← Chapters

နတ်ဘုရားသတ်ဖြတ်ဓားသိုင်း

Vol. 104 Ch. 1452

နတ်ဘုရားသတ်ဖြတ်ဓားသိုင်း

Vol. 104 Ch. 1452

အခန်း (၁၄၅၂) နတ်ဘုရားသတ်ဖြတ်ဓားသိုင်း

ဗုဒ္ဓဘာသာကျင့်ကြံသူများ၏သိုင်းပညာက ခိုင်မာပြင်းထန်သည်ဟု နာမည်ကျော်ကြားသော်လည်း ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ခံနိုင်ရည်မရှီခဲ့ပေ။

ထို့ကြောင့် လိုဟန့်ကိုယ်တော် နောက်ပြန်ဆုတ်သွားရသည်။

သူ နောက်ပြန်ဆုတ်သွားသည့်အခါ ဖြစ်ပေါ်လာသည့်ဖိအားက ပတ်ဝန်းကျင်ရန်သူများကို လွှမ်းခြုံသွားပြီး

ဗုဒ္ဓဘာသာကျင့်ကြံသူတွေ၏ သိုင်းပညာသည် ၎င်းတို့၏ ထူးခြားသော ခိုင်မာမှုကြောင့် နာမည်ကျော်ကြားသော်လည်း၊ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို မခံနိုင်ခဲ့ပေ။ ထို့ကြောင့်၊ ထိုသူတော်စင်သည် နောက်ပြန်ဆုတ်သွားရသည်။

ရန်ကျောက်ကဲ၏ လွှမ်းမိုးနိုင်စွမ်းက ပတ်ဝန်းကျင်တစ်ခုလုံးရှိ ရန်သူများကို လွှမ်းခြုံသွားပြီး သူတို့ကို အားနည်းသွားစေသည်။

လေထုထဲတွင် ညှိုးနွမ်းနေသည့်သစ်ပင်တစ်ပင်ကလွင့်မျောသွားပြီး ဗလာနယ်အဝေးတွင် တဖြည်းဖြည်းပျောက်ကွယ်သွားကြောင်းတွေ့ရသည့်အခါ နတ်ဆိုးအုပ်စုက ထိတ်လန့်တုန်လှုပ်သွားကြသည်။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် ထိပ်တန်းမဟာနတ်ဆိုး’ကျုန်းယွမ်’ ၏ တည်ရှိမှုက တဖြည်းဖြည်း အားနည်းလာပြီး သူတို့ကို အောင်မြင်စွာ စည်းတံဆိပ်ခတ်ရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။

ထိုအခြေအနေကြောင့် နတ်ဆိုးများမှာ ရှီကျွင်း၏တည်နေရာကို နတ်ဆိုးအငွေ့အသက်အားခြေရာခံပြီး လိုက်လံရှာဖွေနိုင်ခြင်း မရှိတော့ပေ။

သူတို့က သရီရဓာတ်တော်ရောင်ခြည်လွှမ်းခြုံမှုမှ လွတ်မြောက်သွားသော်လည်း မူလစိတ်ဝိညာဉ်နတ်ဆိုးကိုယ်တိုင် ဆင်းသက်မလာသရွေ့ သစ်ပင်ထဲတွင်ရှိနေသည့် လူ(၃)ယောက်ကို ထိခိုက်စေမည် မဟုတ်ပေ။

နတ်ဆိုးများက နောက်ဆုံးခံစစ်ဖြစ်သည့် ရန်ကျောက်ကဲကိုဖြတ်ကျော်ပြီး ရှီကျွင်းတို့အား လိုက်လံဖမ်းဆီးရန် ကြံစည်ခဲ့သည်။

သို့သော် နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ မတူညီသည့်ရည်ရွယ်ချက်များ ရှိကြသည်။

သူတို့က ရှီကျွင်းနှင့် ယင်ယွီကျန်းကို သတ်ဖြတ်ပစ်ရန် ကြံစည်ထားသည်။ သူတို့က လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ အရေးမစိုက်ပေ။

သူတို့(၂)ယောက်ကို သတ်ဖြတ်ပစ်မှသာ အနာဂတ်ပြဿနာများကို ဖယ်ရှားနိုင်မည် ဖြစ်၏။

သို့သော် ပြန်လည်မွေးဖွားလာမည့် နတ်ဆိုးများကို ဖိနှိပ်ထားပြီးဖြစ်ကြောင်း သိရသည့်အခါ သူတို့က ထိုသူ(၂)ယောက်ကို သတ်ဖြတ်လိုသည့်ဆန္ဒများ သိသိသာသာ အားနည်းသွားသည်။

