ကောင်းကင်ထက်မှနွံအိုင်ဆီသို့ ၊ နွံအိုင်ထဲမှကောင်းကင်ဆီသို့
Vol. 104 Ch. 1451
အခန်း (၁၄၅၁) ကောင်းကင်ထက်မှနွံအိုင်ဆီသို့ ၊ နွံအိုင်ထဲမှကောင်းကင်ဆီသို့
တိုက်တိုင်းအောင်ဗုဒ္ဓ၏ ရည်မှန်းချက်က ဖန်းယွင်ရှန်းကို ခေါ်ဆောင်သွားရန်ဖြစ်သည်။
ယခု သူက ဖန်းယွင်ရှန်းကို ဖိနှိပ်ထားရုံသာမက သူမက မလိုလားအပ်သည်များကို လုပ်ဆောင်မည်စိုးရိမ်သဖြင့် မူလကောင်းကင်ကပ်ဘးကို စိန်မခေါ်နိုင်ရန် လမ်းကြောင်းကို ဖြတ်တောက်ထားခဲ့သည်။
ထိုသို့ စိတ်ထဲတွင်ရည်ရွယ်ထားသော်လည်း နယ်ပယ်များစွာတွင် ကန့်သတ်ခံထားရသည်ဟု သူ ခံစားနေရသည်။
တိုက်တိုင်းအောင်ဗုဒ္ဓက ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓအဖြစ် တက်လှမ်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဖန်းယွင်ရှန်းကို ဖိနှိပ်ရန် ကြိုးစားရာတွင် ကြီးမားသော အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။
ဖန်းယွင်ရှန်းက ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကိုဆောင်းထားပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျွမ်းကျင်သူများတွင် အထွတ်ထိပ်အဆင့် ဖြစ်သည်။
သူမက ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များနှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
ယခင်တိုက်ပွဲကြောင့်သာ သူမ ပင်ပန်းနေခဲ့ခြင်းမရှိပါက တိုက်တိုင်းအောင်ဗုဒ္ဓ မည်မျှဖိနှိပ်ထားပါစေ သူမကို လွှမ်းမိုးနိုင်မည်မဟုတ်သလို ဖမ်းဆီးရန်လည်း နည်းလမ်းမရှီနိုင်ပေ။
ထို့အတူ မူလကောင်းကင်ကပ်ဘေးကို စိန်ခေါ်ခြင်းမှ တားဆီးရန်လည်း မဖြစ်နိုင်ပေ။
ဗုဒ္ဓဘာသာကျင့်ကြံသူများ၏သိုင်းပညာက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းတွင် အထူးပြုထားသည်။ သို့သော် တိုက်တိုင်းအောင်ဗုဒ္ဓက ဖန်းယွင်ရှန်းနှင့် စိတ်ဝိညာဉ်အဆင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်မဝင်စားခဲ့ပေ။
ဖန်းယွင်ရှန်းက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်မှာပင် နတ်ဘုရားတစ်ပါးဖြစ်သော ကျန်းရွှင်ဟွားကို စိတ်ဝိညာဉ်အဆင့်တွင် အနိုင်ယူခဲ့ဖူးကြောင်း သိရှိထားသည်။
ထိုအချိန်ကပင် သူမက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကို ရယူလျှက်ဖြင့်ပင် သူမ၏ စိတ်ကိုလည်း သန့်ရှင်းစင်ကြယ်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထို့ကြောင်း ဖန်းယွင်ရှန်း၏စိတ်ဝိညာဉ် မည်မျှထူးခြားကြောင်း သူ သိရှိထားသည်။
