အပေးအယူ
Vol. 20 Ch. 267
“ဂျာမဏီအသင်းကို ၁၀-၀နဲ့ အပြတ်အသတ်အနိုင်ရသွားသော တရုတ်အသင်းအတွက် အလွန်ဂုဏ်ယူမိပါတယ်ခင်ဗျာ”
အစီစဉ်တင်ဆက်သူ၏ ကြေညာသံအပြီးမှာ လက်ခုပ်သံများအစီအရီထွက်ပေါ်လာသည်။ စင်ကာပူမှာနေထိုင်နေကြသော တရုတ်လူမျိုးများကလည်း ဖန့်ကြွယ်ယွီတို့ အသင်းကို မြိုင်မြိုင်ဆိုင်ဆိုင်အားပေးကြသည်။
ဘေးကပ်ရပ်အခန်းမှာ ဖယ်ခါဦးဆောင်သော အမေရိကနိအသင်းကလည်း ပြိုင်ဘက်အသင်းကို ၁၀-၀ဟူသော ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ရရှိသည်။ ဖယ်ခါသည် ပွဲအပြီးစင်ပေါ်မှ ခံစားချက်ကင်းမဲ့သော ပုံစံဖြင့် ဆင်းသက်လာသည်။သူမက လူများသည့်နေရာထက် တစ်ဦးတည်းသီးသန့်နေရသည့် ခံစားချက်ကို ပိုမိုခုံမင်ပုံရသည်။
“ဥက္ကဌဖန့်ရဲ့ ကစားပုံတွေက ဒီနေ့မှပိုပြီးကြမ်းနေတာ သတိထားမိကြလား”
“မနေ့ကပွဲတုန်းက ပထမဆုံးအမှတ်ကနေ နောက်ဆုံးအမှတ်ထိရောက်ဖို့ ၆၆စက္ကန့်ကြာတယ်။ ဒီနေ့ကျတော့ စက္ကန့် ၃၀တောင်မကြာတော့ဘူး”
“မသိတော့ပါဘူး။ ဂျာမန်အသင်းခေါင်းဆောင်ကတော့ ဥက္ကဌဖန့်ကို စားမတတ်ဝါးမတတ်ကြည့်နေတာ။ ကြည့်ရတာ သူတို့ကြား တစ်ခုခုဖြစ်ခဲ့ပုံပဲ”
“ဥက္ကဌဖန့်နဲ့ ငြိတဲ့လူတိုင်း ရူးရင်ရူး။ မဟုတ်ရင် မွဲရင်မွဲ ဘာမှကောင်းတဲ့အဆုံးသတ်ကြုံတွေ့ရမှာမှမဟုတ်တာ။”
…..
“ဖန့်ကြွယ်ယွီ မင်းစိတ်တိုနေတာလား။ မနေ့က အန်ဒရီရဲ့လုပ်ရပ်ကြောင့်မဟုတ်လား” ဟု လုချောင်က စကားစလာသည်။
ဖန့်ကြွယ်ယွီက သူ့ကိုလှမ်းကြည့်သည်။ မနေ့ညက လုချောင်ရဲ့ ဟောက်သံကြောင့် အိပ်မရသဖြင့် အပြင်ထွက်ပြီး သက်တောင့်သက်သာနေချိန်တွင် လူသုံးဦးက သူ့ကို သတ်ရန် ကြိုးပမ်းခဲ့သည်။
ဒါတင်မပြီးသေးဘဲ ထိုလူသုံးဦးကိုရှင်းပြီးချိန်တွင် လူခုနှစ်ယောက်အုပ်စုရောက်လာပြီး
သူအပေါ့သွားတာကို နှောင့်ယှက်ခဲ့သည်။
သူအနေနှင့် ဘယ်လိုလုပ်ပြီး စိတ်ကြည်နိုင်တော့မည်နည်း။
လုချောင်က ဖန့်ကြွယ်ယွီ၏ အကြည့်ကို နားမလည်ပေ။
“မနေ့ညက အိမ်မက်ထဲမှာ ငါက သူ့အဖေဖြစ်နေတယ်ဆိုတာ သိသွားလို့ လား”
