အံ့ဖွယ်ကျောက်စာနောက်တစ်အုပ်!
Vol. 70 Ch. 1037
စာတမ်းနှင့်စမ်းသပ်ချက်ကြောင့် ချင်လင်ခေါင်းကိုက်နေသည်။
ဒီလိုစာတမ်း၊စမ်းသပ်ချက်မျိုးက အတွင်းရေးနည်းပညာများမပါသော်လည်း အနည်းဆုံး အငြင်းအခုံများ၊စာတမ်းနှင့်သုံးသပ်ချက်များပါသည်။
တကယ်အရည်အချင်းရှိဖို့လိုသည်။
သူ့ရဲ့တကယ့်အရည်အချင်းက ဟိုမရောက်ဒီမရောက်။
ထို့ကြောင့် ဝန်ကြီးလုတို့နှင့်လက်ဖက်ရည်သောက်ပြီးနောက် လီခိုင်ကိုသူ့ရုံးခန်းထဲဆွဲခေါ်သွားကာ_
"အစ်ကိုလီ... ကျွန်တော့်ကို စာတမ်းနဲ့စမ်းသပ်တင်ပြချက်ကူရေးပေးပါလား? အဲဒါအထူးမြေကြီးကြောင့်မှန်း ခင်ဗျားလည်းသိနေတာပဲ''
လီခိုင်ကသက်ပြင်းချပြီး_
"ညီလေးချင်... ငါ့ကိုအချိန်နည်းနည်းပေး... ငါစာတမ်းနဲ့စမ်းသပ်ချက်ရေးနိုင်တယ်... ဒါပေမဲ့ ငါရေးနေတုန်း သူများမြင်သွားလိမ့်မယ်''
"အဲဒါကြောင့် မင်းဆင်ခြေရှာရမယ်... မနက်ဖြန်နေမကောင်းလို့ ခဏအနားယူရမယ်တို့ဘာတို့''
"ကျွတ် ကျွတ်''
ချင်လင်ဆဲချင်စိတ်ပေါက်သွားသည်။
ဆင်ခြေက သော*က်ရမ်းအဓိပ္ပါယ်ရှိ။
ဒါပေမဲ့ တခြားနည်းမရှိ။ ကြည့်ရတာ ဒီလိုပဲလုပ်ရမည်။
သို့ရာတွင် ကောင်းကင်ဘုံကလွတ်ရိုးမရှိဆိုသောစကားပုံရှိသည်။
ညပိုင်း_
ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားပြီး ဇာတ်ကွက်ရှိမရှိကြည့်စေသည်။ စာကြည့်တိုက်သွားကြည့်သောအခါ စာကြည့်တိုက်မှူးမေရီက ခုံမှထလာပြီး စာကြည့်တိုက်အလယ်ရောက်နေသည်။
နောက်ထပ်ခန့်မှန်းဂိမ်းပင်။
ထို့ကြောင့် သူကအံဖွယ်ကျောက်စာကိုချက်ချင်းတွေးမိသည်။
သူ့ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးပြီး မေရီအပေါ်နှိပ်လိုက်သည်။
(ဆုံပြန်ပြီနော်... ဒီနေ့ခန့်မှန်းဂိမ်းရှိတယ်... ဆော့ချင်ပါသလား? အနိုင်ရရင် အထူးလက်ဆောင်ရပါမယ်!)
ချင်လင်က 'ဆော့မည်'ကိုနှိပ်လိုက်သည်။
မဆော့ရင်ထူးဆန်းနေမှာပေါ့။
ထို့နောက် မေရီစကားပြောပြန်ပေါ်လာသည်။
(တကယ်လား? ဒါဆိုမေးခွန်းကိုမှန်ကန်အောင်ဖြေဆိုပြီး လက်ဆောင်ရယူပါ... အခု စကြရအောင်!)
(မေးခွန်း ၁: ၁+၁=?)
(A: ၁၊ B: ၂၊ C:၃၊ D:၄!)
