← Chapters

မင်းတစ်ယောက်ထဲ ဆေးဝါးမှီဝဲနိုင်တယ် ထင်နေလား???

Vol. 20 Ch. 265

မင်းတစ်ယောက်ထဲ ဆေးဝါးမှီဝဲနိုင်တယ် ထင်နေလား???

Vol. 20 Ch. 265

“ငါရဲ့ မိုးကြိုးနတ်ဘုရားတူကို တစ်ချက်ကြည့်လိုက်စမ်း”

ဖန့်ကြွယ်ယွီက သူ၏ လက်ထဲက လျှပ်စစ်မိုးကြိုးအစွမ်းများမှ ဖြစ်ပေါ်လာသော တူအကြီးကြီးတစ်ချောင်းကို အန်ခယ်ထံသို့ အားကုန်လွှဲလိုက်သည်။

“သေစမ်း”

အန်ခယ်က တိုက်ခိုက်မှုကို ခုခံရန် လက်နှစ်ဘက်ကို ဒိုင်းသဖွယ်ကာလိုက်သည်။

ထိုကဲ့သို့ အစွမ်းမျိုးကို ထုတ်နိုင်သောလူများက စွမ်းအားရှင်များဖြစ်ကြပြီး သူတို့၏ အစွမ်းပေါ်လိုက်ပြီး တိုက်ခိုက်မှုပြင်းအားက ကွာခြားသည်။

တိုက်ရိုက်မထိတွေ့ရသေးသည့်တိုင် ဖန့်ကြွယ်ယွီ၏ အစွမ်းက သူ့ထက် သုံးဆမြင့်တယ်ဆိုတာ အန်ခယ် သိနေသည်။ ဒီလောက် အင်အားချင်း မညီမျှသဖြင့် ဘယ်လိုလုပ်ပြီး ခုခံဖို့ဖြစ်နိုင်မည်နည်း။

“ဘွန်း”

ကြီးမားသောတူက ဒိုင်းကာနှင့် ထိမိပြီး ကျယ်လောင်သောအသံကြီးထွက်ပေါ်လာသည်။ လျှပ်စီးကြောင်းများက နေရာအနှံ့ပြန့်ထွက်သွားသည်။ ကမ်းခြေမှာ ညဘက်ဖြစ်နေသော်လည်း နေ့ဘက်ပမာလင်းထိန်နေသည်။

အဝေးတစ်နေရာမှကြည့်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက တအံ့တဩဖြစ်နေသည်။ ထိုအလင်းတန်းထွက်ပေါ်လာသောအခါ ထိုလူက တဆတ်ဆတ်တုန်ပြီး ကြောက်လန့်နေသည်။

ထိုသူက အဝတ်အစားများကို ကပျာကယာဝတ်ပြီး ဘေးဘီဝဲယာကြည့်နေသည်။ ဘယ်သူမှမရှိဘူးဆိုတာ သိလိုက်ရသောအခါ ကူကယ်ရာမဲ့ခံစားချက်မျိုး ဖြစ်သွားသည်။

ဖန့်ကြွယ်ယွီ၏ တူမှ ထွက်ပေါ်လာသော အားက ပြင်းလွန်းသဖြင့် အန်ခယ်က မခုခံနိုင်တော့ပေ။

“ဂျွတ်”

အန်ခယ်၏ ဒိုင်းကာပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ဖန့်ကြွယ်ယွီ၏ မိုးကြိုးတူထံမှ ဒုံးကျည်အလား ခပ်ပြင်းပြင်းအားတစ်ခုထွက်ပေါ်လာသည်။

“ဘန်း”

အန်ခယ်က အဝေးကိုလွင့်ထွက်သွားသည်။

သို့သော် သာလွန်စွမ်းအားရှင်တစ်ဦးဖြစ်တာမို့ သူ့အဖော်နှစ်ဦးထက်သာလွန်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ သံချပ်ကာဝတ်ရုံတစ်စုံပေါ်လာသည်။ ထိုအရာသည် သူ့အတွက် နောက်ဆုံးခုခံမှုလက်နက်တစ်ခုဖြစ်သည်။

ထိုသံချပ်ကာဝတ်စုံသည် သူ့အင်အား၏ တစ်ဝက်လောက်ကို သုံးပစ်လိုက်သည်။ သို့သော် ဖန့်ကြွယ်ယွီ၏ တိုက်ခိုက်မှုဒဏ်ကို ၆၀% လောက် ကာကွယ်ပေးနိုင်သည်။ သူက သွေးပျက်နေသော်လည်း အခုထိတော့ ဒဏ်ရာအသေးစားလေးသာ ရသေးသည်။

“အို မိုက်လှချည်လား”

