← Chapters

ဒီအိမ်ထဲနေလို့ရလား? ၃

Vol. 70 Ch. 1045

ဒီအိမ်ထဲနေလို့ရလား? ၃

Vol. 70 Ch. 1045

အခု စာတမ်းနှင့်စမ်းသပ်တင်ပြချက်အကြောင်းကြားပြီး ချင်လင်ကနောက်ကြောင်းကိုသိလိုက်သည်။ သူကစာတမ်းနှင့်စမ်းသပ်တင်ပြချက်ကိုယွမ်ရှန်ဆီလှမ်းပေးပြီး_

"တော်ဝင်ပညာရှင်ယွမ်... ဒါလေးမှန်မမှန်ကြည့်ပေးပါဦး!''

ယွမ်ရှန်ကယူပြီးချက်ချင်းဖတ်ကြည့်သည်။ လက်ဖက်အာနိသင်ကိုသိပြီးကတည်းက သူဖတ်ချင်နေသည်။

သူဌေးချင်ရဲ့စာတမ်းနဲ့စမ်းသပ်တင်ပြချက်က တရုတ်သိပ္ပံအကယ်ဒမီအတွက် စိုက်ပျိုးရေးသုတေသနအဓိကအချက်ကိုမရေးနိုင်မှန်းသူသိရင်တောင် အတော်လေးအဆင့်မြင့်သည်။

လီခိုင်လိုပင် ယွမ်ရှန်လည်း ချင်လင်၏စာတမ်းထဲမျောသွားသည်။ ဖ​တ်လေလေ အံ့ဩလေလေပင်။

သို့သော် သူအံ့ဩပုံကလီခိုင်နှင့်မတူ။ လီခိုင်က ချင်လင်အကြောင်းသိ၍အံဩခြင်းပင်။

စာတမ်းကိုကောင်းကောင်းမွန်မွန်ရေးထားသောကြောင့် ယွမ်ရှန်အံ့ဩနေသည်။ သူ့မျက်စိထဲတွင် သူဌေးချင်ကအံ့ဖွယ်ဉာဏ်ကြီးရှင်ဖြစ်သည်။ သူနှင့်ဝန်ကြီးလုက ဒီလိုပဲသိထားသည်။

"ကောင်းတယ် ကောင်းတယ်... စိတ်လှုပ်ရှားစရာပဲ... တော်လိုက်တာ!''

ယွမ်ရှန် မချီးကျူးဘဲမနေနိုင်တော့။

ဝန်ကြီးလုကမနေနိုင်၍ထမေးသည်_

"တော်ဝင်ပညာရှင်ယွမ်... သူဌေးချင်ရဲ့စာတမ်းနဲ့တင်ပြချက်ကဘယ်လိုလဲ?''

"ဒီလိုသုတေသနမျိုးကို တရုတ်သိပ္ပံအကယ်ဒမီမှာရေးနိုင်တဲ့သူ လက်ငါးချောင်းတောင်မပြည့်ဘူး''

ယွမ်ရှန်ကစိတ်လှုပ်ရှားသံနှင့်ပြောသည်။

"အဲလောက်တောင်လား?''

ဝန်ကြီးလုက ယွမ်ရှန်​ပြောတာသဘောပေါက်သည်။

ဝန်ကြီးလုနှင့်ယွမ်ရှန်အံ့ဩနေစဉ် ချင်းလင်စံအိမ်တွင်ပန်းအိမ်များကြောင့်လှုပ်လှုပ်ရွရွဖြစ်ပြန်သည်။

အရင်ကပန်းအိမ်တိုင်းပုံစံတူနေသော​ကြောင့် လှုပ်လှုပ်ရွရွဖြစ်ခဲ့ပြီး ယခုမူ ပန်းအိမ်လုံးဝပုံပေါ်လာသောကြောင့်ပင်။

ပန်းအိမ်ကအကြီးမြန်သည်။ အချိန်အတိုင်းအတာအရ တစ်လအတွင်း​ဖြစ်နိုင်သည်။

အခုပန်းအိမ်လုံးဝပုံပေါ်လာပြီဖြစ်၍ ပင်စည်ပိုတုတ်ပြီးအရွက်ဝေဝေဆာဆာဖြစ်ဖို့သာကျန်တော့သည်။

ပန်းအိမ်၏အဆင်း +၂၊ ဓာတ်ပုံစားခြင်း +၂ နှင့် ဆွဲဆောင်မှုရှိခြင်း +၂ အာနိသင်လည်းပါသည်။

အရွက်စိမ်းစိမ်းများ၊ပန်းများနှင့်ပင်စည်ကတစ်ခုတည်းဖြစ်ပြီး စင်းလုံးချောလှပနေသည်။ အစကတည်းကထူးဆန်း၍ စိတ်မဝင်စားဘဲမနေနိုင်ကြ။ ခရီးသည်များတစ်ယောက်ပြီးတစ်ယောက်ရောက်လာသည်။

