← Chapters

လှရက်နိုင်လွန်း!

Vol. 70 Ch. 1046

လှရက်နိုင်လွန်း!

Vol. 70 Ch. 1046

ဒါပန်းအိမ်လား?

အစပိုင်းတော့အံ့ဩပြီး လင်းဟန်ကသူ့မျက်စိသူယုံလိုက်သည်။ သူမကအတွေ့အကြုံရှိအိမ်ဒီဇိုင်နာပင်။

ကိုယ့်ကိုယ်ကိုယ်မှမယုံရင် ဒီအလုပ်ဆက်လုပ်စရာအကြောင်းမရှိ။

နောက်ပြီး ပင်စည်ကကြပ်သိပ်၍အရွက်စိမ်းစိမ်းများဖုံးနေသည်။ ဆောင်းတွင်းမှာတောင် အအေးဓာတ်ဝင်မလာနိုင်။ ကြီးထွားဖို့အကောင်းဆုံးနေရာဖြစ်သည်။

ထို့ကြောင့် သူမကကင်မရာထုတ်ပြီး ပန်းအိမ်အတွင်းပိုင်းကို နေရာလပ်မကျန်ဓာတ်ပုံရိုက်ယူလိုက်သည်။

ဒီဇိုင်နာအကျင့်စွဲနေသောကြောင့် ဒီလိုပန်းအိမ်မျိုးအတွက်ခေတ်သစ်ပရိဘောဂဒီဇိုင်းဖန်တီးချင်သည်။

ဒီလိုအိမ်မျိုးကအံ့ဩစရာကောင်းမည်ဟုသူမထင်သည်။

နောက်ပြီး ဒီပန်းအိမ်က သူမအလှဆင်အလုပ်နှင့်လုံးဝကိုက်သည်။

သေချာပေါက်ပြီးပြည့်စုံသောဒီဇိုင်းကို သူမဖန်တီးမည်။

ဗီဒီယိုရိုက်ပြီး လင်းဟန်ကစံအိမ်ထဲလည်ပတ်ချင်စိတ်မရှိတော့။ စံအိမ်မှအမြန်ပြန်ထွက်လာပြီး တက္ကစီငှားကာကျုံးမင်ဟိုတယ်ကိုပြန်လာသည်။ ထို့နောက် ကွန်ပျူတာထုတ်၍ဗီဒီယိုရိုက်သောပစ္စည်းများနှင့်ချိတ်ဆက်ပြီး ပန်းအိမ်ပုံစံစဖော်သည်။

ချင်းလင်စံအိမ်လှုပ်ရှားမှုကြောင့် တခြားခရီးသည်များစိတ်ဝင်စားသွားသည်။

ခြံစည်းရိုးများဖယ်ပြီးနောက် ဖြတ်သွားဖြတ်လာခရီးသည်များက စူးစမ်းကြည့်ကြသည်။

ဘာပဲဖြစ်​ဖြစ် ပန်းအိမ်ကိုစိုက်ကတည်းက စိတ်ဝင်စားနေသူများသည်။

ထို့ကြောင့် ထူးထူးခြားခြားပန်းအိမ်အတွင်းမှနေရာလွတ်ကြီးကိုလည်း အတော်များများသတိထားမိကြသည်။

မကြာမီ ချင်းလင်စံအိမ်မှလူများက ပန်းအိမ်ထဲတွင်ခုံများ၊စားပွဲများ စလုပ်နေကြသည်ကိုတွေ့ရသည်။

အနားယူသောနေရာပင်။

တစ်ယောက်ယောက်ကဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်သည်။

အရင်ခရီးသည်များအနားယူသောခုံတန်းများကို ချင်းလင်စံအိမ်ကဘာ​ကြောင့်ဖျက်လိုက်လဲ အခုမှသဘောပေါက်ကြသည်။

အချိန်တစ်ခုအထိ လိုင်းပေါ်မှာပန်းအိမ်ကြောင့်လှုပ်လှုပ်ရွရွဖြစ်နေသည်။

"အခုမှပဲ ချင်းလင်စံအိမ်ကဘာလို့ခုံတန်းတွေဖျက်လိုက်လဲသိတော့တယ်... ချင်းလင်စံအိမ်ဆုံးဖြတ်ချက်မှားသွားပြီထင်နေတာ... ငါကမသိတာ ဗဟုသုတနည်းတာကိုး''

"အလှသက်သက်ထင်နေတာ... အဲထက်ပိုမှန်းမသိဘူး!''