သူက အန်ခယ်ကို အသာလေးအနိုင်ယူနိုင်မည်ဟု အပိုင်တွက်ထားသော်လည်း လက်တွေ့မှာ သူထင်ထားသလောက် မလွယ်ကူပေ။

“ဒဏ်ရာရသွားတာလား”

ဖန့်ကြွယ်ယွီက သူ့လက်မောင်းပေါ်တွင် ဒဏ်ရာအသေးလေးတစ်ခုကိုတွေ့လိုက်ရသည်။ သို့သော် ထိုဒဏ်ရာက ချက်ချင်းသက်သာသွားသည်။

အန်ခယ်က ဖြစ်ပျက်သမျှကို တစ်ခုမကျန်အသေးစိတ်မြင်လိုက်ရသည်။

ဖန့်ကြွယ်ယွီက အစွမ်း (၆) မျိုးကို ထုတ်သုံးနိုင်သော စွမ်းအားရှင်ဟု ကြွေးကြော်ခဲ့သည်။အသက် (၂၀) အရွယ်ကောင်လေးမှာ ထိုကဲ့သို့ အစွမ်းမျိုးရှိနေသည်မှာ အံ့ဩဖွယ်ကောင်းပေသည်။

“ဟဲဟဲ”

စွယ်စုံရစွမ်းအားရှင်များမှာလည်း အပြစ်အနာအဆာတော့ ရှိစမြဲဖြစ်သည်။

သူတို့၏ စွမ်းအင်အသုံးပြုနှုန်းက တခြားသူများထက် မြန်ဆန်သည်။ သူတို့၏ ခန္ဓာကိုယ်က အစွမ်းထုတ်နိုင်စွမ်းကလည်း အကန့်အသတ်နှင့်ဖြစ်သည်။ မတူညီသည့် အစွမ်းများကို တစ်ပြိုင်တည်း ထုတ်သုံးသောအခါ အင်အားကုန်ခမ်းနှုန်းက ပိုပြီးမြင့်မားသည်။ ဖန့်ကြွယ်ယွီက အစွမ်း (၆)မျိုးကို ထုတ်ပြခဲ့သည်။ သူ့ပုံစံက အင်အားအပြည့်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ အကန့်အသတ်ရှိနေသည်။

စွမ်းအားရှင်က အစွမ်းကို ထုတ်မသုံးနိုင်တော့ပါက သာမန်လူနှင့် မထူးမခြားမနားဖြစ်သည်။

အန်ခယ်တွေးထားသလိုပင် ဖန့်ကြွယ်ယွီက လျှို့ဝှက်စွမ်းအားရှင်တစ်ဦးဖြစ်ပြီး စကြာဝဠာအရင်းအမြစ်ကို သုံးနိုင်စွမ်းက မမြင့်သေးပေ။ မိနစ်အနည်းငယ်ကြာ နှစ်ဦးသားတိုက်ခိုက်ပြီးနောက် သူ၏ စကြာဝဠာအရင်းမြစ်စွမ်းအင်က ၁၀% သာကျန်တော့သည်။

သူတို့အဖွဲ့အစည်းက ပေးထားသော ဆေးလုံးကို အန်ခယ်က ထုတ်ပြီးသောက်လိုက်သောအခါ သူ၏ အားအင်များချက်ချင်းပြည့်လာသလိုခံစားရသည်။ အန်ခယ်က အတွေးတစ်ခုဝင်လာသည်။

ထိုဆေးမှာ ဘေးထွက်ဆိုးကျိုးဟူပြီးမရှိပေ။ ထိုဆေးက တန်ဖိုးကြီးသဖြင့် လိုအပ်သည့်အချိန်မှသာ သောက်သုံးကြသည်။ ဒီတစ်ကြိမ်မှာ သူက ဖန့်ကြွယ်ယွီကိုဖမ်းနိုင်ပါက ဘရီလာသိချင်သော နည်းလမ်းများကိုသိနိုင်ရုံသာမက စွမ်းအင်ခြောက်မျိုးသုံးနိုင်သော စွမ်းအားရှင်၏ ခန္ဓာကိုယ်ကို သုတေသနပြုလုပ်နိုင်သည်။

သူက လွတ်အောင်ပြေးဖို့ မတွေးတော့ဘဲ ဖန့်ကြွယ်ယွီကို အရှင်ဖမ်းနိုင်ဖို့ စဉ်းစားတော့သည်။ စွမ်းအားရှင်များ၏ ဆဲလ်အလုပ်လုပ်နိုင်စွမ်းက အလွန်မြင့်မားသည်။ ဆေးသောက်ပြီးနောက် အန်ခယ်၏ ဒဏ်ရာများက ပျောက်ချင်းမလှပျောက်သွားသည်။

