အပေါ့သွားချင်လို့ ထွက်လာတာပါ…
Vol. 20 Ch. 266
“တရုတ်ကောင် မင်းဘာဖြစ်ချင်တာလဲ ပြော”
အန်ခယ်က မြေပြင်ပေါ်မှာ သတိလစ်မေ့မြောပြီး အတုံးအရုံးဖြစ်နေသော သူ့လူများကို တစ်ချက်လှမ်းကြည့်သည်။ စင်ကာပူခရီးစဉ်ကတော့ သူတို့အတွက်ကြမ္မာဆိုး ဖြစ်ခဲ့လေပြီ…
“ငါက ဘာလိုချင်လဲ ဟုတ်လား”ဖန့်ကြွယ်ယွီ၏ စိတ်ထဲ ဒေါသထောင်းခနဲထွက်လာသည်။
“ဒီမေးခွန်းက မင်းကို ငါက ပြန်မေးရမှာမဟုတ်လား။ ငါက ဒီမှာ အေးဆေးနေနေတာ။ ပြီးတောါ ငါ့ကိစ္စပဲ ငါလုပ်နေတာ။ အဲ့တာကို မင်းတို့က လာပြီး ပတ်သက်တာ။ မင်းတို့သုံးယောက်ငါ့ကိုတိုက်ခိုက်ဖို့ ကြိုးစားကြတာလေ။ ခုကျတော့ ငါကဘာလိုချင်လဲ ဟုတ်လား”
“မင်း”
ဖန့်ကြွယ်ယွီ၏ စကားလုံးများက နားဝင်ဆိုးသော်လည်း အမှန်တရားဖြစ်သည်။ သူတို့က ပြသနာစရှာခဲ့သူများ ဖြစ်ကြသည်။ ဖန့်ကြွယ်ယွီက သူတို့ကို ပြန်တိုက်ခိုက်လျှင်တောင် ဒါက မိမိကိုယ်ကို ခုခံခြင်းဟု ဆိုရပေမည်။
“ငါတို့ကို သွားခွင့်ပေးပါ။ ခုချိန်ကစပြီး ငါတို့တွေ ဘယ်တော့မှ တရုတ်မြေကိုခြေချတော့မှာလည်း မဟုတ်သလို တရုတ်လူမျိုးတွေကိုလည်း ပြသနာမရှာတော့ပါဘူးလို့ ကတိပေးပါတယ်”
အန်ခယ်က ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းကို ရွေးသည်။ ဆေးဝါးကို ပေါပေါသီသီသုံးနိုင်ပြီး သူ့ထက် အစွမ်းပိုထက်သော ဖန့်ကြွယ်ယွီထံမှ လွတ်နိုင်မည့်လမ်းက ဒီတစ်လမ်းပဲရှိတော့သည်။
“မင်းတို့ကိုလွှတ်ပေးရမယ်ပေါ့”
ဖန့်ကြွယ်ယွီက မျက်မှောင်ကြုံ့ထားပြီး “မင်းတို့က ငါ့ကိုသတ်ဖို့လာတယ်။ ပြီးတော့ မင်းတို့မနိုင်မှန်းလည်း သိရော လွှတ်ပေးဖို့ တောင်းဆိုကြပြန်ရော။ လောကမှာ အရာရာက ဒီလောက်လွယ်လို့လား”
“ကဲ ဒါဆို မင်းဘာဖြစ်ချင်တာလဲပြောပါ”
“မင်းကို ဖမ်းခိုင်းတဲ့လူဆီပြန်သွားပြီး သတ်ပစ်လိုက်”
ဖန့်ကြွယ်ယွီက အေးစက်မာကျောသည့် လေသံဖြင့်ပြောသည်။
“မဖြစ်နိုင်တာ”
အန်ခယ်နှင့် ဘရီလာကြားမှာ မောင်နှမရင်းချာများထက်ပိုမို ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ဘရီလာကို
