ပညာရွှေအိုး လူခိုး!
Vol. 70 Ch. 1040
ချင်လင်ကတုံ့ဆိုင်းမနေဘဲ 'အံ့ဖွယ်ကျောက်စာသုံးမည်'ကိုရွေးလိုက်သည်။
နောက်ခဏတွင် အံ့ဖွယ်ကျောက်စာက အလင်းရောင်ထွက်ကာမျောလွင့်ပြီး မှေးမှိန်လာသည်။ ထို့နောက် သူယူလာသော'စာအုပ်တစ်အုပ်'ထဲ ဖြည်းဖြည်းချင်းစိမ့်ဝင်သွား၏။
အချိန်တိုအတွင်း အံ့ဖွယ်ကျောက်စာလုံးဝပျောက်သွားသည်။
ထို့နောက် အရင်တစ်ခါကလို 'စာအုပ်တစ်အုပ်'ဘေးတွင် အရိပ်တစ်ခုပေါ်လာသည်။ 'စာအုပ်တစ်အုပ်'နှင့်တထပ်တည်းတူသော စာအုပ်ပင်။
ချင်လင်ကစာအုပ်အမြန်ယူပြီး မှတ်ချက်ကြည့်လိုက်သည်:
(စာအုပ်တစ်အုပ်: ဆန်းကြယ်)
(အံ့ဖွယ်ကျောက်စာမှအသွင်ပြောင်းလာသောစာအုပ်ဖြစ်သည်။ အကြောင်းအရာ ၁၄ ခုပါသည်။ အသုံးပြုပြီးလျှင် စာအုပ်ထဲမှတ်တမ်းတင်ထားသောပညာအားလုံးသင်ယူနိုင်သည်! အသုံးပြုလိုပါသလား?)
ချင်လင်ကတုံ့ဆိုင်းမနေဘဲ အသုံးပြုမည်ကိုရွေးလိုက်သည်။
သူလုပ်ခဲ့သမျှက ဒီအတွက်ပဲ။
တွေဝေနေစရာမလို။
အံ့ဖွယ်ကျောက်စာမှအသွင်ပြောင်းထားသောစာအုပ်က ရုတ်တရက်အလင်းရောင်များဖြစ်ပြီး ချင်လင်ကိုယ်ထဲစိမ့်ဝင်လာသည်။
ထို့နောက် သူ့စိတ်ထဲအချက်အလက်တသီကြီးစွဲထင်လာ၏။
စာအုပ်ထဲမှအချက်အလက်အားလုံးပင်။ ဒါပေမဲ့ ဒီတစ်ခါ စာအုပ်ပေါင်းစုံမှအကြောင်းအရာများပါသည်။ အလွန်ရှုပ်ထွေးပြီး အချက်အလက်များကမတွေးတတ်အောင်ပင်။
သို့ရာတွင် သူ့စိတ်ထဲဝင်လာပြီးလုံးဝစွဲထင်နေသောအခါ မေ့ဖို့ခက်လေသည်။
နောက်ပြီး သုတေသနအချက်အလက်များတွင် သီးနှံမျိုးစိတ်အမျိုးမျိုးပါပြီး သူအကြိမ်ကြိမ်အခါခါလုပ်ဖူးသလို ကြွက်သားမှတ်ဉာဏ်လည်းပါသည်။
ဒီလိုအထူးအဆန်းမျိုးကြုံတာ ဒါပထမဆုံးမဟုတ်။
ဒါပေမဲ့ အံ့ဩစရာကောင်းနေဆဲ။
အကြောင်းမှာ သူ့အသိကကျယ်ပြန့်လာပြီး ကမ္ဘာကြီးပေါ်အမြင်ပြောင်းသွားသောကြောင့်ပင်။
အနည်းဆုံးတော့ စိုက်ပျိုးရေးခြံကသီးနှံများကိုကြည့်လိုက်ရင် သက်ဆိုင်ရာသီးနှံအချက်အလက်နှင့်မျိုးစိတ်သုတေသနများက တွေးလိုက်ရုံနှင့်သူ့စိတ်ထဲပေါ်လာမည်။