“ဟား တရုတ်ကောင်..ဒီလိုကိစ္စမျိုးကို မမျှော်လင့်ထားဘူး မဟုတ်လား”

“မင်းရဲ့ သက်တော်စောင့်ကို ပြန်လွှတ်လိုက်တာ မင်းရဲ့ မဟာအမှားပဲ”

“ဟုတ်လား။ ငါ့ရဲ့အစွမ်းတွေကုန်သွားလျှင် မင်းကို မနိုင်ဘူးလို့ထင်နေတာလား”

“သိပ်ကိုသေချာတာပေါ့ကွာ”

အားအင်အပြည့်ဖြစ်နေသော အန်ခယ်က တိုက်ခိုက်ချင်စိတ်များ ပြင်းပြနေသည်။

သူ၏ အရိပ်က လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး ဖန့်ကြွယ်ယွီထံသို့ တဟုန်ထိုးပြေးဝင်လာသည်။

“အဖော်မဲ့ဓားသိုင်း…လက်ဖဝါးဖြိုခွင်းသိုင်း”

“မြန်လှချည်လား”

ဖန့်ကြွယ်ယွီ၏ တန်ပြန်တိုက်ကွက်က သူ့ထက်ပိုပြီးမြန်ဆန်ပြီး သူ့လက်သီးနှင့် တိုက်ရိုက်ထိတွေ့သွားသည်။

အန်ခယ်၏ တွက်ချက်မှု ချွတ်ချော်ခဲ့သည်။ နတ်ဘုရားအကယ်ဒမီက သင်ပေးသော သိုင်းပညာများသည် သာမန်မဟုတ်ပေ။ အဆင့်နိမ့်သိုင်းသမားတစ်ဦးမှာတောင် ပဟေဠိပေါင်းများစွာရှိနေသည်။

“ဝှစ်”

သစ်ကိုင်းစက အန်ခယ်၏ လက်သီးထဲကို နစ်ဝင်လာသည်။ သူက နာကျင်လွန်းသဖြင့် အော်ဟစ်ပြီး ပြန်ဆုတ်ဖို့ပြင်ချိန်တွင် ဖန့်ကြွယ်ယွီက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

“ဒီလက်ဖဝါးကို နတ်ဘုရားလက်ဖဝါးလို့ခေါ်တယ် မသိရင်မှတ်ထား”

“တော်ပြီ။ ငါလည်းဆော့ရတာဝပြီ။ မင်းတို့စွမ်းအားရှင်တွေက ဘာမှ မဟုတ်ပါဘူးကွာ”

ဒီနေရာမှာ သူတို့နှစ်ဦးအပြန်အလှန်တိုက်ခိုက်ကြတာကို သတိထားမိကြတော့မှာဖြစ်သောကြောင့် စောစောစီးစီး ထွက်ခွါတာ အကောင်းဆုံးဖြစ်မည်။

ဖန့်ကြွယ်ယွီက ချီစွမ်းအင်ဖြည့်ဆေးကို ထုတ်ပြီး တစ်ဘူးလုံးမျိုချလိုက်သည်။

“ဒါက…”

တရုတ်ပြည်မှာ အင်အားဖြည့်အားဆေးများသာမက လူသေကိုတောင်ပြန်ရှင်စေနိုင်သော ဆေးရှိသည်ဟု အန်ခယ်ကြားဖူးနေသည်။ ထိုသတင်းကို ရှေးသိုင်းသမားအစဉ်အဆက် လက်ဆင့်ကမ်းခဲ့ကြတာမို့ တိကျခိုင်မာပေသည်။

သို့သော် ဖန့်ကြွယ်ယွီ၏ ပုံစံက သာမန်ဆေးသောက်နေသလိုဖြစ်သည်။ ဆေးက အစာအိမ်ထဲဝင်သွားသည်နှင့် ကုန်ဆုံးသွားသော စွမ်းအင်များ ပြန်လည်ပြည့်လာသည်။

ဖန့်ကြွယ်ယွီကို လျှပ်စီးများက ပတ်ပတ်လည် ဝန်းရံထားသည်။

တစ်ဖက်က မီးအပူများထုတ်နေချိန် တခြားတစ်ဖက်က ရေခဲတမျှ အေးစက်နေသည်။ သူ့ပုံစံက မိုးကြိုးနတ်ဘုရားနှင့် တူနေသည်။

“မင်းတစ်​ယောက်တည်း ဆေးဝါးမှီဝဲနိုင်တယ် ထင်နေလား။မင်းထင်ထားတာထက် အဆပေါင်းများစွာ ပိုများတဲ့ ဆေးဝါးငါ့မှာရှိတယ်။ ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး။ အဲ့လိုကြားလိုက်ရလို့ မင်းစိတ်တိုသွားလား။ ဖြေစမ်းပါဦး”

All Chapters