← Chapters

အံ့ဖွယ်ကျောက်စာနောက်တစ်အုပ်! ၁

Vol. 70 Ch. 1038

အံ့ဖွယ်ကျောက်စာနောက်တစ်အုပ်! ၁

Vol. 70 Ch. 1038

ဒါစာအုပ်တစ်အုပ်လို့ပြောရမလား?

ဘာပဲဖြစ်​ဖြစ် အံ့ဖွယ်ကျောက်စာက ဘယ်လိုစာအုပ်လို့မှမပြောတာ။

စာအုပ်တစ်အုပ်ဖြစ်ရင်ပြီးရော၊ ဘယ်လောက်ထူထူပေါ့?

ချင်လင်ကလိုင်းပေါ်ပြန်တက်ပြီး စာအုပ်မိတ္တူဆွဲသောမာတီမီဒီယာနံပါတ်တစ်ခုကိုရှာလိုက်သည်။ ထို့နောက် Wechat မှဆက်သွယ်လိုက်၏။

အားလုံးပုဂ္ဂလိကမိတ္တူများဖြစ်သည်။ လုပ်ငန်းလိုင်စင်ရှိရင်တောင် အရင်းခံဖောက်သည်မရှိ၊ ဟိုဟိုဒီဒီဖောက်သည်များဆီမှအော်ဒါများသာယူရသည်။

သူက Wechat မှစာပို့လိုက်ရာ_

"မင်္ဂလာပါ... ဘယ်လိုစာအုပ်မျိုးမိတ္တူဆွဲချင်ပါသလဲ? ဘယ်နှစ်စုံလောက်ထုတ်ချင်လဲ?''

ချင်လင်ကအချိန်မဆိုင်းဘဲ သူလိုအပ်သည်ထင်သောစာအုပ် ၁၂ အုပ်ကိုတန်းပို့လိုက်သည်။ တခါတည်း သူက "စာတမ်းကောင်းဘယ်လိုရေးမလဲ'' နှင့် ''ဘယ်လိုလေ့လာမလဲ'' စာအုပ်နှစ်အုပ်ကိုထပ်ဖြည့်လိုက်သည်။

ထိုစာအုပ်ပါအကြောင်းအရာများအားလုံးကိုတစ်အုပ်တည်းဖြစ်အောင်ပေါင်းရန်ပါ ချက်ချင်းတောင်းဆိုလိုက်သည်။

မိတ္တူဆိုင်လေးတစ်ခု၌_

ကျွမ်ချန်းလုံက ဖုန်းထဲတွင်တက်လာသော Wechat အော်ဒါကိုတအံ့တဩကြည့်လိုက်သည်။

အမှန်အတိုင်းပြောရရင် ဒီမိတ္တူဆိုင်လေးရှာပြီး မီဒီယာအကောင့်အမျိုးမျိုးမှတဆင့် ကော်မရှင်အများကြီးသူရခဲ့သည်။ တချို့ကော်မရှင်က ဝတ္ထုမိတ္တူဆွဲရန်ဖြစ်ပြီး တချို့ကော်မရှင်များက ရုပ်ပြစာအုပ်များမိတ္တူဆွဲရန်ဖြစ်သည်။

ထိုလူများမှာ အမာခံစာဖတ်ပရိသတ်များ ဒါမှမဟုတ် မထုတ်ဝေနိုင်သောစာရေးသူက သူ့ပရိသတ်ကိုအမှတ်တရလက်ဆောင်ပေးရန်မိတ္တူဆွဲခိုင်းခြင်းဖြစ်သည်။

စာရေးစရာများနှင့်သိန်းချီပရိသတ်များကြောင့် စျေးကွက်ကအလွန်ကြီးသည်။

သို့ရာတွင် သီးနှံမျိုးစိတ်သုတေသန၊ သီးနှံရွှေ့ပြောင်းစိုက်ခြင်း၊ စာတမ်း၊ စမ်းသပ်တင်ပြချက်များဆွဲခိုင်းသောလူမျိုးတွေ့ဖူးတာ ဒါပထမဆုံးပင်။

စာအုပ်တွေရဲ့ခေါင်းစဉ်က အဆင့်အတန်းမြင့်တဲ့ခံစားချက်မျိုး၊ သူတို့လိုလူတွေမော့ကြည့်ပြီးလက်လှမ်းမမီနိုင်တဲ့ခံစားချက်မျိုးပေးနေသည်။

ဒါပေမဲ့ ဒီစာအုပ်တွေကပုံနှိပ်ပြီးသား။ စာအုပ်ဆိုင်တွေမှာဝယ်လို့ရတာပဲ။ ဘာလို့သူ့ကိုထုတ်ခိုင်းနေတာလဲ?

