← Chapters

ငါ မင်းအတွက် အထုပ်ပြင်ပေးမယ်

Vol. 20 Ch. 277

ငါ မင်းအတွက် အထုပ်ပြင်ပေးမယ်

Vol. 20 Ch. 277

ဖန့်ကြွယ်ယွီတင်လိုက်သော “ကောင်းကင်ထက်က တိုက်ပွဲခေါ်သံ”ဇာတ်ကား အစမ်းပြကွက်သည် ထူးခြားသော အထူးပြုလုပ်ချက်များကြောင့် ဟိုးလေးတကျော်ဖြစ်လာခဲ့သည်။ မူရင်းဝတ္ထုပရိတ်သက်များကလည်း သူတို့လိုချင်သော ဇာတ်ကားအရည်အသွေးမီတာကြောင့်တခဲနက် အားပေးကြသည်။

ဇာတ်ကားကိုပိုမိုကောင်းမွန်စေရန် ဝမ်ချုံးက မူရင်းစာရေးသူအား ဇာတ်ညွှန်းရေးစေသည်။ စာရေးသူအများစုက ပိုက်ဆံရဖို့သာအာရုံလာပြီး ကျန်ကိစ္စများကို စိတ်မဝင်စားပေ။ သို့သော် ဤပရောဂျက်ကို မူရင်း စာရေးသူကိုယ်တိုင် စိတ်ပါဝင်စားနေသည်။ သူ၏ ဝတ္ထုထဲကအတိုင်း မလျော့ဘဲပိတ်ကားထက်မှာ မြင်တွေ့နိုင်ရန် စာရေးသူက မျှော်လင့်နေသည်။

ဖန့်ကြွယ်ယွီကို စင်ကာပူမှာတုန်းက တိုက်ခိုက်ရန် ကြံစည်ခဲ့ဖူးသော အန်ခယ်က မသေဘဲ ဒဏ်ရာကြီးစွာရနေကြောင်း ရှောင်းရီက သတင်းပေးသည်။

ဒဏ်ရာကပြင်းထန်ပြီး စွမ်းအားရှင်များအတွက် သီးသန့်ဆေးပစ္စည်းကိရိယာမရှိပါက သူတို့က ဆေးရုံမှာ တစ်ချိန်လုံး လှဲနေရတော့မည်။

ဘရီလာကိုလည်း သူအလွတ်မပေးလိုပေ။ သူက ဘာမှ ထိခိုက်ဒဏ်ရာမရသော်လည်း ဘရီလာကိုလက်စားချေမှရမည်။

တိုက်ခိုက်သည့်အခန်းများမှလွဲပြီး ကျန်အခန်းများကိုရိုက်ကူးပြီးဖြစ်သည်။တာ့ခ်လာမကန်သဲကန္တာရသည် ဧည့်သည်လာလည်လေ့မရှိသော နေရာလွတ်တစ်ခုဖြစ်သည်။

ယခုအခါတော့ မြို့တည်ပြီးဖြစ်တာမို့ လာရောက်လည်ပတ်သူများ အလွန်များပြားနေပြီး ခရီးသွားများကို ဆွဲဆောင်နေသော နေရာတစ်ခုဖြစ်နေသည်။

ဝူထန်မြို့တစ်ခုလုံးက ပြီးစီးခဲ့ပြီဖြစ်သည်။ နောက်ထပ်ပရောဂျက်တစ်ခုက ထာဂိုရီသဲကန္တာရနှင့် မြွေလူသားမျိုးနွယ်ကို တာ့ခ်လာမကန်သဲကန္တာရတွင် တည်ဆောက်ရန်ဖြစ်သည်။

မြွေလူသားမျိုးနွယ်တွင် နေရာအများစုက ကျောက်ပုံစံများဖြစ်ကြသည်။ ယစ်ပူဇော်သည့် ပလ္လင်နှင့် တခြားအဆောက်အဦးကြီးများလည်း ပါဝင်နေသည်။ ဆောက်လုပ်ရေးက ပြီးဆုံးရန် ကြာမြင့်မှာဖြစ်ပြီး တစ်နှစ်မှာ ၆လဖွင့်လှစ်မည်။