"ထင်တဲ့အတိုင်းပဲ... ချင်းလင်စံအိမ်ကဘာလုပ်လုပ် အံ့ဩရတယ်... ဒီလိုလှလှပပအနားယူနိုင်တဲ့နေရာက အရမ်းကောင်းတာပဲလို့ ရုတ်တရက်တွေးမိတယ်... နောက်ထပ် ပြိုင်စံရှားလက္ခဏာတစ်ခုပေါ့''

"@အပေါ်ကလူ... ပြိုင်စံရှားရုံတင်မဟုတ်ဘူး... တခြားရှုမျှော်ခင်းနေရာတွေလိုက်မလုပ်နိုင်တာလည်းဟုတ်တယ်''

"…"

လိုင်းပေါ်တွင် ပန်းအိမ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ် ဗီဒီယိုတစ်ပုဒ်ကိုအာရုံစိုက်မိကြပြန်သည်:

"ချင်းလင်စံအိမ်ကပန်းအိမ်အတွေ့အကြုံကိုမျှဝေကြတာပေါ့... ပန်းတွေအများကြီးနဲ့အထဲဝင်ပြီးအနားယူနိုင်တဲ့ပန်းအိမ်ကိုရှာကြည့်... ပန်းရနံ့မွှေးမွှေးရမယ်... အထဲဝင်လိုက်တာနဲ့ အရမ်းလည်းလန်းဆန်းသွားမယ်... စားဖို့မုန့်တွေအသီးတွေယူသွားရင်အကောင်းဆုံးပဲ... လုံးဝပျော်ဖို့ကောင်းတယ်!''

လန်းဆန်းစေခြင်း +၂ အရည်အသွေးကြောင့်ပင်။

ပန်းအိမ်ထဲတွင်စားပွဲများ၊ထိုင်ခုံများနှင့်အနားယူပြီး အံ့ဩစရာအတွေ့အကြုံအသစ်ကိုခံစားဖူးသူရှိနေပြီ။

ထို့ကြောင့် အားလုံးစိတ်ဝင်စားသွားသည်။

အထူးသဖြင့် ချင်းလင်တောင်တန်းစံအိမ်တွင်ရောက်နေကြသောခရီးသည်များပင်။

မာတီမီဒီယာဌာနမန်နေဂျာလင်းလန်ဇီတောင် သတိထားမိသွားသည်။

စံအိမ်ကပရောဂျက်အသစ်မှန်သမျှကို သူမချက်ချင်းအာရုံစိုက်ရသည်။

အခုပန်းအိမ်နာမည်ကြီးလာသောကြောင့် သူမလည်းဗီဒီယိုရိုက်ပြီး တရားဝင်အကောင့်မှာတင်ချင်သည်။

"မန်နေဂျာလင်း... ပန်းအိမ်မှာ အဲလိုထူးထူးဆန်းဆန်းအာနိသင်မျိုးတကယ်ရှိလား?''

မျက်မှန်နှင့်မိန်းကလေးတစ်ယောက်က စပ်စုသည်။

"မပြောတတ်ဘူး... တစ်ခေါက်သွားကြည့်ဦးမှပဲ''

လင်းလန်ဇီကသက်ပြင်းချပြီးပြောသည်။

အမှန်အတိုင်းပြောရရင် သူမလုံးဝမသိ။

ကြော်ငြာဌာနတာဝန်ခံဖြစ်ပြီး ဒီပရောဂျက်အသစ်ရဲ့ထူးခြားချက်ကိုတောင်မသိပေ။ ခရီးသည်များတင်ပြီးမှသာ သိတော့သည်။

ဒါပေမဲ့ ပန်းအိမ်မှာ ဒီလိုအထဲဝင်ပြီးအနားယူရင်လန်းဆန်းတဲ့အာနိသင်မျိုးရှိမယ်လို့ ဘယ်သူကထင်မှာလဲ?