သက်သက်ဒုက္ခခံနေတာလား?

ပြီးတော့ ဒီစာအုပ်တွေကို အင်တာနက်မှာလည်းကြည့်လို့ရနေတာ။ ဒီစာအုပ်တွေအကုန်ပေါင်းပြီးထုတ်လိုက်ရင် ဘယ်လောက်ထူမလဲ သူသိရဲ့လား?

"လူကြီးမင်း... ဒီစာအုပ်တွေကိုတစ်အုပ်တည်းပေါင်းချင်တာ ဟုတ်လား?''

ကျွမ်ချန်းလုံက သေချာအောင်မေးလိုက်သည်။

ချင်လင်ကစာဖတ်ပြီး_

"ဟုတ်ပါတယ်!'' ဟုပြန်ဖြေလိုက်၏။

"ဒါဆို မိတ္တူဘယ်နှစ်စုံလိုချင်လဲ?''

ကျွမ်ချန်းလုံကမေးသည်။

သူနားမလည်ရင်တောင်၊ သုံးလေးရာပဲအမြတ်ရရင်တောင် အော်ဒါကိုလက်ခံရမည်။

"တစ်အုပ်ဆိုရပါပြီ''

ချင်လင်ကတန်းဖြေလိုက်သည်။

အံ့ဖွယ်ကျောက်စာက တစ်အုပ်ပဲ။ ဘာလို့အများကြီးထုတ်နေမလဲ? သူစာအုပ်ရောင်းတာမှမဟုတ်တာ။

"လူကြီးမင်း.. အားနာပါတယ်... ဒီအလုပ်ကိုလက်မခံနိုင်ပါဘူး!''

ကျွမ်ချန်းလုံက ယဉ်ယဉ်ကျေးကျေးဖြေလိုက်သော်လည်း စိတ်ထဲမှာဆဲချင်နေသည်။ ဒါသူ့ကိုအပျော်လုပ်နေတာမလား?

စာအုပ်တစ်အုပ်နဲ့ သူဘာမှမရ။

ချင်လင်ကစာဖတ်ပြီး အကြောင်းရင်းကိုသိလိုက်သည်။ သူကပြုံးပြီး ယွမ် ၅၀၀၀ တန်းလွှဲပေးလိုက်၏။ တခါတည်း_

"ဒါကစရံငွေပါ... စာအုပ်ရရင် နောက်ထပ် ၅၀၀၀ လွှဲပေးမယ်''

တဖက်တွင်_

ကျွမ်ချန်းလုံကဖုန်းချမည်အပြုတွင် ယွမ် ၅၀၀၀ ရောက်လာသည်ကိုတွေ့ရသည်။

သူကဖုန်းပြန်ကောက်ကိုင်လိုက်၏။

နောက်နေတာမဟုတ်ပါဘူးနော်?

ချင်လင်ကနောက်ထပ် ၅၀၀၀ ကျန်သေးကြောင်းပြောထား၍ ကျွမ်ချန်းလုံကပြုံးဖြီးဖြီးနှင့်_

"လူကြီးမင်း.. ဝမ်းသာအားရလုပ်ပေးပါမယ်... ဒီစာအုပ်တွေအားလုံးကိုတစ်အုပ်တည်းပေါင်းချင်တာမလား? မိတ္တူဆွဲပြီးရင် နာမည်အသစ်တပ်ချင်သေးလား?''

ဒီလိုပိုက်ဆံပစ်ပေးသောသူဌေးသားလက်သစ်မျိုးကို သူသဘောကျသည်။

ချင်လင်တွေဝေသွားသည်။

စာအုပ်အသစ်ကိုဘယ်လိုနာမည်ပေးရမလဲ?

အဲဒီစာအုပ်တွေထဲကတစ်အုပ်နာမည်ပဲပေးလိုက်ရမလား?

သူကခဏတွေးပြီး ပြန်ဖြေလိုက်သည်_

"'စာအုပ်တစ်အုပ်'လို့ပဲပေးလိုက်ပါ!''

“???”

စာအုပ်နာမည်မြင်ပြီး ကျွမ်ချန်းလုံကြောင်သွားသည်။

ဘယ်လိုနာမည်ကြီးလဲဟ?

