မမေးပါနဲ့..
Vol. 20 Ch. 269
“တရုတ်အသင်းက ယှဉ်ပြိုင်ရခြင်းမရှိဘဲနဲ့ ကမ္ဘာ့တက္ကသိုလ်များအဆင့် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲမှာ ပထမနေရာကိုရရှိသွားတယ်”
“တရုတ်အသင်းက ချန်ပီယံဆုကြီးကိုသိမ်းပိုက်နိုင်သွားပြီ”
“တရုတ်အသင်းရဲ့ ဖန့်ကြွယ်ယွီက ဖယ်ခါကိုကျော်တက်ပြီး တစ်ဦးချင်းအကောင်းဆုံး ကစားသမားဖြစ်သွားတယ်”
“နာမည်ကြီးကစားသမား ဖယ်ခါက ဖန့်ကြွယ်ယွီကို မနိုင်ဘူးဆိုတာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတယ်”
“ကမ္ဘာ့အချမ်းသာဆုံးလူက ကမ္ဘာ့ချန်ပီယံဖြစ်သွားပြီ။ သူ့မှာဘာလျှို့ဝှက်ချက်တွေရှိနေပါလိမ့်”
….
အသင်းလိုက်ပြိုင်ပွဲပြီးပြီးနောက် တစ်ဦးချင်းဆက်လက်ယှဉ်ပြိုင်ရသည်။ ဖန့်ကြွယ်ယွီက အရည်အချင်း ပြည့်ဝစွာဖြင့် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။ ဖယ်ခါက ယခင်ပွဲတုန်းကအတိုင်း အင်တိုက်အားတိုက် ယှဉ်ပြိုင်ခဲ့သော်လည်း ဖန့်ကြွယ်ယွီ၏ ခံစစ်နှင့်ကြုံရချိန်တွင် ကူကယ်ရာမဲ့ ဖြစ်ခဲ့ရ သည်။ဖန့်ကြွယ်ယွီက စက္ကန့်သုံးဆယ်အတွင်းမှာ သူမ၏ ခံစစ်ကိုထိုးဖောက်နိုင်ခဲ့သည်။
ထိုအခါကျမှ ပွဲကြည့်ပရိတ်သက်များအားလုံး ဘာမှပြန်မပြောနိုင်တော့ပေ။
ပြိုင်ပွဲဝင်နိုင်ငံများ အသီးသီး တစ်သင်းပြီးတစ်သင်းပြန်ကုန်ကြသည်။ တရုတ်အသင်းအုပ်ချုပ်သူ ကျောရှန့်ခယ်နှင့် ကျန်အသင်းသားသုံးဦးက ချန်ပီယံဆုကိုပိုက်ပြီး အိမ်ပြန်သွားကြပြီး ဖန့်ကြွယ်ယွီတစ်ဦးတည်း စင်ကာပူမှာနေခဲ့သည်။
ဖယ်ခါကလည်း စင်ကာပူမှာနေခဲ့ပြီး သူတို့နှစ်ဦးသား ကမ်းခြေမှာ တစ်ဖန်ပြန်လည်ဆုံတွေ့ကြသည်။
“မင်းရဲ့ အသင်းဖော်တွေ အဆင်ပြေကြရဲ့လား”
“အင်းပြေပါတယ်။ ဟိုကိုပြန်ရောက်သွားရင် နည်းနည်းတော့အဆူခံရမှာပေါ့။ အဓိကက ငါ့ကိုဆူကြမှာပါ”
“မင်းက တကယ့်ကိုရူးရူးမိုက်မိုက်လုပ်ခဲ့တာ။ အဲ့လိုလုပ်တာက မင်းရဲ့နိုင်ငံကို သစ္စာဖောက်သလိုတော့ဖြစ်သွားတာပေါ့လေ”
“ကိစ္စမရှိပါဘူး။ သူတို့က ငါ့ကိုရော ငါ့မိသားစုကိုရော တစ်ခါမှ လူလိုမှ မဆက်ဆံကြတာ”
ဖယ်ခါက သိတတ်စကတည်းက စမ်းသပ်ခန်းမှာ အကျဉ်းချခံထားခဲ့ရသည်။
နေ့ခင်းဘက်တွင် ကျောင်းတက်ပြီး ညဘက်တွင် စမ်းသပ်ခန်းမှာသာ သူမ၏ အချိန်အများစုကို
ကုန်ဆုံးခဲ့ရသည်။