သတ်မည့်အစား သူအသေခံတာမှ ပိုကောင်းပေဦးမည်။
“မင်းပိုက်ဆံလိုချင်တယ်ဆို လိုသလောက်ပေးမယ်။ ဒါပေမဲ့ ဘရီလာကို သတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါ့ကို ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်နေတာပဲ”
အန်ခယ်က သူမလုပ်နိုင်သော ကိစ္စကို ပြတ်ပြတ်သားသား ငြင်းဆိုသည်။
“အသေခံမယ်ပေါ့။ မင်းကိုပြောပါတယ်။ လူတွေက ငါ့ကို မင်းပြောသလို ပြောကြတာချည်းပဲ။ အဆုံးသတ်မှာ ငါးပဲသေတာ။ ပိုက်ကွန်က နည်းနည်းလေးတောင် မပြဲဘူး”
“မင်းတို့ တရုတ်လူမျိုးတွေက နည်းပညာအစွမ်းကို မသိကြသေးပဲကိုး”
အန်ခယ်က သူ၏ ဖိနပ်ထဲမှ အရာဝတ္ထုတစ်ခုကို ထုတ်လိုက်သည်။
“မင်းဖိနပ်က ဒိုရေမွန်ရဲ့ အိတ်ကပ်လိုပေါ့ ဘာပဲထည့်ထည့် ဆံ့တဲ့နေရာလား”
ဖန့်ကြွယ်ယွီက သိချင်စိတ်ကိုမထိန်းနိုင်တော့ပေ။ ထို ဖိနပ်ထဲမှာ ပစ္စည်းဘယ်လောက်များများ ထည့်ထားတာလဲဆိုတာ သိချင်လာသည်။
“ပေါက်ကရတွေ ။ဒါကိုသုံးရင် ဆိုးကျိုးတွေများတယ်။ ဒါပေမဲ့ ငါ့အသက်သေမဲ့အစား ဒီလမ်းက ပိုကောင်းပါတယ်”
အန်ခယ်က ဆေးအပြာကို လက်မောင်းထဲကို ထိုးထည့်လိုက်သည်။
ခဏအကြာမှာ အန်ခယ်က တစ်ကိုယ်လုံးတုန်ရီလာသည်။ ဆေးပုလင်းက သူ့လက်မှ လွတ်ကျပြီး ကွဲသွားသည်။
အန်ခယ်သည် နာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားနေပုံရသည်။ သူ၏ ကြွက်သားများနှင့် သွေးကြောများက ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။ သူ့ ခန္ဓာကိုယ်ထဲမှ အစွမ်းများ ပေါက်ထွက်မတတ်ဖြစ်နေသည်။
“ပိုင်ရှင် ဒါက အင်အားတိုးစေလိုပါပဲ။ ဆေးထိုးလိုက်တာနဲ့ စွမ်းအားရှင်ရဲ့ အစွမ်းတွေက အဆမတန်မြင့်တက် လာတယ် ။ သူ့လက်ရှိအနေအထားက တရုတ်ပြည်မှာဆို နတ်ဘုရားအဆင့်လို့ သတ်မှတ်လို့ရတဲ့ အနေအထားပေါ့”
“ဟုတ်လား မိုက်တာပေါ့”
အန်ခယ်၏ အနေအထားသည် အလယ်အလတ်အဆင့်လျှို့ဝှက် စွမ်းအားရှင်နှင့်အတူတူဖြစ်သွားသည်။ ယခုလက်ရှိအနေအထားကို ရင်ဆိုင်နိုင်ဖို့ ခဲယဉ်းသွားသည်။
“ကူးဝမ်ကို ရှင်းခိုင်းလိုက်ရမလား”
