မင်းတို့က အရမ်းဆင်းရဲလို့ပေါ့
Vol. 20 Ch. 273
ထိုနေရာမှာရှိနေသော လူများအားလုံး ဇောချွေးပြန်နေကြသည်။ နှင်းတောင်တန်းပေါ် ကားမောင်းလာတယ်…
သူ့ကိုယ်သူ ကားပြိုင်ပွဲများ ယှဉ်ပြိုင်တယ်လို့ ထင်နေတာလား။
နှင်းတောင်တန်းများနှင့် မတ်စောက်သော တောင်များအကြားမှာ ဘယ်လိုများ ကားမောင်းလာခဲ့တာလဲ?
ပြီးတော့ ထိုအရာကို ကားဟုခေါ်ထိုက်သလား။
ကြမ်းတမ်းလှသော လမ်းခရီကို အဆင့်ဆင့်ဖြတ်ကျော်လာတာတောင်မှ ထိုကားမှာ ခြစ်ရာပွန်းရာ တစ်ချက်မရှိပေ။
ဘရိတ်ပေါက်ပြီး တိုက်မိသည်ဆိုသော စကားကတော့ အဓိပ္ပါယ်မရှိပေ။
ဝိုင်းပြီးကြည့်နေကြသော လူအုပ်ကြီးထဲတွင် စွမ်းအားရှင်များသာမက သုတေသနပညာရှင်များပါ ပါဝင်သည်။ သူတို့၏ သုတေသနနယ်ပယ်က စွမ်းအားရှင်များကိုလေ့လာခြင်းတစ်ခုတည်းမဟုတ်ဘဲ သိပ္ပံနယ်ပယ် အသီးသီးပါဝင်သည်။
ဤနေရာသည် ထူးဆန်းသော သိပ္ပံပညာရှင်များ စုဝေးရာဖြစ်သည်။ အကြောင်းရင်းမှာ သူတို့လေ့လာသောအကြောင်းအရာများကို နိုင်ငံတကာ သုတေသနနယ်ပယ်မှာ တားမြစ်ခြင်းခံထားရပြီး နောက်ကွယ်က သုတေသနအတွက် ငွေကြေးနှင့် စက်ကိရိယာကို ထောက်ပံ့ပေးသော အဖွဲ့အစည်းများလည်းရှိ သည်။
ထိုသိပ္ပံပညာရှင်များ၏ မျက်လုံးထဲတွင် ပိုက်ဆံရော ကိုယ်ကျင့်တရားရော မရှိကြပေ။ သုတေသနပြုလုပ်ခြင်း ကြောင့် သူတို့အသက်ဆုံးရှုံးရသည်အထိဖြစ်လျှင်တောင်မှ ပျော်ပျော်ကြီး အသေခံရဲသူများဖြစ်ကြသည်။
ကားတစ်စီးက ထူထဲလှသောကျောက်ဆောင်ကြီးကို တိုက်မိသော်လည်း ခြစ်ရာပွန်းပဲ့ရာမရှိဘဲ ဘာကြောင့်များ ဆက်လက်ရွေ့လျားနိုင်ရသနည်း။
ကားကဘယ်လောက်ပဲ မာကျောစေဦးတော့ ကားထဲမှာရှိသောလူများက ဘာကြောင့်များ တစ်ချက်လေးတောင် မထိခိုက်တာလဲ?
