← Chapters

နာမည်ကြီးပွဲ! ၂

Vol. 70 Ch. 1050

နာမည်ကြီးပွဲ! ၂

Vol. 70 Ch. 1050

နောက်ပြီး ဒီပန်းအိမ်မျိုးစေ့တွေက လက်ကျန်မရှိတော့။ ချင်းလင်စံအိမ်မှလွဲ၍ အပြင်မှာဒီမျိုးစေ့တွေသာရှိမည်။

ထိုဗီဒီယိုထွက်သည်နှင့် အုတ်အော်သောင်းတင်းဖြစ်သွား၏။

ပန်းအိမ်ကို ချင်းလင်စံအိမ်မှာသာထားပြီး အပြင်လောကအတွက်ဂန္တဝင်ဆန်ဆန်အရာဖြစ်မည်ဟုထင်ခဲ့ကြသည်။

သို့သော် ချင်းလင်စံအိမ်ပိုင်ရှင်က မျိုးစေ့ပေးမည်ဟုဘယ်သူမှမတွေးမိ။

လင်းဟန်က တစ်စေ့၊ တင်သွင်းတဲ့ဒီဇိုင်းတွေကနေရနိုင်တာက ၁၀ စေ့။ နောက်ပြီး ချင်းလင်စံအိမ်ပရိသတ်ကိုမဲနှိုက်ပေးမှာက ၁၀ စေ့။

စုစုပေါင်း ၂၁ စေ့!

ဒီ ၂၁ စေ့က အပြင်မှာလက်ရာမြောက်ပစ္စည်းဟုယူဆနိုင်သည်။

ဗီဒီယိုထွက်ထွက်ချင်း လှုပ်လှုပ်ရွရွဖြစ်သွားပြီး အချိန်တိုအတွင်း ပန်းအိမ်ဝယ်ချင်ကြောင်းမှတ်ချက်ပေးသူတွေများလာသည်။

"တစ်သန်း... မျိုးစေ့ဘယ်သူပဲရရ.. လာခဲ့''

"တစ်သန်းနဲ့ ကိုယ့်အရှက်ကိုယ်မခွဲပါနဲ့... ငါ ၃ သန်းပေးမယ်!''

"၅ သန်း!''

"……"

တန်ဖိုးကမြင့်သည်ထက်မြင့်လာသည်။ ပန်းအိမ်တန်ဖိုးကို သေချာသိသူများပင်။ သူတို့နေထိုင်နိုင်ရုံသာမက ရှေ့လျှောက်စုဆောင်းပစ္စည်းအဖြစ်လည်းတန်ဖိုးရှိလာဦးမည်။

မျိုးစေ့ဝယ်ပြီး ပန်းအိမ်ပျိုးထောင်ရန်ကြိုးစားနေသူများလည်းရှိသည်။ ဒီလူတွေက ကိုယ့်လုပ်နိုင်စွမ်းကိုယ်မသိကြ။

ပြင်ပပေါက်ကြားမှုမရှိဘဲ ပျိုးထောင်ဖို့မ​ဖြစ်နိုင်။

မကြာမီ လိုင်းပေါ်တွင်ပန်းအိမ်မျိုးစေ့တန်ဖိုးက ၁၀ သန်းအထိတက်လာသည်။

လေလံဆွဲသူကလည်း တွေ့မြင်နေကျအင်တာနက်ဆယ်လီ၊ သို့မဟုတ် ဒုတိယမျိုးဆက်သူဌေးသား၊ အရှုံးသမားနှင့်တူသောသခင်လေးဝမ်ဖြစ်သည်။

သူကပုံအောပေးနေသောကြောင့် သတင်းတွေထဲကအတိုင်း တလောကရင်းနှီးမြှုပ်နှံပြီးအချီကြီးရထားတာဖြစ်မည်။

မျိုးစေ့တစ်စေ့ဆယ်သန်းကြောင့် လိုင်းပေါ်တွင်ပွက်လောညံသွားသည်။

ချင်းလင်စံအိမ်ကမျိုးစေ့မပေးရသေး၊ ပွဲမစရသေးသော်လည်း တန်ဖိုးကမိုးထိတက်နေသည်။ ကြောက်ခမန်းလိလိပင်။

