Chapters

ပညာရွှေအိုး လူခိုး! ၃

Vol. 70 Ch. 1042

ပညာရွှေအိုး လူခိုး! ၃

Vol. 70 Ch. 1042

ဒီလူက တာဝန်သိစိတ်ရှိသည်။

ဘာပဲဖြစ်ဖြစ် လက်တွေ့စမ်းသပ်ချက်ကအရေးကြီးသောကြောင့် ဘယ်သူမှလူစားထိုးခွင့်မရှိ။

သတင်းပေါက်ကြားမှုမရှိ၍မဖြစ်နိုင်သော်လည်း ဝန်ကြီးလုကအလေးထားမှတော့ သတိထားတာမမှားပေ။

ကျောက်ချွန်းဟယ်ကိုအတည်ပြုပြီးနောက် လူနာတင်ကားပေါ်တင်ပြီး ရုံချန်းဘက်ထွက်လာသည်။

ရုံချန်းဆေးရုံမှာ မနေ့ကတည်းကအလုပ်များနေသည်။

မနေ့ကညွှန်ကြားချက်ရပြီး အဆောင်တစ်ဆောင်ကိုရှင်းလင်းကာသီးသန့်ထားသည်။

ထိုနေရာမှလူနာများကိုတခြားနေရာရွှေ့ရသောကြောင့် အစီအစဉ်ကနည်းနည်းဖရိုဖရဲဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် စီရင်စုဆေးရုံလေးသာဖြစ်သောကြောင့်ပင်။

နောက်ပြီး စီရင်စုခေါင်းဆောင်နှင့်လက်ထောက်ကစီစဉ်သောကြောင့် ဆေးရုံတစ်ခုလုံးလှုပ်လှုပ်ရွရွဖြစ်သွားပြီး အမျိုးမျိုးထင်ကြေးပေးကြသည်။

တချို့က ဒီလိုသီးသန့်နေရာမှာ ရောဂါတစ်မျိုးကုသမည်ဟုတောင်ထင်ကြသည်။

ဆေးရုံသီးသန့်နေရာတွင်_

ရုံချန်းစီရင်စုဆေးရုံဒါရိုက်တာလင်းချီမှာ သူရွေးထားသောဆရာဝန်၊သူနာပြုတချို့နှင့်အတူစောင့်နေသည်။

သူတို့မျက်နှာများမှာ အလေးအနက်နှင့်စိတ်လှုပ်ရှားပုံ ဒါမှမဟုတ် မျှော်လင့်နေပုံပေါက်သည်။

ထင်ရာလျှောက်ပြောနေသောလူများနှင့်စာရင် သီးသန့်ထားရသည့်ရည်ရွယ်ချက်ကို သူတို့ကသိသည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းပြီးလက်တွေ့စမ်းသပ်မည့်သုတေသနမှာ ကင်ဆာလူနာများဖြစ်သည်။

ချင်းလင်ဓာတ်ခွဲခန်းက ကင်ဆာအတွက်ဆေးတွေ့ခဲ့သည်။

လုံးဝဩချလောက်စရာသတင်းပင်။

အခုလက်တွေ့စမ်းသပ်ချက်ကို ရုံချန်းစီရင်စုဆေးရုံမှာလုပ်မည်ဖြစ်ပြီး သူတို့ပူးပေါင်းပါဝင်ရမည်။ ဒီအတွေ့အကြုံက ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ?