ရှောင်းရီက စိတ်ပူပြီးမေးသည်။
“ရတယ် မလိုဘူး။ ငါရှင်းနိုင်တယ်”
ဖန့်ကြွယ်ယွီက စိတ်အေးလက်အေးရှိနေသည့် ပုံပေါ်သည်။
“အင်း ဟုတ်ပါပြီ။ ဒါပေမဲ့ အခုလက်ရှိ အနေအထားနဲ့ဆို မင်းရဲ့ မူလအစွမ်းရဲ့ ၁၀%လောက်တောင် မထုတ်နိုင်ဘူးမလား”
“အဲ့ထက် ဆိုးတယ်။ အရင်တုန်းက သုံးခဲ့တဲ့ အကွက်ရဲ့ ဆယ်ပုံပုံတစ်ပုံအစွမ်းကိုတောင် မထုတ်နိုင်ဘူး”
“ဒါပေမဲ့ သူ့ကိုရှင်းဖို့ဆိုတာ မခဲယဉ်းပါဘူး”
သဘာဝလွန်စွမ်းအင်တစ်မျိုးက အန်ခယ်၏ ခန္ဓာကိုယ်ထဲဝင်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများ တစိမ့်စိမ့်စီးကျနေသည်။ သူ့ပုံစံကို မြင်ရသော ဖန့်ကြွယ်ယွီအဖို့ စိတ်မသက်မသာဖြစ်ရသည်။
“စိတ်ဝင်စားစရာပဲ”
“တရုတ်ကောင် မင်းက ငါ့ကို ဒီအထိသွားဖို့ တွန်းအားပေးခဲ့တာ”
အန်ခယ်၏ မိုးကြိုးချပ်ဝတ်တန်ဆာက ပိုမိုထင်ရှားလာသည်။ သူ့ပုံစံက ကြောက်စရာကောင်းသော သားရဲတိရစ္ဆာန်တစ်ကောင်ပမာဖြစ်နေသည်။
“မင်းဘာလို့ အရမ်းတွေ ယုံကြည်ချက်ရှိနေတာလဲ”
ဖန့်ကြွယ်ယွီက ခေါင်းကိုခါလိုက်ရင်း “သိုင်းပညာဆိုတာ ဘယ်လိုလဲဆိုတာ ပြရချည်သေးရဲ့”
ဖန့်ကြွယ်ယွီက သူ့လက်ချောင်းများဖြင့် အမှတ်တံဆိပ်ပုံစံကို ရေးဆွဲပုံဖော်သည်။ သူ့လက်ရှိအနေအထားနှင့်ဆို စကြာဝဠာအရင်းမြစ်စွမ်းအင်ကို သုံးနိုင်ဖို့ ခဲယဉ်းသည်။ သူ၏ ဦးခေါင်းထက်တွင် တန်ခိုးတစ်ခုက ရေးရေးလေးပေါ်လာသည်။ ထိုအရာက ဖန့်ကြွယ်ယွီထံသို့ စကြာဝဠာအရင်းမြစ်စွမ်းအင်များ ထည့်ပေးသည့်ပုံဖြစ်သည်။ သူ့ပုံစံက ဖြူဖတ်ဖြူရော်ဖြစ်လာသော်လည်း သူ့လက်က မရပ်ပေ။
“မိုးနဲ့မြေကို ပေါင်းစည်းမဲ့ လက်ချောင်း”
ထိုစကားစုကို ရေရွတ်သောအခါ တိမ်များကြားမှာ လက်ချောင်းပုံစံတစ်ခုပေါ်လာသည်။
ကြီးမားသော ဖိအားတစ်ခုက အန်ခယ်ပေါ်ကို သက်ရောက်လာသည်။ သူ့ပတ်လည်မှာရှိနေသော ကမ္ဘာ့ဆွဲငင်အားက ယခင်ကထက် ဆယ်ဆပိုမြင့်လာသည့်ပုံဖြစ်ပြီး သူက မလှုပ်ရှားနိုင်တော့ပေ။
“အား”
သူ၏ ကြွက်သားများ ပေါက်ကွဲလုမတတ်ဖြစ်လာသည်။