ဥက္ကဌချင်ကိုယ်တိုင်တောင် မသိလောက်ဘူးမလား?

နောက်ပြီး ခရီးသည်တွေကပိုပြောသည်ဟုသူမထင်သည်။

နေ့ပူတဲ့နေ့မှာလည်ပတ်ရင်းမောလို့ ပန်းအိမ်ထဲဝင်လိုက်တဲ့အခါ လန်းဆန်းတဲ့ခံစားချက်မျိုးဖြစ်တာမလား?

ဒါကြောင့်လည်း အတော်များများက နေပူရင်အရိပ်ခိုချင်ကြသည်။

အခုပန်းအိမ်က နေရောင်ဖောက်မဝင်နိုင်သောကြောင့် အအေးဆုံးနေရာဖြစ်နေသည်။ ဒီလန်းဆန်းတယ်ဆိုတဲ့ခံစားချက်က ခရီးသည်တွေချဲ့ကားပြောတာ​ဖြစ်မည်။

လင်းလန်ဇီ ဒီလိုပဲထင်သည်။

ဒီလိုဆိုရင်တောင် ခရီးသည်များချီးကျူးခံရသောကြောင့် သူတို့ကြော်ငြာတင်ရင် လိုက်ထောက်ခံကြလိမ့်မည်။

ဘယ်လိုထောက်ခံပြီးကြွားမလဲက အရင်အတွေ့အကြုံရှိပြီးသား။

လင်းလန်ဇီနှင့်မျက်မှန်တပ်ထားသောမိန်းကလေးက ရုံးခန်းထဲမှထွက်ပြီး မကြာမီပန်းအိမ်ရှေ့ရောက်လာသည်။ သို့ရာတွင် ပန်းအိမ်အရှေ့၌ တန်းစီစောင့်ဆိုင်းနေသောလူတန်းရှည်ကြီးရှိနေပြီ။

ပန်းအိမ်အတော်များများရှေ့တွင်လည်း ဒီအတိုင်းပင်။ ပန်းအိမ်တစ်အိမ်ရှေ့၌ ရန်တောင်ဖြစ်နေကြသည်။

"ကိုယ့်အသက်မှအားမနာ? ဘာလို့သူများကိုဝင်ခွင့်မပေးတာလဲ?''

"ဟုတ်ပါ့... ပန်းအိမ်က ချင်းလင်စံအိမ်အပိုင်... ခင်ဗျားအိမ်မဟုတ်ဘူး''

"တို့အားလုံးခရီးသွားတွေလေ... အားလုံးဝင်လို့ရတာကို!''

"……"

လင်းလန်ဇီမျက်မှောင်ကြုတ်လိုက်သည်။ မျက်မှန်နှင့်မိန်းကလေးကသွားကြည့်ရာ မိန်းမကြီးတစ်ဦးက ပန်းအိမ်ဝင်ပေါက်အားပိတ်ထားသည်ကိုတွေ့ရသည်။

မီတာသုံးလေးဆယ်ကျယ်ပြီး ခရီးသည်များစွာဝင်နိုင်သောပန်းအိမ်ကမသေးသော်လည်း ဝင်ပေါက်တစ်ပေါက်သာရှိသည်။ ထိုဝင်ပေါက်ကိုပိတ်ထားသောကြောင့် ဘယ်သူမှမဝင်နိုင်။

ထိုမိန်းမကြီးကြောင့် တခြားခရီးသည်များစိတ်မချမ်းသာရ။ အချိန်တစ်ခုကြာသည်အထိ ဝင်ပေါက်ကိုပိတ်ထားပုံရသည်။

သို့သော် တခြားခရီးသည်တွေဘယ်လိုပြောပြော မိန်းမကြီးကလုံးဝဂရုမစိုက်။ သူမကမှန်သလိုလိုနှင့် အော်ပြောသေးသည်_

"ငါအရင်ရောက်တာလေ... ငါ့သားနဲ့မြေးကိုမနှောင့်ယှက်စေချင်ဘူး... သွားလို့ရပြီ... ငါတို့ဒီမှာတစ်ညလုံးနေမှာ''

All Chapters