သို့သော် ယခု သူမနှင့် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ပြီးမှသာ သူမသည် မည်မျှထူးချွန်ကြောင်း သဘောပေါက်ခဲ့ရသည်။
ဖန်းယွင်ရှန်းအကြောင်း သဘောပေါက်သွားသည်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓက ဗုဒ္ဓကျမ်းစာများရွတ်ဆိုလိုက်ပြီး သူ၏ ဦးခေါင်းထက်ရှိ ရွှေရောင်
ဤအချက်ကို သိရှိလိုက်ရသဖြင့်၊ တိုက်တိုင်းအောင်ဗုဒ္ဓသည် ဗုဒ္ဓဘာသာ၏ ရွတ်ဆိုသံများကို ရွတ်ဆိုလိုက်ပြီး၊ သူ၏ ခေါင်းထက်ရှိ ရွှေရောင်မီးခွက်အတွင်းမှ သရီရတနာကို လွှတ်ထုတ်လိုက်သည်။
ထို့နောက် သူက တင်ပျဉ်ခွေထိုင်လျှက် သူ၏ ဦးခေါင်း(၂၀)လုံးက ကျမ်းစာရွတ်ဆိုလျှက် လက်(၁၈)ဖက်ကိုလည်း ဖြန့်ကားလိုက်သည်။
အစိမ်းရောင်ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာပြီး ဗုဒ္ဓနယ်မြေတစ်ခုဖြစ်တည်လာကာ ဖန်ယွင်ရှန်းကို စတင်ဖိနှိပ်လာသည်။
ဖန်းယွင်ရှန်းက သူမ၏စိတ်အခြေအနေကို ခိုင်မာစွာထိန်းထားပြီး တိုက်တိုင်းအောင်ဗုဒ္ဓ၏ ဖိနှိပ်မှုကို ငြင်းဆန်လျှက်ရှိသည်။
သို့သော် ပျံသန်းလာသည့် သရီရဓာတ်တော်က သူမ၏စိတ်ဝိညာဉ်ကို အနည်းနှင့်အများ ထိခိုက်စေခဲ့သည်။
တိုက်တိုင်းအောင်ဗုဒ္ဓ၏ လက်ဝါးရိုက်ချက်ထိမှန်ပြီး သွေးနီရောင်ဓားအလင်းတန်း ပျက်ဆီးသွားသဖြင့် မိုးပျံရွက်လှေကြီးမှာလည်း ရပ်တန့်သွားခဲ့သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူများသာမက နတ်မိစ္ဆာမျိုးနွယ်များနှင့် ငရဲကိုးထပ်မှနတ်ဆိုးများ ရွက်လှေကြီးရှိရာသို့ ဝိုင်းအုံရောက်ရှိလာကြသည်။
ကောင်းချင်းရွှမ်၏မျက်နှာက ဖြူဖျော့နေပြီး သူမ၏ စွမ်းအားရောင်ဝါသည်လည်း အားနည်းလျှက်ရှိသည်။
သို့သော် သူမ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူမ၏ကိုယ်ပွားနှင့်ပူးပေါင်းကာ နတ်ဘုရားထောင်ချောက်ဓားကို နောက်တစ်ကြိမ် ထပ်မံထုတ်လွှတ်လိုက်သည်။
သူမက လူတိုင်း ဤနေရာမှ ထွက်ပြေးသွားနိုင်ရန် မျှော်လင့်နေခဲ့၏။
သို့သော် တိုက်တိုင်းအောင်ဗုဒ္ဓ၏ သရီရဓာတ်တော် ပျံသန်းလာသည်နှင့် ထိုဓာတ်တော်အလင်းရောင်က မိုးပျံရွက်လှေကြီးကိုပါ ပိတ်ဆို့ထားလိုက်သည်။
ရွက်လှေထက်သို့ ကြည်လင်သောအလင်းတန်းများလွှမ်းခြုံလာပြီး ကောင်းချင်းရွှမ်၏ သွေးနီရောင် နတ်ဘုရားထောင်ချောက်ဓားဝိညာဉ်က မိုးပျံရွက်လှေကြီးဖြင့် ပေါင်းစည်းနိုင်ခြင်း မရှိတော့ပေ။