သူတို့က တိုက်ပွဲအခန်းများနှင့် အထူးပြုလုပ်ချက်အတွက် အချိန်ကုန်စရာမလိုတာမို့ ရိုက်ကူးရေးက အလွန်မြန်ဆန်နေသည်။သရုပ်ဆောင်များကလည်း ဤဇာတ်ကားထွက်လာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

သရုပ်ဆောင်များက ရိုက်ကူးရေးတွင် မပါဝင်ကြသေးသော်လည်း အစမ်းပြကွက်တွင် ပါဝင်နေသော သရုပ်ဆောင်များက သူတို့၏ ဟန်ပန်သွင်ပြင်များနှင့် ဘာလို့များ ချွတ်စွပ်တူနေရသနည်း။ တရုတ်ပြည်၏ အထူးပြုလုပ်ချက် အခန်းကဏ္ဍက အဆင့်မြင့်သော အနေအထားတစ်ခုထိ ရောက်နေခဲ့ပြီလား။

ဘွဲ့မယူခင်အချိန်ထိ ကျောရှန့်ခယ်က သူ့ကတိအတိုင်း ဖန့်ကြွယ်ယွီအား အဆင့်ကောင်းကောင်းပေးသည်။သူက ဘွဲ့ယူရန်နှင့် နှုတ်ဆက်ပွဲကျင်းပရန် ဇွန်လအထိ စောင့်ရန်သာ လိုတော့သည်။

ဖန့်ကြွယ်ယွီက လုချောင်နှင့် အသင်းသားနှစ်ဦးကို နတ်ဘုရားအကယ်ဒမီဆီပို့လိုက်သည်။ သူတို့သုံးဦးသာ ဆက်ရှိနေပါက ကျန်းနန်တက္ကသိုလ်က နောက်နှစ်ပြိုင်ပွဲများအတွက် စိတ်ပူစရာမလိုပေ။

သို့သော် ကျန်းနန်တက္ကသိုလ်ရှိ တချို့သောဆရာ/မများက ဖန့်ကြွယ်ယွီအား ဂုဏ်ထူးဆောင်ပါမောက္ခဟုဆိုသည့် ရာထူးကို ပေးထားသည့်အပေါ် မကျေမနပ်ဖြစ်ကြသည်။

ကျောရှန့်ခယ်က ထိုကိစ္စများကို ဖြေရှင်းနေပြီး ဖန့်ကြွယ်ယွီအတွက် ထိုရာထူးက သာမန်ဖြစ်ပြီး မက်လောက် စရာအနေအထားမဟုတ်ပေ။

ရုပ်ရှင်မြို့တော်စတည်ကတည်းက ဖန့်ကြွယ်ယွီက သွားရောက်ပြီး ကြည့်ချင်ခဲ့သည်။ တစ်လနီးပါး အားလပ်ရက် ရတာမို့ ဝမ်ချုံးကိုခေါ်ပြီး ရုပ်ရှင်မြို့တော်ဆီသွားကာ ဆောက်လက်စလုပ်ငန်းများကို စစ်ဆေးရမည်။

သူတို့ရောက်သောအခါ ရုပ်ရှင်အဖွဲ့သားများက အရမ်းဂန္တဝင်ဆန်သောအခန်းကို ရိုက်ကူးနေသည်။ ရိုက်ကွင်းတွင် ရုပ်ရှင်အဖွဲ့သားများအပြင် ရုပ်ရှင်ချစ်ပရိတ်သက်များ၊ ခရီးသွားများနှင့် ပြည့်နှက်နေသည်။