ခြံစည်းရိုးကာထားသောကြောင့် ပန်းအိမ်ကိုအနီးကပ်မကြည့်နိုင်ပေ။

လင်းဟန်က ပန်းအိမ်ကိုစိတ်ဝင်စားနေသည်။ သူမကအိမ်ဒီဇိုင်းဆွဲသူဖြစ်ပြီး အလှအပကြိုက်သည်။

ချင်းလင်စံအိမ်တွင် တခြားပရောဂျက်များလျှောက်ကြည့်ပြီးနောက် ဒီပန်းအိမ်ဆိုသောအပင်ကိုစိတ်ဝင်စားမိသည်။

လွန်ခဲ့သောနှစ်ရက်က အင်တာနက်ပေါ်တွင်ဒီပန်းအိမ်အကြောင်းတင်သူရှိသည်။ ဗီဒီယိုထဲတွင် ပန်းအိမ်ကအလွန်ကြည့်ကောင်းပြီး အတော်များများစိတ်ဝင်စားနေကြသည်။

ထူးလည်းထူးဆန်းသည်။ အရင်ကတည်းကပန်းအိမ်များရှိခဲ့ပြီး ဗီဒီယိုရိုက်တင်သူများရှိသော်လည်း ဒီလိုဆွဲဆောင်မှုမရှိ။

အခုဗီဒီယိုတင်လိုက်ရင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လိုဖြစ်လာမည်။ ဗီဒီယိုကြည့်ရုံနှင့်တင်လှသည်။ အခုအနားကပ်ကြည့်ရာတွင်လည်း ပိုလှ၍ပိုစိတ်ဝင်စားမိသည်။

အတော်ထူးဆန်းသောခံစားချက်ပင်။

လင်းဟန်ကြည့်နေစဉ် ချင်းလင်စံအိမ်မှတစ်ယောက်ယောက်က ခြံစည်းရိုးလာဖယ်သည်။

ပန်းအိမ်ကပုံပေါ်နေပြီဖြစ်၍ သူတို့လည်းအထဲမှာအလှဆင်ရတော့မည်။ ပြီးရင် ခရီးသည်များအနားယူမည့်မျှော်စင်အဖြစ်အသုံးချမည်။

ထို့ကြောင့် လင်းဟန်စိတ်ဝင်စားသွားပြန်သည်။ အရင်ကခြံစည်းရိုးကာထားသော​ကြောင့် အထဲမှာထူးခြားသည်ကိုဘယ်သူမှသတိမထားမိ။ အခုခြံစည်းရိုးဖယ်လိုက်သောအခါ လင်းဟန်အာရုံစိုက်မိသည်။

အထဲမှာဘယ်လိုနေမလဲ သူမ မစပ်စုဘဲမနေနိုင်။ ချင်းလင်စံအိမ်ကလူများနောက်တစ်နေရာရွှေ့သွားသောကြောင့် သူမကပန်းအိမ်ကိုအနားကပ်စူးစမ်းကြည့်သည်။

"ဒါကတံခါးနဲ့တူတယ်''

သူမကပြောသည်_

"ဟိုအပေါက်လေးက ပြတင်းပေါက်လား?''

ထို့နောက် တံခါးမှပန်းအိမ်အတွင်းကိုချောင်းကြည့်ရာ အထဲကနေရာလွတ်ကိုမြင်ရသည်။

"တကယ် ဒီလိုလား?''

ရုတ်တရက်လင်းဟန်ကြောင်သွားသည်။

ပန်းအိမ်ကိုပုံသွင်းထားသည်ထင်၍ အထဲတွင်သစ်ပင်ပုံစံဖြစ်အောင်စက္ကူများပွရှုပ်နေမည်ဟုထင်ခဲ့သည်။

သို့ရာတွင် အထဲမှာစတုရန်းမီတာသုံးလေးဆယ်ကျယ်နေသောကြောင့် မယုံနိုင်အောင်ဖြစ်မိသည်။ တံခါးနှင့်ပြတင်းပေါက်ကိုကြည့်ပြီး ဒီဇိုင်းတစ်ဦးဖြစ်သောသူမမျက်စိထဲမှာ အကြမ်းထည်တစ်ယောက်ခန်းလေးဟုထင်မိသည်။

တစ်နည်းပြောရရင် နံရံအလှဆင်ထားသောရိုးရိုးရှင်းရှင်းအခန်းတစ်ခုပင်။ အရွက်စိမ်းစိမ်းနှင့်ပွင့်တော့မလိုပန်းများမှာ အကောင်းဆုံးအပြင်အဆင်များဖြစ်သည်။

လင်းဟန်မှာသူထင်ယောင်ထင်မှားဖြစ်နေသလားဟူ၍ သူ့မျက်စိသူမယုံနိုင်ပေ။

All Chapters