← Chapters

ဒါက ငါတို့မိသားစုရဲ့ သက်တော်စောင့်အုပ်စုပဲ

Vol. 20 Ch. 274

ဒါက ငါတို့မိသားစုရဲ့ သက်တော်စောင့်အုပ်စုပဲ

Vol. 20 Ch. 274

“ဒါဆို မင်းမေးချင်တာက ငါကသေခါနီးလူဆိုရင် ပိုက်ဆံကဘယ်လိုလုပ်ပြီး ငါ့အသက်ကိုကယ်နိုင်မလဲ အဲ့သဘောပြောချင်တာမလား”

ဖန့်ကြွယ်ယွီက အသံကိုမြှင့်လိုက်သည်။

“ဒါလေးများ လွယ်လွယ်လေးပါကွာ..ဒီကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့ သက်တော်စောင့်အုပ်စုကို ငါငှါးလိုက်မှာပေါ့”

ဖန့်ကြွယ်ယွီက လက်ဖျောက်တစ်ချက်တီးသည်။

“ကဲ မင်းတို့လည်း စောင့်နေရတာကြာရောပေါ့။ မင်းတို့သခင်လေးဖြစ်တဲ့ ငါလည်းကြွားလုံးထုတ်ရတာမောလာပြီ။ အားလုံးထွက်ခဲ့ကြ”

“ဘာလဲဟ။ ငါတို့နေရာကို တခြားလူတွေက ကျူးကျော်ဝင်ရောက်လာတာလား”

ဖန့်ကြွယ်ယွီ၏ ပုံစံက ယုံကြည်ချက်ရှိရှိပြောနေသည့်ပုံပေါ်သဖြင့် သူ့စကားကနောက်ပြောင်နေသည်ဟု ဘယ်သူကမှ မထင်ရဲကြပေ။

သို့သော်လည်း သူတို့၏ ဌာနချုပ်မှာ အစောင့်အကြပ်တင်းတင်းချထားပြီး အဆင့်မြင့်လက်နက်များ တပ်ဆင်ထားတာတောင်မှ ကျူးကျော်နိုင်သည်ဆိုလျှင် တပ်ဆင်ထားသော လက်နက်များက သုံးစားမရဖြစ်နေခဲ့တာလား။

သူတို့စဉ်းစားရကြပ်နေချိန်တွင် ဖန့်ကြွယ်ယွီ လုပ်ခဲ့သော အပေါက်ကြီးဆီမှ လူများတဖွဲဖွဲ ဝင်ရောက်လာသည်။

ထိုလူများက သူ့နောက်မှာရပ်ပြီး ဝန်းရံလိုက်ကြသည်။ တစ်ဦးချင်းစီ၏ အနေအထားကလည်း ကြောက်စရာအတိဖြစ်သည်။

စုစုပေါင်း လျှို့ဝှက်စွမ်းအားရှင် ၈၆၂ဦးဖြစ်သည်။ အငယ်တန်း လျှို့ဝှက်စွမ်းအားရှင် ၁၂၅ဦး၊ အလယ်အလတ်အဆင့် လျှို့ဝှက်စွမ်းအားရှင် ၂၀၄ဦးနှင့် ကျန်လူများက အဆင့်မြင့်လျှို့ဝှက်စွမ်းအားရှင် များဖြစ်ကြသည်။ ထိုလူများက အမေရိကားအခြေစိုက် လော့စ်ဖစ်မိသားစုမှ ဖြစ်ကြ၏။

လော့စ်ဖစ်မိသားစုသည် မြောက်အမေရိကတစ်ခွင် ဩဇာကြီးမားသည်။ ဖန့်ကြွယ်ယွီ၏ ဘိုးဘေးများက ထိုနေရာမှာ အာဏာတစ်ခုတည်ဆောက်ရန် လော့စ်ဖစ်မိသားစုကို အခြေချပေးခဲ့ခြင်းဖြစ်သည်။ လော့စ်ဖစ် မိသားစုက မြောက်အမေရိကတိုက်ရှိ သူ၏ လုပ်ငန်းများကို စီမံခန့်ခွဲပေးရသည်။

လာဒီးနစ်မိသားစု၏ သစ္စာဖောက်သည့်အစီအစဉ်ကို ဖန့်ကြွယ်ယွီက အောင်အောင်မြင်မြင်ကိုင်တွယ် နိုင်ကတည်းက ကျန်မိသားစုများမှ တစ်ခွန်းတပဒ မလှုပ်ရဲကြတော့ပေ။

