ငါရှင်းပြပါရစေ…
Vol. 20 Ch. 275
Sun God ကားက မူလက နှစ်ယောက်ပဲးစီးလို့းသော်ငြား ရှောင်းရီက ပြန်လည်ပြုပြင်ပေးလိုက်သဖြင့် လူလေးယောက်အထိ စီးနိုင်သော အနေအထားဖြစ်သည်။ ထို့ကြောင့် အိန်ဂျယ်ကို အနောက်ခုံမှာ ထားရန် ဖယ်ခါအားပြောလိုက်သည်။
နေရောင်ခြည်သုံးဓာတ်ပေါင်းဖို၏ အစွမ်းကြောင့် ကားက လေထဲကို ဖြည်းဖြည်းချင်းတက်လာပြီး ထွက်ခွါသွားတော့သည်။
“ဝှီး”
သူတို့မထွက်ခွါခင် sanctuary ဌာနချုပ်တစ်ခုလုံး တုန်ခါသွားပြီး အပျက်အစီးများကြားမှ မီးခိုးများထွက်လာသည်။
“စမ်းသပ်ခန်းတွေကိုပဲ ဖျက်စီးပစ်ဖို့ ငါမှာလိုက်တာပါ။ ဒီကောင်တွေက နေရာတစ်ခုလုံးကို ဖျက်စီးလိုက်တာပဲ”
ဖန့်ကြွယ်ယွီက တိုးတိုးလေးရေရွတ်သည်။
ဖယ်ခါက ပြတင်းပေါက်ဆီမှ အပြင်ကိုငေးကြည့်နေသည်။ ထိုအဖွဲ့အစည်းတည်နေရာတစ်ခုလုံး ပျက်စီးသွား ဖို့က သူမ၏ အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်က အကောင်အထည်ပေါ်လာမည်ဟု တစ်ခါမှ မထင်ဘူးပေ။
ထိုငရဲခန်းကြီး ယခုတော့ပျက်စီးလေပြီ..
တခဏအကြာမှာ သူမ၏ ရင်ထဲမှာ ဟာတာတာကြီးဖြစ်လာသည်။
သူမ၏ တစ်ဘဝလုံး အစမ်းသပ်ခံအဖြစ်ရှိခဲ့ရသဖြင့် ဘဝဆိုသော အဓိပ္ပါယ်ပျောက်ဆုံးခဲ့ရသည်။ ယခုအချိန်မှာတော့ သူမစိတ်ကြိုက်ရှင်သန်ခွင့်ရလေပြီ။
“ဖယ်ခါ မင်းမိသားစုကို တရုတ်ကိုပို့ခိုင်းထားတယ်။ ငါက ကျန်းနန်မြို့မှာနေတာ။ မင်းတို့နေရေးထိုင်ရေးအတွက် စီစဉ်ပေးမယ်။ငါ့နောက်လိုက်ခဲ့ကြ”
“ငါတို့ သဘောတူထားတဲ့အတိုင်း နင်က ငါ့မိသားစုနဲ့ သူငယ်ချင်းကိုကယ်ပေးသလို ငါ့ဘဝကိုလည်း လွတ်မြောက်ခွင့်ရစေတယ်။ အခုချိန်ကစပြီး နင် ငါ့ကိုပိုင်ပါတယ်”
“အိန်ဂျယ်က အရေးကြီးဆုံးစမ်းသပ်ခံတစ်ခုလေ။ သူကလည်း မွေးရာပါ စွမ်းအားရှင်တစ်ဦးပဲ။ ငါ့အစွမ်းက ဦးနှောက်ပိုင်းနဲ့ဆိုင်တာ။ သူကကျ ပိုပြီး အဆင့်မြင့်တဲ့ စွမ်းအင်တစ်မျိုးပိုင်ဆိုင်တာ”
“အဲ့လိုလား”
ဖန့်ကြွယ်ယွီက စိတ်ဝင်စားလာသည်။
“သူ့ခန္ဓာကိုယ်က ကြယ်တွေဆီကနေ စွမ်းအင်တွေစုပ်ယူနိုင်တာ။ သူမရဲ့ ခန္ဓာကိုယ်က နျုးကလီးယားပေါင်းစပ်မှု ပုံစံငယ်လေးလိုဖြစ်နေတာ”
“တစ်ခါတုန်းက သူ့ကိုစမ်းသပ်နေတုန်း အိန်ဂျယ်က ရုတ်တရက်နိုးလာတာ။ ခန္ဓာကိုယ်က နာကျင်လွန်းတာမို့ ဒေါသကို မထိန်းနိုင်တော့ဘူး။ သူ့ကိုယ်ထဲက စွမ်းအင်တွေထွက်လာပြီး အဆောက်အဦးသုံးပုံပုံတစ်ပုံကို ဖျက်စီးပစ်တာ။ ဒါတင်မကသေးဘဲ စွမ်းအားရှင် ရာနဲ့ချီပြီး သတ်ပစ်တာ။ အဆင့်-၄ စွမ်းအားရှင်တောင် ပါသေးတယ်”