ထွက်ပြေးရန်နည်းလမ်းမရှိတော့သည်ဖြစ်ရာ ရန်သူများကလည်း ဝိုင်းအုံရောက်ရှိလာကြလေသည်။
တိုက်တိုင်းအောင်ဗုဒ္ဓ၏ ရည်မှန်းချက်က ဖန်းယွင်ရှန်းကို ခေါ်ဆောင်သွားရန်ဖြစ်သော်လည်း ရန်ကျောက်ကဲတို့အုပ်စုကိုပါ တားဆီးနိုင်ခြင်းက ထပ်ဆောင်းဆုလာဘ်တစ်ခုဟု ယူဆရပေမည်။
ထို့ပြင် မိုးပျံရွက်လှေလည်း ဤနေရာတွင်ပင်ရှိနေသဖြင့် ဖန်းယွင်ရှန်း၏စိတ်အခြေအနေကို မတည်မငြိမ်ဖြစ်လာစေနိုင်သည်။
မျှော်လင့်သည့်အတိုင်းပင် ရန်ကျောက်ကဲတို့ ထွက်သွားနိုင်ခြင်းမရှိသည်ကိုတွေ့သည်နှင့် ဖန်းယွင်ရှန်းမျက်နှာထက် စိုးရိမ်မှုများ ပြည့်နှက်လာသည်။
သို့သော် သူမက စိတ်အခြေအနေကို အတင်းအကြပ် တည်ငြိမ်စေပြီး မျက်နှာအမူအရာသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူမက စိတ်ဝိညာဉ်ဖိအားများရင်ဆိုင်နေရချိန် သူမ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းရမည်ဖြစ်သည်။ မဟုတ်ပါက ဤနေရာတွင် သူမ ရှုံးနိမ့်သွားပေမည်။
အကယ်၍ သူမ ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ ဤမျှလျှင်မြန်စွာ ရှုံးနိမ့်သွားရန် မဖြစ်နိုင်ပေ။
မဟုတ်ပါက ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က ရန်ကျောက်ကဲတို့အုပ်စုအား အာရုံစိုက်လာမည်ဆိုလျှင် သူတို့အုပ်စုအနေဖြင့် သေချာပေါက် ကပ်ဘေးဆိုက်ပေလိမ့်မည်။
သရီရဓာတ်တော်၏ ဗုဒ္ဓရောင်ခြည်ဖြင့် လွှမ်းခြုံခံထားရသဖြင့် ကောင်းချင်းရွှမ်မှာလည်း မိုးပျံရွက်လှေကို လျှင်မြန်စွာမောင်းနှင်နိုင်ခြင်း မရှိတော့ပေ။
သို့သော် သူမက ရွက်လှေကိုတော့ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့သည်။
ရွက်လှေ လှုပ်ရှားနိုင်ရန် ၊ ဆက်လက်ရွှေ့ပြောင်းနိုင်ရန်နှင့် ထွက်ပြေးစဉ်တိုက်ခိုက်နိုင်ရန် စီစဉ်နိုင်ခဲ့၏။
သို့သော် ရွက်လှေအရှိန်အဟုန်က နှေးကွေးသွားသဖြင့် ရန်သူများလိုက်မီလာသည်ဖြစ်ရာ တိုက်ခိုက်မှုများကိုသာ ဆက်လက်ပြုလုပ်နေရတော့သည်။
ရန်တိ၊ ကောင်းချင်းရွှမ်၊ လင်းချင်းနှင့် အခြားတာအိုဝါဒ ကျွမ်းကျင်သူများက ရွက်လှေကို ခုခံကာကွယ်ခဲ့ကြသည်။ သို့သော် ရန်သူက များပြားလွန်းသည့်အခါ သူတို့က အင်အားနည်းပါးသဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲရသည်။
ထိုအချိန် ရွက်လှေအတွင်းပိုင်းမှထွက်ပေါ်လာသည့် နတ်ဆိုးအငွေ့အသက်က မြင့်တက်နေရာမှ အားနည်းသွားသည်။ ရွက်လှေအခန်းတွင်းရှိ ညှိုးနွမ်းနေသော သစ်ပင်အောက်ခြေတွင် တည်ငြိမ်သည့်အလင်းတန်းတစ်ခု တောက်ပလာသည်။