သူမတင်မကဘဲ သူမ၏ မိသားစုကိုပါ ထိုအဖွဲ့အစည်းက ထိန်းချုပ်ထားခဲ့သည်။ အပေါ်ယံကြည့်လျှင်တော့ လွတ်လပ်သည်ဟု ထင်မြင်နိုင်သော်လည်း နောက်ကွယ်မှာတော့ သူမတို့၏နောက်ကို ထပ်ကြပ်မကွာ လိုက်ကြည့်ခံနေရသည်။
“ထူးဆန်းတာကလေ မင်းက ဒီလောက်အရေးပါတာ မင်းကို မျက်ခြေမပြတ်စောင့်ရှောက်ပေးမဲ့ လူလေးဘာလေး မရှိဘူးလား”
“ရှိတာပေါ့။ ငါ့ကိုစောင့်ရှောက်ဖို့ စွမ်းအားရှင်သုံးဦးကို အမြဲလွှတ်ထားတယ်။ ငါ့ကို စမ်းသပ်ဖို့ကြိုးစားချင်ကြတဲ့ အဖွဲ့တွေရှိခဲ့ပေမဲ့ သူတို့က အကုန်အပြတ်ရှင်းပစ်တာ”
“ငါထင်သလိုပါပဲလား”
စွမ်းအားရှင်များက နိုင်ငံအတွင်းမှာ အကြာကြီးနေခွင့်မရှိတာမို့ စင်ကာပူနယ်စပ်မှာနေပြီး
သူမကို အရိပ်အခြေကြည့်နေလောက်သည်။
“ကောင်းပြီ သွားကြစို့”
“ဟင် ငါတို့နှစ်ယောက်ထဲလား”
“ဘယ်ဟုတ်မလဲ။ ငါက သူဌေးတစ်ဦးပါကွာ။ သူဌေးတွေက ကိစ္စတွေကိုကိုယ်တိုင်ဖြေရှင်းတာ မြင်ဖူးလို့လား။ တစ်ခုတော့ရှိတယ် ငါပျင်းနေရင် သို့ ငါ့လက်ယားနေရင်တော့ ကိုယ့်ဘာသာဖြေရှင်းပါတယ်”
“နင်က အဲ့လိုစနောက်တတ်မယ်လို့ ငါမထင်ထားဘူး”
“စိတ်မပူပါနဲ့ ငါ့မိသားစုက ဒီကမ္ဘာပေါ်က နေရာအနှံ့မှာရှိတယ်။ မင်းမိသားစုက အဖမ်းခံထားရတာ မဟုတ်လား”
“ဟုတ်တယ်။သူတို့ကို အာနိသင်ဖြည်းဖြည်းချင်းပြတဲ့ အဆိပ်ကိုတိုက်ထားတာ။သူတို့က အဆိပ်ဖြေဆေး အဆက်မပြတ်သောက်မှသာ အသက်ရှင်နိုင်တာ။ ဒါကြောင့် ငါက သူတို့ရဲ့ သုတေသနမှာ ပါဝင်လိုက်ရတာ”
သူမ၏ ဘဝမှာ သုတေသနအတွက် အစမ်းသပ်ခံအရာတစ်ခုအဖြစ် အမြဲတစေရှင်သန်ခဲ့ရသည့်အပေါ် ဝမ်းနည်းနေမိသည်။
“လွယ်ပါတယ်။ သူတို့နေရာကို ထိုးဖောက်ဝင်ရောက်ပြီး မင်းမိဘတွေကိုကယ်မယ်။ ပြီးတော့ သူတို့နေရာကို ဖျက်စီးပစ်လိုက်မယ်”
“ဟားရှင်ပြောတာတော့ လွယ်သလိုလိုပဲ။ အမေရိကန်တစ်နိုင်ငံလုံး ဘယ်သူမှ အဲ့လိုမပြောရဲဘူး”
“သူတို့ကသူတို့။ ငါကငါလေ။အဖွဲ့အစည်းသေးသေးလေးဆို ငါ့မိသားစုကို ဖျက်စီးခိုင်းလိုက်လို့ရတယ်”
“အဖွဲ့သေးသေးလေးလို့ ရှင်တစ်ယောက်ပဲ ပြောရဲတယ်နော်”
“ငါတို့အဲ့ကိုဘယ်လိုသွားကြမလဲ”
“ကားမောင်းသွားကြမယ်လေ”
“ရှောင်းရီ အဆင့်မြှင့်ထားတဲ့ Sun Godကား ယူလာခဲ့”
“ပိုင်ရှင် မနေ့ကတည်းကယူထားပေးပါတယ်။အခု ပိုင်ရှင်ရဲ့ အရှေ့မှာပါ။ မမြင်ရအောင် ဖုံးထားတာမို့ပါ”
“မိုက်လိုက်တာ။ ဖုံးထားတာ ဖယ်လိုက်တော့လေ”
ထိုသို့အမိန့်ပေးလိုက်သည်နှင့် သူ့အရှေ့ငါးမီတာအကွာမှာ ပြိုင်ကားတစ်စီး ဘွားခနဲပေါ်လာသည်။
ယခင်ကားပုံစံဖြစ်သော်လည်း ကားအနောက်မှာ ထူးဆန်းသည့်ကိရိယာတစ်ခုကိုတပ်ဆင်ထားသည်။
