← Chapters

နတ်ဘုရားများတိုက်ခိုက်ခြင်း

Vol. 20 Ch. 276

နတ်ဘုရားများတိုက်ခိုက်ခြင်း

Vol. 20 Ch. 276

“ဟုတ်ပြီ အတော်လေးသက်သာလာပြီပဲ”

ကောရှင်းယွီက မိန်းကလေးနှစ်ဦး၏ လက်ကိုကိုင်ဆွဲပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။ ဖန့်ကြွယ်ယွီ၏ ကုသပေးမှုကြောင့် အိန်ဂျယ်က နိုးထလာခဲ့သည်။ လူများနှင့် လက်ပွန်းတတီးမနေရသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် သူမပုံစံက ကြောင်အမ်းအမ်းဖြစ်နေသည်။

သူမမှတ်မိသလောက်တော့ သူမက ဓာတ်ခွဲခန်းထဲမှာ တချိန်လုံးလဲလျောင်းနေရပြီး ဖယ်ခါက သူမ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။

ယခုအခါ သူမ၏ သူငယ်ချင်းဖြစ်သူဖယ်ခါနှင့်အတူ ကြင်နာနူးညံ့သော ကောရှင်းယွီတို့ရှိနေသဖြင့် သူမက ဓာတ်ခွဲခန်းထဲမှာ မဟုတ်တော့ကြောင်းနှင့် သက်တောင့်သက်သာနေထိုင်နိုင်ပြီဆိုတာ သိလိုက်ရသည်။

ကောင်မလေးနှစ်ဦးက အရွယ်မရောက်ကြသေးဘဲ ၁၄၊ ၁၅နှစ်ပဲရှိကြသေးသည်။ ကောရှင်းယွီ၏ မျက်လုံးထဲမှာ သူတို့က ညီမလေးများသဖွယ်ဖြစ်နေသည်။သူတို့၏ ဇာတ်ကြောင်းများကို နားထောင်ပြီးနောက် ကောရှင်းယွီ၏ စိတ်ထဲ မိခင်သဖွယ်စောင့်ရှောက်ပေးချင်စိတ်များပေါ်လာသည်။

အထင်လွဲခံရသော ဖန့်ကြွယ်ယွီက ဧည့်ခန်းမှာတစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ကောရှင်းယွီက သူမတို့နှစ်ဦးကို ရေချိုးပေးပြီး သင့်တော်သည့် ညအိပ်ဝတ်စုံများ ဆင်ယင်ပေးသည်။

တစ်ယောက်၏ ဆံပင်က အဖြူစွတ်စွတ်ဖြစ်ပြီး နောက်တစ်ယောက်၏ ဆံပင်က အနီရဲရဲဖြစ်သည်။ သူတို့နှစ်ဦး ယှဉ်ပြီးရပ်နေပါက ထူးခြားသောအငွေ့အသက်ကို ခံစားရသည်။

“ကျေး.. ဇူး…ပါ အမရှင်း…ယွီ”

ပညာမသင်ခဲ့ရသော်လည်း အိန်ဂျယ်က ဥာဏ်ရည်အဆင့်အတန်းက ကလေးတစ်ဦးနှင့် တူပြီး စကားပြောဖို့က ခက်ခဲနေသည်။ သို့သော် သူမ၏ အသံက နားဝင်ချိုလှသည်။

“သူတို့နှစ်ဦးကို ဒီမှာပဲ ထားလိုက်လို့မရဘူးလား။ ငါ သူတို့ကို စောင့်ရှောက်ပါ့မယ်”

“မင်းက ဒီအရွယ်လေးနဲ့ မိခင်စိတ်တွေ ဝင်နေပြီပဲ။ ဒါဆို ငါတို့ကိုယ်ပိုင် သွေးသားလေးရအောင် လုပ်လိုက်ကြမလား”

ဖန့်ကြွယ်ယွီက စနောက်သည်။

“ဖန့်ကြွယ်ယွီ”

ကောရှင်းယွီက သူ၏ ဝမ်းဗိုက်ကို ဆွဲစိတ်သည်။

“ကလေးတွေရှိနေတာကို ဘာတွေလျှောက်ပြောနေတာလဲ”

“အား” ဖန့်ကြွယ်ယွီက နာချင်ယောင် ဟန်ဆောင်သည်။ ဖယ်ခါသည် သာမန်လူများထက်ပိုမိုပြီး ဥာဏ် ပညာကြီးမားသည်။ သူမက ဖန့်ကြွယ်ယွီပြောသည့်စကား၏ အဓိပ္ပါယ်ကို နားမလည်ဘဲ မနေပေ။