ဒါပေမဲ့ သူဌေးသားဖောက်သည်ကတောင်းဆိုတော့ ကျေနပ်ရမှာပေါ့။

ထို့ကြောင့် သူက_

"ကောင်းပါပြီ... နာမည်က 'စာအုပ်တစ်အုပ်'ပေါ့... ပြီးတော့ ဒီစာအုပ်မှာပုံနှိပ်နံပါတ်ရှိတဲ့အကြောင်းအသိပေးချင်ပါတယ်... အဲဒါကြောင့် ပုံနှိပ်ပြီးနောက်ပိုင်းမှပဲသုံးရပါမယ်... စီးပွားရေးအတွက်လုပ်စားလို့မရပါဘူး''

နောက်ဆုံး ချင်လင်ကပေးပို့ရမည့်လိပ်စာပေးလိုက်သည်။

'ရုံချန်း၊ မင်မြို့တော်၊ မင်စီရင်စု၊ ချင်းလင်အပန်းဖြေစံအိမ်' ဆိုသောလိပ်စာမြင်ပြီး ကျွမ်ချန်းလုံကြောင်သွားသည်။

တရုတ်ပြည်မှာ အင်တာနက်သုံးတဲ့သူတိုင်း ချင်းလင်စံအိမ်ကိုသိမှာပဲမလား?

သူ အရူးနဲ့တွေ့နေတာလား?

ဒီစာအုပ်တွေကိုမိတ္တူဆွဲပြီး ချင်းလင်အပန်းဖြေစံအိမ်ကိုပို့စေချင်တာလား?

အဲဒါဘယ်လိုနေရာမျိုးလဲ? သူဌေးကြီးတွေနဲ့ချင်းလင်ကုမ္ပဏီသူဌေးပဲနေနိုင်တာ။

ဒါပေမဲ့ အဲလိုလူမျိုးက ဘာလို့ဒီလိုထူးထူးဆန်းဆန်းမိတ္တူဆွဲဖို့တောင်းဆိုမှာလဲ?

သူ့ကိုယ်သူ ချင်းလင်ကုမ္ပဏီသူဌေးမှတ်လို့ ဒီလိပ်စာပေးတာလား?

တစ်ဖက်လူကိုအရက်သောက်ထားလားမေးပြီးတောင် အတည်ပြုလိုက်ချင်သည်။ မဟုတ်ရင် မြေပဲတွေဒီလိုမျောနေမှာမဟုတ်။

သို့ရာတွင် လွှဲထားသော ယွမ် ၅၀၀၀ ကိုကြည့်ပြီး နောက်ဆုံးသူလက်ခံဖို့ဆုံးဖြတ်လိုက်သည်။

သူ့ဘာသာရူးရူး မရူးရူး။

သူကပိုက်ဆံသုံးချင်မှတော့ စေတနာကြေးလို့သဘောထားလိုက်ရုံသာ။

ထို့နောက် ကျွမ်ချန်းလုံကစာအုပ်များကူးယူပြီး ကွန်ပျူတာပေါ်တွင်စာရိုက်သည်။

သူပေးတဲ့စာအုပ်ပါအကြောင်းအရာ၊စာလုံးအရွယ်အစားဘာမှမတူသောကြောင့် အားလုံးပြန်လုပ်ရမည်။

ဒါကြောင့်လည်း သူခိုင်းသလိုစာအုပ်တစ်အုပ်တည်းမဆွဲချင်။

စာအုပ်တစ်အုပ်ကအမြတ်နဲ့ စားမဖြစ်ပေ။

ဒါပေမဲ့ သူကစာအုပ်တစ်အုပ်ကို ယွမ် ၁၀၀၀၀ ပစ်ပေးမှတော့ မလုပ်ဘဲနေမလား?

…

ချင်လင်ကဖုန်းချပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုဆက်ကြည့်ကာ ဂိမ်းဇာတ်ကောင်အား ဖွံ့ဖြိုးသည့်နေရာများသွားစေသည်။

အရင်တစ်ခါသူအဆင့်တက်ပြီး အထူးအရည်အသွေးရှိမြေကွက်နည်းနည်းသာအဆင့်တက်ခဲ့သည်။ သို့သော် ဒီတစ်ခါ အထူးအရည်အသွေးရှိပစ္စည်းများလိုသည်။

All Chapters