ထိုသူ (၂)ယောက် သူတို့ရှေ့တည့်တည့်သို့ရောက်လာပါက သတ်ဖြတ်လိုက်မည်ဖြစ်သည်။

သို့သော် ယခုကဲ့သို့ ပျောက်ကွယ်သွားသည့်အခါ နောက်မှလိုက်သွားရန် တွန့်ဆုတ်သွားပြီး နတ်မိစ္ဆာမျိုးနွယ်နှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ဆုံးဖြတ်ချက်များ ယိမ်းယိုင်သွားသည်။

အကြောင်းမှာ သူတို့လိုချင်တပ်မက်သည့်အရာက သူတို့ရှေ့ ရောက်နေသောကြောင့် ဖြစ်သည်။

“ရန်ကျောက်ကဲ၏အဂ္ဂိရတ်ခန်းမ”

အဂ္ဂိရတ်ခန်းမက ရန်ကျောက်ကဲလက်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။

ထို့ကြောင့် ထိုခန်းမထဲမှ အမတချီစွမ်းအားများ ၊ ဆေးလုံးများ အတော်များများ ကုန်ခမ်းနေပြီဖြစ်ကြောင်း ကလေးပင်လျှင် သိနိုင်သည်။

သို့သော် ဆေးလုံးများ ၊ ဆေးလုံးချီများမရှိတော့လျှင်တောင်မှ အဂ္ဂိရတ်ခန်းမ၏တန်ဖိုးက ကောင်းကင်ယံအထိ မြင့်တက်နေဆဲပင်။

အခြားအရာများကိုဖယ်လိုက်လျှင်တောင်မှ လက်ကျန်ဆေးလုံးများသည်ပင် မရေမတွက်နိုင်သော အကျိုးကျေးဇူးနှင့် အားသာချက်များကို ယူဆောင်လာနိုင်ပေမည်။

ဤကိစ္စက ကောင်းကင်နတ်ဘုရားအဆင့်ရှိ တန်ခိုးစွမ်းအားရှင်တစ်ယောက်၏ စိတ်နှလုံးကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများအတွက်ကတော့ တိုက်တိုင်းအောင်ဗုဒ္ဓက ဖန်းယွင်ရှန်းအားဖမ်းဆီးခြင်းမှာ ကြီးကျယ်သောကိစ္စတစ်ခု ဖြစ်သည်။

ထို့‌ကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်များက ရှီကျွင်းတို့ကိုအရေးမစိုက်တော့ဘဲ ရန်‌ကျောက်ကဲအား အာရုံစိုက်လိုက်ကြသည်။

ရန်ကျောက်ကဲက တစ်ယောက်တည်းဖြစ်နေသော်လည်း မကြောက်မရွံ့ မတ်တတ်ရပ်လျှက်ပင်။

သူက ဓားကို စက်ဝိုင်းအသွင်လှည့်ပတ်ဝှေ့ယမ်းရင်း ၊ လက်ဝါးရိုက်ချက်များကိုထုတ်ဖော်ရင်း ပတ်ဝန်းကျင်မှရန်သူအားလုံးကို သတိထား ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

နဂါးနှင့်ကျားဟိန်းသံများပဲ့တင်ထပ်ထွက်ပေါ်လာကာ သူ့ကိုဝိုင်းထားသည့်ရန်သူများလက်မှ ရုန်းထွက်သွားပြီး ရွှီဖေး ၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့အား လိုက်လံဖမ်းဆီးရန် ကြံစည်နေသော နတ်ဆိုးများနောက်သို့ လျှင်မြန်စွာပင် လိုက်ပါသွားသည်။

ထိပ်တန်းတန်ခိုးစွမ်းအားရှင် အုပ်လိုက်ကြီးနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားသည်။

သူက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး ထိုက်ချူးနတ်လက်ချောင်းသိုင်းကိုထုတ်ဖော်ကာ “စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု” တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ချက်ချင်းဆိုသလို ကိုယ်ပွား(၃)ခု ဖန်ဆင်းလိုက်သည်။

ကိုယ်ပွားများ၏စွမ်းအားက မူလခန္ဓာကိုယ်လောက် တန်ခိုးစွမ်းအားမြင့်မားမည် မဟုတ်သော်လည်း ရန်ကျောက်ကဲအပါအဝင် (၄)ယောက် ထိုးဖောက်ထွက်သည့်အခါ အရှိန်အဟုန်ကအလွန်ပြင်းထန်ပြီး လမ်းကြောင်းတစ်လျှောက် အပျက်အဆီးများသာ ကျန်ရစ်ခဲ့သည်။