“နာလန် ယန်းရန်..အရှေ့ဘက်မြစ်ကမ်းဆီ နှစ် ၃၀၊ အနောက်ဘက်မြစ်ကမ်းဆီ နှစ်၃၀၊ လူငယ်တွေနဲ့ သူဆင်းရဲတွေကို ဘယ်တော့မှ မနှိပ်စက်နဲ့”

“Cut”

ဒါရိုက်တာက စိတ်ကျေနပ်မှုအပြည့်နှင့် ရိုက်ကွင်းကိုနားလိုက်သည်။

“ကဲ အားလုံးပဲ ဒီနေ့ပင်ပန်းသွားကြပြီ။ ရိုက်ကူးရေးက ထင်ထားတာထက် အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးသွားတယ်”

ကျန်းချောင်က အားရကျေနပ်မှုအပြည့်နှင့် ပျော်ရွှင်နေသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် ပညာမပြည့်ဝသော တက်သစ်စသရုပ်ဆောင်များနှင့် တွဲလုပ်ရပြီး ဇာတ်ဝင်ခန်းတစ်ခန်းကို မလိုအပ်ဘဲ အကြိမ်ပေါင်းများစွာ ပြန်လည်ရိုက်ကူးရသည့်အတွက် စိတ်ထဲဒေါသထွက်ရသည်။

ယခုအခါ ဝါရင့်သရုပ်ဆောင်ကြီးများနှင့် လက်တွဲပြီး လုပ်ရသဖြင့် ထပ်ခါထပ်ခါ ပြန်လည်ရိုက်ကူးစရာမလိုပေ။ ထို့ကြောင့်အလုပ်ကတွင်ကျယ်ပြီး အလုပ်လုပ်ရတာ စိတ်ချမ်းသာစရာကောင်းပေသည်။

“ဒါရိုက်တာကြီးလည်း ပင်ပန်းရောပေါ့”

ဟူရီယောင်နှင့် တခြားသူများက ကျေးဇူးတင်စကားဆိုကြသည်။

“ဒီနှုန်းအတိုင်းသာဆို ပထမတစ်ပိုင်းလုံးကို သုံးလတောင်မကြာဘူး ပြီးနိုင်တယ်။မစ္စတာဖန့်က အထူးပြုလုပ်ချက်ထည့်ပေးဖို့အဆင်ပြေရင် နွေရာသီလောက်ဆို ရုံတင်ပြသလို့ရပြီ”

“ကောင်းလိုက်တာ”

သရုပ်ဆောင်များအားလုံး အလွန်ပျော်ရွှင်ကုန်ကြသည်။ သူတို့က ဒီဇာတ်လမ်းတွဲကို ကြည့်ဖို့ မစောင့်နိုင်တော့ပေ။

“အားလုံးပဲ ကြိုးစားပမ်းစားလုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်”

ဖန့်ကြွယ်ယွီ နှင့် ဝမ်ချုံးက လူအုပ်ကြီးထဲမှ ထွက်လာသည်။

ဖန့်ကြွယ်ယွီက ဝမ်ချုံးကို ခန္ဓာကိုယ်အားဖြည့်ဆေးပေးလိုက်သည်။ သူ၏ ဒဏ်ရာများက ချက်ချင်းပျောက်သွားရုံသာမက စွမ်းအင်လည်း ပိုပြည့်လာသလို ပိုပြီးလည်း ကြည့်ကောင်းလာသည်။

တချို့ပရိတ်သက်များက သူ့ကို မုန်းတီးနေရာမှ သူ၏ ရုပ်ရှင်သွင်ပြင်ကို သဘောကျလာကြသည်။

ဖန့်ကြွယ်ယွီက ကျိကျိတက်ချမ်းသာကြွယ်ဝသူအဖြစ်လူတွေက မြင်ကြသည်။ သူ့လှူဒါန်းမှုအကြောင်း လူသိလာသောအခါ ပိုပြီး နာမည်ကြီးလာသည်။ ဒီတစ်ကြိမ်မှာလည်း တရုတ်ပြည်အတွက် ချန်ပီယံဆုကို သယ်ဆောင်လာနိုင်သဖြင့် အားပေးသည့်ပရိတ်သက်က တဖြည်းဖြည်းများလာသည်။