ထိုခဏတွင် ယင်ယွီကျန်း ပါးစပ်ဖြင့် စကားပြောနေသော မူလစိတ်ဝိညာဉ်နတ်ဆိုးက ညည်းညူသံတစ်ခု ထုတ်လွှတ်လိုက်သည်။
ယင်ယွီကျန်း မျက်လုံးများရှိ အနက်ရောင်အရိပ် မှေးမှိန်သွားပြီး ရောင်စုံအခိုးအငွေ့များထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့များက တဖြည်းဖြည်းပါးလျသွားပြီး ပတ်ဝန်းကျင်လေထုထဲတွင် ပျောက်ကွယ်သွားသည်။
ဖို့နောက် မအခိုးအငွေ့များထဲတွင် အားနည်းဟန်ရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
စိတ်ဝိညာဉ်နတ်ဆိုး၏ ရှီကျွင်းနှင့် ရွှီဖေးအပေါ် သက်ရောက်မှု အားနည်းသွားသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက အလွန်စိတ်ရှုပ်ထွေးသွားသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
“တိုက်တိုင်းအောင်... ဗုဒ္ဓ...”
တောင်ပိုင်းချန်စန်းဧကရာဇ် ဟန့်တားထားခံရချိန်တွင် မူလစိတ်ဝိညာဉ်နတ်ဆိုးက ရန်ကျောက်ကဲ၏ ပြင်ဆင်ထားခြင်းမရှိသည့်အခြေအနေကို အခွင့်ကောင်းယူကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။
တိုက်တိုင်းအောင်ဗုဒ္ဓ ဆင်းသက်လာခြင်းက တာအိုဝါဒကျင့်ကြံသူများအတွက် အတော်လေး အဆင်မပြေ ဖြစ်ခဲ့သည်။ အထူးသဖြင့် သူက ဖန်းယွင်ရှန်းအား ဖိနှိပ်လိုသောကြောင့် ဖြစ်သည်။
သူက သရီရဓာတ်တော်ကိုထုတ်လွှတ်ပြီး မိုးပျံရွက်လှေအား ပိတ်ဆို့လိုက်သည့်အခါ ရန်ကျောက်ကဲတို့အုပ်စုအား ရန်သူများဝိုင်းအုံလာစေရန် အခွင့်အရေးရရှိခဲ့သည်။
သို့သော် သရီရဓာတ်တော်မှ ဗုဒ္ဓရောင်ခြည်က မူလစိတ်ဝိညာဉ်နတ်ဆိုး၏လွှမ်းမိုးမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့ထားနိုင်ခဲ့သည်။
ထို့ကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓ ဝင်ရောက်စွက်ဖက်မှုမှာ နတ်ဆိုးများအတွက် အဆင်မပြေ ဖြစ်ခဲ့ရ၏။
ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်တို့က မြေကမ္ဘာပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားခြင်း အောင်မြင်မည်လား ၊ မအောင်မြင်မည်လားကို အရေးမစိုက်ကြပေ။
သူတို့က ရှီကျွင်းနှင့် ယင်ယွီကျန်းနေရာမှ ထွက်မသွားစေအောင်တားဆီးပြီး သူတို့ကို သတ်ဖြတ်ပစ်ရန်သာ ကြိုးစားချင်ကြသည်။
သူတို့အတွက် ရှီကျွင်းတို့နှစ်ယောက်က လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ အရေးစိုက်မည်မဟုတ်ပေ။ နတ်ဆိုးပြန်လည်မွေးဖွားမည့် ခန္ဓာကိုယ်များဖြစ်သဖြင့် သတ်ဖြတ်ပစ်မှ တန်ရုံကျမည်ဟု ယူဆသည်။