ဒါကြောင့်လည်း အတော်များများက ကွန်ပျူတာနှင့်ဆွဲတံကိုင်ပြီး ချင်းလင်စံအိမ်မှပေးသောပုံစံဗီဒီယိုကိုဆွဲယူကာ ဒီဇိုင်းစဆွဲကြသည်။

ကျွမ်းကျင်ဒီဇိုင်နာများ၊ကျောင်းသားများ၊သာမန်လူများပါပြီး အားလုံးကမျိုးစေ့ရရေးအတွက်ပင်။

အတော်များများက Tiktok အမြန်ဖွင့်ပြီး ချင်းလင်စံအိမ်အကောင့်ရှာကာ ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုလိုက်ကြည့်ကြသည်။

ချင်းလင်စံအိမ်ပရိသတ်များသာမဲပေးနိုင်သောကြောင့် မဲပေးထားသည့်ဒီဇိုင်းကအနိုင်ရသွားရင် မဲပေါက်နိုင်ခြေရှိသည်။

မျိုးစေ့တစ်စေ့ ယွမ် ၁၀ သန်းတန်ပြီး အခွင့်အရေး ၁၀ ကြိမ်ရှိသည်။

ဒါ ထီထိုးတာထက်ပိုမကောင်းဘူးလား?

အချိန်တိုအတွင်း Tiktok ဗီဒီယိုကြည့်ထားသူများက ချင်းလင်စံအိမ်တရားဝင်အကောင့်သွားပြီး follow နှိပ်ကြသောကြောင့် တရားဝင်အကောင့်ပရိသတ်အရေအတွက်ထိုးတက်လာသည်။

Tiktok ကလည်း သတိထားမိသည်။ ဘာပဲဖြစ်ဖြစ် အသုံးပြုသူများက ချင်းလင်စံအိမ်ထဲတိုးဝင်နေသော​ကြောင့် သူတို့မမြင်နိုင်တာမဟုတ်။

ချင်းလင်စံအိမ်က လူဝင်လမ်းကြောင်းကိုလုံးဝအုပ်စိုးထားနိုင်မှသာ သက်ပြင်းချနိုင်တော့သည်။

သို့သော် သူတို့မှာရွေးချယ်စရာမရှိ။ အင်တာနက်ဆယ်လီများကိုသာထိန်းချုပ်နိုင်သည်။ သူတို့ကိုတားမြစ်ရင်လည်း တားမြစ်စေတော့။ နာမည်အကြီးဆုံးအင်တာနက်ဆယ်လီတောင် တစ်လ၊နှစ်လတားမြစ်ခံရပါက နာမည်သေသွားနိုင်သည်။ သူတို့ကအချိန်မရွေး တခြားတစ်ခုကိုနာမည်ကြီးအောင်လုပ်နိုင်သည်။

သို့သော် ချင်းလင်စံအိမ်ကလုံးဝမတူ။ နှစ်ခုမရှိနိုင်သောအရာဖြစ်သည်။

နောက်ပြီး ချင်းလင်စံအိမ်ရဲ့အင်အားကိုမယှဉ်နိုင်။ ချင်းလင်စံအိမ်ကိုတားမြစ်လိုက်ရင် တခြားပလက်ဖောင်းတစ်ခုကချက်ချင်း ချင်းလင်စံအိမ်ကိုဖိတ်ခေါ်မှာအသေအချာပင်။

နောက်ပြီး ချင်းလင်စံအိမ်နာမည်ကြီးလိုက်ပုံက ဘယ်ပလက်ဖောင်းမှာမဆို ကျော်ကြားလိမ့်မည်။ အဲဒီကျရင် သူတို့လူတွေပါသွားလိမ့်မည်။

အထူးသဖြင့် ချင်းလင်စံအိမ်က သုံးရက်တစ်ခါနာမည်ကြီးနေတော့ သူတို့အသံထွက်လာမလား? ချင်းလင်စံအိမ်ကတရားစွဲမှာစိုးရသည်။