သူတို့နှစ်ဦးကလည်း နိုင်ငံကျော် သရုပ်ဆောင်များနည်းတူ နာမည်ကြီးကြသည်။

“ဟုတ်ပြီ ဟုတ်ပြီ။ အားလုံးပဲ ပုံရိုက်တာတော်ကြပါတော့။ ကျွန်တော်တို့က အဆင်းထက် အချင်းကို ပိုပြီး အားထားတာပါ”

ဖန့်ကြွယ်ယွီက အရွှန်းဖောက်သည်။

“ဒီညကျွန်တော်ဧည့်ခံပါရစေ။ ညစာတူတူစားကြတာပေါ့။ ကြိုက်နှစ်သက်ရာ မှာကြပါ”

“ဒါဆိုရေချိုပုစွန်မှာလို့ရမလား”

ဆေးပညာအင်မော်တယ်အဖြစ် သရုပ်ဆောင်သူ ကျိုးမုန့်နန်က မဝံ့မရဲမေးသည်။

“စားပါ စားပါ နင်ကလေ အစားဆို ထိပ်ဆုံးက” ကျိုးမုန့်နန်နှင့် ရင်းနှီးသော ဝမ်ချုံးက စနောက်သည်။

“ဒီလိုသဲကန္တာရထဲမှာ ရေချိုပုစွန်က ဘယ်နားမှာရမလဲ။ အဲ့အစား ခေါက်ဆွဲနဲ့ အသားကင်ပဲစားချင်တယ်”

“ငါက ဒီအတိုင်းပြောတာပါဟ”

ရုပ်ရှင်မြို့တော်က တည်ထောင်ခါစဖြစ်သည်။ ဆိုင်တချို့ဖွင့်ထားသည်ဆိုပေမဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံများရဖို့ ခဲယဉ်းသေးသည်။ သူတို့မှာ အသီးအရွက်နှင့် အသားတစ်ချို့သာ ရသေးသည်။

“ဘာလဲ ရေချိုပုစွန်စားချင်တာများ ဘာဖြစ်လဲ”

“ဖန့်…မင်းတကယ်ပြောတာလား။ အခုတောင် ငါးနာရီထိုးနေပြီ။ အနီးအနားက မြို့မှာ သွားစားမှာလား။ မဖြစ်နိုင်ဘူးလေ။ လေယာဉ်ကွင်းလည်းရှိတာမဟုတ်တော့ မင်းရဲ့လေယာဉ်နဲ့ခေါ်သွားလို့မှ မရတာ”

“သွားရေးလာရေးကိစ္စကို စိတ်မပူနေပါနဲ့။ ငါသွားဝယ်လိုက်မှာပေါ့။ ထိုင်ဖို့နေရာကောင်းကောင်းတစ်ခုရှာပြီး စားချင်တာမှန်သမျှ အကုန်ချရေးလေ”

“ပါဆယ်သွားထုတ်မလို့လား။ ဘယ်လိုသွားမှာလဲ”

ရိုက်ကွင်းနှင့် အနီးဆုံးမြို့တောင် အတော်လေးဝေးသည်။ထို့ကြောင့် စားကောင်းသောက်ဖွယ်များ ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

“စိတ်မပူပါနဲ့ကွ။ ငါ ခဏလေးနဲ့ ပြန်လာခဲ့ပါ့မယ်”

လှစ်ခနဲဆို ဖန့်ကြွယ်ယွီက ပျောက်သွားတော့သည်။

မိနစ်နှစ်ဆယ်ကျော်ကြာပြီးနောက် ရိုက်ကွင်းနားက စားသောက်ဆိုင်မှာ သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများ တစုတဝေးထိုင်နေကြသည်။