မီတာပေါင်းများစွာမြင့်သော နေရာမှ အရှိန်ဖြင့်ကျလာသော ကားပေါ်ရှိ လူများသည် စိစိညက်ညက်ကြေနေလောက်မှာဖြစ်သော်လည်း ယခုအခါ တစ်ချက်လေးတောင် မပွန်းပဲ့ကြပေ။
ချက်ချင်းဆိုသလို သုတေသီများက ထိုကားကို အလွန်အမင်းစိတ်ဝင်စားလာကြသည်။
“မစ္စတာ မွန်းစန့် ဒီလူနှစ်ယောက်ကိုဘာလုပ်လုပ် စိတ်မဝင်စားဘူး။ဒီကားကို ငါတို့လေ့လာဖို့အတွက် ယူချင်တယ်”
သူက ကားပေါ်မှာရှိသော နေရောင်ခြည်သုံးဓာတ်ပေါင်းဖိုကို မျက်စိကျနေသည်။ သူတို့၏ အတွေ့အကြုံအရဆို ထိုကိရိယာ၏ တန်ဖိုးက မနည်းလောက်ပေ။
“ပရော်ဖက်ဆာ အန်ဂယ်..အခုတော့ပြန်လိုက်ပါဦးဗျာ။ ဒီကိစ္စကိုကျွန်တော်တို့ပဲရှင်းလိုက်ပါ့မယ်”
မွန်းစန့် အမည်တွင်သော စွမ်းအားရှင်တစ်ဦးကဆိုသည်။
“ကောင်းပါပြီ ငါတို့ရှေ့မှာမြင်နေရတဲ့ကားကိုပဲလေ့လာခွင့်ရချင်ပါတယ်။ ဒါကိုလေ့လာပြီး နည်းပညာရယူနိုင်မယ်ဆို အဖွဲ့အတွက် အရမ်းအရေးပါပြီးအဆင့်မြင့်တဲ့ စက်ပစ္စည်းကိရိယာတွေ လေယာဉ်ပျံတွေကို ထုတ်ပေးနိုင်မယ်ဆိုတာ အသေအချာပါပဲ”
“စိတ်ချပါ ပရော်ဖက်ဆာ”
မွန်းစန့်က စွမ်းအားရှင်ဖြစ်သော်လည်း ပရော်ဖက်ဆာအန်ဂယ်ကိုတော့ အရမ်းလေးစားသည်။ တချို့ကိစ္စတွေမှာ ပညာရှင်များက စွမ်းအားရှင်များထက် ပိုပြီး ဩဇာကြီးမားသည်။
ဆယ်စုနှစ်ပေါင်းများစွာလေ့လာပြီးနောက် စွမ်းအားရှင်များ၏ လျှို့ဝှက်ချက်များ တစ်ခုပြီးတစ်ခုထွက်လာသည်။ ပိုက်ဆံအနည်းငယ်ထောက်ပံ့ရုံဖြင့် စွမ်းအားရှင်တစ်ဦးကို ဓာတ်ခွဲခန်းပစ္စည်းများနှင့် ဖန်တီးနိုင်၏။
ထိုကဲ့သို့ပညာရှင်ကို ဆုံးရှုံးပါက အဖွဲ့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပေမည်။
ထိုသို့ပြောပြီးနောက် သုတေသီများထွက်သွားပြီး စွမ်းအားရှင်များသာ ကျန်ခဲ့သည်။
ဖယ်ခါက လူစိမ်းတစ်ဦးနှင့် ပါသွားပြီး ဌာနချုပ်ရှိရာကို ထူးဆန်းသည့် ယာဉ်ဖြင့် လာနေသည်ဆိုတာကို ဖန်ရီက သတင်းပို့ပေးခဲ့သဖြင့် ကြိုသိနေကြသည်။
ထို့အတွက်ကြောင့် သူတို့က အသင့်အနေအထားဖြင့် စောင့်နေကြသော်ငြား ဒီလောက်ထိ ရဲတင်းလိမ့်မည်ဟု မထင်ထားပေ။
သူတို့က ဖန်ရီကို အကြိမ်ကြိမ်အခါခါ ဆက်သွယ်သော်လည်း တစ်ဖက်က ဘာမှမတုံ့ပြန်ဘဲ အဆက်အသွယ် ပြတ်သွားသည်။
စင်ကာပူမှာရှိနေသော အဖွဲ့သားများက အနီးအနားတစ်ဝိုက်ရှာကြသောအခါ သေအံ့ဆဲဆဲဖြစ်နေသော လူသုံးဦးကို ကျွန်းပေါ်မှာ ရှာတွေ့ကြသည်။