ဒီလိုဆိုမှတော့ ချင်းလင်စံအိမ်နာမည်ကြီးချင်သလောက်ကြီးစေတော့။

လင်းလန်ဇီကသူမရုံးခန်းထဲထိုင်ပြီး စံအိမ်တရားဝင်အကောင့်မှပရိသတ်များတက်လာသည်ကိုကြည့်နေသည်။ သူမ မပြုံးဘဲမနေနိုင်။

ဥက္ကဌချင်ကတော့ ဥက္ကဌချင်ပါပဲ။ အစီအစဉ်တကယ်ကောင်း။

ဒီရိုးရိုးရှင်းရှင်းပွဲက စံအိမ်တရားဝင်အကောင့်ပရိသတ်များကို အရူးအမူးဖြစ်စေသည်။ ဒီနှုန်းအတိုင်းတက်လာရင် ပွဲပြီးတဲ့အခါ သန်း ၁၀၀ ကျော်နိုင်သည်။

ပန်းအိမ်မျိုးစေ့က ဆွဲဆောင်နိုင်လိုက်ပုံများ။

ကျောက်မိုချင်းသဘောကျသောကြောင့် ချင်လင်အကြံရမှန်း လင်းလန်ဇီမသိပေ။

သို့ရာတွင် အင်တာနက်မှာ ပန်းအိမ်မျိုးစေ့အကြောင်းအပူတပြင်းဆွေးနွေးနေကြပြီး လင်းဟန်ဆီအာရုံရောက်သွားပြန်သည်။

တခြားပန်းအိမ်မျိုးစေ့ကိုဘယ်သူရမှန်းမသိသော်လည်း လင်းဟန်ကတော့မျိုးစေ့တစ်စေ့ရဖို့သေချာသည်။

လင်းဟန်က မယုံနိုင်အောင်ဖြစ်နေသည်။ သူမစိတ်တိုင်းကျပန်းအိမ်ဒီဇိုင်းပုံဖော်ခဲ့တာဆိုပေမဲ့ ဒီလောက်နာမည်ကြီးလာမယ်လို့ဘယ်ထင်မလဲ?

ဒီဇီုင်နာတွေလုပ်လေ့ရှိသလို သူမကိုယ်ပိုင်အကောင့်ကိုသုံးခဲ့သည်။ ကိုယ့်မီဒီယာအကောင့်မှာဒီဇိုင်းများတင်ပြီး ဖောက်သည်များကိုဆွဲဆောင်ခြင်းပင်။

သို့ရာတွင် ဒီအကောင့်မှာ နှစ်ဝက်ကြာပြီးမှ ပရိသတ် ၁၀၀၀ သာရှိသည်။

ပန်းအိမ်ဒီဇိုင်းတင်ပြီးနောက်ပိုင်း အသိပေးစာတွေကမရပ်တော့။ အချိန်တိုအတွင်း ပရိသတ် ၅၀၀၀၀၀ ကျော်သွားပြီး ၁ သန်းနားကပ်လာသည်။

အိပ်မက်မက်နေသလိုပင်။

နောက်ပြီး အရင်ကအဆက်အသွယ်မရှိဖူးသောဆွေမျိုး၊မိတ်ဆွေ၊အတန်းဖော်များက လာပြီးဂုဏ်ပြုနေကြသည်။

'အောင်မြင်ရင်မိတ်ဆွေမရှား'ဆိုတဲ့စကားကို သူမသေချာသဘောပေါက်သွားသည်။

ချင်းလင်စံအိမ်သူဌေးက သူမရဲ့ပန်းအိမ်ဒီဇိုင်းအတိုင်းဆောက်ခိုင်းပြီး ပန်းအိမ်မျိုးစေ့တစ်စေ့ပါပေးဦးမယ်ဆိုတော့ ပိုပြီးမယုံချင်စရာကောင်းနေသေး။

