← Chapters

ဒီအိမ်ထဲနေလို့ရလား? ၂

Vol. 70 Ch. 1044

ဒီအိမ်ထဲနေလို့ရလား? ၂

Vol. 70 Ch. 1044

ဒီလောက်မြန်မြန်အလုပ်ဖြစ်မည်မထင်သော်လည်း စိတ်လှုပ်ရှားစွာမျှော်လင့်မိသည်။

မကြာမီ ဆရာဝန်တစ်ယောက် အလုံပိတ်အိတ်တချို့နှင့်ရောက်လာပြီး ထိုအိတ်များကိုစားပွဲပေါ်တင်လိုက်သည်။

ဥက္ကဌ၊ ဝန်ကြီးလု၊ တော်ဝင်ပညာရှင်ယွမ်၊ စွမ်းရှန်၊ လက်ထောက်ချန်နှင့် ကျောက်ချွန်းဟယ်တို့၏စမ်းသပ်ချက်များ...

ယွမ်ရှန်ကအရင်ရှေ့တိုးပြီး ကျောက်ချွန်းဟယ်၏စမ်းသပ်ချက်ကိုယူလိုက်သည်။

CT စကင်န်မှာ ဘာမှပြမှာမဟုတ်။

သူက စမ်းသပ်ချက်ကိန်းဂဏန်းအမျိုးမျိုးကိုချက်ချင်းဖတ်ကြည့်သည်။

မယုံနိုင်စရာကောင်းချင်သေးတော့!

ယွမ်ရှန်ကရုတ်တရက် ကျောက်ချွန်းဟယ်၏အရင်စမ်းသပ်ချက်နှင့်အခုစမ်းသပ်ချက်ကိုနှိုင်းယှဉ်ကြည့်လိုက်သည်။

ထို့နောက် သူပိုပြီးစိတ်လှုပ်ရှားသွား၏။ ရက်ပိုင်းသာရှိသေး။ ကျောက်ချွန်းဟယ်၏ AFP၊ CAA နှင့်တခြားတန်ဖိုးများကျသွားသည်။ ဒီနှုန်းအတိုင်းဆို ဒီလက်ဖက်ရည်ကိုနှစ်ဝက်လောက်သောက်ပြီးပြန်ကောင်းနိုင်သည်။

လင်းရှန်ကျူလည်း အတူတူပင်။ သူမ၏ CA 19-9၊ CA724 နှင့်တခြားတန်ဖိုးများကျသွား၏။ လင်းရန်ကလည်း သူ့လက်ထဲမှစမ်းသပ်ချက်ကိုဖတ်ရင်း စိတ်လှုပ်ရှားနေသည်။

နောက်ဆုံးအဆင့်ရောက်နေသောကင်ဆာလူနာတစ်ယောက်က ကီမိုမသွင်းဘဲရောဂါဗေဒဆိုင်ရာကိန်းဂဏန်းများမကျတတ်။ ပိုပြီးသာပြင်းထန်လာတတ်သည်။

အခု ကီမိုမသွင်းဘဲတန်ဖိုးကျသွား၍ လက်ဖက်ရည်ကတကယ်အာနိသင်ရှိသည့်သဘောပင်။

"ချင်းလင်ဓာတ်ခွဲခန်းက အံ့ဩစရာပဲ''

လင်းချီမအံ့ဩဘဲမနေနိုင်တော့။

အာနိသင်ရှိကြောင်းအတည်ပြုပြီးရင် ဒီလိုမတွေးတဲ့သူရှိမလား?

စွန်းရှန်နှင့်ချန်လီကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပိုစိတ်လှုပ်ရှားနေကြ၏။ အချင်းချင်းမျက်လုံးထဲတွင် စိတ်လောနေသည်ကိုလည်းတွေ့ရသည်။

ချင်းလင်ဓာတ်ခွဲခန်းကိုသေချာစောင့်ကြည့်ပြီး လက်ဖက်ပင်ကျယ်ကျယ်ပြန့်ပြန့်စိုက်ဖို့စောင့်ရမည်။ ဘယ်သူမှလက်ဖက်ပင်ကိုလုယူခွင့်မပေးနိုင်။

"ဟုတ်လား? ဘာလို့ သူဌေးချင်ကခရီးသွားမေဂျာဖြစ်နေတာလဲ?''