“ကဲ တော်လိုက်ကြတော့။ ဘာမမဟုတ်တဲ့ကိစ္စနဲ့ ရန်မဖြစ်ကြနဲ့”
“မနေ့ညက ငါတို့ဟိုတယ်ဘေးက ကမ်းခြေမှာ ထူးထူးဆန်းဆန်းကိစ္စဖြစ်သွားသေးတယ်တဲ့”
“ဟုတ်လား ဘာဖြစ်တာလဲ”
“သူတို့ပြောတာတော့ မနေ့ညက အဲ့နေရာမှာ လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေတာ မြင်ခဲ့တယ်တဲ့။ ဒီနေ့မနက်တော့ မီးလောင်ဒဏ်ရာတွေနဲ့ လူတွေသေနေတာကို တွေ့တယ်တဲ့။ အချင်းချင်းတိုက်ခိုက်ကြတာလားတော့ မပြောတတ်ဘူး”
“တကယ်ကြီး ဒီခေတ်မှာ အချင်းချင်းအဲ့လိုတိုက်ခိုက်တာရှိသေးတယ်ပေါ့”
“ဘယ်သူပြောနိုင်မှာလဲ။ မိုးကြိုးစက်ကွင်းမလွတ်လို့လဲ ဖြစ်ချင်ဖြစ်မှာ”
ချန်ဖန့်က “ဒီဗီဒီယိုကြည့်။ ဒါက မနှစ်က နွေဦးပွဲတော်မှာ ရိုက်ထားတာ။ အဲ့ပွဲမှာ မီးမျက်လှည့်ဆရာနှစ်ဦးနဲ့ ရေမျက်လှည့်ဆရာတစ်ဦးတို့ ငါတို့ရွာထိပ်မှာ ပြိုင်နေကြတာ”
“ဟမ်”
ဖန့်ကြွယ်ယွီက အံ့အားသင့်သွားသည်။
သူတို့ရွာမှာ စွမ်းအားရှင်ရှိနေတာလား..
မျက်လှည့်ဆရာ….
အချင်းချင်း မီးရှူးမီးပန်းပစ်ဖောက်ပြီး ကစားနေကြတာ မဖြစ်နိုင်ဘူးလား..
“ဟား..ဘာများလဲလို့ကွာ”
“ငါတို့လုပ်ကြည့်ကြမလား”
“တော်ပါကွာ။ မီးပန်းတို့ ဗျောက်အိုးတို့ကို ကျန်းနန်မြို့မှာ သုံးစွဲခွင့် ပိတ်ပင်ထားတယ်လေ။ မင်းတို့ရွာလို မထင်နေနဲ့”
….
ဟိုတယ်ဝင်ပေါက်ဆီကို ကားတစ်စီးဝင်လာချိန်တွင် မနေ့ညက ကမ်းခြေနားမှာ ဖန့်ကြွယ်ယွီက ရင်းနှီးသောလူတစ်ဦးကိုမြင်လိုက်ရသည် ထိုလူ၏ ဆံပင်သည် ခါးထိရောက်အောင်ရှည်လျားသည်။
“သူမပါလား”
ဖန့်ကြွယ်ယွီက ဖယ်ခါကို စကားပြောရန် သူမတစ်ဦးတည်းရှိနေသည့် အချိန်အခါကို စောင့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
သူမအနားမှာ ဘယ်သူမှ ရှိမနေဘဲ ကမ်းခြေမှာ မြင်ရလိမ့်မည်ဟု မထင်ထားပေ။
“ကားဆရာ ဒီမှာခဏရပ်ဦး”
“ဘာလို့လဲ နေမကောင်းလို့လား”
ကျောရှန့်ခယ်က စိုးရိမ်တကြီးမေးသည်။
သူသာနေမကောင်းပါက မနက်ဖြန်ဖိုင်နယ်ပွဲစဉ်တွင် တရုတ်အသင်းအနိုင်ရဖို့ မသေချာတော့ပေ။
“ဘာမှ မဟုတ်ပါဘူး။ နည်းနည်းပျင်းလာလို့ ကမ်းခြေမှာ ဟိုဟိုဒီဒီလျှောက်ကြည့်မလို့ပါ”
