အံ့ဖွယ်ကျောက်စာနောက်တစ်အုပ်! ၃
Vol. 70 Ch. 1039
အထူးအရည်အသွေးရှိပစ္စည်းများမရှိသေးသောကြောင့် အခုမြေကိုအဆင့်မြှင့်လို့မရသေး။
ချင်လင်ကထပ်လေ့လာပြီး ဒီအတောအတွင်းသူရထားသောပစ္စည်းများအကုန်စမ်းကြည့်သော်လည်း သဲလွန်စတစ်ခုသာရသည်:
(အထူးအရည်အသွေးရှိပစ္စည်းနှင့်မြေကိုအဆင့်မြှင့်နိုင်သည်။ လောလောဆယ်ပစ္စည်းမရှိသောကြောင့် အဆင့်မမြှင့်နိုင်!)
ချင်လင်ကအကြာကြီးလေ့လာသော်လည်း ဘာမှမတွေ့။ သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားပြီးသာ ဆက်တူးခိုင်းရသည်။
ရေကန်သတ္တုတွင်း ၃၂ လွှာအထိတူးပြီးဖြစ်သည်။
၃၂ လွှာတွင် သူဆက်တူး၏။
ကြည့်ရတာ ဒီနေ့ သူသိပ်ကံကောင်းပုံမပေါ်။ သုံးလွှာဆက်တိုက်တူးပြီးဘာမှမရသောကြောင့် လက်လျှော့လိုက်သည်။ မဟုတ်ရင် ကျန်တဲ့အလွှာတွေဆက်တူးလည်း ဘာမှရမှာမဟုတ်။
နောက်တစ်နေ့_
ချင်လင်က အိပ်ရာထ၊မနက်စာစားပြီး အတွင်းဘက်မှထွက်လာရာ ဝန်ကြီးလု၊တော်ဝင်ပညာရှင်ယွမ်၊တော်ဝင်ပညာရှင်လီတို့နှင့်ဆုံသည်။
သုံးယောက်သား လက်ဖက်ပင်သုံးပင်ကိုဝိုင်းပြီး တစ်ခုခုမြင်ရသလို သေသေချာချာကြည့်နေကြသည်။
ချင်လင်ထွက်လာသောကြောင့် ဝန်ကြီးလုကပြုံးပြုံးနှင့်_
"သူဌေးချင်... ဒီည မင်းလက်ဖက်ကိုစမ်းသပ်ဖို့ ကင်ဆာလူနာတွေရှာထားတယ်... စုစုပေါင်း ၅ ယောက်... သူတို့မိသားစုအခြေအနေက လုံးဝမကောင်းဘူး''
ဝန်ကြီးလုက ချင်လင်ကိုတမင်ပြောပြခြင်းပင်။ မဟုတ်လို့ ဒီကိစ္စနည်းနည်းနာမည်ကြီးသွားရင် လက်တွေ့စမ်းသပ်ဖို့လူတွေများလာမည်။
ဒါကလည်း သူချင်လင်ကိုတန်ဖိုးထားကြောင်းပြခြင်းပင်။
သူဌေးချင်က ဉာဏ်ကြီးရှင်။ ခရီးသွားမေဂျာကို ၄ နှစ်လေ့လာခဲ့ပြီး ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီမှာလည်းစိတ်နှစ်ထားနိုင်သည်။
ဒါပေမဲ့ ဒီလိုလူမျိုးက ပါမောက္ခလီခိုင်ဆီမှလေ့လာရုံ၊သီးနှံသုတေသနစာအုပ်တချို့ဖတ်ရုံနဲ့ သူ့ဘာသာသုတေသနလုပ်နိုင်ပြီး သီးနှံတောင်ပျိုးထောင်နိုင်သတဲ့။
အထူးသဖြင့် ရှန်းရွှေလက်ဆောင်ဆန်နှင့်ကင်ဆာအတွက်အာနိသင်ရှိသောလက်ဖက်ပင်ကိုလည်းပျိုးထောင်နိုင်ခဲ့သည်။