ဝန်ကြီးလုက ရေရွတ်လိုက်သည်_

"သူ့ကိုတရုတ်သိပ္ပံအကယ်ဒမီထဲထည့်ချင်တာ... အဲဒါမှနေရာမှန်ရောက်မှာ''

ဒါပေမဲ့ မဖြစ်နိုင်မှန်းလည်းသူသိသည်။

ဘာပဲဖြစ်​ဖြစ် သူဌေးချင်မှာကစီးပွားကြီးနဲ့။

သူနဲ့ အသိနောက်ကျရလေခြင်း!

"သူဌေးချင်ရဲ့စာတမ်းနဲ့စမ်းသပ်တင်ပြချက်က ဘယ်လိုလဲသိချင်လိုက်တာ''

လက်ဖက်ပင်အာနိသင်ထက်ကြောင်းသိပြီး ယွမ်ရှန်ကပိုမျှော်လင့်မိသည်။

"သူဌေးချင်ကိုသတင်းကောင်းပြောပြရအောင်... ပြီးတော့ သူ့ရဲ့စာတမ်းနဲ့စမ်းသပ်တင်ပြချက်အကြောင်းမေးကြတာပေါ့''

ဝန်ကြီးလုလည်းသိချင်သောကြောင့် ယွမ်ရှန်နှင့်အတူစီရင်စုဆေးရုံမှထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။

သူဌေးချင်ရဲ့စာတမ်းနဲ့စမ်းသပ်တင်ပြချက်ကို တရုတ်သိပ္ပံအကယ်ဒမီကလူတွေ အားတက်အောင်အသုံးချချင်သည်။

…

ချင်းလင်ဓာတ်ခွဲခန်း_

ချင်လင်ကကွန်ပျူတာရှေ့ထိုင်ပြီးအလုပ်လုပ်နေသည်။ မိတ္တူစက်မှမိတ္တူများထုတ်၏။

ဘေးမှလီခိုင်က ချက်ချင်းမိတ္တူစက်နားအသင့်သွားစောင့်နေသည်။ သူ့မျက်နှာမှာ အံ့ဩမှုကအတိုင်းသား။

ဒီရက်တွေမှာ ညီလေးချင်ကိုတစ်ခါမှမသိခဲ့ဖူးသလိုခံစားရသည်။

တစ်ခါတလေ တချို့အပိုင်းတွေမှာ ညီလေးချင်အသိက သူ့ထက်သာနေသလိုပင်။

ဘယ်လောက်ကြာသေးလို့လဲ? သူ့ကိုတောင် ဘာစာအုပ်ဖတ်ရမလဲမေးခဲ့သေးတာ။

ခဏအကြာ မိတ္တူစက်ရပ်သွား၏။

လိခိုင်က စာတမ်းနှင့်စမ်းသပ်တင်ပြချက်ကိုအမြန်ခွဲပြီး အစဉ်အတိုင်းတွဲစက်နှင့်ချုပ်လိုက်သည်။ ထို့နောက် မြန်မြန်စဖတ်၏။

ဒီစာတမ်းနဲ့စမ်းသပ်တင်ပြချက်ပြီးဖို့ ညီလေးချင်ကိုစောင့်နေရတာကြာပြီ။

သို့ရာတွင် စာတမ်းနှင့်စမ်းသပ်တင်ပြချက်ကိုဖတ်ဖတ်ချင်း လီခိုင်စိတ်နစ်မျောသွားသည်။ ဖတ်လေလေ သဘောကျလေလေပင်။

ရက်ပိုင်းလောက် အငြင်းအခုံ၊စာတမ်း၊ကောက်ချက်ချခြင်းများလုပ်ရရင်တောင်၊ ညီလေးချင်ကလျှောက်လုပ်နေမှန်းသူသိရင်တောင်မှ အဓိပ္ပါယ်ရှိသည်သူထင်သည်။

သူကစာတမ်းဖတ်ပြီးနောက် ချင်လင်ကိုကြည့်ပြီးမေးသည်_

"ညီလေးချင်... ဘယ်လိုကြောင့်လဲ?''

"ဘာ.. ဘာကိုလဲ?''

ချင်လင်နည်းနည်းဇဝေဇဝါဖြစ်သွားသည်။

"ဘာလို့မင်းရဲ့စာတမ်းက ငါ့ထက်ကောင်းနေတာလဲ? ပြီးတော့ မင်းကဒီလိုအံ့ဩစရာကောင်းတဲ့စမ်းသပ်တင်ပြချက်ကိုလုပ်နိုင်တယ်လား?''