သို့သော် သူမက ခပ်ပြုံးပြုံးပဲ နေလိုက်သည်။ သူမက မိသားစုလို နွေးထွေးသည့် ရပ်ဝန်းကို သဘောကျသည်။

“ဖယ်ခါ မင်းဒီမှာနေပါ။ ငါ့အိမ်မှာ အခန်းလွတ်တွေအများကြီးပဲ။ မင်းမိသားစုကိုလည်း ဒီမှာထားလို့ရအောင် စီစဉ်ပေးမယ်။မင်းကျောင်းတက်ချင်တယ်ဆိုရင်လည်း ငါစီစဉ်ပေးမယ်”

“ရတယ်။ တက္ကသိုလ်က ငါ့အတွက် အသစ်အဆန်းတွေ မသင်ပေးနိုင်ဘူး။”

ဖယ်ခါက ပြုံးပြီးတုံ့ပြန်သည်။

“ငါလိုအပ်တဲ့ ဗဟုသုတတွေအကုန် သင်ခဲ့ပြီးပြီ။ အခုတော့ ရှင်ပြောတဲ့ နေရာကိုပိုပြီး စိတ်ဝင်စားတယ်”

“မင်းက ချစ်စရာလည်းမကောင်းဘူး။မင်းက ဆယ်ကျော်သက်ပဲရှိသေးတာ။ ဒါပေမဲ့ အသက် ၅၀၊ ၆၀ အရွယ်လို ပြုမူနေတာ။ ပျော်စရာလည်းမကောင်းဘူး”

“နင်နဲ့ဘယ်တူမလဲ။ နင်က ၂၀ကျော်အရွယ်ရောက်နေပြီ။ အခုထိ ကလေးလိုပြုမူနေတုန်း။ sanctuary အဖွဲ့ကို ပြသနာလည်းရှာခဲ့သေးတာ”

ဖယ်ခါက မဆိုင်းမတွတုံ့ပြန်သည်။

ဒီလိုအနေအထားကိုကြည့်လျှင်တော့ ဖန့်ကြွယ်ယွီ၏ ပုံစံက လူရှိန်စရာကောင်းပေသည်။သို့သော် သူ၏ ပြောပုံဆိုပုံနှင့် အပြုအမူများက သူ့လုပ်ရပ်နှင့် တခြားစီဖြစ်သည်။

“အဲ့တာက ဘဝကိုပျော်ပျော်ကြီးနေတာလို့ ခေါ်တယ်။ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာ မင်းသိရဲ့လား”

ဖန့်ကြွယ်ယွီက တုံ့ပြန်သည်။

“ယောကျာ်းတစ်ယောက် မချမ်းသာလို့ ရုပ်မချောလို့ရတယ်။ ဒါပေမဲ့ သူက ဆွဲဆောင်မှုမရှိလို့မရဘူး။ မဟုတ်ရင်သူက ငါးဆားနယ်နဲ့ ဘာမှ မကွာဘူး”

“တော်ကြပါတော့ ရှင်တို့တစ်ယောက်နဲ့တစ်ယောက် ခွန်းတုံ့မခံပြန်ပြောနေတာ ရပ်ကြပါတော့”

ကောရှင်းယွီက သူတို့နှစ်ဦးကြား ဝင်ရောက်ဖျန်ဖြေပေးသည်။

“အခုချိန်က စပြီး သူတို့ကို နတ်ဘုရားအကယ်ဒမီကို ခေါ်သွားရမယ်”

သူတို့နှစ်ဦးက အရည်အချင်းရှိသူများဖြစ်တာမို့ နတ်ဘုရားအကယ်ဒမီက သူတို့၏ အရည်အချင်းများကို ပိုပြီးတက်လာအောင် လုပ်ပေးနိုင်စွမ်းရှိသည်။

အိန်ဂျယ်ကို စနစ်တကျသင်ပေးပါက သူမ၏ အရည်အချင်းနှင့်ဆို လူထုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်သူတစ်ဦးအဖြစ်ပြောင်းလဲနိုင်သည်။

“ကောင်းပြီ။ အဲ့တာဆို သူတို့ကို မင်းလက်ထဲအပ်ထားမယ်”

“ကောင်းတာပေါ့။ မမတို့ ဒီညအတူတူအိပ်ကြမယ်”

“ဘာ မင်းတို့သုံးယောက် အတူတူအိပ်မယ်ဆို ငါက ဘယ်နားသွားအိပ်ရမလဲ”