မေးခွန်းဖတ်ပြီး ချင်လင်ကြိတ်ဆဲပစ်လိုက်သည်။ သူပြောသင့်လားတော့မသိ။
အရင်တစ်ခါလည်း ပထမဆုံးမေးခွန်းကဒါပဲမလား?
ဟုတ်ရင် အဖြေက ၂။ ဘယ်သူကတခြားဟာရွေးမှာလဲ?
အနုတ်စုတ်ဂုတ်စုတ်ဂိမ်းထုတ်သူက ကစားသူတွေကိုစော်ကားနေတာ။
(ဂုဏ်ယူပါတယ်... ပထမမေးခွန်းမှန်သွားပါပြီ... တော်လိုက်တာ... ဒုတိယမေးခွန်းကြည့်ရအောင်!)
(၈ ကို ၄ နဲ့စားရင်?)
(A: ၀.၅၊ B: ၂၊ C:၁.၅၊ D:၄!)
"ကျွတ် ကျွတ်''
ချင်လင်စောဒကတောင်မတက်ချင်တော့။
အရင်တစ်ခေါက်က မေးခွန်းတွေပဲ။
အနုတ်စုတ်ဂုတ်စုတ်ဂိမ်းထုတ်သူ သော*က်ပျင်းကြီး။
စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းလေးတွေလုပ်ပါတော့လား?
နောက်မေးခွန်းများကြောင့် ဂိမ်းကိုအရမ်းမမျှော်လင့်သင့်ကြောင်း ချင်လင်သဘောပေါက်သွားသည်။ အရင်အတိုင်း တထပ်တည်းပင်။
ခန့်မှန်းဂိမ်းတစ်ခါဆော့ဖူးတာနဲ့ နောက်အကြိမ်တွေကအလကားရမယ့်သဘောလား?
ဒါပေမဲ့ ကြိုက်တယ်။
ဂိမ်းထဲမှာကရိုးရှင်းသည်။
ဂိမ်းကအလကားရတဲ့လက်ဆောင်ကိုလက်မခံစရာအကြောင်းမရှိ။
ရုတ်တရက် အနုတ်စုတ်ဂုတ်စုတ်ဂိမ်းထုတ်သူကကောင်းလှချည်လားဟုထင်မိသည်။
ကစားသူတွေကိုတမင်သက်သက်ခက်ခဲအောင်လုပ်တဲ့အနုတ်စုတ်ဂုတ်စုတ်ဂိမ်းထုတ်သူတွေက ထုတ်လုပ်သူကောင်းတွေမဟုတ်။
သူမေးခွန်း ၁၀ ခုဆက်တိုက်ဖြေပြီးနောက် မေရီစကားပြောပြန်ပေါ်လာသည်။
(ဂုဏ်ယူပါတယ်... မေးခွန်းအားလုံးမှန်ကန်အောင်ဖြေဆိုနိုင်ပါပြီ... တော်လိုက်တာ... ဒီလက်ဆောင်အိတ်ကသင့်အတွက်ပါ!)