ဒါကြောင့်သာမဟုတ်ရင် ဒါရိုက်တာလင်းချီကိုယ်တိုင် အဖွဲ့ကိုဦးဆောင်မည်မဟုတ်ပေ။

အခုအထိတောင် ဘယ်လိုဆေးလဲ၊ ဘယ်လိုခေါ်လဲ သူတို့မသိသေး။

ဘေးတွင် စွန်းရှန်နှင့်ချန်လီလည်းစောင့်နေသည်။ ဝန်ကြီးလု၏လူများက လက်တွေ့စမ်းသပ်မည့်လူနာများကိုခေါ်ပြီးဖြစ်၍ မကြာမီရောက်လာတော့မည်။

သူတို့နှစ်ယောက်လည်း ဒီကိစ္စမှာအခရာကျသည်။

ကင်ဆာအတွက်လက်ဖက်ကို ရုံချန်းမှာပျိုးထောင်ထားပြီး သူတို့လက်ဖက်လုပ်ငန်းကကောင်းကောင်းဖြစ်နေသည်။ လက်တွေ့စမ်းသပ်ချက်အောင်မြင်ရင် လက်ဖက်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးမည်။ ရုံချန်းက ရေကန်အသင့်ကြာအသင့်ပင်။

"စွန်းရှန် လက်ထောက်ချန်... ချင်းလင်ဓာတ်ခွဲခန်းကထုတ်တာ ဘယ်လိုဆေးမျိုးပါလိမ့်?''

ဒါရိုက်တာလင်းချီကမမေးဘဲမနေနိုင်တော့။

"ဒါရိုက်တာလင်း... ခဏနေသိမှာပေါ့''

စွန်းရှန်ကရယ်ပြီး သို့လောသို့လောဖြစ်အောင်ထားလိုက်သည်။

ထိုအချိန်တွင် ဓာတ်လှေကားပေါ်မှလူနာတစ်ယောက်ပြီးတစ်ယောက်ဆင်းလာသည်။ လက်တွေ့စမ်းသပ်ချက်တွင်ပါဝင်သောကျောက်ချွန်းဟယ်နှင့်လူနာတချို့ပင်။

ဝန်ကြီးလုနှင့်ယွမ်ရှန်က နောက်မှလိုက်လာသည်။

ဒီစမ်းသပ်ချက်အတွက် စီရင်စုဆေးရုံကိုငှားသုံးရုံသာ။ တခြားကဏ္ဍများတွင် ဝင်စွက်ဖက်ခွင့်မပြုပေ။

လင်းချီကသူတို့ကိုမြင်ပြီး လူနာများကိုလက်တွေ့စမ်းသပ်ရန် ဆရာဝန်၊သူနာပြုများကိုချက်ချင်းဦးဆောင်သည်။

ဝန်ကြီးလုနှင့်ယွမ်ရှန်ကိုလည်းသိ၍ ချင်ချင်းအစီရင်ခံသည်_

"ဝန်ကြီးလု တော်ဝင်ပညာရှင်ယွမ်... ကိရိယာတွေအသင့်ပြင်ထားပါတယ်... အခုလူနာတွေကိုစမ်းသပ်လို့ရပါပြီ''

"အင်း! အရင်ဆုံး သွေးစစ်ဖို့သွေးအရင်ထုတ်ကြတာပေါ့''

ဝန်ကြီးလုကအမိန့်ပေးသည်။

လင်းချီကချက်ချင်း သူနာပြုများကိုလက်ယပ်ခေါ်ပြီးသွေးထုတ်ခိုင်းသည်။ စွန်းရှန်နှင့်ချန်လီကလည်း ဝန်ကြီးလုနှင့်ယွမ်ရှန်ကိုကြိုဆိုနှုတ်ဆက်သည်။

အထဲ၌_

ဝန်ကြီးလုခေါ်လာသောလူတစ်ယောက်က လျှို့ဝှက်သေတ္တာထုတ်ပြီး လျှို့ဝှက်နံပါတ်ထည့်ဖွင့်လိုက်သည်။

လင်းချီနှင့်ဆရာဝန်များက စိတ်ဝင်တစားကြည့်နေသည်။ ကင်ဆာဆေးမှန်း သူတို့သိသည်။

သို့ရာတွင် သေတ္တာဖွင့်လိုက်ရာ လက်ဖက်ခြောက်ဘူးဖြစ်နေသောကြောင့် သူတို့အားလုံးကြောင်သွားလေသည်။

ဘယ်လိုလုပ်လက်ဖက်ခြောက်တွေဖြစ်နေတာလဲ?