“အဲ့လောက်တောင် အစွမ်းထက်တာပေါ့”
အိန်ဂျယ်က Aအဆင့် စွမ်းအားရှင်ဖြစ်နိုင်မည်ဟု ဖန့်ကြွယ်ယွီ ခန့်မှန်းမိသည်။ စွမ်းအားရှင်များကို သတ်ပစ်နိုင်သည်အထိ အစွမ်းရှိတာက ထူးခြားပေသည်။
ဖန့်ကြွယ်ယွီတောင် ထိုလိုအနေအထားကို မစွမ်းဆောင်နိုင်ပေ။
“ရှောင်းရီ အဲ့တာဘာကြောင့်လဲဆိုတာသိလား”
“သိတာပေါ့ အိန်ဂျယ်ဆိုတဲ့ ကောင်မလေးက ကူးဝမ်လိုပဲ။ ပြောင်းလဲလွယ်တဲ့ စွမ်းအားရှိတာ”
“ပြောင်းလဲလွယ်တယ် ဟုတ်လား။ တစ်ခါမှတောင်မကြားဖူးပါဘူး ဘယ်လိုမျိုးလဲ”
“ရှင်းရှင်းလေးပါ။ စွမ်းအားရှင်တွေက နည်းလမ်းပေါင်းစုံသုံးပြီး စကြာဝဠာအရင်းမြစ်စွမ်းအင်ကို ရယူနိုင်ကြတယ်။ ဒါပေမဲ့သူတို့က အဲ့တာတွေကို အကန့်အသတ်နဲ့ပဲ အသုံးပြုနိုင်တာ”
“ဒါပေမဲ့ ဖယ်ခါတို့လို မွေးရာပါစွမ်းအားရှင်တွေကျတော့ ဘာပြုပြင်ပြောင်းလဲမှုမှ လုပ်စရာမလိုဘဲ စွမ်းအင်အမျိုးမျိုးကို စိတ်ကြိုက်သုံးနိုင်တယ်”
“ဒါဆို ငါကျင့်နေတဲ့ စွမ်းအားရှင်ကျင့်စဉ်ကရော ဘာအတွက်ကောင်းတာလဲ”
“မတူဘူးလေ။ သူတို့တွေက ကျင့်စဉ်မကျင့်ထားလည်း အစွမ်းထုတ်နိုင်တယ်။ အဲ့လောက်မခက်ဘူး။ သူတို့ကို စွမ်းအားရှင်ကျင့်စဉ်သာ ကျင့်ပေးလိုက်မယ်ဆို ပိုပြီးတော်သွားကြမှာ။ ဒါကြောင့်မို့ သူတို့ကို ကံကြမ္မာက မျက်နှာသာအပေးဆုံးလူတွေလို့ သတ်မှတ်ကြတာ”
“သူတို့ကိုအားကျလာပြီ”
“ဟမ် ဘာများအားကျစရာလိုလို့လဲ”
“ပိုင်ရှင့်ကို ဘိုးဘေးတွေက စွမ်းအားရှင်ကျင့်စဉ်တွေ သုံးမကုန်တဲ့ ပစ္စည်းတွေထားပေးခဲ့တာလေ။ ပိုင်ရှင်က အသာစီးရနေပြီးသားပါ”
“ပြီးတော့ ဒီကောင်မလေးနှစ်ယောက်ကလည်း အရေးကြီးတဲ့အရင်းအမြစ်တွေပေါ့။ စကြာဝဠာတစ်ခုလုံးကို ခြယ်လှယ်ချင်တယ်ဆို သူတို့က အကောင်းဆုံးမိတ်ဆွေတွေဖြစ်နိုင်တယ်”
“ဟုတ်တယ် ဒါကြောင့်မို့ သူတို့ကိုနတ်ဘုရားအကယ်ဒမီ ခေါ်သွားမလို့။ ဒါပေမဲ့ ဒီကောင်မလေးနိုးလာတာကို စောင့်ရဦးမယ်”
စကြာဝဠာအရင်းမြစ်စွမ်းအင်ကို အသုံးပြုပါက သူမသက်သာတာ မြန်လိမ့်မည်ဟု ရှောင်းရီက သတင်းပေးသည်။
“အခုချိန်ကစပြီး မင်းတို့နှစ်ယောက် ငါ့အိမ်မှာနေကြ”
တစ်နာရီကျော်မောင်းနှင်လာပြီးသည့်နောက် ကားက ကျန်းနန်အိမ်ယာရှေ့ကို ပြန်ရောက်လာသည်။
“ဖယ်စမ်းပါ အားကောရာ”