ရန်ကျောက်ကဲနှင့် ကိုယ်ပွား (၃)ယောက်က ‘ထိုက်ယီလက်သီးသိုင်း’ ကို အတူတကွ အသုံးပြုလိုက်ကြ၏။

အချိန်နှင့် ဗလာနယ်တစ်ခုလုံးကို သိမ်းပိုက်ထားသော သံမဏိလက်သီးများက ရန်သူများကို လွှမ်းခြုံသွားသည်။ နက်ရှိုင်းနတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူများ ဒဏ်ရာမရရှိခဲ့သော် ရှေ့သို့တက်ရန် ရပ်တန့်သွားကြသည်။

သူတို့အားလုံး မည်သို့မှမတတ်နိုင်ဘဲ အဝေးသို့လွင့်မျောသွားသည့် ညှိုးနွမ်းနေသောသစ်ပင် ပျောက်ကွယ်သွားသည်ကို ဤအတိုင်း ကြည့်နေခဲ့ရသည်။

နတ်ဆိုးများ မကျေမနပ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ဤဖြစ်ရပ်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ ထိပ်တန်းမဟာနတ်ဆိုးများ၏ဒေါသကို နှိုးဆွပေးလိုက်သည်။

ရန်သူအင်အားစု (၃)ခုက ဝိုင်းဝန်းတိုက်ခိုက်ခံရသည့်အခါ ရန်တိ၊ ကောင်းချင်းရွှမ်၊ လင်ချင်း နှင့် အခြားသူများများမှာ အားလုံးကို တားဆီးနိုင်စွမ်း မရှိခဲ့ကြပေ။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လွတ်ထွက်သွားသည့်ရန်သူများစွာလည်း ရှိနေသည်။

မြူခိုးအရိပ်နှင့်တူပြီး လျှင်မြန်စွာရွေ့လျားနိုင်စွမ်းရှိသော နတ်ဆိုး၏လျှင်မြန်မှုက ဖုလော်ကျီထက် နိမ့်ကျခြင်းမရှိပေ။

တာအိုဝါဒဘက်မှ လျှင်မြန်လှပါသည်ဆိုသော ကောင်းချင်းရွှမ်မှာ ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုး (၂)ယောက်လုံးကို ဟန့်တားနိုင်စွမ်း မရှိခဲ့ပေ။

ဤသည်ကို အခွင့်ကောင်းယူပြီး မြူခိုးအရိပ်နတ်ဆိုးက တာအိုဝါဒ ခံစစ်လမ်းကြောင်းကို ချက်ချင်းဖြတ်ကျော်သွားသည်။

သူက အလွန်လျှင်မြန်သည့်အပြင် ချီစွမ်းအားငါးခု ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ရန်ကျောက်ကဲကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအားကို အဘယ်မှာ ကြောက်ရွံ့ပါမည်နည်း။

သူက ချက်ချင်းပင် မြန်နှုန်းမြှင့်ကာ ရှေ့သို့တိုးလာသည်။

သူက ရန်ကျောက်ကဲအားအရေးမစိုက်ဘဲ ရှီကျွင်းတို့အုပ်စုနောက်သို့လိုက်ရန် ရည်ရွယ်ခဲ့သည်။

ပင်ပန်းနွမ်းနယ်မှုများ ဆက်တိုက်ခံစားနေရသဖြင့် ဒဏ်ရာရသွားနိုင်သည့်တိုင် ရန်ကျောက်ကဲက နောက်ပြန်မဆုတ်ခဲ့ပေ။

သူက “ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်” ကို ဖွင့်လှစ်လိုက်သည်။

အစီအရင် အင်းသင်္ကေတများ ထွက်ပေါ်လာပြီး အလင်းတန်းများတောက်လောင်လာကာ မြူခိုးအရိပ်နတ်ဆိုးဘုရင်ကို အစီအရင်ထဲဆွဲယူလိုက်သည်။

ထိုအစီအရင်က အလွန်ကြီးမားပြီး လည်ပတ်နေသည့် တွင်းနက်တစ်ခုနှင့်ဆင်တူသည်။ ထိုက်ရွှီးနတ်ဘုရားအဆင့် ကျင့်ကြံသူများအားလုံးကို ပိုးဖလံများကို မီးလျှံဆီဆွဲခေါ်သည့်ပမာ ဆွဲခေါ်နိုင်စွမ်းရှိသည်။