လုချောင်တို့က ကမ်းခြေမှာ ဖယ်ခါတစ်ဦးတည်းရှိနေတာကိုမြင်လိုက်ရသဖြင့် ပြုံးစိစိဖြစ်သွားသည်။
“သဘောပေါက်ပြီ ဟျောင့်”
“မင်းတို့ မဟုတ်တာတွေ လျှောက်မတွေးနေကြနဲ့။မင်းတို့ကိုသင်ပေးထားတဲ့ ကုဒ်တွေကိုသာလေ့ကျင့်နေကြလေ”
“ဟုတ်ပါပြီ”
ဖန့်ကြွယ်ယွီတစ်ဦးတည်း ကားပေါ်မှ ဆင်းလာပြီး ဖယ်ခါဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
သူမက ပင်လယ်ပြင်ကြီးကို မျက်တောင်တစ်ချက်မခတ်ဘဲ မမှိတ်မသုန်ကြည့်နေသည်။
“ဖန့်ကြွယ်ယွီ”
သူမက နောက်လှည့်မကြည့်သော်ငြား ဖန့်ကြွယ်ယွီလာနေတာကို သတိထားမိသည်။
ရုတ်တရက်ဆိုသလို သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေသမျှ အရာအားလုံးကို ဖတ်ရန် အင်အားပြင်းစိတ်စွမ်းအင်တစ်ခုက တိုက်ခိုက်နေတာကို ဖန့်ကြွယ်ယွီ ခံစားမိသည်။
ထိုအစွမ်းက Sအဆင့်အထက်မှာရှိသော်လည်း သိပ်ပြီးအင်အားမပြင်းပေ။ ဖယ်ခါ၏ စိတ်ထဲကို ဝင်ရောက်ပြီး သူမ၏ မှတ်ဥာဏ်ထဲက အရာအားလုံးကို ဖတ်လိုက်သည်။
“စိတ်တန်ခိုးစွမ်းအင်တွေကိုပိုင်ဆိုင်ထားတဲ့ စွမ်းအားရှင်အဖြစ်နဲ့ မွေးဖွားလာတယ်။ အသက်သုံးနှစ်အရွယ်မှာ အစွမ်းတွေပြလာပြီ။ဒါပေမဲ့ ဒါကိုဘယ်အဖွဲ့ကမှ သတိမထားမိကြဘူး”
“အဖွဲ့အစည်းကမွေးရာပါ စွမ်းအားရှင်တွေအကြောင်းကို မင်းကနေတစ်ဆင့် သုတေသနပြုလုပ်ပြီး လေ့လာဖို့ စီစဉ်ခဲ့တယ်။မင်းမိဘတွေနဲ့ အကိုကိုဖမ်းဆီးပြီး ဓားစာခံလုပ်တယ်။ ပြီးတော့ သူတို့ရဲ့သုတေသနလုပ်ငန်း မှာပါဝင်ဖို့ခိုင်းစေတယ်။မင်းမတတ်သာလို့ လိုက်လျောခဲ့ရတယ်”
“တော်တော့”
ဖယ်ခါက နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ထားသည်။ ဖန့်ကြွယ်ယွီ၏ ရှေ့မှာ လျှို့ဝှက်ချက်အားလုံးပေါ်မည့် ကောင်မလေးတစ်ဦးအသွင်ပေါ်နေသည်။
“မင်းအဲ့ဘဝကနေ လွတ်မြောက်ချင်လား။ ငါကူညီပေးမယ်”
“ရှင်က ကူညီမယ်ဟုတ်လား။ ရှင် ကျွန်မအကြောင်းကို သိတယ်ဆိုရင် အဲ့အဖွဲ့အစည်းက ဘယ်လောက်အာဏာရှိလဲဆိုတာရှင်သိမှာပေါ့”