ထို့ကြောင့် သီးသန့်စကားလာပြောသူများ တပုံတခေါင်းပင်။ အတော်များများက ပန်းအိမ်မျိုးစေ့ရောင်းမလားဟုမေးကြသည်။ နာမည်ကြီးစတားချန်ချီချီကတောင် သူမသူငယ်ချင်းသခင်လေးဝမ်အတွက်ဆိုကာ ယွမ် ၁၀ သန်းကမ်းလှမ်းသေးသည်။

ထို့ကြောင့် သူမ ဝေခွဲမရဖြစ်လာသည်။

ပန်းအိမ်မျိုးစေ့နှင့်ယွမ်ဆယ်သန်းက ခေါင်းထဲချာချာလည်နေသည်။

နောက်ဆုံး လင်းဟန်က ချင်းလင်စံအိမ်ရုံးခန်းကိုအပြေးသွားလိုက်သည်။ ချင်းလင်စံအိမ်သူဌေးအတွက် သူမဒီဇိုင်းနဲ့ပန်းအိမ်ဆောက်ပေးဖို့က ပိုအရေးကြီးမှန်းသူမသိသည်။

…

လိုင်းပေါ်မှာလှုပ်လှုပ်ရှားရှားဖြစ်နေသော်လည်း ပွဲလုပ်သူချင်လင်က သိပ်အာရုံမစိုက်။ ဘာပဲဖြစ်ဖြစ် သူကသူဌေး။ လင်းလန်ဇီတို့ကလစာနဲ့တန်အောင် ကောင်းကောင်းလုပ်ကြလိမ့်မည်။

ရုံးခန်းထဲ၌_

သူကထိုင်ခုံမှာထိုင်ပြီး သူ့စိတ်ထဲမှဂိမ်းကိုအပြည့်အဝအာရုံစိုက်ထားသည်။ သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားပြီးဆက်တူးစေသည်။

ဒါပေမဲ့ ဒီနေ့ သူ့ကံသိပ်မကောင်းသေး။

သူ့ဂိမ်းဇာတ်ကောင်ကို လေးလွှာဆက်တိုက်တူးခိုင်းသည်။ ၃၉ လွှာမြောက်ကိုတူးပြီး ရွှေ၊ငွေ၊ကြေးနီအပြင် စိန်တစ်လုံးသာရသည်။ ထူးထူးခြားခြားဘာမှမရ။

အရိုး ဒါမှမဟုတ် ကမ္ဘာ့စမ်းရေရဖို့နေနေသာသာ ဆံပင်တစ်မွေးတောင်မရပေ။

ထို့ကြောင့် ဝမ်ချိုင်ပါချထားတာကိုများတက်နင်းမိသလားဟူ၍ အမှတ်တမဲ့ခြေထောက်မြှောက်ကြည့်လိုက်သေးသည်။

ဒါပေမဲ့ မဟုတ်သေး။ ဝမ်ချိုင်ပါတာတက်နင်းမိရင် ကံကောင်းရမှာပေါ့။

ထိုသို့တွေးမိပြီး ဝမ်ချိုင်ကိုလှမ်းခေါ်ချင်စိတ်ပေါ်လာသည်။

နောက်မှ သူကသခင်ဆိုတဲ့ဂုဏ်သိက္ခာကိုသတိရပြီး စိတ်ပြန်ထိန်းလိုက်ရ၏။

ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းအလွှာ ၄၀ ကိုဆက်တူးစေသည်။

အလွှာ ၄၀ တွင် ကံစကောင်းလာပုံရသည်။ လေးငါးချက်တူးပြီး အထူးအသိပေးစာရ၏။

(ဂုဏ်ယူပါတယ်... အထူးဥက္ကာခဲတူးဖော်ရရှိပါတယ်!)

ဥက္ကာခဲ?

ချင်လင်နည်းနည်းဇဝေဇဝါဖြစ်သွားသည်။

အဲဒါဘာကြီးလဲ?