ထို့ကြောင့် ကမ္ဘာကြီးအပေါ်အမြင်ပိုရှင်းလာသည်။
လက်ရှိသီးနှံသုတေသနကျွမ်းကျင် ဒါမှမဟုတ် ပါမောက္ခတွေတောင် ဒီစာအုပ် ၁၄ အုပ်နဲ့ပတ်သက်ရင် သူ့ထက်ပိုနှံ့စပ်သူမရှိဟုတောင်ဆိုနိုင်သည်။
ချင်လင်က 'စာအုပ်တစ်အုပ်'ကိုကောက်ပြီး ကျပန်းစာမျက်နှာတစ်ရွက်လှန်လိုက်သည်။ ထိုအချက်အလက်အားလုံး သူရှင်းရှင်းလင်းလင်းမှတ်မိသည်။ ထိုအထဲကအကြောင်းအရာနှင့်ဗဟုသုတအချက်များကိုဆက်စပ်နားလည်သည်။
အံ့ဖွယ်ကျောက်စာက အံ့ဩစရာကောင်းဆဲပင်။
ချင်လင်က အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။ သူကရုံးခန်းအပြင်ထွက်ပြီး လက်ဖက်ပင်သုံးပင်ဆီတန်းသွားသည်။ လက်ဖက်ပင်မှကိုင်းတစ်ကိုင်းချိုးလိုက်၏။
လက်ဖက်ကိုင်းတွင် ရွက်ဟောင်းများပါသလို အသုံးပြုနိုင်သောရွက်ညွန့်များလည်းပါသည်။
ထိုကိုင်းကို ချင်လင်ဓာတ်ခွဲခန်းတန်းယူသွားသည်။ လုံခြုံရေးအစောင့်များစစ်ဆေးပြီးနောက် သူလည်းဓာတ်ခွဲခန်းထဲဝင်လာသည်။
ဓာတ်ခွဲခန်းတစ်နေရာရောက်သောအခါ သုတေသနသမားများပြုံပြီး မျိုးစိတ်ပြောင်းလဲသောစမ်းသပ်ချက်လုပ်နေသည်ကိုတွေ့ရသည်။
ချင်းလင်ဓာတ်ခွဲခန်းတွင် ပျိုးထောင်ထားသောလက်ဖက်ပင်များရှိသည်။
သူတို့တာဝန်က ပျိုးထောင်ထားသောလက်ဖက်ပင်များ၏အခြေအနေကို နေ့တိုင်းစမ်းသပ်စစ်ဆေးပြီး အချက်အလက်များမှတ်တမ်းတင်ရသည်။
တဖက်တွင် လီခိုင်က ကွန်ပျူတာရှေ့တွင်ခေါင်းခြောက်နေ၏။ ကီးဘုတ်တွင်စာလုံးနည်းနည်းရိုက်ပြီး စိတ်ပျက်ပျက်နှင့်သူ့ခေါင်းကိုကိုင်ထားသည်။
ညီလေးချင်အတွက်လက်ဖက်ပင်စာတမ်းရေးနေခြင်းပင်။
လက်ဖက်ပင်ပျိုးထောင်ရေးကိုသူသိပ်မသိ။ ဘာပဲဖြစ်ဖြစ် သီးနှံပညာရှင်က သီးနှံသုတေသနပဲကျွမ်းသည်။
ဒါပေမဲ့ ညီလေးချင်အခြေအနေကိုလည်း သူသိသည်။ ဒီစာတမ်း ညီလေးချင်ကိုရေးခိုင်းရင် ဝန်ကြီးလုတို့ရှေ့မှာအထူးမြေကြီးချထားသလိုပဲမလား?
ညီလေးချင်ကိုနေမကောင်းဟန်ဆောင်ပြီးအနားယူဖို့ အကြံပေးထားသည်။ သူ့ကိုစာတမ်းရေးဖို့မပြောလောက်ပါဘူးနော်?
