← Chapters

နာမည်ကြီးပွဲ!

Vol. 70 Ch. 1049

နာမည်ကြီးပွဲ!

Vol. 70 Ch. 1049

လင်းဟန်ဒီဇိုင်းကို ကျောက်မိုချင်းသာမက လိုင်းပေါ်မှာတစ်ယောက်ပြီးတစ်ယောက်စိတ်ဝင်စားလာကြသည်။

လင်းဟန်ဗီဒီယိုကအမြန်နှုန်းနှင့်ပေါက်လာပြီး မှတ်ချက်များပလူပျံနေသည်။

"ဗုဒ္ဓေါ... ပန်းအိမ်ထဲမှာ ဒီလိုဒီဇိုင်းလုပ်လို့ရမယ်မထင်မိဘူး!''

"ပန်းအိမ်ကိုပုံပြောင်းထားတဲ့တစ်ယောက်ခန်းလေးက ကြည်နူးစရာလေး''

"ယောက်ျားနဲ့ခွဲပြီး အဲလိုတစ်ယောက်ခန်းလေးနဲ့နေလိုက်ချင်တယ်''

"ဒီပန်းအိမ်မျိုးရောင်းမှာလား သိချင်တာ... ဘယ်လောက်ကုန်ကုန်.. မီတာသုံးလေးရာကျယ်တဲ့ခြံဝင်းထဲမှာ တစ်အိမ်လောက်ရချင်တယ်''

"အရမ်းစိတ်ကူးယဉ်ဆန်တာပဲ... ချင်းလင်စံအိမ်က လူနေဖို့ပန်းအိမ်ဆောက်ရင် အပြည့်အဝထောက်ခံတယ်''

“......�

...

နောက်တစ်နေ့ လိုင်းပေါ်တွင် ချင်းလင်စံအိမ်နှင့်ပန်းအိမ်က အရှာဖွေခံရဆုံးနာမည်များဖြစ်လာသည်။

ထင်တဲ့အတိုင်း မနေ့ကပန်းအိမ်ကိုနေရာယူထားသောမိန်းမကြီးက အရင်ဆုံးပေါက်လာသည်။

ထိုမိန်းမကြီး ရိုင်းရိုင်းပျပျနှင့်ပြဿနာတက်အောင်လုပ်သောဗီဒီယိုကိုလိုင်းပေါ်တင်လိုက်ရာ ချက်ချင်းပေါက်သွားသည်။

ချင်းလင်စံအိမ်ပန်းအိမ်ကနာမည်ကြီးသောကြောင့်သော်လည်းကောင်း၊ အသစ်ရောက်လာသူကိုပိတ်ပင်တတ်သောအဒေါ်ကြီးများ လိုင်းပေါ်မှာအတွေ့ရများသောကြောင့်​​သော်လည်းကောင်းဟုဆိုရမည်။ ပြည်သူများကအမြင်ကတ်၍ အပြစ်မပြောဘဲမနေနိုင်ကြ။

မနေ့က မြေအောက်ကားပါကင်ကိုနေရာယူထားသောအဒေါ်ကြီးက သူမှန်သလိုလိုပြောသေးသည်။ ဒီနေ့ ချင်းလင်စံအိမ်လိုရှုမျှော်ခင်းနေရာမှာ ပွဲရှာသောအဒေါ်ကြီးတစ်​ယောက်သတင်းတက်ပြန်သည်။

ဒီလိုနေရာယူတတ်သောအဒေါ်ကြီးများကြောင့် တဖြည်းဖြည်းနှင့် 'အဒေါ်ကြီး'ဆိုသောစကားက ကင်ဆာလိုဖြစ်လာသည်။

ထို့ကြောင့် အသက်ကြီးပြီးအချိန်မစီးဘူးဟူ၍ လူတွေရင်ထဲမှာအမြစ်တွယ်လာ၏။

ဗီဒီယိုထဲတွင် ထိုမိန်းမကြီးကိုရဲခေါ်သွားသောကြောင့် မှတ်ချက်များပိုပေးကြသည်။

"ကိုယ့်ထက်ကြီးတဲ့အကြီးတွေကိုရိုသေပါတယ်... လူမှုရေးအရ လောကဝတ်အရ ဦးစားလည်းပေးပါတယ်... ဒါပေမဲ့ တချို့လူကြီးတွေက မှတ်လောက်သားလောက်အပြစ်ပေးမှရမယ်''