စိန်နဲ့ကျောက်စိမ်းအကြောင်း သူသိသည်။ အားလုံးက အဖိုးတန်ပစ္စည်းတွေ။

ဒီဥက္ကာခဲအကြောင်းတော့မသိ။

သူကဂိမ်းဇာတ်ကောင်ကိုဆက်တူးခိုင်းသော်လည်း ရွှေ၊ငွေ၊ကြေးနီအပြင် ဥက္ကာခဲသာထပ်ရသည်။ သူရှိကြောင်းပြနေသလိုပင်။

(ဂုဏ်ယူပါတယ်... အထူးဥက္ကာခဲတူးဖော်ရရှိပါတယ်!)

"ကျွတ် ကျွတ်''

ချင်လင်ပြောတုန်းရှိသေး။

နောက်ထပ်လား?

ဆက်တူး!

(ဂုဏ်ယူပါတယ်... အထူးဥက္ကာခဲတူးဖော်ရရှိပါတယ်!)

…

(ဂုဏ်ယူပါတယ်... အထူးဥက္ကာခဲတူးဖော်ရရှိပါတယ်!)

ထိုပစ္စည်းကို ၄ ကြိမ်ဆက်တိုက်ရပြီး ချင်လင်ပြောစရာစကားမရှိတော့။

"……"

ဘာလဲဟ အစုတ်ပလုတ်ဂိမ်းထုတ်လုပ်သူ? ရေကန်သတ္တုတွင်းအလွှာ ၄၀ က ဥက္ကာခဲသိုက်လား?

ဆက်တူးချင်စိတ်တောင်မရှိတော့။

သူကစိတ်တိုတိုနှင့် ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေသည်။ ထို့နောက် သူကအတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ အဲဒီပစ္စည်းကဘာလဲ၊ဘယ်လိုထူးခြားလဲ သူကြည့်ချင်သည်!

(ရှားပါး - အထူးဥက္ကာခဲ: အလွန်တန်ဖိုးကြီး!)

ရှားပါး၊အလွန်တန်ဖိုးကြီးဆိုသောမှတ်ချက်ကြောင့် ချင်လင်ဆဲချင်သွားသည်။ တစ်လွှာတည်းမှာ ၄ ခုဆက်တိုက်ရတာ ရှားပါး၊အလွန်တန်ဖိုးကြီးတဲ့လား?

သို့သော် နောက်မှတ်ချက်များကိုဆက်ဖတ်ပြီး သူလုံးဝကြောင်သွားသည်။

(အထူးဥက္ကာခဲကြွေပြီးဖြစ်လာသောအလွန်တန်ဖိုးကြီးသည့်ကျောက်ဖြစ်သည်။ ကမ္ဘာမှာသိပ်များများစားစားမရှိ။ သင့်ခြေဖဝါးနှင့်ပွတ်တိုက်လျှင် အထူးအာနိသင်ရှိလာမည်:

စီးကြောင်းပွင့်ခြင်း +၂၊ အစာအိမ်နှင့်အူလမ်းကြောင်းအတွက် ရင်းရှန်ကိုလှုံ့ဆော်ပေးခြင်း +၂၊ သရက်ရွက်အတွက် ရင်းပိုင်ကိုလှုံ့ဆော်ပေးခြင်း +၂၊ ဆီးအိမ်အတွက် ရှန်မင်ကိုလှုံ့ဆော်ပေးခြင်း +၂၊ ကျောက်ကပ်အတွက် ယုံချွမ်ကိုလှုံ့ဆော်ပေးခြင်း +၂၊ ရွှမ်ယွမ်သက်သာစေခြင်း +၂၊ အထူးသိပ္ပံဆိုင်ရာအာနိသင် +၂!)

ခြေဖဝါးနဲ့ပွတ်ရင် အထူးအာနိသင်ရှိလာမယ်?

ကျန်းမာရေးအာနိသင်များကြောင့် သူကြောင်သွားသည်။

ခြေဖဝါးဆေးစိမ်လုပ်ငန်းတွေက ခြေဖဝါးမှာခန္ဓာကိုယ်တကိုယ်လုံးကိုလွှမ်းမိုးနိုင်တဲ့အဆင့်များစွာရှိကြောင်းကြော်ငြာကြပေမဲ့ ဒီအထူးဥက္ကာခဲရဲ့အထူးအာနိသင်တွေက ထူးလွန်းနေတယ်မလား?

All Chapters