ဒါပေမဲ့ ဒီကိစ္စက တစ်ခါတည်းလုပ်ရမယ့်ကိစ္စ။ လက်ဖက်က ကင်ဆာအတွက်အာနိသင်ရှိကြောင်းမိတ်ဆက်ပြီးတာနဲ့ စာတမ်း ဒါမှမဟုတ် စမ်းသပ်တင်ပြချက်မရှိရင် သံသယများ၊မေးခွန်းများထွက်လာမည်။
ကိုယ့်ကိုမနာလိုသူ၊မုန်းသူတွေတွေ့ရင် ထွက်လာပြီးမကောင်းပြောကြမည်။ မဟုတ်ရင် တစ်ခုခုလေ့လာတွေ့ရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ်သက်သေပြဖို့ ဘယ်သူကအလောတကြီးစာတမ်း၊တင်ပြချက်တွေရေးနေမလဲ?
မယုံမရှိနှင့်။ အင်တာနက်ပေါ်မှာ ဒီလိုလူတွေအများကြီးရှိသည်။ ကိုယ့်မှာရှိတာကို ကြွားလုံးထုတ်နေရသလိုပင်။ မကြွားရင် မရှိလို့၊အတုမလို့ဟုအထင်ခံရသည်။
တကယ်တော့ ဒါကဒီလိုလူမျိုးတွေရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်သည်။ မနာလို၊ဝန်တို၊မုန်းတီးတာတွေကလည်း ဟိုရောက်ဒီရောက်အတွေးများကြောင့်ပင်။
ဒီတော့ ပြည်သူအမြင်ရှင်းအောင် စာတမ်း၊စမ်းသပ်တင်ပြချက်ရေးရသည်။
သူက ညီလေးချင်ကိုကြံဖန်လုပ်ကြံပေးရုံသာ။
ဒါပေမဲ့ လက်ဖက်ပင်ပျိုးထောင်ရေးကိုသူမကျွမ်း။ အထူးသဖြင့် လက်ဖက်ပင်ဘယ်လိုမျိုးပြောင်းသလဲဆိုတာပင်။ ဖြစ်စဉ်မှာသူမပါ၍ လုံးဝစိတ်ကူးမရပေ။
ထို့ကြောင့် လက်ဖက်မျိုးစိတ်အကြောင်းသူသိသမျှနှင့် သုတေသနသမားများ၏စမ်းသပ်ချက်ကိုအခြေခံပြီးသာစာတမ်းရေးရသဖြင့် ခေါင်းကိုက်နေသည်။
လီခိုင်ကမျက်မှောင်ကြုတ်ပြီး သူ့ဘာသာရေရွတ်လိုက်သည်_
"ဒီလက်ဖက်ပင်ရဲ့မျိုးစိတ်အစဉ်က သာမန်အမြစ်မျိုးပြောင်းတာနဲ့မတူဘူး... ဘာလဲသိအောင်စမ်းသပ်ကြည့်ရမယ်''
"မတူဘူး! အဲဒီတော့ အချိန်ဖြုန်းစရာမလိုဘူး''
အသံတစ်သံထွက်လာသည်_
"ဒီသီးနှံမျိုးစိတ်နှစ်ခုက ဆန့်ကျင်ဘက်မျိုးပြောင်းတာ''
"သိပြီ''
လီခိုင်က အမှတ်တမဲ့ခေါင်းညိမ့်ပြီး_
"ကျေးဇူးပဲ... ညီလေးချင်အတွက်အချိန်ကုန်သက်သာသွားပြီ''
သူကပြောရင်းဆိုရင်း နောက်လှည့်ကြည့်ရာ ချင်လင်ကိုမြင်ပြီး သရဲမြင်သလိုလန့်သွားသည်။
စောစောကပြောလိုက်တဲ့လူက ညီလေးချင်ဖြစ်နေတာပဲ။
သေစမ်း။ သူပြောတာ ယုံမိတော့မလို့။
ဒါပေမဲ့ သူတွေးကြည့်ပြီး တစ်ခုခုမှားနေသလိုခံစားရသည်။ ညီလေးချင်ကဘာလို့ ဒီမျိုးစိတ်ဝေါဟာရတွေသိနေတာလဲ? သူဒါတွေဖတ်ထားလို့လား?