“ချိုးဖျက်ပစ်စမ်း”ဖန့်ကြွယ်ယွီက အောက်ကိုညွှန်ပြပြီး အမိန့်ပေးသည်။
ရွှေရောင်လက်ချောင်းက သားရဲကောင်၏ အရိပ်ကို မထိခင်မှာပင် မိုးကြိုးအစွမ်းက ပျက်ပြယ်သွားသည်။ လက်ချောင်း၏ ကြွင်းကျန်နေသော အင်အားက အန်ခယ်၏ရင်ဘတ်နေရာကို ထိရိုက်မိသွားသည်။
သူ၏ မိုးကြိုးချပ်ဝတ်တန်ဆာက အပိုင်းပိုင်းအစစဖြစ်ကာ သူ့ခန္ဓာကိုယ်ကလည်း ပင်လယ်ထဲကျသွား တော့သည်။
“ဟူး”
ဖန့်ကြွယ်ယွီက သက်ပြင်းရှည်ကြီးချလိုက်သည်။
သူ့အင်အားအကုန်သုံးပြီး လက်ချောင်းပုံစံကို ဖန်တီးနိုင်မည်ဟု မထင်ထားပေ။
“အင်အားကုန်တိုက်ခိုက်ပြီးတော့ အပေါ့သွားချင်လာပြန်ပြီ”
ဖန့်ကြွယ်ယွီက မြေပြင်ပေါ်တွင် သတိလစ်မေ့မျောနေသူနှစ်ဦးကိုတစ်ချက်ကြည့်သည်။ သူတို့ နှစ်ဦး၏ ဘေးက ဖြတ်ပြီး ပင်လယ်ထဲသို့အပေါ့ စွန့်လိုက်သည်။
ထိုအချိန်မှာ လူခုနှစ်ဦး၏ အရိပ်က တစ္ဆေတစ်ကောင်လို ဘွားခနဲပေါ်လာသည်။
“ခေါင်းဆောင် ဒီနားမှာ တိုက်ခိုက်ခဲ့ကြပုံပဲ။ သတိလစ်မေ့မြောနေတဲ့လူနှစ်ဦးပဲကျန်တာလား”
“ပြီးတော့ တစ်ယောက်က ပင်လယ်ထဲမှာ”
“သူတို့သုံးဦးမှာ နှစ်ယောက်က SSSအဆင့်နဲ့ နောက်တစ်ဦးက သာလွန်စွမ်းအားရှင်အဆင့်”
“ပြီးတော့ သူတို့တိုက်ပွဲက အစွမ်းတွေက ဒီနားမှာကျန်နေသေးပုံပဲ”
“ဟမ် ဟိုမှာကောင်လေးတစ်ယောက်ပါလား”
“မင်း ဘယ်သူလဲကွ”
ခေါင်းဆောင်ဖြစ်ဟန်တူသူက ဖန့်ကြွယ်ယွီကို သေချာအကဲခတ်သည်။
“မင်းတို့ကဘာတွေလဲ”
ဖန့်ကြွယ်ယွီက သူတို့ရောက်လာတာကို သိပြီးဖြစ်သော်လည်း မသိချင်ဟန်ဆောင်ပြီးမေးသည်။
“ဒီကိုရောက်လာတာ ငါ့ကိစ္စလျှော့ချင်လို့။ နေပါဦး မင်းတို့ကရော ဘယ်သူတွေလဲ”
“ခေါင်းဆောင် သူ့ဆီမှာဘာစွမ်းအင်မှ မတွေ့ရပါဘူး”
“သူက သာမန်လူပါ”
“ဒါဆို သူတို့က ပြန်သွားကြပြီလား”
သူတို့က ဘေးဘီဝဲယာကို ဟိုဟိုဒီဒီကြည့်ကြသည်။
“မင်းတို့က တကယ့်ကောင်တွေပါလား။ သူများအပေါ့သွားတာကို ချောင်းကြည့်ကြတယ်။”
ဖန့်ကြွယ်ယွီလည်း ထိုစကားကို ရေရွတ်ပြီး သူတို့ရှိနေသော နေရာက ထွက်ခဲ့သည်။ စင်ကာပူစွမ်းအားရှင်အဖွဲ့က ဇဝေဇဝါဖြစ်ပြီး ကျန်ရစ်ခဲ့သည်။