ပင်လယ်ရေအောက်ကိုဖြတ်ပြီး တောထဲခေါ်သွားမယ်
Vol. 20 Ch. 271
“ဒီလူက ဘယ်လိုလူမျိုးပါလိမ့်။ သူက စင်ကာပူက စွမ်းအားရှင်များလား”
ထိုကဲ့သို့ လေပေါ်ဝဲပျံနိုင်သည့် အစွမ်းမျိုးကို SSSအဆင့်ထက်မြင့်သော စွမ်းအားရှင်မှာသာ ရှိနိုင်သည်။
ထိုကဲ့သို့အစွမ်းရှိသော လူမျိုးကို သူတို့သုံးဦးပူးပေါင်းပြီး အနိုင်တိုက်နိုင်မည်ဟူသော ယုံကြည်ချက်မရှိပေ။
“ငါတို့ဘာလုပ်လို့ရတော့မှာလဲ။ သူတို့က တအားမြန်နေတာလေ။ ဘယ်လိုမှ လိုက်မမှီနိုင်ဘူး။ ငါတို့အဖွဲ့အစည်းက အမြန်ဆုံးဆိုတဲ့လေယာဉ်ကိုသုံးလျှင်တောင်မှ သူတို့ကိုလိုက်မမှီဘူး”
“သူတို့သွားနေတဲ့ လားရာက ငါတို့ဌာနချုပ်ရှိတဲ့ဆီပဲ။ သူတို့ဘာလုပ်ချင်တာလဲ။ ကိုယ့်သေတွင်းကိုယ်တူးကြတာလား”
“သူတို့က ငါတို့အဖွဲ့အကြောင်း မသိလို့များလား။ဖယ်ခါက သူ့ကိုကူညီပေးမဲ့လူတွေ့သွားပြီထင်တယ်။ ဒါပေမဲ့ Santuaryရဲ့ အစွမ်းကိုသိလိုက်ရမယ်ဆို သူမသွေးပျက်သွားလိမ့်မယ်”
“လက်စ်..ဌာနချုပ်ကို အရင်ဆုံးသတင်းပို့လိုက်ဦး။ ဒီလူကြီးကို ရင်ဆိုင်ပြီးတာနဲ့ ဌာနချုပ်ဆီသွားကြမယ်”
“ကောင်းပြီ”
လက်စ်က ဌာနချုပ်ကို ဖယ်ခါလွတ်သွားသည့်အကြောင်းကို လှမ်းပြီးသတင်းပို့သည်။
“မင်းတို့တွေ စကားပြောလို့ ပြီးကြပြီလား”
ကူးဝမ်က စိတ်မရှည်သည့်ပုံစံဖြင့် မေးသည်။
“ဒီလူတွေကို ရေအောက်ထဲက တောအုပ်ဆီခေါ်လာရမယ်လို့ သခင်လေးက အမိန့်ပေးထားတယ်။ သူ့အမိန့်က ငါလုပ်ရမဲ့ မစ်ရှင်ပဲ”
“ဒီတရုတ်ကောင်က ဘာတွေပြောနေတာလဲ။ သူ..”
ဖန်ရီ၏စကားမဆုံးသေးခင်မှာပင် ကူးဝမ်ဆီမှ အားပြင်းပြင်းတစ်ခု ထွက်လာ၏။
“မင်း…”
သူတို့၏ ခန္ဓာကိုယ်ကို ကြီးမားသော စွမ်းအင်တစ်ခုက ကန့်သတ်ထားသလို ခံစားရသည်။ သူတို့၏ ပါးစပ်များကို မထိန်းချုပ်နိုင်ကြတော့ပေ။
“ငါတို့တော့ ဒုက္ခရောက်ပြီ”
ထိုအတွေးကို လက်စ်တို့သုံးဦးစလုံး တစ်ချိန်တည်း တွေးခေါ်ကြသည်။
“ဘန်း”
ကူးဝမ်က ဟီဂါကို ကန်လိုက်သည်။
ဟီဂါသည် အင်အားကြီးမားသည့်အစွမ်းကိုလက်ဝယ်ပိုင်ဆိုင်ထားသော စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူ၏ အရိုးများက တိုက်တေနီယမ် ကဲ့သို့ မာကျောသည်။
သို့သော်လည်း ကူးဝမ်၏ ကန်ချက်ကြောင့် သူ၏ရင်ညွန့်ရိုးများ ကျိုးသွားရုံသာမက အတွင်းကလီစာများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေသည်။
ဟီဂါသည် ထိုအစွမ်းကိုရကတည်းက ဒဏ်ရာရခဲသည်။ သူ၏ ကြီးမားသောစွမ်းအင်ဖြင့် ရန်သူများကို အသာစီးရစမြဲဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ ရန်သူ့ဘက်က တိုက်ကွက်တစ်ချက်တည်းဖြင့် သူဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