ဖန့်ကြွယ်ယွီဆီက အမိန့်ရသည်နှင့် တပြိုင်နက် လော့စ်ဖစ်မိသားစုက လျှို့ဝှက်စွမ်းအားရှင်များကို အချိန်မီလွှတ် ပေးခဲ့သည်။

သူတို့ကို လယ်ရီလော့စ်ဖစ်ဟု ခေါ်သော အမျိုးသားတစ်ဦးက ဦးဆောင်သည်။ သူက အသက်လေးဆယ်အရွယ် ဟု ထင်ရသော်ငြား သူ့အသက်အစစ်အမှန်က ၂၀၀ကျော်ရှိပြီဖြစ်သည်။

သူသည် လော့စ်ဖစ် မိသားစုထဲမှာအသက်အကြီးဆုံးလူဖြစ်၏။

လျှို့ဝှက်စွမ်းအားရှင်များ၏ သက်တမ်းက ၂၀၀-၂၅၀ကြားရှိသည်။ လယ်ရီသည် ဖန့်မိသားစုထံမှ ဒုတိယပိုင်း ကျင့်စဉ်ကို မရသောကြောင့် ယခုအဆင့်မှာ အချိန်အကြာကြီး တန့်နေခဲ့သည်။

ဖန့်ကြွယ်ယွီ၏ အမိန့်ကို မလွန်ဆန်ရဲသလို သစ္စာလည်းမဖောက်ရဲကြပေ။ သူတို့၏ သစ္စာရှိမှုကို ဖန့်ကြွယ်ယွီ မြင်အောင်ပြသပြီး ကျင့်စဉ်ဒုတိယအပိုင်းကို တောင်းဆိုဖို့ တွေးထားကြသည်။

Sanctuary လိုအဖွဲ့ငယ်လေးအား လက်အောက်ငယ်သားတစ်ချို့ကို လွှတ်ပြီး ရှင်းခိုင်းလည်းရပေသည်။ သို့သော် ဖန့်ကြွယ်ယွီအပေါ် သစ္စာရှိမှုကိုပြသလိုသဖြင့် ခေါင်းဆောင်ကိုယ်တိုင် လာခဲ့သည်။

“သခင်လေး လော့စ်ဖစ်မိသားစုခေါင်းဆောင် လယ်ရီလော့စ်ဖစ်က လျှို့ဝှက်စွမ်းအားရှင် ၈၆၂ဦးခေါ်လာခဲ့ပါတယ်။ ဘာများအမိန့်ရှိမလဲခင်ဗျာ”

“ဟာကွာ လူတွေကများလှချည်လား”

ယခင်တစ်ခေါက်တုန်းကတော့ လာဒီးနစ်မိသားစုကိစ္စကို ဖြေရှင်းလိုသဖြင့် လူပေါင်းတစ်သိန်းနီးပါးကို ခေါ်ယူခဲ့သော်ငြား ယခုတစ်ခေါက်မှာတော့ ဖယ်ခါကို ကူညီချင်ရုံသပ်သပ်ဖြစ်သည်။

လူပေါင်း ၈၀၀ကျော်ပမာဏသည် Sanctuary တစ်ဖွဲ့လုံးကို စိစိညက်ညက်ကြေသွားအောင် ရှင်းပစ်နိုင်သည်။

“ငါပြောမယ်..အိမ်ထဲမှာတစ်ချိန်လုံးထိုင်နေတာထက် ပိုပြီးကောင်းတဲ့တစ်ခုခုလုပ်ဖို့ မရှိဘူးလား။ ဒီလိုအဖွဲ့ကို

ဖြိုခွင်းတဲ့အချိန်မှာ ငါ့ကိုခေါင်းဆောင်လို့ အထင်မှားကြတော့မယ်။ ငါက ၂၁နှစ်အရွယ်လူငယ်လေးပဲရှိပါသေးတယ်”

“ဒီလောက်အဖွဲ့လေးအတွက် ဘာလို့လူအများကြီးခေါ်လာရတာလဲ”

ဖန့်ကြွယ်ယွီက လက်တစ်ဆုပ်စာ ပမာဏကို လွှတ်ခိုင်းခဲ့သော်လည်း လယ်ရီက မျက်နှာလိုမျက်နှာရဖြင့် လူအများကြီးခေါ်ချလာခဲ့သည်။