တစ်ယောက်ချင်းစီက အပြင်းအထန်ဒဏ်ရာရထားကြပြီး အဆိုးဆုံးက ဟီဂါဖြစ်သည်။ သူ၏ အရိုးများအားလုံး ကျိုးပဲ့ကုန်သည်။သူတို့ကိုရှာတွေ့သောအခါ မှတ်တောင်မမှတ်မိကြပေ။ စွမ်းအားရှင်သာမဟုတ်ပါက သူတို့သေနေတာကြာပြီဖြစ်၏။
ယခုအခါလည်း သူတို့သုံးဦးစလုံး ကိုမာဝင်သွားကြသဖြင့် သူတို့ကို ဒီလိုအနေအထားဖြစ်အောင် မည်သူလုပ်ခဲ့လဲဆိုတာ မပြောနိုင်တော့ပေ။
ထိုသတင်းကိုကြားပြီးနောက် ဌာနချုပ်ရှိ စွမ်းအားရှင်များက အသင့်အနေအထားဖြင့် စောင့်နေကြသည်။ ဖယ်ခါက တစ်ယောက်ယောက်ဆီက အကူအညီရပြီး အဖွဲ့ကိုပြန်လည်တွန်းလှန်သည်ဟု တထစ်ချယုံကြည် ကြသည်။
စွမ်းအားရှင်သုံးဦးကို သတ်နိုင်တာမို့ ပြိုင်ဘက်၏ အနေအထားက မြင့်သည်။ထို့ကြောင့် စွမ်းအားရှင်များအားလုံးကို အသင့်အနေအထားဖြင့် စောင့်ဆိုင်းရန် တပ်လှန့်ထားရသည်။
“ဖယ်ခါ ဌာနချုပ်ကို လူစိမ်းတွေ ဘာလို့ခေါ်လာရတာလဲ။ အဖွဲ့ကို သစ္စာဖောက်တာလား…ဟင်”
စွမ်းအားရှင်များမှာ အဆင့်အမျိုးမျိုးရှိသည်။ ဌာနချုပ်မှာ အဆင့်-၆စွမ်းအားရှင်သုံးဦးနှင့် အဆင့်-၇ စွမ်းအားရှင်တစ်ဦးသာရှိသည်။
မွန်းဆန့်သည် အဆင့်-၆ စွမ်းအားရှင်တစ်ဦးဖြစ်သည်။
အဆင့်-၆ စွမ်းအားရှင်သည် နတ်ဘုရားအဆင့်၏ အမြင့်ဆုံးနှင့် ညီမျှသည်။ ထိုကဲ့သို့လူမျိုးကို တရုတ်ပြည်မှာ ပေါ်ပေါ်ထင်ထင်မတွေ့ရပေ။ဖြစ်နိုင်သည်မှာ လူသိများနာမည်ကြီးသော ဂိုဏ်းများတွင် သိုသိုဝှက်ဝှက်နေပုံရသည်။
တရုတ်ပြည်မှာ နတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်မှာရှိသော လူသုံးဦး ရှိနေပြီဆိုတာ ရှောင်းရီ၏ ပြောပြချက်အရ ဖန့်ကြွယ်ယွီသိရသည်။
အဆင့်-၇ စွမ်းအားရှင်သည် နတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်နှင့် ညီမျှပြီး တစ်ကမ္ဘာလုံးမှာ ရှစ်ဦးသာရှိသည်။
ထိုအချက်နှင့်ပင် Sanctuary အဖွဲ့က မည်မျှတန်ခိုးကြီးလဲဆိုတာ သိနိုင်သည်။
“အဖွဲ့ကိုသစ္စာဖောက်တယ်ဟုတ်လား”
ဖယ်ခါက တစ်ချက်မဲ့လိုက်သည်။
“ငါက ဒီအဖွဲ့အစည်းအပေါ်မှာ တစ်ခါမှ သစ္စာမရှိခဲ့တာကို ဘာကိုသစ္စာဖောက်ရမှာလဲ။ နင်တို့ကိုရော မေးပါဦးမယ်။ ငါ့ကို ဒီအဖွဲ့ကလူလို့ စဉ်းစားပေးတာ ရှိဖူးလို့လား။ ငါ့ကို မွေးရာပါစွမ်းအားရှင်တွေ အကြောင်းသိရဖို့ အစမ်းသပ်ခံတစ်ခုလိုပဲ နင်တို့တွေ သတ်မှတ်ခဲ့ကြတာမလား”
“ငါ့မိဘတွေနဲ့ ငါ့မောင်လေးကို ငါ့ဆီပြန်အပ်။ ပြီးတော့ သူတို့အဆိပ်ဖြေဖို့ပစ္စည်းတွေလည်း တပါတည်းထည့်ပေးလိုက်။အဲ့တာဆို ငါချက်ချင်းပြန်မယ်”
“ပြီးတော့ရှိသေးတယ်။ အိန်ဂျယ်ကိုလည်း ငါနဲ့အတူတူခေါ်သွားမယ်”