သူက ဘာမှ မလုပ်နိုင်ခင်မှာပင် ဟီဂါက သူ့ကိုလက်ကောက်ဝတ်မှဆွဲယူပြီး အဝေးကို လွှင့်ပစ်လိုက်သည်။
“ဝှီး”
ဟီဂါသည် ဥက္ကာပျံတစ်ခုအလား အနီးအနားကျွန်းရှိရာကိုကျသွားပြီး တောအုပ်ထဲမှာပျောက်ကွယ်သွားတော့သည်။
“နေပါဦး မင်းကဘယ်သူလဲ။ ငါတို့ Sanctuaryအဖွဲ့က မင်းနဲ့ ရန်ငြိုးရန်စများရှိလို့လား”
ထိုအဖြစ်အပျက်ကိုမြင်ပြီးနောက် လက်စ်နှင့် ဖန်ရီကလည်း ပြန်လည်ခုခံချင်စိတ်များ ပျောက်ဆုံးကုန်သည်။
“Sanctuary ဟုတ်လား”
“ဪ သိပြီ။ အဲ့တာက အမေရိကားမှာရှိတဲ့ အဖွဲ့သေးသေးလေးမဟုတ်လား”
“အဖွဲ့သေးသေးလေးလို့ပြောလိုက်တာလား”
အမေရိကန်ပြည်ထောင်စုနှင့် အမေရိကားတိုက်မှာရှိသော နိုင်ငံကြီးများတောင် သူတို့အဖွဲ့ကို ထိုကဲ့သို့မပြောကြပေ။ အဖွဲ့သေးသေးလေးဟူသော အသုံးအနှုန်းကို ဒီလူ၏ပါးစပ်ထဲမှ ထွက်ရဲသည်။
သို့သော်လည်း သူ့အနေအထားနှင့် ထိုစကားကိုဆိုသော်လည်း အပြစ်မရှိပေ။
အဖွဲ့၏ စွမ်းအားရှင်များကြားမှာ အတော်ဆုံးလူမဟုတ်သော်လည်း ဟီဂါ့ကို အနိုင်ရဖို့ အခက်ဆုံးဖြစ်သည်။ အဖွဲ့ခေါင်းဆောင်တောင်မှ သူ့ကိုတစ်ချက်တည်းနှင့် ဒဏ်ရာရအောင်မလုပ်နိုင်ပေ။
ဒီလူကဘယ်လိုလူမျိုးပါလိမ့်။
“ခဏလေး”
ဒီကမ္ဘာပေါ်ရှိ စွမ်းအားရှင်များကို ထိန်းချုပ်ထားသော တရုတ်အမျိုးသမီးတစ်ဦးရှိသည်။ သူမ၏ အဖွဲ့ထဲက စွမ်းအားရှင်တစ်ဦးသည် စွမ်းအားရှင်တစ်ဖွဲ့လုံးကိုရှင်းပစ်နိုင်သည်။
ထိုအမျိုးသမီး၏ နာမည်ကိုမသိကြပေမဲ့ သူမ၏ မျိုးရိုးနာမည်က ကျွမ်းဖြစ်သည်။
“မင်းက မစ္စကျွမ်းရဲ့လူလား”
မစ္စကျွမ်း၏ တပည့်များထဲမှ အားအနည်းဆုံးလူတောင်မှ တခြားစွမ်းအားရှင်များထက် အဆပေါင်းများစွာသာလွန်သည်။
“မင်းတို့က သဘောပေါက်လွယ်သားပဲ”
“ငါတို့က မစ္စကျွမ်းနဲ့ တစ်ခါမှ ရန်ဖြစ်လောက်တဲ့အထိ ရန်ငြိုးမရှိဘူး။ အကယ်၍ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ။ ငါတို့ခေါင်းဆောင်ကိုယ်တိုင်တောင်းပန်ပါ့မယ်”
လက်စ်နှင့် ဖန်ရီသည် ကြောက်ဒူးများတုန်နေကြသည်။
သူတို့၏ Santuary ဆိုသော အဖွဲ့တည်မြဲရန် ထိုအမျိုးသမီးနှင့် ရန်ငြိုးရန်စရှိလို့ မရပေ။
“မလိုပါဘူး။ ဒီကိစ္စက သူနဲ့မဆိုင်ဘူး”
“ဒါပေမဲ့ မင်းတို့ကပိုပြီး မိုက်မိုက်မဲမဲ လုပ်မိတာဖြစ်မယ်။ မင်းတို့က ငါတို့သခင်လေးကို ဒေါသထွက်အောင်လုပ်ခဲ့တယ်။ ငါက သခင်လေးအကြောင်း သေချာမသိပေမဲ့ သူဒေါသထွက်လျှင် ကြောက်ဖို့ကောင်းတယ်။မင်းတို့တော့ ကံဆိုးတာပဲ”