“ကဲ ဘာပဲဖြစ်ဖြစ်ပါ မင်းတို့လည်း ဒီရောက်နေပြီပဲဟာ။ မပြောတော့ဘူး။ မင်းတို့အားလုံးကို နောက်မှပဲ ဘောက်ဆူးကောင်းကောင်းချမယ်”

“ဟေး မင်းမြင်ပြီလား။ ဒါက ငါ့သက်တော်စောင့်အဖွဲ့ပဲ”

“ဖန့်ကြွယ်ယွီ ဒီလူတွေက ရှင့်လူတွေလား”

ဖယ်ခါ၏ အသံက တုန်ရီနေသည်။

“ဟုတ်တယ် မြောက်အမေရိကတိုက်က ငါ့လုပ်ငန်းတွေကို စီမံခန့်ခွဲပေးတဲ့ မန်နေဂျာသဘောမျိုးပေါ့။ သူတို့က ဒီအဖွဲ့လောက်ကို အသာလေး ဖြိုခွင်းနိုင်တယ်”

“ဒါက လော့စ်ဖစ်မိသားစု အမှတ်အသားပဲ”

သူတို့၏ ယူနီဖောင်းပေါ်ရှိ နေဝန်းပုံစံကိုမြင်ရပြီး မွန်းဆန့်က တန်းပြီးသဘောပေါက်သည်။

Sanctuary အဖွဲ့သည် ဒုတိယအကြီးဆုံးအဖွဲ့ဖြစ်ပြီး ပထမအကြီးဆုံးဖြစ်သည့် လော့စ်ဖစ်ကို ဘယ်လိုမှ မယှဉ်နိုင်ပေ။

Sanctuary တစ်ဖွဲ့လုံးကို လော့စ်ဖစ်မိသားစုဝင်ငါးဦးတည်းနှင့်ရှင်းပစ်နိုင်သည်။ ယခုလို ရာနှင့်ချီသော ပမာဏကို သူတို့အဖွဲ့က ဘယ်လိုလုပ်ပြီး ခုခံနိုင်မည်နည်း။

“မင်းက လော့စ်ဖစ်မိသားစုရဲ့ ဘယ်အကြီးအကဲလဲဆိုတာ မေးပါရစေ”

မွန်းဆန့်က မေးသည်။

“ငါက လယ်ရီလော့စ်ဖစ်..လော့စ်ဖစ်မိသားစုခေါင်းဆောင်ပါ”

“လော့စ်ဖစ်မိသားစုခေါင်းဆောင်တောင် ရောက်လာတယ်”

ဒီလိုခေါင်းဆောင်တစ်ဦးကို ဆင့်ခေါ်နိုင်သော ဖန့်ကြွယ်ယွီ၏ အနေအထားကို မွန်းဆန့်က အံ့အားသင့်ရသည်။

သူက အရမ်းချမ်းသာလွန်းသောကြောင့် လော့စ်ဖစ်မိသားစုက သူ့ကိုသစ္စာခံတာလား။

သို့သော် လော့စ်ဖစ်မိသားစုကိုယ်တိုင်လည်းကြွယ်ဝချမ်းသာတာမို့ ပိုက်ဆံမလိုအပ်ပေ။

“မစ္စတာလယ်ရီ ..လော့စ်ဖစ်မိသားစုနဲ့ ငါတို့အဖွဲ့က တစ်ခါမှ ပြသနာမတက်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဘာလို့ ငါတို့အဖွဲ့နေရာကို ကျူးကျော်ဝင်လာတာလဲ။ ငါတို့ထဲက တစ်ယောက်ယောက်နဲ့များ အချင်းများခဲ့ကြလို့လား”

“မင်းတို့အဖွဲ့က ငါတို့နဲ့ ဘာပြသနာမှမရှိပါဘူး”

“ဒါဆို မင်းတို့ဘာလို့…”

“ငါတို့က သခင်လေးရဲ့ အမိန့်အတိုင်းလုပ်ရတာ။ မှားမှားမှန်မှန် သခင်လေးရဲ့အမိန့်ကို နာခံရမယ်”

“သခင်လေး ဟုတ်လား”