ငရဲကိုးထပ်မှ နတ်ဆိုးအုပ်စုကတော့ ရှီကျွင်းနှင့် ယင်ယွီကျန်းကို ဤနေရာမှ ခေါ်ဆောင်သွားရန် မျှော်လင့်လျက် ခံစစ်လမ်းကြောင်းကိုဖြတ်ကျော်ရန်သာ စဉ်းစားနေကြသည်။
အခြေအနေပြောင်းလဲသွားသည်နှင့် ရန်ကျောက်ကဲက ရှီကျွင်းနှင့် ရွှီဖေးတို့၏ နောက်သို့ အလျင်အမြန် ရောက်ရှိသွားပြီး သူတို့နှစ်ယောက်၏ ကျောပြင်ထက်သို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ရွှီဖေးက မြေခွင်းပုလဲကိုထုတ်ယူလိုက်ပြီး ယင်ယွီကျန်း၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်သည်။
ချက်ချင်းပင် ယင်ယွီကျန်း၏ နဖူးအက်ကွဲကြောင်းမှ လင်းလက်နေသေည့် မြေဝါရောင် နတ်ဆိုးအလင်းတန်း မှိန်ဖျော့သွား၏။
ရှီကျွင်းက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ရန်ကျောက်ကဲအကူအညီဖြင့် သူ၏ခန္ဓာကိုယ်ထဲ ပြန်လည်မွေးဖွားလာမည့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ကို တန်ပြန်တိုက်ခိုက်လိုက်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ အကူအညီမရှိတော့သဖြင့် အောင်မြင်မှု၏ချိန်ခွင်လျှာက နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။
အခြေအနေက လုံးဝပြောင်းပြန်လှန်လိုက်သလိုပင်။
စောစောက မူလစိတ်ဝိညာဉ်နတ်ဆိုး ဝင်ရောက်စွက်ဖက်မှုကြောင့် ရှီကျွင်းမှာ ကောင်းကင်ထက်မှ နွံအိုင်ထဲပြုတ်ကျသကဲ့သို့ဖြစ်ပြီး ရှုံးနိမ့်တော့မည့် အခြေအနေသို့ရောက်နေသည်။
ယခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ရှီကျွင်းအခြေအနေက နွံအိုင်ထဲမှ ကောင်းကင်ထက်သို့ ပြန်လည်ရောက်ရှိသွားသည်။
အစပိုင်းနှင့်ယှဉ်လျှင် အောင်မြင်မှုနှင့်ပင် ပိုမိုနီးကပ်နေပေပြီ။
သို့သော် ရန်ကျောက်ကဲ ဝမ်းမသာနိုင်ခင်မှာပင် သူတို့ပတ်ဝန်းကျင် ပျက်ဆီးပြိုကျတော့မည့်အလား ပြင်းထန်စွာတုန်ခါလာသည်။
အပြင်ဘက်တွင် ဗုဒ္ဓဘာသာကျင့်ကြံသူများ၊ ငရဲကိုးထပ်နှင့် နတ်မိစ္ဆာမျိုးနွယ်မှကျွမ်းကျင်သူများ ဝင်ရောက်တိုက်ခိုက်လျှက် ရှိသည်။
ရန်တိတို့အုပ်စုက သူတို့ရှိရာနေရာကို ခိုင်မာစွာဖြင့် စောင့်ကြပ်ကာကွယ်ထားသည်။ အသက်အန္တရယ်ရှိပါစေ သူတို့အားလုံးက ဆုတ်ခွာသွားမည် မဟုတ်ပေ။
ရန်သူအင်အားစု (၃)ခုလုံးက သူတို့၏ ကိုယ်ပိုငအကျိုးစီးပွားကိုဆွဲကိုင်ထားကြသူများ ဖြစ်၏။
ထို့ကြောင့် သူတို့က အတူတကွ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိကြပေ။ အချို့နေရာများတွင် သူတို့အချင်းချင်းပင် ပြန်လည်တိုက်ခိုက်နေကြသေးသည်။