မွန်းဆန့်က တစ်ချက်ဟက်ခနဲရယ်သည်။
“ဖယ်ခါ မင်းလည်းဥာဏ်ရည်မြင့်ရဲ့သားနဲ့ ဘာလို့ပေါက်ကရတွေလျှောက်ပြောနေတာလဲ။ ဒါက ပြေရာပြေကြောင်း ညှိနှိုင်းတာဆို မင်းမှာအဲ့လိုညှိနိုင်တဲ့ အနေအထားရှိလို့လား။ ဒါမမဟုတ် မင်းကိုကူညီတဲ့လူရှိလာလို့ အာခံချင်တာလား”
“ကမ္ဘာ့အချမ်းသာဆုံး တရုတ်လူမျိုး ဖန့်ကြွယ်ယွီ …အသက်က ၂၁နှစ်။ ဖယ်ခါ မင်းက သူ့အားကိုးနဲ့ သိပ်ကိုသတ္တိတွေရှိနေတယ်ပေါ့လေ။ ငါတို့အဖွဲ့ကို ငွေနဲ့ပစ်ပေါ်ပြီး ဝယ်မလို့ တွေးနေတာလား”
မွန်းဆန့်တင်မကဘဲ စွမ်းအားရှင်အကုန်လုံးက အူလှိုက်သည်းလှိုက်ရယ်ကြသည်။
“မင်းတို့ကချမ်းသာတဲ့လူဆိုပြီး လျှော့တွက်တာလား”
ဖန့်ကြွယ်ယွီက အရှေ့ကိုထွက်လာသည်။
“ပိုက်ဆံက ကမ္ဘာပေါ်မှာ လိုချင်သမျှရဲ့ ၉၀% ကို ဖြည့်ဆည်းပေးနိုင်တာ သိရဲ့လား။ ထားလိုက်ပါ မင်းတို့က မချမ်းသာဘူးတော့ ငါပြောတာလည်း သိကြမယ်လည်း မထင်ပါဘူး”
“တရုတ်ကောင် မင်းက ဟာသတွေပြောတတ်တာပဲ။ ငါ အခု မင်းကို ငါသတ်ပါပြီတဲ့။ မင်းပိုက်ဆံတွေက မင်းကို လွတ်မြောက်အောင် ကယ်နိုင်သေးလား”
“လွတ်မြောက်ဖို့ဟုတ်လား ဘာလို့ငါက ထွက်ပြေးရမလဲ”
ဖန့်ကြွယ်ယွီက ဘေးနားကကားကို ညွှန်ပြသည်။
“ဒီကားဘယ်လောက်တန်လဲဆိုတာ နင်တို့သိလို့လား”
မည်သူဆီကမှ အဖြေမထွက်လာပေ။ ထိုကားမှာ သုံးထားသည့် ပစ္စည်းအမျိုးအစားကို မသိသဖြင့် ကုန်ကျစရိတ်ကို မခန့်မှန်းနိုင်ပေ။
“ပါဝါစနစ်ကိုဖယ်လိုက်ရင်တောင် ကားကိုအဆင့်မြှင့်ထားတဲ့ ပစ္စည်းဖိုးနဲ့တင် ၂၀ ဘီလီယံတန်နေပြီ”
“၂၀ဘီလီယံက များတဲ့ပမာဏလို့ ထင်နေတာလား”
Sanctuary အဖွဲ့အတွက် ထိုပမာဏက မပြောပလောက်အောင် နည်းသည်။
“ဒါပေမဲ့ ၂၀ဘီလီယံနဲ့ ဒီလောက်ခိုင်ခံ့တဲ့ ကားကိုခုမှ ပထမဆုံးမြင်ဖူးတာမလား”
အားလုံးလည်း အသံတိတ်ကုန်ကြသည်။ ဖန့်ကြွယ်ယွီပြောသလိုပင် ထိုကားမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။
“ပစ္စည်းဖိုးက ၂၀ဘီလီယံပဲဆိုပေမဲ့ ဒီကားမှာ သုံးထားတဲ့ နည်းပညာက အဆတစ်ရာ အဆတစ်ထောင်ပိုမြင့် တယ်။ ပိုက်ဆံရဲ့ အာဏာဆိုတာဒါပဲ”
“လူတွေကို အင်မော်တယ်လိုမျိုးဖြစ်အောင်လုပ်နိုင်တယ်လို့ မင်းပြောဦးမှာလား”
“ဒါပေါ့ ပိုက်ဆံရှိရင် ဥာဏ်ရည်မြင့်ခေတ်တစ်ခုကိုရောက်အောင်လုပ်နိုင်တာပေါ့။”
“မင်း ဘာတွေလျှောက်ပြောနေတာလဲ”
“ဒီကမ္ဘာပေါ်မှာ မဖြစ်နိုင်တဲ့အရာတွေဆိုတာရှိတယ်ဆိုပြီး မင်းတွေးတယ်ဆိုတာ ချမ်းချမ်းသာသာဘဝကို မနေခဲ့ဖူးလို့ပဲဖြစ်ရမယ်”