ဖန့်ကြွယ်ယွီက အိန်ဂျယ်ကိုကားပေါ်ကနေ ပွေ့ပြီးချီလာသည်။
“ဝုတ် ဝုတ် ဝုတ်”
အားကောက လူစိမ်းများပါလာသဖြင့် ထိုးဟောင်နေသည်။
“အားကော ကိုယ့်ဘာသာကစားနေ။ ငါလုပ်ရမဲ့ ကိစ္စလေးတွေ ပါလာသေးတယ်”
ဖန့်ကြွယ်ယွီက အားကောထံ ဆေးတစ်လုံးပစ်ပေးလိုက်သည်။ အားကောက ပါးစပ်နဲ့ကိုက်ချီသွားပြီး ဆေးလုံးကို စိစိညက်ညက်ကြေအောင်ဝါးကာ မြိုချလိုက်သည်။
“ရှင်းယွီကမပြန်လာသေးဘူးလား။ နောက်ကျလိုက်တာ”
ဖန့်ကြွယ်ယွီက အိန်ဂျယ်ကို ဆိုဖာပေါ်ပစ်တင်လိုက်သည်။ အိန်ဂျယ်က တစ်ကိုယ်လုံး ညစ်ပတ်နေသည်။
ဖန့်ကြွယ်ယွီက သူမ သန့်ရှင်းသွားစေရန် ရေချိုးပေးချင်နေခဲ့သည်။
“ထားလိုက်ပါ သူမပြန်သက်သာလာအောင် အရင်လုပ်ပေးကြည့်တာပေါ့”
ဖန့်ကြွယ်ယွီက စကြာဝဠာအရင်းမြစ်စွမ်းအင်ကို သူ့လက်ထဲမှာစုစည်းပြီး အိန်ဂျယ်၏ ခန္ဓာကိုယ်ထဲကို ထည့်ပေးသည်။ သူမ၏ ခန္ဓာကိုယ်က ဒဏ်ရာရတာမျိုးမဟုတ်ဘဲ အားပျက်နေခြင်းဖြစ်သည်။
ထို့နောက် သူမ၏ ပါးစပ်ထဲကို ဆေးလုံးတစ်လုံးထည့်ပေးလိုက်သည်။ ထို့အတွက် အားဖြည့်ဆေးတစ်မျိုးတည်းကို အားကိုးနေလို့ မဖြစ်ပေ။
“ရှင်ပြန်လာပြီပဲ။ ဘယ်လိုလဲ စင်ကာပူမှာ ပျော်ခဲ့ရဲ့လား”
ကောရှင်းယွီက စတူဒီယိုမှ ပြန်လာချိန်တွင် ဖန့်ကြွယ်ယွီ၏ကားက ခြံထဲမှာ ရပ်ထားတာကို မြင်ရသောအခါ သူပြန်ရောက်နေပြီဆိုတာ သိလိုက်သည်။
သူမက ဧည့်ခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားရသည်။ ဖန့်ကြွယ်ယွီ၏ လက်များက အိန်ဂျယ်၏ ခန္ဓာကိုယ်ကို ထိနေသည့်ပုံစံက အသက်မပြည့်သေးသည့်ကလေးငယ်ကို မဟုတ်တာပြုလုပ်နေသည်ဟု ထင်ရသည်။
“ဖန့်ကြွယ်ယွီ ရှင်ဘာလုပ်နေတာလဲ”
ကောရှင်းယွီက ဒေါသတကြီးအော်ဟစ်သည်။
“ရှင် ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒါမျိုးတွေလုပ်ဖို့တွေးနေတာလား။ ပြီးတော့ တစ်ယောက်တောင်မဟုတ်ဘူး နှစ်ယောက်။ ပြီးတော့ နိုင်ငံခြားသူတွေ လူလိမ် လူညာ လူယုတ်မာကောင်”
“ဟာ မဟုတ်ဘူး ငါရှင်းပြပါရစေ”
ဖန့်ကြွယ်ယွီ ရှက်သွားသည်။ သူက အိန်ဂျယ်နေပြန်ကောင်းဖို့ ကူညီပေးနေတာကို ရှင်းယွီက အထင်လွဲသွားခြင်း ဖြစ်သည်။
“ငါ အခုလေးတင်မြင်လိုက်တာလေ။ အခု ရှင်ဘယ်လိုလူလဲဆိုတာ သေသေချာချာ သိသွားပြီ”
“မဟုတ်ပါဘူးဆိုကွာ။ ရှိသမျှ နတ်ဘုရားအကုန်ဆင်းကယ်ကြပါဦး။ ငါ လူယုတ်မာမဟုတ်ပါဘူးကွာ”
“ဟေး ရဲမခေါ်နဲ့နော်”