ချက်ချင်းဆိုသလို ဖန့်ကြွယ်ယွီစိတ်ထဲမပျော်နေတော့ပေ။ ခရီးဝေးကြီးမှ ပြန်လာပြီး ပထမဆုံးညကို ချစ်သူနှင့် အတူတကွကုန်ဆုံးချင်သော စိတ်ကူးများ ကြက်ပျောက်ငှက်ပျောက် ဖြစ်ခဲ့ရသည်။

“ငါတို့က နင်ဘာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး”

ကောရှင်းယွီနှင့် ဖယ်ခါက လျှာထုတ်ပြီး ပြောင်ပြသည်။ ဖယ်ခါက သူတို့ပြောတာနားမလည်ဘဲ ပြုံးပြီးနေသည်။

“ကောင်းပြီလေ ငါ့ဘာသာတစ်ယောက်ထဲအိပ်မှာပေါ့။ ဘယ်သူ့ကြောက်ရမှာလဲ”

ဖန့်ကြွယ်ယွီက မျက်နှာဆူပုပ်ပြီး ခေါင်းအုံးကိုယူကာအခန်းထဲ ခြေဆောင့်ပြီး ဝင်သွားသည်။

“ဖန့်ကြွယ်ယွီ ဒီနေရာက ရှင်ကွန်ပျူတာနည်းပညာသင်တဲ့နေရာလား”

“ငါ မင်းကိုပြောထားတယ်မလား။ ငါ မင်းထက် အသက်အများကြီး ကြီးတယ်။ ငါ့ကို နာမည်တပ်ပြီးမခေါ်နဲ့။ အကိုဖန့်လို့ခေါ်…ကြားလား”

“စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအရဆို ငါကနင့်ထက် အသက်ပိုကြီးတယ်”

“စိတ်မကောင်းစရာပဲ။ မင်းက အိန်ဂျယ်လောက်တောင် မရင့်ကျက်ဘူးပဲ။အကြီးတွေကို တရိုတသေဆက်ဆံဖို့နဲ့ အငယ်တွေကိုချစ်ဖို့ မင်းရဲ့ဆရာတွေက မသင်လိုက်ဘူးလား”

“ဒီနှစ်ယောက်က ဘယ်တော့မှ တည့်မှာမဟုတ်တော့ပါဘူး”

ကောရှင်းယွီက သူတို့နှစ်ဦး ငြင်းခုံနေကြတာကိုကြည့်ပြီး သဘောကျမိသည်။ sanctuary အဖွဲ့၏ လက်မှ လွတ်မြောက်ပြီးနောက် ဖယ်ခါ၏ ပင်ကိုယ်ပုံစံပြန်ပေါ်လာသည်။

သူတို့က ချက်ချင်းဆိုသလိုကျောင်းတံဆိပ်ကိုကပ်ပြီး ဖန့်ကြွယ်ယွီ၏ ဦးဆောင်မှုနောက်မှာနေပြီး နတ်ဘုရားအကယ်ဒမီထဲကို ဝင်လာခဲ့သည်။

“ဒါရိုက်တာ ကျောင်းသားသစ်တွေခေါ်လာပြန်ပြီ။ သူတို့မှာရော ထူးထူးခြားခြား ဘာအစွမ်းရှိလဲ”

“ဆံပင်အဖြူနဲ့ကလေးမကို ပရော်ဖက်ဆာ Xဆီလွှတ်လိုက်ပါ။ပြီးတော့ ကွန်ပျူတာပိုင်းကျွမ်းတဲ့ ဆရာကိုရှာပေးပါ။ သူမက ဒီနယ်ပယ်ကို အတော်လေးစိတ်ဝင်စားတာ”

“ကောင်းပါပြီ ဒါရိုက်တာ”

အလင်းတန်းတစ်ခုပေါ်လာပြီးနောက် ပရော်ဖက်ဆာ X၏ ရှေ့ကို ဖယ်ခါကရောက်သွားသည်။ ဖယ်ခါက သာမန်လူထက် အရည်အချင်းရှိကြောင်း ပရော်ဖက်ဆာXက တန်းသိသည်။

“နောက်ကျရင် ငါ့ဆံပင်မွှေေးတွေ ကျန်ပါ့မလား”

“မင်း ပေါက်ကရတွေလျှောက်ပြောမနေနဲ့”

ဖန့်ကြွယ်ယွီက သူမကို အရှေ့ကိုတွန်းပို့သည်။ “ပရော်ဖက်ဆာ ဒါ ခင်ဗျားရဲ့ တပည့်အသစ်လေးပါ”