ဆန်ကျူရီဟု အမည်ရသောအဖွဲ့က မြောက်အမေရိက၏ အကြီးမားဆုံးစွမ်းအားရှင်အဖွဲ့ဖြစ်သည်။ သူ့မှာ အဆင့်မြင့်စွမ်းအားရှင်ပေါင်းများစွာရှိတာမို့ လူတစ်ဦးတည်းက ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
“ဒါဆို ငါမင်းကို တစ်ခုပြမယ်”
“မင်းရဲ့စိတ်တန်ခိုးကိုသုံးပြီးကြည့်လိုက်။ အဲ့တာက ငါမင်းကိုရှင်းပြတာထက်ပိုပြီး နားလည်မှာ”
ဖန့်ကြွယ်ယွီက သူ၏စိတ်တန်ခိုးများကိုရုပ်သိမ်းပြီး သူမကို မသိစေချင်သော အကြောင်းအရာတစ်ချို့ကို ကာထားသည်။
ဖယ်ခါက အံ့အားသင့်သွားသည်။ လူသားဦးနှောက်သည် ထိုးဖောက်ဝင်ရောက်လာသော စိတ်တန်ခိုးများကို ခံနိုင်ရည်စွမ်းမရှိဆုံးအပိုင်းဖြစ်သည်။ သူမကို ဖန့်ကြွယ်ယွီက ယုံလို့လား။ ဒါမှမဟုတ် သူ့ကိုယ်ပိုင် အစွမ်းအစတွေကို အကြွင်းမဲ့ယုံကြည်နေတာလား။
သို့သော် ဖန့်ကြွယ်ယွီကိုသူမစတွေ့ကတည်းက သာမန်လူထက်ထူးခြားသောလူဆိုတာ သတိထားမိပြီး သူ့အကြောင်းသိချင်ခဲ့မိသည်။
“ဒါက..”
ဖန့်ကြွယ်ယွီ၏ မှတ်ဥာဏ်ထဲမှာ ထူးခြားအားကောင်းသော တန်ခိုးကိုတွေ့ရသည်။
လူတစ်ဦးချင်းစီက နတ်ဘုရားကဲ့သို့လေပေါ်မှာဝဲပျံနေပြီး ကမ္ဘာကိုဖြိုဖျက်နိုင်သော အစွမ်းအစများကို တွေ့ရသည်။
“ကဲ မင်းအခုယုံပြီမလား”
လာဒီးနစ်မိသားစုမှာ ကြုံတွေ့ခဲ့ရသော လျှို့ဝှက်စွမ်းအားရှင်အုပ်စုလိုက်ကြီးကို သူမကိုပြလိုက်ခြင်းဖြစ်သည်။
“နင်ဘာလို့ ငါ့ကိုကူညီချင်တာလဲ။ ဘာလိုချင်လို့လဲ”
“မင်းကိုလိုချင်လို့”
ဖန့်ကြွယ်ယွီက ဖယ်ခါ၏ မျက်နှာကို စိုက်ကြည့်ပြီးပြောသည်။
ဖယ်ခါကရှက်သွေးဖြာသွားသည်။
“ငါကအသက်မပြည့်သေးဘူး။ တရုတ်ပြည်မှာ အသက်မပြည့်သေးတဲ့လူကိုလက်ထပ်ရင် ထောင်ဒဏ်က အနိမ့်ဆုံး သုံးနှစ်ကနေ အမြင့်ဆုံး သေဒဏ်မဟုတ်လား”
“သုံးနှစ်ဆိုလည်း မြတ်တာပဲလေ။ သေဒဏ်ကျတော့လည်း တန်ပါတယ်”
ဖယ်ခါ၏ မျက်နှာက ပိုပြီးရဲတက်လာသည်။
“ဟုတ်ပြီ စတာပါကွာ။ငါ့ကိုကူညီပေးဖို့ မင်းရဲ့အစွမ်းအစတွေကို လိုအပ်လို့ပါ။အပြန်အလှန်အနေနဲ့ မင်းကိုရော မင်းမိဘတွေကိုရော လွတ်မြောက်အောင် ကူညီပေးမယ်”
အပိုင်း (၂၆၇)- အပေးအယူ