လီခိုင်နားမလည်နိုင်။ သူအရှိုက်ထိနေသည်။

"ကျွန်တော်က ခင်ဗျားထက်ပိုပြီးဉာဏ်ကောင်းလို့နေမှာပေါ့ အစ်ကိုလီ!''

ချင်လင်ကရယ်ရယ်မောမောနှင့်စသည်။

ဘယ်လိုကြောင့်ရမှာလဲ? အံ့ဖွယ်ကျောက်စာပေါ့။ 'စာတမ်းဘယ်လိုရေးရမလဲ'၊ 'စမ်းသပ်တင်ပြချက်ဘယ်လိုလုပ်ရမလဲ'နဲ့ စာအုပ် ၁၂ အုပ်လေ။

ချင်လင်စကားကြောင့် လီခိုင်အောင့်သက်သက်ဖြစ်သွားသည်။ သူကစိတ်ဆိုးဆိုးနှင့် စာတမ်း၊စမ်းသပ်ချက်များကိုစားပွဲပေါ်ပစ်တင်လိုက်၏။

တကယ်လည်း မငြင်းနိုင်။

ညီလေးချင်က သူ့ထက်ပိုပြီးဉာဏ်ကောင်းလို့မဟုတ်ရင် ဒီလောက်ကောင်းတဲ့စာတမ်း၊စမ်းသပ်တင်ပြချက်တွေကို ဒီအချိန်တိုအတွင်းဘယ်လိုလုပ်ရေးနိုင်မှာလဲ?

အကြောင်းအရာမပြောနှင့်။ ပုံစံကိုတောင် သူမယှဉ်နိုင်။

အရင်ကသူနာမည်ခံရသောကြောင့် သူများကိုလှည့်စားနိုင်အောင် 'စာတမ်းဘယ်လိုရေးရမလဲ'ကိုသေချာအချိန်ယူပြီးလေ့လာခဲ့သည်။

လီခိုင်ပုံစံကိုကြည့်ပြီး ချင်လင်ကဂုဏ်ယူပုံနှင့်ပြုံးလိုက်သည်။ သူလည်း စာတမ်း၊စမ်းသပ်တက်ပြချက်များကောက်ယူပြီး အပန်းဖြေစံအိမ်ပြန်လာခဲ့သည်။

သူ့ရုံးခန်းထဲရောက်ရောက်ချင်း ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်ယွမ်က လောလောနှင့်ရောက်လာသည်ကိုတွေ့ရသည်။

သူတို့နှစ်ဦးကိုမြင်သည်နှင့် ချင်လင်ကတစ်ခုခုတွေးမိသည်။ ရုံချန်းစီရင်စုဆေးရုံမှာလက်တွေ့စမ်းသပ်တာ ရက်ပိုင်းရှိသွားပြီ။

+၂ အရည်အသွေးက အာနိသင်အတိုင်းအတာတစ်ခုအထိရှိသောကြောင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ဝန်ကြီးလုကရုံးခန်းထဲဝင်ဝင်ချင်း ချင်လင်ကိုရလဒ်ပြောပြချင်သောကြောင့်အားတက်သရောနှင့်_

"သူဌေးချင်... သတင်းကောင်းရှိတယ်... မင်းစိုက်ထားတဲ့လက်ဖက်က တကယ်အာနိသင်ကောင်းတာ... ရက်ပိုင်းပဲရှိသေးတယ်... အာနိသင်ပြနေပြီ''

"ဟုတ်လား? ကောင်းလိုက်တာ''

ချင်လင်ကအဖြေသိသော်လည်း အခုမှသတင်းကောင်းကြားသလိုဟန်ဆောင်လိုက်သည်။

သူသရုပ်ဆောင်ကောင်းလွန်း၍ ဝန်ကြီးနှင့်တော်ဝင်ပညာရှင်ယွမ်တောင်မသိ။ သတင်းကောင်းမျှဝေပြီး ဝမ်းသာနေကြသည်။

ယွမ်ရှန်က လာရင်းကိစ္စကိုသတိရသောကြောင့် မေးလိုက်သည်_

"သူဌေးချင်... အခုလက်ဖက်ရဲ့အာနိသင်ကိုသိရပြီဆိုတော့ မင်းရဲ့စာတမ်းနဲ့စမ်းသပ်တင်ပြချက်ကိုကြည့်ချင်နေတာ''

All Chapters