မွန်းဆန့်က ဖန့်ကြွယ်ယွီကိုတစ်ချက်လှမ်းကြည့်သည်။

သူတို့ပြောပြောနေကြတဲ့ “သခင်လေး”ဆိုတာ သူများဖြစ်နေမလား။

လော့စ်ဖစ်မိသားစုကို သူကပိုင်တာလား။

“မင်းတို့အခုသိပြီမလား။ မင်းတို့ကို တွေ့ချင်လို့ ငါလာခဲ့တာ။ ဖယ်ခါတောင်းဆိုသလို ဘာလို့မလုပ်ကြတာလဲ။ ဘာလို့ ငါ့သက်တော်စောင့်အဖွဲ့ကိုခေါ်ရတဲ့အထိလုပ်ကြတာလဲ”

မွန်းဆန့်၏ စိတ်ထဲဒေါသထွက်လာသည်။ လော့စ်ဖစ်မိသားစုကို သူပိုင်ဆိုင်သည်ဆိုပါက လူကိုယ်တိုင် လာစရာမလိုဘဲ တစ်ယောက်ယောက်ကိုလွှတ်လိုက်ပြီး ညှိခိုင်းလျှင် ရပေသည်။

“ကဲ မင်းတို့ကို အခွင့်အရေးတစ်ခါထပ်ပေးမယ်။ ငါလိုချင်တဲ့လူတွေထုတ်ပေး”

“မြန်မြန်သွားခေါ်လာကြ”

ခဏအကြာမှာ ဖယ်ခါ၏မိသားစုနှင့် သူငယ်ချင်းကို ခေါ်လာသော ကားတစ်စီးရောက်ချလာသည်။

ဖယ်ခါ၏ မိသားစုက ဘာမှမဖြစ်သော်လည်း သူငယ်ချင်းဖြစ်သူ အိန်ဂျယ်က သတိလစ်မေ့မျောနေသည်။

“တော်သားပဲ။ ပြသနာကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သေချာသိတဲ့ပုံပါလား”

“ငါလည်း အေးအေးချမ်းချမ်းနေရတာကိုပဲကြိုက်ပါတယ်။ မလိုအပ်ပဲ အင်အားဖြုန်းတာမကြိုက်ဘူး”

“သခင်လေး ဒီနေရာကို ဖျက်စီးဖို့လိုမလား”

ဖန့်ကြွယ်ယွီက ပြန်ဖို့ပြင်ဆင်နေသဖြင့် လယ်ရီက အမြန်အဆန်မေးလိုက်ရသည်။

မွန်းဆန့်က ကြောက်လန့်ပြီးတစ်ကိုယ်လုံး တုန်ရီနေသည်။ သူတို့တောင်းဆိုသည့်အတိုင်းပေးထားတာကို ဖျက်စီးဖို့လိုသေးလား။

“လူသားတွေကို စမ်းသပ်နေတဲ့ ဓာတ်ခွဲခန်းတွေကိုဖျက်စီးပစ်ပြီး ကျန်တာတွေကို ဒီတိုင်းထားခဲ့”

ဖန့်ကြွယ်ယွီက သူတို့ကို ဆုံးရှုံးရသည့် အရသာကို ခံစားဖူးစေချင်သည်။

“ဖယ်ခါမိသားစုနဲ့ သူငယ်ချင်းကို တရုတ်ပြည်ခေါ်လာဖို့ကိစ္စလုပ်ပေးပါ။ကျွမ်းရီကလည်း လိုအပ်တာအကုန် ကူညီပေးပါလိမ့်မယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

လယ်ရီက တရိုတသေပြန်ဖြေသည်။

မွန်းဆန့်က မျက်နှာပျက်နေသည်။ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်လာခဲ့သော အရာများက နေ့ချင်းညချင်း ပျောက်ကွယ်ရတော့မည်။ သို့သော် သူဘာမှမပြောနိုင်ခင်မှာပင် ဖန့်ကြွယ်ယွီက သူ့ကို စူးစိုက်ကြည့်နေသည်။

“မှတ်ထား။ နောက်ထပ်လူသားတွေကို အသုံးချတဲ့ စမ်းသပ်မှုမျိုး ထပ်လုပ်တယ်ဆိုတဲ့ သတင်းမကြားချင်ဘူး။ နောက်တစ်ခါဆို ဒီတောင်ကို စိစိညက်ညက်ကြေအောင်လုပ်နိုင်တဲ့လူကိုလွှတ်မယ်။ မင်းတို့မယုံဘူးဆို စမ်းကြည့်ကြ”

All Chapters