ရုပ်ရှင်ရိုက်ကူးနေသည်မှာ ၁၅ ကျော်နေပြီဖြစ်သည်။ နေ့တိုင်းလိုလို ဟင်းတစ်မျိုးတည်း စားရသည့်အတွက် မစားချင်ကြတော့ပေ။

“ဥက္ကဌက ဘယ်ကိုထွက်သွားတာလဲ။ သူတစ်ခုခုဝယ်ကျွေးမယ်လို့ ကတိပေးသွားတယ်မလား”

ကျိုးမုန့်နန်က ပျင်းပျင်းရိရိနှင့် တူကို ဆော့နေသည်။

“ဘန်း”

ဆိုင်တံခါးကပွင့်လာပြီး ဖန့်ကြွယ်ယွီက အထုပ်ပေါင်များစွာကို ဆွဲလာရင်း ဆိုင်ထဲဝင်လာသည်။ Mach 70 အရှိန်ဖြင့် အနီးအနားရှိမြို့က ဆိုင်ကိုသွားပြီး တခဏအတွင်း ပင်လယ်စာများဝယ်ချလာသည်။

“ငါက ကတိတွေပေးပြီး လစ်ထွက်သွားတယ်ထင်တာလား”

ဖန့်ကြွယ်ယွီက အထုပ်များကို စားပွဲပေါ်ချရင်း မေးသည်။

“ကဲ ပုစွန်၊ ဂဏန်း၊ ကင်းမွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ခေါက်ဆွဲကြော် အကုန်မင်းတို့စားချင်တာတွေချည်းပဲ ဝယ်လာခဲ့တယ်”

“မင်း ဘယ်..ဘယ်လိုများဝယ်လာခဲ့တာလဲ”

ဝမ်ချုံးက တအံ့တဩမေးသည်။

“ကားနဲ့သွားတာလေ။ ငါ့ကားရဲ့ ပါဝါစနစ်ကို ဒေါ်လာဘီလီယံနဲ့ချီသုံးပြီး အဆင့်မြှင့်ထားတယ် ။မိနစ်နှစ်ဆယ်တောင်မကြာဘဲ ကမ္ဘာအနှံ့သွားနိုင်တယ်”

“ဘီလီယံပေါင်းများစွာ!!!”

ကျိုးမုန့်နန်က တစ်ယောက်တည်း ရေရွတ်နေသည်။

ပိုက်ဆံချမ်းသာလျှင်တောင် နည်းပညာရှိဖို့လိုသည်။ ဖန့်ကြွယ်ယွီ၏ နည်းပညာကိုသုံးပြီး သဲကန္တာရမြို့တော်တည်ထားသည်ဆိုသော အတွင်းသတင်းများက မှန်နေပြီလား???

သူ့မှာ အဆင့်မြင့်နည်းပညာတွေ ဘယ်လောက်များများ ရှိနေမလဲ။

“အဲ့လိုရပ်ကြည့်မနေကြနဲ့လေ။ ငါ့ကိုလာကူညီကြဦး။ ငါဒီနေ့စိတ်ပျော်နေတော့ တရုတ်စာဖိုမှူးလေးရဲ့ လက်ရာကဘယ်လိုနေလဲဆိုတာ ပြမယ်”

ထိုစကားကိုကြားပြီး ဝမ်ချုံးမျက်လုံးပြူးသွားသည်။ ဖန့်ကြွယ်ယွီချက်ပေးသော ဟင်းပွဲကို သူတစ်ခါ စားပြီးကတည်းက မည်သည့်ဟင်းပွဲမှ သူ့ပါးစပ်ထဲ အရသာရှိသည်ဟု မထင်တော့ပေ။

“ဒါနဲ့ စကားမစပ် KFCစားချင်ကြလား။ Marc Donaldလည်းရမယ်။ တို့ဟူးဟင်းလည်း ရမယ်”

All Chapters