"လူကြီးဆိုတာနဲ့ လေးစားပြီး အထူးဂရုစိုက်တာတွေမရ''

ထို့အပြင် ပန်းအိမ်နှင့်ဒီဇိုင်နာလင်းဟန်က ပိုနာမည်ကြီးလာသေးသည်။

တစ်ညတည်းနှင့် ထိုဒီဇိုင်နာချောချောက လိုင်းပေါ်မှာနာမည်အကြီးဆုံးဖြစ်လာပြီး အတော်များများကသူ့ဗီဒီယိုအောက်တွင် ချင်းလင်စံအိမ်ကို@တွဲကြသည်။

အိမ်ကအရမ်းလှသည်။ အတော်များများ ဒီလိုကြည်နူးစရာနတ်သမီးအိမ်မျိုးလိုချင်ကြလိမ့်မည်။

ထိုအချိန်တွင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှကြေညာချက်ဗီဒီယိုနှစ်ခုထွက်လာ၍ အားလုံးစိတ်ဝင်စားသွားသည်။

ပထမဗီဒီယိုမှာ_

"အားလုံး မင်္ဂလာပါ... ကျွန်မက လန်ဇီပါ... အားလုံး@တွဲထားတဲ့ဗီဒီယိုကိုတုံ့ပြန်တဲ့အနေနဲ့ ပန်းအိမ်အကြောင်းရှင်းပြချင်ပါတယ်''

"ဒီပန်းအိမ်တစ်အိမ်လုံးက သစ်ပင်တစ်ပင်ပါ... အရမ်းထူးဆန်းပါတယ်... ပန်းအိမ်ဖြစ်လာပြီးရင် အရမ်းလည်းလှပါတယ်''

"ဒီပန်းအိမ်ကို အိမ်လိုနေလို့ရပါတယ်... ပန်းရနံ့ကိုခံစားနိုင်တဲ့အပြင် လန်းလန်းဆန်းဆန်းလည်းဖြစ်စေပါတယ်... အဓိကက အရမ်းခိုင်ခံ့တဲ့အတွက်ကြောင့် ဆယ်စုနှစ်ချီနေနိုင်ပါတယ်... ဒီပန်းအိမ်ကိုကြော်ငြာမလား အားလုံးသိချင်နေကြမယ်ထင်ပါတယ်''

"စိတ်မကောင်းစွာနဲ့ပြောရပါဦးမယ်... ဒီပန်းအိမ်မျိုးစိတ်ပြောင်းပုံက လက်ရှိသိပ္ပံနည်းကျရှင်းမပြနိုင်တဲ့အတွက် မျိုးစေ့အရေအတွက်က အကန့်အသတ်ရှိနေပါတယ်... မျိုးစေ့ထပ်ပြီးပျိုးထောင်လို့မရပါဘူး... နောက်နှစ် ၂၀ ၃၀ လောက်အထိရဦးမှာမဟုတ်ပါဘူး''

ဗီဒီယိုကြည့်ပြီး စိတ်ပျက်သွားကြသည်။ ဘာပဲဖြစ်​ဖြစ် ပန်းအိမ်မြင်ပြီးကတည်းက ပန်းအိမ်လေးတစ်လုံးလောက်လိုချင်သည်ဟု အတော်များများကစိတ်ကူးထားကြသည်။

ပန်းအိမ်ကိုဘယ်မှာစိုက်ရမလဲတောင်တွေးထားကြသည်။

အခုကျ ပန်းအိမ်မျိုးစေ့ရနိုင်မယ့်နည်းမရှိဘူးတဲ့လား?

ဒါပေမဲ့ မျိုးစေ့တစ်စေ့ကနေ မီတာသုံးလေးဆယ်ကျယ်တဲ့အိမ်တစ်လုံးဖြစ်နိုင်တဲ့ပန်းအိမ်ရဲ့ထူးခြားပုံကိုစဉ်းစားကြည့်ရင် ပျိုးမထောင်နိုင်တာလည်းပုံမှန်ပင်။

ဘာပဲဖြစ်​ဖြစ် သိပ္ပံနည်းကျရှင်းပြဖို့ခက်နေသည်။

ဒါကလည်း ပန်းအိမ်အလွန်တန်ဖိုးရှိကြောင်းသက်သေဖြစ်သည်။ နောက်ပြီး ချင်းလင်စံအိမ်ရဲ့ပြိုင်စံရှားတစ်ခုပင်။ သူများတွေလိုချင်ရင်တောင် မရနိုင်။