သို့သော် အင်အားစု(၃)ခုလုံး၏ ဦးတည်ရာက ကြီးမားသော မိုးပျံရွက်လှေကြီးပင် ဖြစ်၏။
ထိပ်တန်းကျင့်ကြံသူများစွာရှိနေသဖြင့် ဖုလော်ကျီကဲ့သို့ စွမ်းအားမြင့်မားသူများလည်း အများအပြား ရှိနေသည်။
နောက်ဆုံးမှာတော့ တာအိုဝါဒ ကျင့်ကြံသူများဘက်မှ ခံစစ်စည်း ထိုးဖောက်ခံလိုက်ရသည်။
ငရဲကိုးထပ်မှ မဟာနတ်ဆိုးတစ်ပါးက ကြီးမားသောရွက်လှေကြီးကို ဖျက်ဆီးပစ်လိုက်သည်။
ရွက်လှေအတွင်းခန်းထဲမှ ရေကန်က ချက်ချင်း ပျံ့လွင့်သွားပြီး ညှိုးနွမ်းနေသည့်သစ်ပင်မှ အမှုံအမွှားများသည်လည်း အဝေးသို့ လွင့်ပျံသွားသည်။
“နည်းနည်းလောက် ထပ်ပြီးတောင့်ခံထားကြပါဦး”
ရန်တိက နက်ရှိုင်းသောအသံဖြင့် အော်ဟစ်လိုက်သည်။
မြေကမ္ဘာပလ္လင်နတ်ဆိုးနှင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ၏ အငွေ့အသက်များ ဖြည်းဖြည်းချင်းပျောက်ကွယ်နေကြောင်း လူတိုင်းအာရုံခံမိကြသည်။
အကယ်၍ သူတို့ အနည်းငယ် ထပ်မံတောင့်ခံထားနိုင်ပါက နတ်ဆိုး(၂)ပါးကို စည်းတံဆိပ်ခတ် ချိတ်ပိတ်နိုင်ပေတော့မည်။ နတ်ဆိုးသင်္ကေတကို ထုတ်ယူနိုင်သည်နှင့် သူတို့အနေဖြင့် ယာယီအားဖြင့် ပြန်လည်မွေးဖွားလာနိုင်မည် မဟုတ်တော့ပေ။
ထိုသို့ဖြစ်သွားလျှင် နတ်ဆိုးသင်္ကေတက သူတို့၏တည်နေရာကို ဖော်ပြနေမည်မဟုတ်တော့သဖြင့် ထွက်ပြေးလွတ်မြောက်ရန် ပိုမိုလွယ်ကူသွားနိုင်၏။
ရန်တိတို့အုပ်စုက ဆက်လက်တိုက်ခိုက်ရင်း နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရသည်။
သူတို့က ရန်သူများ၏ လှိုင်းထန်သော တိုက်ခိုက်မှုများကို ခုခံရင်း ညှိုးနွမ်းနေသောသစ်ပင်ကို အကာအကွယ်ပေးထားသည်။
ရန်သူများက အလွန်များပြားလှသည်။
ဖုလော်ကျီနှင့် အခြားသော ထိုက်ရွှီးနတ်ဘုရားအဆင့် ကျင့်ကြံသူများက တာအိုဝါဒကျင့်ကြံသူများကို ဟန့်တားထားသဖြင့် နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ ထိုးဖောက်ဝင်ရောက်လာပြီး ညှိုးနွမ်းနေသောသစ်ပင်ကို တိုက်ခိုက်လာကြသည်။
ဦးဆောင်လာသူက ဗုဒ္ဓဘာသာဘက်မှ လိုဟန့်ကိုယ်တော်တစ်ပါး ဖြစ်သည်။
သူက ညှိုးနွမ်းနေသောသစ်ပင်အနား ရောက်ရှိလာသည့်အခါ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး အလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး လူတစ်ယောက်ထွက်ပေါ်လာသည်။
ထိုသူက ရန်ကျောက်ကဲပင် ဖြစ်၏။
ရန်ကျောက်ကဲက ထို လိုဟန့်ကိုယ်တော်အနားသို့ ချက်ချင်းရောက်လာပြီး လက်ဝါးဖြင့် ရိုက်နှက်ချလိုက်လေသည်။