မြူခိုးအရိပ်နတ်ဆိုးဘုရင်က ဟိန်းဟောက်သံတစ်ချက် ပြုလုပ်လိုက်ပြီး သူ၏လျှင်မြန်ပေါ့ပါးခြင်းကို တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် သူက အစီအရင်ကန့်သတ်မှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

ရန်ကျောက်ကဲက အင်းသင်္ကေတများတစ်ခုပြီးတစ်ခုထုတ်လွှတ်ပြီး အစီအရင်အသွင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်စေကာ မြူခိုးအရိပ်နတ်ဆိုးဘုရင် လွတ်မြောက်မသွားစေရန် တားဆီးလိုက်၏။

သို့သော် ကံမကော်းသည်မှာ ‌အဆက်မပြတ် အင်အားအပြည့်အသုံးပြုနေသည့်အတွက် နှောင်းပိုင်းမြေကမ္ဘာစွမ်းအားက ယိမ်းယိုင်လာပုံရသည်။

ကြီးမားသည့်အစီအရင်ကြီးမှာ နေရာမှာပင် အမြစ်တွယ်နေခြင်းမရှိတော့ဘဲ နတ်ဆိုးနှင့်အတူ ရွေ့လျားသွားတော့သည်။

သို့တိုင် မြူခိုးအရိပ်နတ်ဆိုးဘုရင်အနေဖြင့် သူ၏မြန်နှုန်းကို မြှင့်တင်နိုင်ခြင်းမရှိသဖြင့် ညှိုးနွမ်းနေသောသစ်ပင်အား လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိတော့ပေ။

မြင်ကွင်းကိုကြည့်ရင်း နတ်ဆိုးအုပ်စု ဒေါသတကြီးဖြင့် ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်ကြသည်။

ရန်ကျောက်ကဲကတော့ အံတင်းတင်းကြိတ်ရင်း ဖိအားများကို ဆက်လက်ခံယူထားသည်။

နှစ်ဖက်ကြားတိုက်ပွဲသည်လည်း အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။

အချိန်ကြာလာသည်နှင့်အမျှ ရှီကျွင်း၏ အခြေအနေက ပိုမိုကောင်းမွန်လာမည်မှာ သေချာသည်။

သို့သော် ရန်ကျောက်ကဲတို့ဘက်တွင်တော့ ရန်သူများက အင်အားများလွန်းပြီး သူတို့အပေါ် ဖိအားပေးမှုက များပြားပြင်းထန်လွန်းသည်။

ရန်သူများက အခွင်းအရေးရသည်နှင့် ခံစစ်စည်းကိုဖြတ်ကျော်ကာ အတွင်းသို့ ဝင်ရောက်လာကြသည်။

တစ်ဖက်မှာတော့ ရန်ကျောက်ကဲတို့အုပ်စုက သစ်ပင်ကိုလိုက်လံဖမ်းဆီးနေသော ရန်သူများကိုတားဆီးရန် ဆက်လက်ကြိုးစားနေရသည်။

ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုးဘုရင်တို့ကို အထူးသတိထားကာ သတိရှိရှိ ကာကွယ်ရမည်ဖြစ်သည်။

အကယ်၍ သူတို့နှစ်ယောက် ပိတ်ဆို့မှုများကိုဖြတ်ကျော်ပြီး မြန်နှုန်းအမြင့်ဆုံးတင်နိုင်ခဲ့လျှင် သူတို့ကိုတားဆီးရန် မဖြစ်နိုင်တော့ပေ။

တကွဲတပြားတိုက်ခိုက်နေကြသော တာအိုဝါဒ ကျွမ်းကျင်သူများအနက် ကောင်းချင်းရွှမ်၏ နှစ်ကိုယ်ခွဲဓားသိုင်းကသာ ထိုသူနှစ်ယောက်၏မြန်နှုန်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

သို့သော် ထိုရန်သူနှစ်ယောက်နှင့် တပြိုင်တည်းရင်ဆိုင်ရပါက တစ်ယောက်ကတော့ လွတ်မြောက်သွားပေမည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ ကြောက်စရာအကောင်းဆုံးအခြေအနေက အမှန်တကယ် ဖြစ်ပလာခဲ့သည်။