“ငါတို့က…”
လက်စ်တို့ဘာမှမပြောနိုင်သေးခင်မှာပင် ကူးဝမ်က သူတို့နှစ်ဦးရှေ့ကိုရောက်လာပြီး သူ၏ လက်ကြီးများနှင့် သူတို့နှစ်ဦးကို ဖမ်းဆုပ်၏။
“ဂျွတ်”
ကြောက်မက်ဖွယ်လှိုင်းတစ်ခုထွက်ပေါ်လာပြီး အေးခဲနေသောပင်လယ်ပြင်က ချက်ချင်းဆိုသလိုကွဲအက်သွားသည်။
သူတို့ကို ကူးဝမ်က ပင်လယ်ထဲကို နစ်လိုက်သည်။
မလက္ကာရေနက်ကြားနားမှာရှိသောကြောင့် ရေအနက်က ၂၇မီတာထက်မပိုပေ။ ထို့ကြောင့် ကူးဝမ်သတ်မှတ်ထားသော ပင်လယ်ရေအောက်ဟူသော အဓိပ္ပါယ်ဖြင့် မကိုက်ညီပေ။
လက်စ် နှင့် ဖန်ရီသည် အသက်ရှင်ဖို့ ကြိုးစားပမ်းစား ရုန်းကန်နေကြသည်။ လက်စ်၏ ကိုယ်ပေါ်တွင် အမွှေးထူထူကြီးများပေါ်လာပြီး လက်စ်သည် လူတစ်ပိုင်း မြေခွေးတစ်ပိုင်းဖြစ်လာသည်။ ထို့ပြင် သူ့အစွမ်းက ယခင်ကထက် ငါးဆပိုပြီးမြင့်လာသည်။
လက်စ်က ဘေးပတ်ပတ်လည်မှာရှိနေသော ရေခဲများကိုအေးခဲအောင် ပြုလုပ်ပြီး ကူးဝမ်ကို ရေခဲချွန်များဖြင့် တိုက်ခိုက်တော့သည်။
သို့သော် ကူးဝမ်အတွက် ထိုအကွက်က ကလေးသာသာအကွက်ဖြစ်ပြီး အရေပြားပေါ်တွင် ပွန်းပဲ့ရာတစ်ခုတောင်မဖြစ်သွားစေပေ။
“မင်းတို့ကို ရေအောက်ထဲခေါ်လာဖို့ သခင်လေးကမှာထားတာ”
ကူးဝမ်က အားထပ်စိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ကို ပင်လယ်ရေကြမ်းပြင်ဖြင့် ထိကပ်စေသည်။
ထို့နောက် ကူးဝမ်က လားရာကိုပြောင်းပြီး သူတို့ကိုပင်လယ်ရေကြမ်းပြင်တစ်လျှောက် တရွတ်တိုက် ဆွဲခေါ်သွားသည်။ ထိုသို့ခေါ်သွားသည့် လမ်းတစ်လျှောက်တွင် သွေးကွက်များကျန်ရစ်ခဲ့သည်။
“ဘယ်လောက်မှလည်း ခံနိုင်ရည်မရှိကြဘူး”
လက်စ်တို့နှစ်ဦးက သတိလစ်မေ့မြောနေပြီး ဟီဂါကျသွားရာ ကျွန်းပေါ်ရှိသစ်တောထဲကို ကျရောက်သွားသည်။ ထိုအချိန်မှာ ဟီဂါက သတိပြန်လည်လာသည်။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး သူ၏ အစွမ်းကလည်း ထိုဒဏ်ရာများ၏ နာကျင်မှုကို သက်သာစေရန် မစွမ်းဆောင်နိုင်ပေ။
“ဝုန်း”
သူ့ဘေးနားကို နောက်ထပ်လူနှစ်ဦးကျလာသည်။
လက်စ်နှင့် ဖန်ရီသည် လုံးဝသတိလစ်မေ့မြောနေသည်။
“ရေအောက်ထဲလည်း နှစ်ပြီးပြီ။ တောထဲလည်းခေါ်လာပြီးပြီဆိုတော့ သခင်လေးခိုင်းတာပြီးပြီ”
ရုတ်တရက် သူက ဟီဂါကို သတိရသွားပြီး လှမ်းကြည့်လိုက်သည်။ ဟီဂါက ကြောက်လန့်ပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။
“မင်းက တောထဲပဲ ကျသေးတာ။ ရေအောက်ထဲမသွားရသေးဘူး။ ဒီတစ်ခေါက်က မင်းအလှည့်ပဲ”
“မလုပ်ပါနဲ့ဗျာ….အား”
ကူးဝမ်က ဟီဂါကို ခေါ်ပြီး ရေအောက်ထဲ ထပ်ပြီးသွားပြန်သည်။