ဒုတိယကြေညာချက်ဗီဒီယိုကိုလည်း စိတ်ဝင်စားကြသည်:

"အားလုံး မင်္ဂလာပါ... ကျွန်မက လန်ဇီပါ... ဒီဇိုင်နာလင်းဟန်ရဲ့ဒီဇိုင်းတွေကိုအားလုံးမြင်ပြီးပြီထင်ပါတယ်... ကျွန်မတို့သူဌေးနဲ့သူဌေးကတော်ကလည်း အရမ်းသဘောကျနေပါတယ်''

"အဲဒါကြောင့် ဒီဇိုင်နာလင်းဟန်ရဲဲ့ဒီဇိုင်းကိုဝယ်ပြီး အဲဒီဒီဇိုင်းအတိုင်းပန်းအိမ်ဆောက်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်''

"ဆုလာဘ်အနေနဲ့ ကျွန်မတို့သူဌေးက ဒီဇိုင်နာလင်းဟန်ကိုပန်းအိမ်မျိုးစေ့တစ်စေ့ပေးမှာပါ''

ပြည်သူများကဗီဒီယိုကြည့်ရင်း ထိုနေရာအရောက်တွင်ရူးမတတ်ပင်။

အရင်ဗီဒီယိုမှာ ပန်းအိမ်မျိုးစေ့ကိုပျိုးမထောင်နိုင်တဲ့အကြောင်း၊မကြော်ငြာနိုင်တဲ့အကြောင်းပြောခဲ့သည်။ ချင်းလင်စံအိမ်မှာသာစိုက်ပျိုးထားသည်။

အခုကျ ချင်းလင်စံအိမ်ပိုင်ရှင်က လင်းဟန်ကိုသူ့ဒီဇိုင်းကြောင့် ပန်းအိမ်မျိုးစေ့ပေးမယ်တဲ့လား?

မနာလိုစရာကောင်းလိုက်တာ!

စဉ်းစားကြည့်မှ ဆယ်စုနှစ်ချီနေနိုင်တဲ့ပန်းအိမ်ရဲ့တန်ဖိုးက မြို့ကပထမတန်းစားအိမ်တွေထက်တော့မလျော့နိုင်လောက်? ပိုတန်ဖိုးကြီးရင်ကြီးဦးမည်။

နောက်ပြီး အပြင်မှာနံပါတ်တစ်ပန်းအိမ်ဖြစ်လာနိုင်သည်။

ဗီဒီယိုက မဆုံးသေး။

ဗီဒီယိုထဲတွင် လင်းလန်ဇီကဆက်ပြောနေသည်_

"တချိန်တည်းမှာ ကျွန်မတို့သူဌေးနဲ့သူဌေးကတော်က ဖန်တီးရှင်ဒီဇိုင်နာပွဲလည်းလုပ်ပါမယ်... ပန်းအိမ်ပုံစံကိုဒီဇိုင်းဆွဲဖို့ပါ... ပုံစံကို ကျွန်မတို့ချင်းလင်စံအိမ်တရားဝင်အကောင့်မှာပို့ပေးရပါမယ်''

"ကျွန်မတို့တရားဝင်အကောင့်က စံအိမ်ပရိသတ်တွေမဲပေးဖို့လည်းစီစဉ်ထားပါတယ်... ပန်းအိမ်ပုံစံအတွက်အထောက်အပံ့ပစ္စည်းဗီဒီယိုတွေလည်းရှိပါတယ်''

"ပြီးရင် လူကြိုက်အများဆုံးဒီဇိုင်း ၅ ခု.. ကျွန်မတို့သူဌေးကတော်သဘောကျတဲ့ဒီဇိုင်နာ ၅ ယောက်က လက်​ဆောင်အနေနဲ့ ပန်းအိမ်မျိုးစေ့ရပါမယ်''

"နောက်ပြီးတော့ လူကြိုက်အများဆုံးဒီဇိုင်နာ ၅ ယောက်အတွက် မဲပေးတဲ့ပရိသတ်တွေထဲကကံထူးရှင်နှစ်ယောက်ကို ပန်းအိမ်မျိုးစေ့တစ်စေ့ဆီပေးသွားပါမယ်''

All Chapters