သူဒီအပိုင်းမှာကံကောင်းတာဆိုရင်တောင် သူ့ကံက သုတေသနသမားများအရှက်ရလောက်အောင်ကောင်းလွန်းသည်။
ဘာပဲဖြစ်ဖြစ် သုတေသနသမားအများစုက သူတို့တသက်လုံး ဒီလိုရလဒ်မျိုးထွက်ဖို့မဖြစ်နိုင်။
စာဖိုမှူးဆိုလည်း ပြောစရာမရှိ။ သူ့လက်ရာက အနောက်တိုင်းထိပ်တန်းစားဖိုမှူးတောင်မယှဉ်နိုင်ပေ။ တရုတ်တိုင်းရင်းဆေးပိုင်းမှာလည်း မျိုးရိုးရှိသောတရုတ်တိုင်းရင်းဆေးဆရာများထက်တောင်ပိုတော်နေသည်။
လေ့လာထားတာတစ်မျိုး၊ တိုးတက်နေတာ တစ်မျိုး။ ထိုနယ်ပယ်ကလူများနှင့်လည်းယှဉ်နိုင်သည်။
အင်တာနက်ပေါ်မှာပြောကြသလို ဝါသနာရှင်က သူများထမင်းအိုးရိုက်ခွဲနေသလိုပင်။
တစ်လုံးတည်းပြောရရင် 'မိစ္ဆာ'ဖြစ်မည်။
သူသာသီးနှံသုတေသနပိုင်းမှာ ပိုအားစိုက်ထုတ်လိုက်ရင် အနာဂတ်မှာဘယ်လိုဖြစ်မည်မတွေးရဲ။
ဝန်ကြီးလုစကားကြောင့် ချင်လင်ကပြုံးပြီး_
"ဝန်ကြီးလု... မစမ်းသပ်ခင် လှော်ထားတဲ့လက်ဖက်ခြောက်တွေထုတ်ပေးပါမယ်... ဒီလက်ဖက်ခြောက်တွေကုန်ရင် လက်ဖက်ညွန့်လည်းထွက်လောက်ပါပြီ''
"အင်း!''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး_
"သူဌေးချင်... မင်းစာတမ်းနဲ့စမ်းသပ်တင်ပြချက်ရေးမယ့်အကြောင်း မနေ့ညက တော်ဝင်ပညာရှင်တွေကိုပြောပြနေတာ... တော်ဝင်ပညာရှင်တွေကစောင့်စားနေကြတယ်!''
ကျွတ် ကျွတ်။ ချင်လင် ဘာမှမပြောချင်တော့။ မိတ္တူစာအုပ်ကအဆင်ပြေပါစေဟုသာ ဆုတောင်းရတော့မည်။
စာအုပ်မိတ္တူဆွဲသည့်အရှိန်ကမြန်သည်။ နေ့လယ်ပိုင်းတွင် ဝန်ထမ်းတစ်ဦးဆီမှဖုန်းရသည်။ သူလိုချင်သောစာအုပ်ကိုပို့ပေးရန် လုံခြုံရေးအစောင့်တစ်ဦးအားခိုင်းလိုက်သည်။
စာအုပ်တွင်အကြောင်းအရာ ၁၄ ခုပါ၍ အလွန်ထူပြီးလေးသည်။ စာအုပ်အဖုံးပေါ်တွင် စာလုံးကြီးနှင့် 'စာအုပ်တစ်အုပ်'ဟုရေးထား၏။
ချင်လင်ကချက်ချင်း ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် အံ့ဖွယ်ကျောက်စာကိုထုတ်လိုက်သည်။
(သင့်ရှေ့ကစာအုပ်ကို အံ့ဖွယ်ကျောက်စာသုံးချင်ပါသလား?)
ချင်လင်ကအသိပေးချက်ကြည့်ပြီး မရယ်ဘဲမနေနိုင်တော့!
ဒါက နောက်ထပ် စူပါ BUG!