စကားပြောပြီး မေရီကစာကြည့်တိုက်ထိုင်ခုံပြန်ရောက်သွားသည်။
ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် အရင်တစ်ခေါက်ကအတိုင်း (?)ပုံလက်ဆောင်အိတ်တစ်လုံးရောက်နေသည်။
ချင်လင်ကချက်ချင်း လက်ဆောင်အိတ်ကိုဖွင့်လိုက်သည်။
ကျောပိုးအိတ်ထဲတွင်အိတ်ကြီးပျောက်သွားပြီး စာအုပ်ပုံကျောက်စာပေါ်လာ၏။ အရင်တစ်ခါလို အံ့ဖွယ်ကျောက်စာပင်။
စနစ်ကနားလည်မှုရှိလိုက်တာဟုပြောရမည်။
စာတမ်းတွေ၊စမ်းသပ်ချက်တွေနဲ့သူတိုင်ပတ်နေမှန်းသိလို့ အခုအနွေးဓာတ်ရပြီ။
အံ့ဖွယ်ကျောက်စာက ဘယ်စာအုပ်ပါအကြောင်းအရာမဆိုမိတ္တူကူးပြီး တခဏချင်းသင်ယူနိုင်သောအရည်အသွေးရှိသည်။
အရင်တစ်ခေါက်ကလို အံ့ဖွယ်ကျောက်စာနဲ့စာအုပ်ကိုကူးပြီးလေ့လာနိုင်ရင် စာအုပ်ထဲကဗဟုသုတအားလုံးနဲ့ဆက်စပ်နိုင်ပြီ။
ချင်လင်ကချက်ချင်း ကွန်ပျူတာကိုကြည့်ပြီး လိုင်းပေါ်တွင်အချက်အလက်များရှာလိုက်သည်။
လက်ဖက်ပင်ပျိုးထောင်တာနဲ့ပတ်သက်ပြီး ဘယ်လိုစာတမ်းတွေ စမ်းသပ်ချက်တွေဖတ်ရမလဲ သူသိချင်သည်။
သို့ရာတွင် အချက်အလက်များဖတ်ပြီး သူနည်းနည်းကြောင်သွားသည်။
လက်ဖက်ပင်သုံးပင်အခြေအနေအရ သူစာအုပ်တစ်အုပ်ဖတ်ရုံနဲ့ စာတမ်း၊စမ်းသပ်တင်ပြချက်မရေးနိုင်။
အနည်းဆုံး သီးနှံမျိုးစိတ်စာအုပ်နှစ်အုပ်၊ သီးနှံဘာသာပြန်စာအုပ်နှစ်အုပ်လေ့လာရမည်။ သီးနှံဘာသာပြန်စာအုပ်တချို့နှင့်ဆက်စပ်သည်များလည်းဖတ်ရဦးမည်။
အားလုံးပေါင်း သုတေသနစာအုပ် ၁၂ အုပ်ရှိပြီး သူအားလုံးကြေညက်ထားရမည်။
ဒါပေမဲ့ သူ့မှာအံ့ဖွယ်ကျောက်စာကတစ်ခုတည်း။
ကောင်းရော?
ချင်လင်ကအမှတ်တမဲ့ သူ့ဂိမ်းဇာတ်ကောင်အား စာကြည့်တိုက်သွားစေသည်။ မေရီက ခုံမှာထိုင်နေဆဲ။
ဒီတော့ နောက်ထပ်ခန့်မှန်းဂိမ်းမရှိနိုင်။
တဆက်တည်း ခန့်မှန်းဂိမ်း ၁၀ ခုဆိုပိုတောင်မဖြစ်နိုင်သေး။
ချင်လင်ဦးနှောက်ခြောက်နေစဉ် တစ်ခုခုတွေးမိသည်။
သူဂျူနီယာအထက်တန်းတုန်းက ဝတ္ထုကြိုက်သောအတန်းဖော်တစ်ဦးရှိသည်။ အဲဒီတုန်းက စာအုပ်ဆိုင်သွားပြီး စာအုပ်များဖတ်လေ့ရှိသည်။
အစပိုင်း ထိုကျောင်းသားက ဝတ္ထုကို ၁၊၂၊၃၊၄ အပိုင်းပိုင်းငှားဖတ်သောကြောင့် စာအုပ်ခဏခဏငှားရသည်။
နောက်ပိုင်း ကရိကထများ၍ စ၊လယ်၊ဆုံး ဒါမှမဟုတ် ပ၊ဒု၊တ၊စ တွဲစာအုပ်ထူကြီးများကိုသာငှားတော့သည်။
သူလည်း ဒီစာအုပ်တွေအားလုံးပေါင်း၊ စာအုပ်အသစ်တစ်အုပ်လုပ်ပြီးမှ မိတ္တူဆွဲရင်ရော?