“စိတ်ချပါ ဒါရိုက်တာ သေချာလေး သင်ပေးလိုက်ပါ့မယ်”

ပရော်ဖက်ဆာက ဖယ်ခါက သူ၏ စိတ်တန်ခိုးဖြင့် ပိတ်လှောင်လိုက်ပြီး လေထုထဲကို မ, လိုက်သည်။

“ဟေ့လူကြီး ဒါဘာလုပ်တာလဲ ငါ့ကိုချပေး”

“အာ.အခုမှပဲ စိတ်အေးရတော့တယ်”

“ဒီကောင်မလေးကတော့နည်းနည်းထူးခြားတယ်။ အထွေထွေဗဟုသုတအပြင် သူမဘာလေ့လာသင့်လဲဆိုတာ မပြောပြတတ်ဘူး”

“ဒါလေးများ လွယ်ပါတယ်”

ဘုန်းတော်ကြီးက သူ၏ လက်ညှိုးဖြင့် သူမ၏ ဦးခေါင်းကို ခပ်ဖွဖွတောက်လိုက်သည်။

“ဝိုး”

သူမထံမှ မီးတောက်များခပ်ပြင်းပြင်းထွက်လာပြီး အပူရှိန်ကလည်း ပြင်းလှသည်။

“ကြောက်စရာကောင်းတဲ့စွမ်းရည်ပါလား။ ဘုန်းကြီး ဘာတွေလုပ်နေတာလဲ”

“သိပ်မကြာခင်သိရပါလိမ့်မယ်”

သူ့စကားဆုံးသည်နှင့် ဆေးပညာရှင် ယောင်ချန်းက ရောက်လာသည်။

“ဒါရိုက်တာ အားပြင်းတဲ့မီးတောက်တစ်ခုကို အာရုံခံမိလို့ပါ။ ကျောင်းသားသစ်ခေါ်လာတာလား။ အဲ့အစွမ်းနဲ့ဆို ဆေးပညာက သင့်တော်တယ်။နှစ်လအတွင်း သမားတော်ဖြစ်အောင်လုပ်ပေးမယ်”

“ဝှစ်” နောက်ထပ်အလင်းတန်းတစ်ခုပေါ်လာသည်။

“ဖီးနစ်အစွမ်းနဲ့တူတဲ့ စွမ်းအင်တစ်ခုကို အာရုံခံစားမိလို့ပါ။ ဒါရိုက်တာ ဒါက ဒီကောင်မလေးဆီကလား”

“အာ..ဖီးနစ်အမျိုးသမီး အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပြီ။ သူက ငါ့ဆီက ဆေးပညာသင်မှာ”

“ပေါက်ကရတွေ လျှောက်မပြောပါနဲ့။ ဆေးပညာသင်တာက သက်သက်မဲ့ အရည်အချင်းကို ဖြုန်းပစ်တာပဲ။ ဒါက သာမန်မီးတောက်မဟုတ်ဘဲကြယ်တာရာမီးတောက်ဆိုတာ သိကြလား”

“ဟင် ငါ့ကျွမ်းကျင်မှုကလည်း မီးကိုင်တွယ်တာပဲလေ”

“ဒါဆို ငါတို့ပြိုင်ကြမလား”

“လုပ်လိုက်လေ မင်းရှုံးမှ ဒါရိုက်တာကို ငိုပြီး သွားမတိုင်နဲ့”

“ဝှစ်”

အဖြူရောင်မီးတောက်က ကောင်းကင်တစ်ခုလုံးကို အဖြူရောင်အဖြစ် ပြောင်းလဲစေသည်။

“သေစမ်း အဘိုးကြီး အရှက်မဲ့လှချည်လား။ငါ့ကို လှည့်စားတာပေါ့လေ”

“မြန်မြန်သွားကြစို့”

ဖန့်ကြွယ်ယွီက ကောရှင်းယွီ၏ လက်ကိုဆွဲကိုင်ပြီး နတ်ဘုရားအကယ်ဒမီမှ ချက်ချင်းပြန်ထွက်ခဲ့သည်။

ကျောင်းသားလုခြင်းကြောင့် ဆရာများအချင်းများကြတာကို ဖန့်ကြွယ်ယွီမြင်ဖူးသည်။ ထိုအရာက နတ်ဘုရားများ အချင်းချင်းတိုက်ခိုက်နေသည့်ပုံဖြစ်သည်။ ဒီနေ့လည်း ယခင်တစ်ခါကလိုပဲ ရန်ဖြစ်ကြပေဦးမည်။

All Chapters