“ဒါကဘာကြီးလဲ”ဟု ဖန့်ကြွယ်ယွီကမေးသည်။
“ဒါက နေရောင်ခြည်သုံးဓာတ်ပေါင်းဖိုပါ”
ဝမ်ချုံး၏ ယောက္ခမဆီသွားလည်တုန်းက နေရောင်ခြည်သုံးကိရိယာတပ်ဆင်ရန် ဖန့်ကြွယ်ယွီ အကြံရခဲ့သည်။
သူ့စိတ်ကူးကို ရှောင်းရီအား အကောင်ထည်ဖော်ခိုင်းခဲ့သည်။
ထိုကိရိယာက လေထဲမှာလွင့်ပျံနေသော စကြာဝဠာအရင်းမြစ်စွမ်းအင်ကို အလိုအလျောက်စုပ်ယူပြီး စွမ်းအင်မြင့် GN အမှုန်လေးများကိုထုတ်လွှတ်ပေးသည်။ထိုအမှုန်လေးများက ကားကိုပိုမိုပြီး အရှိန်မြန်စေသည်။
ထုတ်လွှတ်သောစွမ်းအင်ကိုလက်နက်တစ်ခုအဖြစ်သုံးနိုင်သော်လည်း မြင့်မားသောကုန်ကျစရိတ်ကြောင့် မထုတ်လုပ်နိုင်ကြပေ။
ဖန့်ဟွိုက်ပို့လိုက်သော ပစ္စည်းထုတ်ထဲမှာ လိုအပ်သောကုန်ကြမ်းပစ္စည်းများပါဝင်သဖြင့် ရှောင်းရီက နေရောင်ခြည်သုံးဓာတ်ပေါင်းဖိုကို ဖန်တီးနိုင်ခဲ့သည်။
“ဒီစွမ်းအင်က နိုင်ငံတစ်နိုင်ငံကိုအသာလေးဖျက်စီးနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်။ အဲ့တာကို ပိုင်ရှင်က ကားအင်ဂျင်အနေနဲ့ အသုံးပြုတာ သပ်သပ်ဖြုန်းတီးသလိုပဲ”
“အဲ့အတွက်တော့မပူနဲ့။ ငါဒီကားကိုဆက်မစီးတော့လျှင် အဲ့ကိရိယာကိုဖြုတ်ပြီး တစ်ခုခုမှာပြန်လည်တပ်ဆင်မှာပေါ့”
“ကဲ စမယ်။ တံခါးဖွင့်ပါ”
ဖန့်ကြွယ်ယွီ၏ အမိန့်ဆုံးသည်နှင့် တံခါးကဖြည်းဖြည်းချင်းပွင့်လာပြီး ကားက မြေပြင်အထက် ၃၀စင်တီမီတာအထိ ကြွတက်လာသည်။
“လာတက်ခဲ့”
ဖန့်ကြွယ်ယွီက ကားပေါ်အရင်တက်ပြီး ဖယ်ခါကိုလက်ကမ်းပေးသည်။
“နင်ဘယ်လိုလုပ်လိုက်တာလဲ”
ဖယ်ခါ၏ ဦးနှောက်ထဲဗဟုသုတအပြည့်ဖြစ်သည်။ ကားပုံစံကကမ္ဘာမြေဆွဲငင်အားကို ဆန့်ကျင်သည့်ပုံဖြစ်နေသော်လည်း ယုံဖို့ခက်နေသည်။
“ဘယ်လိုလုပ်လဲငါ့ကိုမမေးနဲ့။ ငါမလုပ်နိုင်တာဘာမှမရှိဘူးလို့ပဲ သိထားပေး”
“မင်းမေးရင် ပြန်ကြားရမဲ့အဖြေကို အံ့ဩရလိမ့်မယ်။ ဘာကိစ္စပဲဖြစ်လာလာ ငါ့အတွက်တော့ အသာလေးပဲ”
ဖယ်ခါက ဘာမှ ပြန်မပြောနိုင်အောင် ဆွံ့အသွားသည်။ ကားထဲမှာလည်း လှုပ်ရမ်းခြင်းမရှိဘဲ စီးနင်းရသည်မှာ သက်တောင့်သက်သာရှိလှသည်။
“ထွက်တော့..သွားမဲ့နေရာက အမေရိကန်ကမ်းရိုးတန်းတောင်ကြား”
“အမေရိကန်ကမ်းရိုးတန်းတောင်ကြားကိုသွားမဲ့နေရာအဖြစ် အတည်ပြုပါတယ်”
ထိုစကားဆုံးသည်နှင့် ကားက ပင်လယ်ပြင်ကိုဖြတ်ပြီး လေယာဉ်ထက်မြန်သော အရှိန်ဖြင့် ဖြည်းဖြည်းမှန်မှန်ခရီးနှင်လာသည်။