‌ကောင်းချင်းရွှမ်နှင့် ယွဲ့ကျန့်ပေတို့ တိုက်ပွဲတွင်အာရုံစိုက်နေစဉ် ရုတ်တရက် သူတို့မျက်ဝန်းများ တောက်ပသွားသည်။

အစပိုင်းတွင် သူတို့မျက်နှာထက်တွင် အံ့အားသင့်မှုအရိပ်အယောင်များထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြ၏။

သို့သော် သူတို့က တိုက်ပွဲများစွာဖြတ်သန်းလာသည့် အတွေ့အကြုံများသူများဖြစ်လေရာ သိသာထင်ရှားသည့်တုံ့ပြန်မှုမျိုး မပြသခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ သူတို့၏ရန်သူများက ကျင့်ကြံခြင်းအဆင့်မြင့်မားသော တန်ခိုးစွမ်းအားရှင်များဖြစ်ကြသည်။ အနည်းငယ်သော အပြောင်းအလဲလေးကပင် သူတို့အတွက် အနိုင်ရရန်အခွင့်အရေး ရရှိသွားနိုင်သည်။

ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုးဘုရင်က ခံစစ်စည်းကို တပြိုင်တည်းဖြတ်ကျော်ကာ အဝေးဆီမှသစ်ပင်ကိုဖမ်းဆီးရန် လိုက်ပါသွားကြသည်။

ရန်ကျောက်ကဲတို့အုပ်စုက သူတို့ကို စိုးရိမ်ထိတ်လန့်စွာ လှမ်းကြည့်လိုက်မိကြသည်။

တစ်ဖက်တွင်လည်း ဖန်းယွင်ရှန်းနှင့်တိုက်ခိုက်နေသည့် တိုက်တိုင်းအောင်ဗုဒ္ဓက တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး သူ၏ ဦးခေါင်းအားလုံးက ဖုလော်ကျီရှိရာသို့ လှမ်းကြည့်လိုက်သည်။

ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုးဘုရင်က သစ်ပင်ကို လိုက်လံဖမ်းဆီးနေကြသည်။

ရုတ်တရက် သူတို့ရှေ့တွင် အလင်းရောင်တစ်ခု မြင့်တက်လာသည်။

ကြောက်မက်ဖွယ်ရာ နက်မှောင်သည့်အလင်းတန်းများထွက်ပေါ်လာသည်နှင့် ဗလာနယ်ထဲတွင် ပျက်ဆီးခြင်းရောင်ဝါများ လွှမ်းခြုံလာသည်။

စကြာဝဠာက အလွန်ကျယ်ပြန့်ပြီး မူလကပင် မှောင်မိုက်နေခဲ့သည်။ သို့သော် ဤမှောင်မိုက်သောရောင်ခြည်က စကြာဝဠာအမှောင်ထုထက်ပင် ပိုမိုညို့မှိုင်းနေပုံရသည်။

ထိုအလင်းရောင်က သက်ရှိအားလုံး၏ နောက်ဆုံးအနားယူရာ—ထာဝရသေခြင်းတရားကို ကြေညာနေသယောင် ထင်မှတ်ရသည်။

သက်ရှိအားလုံးက နောက်ဆုံးတွင် ပျက်ဆိးသွားရမည်သာပင်။

ဖုလောက်ကျီက နတ်မိစ္ဆာတစ်ယောက်ဖြစ်ပြီး  မြူခိုးအရိပ်နတ်ဆိုးဘုရင်က ငရဲမှလာသော နတ်ဆိုးတစ်ပါးဖြစ်သည်။ သူတို့နှစ်ယောက်၏လက်များတွင် မရေမတွက်နိုင်သောလူပေါင်းများစွာ၏ သွေးများစွန်းထင်းနေခဲ့သည်။

သို့သော် ထိုမှောင်မိုက်သည့်အလင်းရောင်ကိုရင်ဆိုင်ရသည့်အခါ (၂)ယောက်လုံး အသက်ရှူကြပ်မတတ် ခံစားလိုက်ကြရ၏။

ဖုလော်ကျီက တိမ်မြူမိုင်တစ်သောင်းဂဠုန်၏သားဖြစ်ပြီး ပညာဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။

ပျက်ဆီးခြင်းတရားများကိုသယ်ဆောင်လာသည့် ထိုအမှောင်ထုအလင်းတန်းကိုကြည့်ရင်း ရှေ့ဆက်သွားရန် အလိုလိုရပ်တန့်သွားရသည်။

“နတ်ဘုရားသတ်ဖြတ်ဓားသိုင်း...”

All Chapters