ဓာတ်ခွဲခန်းပို့လိုက်သည်။
ထို့နောက် သုတေသနသမားများနှင့်စိုက်ပျိုးရေးဌာနမှလူများလည်းပြန်သွား၏။
မျှော်စင်ထဲတွင်_
ချင်လင်က လက်ဖက်ရည်နောက်တစ်အိုးနှပ်သည်။
ဒီနေ့ ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်လီတို့က လက်ဖက်ရည်အကြိုက်သောက်နေကြသည်။ ကင်ဆာကုနိုင်သောလက်ဖက်ကို သူတို့သဘောကျသည်။
ဝန်ကြီးလုကနောက်တစ်ခွက်ငှဲ့ပြီးနောက် ရုတ်တရက်ချင်လင်အား_
"သူဌေးချင်... ဒီတစ်ခါ ကင်ဆာအတွက်အာနိသင်ရှိတဲ့လက်ဖက်ပင်စိုက်နိုင်ခဲ့တာ... သက်ဆိုင်ရာစာတမ်းနဲ့စမ်းသပ်ချက်တွေထုတ်ဝေသင့်တာပေါ့''
"ဒါလူသားသမိုင်းမှာ ရောဂါကိုတွန်းလှန်နိုင်တဲ့အဓိကမှတ်တိုင်တစ်ခုပဲ... တရုတ်သိပ္ပံအကယ်ဒမီကလူတွေလေ့လာဖို့အခွင့်အရေးကောင်းရတယ်''
"ဘယ်လို ဘယ်လို?''
ချင်လင်ကနားထောင်ရင်းကြောင်သွားသည်။
စာတမ်းတွေ၊စမ်းသပ်ချက်တွေဘယ်လိုရေးရမလဲတောင် သူမသိ။
မျိုးစိတ်သုတေသနစာအုပ်အားကိုးနှင့်သာဟန်ဆောင်နေရသည်။ စာအုပ်ထဲကစမ်းသပ်ချက်တွေလုပ်နိုင်သော်လည်း သူဘာမှမသိပေ။
အခု သူ့ကိုစာတမ်းတွေ၊စမ်းသပ်ချက်တွေရေးခိုင်းနေပြီတဲ့။ ရယ်စရာမကောင်းဘူးလား?
မဟုတ်ရင် ဘယ်လိုဆင်ခြေနဲ့ငြင်းရမလဲ?
ဒီတစ်ခါငြင်းနိုင်ရင် နောက်တစ်ခါကျတော့ရော? သူဒီလိုဆက်လုပ်နေရင် သံသယအဝင်ခံရမည်။
ဒါကြောင့်လည်း အစ်ကိုလီကိုဓားစာခံဖြစ်စေချင်သည်။ သူ့ဘာသာဒါတွေမလုပ်တတ်။
လီခိုင်က ချင်လင်ကိုအလန့်တကြားကြည့်လိုက်သည်။
ဒါနည်းနည်းများသွားပြီထင်သည်။